23/09/2025
Cleansing Oil အကြောင်းတစ်စေ့တစ်စောင်း❤️
ခင်ကဒီ postမှာ double cleansing အတွက် ရွေးချယ်စရာတစ်ခုဖြစ်တဲ့ cleansing oilအကြောင်း ခင်သ်ိသလောက် knowledge sharingလေးလုပ်ပေးသွားမှာဖြစ်ပါတယ်🤗
Cleansing oil ကိုဘယ်လို skin typeတွေသုံးလို့ရလည်း?
Cleansing oilကို all skin typeသုံးလို့ရပါတယ် ဒါပေမယ့်ကိုယ့် skin typeနဲ့ကိုက်ညီတဲ့ cleansing oilအမျိုးအစားကိုရွေးချယ်သုံးပေးဖို့တော့အရေးကြီးပါတယ်
For dry skin_
Oleic acid ပါဝင်တဲ့ moisturizing Oilတွေဖြစ်တဲ့ olive oil, avocado oil, almond oil ပါဝင်တဲ့ cleansing oil အမျိုးအစားတွေကိုရွေးသုံးသင့်ပါတယ်
ဒီ oilတွေကို skinကို hydrate လုပ်ပေးနိုင်တာမို့ အသားအရေခြောက်တာကိုသက်သာစေနိုင်ပါတယ်
For oily & acne prone skin _
Linoleum acid ပါဝင်တဲ့lighter and balancing oil တွေဖြစ်တဲ့ jojoba oil, grape seed oil, sunflower oil, h**p seed oil, safflower oil ပါဝင်တာကိုရွေးချယ်သုံးသင့်ပါတယ်
ဒီ oilတွေက အဆီပိုတွေကိုဖယ်ရှားပေးနိုင်ပြီး ချွေးပေါက်တွေမပိတ်စေပဲအတွင်းပိုင်းထိသန့်စင်ပေးနိုင်တဲ့အပြင် break out ဖြစ်တာကိုလည်းလျော့ကျစေပါတယ်
For sensitive skin _
Gentle and hypoallergenic oilတွေဖြစ်တဲ့ almond oil, apricot kernel oilတွေက်ိုရွေးချယ်သုံးသင့်ပါတယ်
ဒီ oilတွေက sensitive skinအတွက်အသားအရေနီမြန်းခြင်းကိုသက်သာစေနိုင်ပါတယ်
_Usage_
1- cleansing oilကိုမျက်နှာပေါ် 2 pumpလောက်တင်ပြီး 30-60 secလောက် ညင်ညင်သာသာပွတ်ပြီးနှိပ်နှယ်ပေးပါ
2-လက်ထဲကိုရေနွေးနွေးလေး3စက်လောက်ထည်ပြီး မျက်နှာပေါ်တင်ပြီး မျက်နှာအနှံ့လိုက်ပွတ်ပေးပါ
(Oilတွေကရေနွေးလေးနဲ့ထိတဲ့အခါ နို့အရောင်ပြောင်းသွားပါမယ်)
3- ရေ (ရေနွေးနွေးလေးဆိုပိုကောင်း) စွတ်ထားတဲ့ towel ဒါမှမဟုတ် မျက်နှာcleaningလုပ်တဲ့အခါသုံးတဲ့ towel pad လေးနဲ့မျက်နှာကိုသုတ်ပေးပါ
4- facial foamနဲ့မျက်နှာသစ်ပါ (cleansing oilသုံးမယ်ဆို foaming or gel type cleanserကိုသုံးသင့်ပါတယ်)
5- continue your skin care routine
_Effect of cleansing oil_
-အရေပြားအတွင်းပိုင်းထိသန့်စင်ပေးနိုင်တယ်
-မျက်နှာပေါ်က သဘာဝအဆီတွေကိုမထိခိုက်စေပဲအဆီပိုတွေကိုဖယ်ရှားပေးနိုင်တယ်
-မျက်နှာသစ်ပြီးတဲ့အခါ အသားခြောက်မသွားပဲ အသားရည်ကို ရေဓာတ်ပြည့်စေပြီး smooth ဖြစ်စေတယ်
-မျက်နှာပေါ်ကအဆီထုတ်လွှတ်မှုကိုထိန်းညှိပေးတယ်
-ချွေးပေါက်ပိတ်ခြင်းကိုကာကွယ်ပေးတယ်
-ချွေးပေါက်အတွင်းထိအညစ်ကြေးတွေကိုသန့်စင်ပေးနိုင်တယ်
-Blackheads နဲ့ whiteheads တွေကိုသက်သာစေပါတယ်
နောက်လည်းSkincare review, knowledge sharingနဲ့ makeup tip လေးတွေတင်ပေးသွားမှာမို့ ခင့်ရဲ့ pageလေးကို like&followလေးလုပ်ပေးသွားပါဦးနော်
’s