26/08/2020
နာတာရှည် ကျောက်ကပ်ပျက်စီးခြင်း အကြောင်း ပြည့်ပြည့်စုံစုံ
ကျောက်ကပ်ပျက်စီးခြင်း နှစ်မျိုးရှိပါသည်။
#ရုတ်တရတ်ကျောက်ကပ်ပျက်စီးခြင်း နှင့်
#နာတာရှည်ကျောက်ကပ်ပျက်စီးခြင်းတို့ဖြစ်ပါသည်။
ရုတ်တရတ်ကျောက်ကပ်ပျက်စီးခြင်သည် ဖြစ်ဖြစ်ခြင်း ကု၍ အသက်ရှင် ခဲ့ လျှင် ကျောက်ကပ်သည် မူလအတိုင်းပြန်လည် အလုပ်လုပ်နိုင်ပြီး ရေရှည်ပြသနာမပေးတတ်ပေ။
နာတာရှည်ကျောက်ကပ်ပျက်စီးခြင်းဆိုသည်မှာ ကျောက်ကပ်သည် လုံးဝအကောင်းပကတိ မူလအနေအထားသို့ပြန်လည်မရောက်ရှိနိုင်တော့ဘဲ တစ်သက်လုံး ကျောက်ကပ်အစားထိုး ကုသမှုတစ်မျိုးမျိုး ဥပမာ ကျောက်ကပ်ဆေးခြင်းသို့မဟုတ် ကျောက်ကပ်အစားထိုးလဲထည့်ခြင်းတစ်မျိုးမျိုး ပြုလုပ်ရခြင်းကိုခေါ်ပါသည်။ ကျောက်ကပ်ဟူသည် ခန္ဓာကိုယ်ထဲတွင် အစားပြန်လည်မရရှိနိုင်သော အင်္ဂါတစ်ခုဖြစ်သကဲ့သို့ နှစ်ဖက်လုံးမရှိလျှင်လည်းအသက်ဆက်မရှင်နိုင်သော အင်္ဂါ တစ်ခုဖြစ်ပါသည်။
ကျောက်ကပ် ပျက်စီးခြင်းကိုသက်မှတ်ရာတွင် GFR ဟုခေါ်သော ကျောက်ကပ်မှ စွန့်ထုတ်နိုင်သောနှုန်းကိုတိုင်းတာခြင်းနှင့် ဆီးထဲတွင် အသားဓာတ်ပါဝင်မှုနှစ်ခုဖြင့် တိုင်းတာသတ်မှတ်ပါသည်။
GFR ကျလာခြင်း နှင့် ဆီးထဲအသားဓာတ်ပိုများလာခြင်းသည် ကျောက်ကပ်ပိုမိုပျက်စီးလားခြင်းကိုဖော်ပြပါသည်။ GFR ကိုတိုင်းတာရန် Creatinine တိုင်းတာခြင်းပါဝင်ပါသည်။
Creatinine ဆိုသည်မှာ ကြွက်သားများပြိုကွဲရာမှထွက်လာသော အညစ်အကြေးစွန့် ပစ်ပစ္စည်းဖြစ်ပြီး ပုံမှန်အလုပ်လုပ်နိုင်သောကျောက်ကပ်သည် Creatinine ကိုစွန့်ထုတ်ပေးနိုင်သည်။ ကျောက်ကပ်ပျက်စီးလာလျှင်မူ Creatinine ကိုစွန့်ထုတ်နိုင်စွမ်းမရှိတော့ဘဲ သွေးတွင်း Creatinine ကိုတိုင်းတာသော အခါတွင် သွေးတွင်းများနေတတ်ပါသည်။ ထို Creatinine မှတစ်ဆင့် GFR ခေါ်သော ကျောက်ကပ်စွန့်ထုတ်နှုန်းကိုပြန်လည်တွက်ချက်နိုင်ပါသည်။
ဆီးထဲအသားဓာတ်ပါခြင်း
ကျောက်ကပ်သည်ခန္ဓာကိုယ်တွင်းမှ အသားဓာတ်များ ကို ဖြတ်သန်းခွင့်မပြုဘဲ ပြန်လည် သိမ်းဆည်းထားရန်လိုအပ်ပါသည်။ အသားဓာတ်များသည် ကျောက်ကပ်ဇကာများနှင့် ယှဉ်လျှင် ကြီးမာသော အရွယ်အစားရှိသဖြင့် ကျောက်ကပ်မှ အသားဓာတ်များကိုစွန့်ထုတ်ခွင့် မပြုနိုင်ခြင်းဖြစ်ပါသည်။ ကျောက်ကပ်ပျက်စီးလာသော အခါတွင် အသားဓာတ်ထဲတွင် အသေးဆုံးဖြစ်သော albumin ဟုခေါ်သည့် အသားဓာတ်များစတင်ပါလာပြီး နောက်ပိုင်းတွင် ပိုမိုကြီးသော အသားဓာတ်များပါဆီးတွင်းပါဝင်လာပါသည်။
ကျောက်ကပ်ပျက်ခြင်း ကို အဆင့် ၅ ဆင့် ခွဲခြားထားပါသည်။
ကျောက်ကပ်ပျက်စီးခြင်း အဆင့်ကို GFR ဖြင့်ခွဲခြားထားပါသည်။ အဆင့် ၄ နှင့် အဆင့် ၅ ရောက်ရှိလျှင် ကျောက်ကပ်သည်လုံးဝနည်းပါးအလုပ်မလုပ်နိုင်တော့ခြင်းကိုဆိုလိုပြီး ကျောက်ကပ်ဆေးခြင်း၊ ကျောက်ကပ်အစားထိုးကုသမှု ခံယူခြင်းတို့ပြုလုပ်ရန်စတင်ပြင်ဆင်ရပါသည်။ အဆင့် ၄ သို့ စဝင်သည်နှင့် ကျောက်ကပ်စွန့်ထုတ်နှုန်း GFR သည် ၃၀ အောက်သာကျန်တော့ ပါသည်။ GFR သည် ၃၀ အောက်ရောက်သည့်တိုင် ရောဂါလက္ခဏာမပြတတ်ပေ။
ကျောက်ကပ် ပျက်စီးနေခြင်းအားပြသည့် လက္ခဏာများမှာ
၁။ အစားအသောက်ပျက်ခြင်း
၂။ ကိုယ်အလေးချိန်ကျခြင်း
၃။ အရေပြားခြောက်သွေ့ ယားယံခြင်း
၄။ကြွက်တက်ခြင်း
၅။ ကယောင်ကတမ်းနှင့် တွေးခေါ်နိုင်မှုလျော့ နည်းခြင်း
၆။ ခန္ဓာကိုယ်တွင်းရေများစုပုံလာပြီး ဖောရောင်ခြင်း
၇။ မျက်လုံးပတ်ပတ်လည်ဖောင်းကားရောင်ရမ်းနေခြင်း
၈။ ဆီးသာမန်ထက်ပိုသွားခြင်း သို့ မဟုတ် ဆီးနည်းသွားခြင်း
အထက်ပါလက္ခဏာများသည် ကျောက်ကပ်အတော်ပျက်စီးမှစပေါ်လာပြီး အစပိုင်းတွင်လူနာ သည် ပင်ပန်းနုံးချိလွယ်ခြင်း ၊ မောပန်းခြင်း မှလွဲ၍ အခြား လက္ခဏာများမရှိတတ်ပေ။
#နာတာရှည်ကျောက်ကပ်ပျက်စီးခြင်းကိုဖြစ်စေသောအကြောင်းများမှာ
၁။ ဆီးချိုရောဂါ
၂။ သွေးတိုးရောဂါ ကြောင့် ကျောက်ကပ်ပျက်စီးခြင်း
၃။ အသက်အရွယ်ကြီးခြင်း
အသက် ၇၅ နှစ်ကျော်လာလျှင် ကျောက်ကပ်သည် အသက်အရွယ်ကြောင့် အလုပ်လုပ်နိုင်သော တစ်ရှူး များလျော့ နည်းလာပါသည်။ သို့ သော် အခြားရောဂါအခံ များမရှိလျှင် အဆင့် တက်သွားခြင်းမရှိဘဲ လူကောင်း ကဲ့သို့ နေနိုင်ပြီး ရောဂါအခံ တစ်မျိုးမျိုး ၊ ဆီးချို သွေးတိုး၊ အကိုက်အခဲပျောက်ဆေး များရေရှည် သောက်ခြင်းတို့ရှိပါက ပိုဆိုးသွားတတ်ပါသည်။
၄။ ကျောက်ကပ်ရောင်ရောဂါများ
ကျောက်ကပ်ရောင်ရောဂါများသည် အသက်အရွယ်မရွေးတွင်ဖြစ်တတ်ပြီး အကြောင်းရင်းများမှာ လည်း အလွန်များပြားတတ်ပါသည်။ တစ်ခါတရံတွင် အကြောင်းရင်းမရှိဘဲ ကျောက်ကပ်ရောင် ခြင်းမျိုးပင်ရှိတတ်ပါသည်။ ကျောက်ကပ်ရောင်ခြင်းသည်အထက်ရှိ ရောဂါ များနှင့် မတူဘဲ ကျောက်ကပ်နှင့် ပတ်သတ်သည့် လက္ခဏာများခံစားသိရှိတတ်ပါသည်။ ဆီးတွင်းသွေးပါခြင်း၊ ဆီးအရောင်နောက်ခြင်း၊ဆီးသွားသည့် ပမာဏ နည်းသွားခြင်း၊ သွေးတိုးထိန်းမရခြင်း ၊ ခြေလက်များဖောရောင်လာခြင်းတို့ သည် ကျောက်ကပ်ရောင်နေခြင်းကိုပြသည့် လက္ခဏာများဖြစ်ပါသည်။
၅။ အကိုက်အခဲပျောက်ဆေးများပုံမှန်သောက်ခြင်း
ဒူးနာ၊ခါးနာ၊ လေးဘက်နာ စသည့် ကိုယ်လက်နာကျင်ခြင်းအမျိုးမျိုးသည် နာတာရှည်ဖြစ်နေသောလူများတွင် အကိုက်အခဲပျောက်ဆေး များကို နှစ်မျိုးထက်ပို၍ စပ်ပြီး စွဲသောက်ကြခြင်းကြောင့် ကြာလာသော အခါကျောက်ကပ်ပျက်စီးခြင်းဖြစ်ရပါသည်။ အကိုက်အခဲပျောက်ဆေး များသည် ကျောက်ကပ်သို့ သွေးစီးဆင်း မှုကို နည်းစေပြီး ကျောက်ကပ်ရှိ အလုပ်လုပ်သော တစ်ရှူ း များကို သွေးငတ်၍ ကြွေကျပျက်စီးခြင်း ကိုဖြစ်ပေါ် စေပါသည်။ ထို့်ကြောင့် အကိုက်အခဲ ပျောက်ဆေး များကို မိမိသဘောဖြင့် မသောက်ဘဲ ကျွမ်းကျင်သော သမားတော် နှင့် ပုံမှန် ကျောက်ကပ်စစ်ဆေးခြင်းပြုလုပ်ပြီး မှသာ သောက်သုံးသင့်ပါသည်။ အကိုက်အခဲပျောက်စေသောတိုင်းရင်းဆေးများ၊ သစ်ဥသစ်ဖု များမှ ပြုလုပ်ထားသော အကိုက်အခဲပျောက်ဆေး များကို မှီဝဲလိုပါကလည်း အလွန်အကျွံရေရှည် မသောက်သုံးဘဲ မိမိ ကျောက်ကပ် ဓာတ်ကိုမကြာခဏ ပြန်လည်စစ်ဆေးနေသင့် ပါသည်။
၆။ ကျောက်ကပ်တွင် ရေအိတ်များပါလာခြင်း
ကျောက်ကပ်တွင်းရေအိတ်များပါလာခြင်းသည် မျိုးရိုးလိုက်တတ်သောရောဂါတစ်မျိုးဖြစ်ပြီး မိဘတွင်ရှိနေပါက မိမိတို့ မောင်နှမသားချင်းအားလုံး အာထရာဆောင်းကိုပုံမှန် နှစ်စဉ် ရိုက်၍ စစ်ဆေးနေသင့်ပါသည်။ ကျောက်ကပ်တွင်းရေအိတ်များသည်တိုးပွားလာတတ်ပြီး ကျောက်ကပ်၏ ပုံမှန် အလုပ်လုပ်နိုင်သော တစ်ရှူ း များ တစ်နေ့တစ်ခြားဆုံးရံှုး လာခြင်းကြောင့် ကျောက်ကပ်ပျက်စီးခြင်းဖြစ်ပေါ်ပါသည်။ ကာကွယ်နိုင်သော နည်းလမ်းလည်း မရှိသေးသော်လည်း မိမိ ၏ သွေး ပေါင် ပြောင်းလဲ မှု ရှိသည် နှင့်၊ ကျောက်ကပ်ဓာတ် Creatinine တက်လာသည် နှင့် စတင် ကုသ မှု ခံယူထားလျှင် ကျောက်ကပ်ပျက်စီးခြင်းကို အထိုက်အလျောက် တားဆီးနိုင်မည်ဖြစ်ပါသည်။
၇။ မကြာခဏ ဆီးလမ်းကြောင်းပိုးဝင်ရာမှ ဆီးလမ်းကြောင်းပိတ်ဆို့ခြင်း
ဆီးလမ်းကြောင်းတွင်း မကြာခဏ ပိုးဝင်တတ်သူများတွင် ဆီးလမ်းကြောင်းသည် ပိုးဝင်တိုင်း တစ်ခါရောင် တစ်ခါ အနာပြန်ကျက်ဖြစ်ရသည့် အတွက် ဆီးလမ်းကြောင်းတွင် အမာရွတ် များကျန် ခဲ့ ပြီး ထို အမာရွတ် တစ်ရှူ းသည် ဆီးလမ်းကြောင်းပိတ်ခြင်းကိုဖြစ်စေပါသည်။ ထို အခါ အညစ်အကြေး ဆီး များသည် အောက်ဘက်သို့ မစီးဆင်းနိုင်တော့ဘဲ ကျောက်ကပ် ထဲတွင် အောင်းနေပြီး ကျောက်ကပ်ရေဖြင့် ဖောင်းခြင်း၊ ထိုမှတစ်ဆင့် ပြည်တည်ခြင်းတို့ဖြစ်ပေါ် ပြီး ကျောက်ကပ် ပျက်စီး ခြင်းဖြစ်ပါသည်။
ကျောက်ကပ်ရောဂါ သည် ခဏတာပြသနာမဟုတ်။မိသားစုထဲတွင်တစ်ယောက် ကျောက်ကပ်ပျက်စီးသည် နှင့်
နာတာရှည်ကုသရန်လိုသည်သာမက ပျက်စီးပြီး မှ ကုသသည့် အတွက် ငွေကုန်ကြေးကျမြောက်မြားစွာ ကုန်ကျခြင်း၊ စိတ်ရောလူပါပင်ပန်းခြင်းတို့ဖြစ်ကြရပါသည်။ နာတာရှည် ကျောက်ကပ်ဖြစ်ရသည့် အကြောင်းရင်း များကို ကြည့်လိုက်လျှင် လည်း မိမိ အချိန်မီကာကွယ် ခဲ့ လျှင် ဖြစ်လာမည်မဟုတ်သော အကြောင်း များဖြစ်သည်ကများသည်။ သို့ဖြစ်ရာ ကျောက်ကပ် ရောဂါ ကို ပေါ့ဆမနေဘဲ မိမိတွင် သွေးတိုး၊ ဆီးချို တစ်မျိုးမျိုးရှိသည်ဖြစ်စေ၊ အကိုက်အခဲပျောက်ဆေး များသောက်နေရသည်ပင်ဖြစ်စေ၊ ကျောက်ကပ်ရောဂါ ဖြစ်ဖူးလျှင်ဖြစ်စေ ၊ လူကောင်းပကတိဖြစ်စေကာမူ ကြိုတင်စစ်ဆေးထားရန်လိုအပ်သော စစ်ဆေးမှု တစ်မျိုးဖြစ်ပါသည်။
ကျောက်ကပ်ဓာတ်စစ်ဆေးခြင်းတွင်အောက်ပါတို့ပါဝင်ပါသည်
၁။ Urea &Eletrolyte, Creatinine
ကျောက်ကပ်ဓာတ် နှင့် ခန္ဓာကိုယ်တွင်းရှိ ဆားဓာတ်များပါဝင်ပါသည်။ Urea နှင့်Creatinine ဟုခေါ်သော ကျောက်ကပ်ဓာတ်သည် ခန္ဓာကိုယ်တွင်းရှိ အညစ်အကြေးတစ်မျိုးပင် ဖြစ်သည်။ Creatinine သည် သွေးထဲတွင် ရှိပြီး ကျောက်ကပ်မှခန္ဓာကိုယ်ပြင်ပသို့စွန့်ထုတ်ပေးရသောပစ္စည်းဖြစ်ပါသည်။ သွေးထဲတွင် Creatinine များနေပါက ကျောက်ကပ် မှ Creatinine ကို ကောင်းစွာ မစွန့်ထုတ်ပေးနိုင်ခြင်းကို ပြပြီး တစ်နည်းအားဖြင့် ကျောက်ကပ်ကောင်းစွာ အလုပ်မလုပ်နိုင်ခြင်းကိုပြပါသည်။ နှလုံးရောဂါ၊သွေးတိုးရောဂါရှိသူများ နှင့် ဆီးချို ရောဂါရှိသူများတွင် ကျောက်ကပ် ထိမထိစစ်ဆေးသင့်သော အရာဖြစ်ပြီး သွေးကျဆေးစွဲသောက်နေရသူများတွင်လည်း ၆လ ၁ နှစ် ကြာတစ်ခါ ပြန်လည်စစ်ဆေးနေသင့်သော အရာလည်းဖြစ်ပါသည်။
ဆားဓာတ်များတွင် ဆိုဒီယမ်(Na)၊ ပိုတက်ဆီယမ်(K)၊ ကလိုရိုက်(Cl)၊ ဘိုင်ကာဗွန်နိတ်(HCO3) တို့ပါဝင်ပါသည်။ ခန္ဓာကိုယ်၏ဆားဓာတ်ညီမျှမှု ကို ထိန်းသိမ်းပေးသည်မှာလည်း ကျောက်ကပ်ဖြစ်သောကြောင့် ကျောက်ကပ် ကောင်းမကောင်းစစ်ဆေးမှုတွင် ပါဝင်ပါသည်။ထို မညီမျှမှုများတစ်ခုခုရှိနေပါက
ဆီး နှင့်ကျောက်ကပ် အထူးကုသမားတော် နှင့်သေချာပြသပြီး မိမိကျောက်ကပ်အခြေအနေကိုပြသအကြံဉာဏ်ရယူသင့်ပါသည်။
၂ ။ Urine RE (ဆီးစစ်ဆေးခြင်း)
ဆီးကို စစ်ဆေးခြင်းဖြင့် ဆီးထဲတွင် သွေးပါမပါ၊ ဆီးထဲတွင် အသားဓာတ်မည်မျှ ကျနေသနည်းအား သိရှိနိုင်ပါသည်။ ကျောက်ကပ်ရောဂါအများစုသည် ဆီးအတွင်းသွေးပါခြင်းနှင့် ဆီးအသားဓာတ်တို့နှင့် ဆက်စပ်သည့်အတွက် ကျောက်ကပ်ရောဂါရှိမရှိအား စစ်ဆေးရာတွင် ဆီးစစ်ခြင်းသည် အလွန်အထောက် အကူပြုသော စစ်ဆေးခြင်းဖြစ်ပါသည်။ ထိုအပြင် ဆီးလမ်းကြောင်းပိုးဝင်မဝင်ခြင်းအားလည်း သိရှိနိုင်ပါသည်။ သွေးချိုဝေဒနာရှင်မျာမှာလည်း သွေးတွင်းသကြားဓာတ် အလွန်များသည့်အခါတွင် ဆီးအတွင်း သကြားဓာတ်ပါလာခြင်းအား ပမာဏ မည်မျှပါသနည်းအား တိုင်းတာနိုင်ပါသည်။ အသည်းရောင်အသားဝါ ဖြစ်နေသော သူများတွင် လည်း အသားဝါသည့် ဓာတ်အား ဆီးအတွင်း တိုင်းတာသိရှိနိုင်ပါသည်။ ထို့ကြောင့် ဆီးစစ်ဆေးခြင်းသည် ကျောက်ကပ်နှင့် ပက်သက်သော ရောဂါအတော်များများအား ဖော်ပြနိုင်သောကြောင့် ကျောက်ကပ်အတွက် အထောက်အကူပြုသော စစ်ဆေးခြင်းဖြစ်ပါသည်။
••••••••••••••••••••••••••••••••••••••••••••••
သင်၏ကျန်းမာရေးသည် အရေးကြီးသလို ကုသမှုခံယူနေစဉ် စိတ်ချမ်းမြေ့စွာ နားနေနိုင်ရေးသည် ကျွန်တော်များ မြတ်မနော၏ စေတနာပင်ဖြစ်ပါသည်။
မြတ်မနော (ကျောက်ကပ်သွေးသန့်စင်ဌာန)
အမှတ် ၂၂၃(က)၊ ပါရမီလမ်း (၅) ရပ်ကွက်၊ တောင်ဉက္ကလာမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။
ဖုန်း - 09451399801, 09451399802, 09451399803
ဆေးခန်းဖွင့်ချိန်
နံနက် (၇) နာရီမှ ည (၇) နာရီအထိ
နေ့စဉ် (ပိတ်ရက်မရှိ) ဖွင့်လှစ်ထားရှိပါသည်။