Aung Zaya - အထူးကုဆေးခန်းနှင့်ရောဂါရှာဖွေရေးစင်တာ

  • Home
  • Myanmar
  • Yangon
  • Aung Zaya - အထူးကုဆေးခန်းနှင့်ရောဂါရှာဖွေရေးစင်တာ

Aung Zaya - အထူးကုဆေးခန်းနှင့်ရောဂါရှာဖွေရေးစင်တာ 🩺💉🔬ပြီးပြည့်စုံသော ကျန်းမာရေး ဝန်ဆောင်မှု (Efficient HealthCare) ခေတ်မှီ နည်းပညာမြင့် စက်ကိရိယာများဖြင့် ရောဂါရှာဖွေ စစ်ဆေးနိုင်ပါသည်။

‼️ဆီးချို ရှိသူများ မှတ်ထားသင့်သော အရေးကြီး နံပါတ်တွေ✅ဆီးချို/သွေးချိုရောဂါမှာ အရေးကြီးဆုံးက နံပါတ်များ ဖြစ်ပါတယ်သွေးတွင...
23/02/2026

‼️ဆီးချို ရှိသူများ မှတ်ထားသင့်သော အရေးကြီး နံပါတ်တွေ✅

ဆီးချို/သွေးချိုရောဂါမှာ အရေးကြီးဆုံးက နံပါတ်များ ဖြစ်ပါတယ်
သွေးတွင်း သကြားဓာတ် မြင့်လာရာမှာ လက္ခဏာတွေ များသောအားဖြင့် နောက်ကျမှသာ မြင်တွေ့ရနိုင်ပါတယ်
ဒါကြောင့် သွေးချိုကို ပုံမှန် စစ်ဆေးထားခြင်းက မဖြစ်မနေရန် လုပ်ဆောင်သင့်တဲ့ အရေးကြီးဆုံးပါ

သွေးချို စစ်ဆေးမှု အမျိုးအစား
၁ မှ (၅)

Random Blood Sugar (RBS) ချက်ချင်းစစ် သွေးချို
Fasting Blood Sugar (FBS)
မနက်အစာမစားခင်
Pre-meal Sugar – အစာမစားခင်
2-hour Post-prandial (2HPP) စားပြီး ၂ နာရီ
HbA1c (3-month sugar) – ၃လပျမ်းမျှ သွေးချို

ဆီးချို ရောဂါသတ်မှတ်ချက် (Diagnosis)
လက္ခဏာများရှိပြီး စစ်ဆေးသော်
RBS > 200
FBS > 128
HbA1c > 6.5%
ဒီနံပါတ်အထဲမှ ကျော်လွန်ပါက ဆီးချိုရောဂါရှိသည်ဟု သတ်မှတ်ပါတယ်

လက္ခဏာမရှိပဲ Check-up စစ်ဆေးသူများ အထက်ပါနံပါတ်များထဲမှကျော်လွန်လျှင် ၂ ကြိမ် အတည်ပြုစစ်ဆေးရန် လိုအပ်

Pre-diabetes (ဆီးချို ဖြစ်ချင်နေသူများ)
RBS > 140
FBS > 110
HbA1c > 5.7%
ဤတန်ဖိုးများ ကျော်လွန်ပါက Pre-diabetes လို့ သတ်မှတ်ပြီး
အစားအစာ/လေ့ကျင့်ခန်း/ကျန်းမာရေးစောင့်ထိန်းမှုများကို ဆရာဝန်ညွှန်ကြားချက်အတိုင်း လိုက်နာရန် မဖြစ်မနေလိုအပ်

ဆီးချို မရှိသူများ
RBS < 140
FBS < 110
HbA1c < 5.7%
သွေးချိုမရှိသူများအတွက် ၁ နှစ် ၂ကြိမ် စစ်ဆေးတာ လုံလောက်ပါတယ်

ဆီးချို ရောဂါရှိသူများအတွက် ထိန်းထားသင့်သည့် နံပါတ်
FBS – 80–130
2HPP – 140–180
RBS – < 180
HbA1c – < 7%
ဤနံပါတ်များအတွင်း ထိန်းထားနိုင်လျှင်
ဆီးချိုကို ကောင်းကောင်း ထိန်းနိုင်တယ်ဟု ယူဆနိုင်ပါတယ်

အင်ဆူလင်ထိုးနေသူများ မှတ်ထားရန်
FBS – 80–130
Pre-meal – < 140
2HPP – < 180
RBS – < 180
HbA1c – < 7%

Credit Dr Shine Shine

သင့်ကျန်းမာရေးအတွက် ဗဟုသုတလေးများ🥰🥰 🍀🥰
11/02/2026

သင့်ကျန်းမာရေးအတွက် ဗဟုသုတလေးများ🥰🥰

🍀🥰

⚠️ Nipah Virus (နီပါးဗိုင်းရပ်စ်)သတိပေးချက်Nipah သည် အခုလက်ရှိမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကပါ သတိပေးထားတဲ့ ကုသဆေးမရှ...
03/02/2026

⚠️ Nipah Virus (နီပါးဗိုင်းရပ်စ်)သတိပေးချက်

Nipah သည် အခုလက်ရှိမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကပါ သတိပေးထားတဲ့ ကုသဆေးမရှိသေးတဲ့ တိရစ္ဆာန်မှလူသို့ ကူးစက်သော ဗိုင်းရပ်စ်ပါ။

🛑 ဘယ်ကနေကူးစက်နိုင်လဲ❓

⚠️လင်းနို့ကိုက်ထားသော အသီးများ၊ လင်းနို့၏ အညစ်အကြေး/တံတွေး ပေကျံနေသော အစားအစာများ။

⚠️ရောဂါရှိသော ဝက်များနှင့် တိုက်ရိုက်ထိတွေ့ခြင်း။

⚠️လူနာ၏ ထွက်ရည် (တံတွေး၊ နှာရည်) မှတဆင့် ကူးစက်နိုင်ပါတယ်ရှင်။

ဘယ်လိုကာကွယ်ကြမလဲ❓

🍈🥭အသီးအနှံတွေကို အခွံခွာပြီးမှစားပါ (သို့) စင်ကြယ်အောင် ဆေးကြောပါ။

🦇လင်းနို့ကိုက်ရာ ပါနေတဲ့ အသီးတွေကို လုံးဝမစားပါနဲ့။

🐐တိရစ္ဆာန်ခြံတွေ သွားပြီးတဲ့အခါ လက်ကို ဆပ်ပြာနဲ့ သေချာဆေးပါ။

🧉သေချာကျိုချက်မထားတဲ့ ထန်းရည်၊ သစ်သီးရည်တွေကို ရှောင်ပါ။

မိဘပြည်သူများ သတိထားနိုင်ပါရန် ဝေမျှပေးလိုက်ပါတယ်ရှင်။


⚠️⚠️ကျော၊က်ကပ်မှာပြ၊ဿ၊နာရှိနေပြီလို့ ပြနေတဲ့ လက္ခဏာ (၁၀) ခု❗❗ပုံမှန်ကျန်းမာရေးစစ်ဆေးတဲ့လူတွေကလွဲလို့ တော်ရုံဆို ကိုယ့်မှ...
28/01/2026

⚠️⚠️ကျော၊က်ကပ်မှာပြ၊ဿ၊နာရှိနေပြီလို့ ပြနေတဲ့ လက္ခဏာ (၁၀) ခု❗❗

ပုံမှန်ကျန်းမာရေးစစ်ဆေးတဲ့လူတွေကလွဲလို့ တော်ရုံဆို ကိုယ့်မှာ ကျောက်ကပ်ရောဂါရှိနေတာကို မသိတဲ့သူများပါတယ်။

သိပြီဆိုလည်း ဆေးခန်းပြမှ လက္ခဏာတော်တော်ပြနေပြီ၊ဝေဒနာတော်တော်ဆိုးနေပြီဆိုတာချည်းပဲ။

ဘာလို့လဲဆိုတော့ရောဂါလက္ခဏာတွေဖြစ်နေလည်း လူတွေကကျောက်ကပ်လို့မထင်ဘဲ တခြားအကြောင်းရင်းတွေနဲ့ရောထွေးကြလို့ပါပဲ။

ကျောက်ကပ်ကောင်းမကောင်း အတိအကျသိနိုင်တဲ့နည်းလမ်းကဆေးစစ်တာပဲဆိုတော့ လူတိုင်းပုံမှန်ဆေးစစ်ဖို့ကလည်း သိပ်မဖြစ်နိုင်တဲ့ကိစ္စပါ။

ဒီတော့ဖြစ်နိုင်ခြေ လက္ခဏာတွေနဲ့ပဲအရင် ဆန်းစစ်ရပါမယ်။
ကိုယ့်မှာသွေးတိုး၊ ဆီးချို၊ ဒါမှမဟုတ် မိဘဆွေမျိုးတွေထဲမှာကျောက်ကပ်ရောဂါရှိဖူးတာ၊ ဒါမှမဟုတ် အသက် ၆၀ အထက်ရှိသူတွေဟာကျောက်ကပ်ကျန်းမာရေးကို စစ်ဆေးမှုခံယူဖို့လိုအပ်ပါတယ်။

ဒီအချက်တွေကြုံနေရပြီလား??

(၁) အရမ်းပင်ပန်း၊ အားကုန်နေတာ ဒါမှမဟုတ် အာရုံစူးစိုက်လို့မရတာ

ကျောက်ကပ်လုပ်ဆောင်ချက်ကျဆင်းမှုပြင်းထန်ရင်သွေးထဲမှာ အဆိပ်အတောက်ညတွေစုပုံလာစေနိုင်ပြီးသွေးညစ်စေပါတယ်။
အဲဒီအခါ လူတွေက ပင်ပန်းအားနည်းလာပြီး အာရုံစိုက်မရတာတွေဖြစ်လာနိုင်ပါတယ်။
နောက်ဆက်တွဲပြဿနာနောက်တစ်ခုကတော့သွေးအားနည်းတာပဲဖြစ်ပါတယ်။

(၂) အိပ်မပျော်တာ

ကျောက်ကပ်ကကောင်းကောင်းစစ်မထုတ်နိုင်တော့ ဆီးထဲကိုစွန့်ထုတ်မယ့်အစားသွေးထဲမှာ အဆိပ်အတောက်တွေကျန်နေတာပေါ့။
ဒီလိုဖြစ်လာရင် အိပ်စက်မှုပြဿနာရှိလာနိုင်ပါတယ်။
အဝလွန်ခြင်းနဲ့ နာတာရှည်ကျောက်ကပ်ရောဂါက ဆက်နွှယ်မှုလည်းရှိနေပြီး ကျောက်ကပ်ရောဂါရှိသူတွေမှာ အိပ်စက်မှုပြဿနာတွေပိုအဖြစ်များတာတွေ့ရပါတယ်။

(၃) အသားခြောက်ပြီး ယားတာ

ကျန်းမာတဲ့ကျောက်ကပ်ရဲ့လုပ်ဆောင်ချက်တွေက ကဏ္ဍအတော်များများမှာ အရေးပါပါတယ်။ကျောက်ကပ်က ခန္ဓါကိုယ်ထဲက အရည်ပိုတွေနဲ့အညစ်အကြေးတွေကို ဖယ်ရှားစွန့်ထုတ်ပေးတယ်၊
သွေးနီဥဆဲလ်တွေဖြစ်လာအောင်ကူညီပေးတယ်၊
အရိုးတွေကြံ့ခိုင်ဖို့ထောက်ပံ့တယ်၊သွေးထဲမှာ သတ္တုဓါတ်ပမာဏတွေ ထိုက်သင့်သလောက်ထိန်းထားနိုင်အောင်လုပ်ဆောင်တယ်။
အသားအရေခြောက်သွေ့ပြီး ယားယံနေတာကကျောက်ကပ်ရောဂါနဲ့ဆက်နွှယ်နေတဲ့ သတ္တုဓါတ်ချို့တဲ့မှု သို့မဟုတ် အရိုးရောဂါရဲ့လက္ခဏာတစ်ခုဖြစ်နေနိုင်ပါတယ်။

(၄) ဆီးခဏခဏသွားချင်နေတာ

အထူးသဖြင့် ညဘက်မှာဆီးခဏခဏသွားချင်တာကျောက်ကပ်မှာ ပြဿနာတစ်ခုခုရှိနေတာဖြစ်နိုင်ပါတယ်

ကျောက်ကပ်ရဲ့စစ်ထုတ်စနစ်မှာ ထိခိုက်နေတဲ့အခါ ဆီးခဏခဏသွားချင်လာနိုင်ပါတယ်။
တစ်ခါတလေ ဒီလိုဖြစ်တာဟာ ဆီးလမ်းကြောင်းပိုးဝင်တာ ဒါမှမဟုတ် အမျိုးသားတွေမှာ ဆီးကျိတ်ရောင်တာရဲ့ လက္ခဏာဖြစ်နိုင်ပါတယ်။

(၅) ဆီးထဲမှာသွေးပါတာ

ကျောက်ကပ်ကျန်းမာနေရင်သွေးထဲက အညစ်အကြေးတွေကို ဆီးအဖြစ်နဲ့စွန့်ထုတ်လိုက်တဲ့အခါ ခန္ဓါကိုယ်ထဲကသွေးကလာပ်စည်းတွေကို ထိန်းသိမ်းကာကွယ်ပေးပါတယ်။
ဒါပေမယ့်ကျောက်ကပ်ရဲ့စစ်ထုတ်မှုစနစ်က ယိုယွင်းနေတဲ့အခါသွေးကလာပ်စည်းတွေက ဆီးထဲကို စတင်ယိုစိမ့်လာနိုင်ပါတယ်။
ဆီးထဲသွေးပါတာဟာ ကျောက်ကပ်ရောဂါရှိတယ်လို့အချက်ပြတာဖြစ်နိုင်သလို အကျိတ်ရှိနေတာ၊ကျောက်ကပ်ကျောက်တည်တာ၊ရောဂါပိုးဝင်တာတစ်ခုခုရဲ့လက္ခဏာဖြစ်နိုင်ပါတယ်။

(၆) ဆီးကအမြှုပ်တွေထတာ

ဆီးခွက်နဲ့သွားရင် အမြှုပ်ထတာအနည်းငယ်ရှိတာပုံမှန်ဖြစ်ပေမယ့် အမြှုပ်ကသိပ်များနေတယ်ဆိုရင်

၊ အထူးသဖြင့် ဆီးသွားပြီးရေအခါခါလောင်းချနေရတယ်ဆိုရင် ဆီးထဲမှာ ပရိုတင်းတွေရှိတာကိုဖော်ပြပါတယ်။

ဒါဟာ ဆီးထဲမှာalbumin လို့ခေါ်တဲ့ပရိုတင်းတစ်မျိုးရှိနေတာကိုဖော်ပြတာဖြစ်ပါတယ်။

(၇) မျက်လုံးမို့အစ်နေတာ

ဆီးထဲမှာပရိုတင်းရှိနေတာဟာကျောက်ကပ်ရဲ့စစ်ထုတ်မှုစနစ်မကောင်းတဲ့ အစောပိုင်းလက္ခဏာဖြစ်ပါတယ်။

ပရိုတင်းတွေကို ခန္ဓါကိုယ်ထဲမှာထိန်းပေးရမယ့်အစား ကျောက်ကပ်က ဆီးထဲကို ပရိုတင်းတွေအများကြီးစွန့်ထုတ်ပေးတာကြောင့် မျက်လုံးမို့အစ်နေတာဖြစ်ပါတယ်။

(၈)ခြေကျင်းဝတ်နဲ့ခြေထောက်တွေရောင်ရမ်းတာ

ကျောက်ကပ်လုပ်ဆောင်ချက်ကျဆင်းတဲ့အခါ ဆိုဒီယမ်တွေစုနေစေပြီးခြေကျင်းဝတ်နဲ့ခြေထောက်ကိုရောင်ရမ်းစေပါတယ်။
ခြေထောက်အောက်ပိုင်းအဖျားတွေမှာရောင်ရမ်းတာက နှလုံးရောဂါ၊ အသည်းရောဂါနဲ့ နာတာရှည်ခြေထောက်သွေးပြန်ကြောရောဂါတွေရဲ့ လက္ခဏာလည်း ဖြစ်နိုင်ပါတယ်။

(၉) အစာစားချင်စိတ်နည်းတာ

ဒါကတော့ အကြောင်းကြောင်းကြောင့် အဖြစ်များကြတဲ့ပြဿနာဆိုပေမယ့် တစ်ခါတလေတော့ကျောက်ကပ်ကြောင့်ဖြစ်လာနိုင်ပါတယ်။
ကျောက်ကပ်က စစ်ထုတ်ဖယ်ရှားမပေးတဲ့ အဆိပ်အတောက်ဓါတ်တွေစုပုံလာတာက အကြောင်းရင်းတစ်ခုဖြစ်နိုင်ပါတယ်။

(၁၀) ကြွက်တက်တာ

ကျောက်ကပ်လုပ်ဆောင်ချက်တွေ ယိုယွင်းတဲ့အခါ Electrolyteတွေမညီမျှတော့ပါဘူး။
ဥပမာ – ကယ်လ်စီယမ်ပမာဏချို့တဲ့ပြီးဖော့စဖရပ်စ်ဓါတ်ထိန်းချုပ်မှုအားနည်းတာတွေကြောင့် ကြွက်တက်လာနိုင်ပါတယ်။


#ကျောက်ကပ်
.

❗❗ ဆီးချို၊ သွေးချို တက်ခြင်း နှင့် ကျခြင်း၏ လက္ခဏာများ....⚠️🔹ဆီးချို သွေးချို သမားများအနေနဲ့ကော် မိသားစုများအနေနဲ့ပါ သိ...
22/01/2026

❗❗ ဆီးချို၊ သွေးချို တက်ခြင်း နှင့် ကျခြင်း၏ လက္ခဏာများ....⚠️

🔹ဆီးချို သွေးချို သမားများအနေနဲ့ကော် မိသားစုများအနေနဲ့ပါ သိထားသင့်တဲ့ ဆီးချို၊သွေးချို တက်ခြင်းနှင့်ကျခြင်း ရဲ့ လက္ခဏာတွေကို ဖော်ပြပေးလိုက်ပါတယ်။

🔹ဆီးချို ၊ သွေးချို တက်ခြင်း၏ လက္ခဏာများ
ဆီးချို၊ သွေးချို တက်ခြင်းကို သွေးတွင်းသကြားဓာတ်မြင့်မားခြင်း (သို့) Hyperglycemia လို့ခေါ်ပါတယ်။ ဆီးချိုရောဂါရှိသူက အစားအလွန်အကျွံစားပြီးနောက် သွေးတွင်းသကြားဓာတ်ကို ထိန်းညှိရန် အင်ဆူလင်းနည်းပါးလွန်းတဲ့အခါ ဖြစ်တက်ပါတယ်။ တစ်ခါတရံ စိတ်ဖိစီးများတာကလည်း ဆီးချိုတက်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဆီးချို သွေးချို တက်ခြင်းရဲ့ လက္ခဏာများကတော့

မကြားခဏ ဆီးသွားချင်
အိပ်ငိုက်လာခြင်း
ပျို့ခြင်း ၊ အော့အန်ခြင်း
အလွန်အမင်း ဆာလောင်ခြင်း (သို့) ရေငတ်ခြင်း
အမြင်အာရုံဝေဝါးခြင်း
စတဲ့လက္ခဏာတွေကတော့ ဆီးချိုသွေးချို တက်ခြင်းရဲ့ ထင်းရှားတဲ့ လက္ခဏာများဘဲ ဖြစ်ပါတယ်။

🔹ဆီးချို ၊ သွေးချို ကျခြင်း
ဆီးချိုရောဂါသည် အစားအစာ လုံလောက်စွာမစားခြင်း သို့မဟုတ် ခန္ဓာကိုယ်အတွင်း အင်ဆူလင် အလွန်အကျွံ စားသုံးမိသောအခါ ဆီးချို ၊ သွေးချို ကျတက်ပါတယ်။ ဒါကိုတော့ သွေးတွင်းသကြားဓာတ်နည်းခြင်း (သို့) Hypoglycemia လို့ခေါ်ပါတယ်။ လေ့ကျင့်ခန်းအလွန်အကျွံလုပ်ခြင်းကလည်း သွေးတွင်းသကြားဓာတ်ကို ကျဆင်းစေပါတယ်။

နှလုံးခုန်မြန်ခြင်း
ချွေးထွက်ခြင်း
စိတ်ရိမ်းပူပင်စိတ်ဖြစ်ပေါ်ခြင်း
ခေါင်းမူးခြင်း
အလွန်အမင်းဆာလောင်ခြင်း
အားနည်းခြင်းနှင့်ပင်ပန်းနွမ်းနယ်ခြင်း
ယားယံခြင်း
ခြေလက်တုန်ခြင်း
စတဲ့ လက္ခဏာတွေကတော့ ဆီးချိုသွေးချို ကျခြင်းရဲ့ ထင်းရှားတဲ့ လက္ခဏာများဘဲ ဖြစ်ပါတယ်။

🔹ဆီးချို သွေးချို ရှိတဲ့လူတစ်ယောက်အနေဖြင့် သွေးတွင်းသကြားဓာတ် မြင့်မားခြင်း သို့မဟုတ် နည်းပါးခြင်းတို့ကို ကြုံတွေ့ရနိုင်တာမို့ အထက်ဖော်ပြပါ လက္ခဏာများတွေကို ဆီးချိုသမားများ နားလည်ရန် အရေးကြီးပါတယ်။
ကျန်းမာပျော်ရွှင်ကြပါစေ......

#ကျန်းမာရေးဗဟုသုတ #ဗဟုသုတ & Knowledge

တိကျတဲ့စစ်ဆေးမှုမရှိရင် နှာစေးချောင်းဆိုး တဲ့ဝေဒနာလေးကိုတောင် ပေါ့ဆလို့မဖြစ်ပါဘူး!နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်တွေရဲ့ စစ်ဆေး...
19/01/2026

တိကျတဲ့စစ်ဆေးမှုမရှိရင် နှာစေးချောင်းဆိုး တဲ့ဝေဒနာလေးကိုတောင် ပေါ့ဆလို့မဖြစ်ပါဘူး!

နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်တွေရဲ့ စစ်ဆေးမှုနဲ့ လမ်းညွှန်မှုတွေက လူနာတိုင်းအတွက် အရေးပါသလို
မျက်စိနဲ့ကြည့်လို့မမြင်နိုင်တဲ့ ဝေဒနာတွေကို တိတိကျကျ အဖြေရှာဖို့အတွက် ဆေးပညာအထောက်အကူပြု နည်းပညာမြင့်စစ်ဆေးမှုတွေကလည်း မရှိမဖြစ်တဲ့ အရာပဲဖြစ်ပါတယ်ရှင်။

တိကျမှန်ကန်တဲ့ ဆေးစစ်ချက်များနဲ့
- ရောဂါကို စောစောသိ
- ကုသမှုကို မြန်မြန်စ
- နောက်ဆက်တွဲအန္တရာယ်တွေကို လျှော့ချနိုင်ဖို့ Aung Zaya အထူးကုဆေးခန်းမှာ
- Complete Digital X – Ray
- Ultrasound
- ဓာတ်မှန် နှင့်
- ECG ( အီးစီဂျီ) ဝန်ဆောင်မှုများကို ခေတ်မီစက်ကိရိယာဖြင့် ကျွမ်းကျင်ဆရာဝန်များကိုယ်တိုင် စနစ်တကျဝန်ဆောင်ရွက်ပေးနေပြီဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်ရှင်။

#အောင်ဇေယျ
#အထူးကုဆေးခန်း

❗❗***ကိုယ့်ရဲ့ ခန္ဓာကိုယ်မှာ ခုလိုတွေဖြစ်နေပီဆိုရင် သတိထားသင့်ပါတယ်နော်***❗❗လူတိုင်းဟာ ကိုယ့်ခန္ဓာကိုယ်ရဲ့ လက္ခဏာလေးတွေက...
14/01/2026

❗❗***ကိုယ့်ရဲ့ ခန္ဓာကိုယ်မှာ ခုလိုတွေဖြစ်နေပီဆိုရင် သတိထားသင့်ပါတယ်နော်***❗❗

လူတိုင်းဟာ ကိုယ့်ခန္ဓာကိုယ်ရဲ့ လက္ခဏာလေးတွေကို ဂရုစိုက်သင့်ပါတယ်။ သာမန်လို့ ထင်ရတဲ့ လက္ခဏာရပ်အချို့ဟာ ကိုယ်တွင်းအင်္ဂါတွေမှာ ရောဂါတစ်ခုခု ရှိနေပြီဆိုတာကို အစောပိုင်းကတည်းက သတိပေးနေတာ ဖြစ်နိုင်ပါတယ်။ ဒီလက္ခဏာ (၁၃) ချက်ကို ကြည့်ပြီး ကိုယ့်ရဲ့ ကျန်းမာရေးအခြေအနေကို သတိထား စောင့်ကြည့်ကြရအောင်!

🩺 သင့်ခန္ဓာကိုယ်က ပေးပို့တဲ့ အချက်ပြစနစ် (၁၃) ချက်
******************
🎈၁. မောပန်းလွယ်ခြင်း/ပက်လက်မထနိုင်ခြင်း
*********
မနက်အိပ်ရာထမှာ ဘေးမစောင်းဘဲ ပက်လက်အတိုင်း ထလိုက်လို့ မောပန်းခြင်း၊ မထနိုင်ခြင်း ဖြစ်ပါက အဆုတ် သို့မဟုတ် နှလုံးရောဂါ ရှိနိုင်သည်။

🎈၂. မနက်ခင်း ခြေလက် ထုံကျဉ်/လေးလံခြင်း
*********
မနက်အိပ်ယာထချိန်မှာ ခြေလက်များ ထုံကျဉ်သလိုလို၊ လေးလံသလိုလို ဖြစ်နေပါက ဆီးချိုရောဂါ သို့မဟုတ် ကျောက်ကပ်ရောဂါ ရှိနိုင်သည်။

🎈၃. နံနက်ခင်း ခေါင်းအုံ/မျက်စိကြည့်မကောင်း/အကြောတက်ခြင်း
*********
မနက်အိပ်ယာထတွင် ခေါင်းများအုံခြင်း၊ မျက်စိကြည့်မကောင်းခြင်း၊ အကြောများတက်ခြင်း ဖြစ်နေပါက သွေးတိုးရောဂါ သို့မဟုတ် နှလုံးသွေးကြောကျဉ်းရောဂါ ရှိနိုင်သည်။

🎈၄. အကြောင်းမဲ့ အိပ်မပျော်/အိပ်ရေးမဝခြင်း
***********
ပူပန်စရာ အထူးမရှိဘဲ ညစဉ် အိပ်မပျော်သလို၊ အိပ်ရေးမဝသလို ဖြစ်နေလျှင် အစာအိမ် နှင့် သည်းခြေအိတ် ရောဂါ ရှိနိုင်သည်။

🎈၅. အမြဲစိတ်တို/ဒေါသထွက်မြန်/ငိုချင်နေခြင်း
****************
အမြဲတခုခု အလိုမကျခြင်း၊ ဒေါသအထွက်မြန်ခြင်း၊ စိတ်တိုလွယ်ခြင်း၊ ဝမ်းနည်းခြင်း၊ ငိုချင်နေခြင်းတို့ ဖြစ်ပေါ်နေပါက စိတ်ကျရောဂါ သို့မဟုတ် အသည်းအားနည်းရောဂါ ရှိနိုင်သည်။

🎈၆. ရင်သားပုံမှန်ထက်ကြီးသော အမျိုးသမီးများ
************
ရင်သားအရွယ်အစား ပုံမှန်ထက် သိသိသာသာ ကြီးမားသော အမျိုးသမီးများသည် ရင်သားကင်ဆာ ဖြစ်နိုင်ချေရှိသည်။

🎈၇. လက်မောင်း/ခြေသလုံး ပုံမှန်ထက် တုတ်လွန်း/ဝလွန်းခြင်း (အမျိုးသမီး)
**************
လက်မောင်းနှင့် ခြေသလုံးများ ပုံမှန်ထက် တုတ်လွန်း၊ ဝလွန်းသော အမျိုးသမီးများသည် သားအိမ်၊ အသည်း သို့မဟုတ် သရက်ရွက် ရောဂါ ရှိနိုင်သည်။

🎈၈. မျက်လုံးမို့အစ်/မျက်နှာအဆီပြန်လွန်းခြင်း
*************
မျက်လုံးမို့အစ်ခြင်း၊ မျက်နှာ အဆီပြန်လွန်းပါက လိင်ပိုင်းဆိုင်ရာရောဂါ နှင့် အသည်းအဆီဖုံးရောဂါ ရှိနိုင်သည်။

🎈၉. လက်ချောင်းများ ဖောင်းပွ/လက်စွပ်ကျပ်ခြင်း
****************
ပုံမှန်လက်စွပ်များ ဝတ်မရ၊ ချွတ်မရတော့သည်အထိ လက်ချောင်းများ ပြည့်ဖောင်းလွန်းပါက ဂေါက်ရောဂါ ကဲ့သို့သော အဆစ်မြစ်ရောင်ရောဂါ ရှိနိုင်သည်။

🎈၁၀.သွား/မျက်စိ/လက်သည်း/ခြေသည်းခွံ ဝါလာခြင်း
**************
သွားများ၊ မျက်စိများ ဝါလာခြင်း၊ လက်သည်း၊ ခြေသည်းခွံများ ဝါလာပါက အသည်းရောင် အသားဝါ (B ပိုး/C ပိုး) ရှိနိုင်သည်။

🎈၁၁. ဆီးကျဉ်/မွေးလမ်းကြောင်းနံ့မကောင်း/ရေအိတ်တည်ခြင်း (အမျိုးသမီး)
*******************
အမျိုးသမီးများ ဆီးကျဉ်ခြင်း၊ မွေးလမ်းကြောင်း အနံ့အသက်မကောင်းခြင်း၊ ရေအိတ်/အလုံး တည်ခြင်းများ ဖြစ်ပေါ်ပါက သားအိမ်ကင်ဆာ ဖြစ်နိုင်ချေရှိသည်။

🎈၁၂. ညဘက် ဆီးခဏခဏသွား/ဆီးမထိန်းနိုင်ခြင်း (အမျိုးသား)
************
အမျိုးသားများ ညဘက် ဆီးခဏခဏ သွားခြင်း၊ ဆီးမထိန်းနိုင်ခြင်း ဖြစ်ပါက ဆီးကျိတ်ကြီးခြင်း၊ ကျောက်ကပ် နှင့် ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်သည်။

🎈၁၃. ထိုင်ရာမှထချိန် မူးခြင်း/မိုက်ခြင်း
**************
ထိုင်ရာမှ ထ ရာ၌ မူးခြင်း၊ မိုက်ခြင်း ဖြစ်ပါက သွေးအားနည်းရောဂါ သို့မဟုတ် အဆုတ်ရောဂါ ရှိနိုင်သည်။

📣 သတိပေးချက်
^^^^^^^^^^^^^^
ဒီအချက်အလက်တွေဟာ ကိုယ်ခန္ဓာရဲ့ လက္ခဏာအရ ခန့်မှန်းနိုင်တဲ့ အခြေခံဗဟုသုတများသာ ဖြစ်ပါတယ်။

မည်သည့်ရောဂါကိုမှ ကိုယ်တိုင် ဆုံးဖြတ်ခြင်း မပြုဘဲ၊ အထက်ပါ လက္ခဏာများ ခံစားရပါက ဆရာဝန်နှင့် အမြန်ဆုံး ပြသပြီး စစ်ဆေးကုသမှု ခံယူပါရန် အလေးအနက် တိုက်တွန်းအပ်ပါသည်။


***ကိုယ့်ရဲ့ ခန္ဓာကိုယ်မှာ ခုလိုတွေဖြစ်နေပီဆိုရင် သတိထားသင့်ပါတယ်နော်***❗❗လူတိုင်းဟာ ကိုယ့်ခန္ဓာကိုယ်ရဲ့ လက္ခဏာလေးတွေကို...
14/01/2026

***ကိုယ့်ရဲ့ ခန္ဓာကိုယ်မှာ ခုလိုတွေဖြစ်နေပီဆိုရင် သတိထားသင့်ပါတယ်နော်***❗❗

လူတိုင်းဟာ ကိုယ့်ခန္ဓာကိုယ်ရဲ့ လက္ခဏာလေးတွေကို ဂရုစိုက်သင့်ပါတယ်။ သာမန်လို့ ထင်ရတဲ့ လက္ခဏာရပ်အချို့ဟာ ကိုယ်တွင်းအင်္ဂါတွေမှာ ရောဂါတစ်ခုခု ရှိနေပြီဆိုတာကို အစောပိုင်းကတည်းက သတိပေးနေတာ ဖြစ်နိုင်ပါတယ်။ ဒီလက္ခဏာ (၁၃) ချက်ကို ကြည့်ပြီး ကိုယ့်ရဲ့ ကျန်းမာရေးအခြေအနေကို သတိထား စောင့်ကြည့်ကြရအောင်!

🩺 သင့်ခန္ဓာကိုယ်က ပေးပို့တဲ့ အချက်ပြစနစ် (၁၃) ချက်
******************
🎈၁. မောပန်းလွယ်ခြင်း/ပက်လက်မထနိုင်ခြင်း
*********
မနက်အိပ်ရာထမှာ ဘေးမစောင်းဘဲ ပက်လက်အတိုင်း ထလိုက်လို့ မောပန်းခြင်း၊ မထနိုင်ခြင်း ဖြစ်ပါက အဆုတ် သို့မဟုတ် နှလုံးရောဂါ ရှိနိုင်သည်။

🎈၂. မနက်ခင်း ခြေလက် ထုံကျဉ်/လေးလံခြင်း
*********
မနက်အိပ်ယာထချိန်မှာ ခြေလက်များ ထုံကျဉ်သလိုလို၊ လေးလံသလိုလို ဖြစ်နေပါက ဆီးချိုရောဂါ သို့မဟုတ် ကျောက်ကပ်ရောဂါ ရှိနိုင်သည်။

🎈၃. နံနက်ခင်း ခေါင်းအုံ/မျက်စိကြည့်မကောင်း/အကြောတက်ခြင်း
*********
မနက်အိပ်ယာထတွင် ခေါင်းများအုံခြင်း၊ မျက်စိကြည့်မကောင်းခြင်း၊ အကြောများတက်ခြင်း ဖြစ်နေပါက သွေးတိုးရောဂါ သို့မဟုတ် နှလုံးသွေးကြောကျဉ်းရောဂါ ရှိနိုင်သည်။

🎈၄. အကြောင်းမဲ့ အိပ်မပျော်/အိပ်ရေးမဝခြင်း
***********
ပူပန်စရာ အထူးမရှိဘဲ ညစဉ် အိပ်မပျော်သလို၊ အိပ်ရေးမဝသလို ဖြစ်နေလျှင် အစာအိမ် နှင့် သည်းခြေအိတ် ရောဂါ ရှိနိုင်သည်။

🎈၅. အမြဲစိတ်တို/ဒေါသထွက်မြန်/ငိုချင်နေခြင်း
****************
အမြဲတခုခု အလိုမကျခြင်း၊ ဒေါသအထွက်မြန်ခြင်း၊ စိတ်တိုလွယ်ခြင်း၊ ဝမ်းနည်းခြင်း၊ ငိုချင်နေခြင်းတို့ ဖြစ်ပေါ်နေပါက စိတ်ကျရောဂါ သို့မဟုတ် အသည်းအားနည်းရောဂါ ရှိနိုင်သည်။

🎈၆. ရင်သားပုံမှန်ထက်ကြီးသော အမျိုးသမီးများ
************
ရင်သားအရွယ်အစား ပုံမှန်ထက် သိသိသာသာ ကြီးမားသော အမျိုးသမီးများသည် ရင်သားကင်ဆာ ဖြစ်နိုင်ချေရှိသည်။

🎈၇. လက်မောင်း/ခြေသလုံး ပုံမှန်ထက် တုတ်လွန်း/ဝလွန်းခြင်း (အမျိုးသမီး)
**************
လက်မောင်းနှင့် ခြေသလုံးများ ပုံမှန်ထက် တုတ်လွန်း၊ ဝလွန်းသော အမျိုးသမီးများသည် သားအိမ်၊ အသည်း သို့မဟုတ် သရက်ရွက် ရောဂါ ရှိနိုင်သည်။

🎈၈. မျက်လုံးမို့အစ်/မျက်နှာအဆီပြန်လွန်းခြင်း
*************
မျက်လုံးမို့အစ်ခြင်း၊ မျက်နှာ အဆီပြန်လွန်းပါက လိင်ပိုင်းဆိုင်ရာရောဂါ နှင့် အသည်းအဆီဖုံးရောဂါ ရှိနိုင်သည်။

🎈၉. လက်ချောင်းများ ဖောင်းပွ/လက်စွပ်ကျပ်ခြင်း
****************
ပုံမှန်လက်စွပ်များ ဝတ်မရ၊ ချွတ်မရတော့သည်အထိ လက်ချောင်းများ ပြည့်ဖောင်းလွန်းပါက ဂေါက်ရောဂါ ကဲ့သို့သော အဆစ်မြစ်ရောင်ရောဂါ ရှိနိုင်သည်။

🎈၁၀.သွား/မျက်စိ/လက်သည်း/ခြေသည်းခွံ ဝါလာခြင်း
**************
သွားများ၊ မျက်စိများ ဝါလာခြင်း၊ လက်သည်း၊ ခြေသည်းခွံများ ဝါလာပါက အသည်းရောင် အသားဝါ (B ပိုး/C ပိုး) ရှိနိုင်သည်။

🎈၁၁. ဆီးကျဉ်/မွေးလမ်းကြောင်းနံ့မကောင်း/ရေအိတ်တည်ခြင်း (အမျိုးသမီး)
*******************
အမျိုးသမီးများ ဆီးကျဉ်ခြင်း၊ မွေးလမ်းကြောင်း အနံ့အသက်မကောင်းခြင်း၊ ရေအိတ်/အလုံး တည်ခြင်းများ ဖြစ်ပေါ်ပါက သားအိမ်ကင်ဆာ ဖြစ်နိုင်ချေရှိသည်။

🎈၁၂. ညဘက် ဆီးခဏခဏသွား/ဆီးမထိန်းနိုင်ခြင်း (အမျိုးသား)
************
အမျိုးသားများ ညဘက် ဆီးခဏခဏ သွားခြင်း၊ ဆီးမထိန်းနိုင်ခြင်း ဖြစ်ပါက ဆီးကျိတ်ကြီးခြင်း၊ ကျောက်ကပ် နှင့် ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်သည်။

🎈၁၃. ထိုင်ရာမှထချိန် မူးခြင်း/မိုက်ခြင်း
**************
ထိုင်ရာမှ ထ ရာ၌ မူးခြင်း၊ မိုက်ခြင်း ဖြစ်ပါက သွေးအားနည်းရောဂါ သို့မဟုတ် အဆုတ်ရောဂါ ရှိနိုင်သည်။

📣 သတိပေးချက်
^^^^^^^^^^^^^^
ဒီအချက်အလက်တွေဟာ ကိုယ်ခန္ဓာရဲ့ လက္ခဏာအရ ခန့်မှန်းနိုင်တဲ့ အခြေခံဗဟုသုတများသာ ဖြစ်ပါတယ်။

မည်သည့်ရောဂါကိုမှ ကိုယ်တိုင် ဆုံးဖြတ်ခြင်း မပြုဘဲ၊ အထက်ပါ လက္ခဏာများ ခံစားရပါက ဆရာဝန်နှင့် အမြန်ဆုံး ပြသပြီး စစ်ဆေးကုသမှု ခံယူပါရန် အလေးအနက် တိုက်တွန်းအပ်ပါသည်။


❗❗ဆီးကျောက်တည်ရောဂါ မဖြစ်စေရန် ကြိုတင်ကာကွယ် ဆောင်ရွက်သင့်သည့်  အကြံပြုချက်များ✅ ရေများများသောက်ပါ။ ရေကို သန့်စင်ပြီး (သ...
05/01/2026

❗❗ဆီးကျောက်တည်ရောဂါ မဖြစ်စေရန် ကြိုတင်ကာကွယ် ဆောင်ရွက်သင့်သည့် အကြံပြုချက်များ

✅ ရေများများသောက်ပါ။ ရေကို သန့်စင်ပြီး (သို့မဟုတ်) ကျိုချက်ပြီးမှသောက်ပါ။

✅ ဗီတာမင်အေ ကြွယ်ဝသော အဝါရောင်အသီးအနှံ (ဥပမာ-သင်္ဘောသီး၊ သရက်သီး၊ မုန်လာဥနီ) များကို မကြာခဏစားပါ။

✅ အစိမ်းရောင်ရှိသော ဟင်းသီးဟင်းရွက် (ဥပမာ-ဟင်းနုနယ်၊ မုန်ညင်းစိမ်း၊ ဂေါ်ဖီထုပ်) များကို များများ စားပါ။

✅ အသား၊ ငါးတို့ကို ပုံမှန်သင့်တင့်စွာ စားပါ။ အသား၊ ငါးစားတိုင်း အသီးအရွက်နှင့် တွဲဖက်စားပါ။

✅ ဗီတာမင်စီ ကြွယ်ဝသည့် အရည်ရွှမ်းပြီး ချဉ်သောအသီး (ဥပမာ-သံပရာသီး၊ ရှောက်သီး၊ ပန်းသီး၊ လိမ္မော်သီး၊ ဆီးဖြူသီး) များကိုစားပါ။

✅ နွားနို့နှင့် ဒိန်ချဉ် တို့ကို ပုံမှန်သောက်ပါ။

✅ သွားနှင့် ခံတွင်း ကျန်းမာရေးကို ဂရုစိုက်ပါ။

✅ နေ့စဉ် ကိုယ်လက်လှုပ်ရှားမှု အနည်းဆုံး မိနစ် (၃၀) ခန့် ပြုလုပ်ပါ။

✅ ဝမ်းတွင်းကလီစာနှင့် အနီရောင်ရှိသော အသားများ (ဥပမာ-ဝက်သား၊ အမဲသား) ကို လျှော့စားပါ။

✅ အငန်ဓာတ်များသော အစားအစာ (ဥပမာ-ငါးပိရည်၊ ငံပြာရည်၊ ငါးခြောက်) များကို လျှော့စားပါ။

✅ ကော်ဖီ၊ လက်ဖက်ရည်ကို အလွန်အကျွံ မသောက်ပါနှင့်။

❌ အချိုမှုန့် (Monosodium glutamate) မသုံးပါနှင့်။

❌ အချိုဓာတ်များသည့် အချိုရည်၊ ဂလူးကို့စ်၊ သကြားစသည်တို့ကို ရှောင်ပါ။

❌ ကွမ်းယာစားသည့်အကျင့်ကို ရှောင်ကြဉ်ပါ။



#ကျန်းမာရေး

၂၀၂၆ နှစ်သစ်မှာ မိတ်ဟောင်း မိတ်သစ်များအားလုံး ကိုယ်ကျန်းမာ စိတ်ချမ်းသာပီး စီးပွားများတိုးပွားပါစေ🎉🎉🎉Happy New Year❤️❤️
01/01/2026

၂၀၂၆ နှစ်သစ်မှာ မိတ်ဟောင်း မိတ်သစ်များအားလုံး ကိုယ်ကျန်းမာ စိတ်ချမ်းသာပီး စီးပွားများတိုးပွားပါစေ🎉🎉🎉
Happy New Year❤️❤️


X-Ray ရိုက်ဖို့ လိုနေပြီလား? "အောင်ဇေယျ"ရှိတယ်နော်! 🩻✨နိုင်ငံခြားသွားဖို့ ကျန်းမာရေးစစ်ဆေးရမှာလား? ဒါမှမဟုတ် ခန္ဓာကိုယ်တ...
28/12/2025

X-Ray ရိုက်ဖို့ လိုနေပြီလား? "အောင်ဇေယျ"ရှိတယ်နော်! 🩻✨

နိုင်ငံခြားသွားဖို့ ကျန်းမာရေးစစ်ဆေးရမှာလား? ဒါမှမဟုတ် ခန္ဓာကိုယ်တွင်း ကျန်းမာရေးအခြေအနေကို သေချာသိချင်တာလား? 🤔

အောင်ဇေယျအထူးကုဆေးခန်း ရဲ့ ခေတ်မီ Digital X-Ray (DR) ဝန်ဆောင်မှုက လူကြီးမင်းတို့အတွက် အသင့်ရှိနေပါတယ်ရှင်။

✅ အဆင့်မြင့် Digital စနစ်ဖြစ်လို့ ပုံရိပ်ကြည်လင်ပြီး အဖြေမှားယွင်းမှု မရှိတဲ့အပြင်

✅အချိန်အကြာကြီး စောင့်ဆိုင်းစရာမလိုဘဲ အဖြေထုတ်ပေးတာဖြစ်ပါတယ်ရှင်။

💁‍♀️ သင်္ဘောသား (Seaman) များ၊ ပြည်ပသို့ ပညာသင်သွားမည့်သူများနှင့် အလုပ်သွားရောက်လုပ်ကိုင်မည့်သူများအတွက် လိုအပ်သော Chest X-Ray (ရင်ဘတ်ဓါတ်မှန်) များကို စံချိန်စံညွှန်းမီ ရိုက်ကူးပေးနေလို့...

ကုန်ကျစရိတ်သက်သာပြီး အရည်အသွေးမြင့်မားတဲ့ ဓါတ်မှန်ဝန်ဆောင်မှုကို ရယူဖို့ အောင်ဇေယျ သို့ လှမ်းလာခဲ့ပါရန် ဖိတ်ခေါ်အပ်ပါတယ်ရှင်။ ❤️




အူမကြီးကင်ဆာကာကွယ်ရန် နေထိုင်မှုပုံစံများ၁။အမျှင်ဓာတ်များသော အစားအစာများ စားပါ (ဥပမာ-ဟင်းသီးဟင်းရွက်၊ သစ်သီးများ၊ အုတ်ဂျ...
27/12/2025

အူမကြီးကင်ဆာကာကွယ်ရန် နေထိုင်မှုပုံစံများ

၁။အမျှင်ဓာတ်များသော အစားအစာများ စားပါ (ဥပမာ-ဟင်းသီးဟင်းရွက်၊ သစ်သီးများ၊ အုတ်ဂျုံ)

၂။အနီရောင်အသားများ(ဥပမာ-အမဲသား၊ဝက်သား) စားခြင်းကိုလျော့ပြီး ပြုပြင်ထားသောအသားများ(ဥပမာ-ဝက်အူချောင်း၊ အသားကင်၊ဝက်ပေါင်ခြောက်)ကို ရှောင်ပါ

၃။နေ့စဉ် ပုံမှန်လေ့ကျင့်ခန်းလုပ်ပါ (တစ်ပတ်လျှင် မိနစ် ၁၅၀ ထက် မနည်း)

၄။ကျန်းမာရေးနှင့်ညီညွတ်သော ကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ (BMI 18.5 - 24.9)

၅။ဆေးလိပ်သောက်ခြင်းကိုရှောင်ပါ

၆။အရက်သောက်ခြင်းကို ကန့်သတ်ပါ သို့မဟုတ် ရှောင်ပါ

၇။ကယ်လ်စီယမ်နှင့် ဗီတာမင် ဒီ (အစားအသောက်/နေရောင်ခြည်) လုံလောက်စွာ ရရှိအောင် ဂရုစိုက်ပါ

၈။ရေများများ သောက်ပါ (တစ်နေ့ ၂.၅ - ၃ လီတာ)



Address

အမှတ် (၄၈၇) ၊မကွေးလမ်း ၊(၉)ရပ်ကွက် ၊ မီးခွက်စျေးအနီး၊လှိုင်သာယာ မြို့နယ်, Https://maps. App. Goo. Gl/7V8fnXtXw6xkLVhb 8
Yangon
11401

Alerts

Be the first to know and let us send you an email when Aung Zaya - အထူးကုဆေးခန်းနှင့်ရောဂါရှာဖွေရေးစင်တာ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Aung Zaya - အထူးကုဆေးခန်းနှင့်ရောဂါရှာဖွေရေးစင်တာ:

Share

Category