MIBYO Healthcare

MIBYO Healthcare Mibyo Healthcare

02/02/2021

၂လပိုင်း ၁ ရက်နေ့ ဟောပြောပွဲကို အကြောင်းအမျိုးမျိုးကြောင့် မကျင်းပဖြစ်တဲ့အတွက် လူကြီးမင်းတို့အားလုံးကိုတောင်းပန်ပါတယ်။🙇‍♀️

📣လတ်တလောတွင် အွန်လိုင်းအခမဲ့ဟောပြောပွဲများကို မလုပ်ဆောင်နိုင်သေးပါကြောင်း လေးစားစွာဖြင့်အသိပေး အကြောင်းကြားအပ်ပါသည်။

လူကြီးမင်းတို့ ကျန်းမာရေးအတွက် အွန်လိုင်းအခမဲ့ဟောပြောပွဲများကို အမြန်ဆုံး ကျင်းပပေးနိုင်ရန် Mibyo Healthcare မှ အစွမ်းကုန်ကြိုးပမ်းလျက်ရှိပါသည်။
နောက်ကျင်းပမယ့် ဟောပြောပွဲများကိုလည်း Mibyo Healthcare pageမှ အသိပေးအကြောင်းကြားပေးသွားမှာဖြစ်ပါတယ်ရှင့်။

ကျေးဇူးအထူးပင်တင်ရှိပါတယ်။🙇‍♀️

👉ပရိုတင်းဆိုသည်မှာ(၁)👈ပရိုတင်းဆိုတာ အဓိကအစာအာဟာရထဲ ၅ မျိုးထဲမှတစ်ခုဖြစ်ပါတယ်။ပရိုတင်းကဘာတွေကိုလုပ်ဆောင်ပေးသလဲ❓အသားနဲ့ငါး...
29/01/2021

👉ပရိုတင်းဆိုသည်မှာ(၁)👈

ပရိုတင်းဆိုတာ အဓိကအစာအာဟာရထဲ ၅ မျိုးထဲမှတစ်ခုဖြစ်ပါတယ်။
ပရိုတင်းကဘာတွေကိုလုပ်ဆောင်ပေးသလဲ❓

အသားနဲ့ငါးများမှာ ပရိုတင်းဓာတ်ပေါကြွယ်ဝစွာပါဝင်ပါတယ်။အသားနဲ့ငါးမှရတာကတော့တိရစ္ဆာန်မှရတဲ့ပရိုတင်းဘဲဖြစ်ပါတယ်။ ✔️

ဂျပန်မှာတော့ ဟင်းသီးဟင်းရွက်မှရတဲ့ပရိုတင်းရှိပြီး၊ပဲကိုလဲမကြာခဏစားသုံးပေး၍၊ ပဲမှရတဲ့ တို့ဖူး၊ ပဲနို့ ၊ Natto၊ တို့ဖူးကြော်စတာတွေကိုလဲ ကြိုက်နှစ်သက်စွာစားသုံးတဲ့လူများစွာရှိပါတယ်။💁‍♀️

ကျွန်ုပ်တို့ရဲ့ခန္ဓာကိုယ်က ရေဓာတ်၆၀%နဲ့ဖွဲ့စည်းထားပေမယ့်လဲ ၁၅%~၂၀%က ပရိုတင်းဓာတ်များဖြင့် ပါဝင်ဖွဲ့စည်းထားပါတယ်။
ဒါကြောင့် ပရိုတင်းသည်လဲအလွန်အရေးပါသောအာဟာရဖြစ်ပြီး ခန္ဓာကိုယ်ရှိတစ်သျှူးများပြုလုပ်ရာတွင်လဲအရေးပါသောအစာအာဟာရဖြစ်ပါတယ်။✔️👍

📣Mibyo Healthcare ရဲ့ Free Online Seminar📣💁‍♀️ဂျပန်နိုင်ငံကို ပျမ်းမျှသက်တမ်းအရှည်ဆုံးနိုင်ငံအဖြစ် သိကြမှာပါ။ ဂျပန်နိုင်...
29/01/2021

📣Mibyo Healthcare ရဲ့ Free Online Seminar📣

💁‍♀️ဂျပန်နိုင်ငံကို ပျမ်းမျှသက်တမ်းအရှည်ဆုံးနိုင်ငံအဖြစ် သိကြမှာပါ။
ဂျပန်နိုင်ငံရဲ့ ပျမ်းမျှသက်တမ်းဟာ ၂၀၁၈စစ်တမ်းအရ ၈၀နှစ် အထက်မှာရှိပြီး မြန်မာနိုင်ငံကတော့ ၆၀ ဝန်းကျင်မှာရှိနေပါတယ်။
ဂျပန်နိုင်ငံက နည်းပညာမြင့်မားလို့ ကျန်းမာရေးစောင့်ရှောက်မှုမှာ တိုးတက်နေလို့ သက်တမ်းအရှည်ဆုံးနိုင်ငံဖြစ်နေတာလား❓

အဲ့ဒီလိုနည်းပညာတိုးတက်တာတစ်ခုတည်းကြောင့်တော့မဟုတ်ပါဘူး။ ❌
တစ်ခြားသော အကြောင်းအရာတွေကြောင့်လည်းပါပါတယ်။
အဓိကကတော့ နေ့စဥ်လူနေမှုဘဝနဲ့များစွာသက်ဆိုင်နေပါတယ်။
👉ဒီအကြောင်းအရာတွေကို ၂ လပိုင်း ၁ ရက်နေ့မှာဝေမျှပေးသွားမှာဖြစ်ပါတယ်။

တက်ရောက်နားထောင်လိုပါက Messenger မှဆက်သွယ်အကြောင်းကြားပေးပါ။📲

ကျင်းပမည့်နေ့ရက် : ၁ ရက် ၂ လ ၂၀၂၁ ခုနှစ် (တနင်္လာနေ့)
ကျင်းပမည့်အချိန် : ၃ နာရီ
ကျင်းပမည့်နေရာ : ကျေးဇူးပြုပြီး Mibyo App ကိုDownload ပြုလုပ်ပေးပါ။
Mibyo AppကိုDownloadလုပ်ရန်အောက်ပါလင့်ကိုဝင်ရောက်ပါ။
https://play.google.com/store/apps/details?id=com.mibyo_chat_app&fbclid=IwAR3cNUR4jytK7JykTovpM-q7bUZqo4J1HApznLNrWEjUCZrjhtuDNNTfL9w
Play store တွင်လည်း Mibyo app ကိုအလွယ်တကူရှာလို့ရပါတယ်။

၁။ ၂:၄၅မိနစ်မှာ Appထဲဝင်ရောက်ပေးပါ။
၂။ အလယ်ရှိ အဖြူကွက်နေရာကိုနှိပ်လိုက်ပါ။(ခဏစောင့်လိုက်လျှင် ဝင်ရောက်ပြီးဖြစ်သွားပါပြီ။)
၃။မိုက်ကရိုဖုန်းနှင့်ကင်မရာအသုံးပြုနိုင်ရန် Allow ပြုလုပ်ထားပါ။
သင့်ကျန်းမာရေးကို Appကနေ မှတ်တမ်းတင်ထားနိုင်ပါတယ်။
အခမဲ့အသင်းဝင်အနေနဲ့ စာရင်းပေးပြီးLog inလုပ်၍ပါဝင်လိုက်ပါ။💁‍♀️
သင်နှင့်သင်မိသားစု သက်ရှည်ကျန်းမာပျော်ရွှင်စေဖို့ Mibyo မှကူညီပေးပါရစေ။
မှတ်ချက်* Mibyo Healthcare ရုံးခန်းသည်ဖွင့်လှစ်ခြင်းမရှိသေးပါ။
Mibyo Healthcareက ရောဂါမဖြစ်အောင် ကြိုတင်ကာကွယ်ပြီး သက်ရှည်ကျန်းမာစွာနေထိုင်နိုင်ဖို့ ကိုရည်ရွယ်ခြင်းဖြစ်ပါတယ်။🧘‍♀️🧘‍♂️

👉ကာဗိုဟိုက်ဒရိတ်ဆိုသည်မှာ (၂)👈ကာဗိုဟိုက်ဒရိတ်ဓာတ် တစ်နည်းအားဖြင့် သကြားဓာတ် ပါဝင်တဲ့ အစားအစာတွေက ဘာတွေဖြစ်မလဲ❓💁‍♀️အဲ့ဒါတ...
28/01/2021

👉ကာဗိုဟိုက်ဒရိတ်ဆိုသည်မှာ (၂)👈

ကာဗိုဟိုက်ဒရိတ်ဓာတ် တစ်နည်းအားဖြင့် သကြားဓာတ် ပါဝင်တဲ့ အစားအစာတွေက ဘာတွေဖြစ်မလဲ❓
💁‍♀️အဲ့ဒါတွေကတော့ ထမင်း၊ ပေါင်မုန့်၊ ခေါက်ဆွဲ၊ အာလူး၊ သစ်သီးများ၊ သကြား နှင့် မုန့်အချိုများပဲဖြစ်ပါတယ်။

ကျွန်မကတော့ ဂျပန်နိုင်ငံ ဆေးဘက်ဆိုင်ရာနယ်ပယ်များတွင် အာဟာရဆိုင်ရာနဲ့ပတ်သတ်တဲ့ လမ်းညွှန်မှုများပေးတဲ့ ဂျပန်နိုင်ငံသား ဆေးဘက်ဆိုင်ရာဝန်ထမ်းတစ်ဦးဖြစ်ပါတယ်။🧑‍⚕️
ဂျပန်နိုင်ငံမှာ တစ်နေ့အတွက်လိုအပ်သောကာဗိုဟိုက်ဒရိတ်ပမာဏမှာ အရွယ်ရောက်ပြီးသား
🙋‍♂️အမျိုးသားတွေဆိုရင် 1250~1650ကီလိုကယ်လိုရီ ၊ 🙋‍♀️အမျိုးသမီးများတွေဆိုရင် 1000~1300ကီလိုကယ်လိုဖြစ်ပါတယ်။

ထမင်းတစ်မျိုးတည်းရဲ့ ကယ်လိုရီကို တိုင်းတာဖော်ပြရရင် အရွယ်ရောက်ပြီးသူ အမျိုးသားများအတွက် ထမင်းပန်းကန်လုံး ၅ လုံး မှ ၇ လုံး (တစ်လုံးလျှင် ၈၀ ဂရမ်) ၊
အရွယ်ရောက်ပြီးသောအမျိုးသမီးများအတွက် ထမင်းပန်းကန်လုံး ၄ လုံး မှ ၅ လုံး (တစ်လုံးလျှင် ၈၀ ဂရမ်) လောက် ဖြစ်ပါတယ်။✔️

အများကြီး စားလို့ရတာပဲလို့ တွေးကောင်းတွေးနိုင်ပေမယ့် ကာဗိုဟိုက်ဒရိတ်ဓာတ်သည် ထမင်းတစ်မျိုးတည်းမှာတင်မဟုတ်ဘဲ အခြားအစားအစာများမှာပါ တွေ့ရတဲ့အတွက်ကြောင့် အစားအစာများကို စားသောက်သည့်အခါ စဉ်းစား၊တွက်ချက်ပြီး စားရန်လိုအပ်ပါတယ်။👍

🙋‍♀️မနက်ဖြန်မှာတော့Mibyo Healthcare ရဲ့ Free Online Seminarလေးရှိပါတယ်။📣👉ဒီတစ်ခေါက် Seminar ရဲ့ခေါင်းစဥ်လေးက "အရွယ်တင်နု...
27/01/2021

🙋‍♀️မနက်ဖြန်မှာတော့Mibyo Healthcare ရဲ့ Free Online Seminarလေးရှိပါတယ်။📣

👉ဒီတစ်ခေါက် Seminar ရဲ့ခေါင်းစဥ်လေးက
"အရွယ်တင်နုပျိုလှပခြင်း" ဆိုတဲ့ အသက်ရွယ်ရလာသည့်တိုင်အောင် ကျန်းမာပြီးနုပျိုလှပနေစေမယ့် လျှို့ဝှက်ချက်တွေကိုပြောပြပေးမှာဖြစ်ပါတယ်။

တက်ရောက်နားထောင်လိုပါက Messenger မှဆက်သွယ်အကြောင်းကြားပေးပါ။📲
ကျင်းပမည့်နေ့ရက် : ၂၈ ရက် ၁ လ ၂၀၂၁ ခုနှစ် (ကြာသပတေးနေ့)
ကျင်းပမည့်အချိန် :၁၁ နာရီ
ကျင်းပမည့်နေရာ : ကျေးဇူးပြုပြီး Mibyo App ကိုDownload ပြုလုပ်ပေးပါ။
Mibyo AppကိုDownloadလုပ်ရန်အောက်ပါလင့်ကိုဝင်ရောက်ပါ။
https://play.google.com/store/apps/details?id=com.mibyo_chat_app&fbcli...
Play store တွင်လည်း Mibyo app ကိုအလွယ်တကူရှာလို့ရပါတယ်။

၁။၁၀:၄၅မိနစ်မှာ Appထဲဝင်ရောက်ပေးပါ။
၂။ အလယ်ရှိ အဖြူကွက်နေရာကိုနှိပ်လိုက်ပါ။(ခဏစောင့်လိုက်လျှင် ဝင်ရောက်ပြီးဖြစ်သွားပါပြီ။)
၃။မိုက်ကရိုဖုန်းနှင့်ကင်မရာအသုံးပြုနိုင်ရန် Allow ပြုလုပ်ထားပါ။
သင့်ကျန်းမာရေးကို Appကနေ မှတ်တမ်းတင်ထားနိုင်ပါတယ်။
အခမဲ့အသင်းဝင်အနေနဲ့ စာရင်းပေးပြီးLog inလုပ်၍ပါဝင်လိုက်ပါ။💁‍♀️
သင်နှင့်သင်မိသားစု သက်ရှည်ကျန်းမာပျော်ရွှင်စေဖို့ Mibyo မှကူညီပေးပါရစေ။
မှတ်ချက်* Mibyo Healthcare ရုံးခန်းသည်ဖွင့်လှစ်ခြင်းမရှိသေးပါ။
Mibyo Healthcareက ရောဂါမဖြစ်အောင် ကြိုတင်ကာကွယ်ပြီး သက်ရှည်ကျန်းမာစွာနေထိုင်နိုင်ဖို့ ကိုရည်ရွယ်ခြင်းဖြစ်ပါတယ်။🧘‍♀️🧘‍♂️

👉ကာဗိုဟိုက်ဒရိတ်ဆိုသည်မှာ (၁)👈ကာဗိုဟိုက်ဒရိတ်ဆိုသည်မှာ အဓိကအာဟာရငါးခုအနက်မှတစ်ခုဖြစ်ပါတယ်။☝️ကာဗိုဟိုက်ဒရိတ်က ဘယ်လိုလုပ်ဆ...
27/01/2021

👉ကာဗိုဟိုက်ဒရိတ်ဆိုသည်မှာ (၁)👈

ကာဗိုဟိုက်ဒရိတ်ဆိုသည်မှာ အဓိကအာဟာရငါးခုအနက်မှတစ်ခုဖြစ်ပါတယ်။☝️
ကာဗိုဟိုက်ဒရိတ်က ဘယ်လိုလုပ်ဆောင်မှုတွေကို လုပ်ဆောင်ပါသလဲ❓

💁‍♀️ကာဗိုဟိုက်ဒရိတ်ဆိုတာကတော့ အဓိကအားဖြင့် သကြားဓာတ်လို့ အပြောများကြပါတယ်။
သကြားဓာတ်လို့ပြောလိုက်တာနဲ့ သကြားကဲ့သို့သော ချိုသောအရာတွေချည်းပဲမဟုတ်ဘဲနဲ့ ဆန်နှင့်အာလူးတွင်ပါရှိတဲ့ ဓာတ်တို့တွေကလည်းသကြားဓာတ်ပဲဖြစ်ပါတယ်။🥔🍚
သကြားဓာတ်သည်ကိုယ်ခန္ဓာ၏စွမ်းအင်အတွက်လိုအပ်သောအာဟာရဖြစ်ပါတယ်။

ဦးနှောက်၏စွမ်းအင်ကိုသကြားဓာတ်မှသာရရှိသောကြောင့် ဦးခေါင်းရဲ့အလုပ်လုပ်ဆောင်နိုင်ရန်အတွက်လည်းအလွန်အရေးကြီးပါတယ်။✔️
သို့သော် သကြားဓာတ်ပါတဲ့အစားအစာတွေကို များများစားလျှင် သကြားဓာတ်သည် မိမိတို့ရဲ့ခန္ဓာကိုယ်အပေါ်ဆိုးကျိုးသက်ရောက်နိုင်ပါတယ်။🙋‍♀️

👉ဆီးချိုရောဂါဖြစ်ခြင်း၊ မျက်စိကွယ်နိုင်ခြင်းနှင့်မတ်တပ်ထရပ်တာနဲ့ ခေါင်းမူးခြင်းကဲ့သို့သောလက္ခဏာများကိုဖြစ်ပေါ်စေသည်။❌
အစားအစာများကို စားသောက်သည့်အခါ မှန်ကန်သောပမာဏကိုစဉ်းစား၊တွက်ချက်ပြီး စားရန်အရေးကြီးပါတယ်။💁‍♀️✔️

👉ကိုယ်လက်လှုပ်ရှားအားကစားဆိုတာ(၃)👈နေ့စဉ်ဘဝမှာ လှုပ်ရှားမှုဆိုတာက အိမ်မှုကိစ္စတစ်ခုတည်း မဟုတ်ပါ။❌လမ်းလျှောက်တာမျိုးပဲဖြစ်...
26/01/2021

👉ကိုယ်လက်လှုပ်ရှားအားကစားဆိုတာ(၃)👈

နေ့စဉ်ဘဝမှာ လှုပ်ရှားမှုဆိုတာက အိမ်မှုကိစ္စတစ်ခုတည်း မဟုတ်ပါ။❌
လမ်းလျှောက်တာမျိုးပဲဖြစ်ဖြစ်၊ ကြံဖန်ပြီးလေ့ကျင့်ခန်းပြုလုပ်လို့ရပါတယ်။🏃
ပုံမှန်ထက်ပိုပြီး ခြေလှမ်းခပ်မြန်မြန်၊ ခပ်ကျယ်ကျယ်လျှောက်ကြည့်ပါ။

ဒါအပြင် ကျောကိုမတ်မတ်ထားပြီး လက်မောင်းကိုလွှဲပြီးတော့လမ်းလျှောက်ခြင်းဖြင့် ခန္ဓာကိုယ်တစ်ခုလုံးရဲ့ကြွက်သားတွေကိုလှုပ်ရှားစေရာရောက်ပါတယ်။✔️
💁‍♀️ဂျပန်နိုင်ငံမှာဆိုရင်တော့ ကျန်းမာသန်စွမ်းဖို့အတွက် တစ်နေ့ကိုခြေလှမ်းပေါင်း ၈၀၀၀ လမ်းလျှောက်ဖို့လိုအပ်တယ်လို့ သတ်မှတ်ထားပါတယ်။

တစ်နေ့လျှင် ခြေလှမ်း ၁၀၀၀၊ အချိန်အားဖြင့် ၁၀မိနစ်လောက်ပြုလုပ်ခြင်းအားဖြင့် ကိုယ်လက်လှုပ်ရှားမှုနည်းပါးခြင်းမှ ရှောင်ကျဉ်နိုင်ပြီး Locomotive Syndrome ရောဂါဖြစ်ပွါးခြင်းမှကာကွယ်နိုင်ပါတယ်။
ဒါကြောင့် သေသေချာချာလိုက်နာကြရအောင်။🙋‍♀️✔️

👉ကိုယ်လက်လှုပ်ရှားအားကစားဆိုတာ(၂)နေထိုင်မှုဘဝမှာ ပြုလုပ်နေတဲ့လှုပ်ရှားမှုတွေကလည်း ကိုယ်လက်လေ့ကျင့်ခန်းဖြစ်ပါတယ်။🏃နေ့စဥ်ဘ...
26/01/2021

👉ကိုယ်လက်လှုပ်ရှားအားကစားဆိုတာ(၂)

နေထိုင်မှုဘဝမှာ ပြုလုပ်နေတဲ့လှုပ်ရှားမှုတွေကလည်း ကိုယ်လက်လေ့ကျင့်ခန်းဖြစ်ပါတယ်။🏃
နေ့စဥ်ဘဝမှာ ဘယ်လိုလေ့ကျင့်ခန်းမျိုးတွေလုပ်လို့ရနိုင်သလဲ❓
သင့်ရဲ့တစ်နေ့တာအိမ်မှုကိစ္စတွေမှာ အဝတ်လျော်တာပါပါသလား❓

အဝတ်များကိုလက်ဖြင့်လျှော်ပြီး အစွန်းအထင်းတွေပျောက်အောင် ပွတ်တိုက်ခြင်း၊ အဝတ်ရေညှစ်ခြင်း တို့က လက်မောင်းနှင့်ပုခုံးကြွက်သားများအတွက် လေ့ကျင့်ခန်း လုပ်ခြင်းပဲဖြစ်ပါတယ်။👍
အဝတ်လျှော်တဲ့အခါနှင့် လှန်းတဲ့အခါတွေမှာ သင့်ရဲ့လက်ကိုမြှောက်၍လှုပ်ရှားခြင်းက လက်မောင်းနှင့်ပခုံးရှိ ကြွက်သားများကို အသုံးပြုပါတယ်။✔️

ခြေဖျားထောက်ရပ်ခြင်းဆိုတဲ့ ဖနောင့်ကိုမြှောက်၍ ခြေချောင်းများပေါ်ထောက်ပြီး ခြေထောက်လေ့ကျင့်ခန်းလုပ်နိုင်ပါတယ်။
အဝတ်များကိုလှန်းတဲ့အခါ သေချာပေါက်လုပ်ကြည့်ပါ။💁‍♀️

📣Mibyo Healthcare ရဲ့ Free Online Seminar📣💁‍♀️ဒီတစ်ခေါက် Seminar ရဲ့ခေါင်းစဥ်လေးက "အရွယ်တင်နုပျိုလှပခြင်း"  ဆိုတဲ့ အသက်ရ...
25/01/2021

📣Mibyo Healthcare ရဲ့ Free Online Seminar📣

💁‍♀️ဒီတစ်ခေါက် Seminar ရဲ့ခေါင်းစဥ်လေးက
"အရွယ်တင်နုပျိုလှပခြင်း" ဆိုတဲ့ အသက်ရွယ်ရလာသည့်တိုင်အောင် ကျန်းမာပြီးနုပျိုလှပနေစေမယ့် လျှို့ဝှက်ချက်တွေကိုပြောပြပေးမှာဖြစ်ပါတယ်။

အရွယ်တင်တယ်နော်လို့အပြောခံရရင် အရမ်းကျေနပ်ပီတိဖြစ်ကြတယ်မလား❓
ဘာလို့လဲဆိုတော့ အသက်ကြီးပေမယ့် နုပျိုလှပနေတုန်းပဲလို့ ချီးကျူးခံရတာကိုး။
သင်တို့လည်း အရွယ်တင်လိုက်တာနော်လို့ အပြောလေးတွေကြားချင်ရင် သေချာပေါက်နားထောင်ကြည့်ပြီး လက်တွေ့အကောင်အထည်ဖော်လိုက်ပါ။🙋‍♀️

တက်ရောက်နားထောင်လိုပါက Messenger မှဆက်သွယ်အကြောင်းကြားပေးပါ။📲
ကျင်းပမည့်နေ့ရက် : ၂၈ ရက် ၁ လ ၂၀၂၁ ခုနှစ် (ကြာသပတေးနေ့)
ကျင်းပမည့်အချိန် :၁၁ နာရီ
ကျင်းပမည့်နေရာ : ကျေးဇူးပြုပြီး Mibyo App ကိုDownload ပြုလုပ်ပေးပါ။
Mibyo AppကိုDownloadလုပ်ရန်အောက်ပါလင့်ကိုဝင်ရောက်ပါ။
https://play.google.com/store/apps/details?id=com.mibyo_chat_app&fbclid=IwAR3cNUR4jytK7JykTovpM-q7bUZqo4J1HApznLNrWEjUCZrjhtuDNNTfL9w
Play store တွင်လည်း Mibyo app ကိုအလွယ်တကူရှာလို့ရပါတယ်။

၁။၁၀:၄၅မိနစ်မှာ Appထဲဝင်ရောက်ပေးပါ။
၂။ အလယ်ရှိ အဖြူကွက်နေရာကိုနှိပ်လိုက်ပါ။(ခဏစောင့်လိုက်လျှင် ဝင်ရောက်ပြီးဖြစ်သွားပါပြီ။)
၃။မိုက်ကရိုဖုန်းနှင့်ကင်မရာအသုံးပြုနိုင်ရန် Allow ပြုလုပ်ထားပါ။
သင့်ကျန်းမာရေးကို Appကနေ မှတ်တမ်းတင်ထားနိုင်ပါတယ်။
အခမဲ့အသင်းဝင်အနေနဲ့ စာရင်းပေးပြီးLog inလုပ်၍ပါဝင်လိုက်ပါ။💁‍♀️
သင်နှင့်သင်မိသားစု သက်ရှည်ကျန်းမာပျော်ရွှင်စေဖို့ Mibyo မှကူညီပေးပါရစေ။
မှတ်ချက်* Mibyo Healthcare ရုံးခန်းသည်ဖွင့်လှစ်ခြင်းမရှိသေးပါ။
Mibyo Healthcareက ရောဂါမဖြစ်အောင် ကြိုတင်ကာကွယ်ပြီး သက်ရှည်ကျန်းမာစွာနေထိုင်နိုင်ဖို့ ကိုရည်ရွယ်ခြင်းဖြစ်ပါတယ်။🧘‍♀️🧘‍♂️

👉ကိုယ်လက်လှုပ်ရှားအားကစားဆိုတာ(၁) 👈ကျွန်မကတော့ ဂျပန်နိုင်ငံမှဆေးဘက်ဆိုင်ရာပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ 🧑‍⚕️ဂျပန်နိုင်ငံရှ...
25/01/2021

👉ကိုယ်လက်လှုပ်ရှားအားကစားဆိုတာ(၁) 👈

ကျွန်မကတော့ ဂျပန်နိုင်ငံမှဆေးဘက်ဆိုင်ရာပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ 🧑‍⚕️ဂျပန်နိုင်ငံရှိဆေးကုသမှုဆိုင်ရာနယ်ပယ်များတွင် အစားအစာစားသောက်ခြင်းပုံစံနှင့် လေ့ကျင့်ခန်းပြုလုပ်ခြင်းအစရှိတဲ့ လူနေမှုပုံစံတို့ကို လမ်းညွှန်ပေးလျှက်ရှိပါတယ်။

👉ကိုယ်လက်လှုပ်ရှားအားကစားဆိုတာကတော့ နေ့စဉ်ဘဝမှာပြုလုပ်နေတဲ့ လှုပ်ရှားမှုတွေ၊ အားကစားနည်းလမ်းအမျိုးမျိုး အစရှိတဲ့အရာများကိုဆိုပါတယ်။
Locomotive Syndrome ရောဂါကာကွယ်တဲ့နေရာမှာ ကိုယ်လက်လှုပ်ရှားအားကစားပြုလုပ်ခြင်းကအရေးကြီးပါတယ်။ အားကစားခန်းမတွေမှာဆိုရင် နည်းပြဆရာရှိပြီးတော့ ချွေးထွက်စေတဲ့ လှုပ်ရှားမှုတွေကလည်း ကိုယ်လက်လှုပ်ရှားအားကစားပါပဲ။ 🏃

ဒါပေမယ့် အားကစားခန်းမတွေက ပိုက်ဆံကုန်ကျပြီးတော့ အလုပ်တွေမအားလို့ အားကစားခန်းမ သွားဖို့အချိန်မရှိတဲ့လူတွေလည်း ရှိမယ်လို့ထင်ပါတယ်။
နေ့စဉ်ဘဝလှုပ်ရှားမှုမျာသည်လည်း ကိုယ်လက်လှုပ်ရှားအားကစားတစ်ခုဖြစ်ပါတယ်။ ✔️
တံမြက်စည်း၊ ဂေါ်ပြားကိုအသုံးပြုပြီး သန့်ရှင်းရေးပြုလုပ်ခြင်းကလည်း ကိုယ်လက်လှုပ်ရှားအားကစားဖြစ်ပါတယ်။ 👈
ကြမ်းတိုက်တုတ်တံကို ရေညစ်ပြီး ညစ်ပတ်နေတဲ့ နေရာကိုသေသေချာချာ အားသုံးပြီးတိုက်ချွတ်ပါ။ အသက်ရှူပြင်းထန်လာပြီး သင့်ရဲ့လက်မောင်း၊ ပခုံးနှင့် တင်ပါးမှာရှိတဲ့ ကြွက်သားတွေတောင့်တင်းလာပါလိမ့်မယ်။ ဒီလိုပြုလုပ်ခြင်းက လက်မောင်း၊ ပခုံးနှင့် တင်ပါးကြွက်သားတွေကိုလေ့ကျင့်ခန်းပြုလုပ်ခြင်းနှင့်အတူတူပင်ဖြစ်ပါတယ်။👍✔️

👉လေ့ကျင့်ခန်းပြုလုပ်ခြင်းကြောင့်ခန္ဓာကိုယ်အတွက်ရစေသောကောင်းကျိုးများ(၂) 👈လေ့ကျင့်ခန်းလုပ်ခြင်းက သင့်ခန္ဓာကိုယ်အတွက်ကောင်...
25/01/2021

👉လေ့ကျင့်ခန်းပြုလုပ်ခြင်းကြောင့်ခန္ဓာကိုယ်အတွက်ရစေသောကောင်းကျိုးများ(၂) 👈

လေ့ကျင့်ခန်းလုပ်ခြင်းက သင့်ခန္ဓာကိုယ်အတွက်ကောင်းကျိုးများစွာဖြစ်စေသည်။ 🏃✔️
အသက်ရှူခြင်းကိုပါလေ့ကျင့်ပြီးဖြစ်စေပြီးအောက်ဆီဂျင်ရရှိမှု ပိုမိုလွယ်ကူစေသည်။ 🧘‍♂️
သွေးလည်ပတ်မှုကောင်းစေပြီး ရောဂါကာကွယ်နိုင်သည်။ 🦠❌

ကိုယ်ခန္ဓာတစ်ခုလုံးကိုသွေးပို့ဆောင်ပေးသော နှလုံးသည်လည်းပိုမိုအားကောင်းလာပြီး၊ သန့်ရှင်းသောသွေးကိုပို့ရန်လွယ်ကူစေသည်။ 🫀👍
ကြွက်သားများသန်မာလာသည်နှင့်အမျှပျော့ပြောင်းနိုင်စွမ်းတိုးလာပြီး ဒဏ်ရာရလွယ်ခြင်းမှ ကာကွယ်ပေးသည်။ ငယ်ရွယ်နုပျိုစေပြီး ပိုကြည့်ကောင်းလာစေသည်။ 🙋‍♀️
ဦးနှောက်ကိုလှုံ့ဆော်ပေးပြီး ဦးနှောက်နှင့်ဆိုင်သောရောဂါများမှလဲ ကာကွယ်ပေးသည်။ 🧠✔️

ကိုယ့်ကိုကိုယ်လဲ ယုံကြည်မှုရှိစေသည်။ Locomotive Syndromeမှကာကွယ်ရန် နေ့စဉ်နေထိုင်မှုဘဝတွင် ကာယလေ့ကျင့်ခန်းလုပ်ပါ။🏃✔️

👉ကိုယ်လက်လှုပ်ရှား အားကစားပြုလုပ်ခြင်းဖြင့် ခန္ဓာကိုယ်အတွက် ကောင်းမွန်စေသောအရာ (၁)👈လေ့ကျင့်ခန်းပြုလုပ်ခြင်းက သင့်ခန္ဓာကိ...
22/01/2021

👉ကိုယ်လက်လှုပ်ရှား အားကစားပြုလုပ်ခြင်းဖြင့် ခန္ဓာကိုယ်အတွက် ကောင်းမွန်စေသောအရာ (၁)👈

လေ့ကျင့်ခန်းပြုလုပ်ခြင်းက သင့်ခန္ဓာကိုယ်ကျန်းမာရေးအတွက် အရေးကြီးပါတယ်။ 🏃‍♂️
ဒါဖြင့်ရင် လေ့ကျင့်ခန်းပြုလုပ်ခြင်းဖြင့် ဘယ်လိုကောင်းမွန်တဲ့ အကျိုးကျေးဇူးတွေ ရနိုင်မလဲ❓

လေ့ကျင့်ခန်းပြုလုပ်ခြင်းဖြင့် ခန္ဓာကိုယ်အလေးချိန်ကို ကျစေမယ်။
ခန္ဓာကိုယ်ကို ထောက်ပံ့ထားတဲ့အရိုးအဆစ်တွေကို သန်မာစေမယ်။ 🦴
ကြွက်သားတွေကိုပိုမိုသန်မာစေပြီးတော့၊ ခန္ဓာကိုယ်လှုပ်ရှားမှုတွေကို ပိုမိုလွယ်ကူလာစေမယ်။
လွယ်လွယ်နဲ့ မပင်ပန်းတော့ဘူး။ 💪
ပိုးမွှားနှင့် ဗိုင်းရပ်စ်ပိုးများကို ခုခံကာကွယ်နိုင်စွမ်းမြင့်မားလာပြီး၊ အအေးမိတာတို့ ဖျားနာတာတို့တော်ရုံနဲ့မဖြစ်နိုင်တော့ပါဘူး။ 🦠❌
ကိုယ်လက်လှုပ်ရှားအားကစားပြုလုပ်ခြင်းဖြင့် စိတ်ဖိစီးမှုကို လျော့ကျစေမယ်။ 🏃‍♂️
စိတ်ဖိစီးမှုတွေမရှိတော့ဘူးဆိုရင် ကိစ္စတော်တော်များများကို အကောင်းမြင်တတ်လာပြီး နေ့စဉ်ဘဝမှာ အဆင်ပြေချောမွေ့စွာ ဖြတ်သန်းနိုင်ပါလိမ့်မယ်။ 🙋‍♀️

ဒါဖြင့် ဒီနေ့ပုံမှန်ထက်ပိုပြီး ကိုယ်လက်လှုပ်ရှားအားကစားလုပ်ကြရအောင်။ အဲ့လိုလုပ်ခြင်းဖြင့် Locomotive Syndrome ရောဂါဖြစ်ပွါးခြင်းမှလည်း ကာကွယ်နိုင်ပါတယ်။💁‍♀️✔️

Address

No. 316/322, 9 Floor, 9B, Middle Block, Shwe Bon Thar Road, Pabedan Township
Yangon
11141

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

+959405900001

Alerts

Be the first to know and let us send you an email when MIBYO Healthcare posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to MIBYO Healthcare:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram