Physiotherapy Rehabilitation

Physiotherapy Rehabilitation Physiotherapists Home Care Service for Post-COVID Recovery patients. (Ygn)
Get the Door-It’s Rehabilitation!

03/10/2021


A Physiotherapist has the brain of a scientist, the heart of a humanist and the hands of an artist💕Happy Physiotherapy D...
08/09/2021

A Physiotherapist has the brain of a scientist, the heart of a humanist and the hands of an artist💕

Happy Physiotherapy Day to all the Physiotherapist around the world 💪🏻🌎

📣PCPR HOME CARE SERVICE ကို ဘယ်လို ဆက်သွယ်နိုင်မလဲ➡️Phone or Page message ဖြင့် ဆက်သွယ်ပါ။ ➡️Booking တင်ပီး လူနာ History...
25/08/2021

📣PCPR HOME CARE SERVICE ကို ဘယ်လို ဆက်သွယ်နိုင်မလဲ

➡️Phone or Page message ဖြင့် ဆက်သွယ်ပါ။
➡️Booking တင်ပီး လူနာ History ဖောင်ဖြည့်ရပါမယ်။
➡️လူနာ History ကြည့်ပီးနောက် Physiotherapist လာရောက်ကုသရာတွင် လိုအပ်သည်များကို ကြိုတင်ပြင်ဆင်ရန် ညွှန်ကြားသွားပါမယ်။

🫁💪🏻ကိုယ်ခန္ဓာရော အဆုတ်ပါ ပြန်လည်ကျန်းမာဖို့အတွက် Physiotherapy Home Care Service ကို ဆက်သွယ်ပီး Booking တင်လိုက်ပါ။



Price - 25000kyats ✅You can order now👇🏻အဆုတ်အားအတွက်လေ့ကျင့်တဲ့ အထောက်အကူပစ္စည်းဖြစ်တဲ့ Lung exerciser “Spirometer” (အဆု...
18/08/2021

Price - 25000kyats
✅You can order now👇🏻

အဆုတ်အားအတွက်လေ့ကျင့်တဲ့ အထောက်အကူပစ္စည်းဖြစ်တဲ့ Lung exerciser “Spirometer” (အဆုတ်အားကျင့် ဘောလုံး)ကို အသုံးပြုနိုင်ပါတယ်။Spirometer ကို နှလုံးခွဲစိတ်ပီးသူတွေ အဆုတ်နဲ့ပတ်သက်တဲ့ရောဂါ ပန်းနာရင်ကြပ်သမားတွေ COPDတွေအတွက်လည်း အသုံးပြုလေ့ရှိပါတယ်။

Post Covid မှာ ဒီပစ္စည်းကို သုံးပီး အသက်ရှူလေ့ကျင့်ခန်းလုပ်ချင်သူများအတွက် အသုံးပြုပုံနဲ့ အသုံးဝင်ပုံကို ရေးပေးပါ့မယ်။

❇️အားသာချက်ကတော့ Spirometer ကိုအသုံးပြုပီး အသက်ရှူသွင်းအားကော အသက်ရှူထုတ်အားပါ (၂)မျိုးစလုံးကို ဘောလုံးနဲ့လက်တွေ့လေ့ကျင့်နိုင်တာဖြစ်ပါတယ်။

⬆️အသက်ရှူသွင်းအား (inspiration) ကို လေ့ကျင့်ရာမှာ spirometer ကိုအတည့်ထားရမှာဖြစ်ပီး

⬇️အသက်ရှူထုတ်အား (expiration ) ကိုလေ့ကျင့်ရာမှာတော့ spirometer ကိုပြောင်းပြန်လှန်ထားရမှာ ဖြစ်ပါတယ်။

ခါးမတ်မတ်ထိုင် အနေအထားနဲ့ လေ့ကျင့်ခန်းကိုလုပ်ပါ။
Spirometer နဲ့ လေပိုက်က်ို ပါးစပ်နဲ့ တစ်တန်းတည်းထားပီး အသုံးပြုပါ။
(For Inspiration )⬆️ အသက်ရှူသွင်းအားအတွက် လေ့ကျင့်ခြင်း 🔹Spirometer ကိုအတည့်ထားရန် -
အသက်ကိုဝဝရှည်ရှည် ပါးစပ်ကနေရှူထုတ်ပါ။
ပီးမှ spirometer ရဲ့ Mouthpiece ကိုပါးစပ်မှာ တပ်ပီး အသက်ကိုဖြေးဖြေးနဲ့ ပြင်းပြင်းရှူသွင်းပါ။
ဒီလိုရှူသွင်းလိုက်ချိန်မှာ ဘောလုံးလေးတွေ တက်လာပါလိမ့်မယ်။ (တက်လာတဲ့ ဘောလုံးဟာ တစ်လုံးဖြစ်စေ နှစ်လုံးဖြစ်စေ သုံးလုံးဖြစ်စေ မိမိရဲ့ အဆုတ်အားပေါ်မူတည်ပီး တွေ့ရပါလိမ့်မယ်)
တက်လာတဲ့ဘောလုံးလေးတွေကို ပြန်ပြုတ်မကျသွားအောင် ၄-၅စက္ကန့်စာ ထိန်းထားပါ။ (ဒါဟာ ၄-၅စက္ကန့်စာ အသက်ကိုအောင့်ခိုင်းထားတာဖြစ်ပါတယ်)
၅စက္ကန့်အောင့်ထားပီးနောက်မှာ လေပိုက်ကို ပါးစက်ကနေ ဖြုတ်ပီး ပါးစပ်ကနေ အသက်ကိုဖြေးဖြေးချင်းရှူထုတ်ပီး ခဏနားပါ။
(For Expiration) ⬇️ အသက်ရှူထုတ်အားအတွက် လေ့ကျင့်ခြင်း 🔹spirometer ကိုပြောင်းပြန်ထားရန် -
အသက်ကိုဖြေးဖြေးနဲ့ ပြင်းပြင်း အဝရှူသွင်းပါ။
ပီးမှ spirometer ရဲ့ mouthpiece ကိုပါးစပ်မှာတပ်ပီး အသက်ကို ရှည်ရှည် ရှူထုတ်ပါ။
ရှူထုတ်ချိန်မှာ ဘောလုံးလေးတွေ တက်လာပါလိမ့်မယ်။
ရှူထုတ်ချိန်မှာ စိတ်ထဲကနေ ၁ကနေ၈အထိ ရေတွက်ပါ။
၈အထိ ရှူထုတ်ပီးရင် လေပိုက်ကို ပါးစပ်ကနေ ဖြုတ်ပီး ခဏနားပါ။

🔴🟡🔵ဘောလုံး၃လုံးပါ spirometer လေးတွေဟာ ပစ္စည်းတမျိုးနဲ့တမျိုးအပေါ်မူတည်ပီးဘောလုံးအရောင်၃ရောင် အနီ အဝါ အပြာ မဟုတ်တာလည်း ရှိတတ်ပါတယ်။

ဒီဘောလုံးအရောင်၃ရောင် ဟာဘာကိုဆိုလိုတာလဲဆိုရင်
မိမိအဆုတ်ထဲရှူသွင်းလိုက်တဲ့ အောက်ဆီဂျင်ပမာဏကို ဖော်ပြသလို မိမ်ိအဆုတ်အားကိုပါ ဒီဘောလုံးလေးတွေကနေ သိနိုင်ပါတယ်။
တစ်ရောင်စီမှာ သတ်မှတ်ထားတဲ့ 🔴600cc, 🟡900cc, 🔵1200cc ပမာဏအသီးသီးရှိပါတယ်။

အပေါ်ကအတိုင်း ရှူသွင်း ရှူထုတ် လေ့ကျင့်ရာမှာ ဘောလုံး တလုံးတက်တာလား နှစ်လုံး တက်တာလား သုံးလုံးလုံးတက်တာလားအပေါ် မူတည်ပီး မိမိရဲ့အဆုတ်အားကို လက်တွေ့သိနိုင်ပါတယ်။

❗️ဘောလုံး၃လုံးလုံးတက်မှ အဆုတ်အားကောင်းတာဆိုပီးလည်း မရမချင်း ဇွတ်ဖိလုပ် အဆုတ်ကို pressure ပေးလို့လည်း မဖြစ်ဘူး။ ဖြေးဖြေးနဲ့မှန်မှန် လေ့ကျင့်ပေးသွားဖို့ လိုပါတယ်။

‼️Spirometer ကို နီးစပ်ရာ ဆရာဝန် သို့ physiotherapist နဲ့ တိုင်ပင်ပီးမှ မိမိအတွက် အသုံးပြုလို့ရတဲ့ အခြေအနေဟုတ်မဟုတ်လည်း ချိန်ဆပီးမှ သုံးစေချင်ပါတယ်။

❇️ ပါးစပ်ထဲထည့် လေမှုတ်တဲ့ ပိုက်နေရာ mouthpiece ကို အသုံးမပြုခင်ကော အသုံးပြုပြီးပါ သေချာ သန့်စင်ပေးဖို့လိုအပ်ပါတယ်။

❇️ လေ့ကျင့်ခန်းလုပ်ပီးသွားရင်လည်း mouthpiece ကိုညာဘက်က tube holder မှာ ချိတ်ထားပေးဖို့ လိုအပ်ပါတယ်။

❇️Deep Breathing Exercise တွေကို ဘယ်နှစ်ကြိမ် လုပ်ရမလဲ??

အသက်ရှူလေ့ကျင့်ခန်းဟာ မိမိခံနိုင်တဲ့ အကြိမ်ရေထက်များသွားရင် ခေါင်းမူးစေတာ အဆုတ်ကြွက်သားတွေပင်ပန်းစေတာတွေ ဖြစ်နိုင်ပါတယ်။

ဒါကြောင့် အခုလို deep breathing exercises တွေကို ဖြစ်တဲ့ “မှုတ်” တဲ့အသက်ရှူလေ့ကျင့်ခန်းတွေကို လုပ်ရာမှာ မိမိအခြေအနေပေါ်မူတည်ပီး တခါလုပ်ရင် အနည်းဆုံး၅ကြိမ်ကနေ အများဆုံး၁၀ကြိမ် ကို တနေ့ ၃-၄ ကြိမ်လုပ်ပေးပါ။

❗️လုပ်နေချိန်မှာ ခေါင်းတအားမူးလာရင် ဆက်တိုက်မလုပ်ဘဲ နားနားပီးမှ လုပ်ပေးပါ။

5-10times per sessions
3-4times per day ပါ။

📣PCPR HOME CARE SERVICE ကို ဘယ်လို ဆက်သွယ်နိုင်မလဲ➡️Phone or Page message ဖြင့် ဆက်သွယ်ပါ။ ➡️Booking တင်ပီး လူနာ History...
06/08/2021

📣PCPR HOME CARE SERVICE ကို ဘယ်လို ဆက်သွယ်နိုင်မလဲ

➡️Phone or Page message ဖြင့် ဆက်သွယ်ပါ။
➡️Booking တင်ပီး လူနာ History ဖောင်ဖြည့်ရပါမယ်။
➡️လူနာ History ကြည့်ပီးနောက် Physiotherapist လာရောက်ကုသရာတွင် လိုအပ်သည်များကို ကြိုတင်ပြင်ဆင်ရန် ညွှန်ကြားသွားပါမယ်။

🫁💪🏻ကိုယ်ခန္ဓာရော အဆုတ်ပါ ပြန်လည်ကျန်းမာဖို့အတွက် Physiotherapy Home Care Service ကို ဆက်သွယ်ပီး Booking တင်လိုက်ပါ။



🫁 Post-COVID လူနာတွေအတွက် ဘယ်လိုအကျိုးကျေးဇူးတွေ ရမလဲ❓❓WHO ရဲ့ guideline အရ Physiotherapy ပညာရပ်ဟာ COVID-19 ရောဂါမှ ပြန်...
05/08/2021

🫁 Post-COVID လူနာတွေအတွက် ဘယ်လိုအကျိုးကျေးဇူးတွေ ရမလဲ❓❓

WHO ရဲ့ guideline အရ Physiotherapy ပညာရပ်ဟာ COVID-19 ရောဂါမှ ပြန်လည်ကျန်းမာဖို့အတွက် အဓိကကျတဲ့ အခန်းကဏ္ဍတစ်ရပ်အဖြစ် ပါဝင်နေကြောင်း ဖော်ပြထားပါတယ်။

Physiotherapy ပညာရပ်များထဲမှ Exercise Technique ဟာ ကိုဗစ်ကြောင့် ထိခိုက်ထားတဲ့ အဆုတ်သာမက အားနည်းနေတဲ့ ခန္ဓာကိုယ်ကြွက်သားများအတွက်ပါ လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု ပညာရပ်တစ်ခုဖြစ်ပါတယ်။

⚠️ Post-COVID မှာ စိုးရိမ်စရာတခုက ⚠️

ကိုဗစ်ကြောင့် အိပ်ရာထဲမှာ အနေများလို့ မလှုပ်မရှားတာ ကြာနေချိန်မှာ ကိုယ်လက်လှုပ်ရှားမှုတွေကို အတိုင်းအဆမရှိ ပြင်းပြင်းထန်ထန် ထလုပ်လိုက်ရင် အဆုတ်သွေးကြောခဲ ပိတ်သွားနိုင်တဲ့အထိ အသက်အန္တရယ်ရှိပါတယ်။ ဒါကြောင့် ဒီအချိန်မှာ pulmonary rehabilitation ကိုနားလည်တဲ့ physiotherapist နဲ့ လေ့ကျင့်ခန်းများကို စနစ်တကျလုပ်ပေးဖို့ လိုအပ်ပါတယ်။

ကိုဗစ်အလွန် ၂၁ရက်ရှိ လူနာများ
⬇️Reduce breathless- အသက်ရှူမဝခြင်း သက်သာလာစေရန်
⬇️Reduce Cough- ချောင်းဆိုးချွဲကြပ် သက်သာလာစေရန်
⬇️Reduce stress- စိတ်ဖိစီးမှု လျော့ကျလာစေရန်
⬆️Improve Fitness- ကိုယ်ခန္ဓာပြန်လည် ကျန်းမာလာစေရန်
⬆️Improve Muscles strength- ကြွက်သားများ ပြန်လည် သန်မာလာစေရန်
⬆️Improve Activities of Daily Living- နေ့စဉ်လူနေမှုဘဝ၏ လုပ်ငန်းဆောင်တာများ ပြန်လည် လုပ်ဆောင်နိုင်စေရန် ရည်ရွယ်၍

Physiotherapist များမှ အိမ်အရောက် ကျန်းမာရေးအသိပညာပေး စောင့်ရှောက်မှုနဲ့အတူ
Breathing Exercise Training,Lung Expansion & Pulmonary Rehabilitation,
Muscle Strengthening & Fitness Training အစရှိတဲ့ လူနာများအနေနဲ့ လိုအပ်နေတဲ့ လေ့ကျင့်ခန်းများကို သင်ကြားပြသပေးသွားမှာ ဖြစ်ပါတယ်။

ဆက်သွယ်ရန် ဖုန်း - 09984013569, 09978693983




Post-COVID လူနာများအတွက်သတင်းကောင်း🔔📣ကိုဗစ်၁၉ရဲ့ နောက်ဆက်တွဲအဖြစ် ကျန်နေခဲ့တဲ့အသက်ရှူမဝခြင်း၊ မောခြင်း၊ ပင်ပန်းနွမ်းနယ်ခ...
05/08/2021

Post-COVID လူနာများအတွက်သတင်းကောင်း🔔

📣ကိုဗစ်၁၉ရဲ့ နောက်ဆက်တွဲအဖြစ် ကျန်နေခဲ့တဲ့အသက်ရှူမဝခြင်း၊ မောခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ကြွက်သားအားမရှိခြင်း၊ ကြွက်သားနာကျဉ်ခြင်း နှင့် ရင်ဘတ်အောင့်ခြင်း အစရှိတဲ့ လက္ခဏာတွေဟာ ကိုယ်ခန္ဓာပြန်လည်သန်စွမ်းဖို့ Rehabilitation ဝင်ရန်လိုအပ်နေကြောင်း ပြသနေခြင်း ဖြစ်ပါတယ်။

📣အထက်ပါ ကိုဗစ်နောက်ဆက်တွဲ လက္ခဏာတွေဟာ rehabilitation ပြန်လည်သန်စွမ်းရေးလုပ်ဆောင်ရမယ့် အဆင့်ကို မလုပ်ဆောင်မိခဲ့ရင် ကာလကြာရှည် နေ့စဉ်လုပ်ငန်းဆောင်တာများကို အချိန်မှီပုံမှန်လုပ်ဆောင်ရန် အခက်အခဲတခုအဖြစ် ကျန်ရစ်နေမှာဖြစ်ပါတယ်။

✅Quality of life ကို အပြည့်အဝပြန်လည် ရရှိဖို့ လူသားတိုင်း အားလုံးမှာ အခွင့်အရေးတန်းတူရှိပါတယ်။

📢ဒါကြောင့် ကိုဗစ်အလွန် ၂၁ရက်မှာရှ်ိတဲ့ အထက်ပါ နောက်ဆက်တွဲ လက္ခာများခံစားနေရသူတွေ မိမိတို့ရဲ့ ပုံမှန် နေ့စဉ်ဘဝသို့ ကျန်းကျန်းမာမာနှင့် ပြန်လည်ဝင်ရောက်နိုင်ရန် Post-COVID Physiotherapy Rehabilitation ကို လူကြီးမင်းတို့ အိမ်အရောက် ကုသမှု ပေးသွားမှာ ဖြစ်ပါတယ်။

ဆက်သွယ်ရန် ဖုန်း - 09984013569, 09978693983



Address

Yangon

Website

Alerts

Be the first to know and let us send you an email when Physiotherapy Rehabilitation posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram