03/07/2024
🥬လတ်ဆတ်သန့်ရှင်းတဲ့ သစ်သီးတွေနဲ့ဟင်းသီးဟင်းရွက် စားသုံးခြင်းက သင့်သွားတွေကို သဘာဝအတိုင်း သန့်စင်ပေးနိုင်တာသိရဲ့လား?
📋လေ့လာတွေ့ရှိချက်တွေအရ သွားနဲ့ခံတွင်းအတွက်ကို အထူးအကျိုးပြုတဲ့ ပန်းသီး၊မုန်လာဥနီနဲ့ တရုတ်နံနံလိုအရွက်မျိုးတွေက သင့်သွား ကို ဆရာဝန်တစ်ယောက်လို ဂရုစိုက်စောင့်ရှောက် ပေးနိုင်တဲ့ ဂုဏ်သတ္တိတွေရှိနေပါတယ်နော်။
🍎ပန်းသီးမှာ ပါဝင်တဲ့ အမျှင်ဓါတ်တွေနဲ့ ရေဓါတ်တွေက တကျွတ်ကျွတ် ဝါးလိုက်တဲ့ အချိန်မှာ သွားနဲ့ သွားဖုံးတွေကို သွားတိုက်လိုက်သလို သန့်စင်ပေးနိုင်ပါတယ်။
🥕မုန်လာဥနီကတော့ မျက်လုံးအတွက် ဆေးစွမ်းတစ်လက်ဆိုတာ လူအများ သိရှိထားကြပေမဲ့ သင့်ရဲ့ ခံတွင်းကျန်းမာရေးကို အထောက်အကူပြုတယ် ဆိုတာကတော့ အထူးအဆန်းဖြစ်နေကြမယ်ထင်ပါတယ်။ တကယ်တော့ မုန်လာဦနီမှာ ပါဝင်တဲ့ ဓါတ်ပစ္စည်းတွေက သင့်ရဲ့ တံတွေး ထုတ်လုပ်မှုကို တိုးစေပြီး ပါးစပ်အတွင်း ဘက်တီးရီးယားများနဲ့ အစာမှုန်များကို ဖယ်ရှားပေးနိုင်လို့ ခံတွင်းအနံ့ ဆိုးရွားမှုကို လျော့ကျစေပါတယ်နော်။
🌱တရုတ်နံနံပင်ကလည်း မုန့်လာဥနီလို ခံတွင်းသန့်ရှင်းရေးအတွက် အကျိုးပြုပါတယ်။
အစားအသောက် စားပြီးတိုင်းမှာ ခံတွင်းကို ပလုတ်ကျင်းပြီး သန့်ရှင်းရေးပုံမှန် လုပ်ပေးဖို့လည်း မမေ့နဲ့နော် ...
💁🏻♀️နောက်ထပ် ဘယ်လိုမျိုး အသီးအနှံ ဟင်းသီးဟင်းရွက်တွေကခံတွင်းကျန်းမာရေးအတွက် အထောက်အကူပြုလည်းဆိုတာကို အောက်က Comment Box မှာ ဝင်ရောက် ဆွေးနွေး သွားပေးကြပါဦး။
✨အပြုံးအလှတွေ ဝေဆာပြီး သွားနှင့်ခံတွင်းဆိုင်ရာ ကုသမှုအဖြာဖြာ စိတ်ချမ်းသာစေမှာ D5 Dental Clinic ပါ ✨
🔔 ဆေးခန်းဖွင့်ချိန် - 9:00 AM to 5:00 PM
(Tuesday Closed)
☎️ 09 455 339 123, 09 799 567 226, 09 5177 811
🏥 လိပ်စာ - အမှတ်(၇၅)၊ (၅)လမ်း၊
လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။
#သွားကျန်းမာရေး
#သွားနှင့်ခံတွင်းကျန်းမာရေး