Diet for You

Diet for You Diet Plan for You

ချန်နီတစ်လုံးဝယ် ပြီးရင် အသားကို ဓါးနဲ့ခြမ်း အစေ့ထုတ် Vanilla Icecream နှင့် ကောက်ညှင်းကိုညှပ် ပြီးရင် အုန်းနို့ချိုချို...
02/05/2023

ချန်နီတစ်လုံးဝယ်
ပြီးရင် အသားကို ဓါးနဲ့ခြမ်း အစေ့ထုတ်
Vanilla Icecream နှင့် ကောက်ညှင်းကိုညှပ်
ပြီးရင် အုန်းနို့ချိုချိုလေးဆမ်းပြီးစား
ဘယ်လောက်တောက် ကောင်းလိုက်မလဲ
အီဆိမ့်ဆောင့်တက် ရောက်ရှိလိုက်မယ့်ဖြစ်ခြင်း😋

 #အာရုံကြောအားနည်းနေတဲ့လက္ခဏာ (၇) မျိုးနေကောင်းလားမေးရင်နေကတော့ကောင်းပါတယ်။ ဟိုနားက တခုခုဖြစ်လိုက်၊ ဒီနားကတမျိုးဖြစ်လိုက်...
05/09/2021

#အာရုံကြောအားနည်းနေတဲ့လက္ခဏာ (၇) မျိုး

နေကောင်းလားမေးရင်နေကတော့ကောင်းပါတယ်။ ဟိုနားက တခုခုဖြစ်လိုက်၊ ဒီနားကတမျိုးဖြစ်လိုက်နဲ့ ဘာရောဂါအမျိုးအမည်တပ်ရမှန်းမသိအောင် အူကြောင်ကြောင်ဖြစ်ရပါတယ်။နေမကောင်းဖြစ်တာလည်းမဟုတ်၊ ဆရာဝန်သွားပြရင်တောင်ပြောပြရခက်တဲ့ လက္ခဏာအစုံတွေ ကိုယ့်မှာရှိနေတာမျိုး။

လူ့ခန္ဓါကိုယ်ရဲ့အာရုံကြောစနစ်ဟာ တကိုယ်လုံးကိုဖြန့်ကြက်ထားတာမို့ အရမ်းကိုအရေးပါပါတယ်။ သူ့ရဲ့လုပ်ဆောင်ချက်ကလည်း လှုပ်ရှားမှုကအစ ဦးနှောက်ဉာဏ်ရည်တွေအထိကို သက်ရောက်မှုကြီးမားတာမို့ အာရုံကြောစနစ်ကျန်းမာနေဖို့ လိုပါတယ်။ အာရုံကြောအားနည်းနေပြီဆို လူက တကယ်ကိုပေါက်ကရတွေဖြစ်ပြီး အလုပ်လုပ်နိင်စွမ်းတွေထိခိုက်ပါလိမ့်မယ်။

#အာရုံကြောအားနည်းရင်ဘယ်လိုလက္ခဏာတွေဖြစ်လာတတ်လဲ

#ထုံကျဉ်တာ

ခြေတွေ၊လက်တွေ ထုံကျဉ်တာဖြစ်ဖူးတယ်မလား။ ရာသီဥတုအေးလို့လည်းမဟုတ်ပါဘဲ မကြာခဏ ထုံကျဉ်တာနေရခက်ပါတယ်။ ဗီတာမင် B12 အားနည်းခြင်းက အာရုံကြောတွေကိုဖုံးအုပ်ပေးထားတဲ့ အကာအကွယ်အလွှာကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။Crohn’sရောဂါ သို့မဟုတ် တခြားအူလမ်းကြောင်းရောဂါတွေကြောင့်လည်း ဗီတာမင်စုပ်ယူနိုင်စွမ်းကို အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။

#ပိုချမ်းတတ်တာ

အရင်ကဆို မှုလောက်မှာမဟုတ်တဲ့ အအေးဓါတ်လောက်ကို အခုမှအရမ်းချမ်းတတ်နေတာမျိုး။ နည်းနည်းအေးတာနဲ့ ကိုယ်က ခိုက်ခိုက်တုန်နေတာမျိုး ခံစားရတယ်ဆိုသွေးအားနည်းနေတာဖြစ်နိုင်ပါတယ်။ ဒီလိုဖြစ်ရတဲ့ အကြောင်းရင်းထဲမှာ B12 ဓါတ်မလုံလောက်လို့သွေးနီဥတွေ နည်းတာဖြစ်စေနိုင်ပါတယ်။ ဒါဆို ခြေဖျား၊ လက်ဖျားတွေအေးစက်ပြီး တဆတ်ဆတ်တုန်ပြီး ချမ်းတတ်တာပေါ့။

ဦးနှောက်လုပ်ဆောင်ချက်တွေ ကမောက်ကမဖြစ်တာ

စိတ်ဓါတ်ကျတာ၊ အာရုံရှုပ်ထွေးတာ ၊မေ့တတ်လာတာ၊ အာရုံစူးစိုက်မရတာတွေကB12 အားနည်းရာကနေ ဖြစ်လာတဲ့လက္ခဏာတွေပါ။

#အားနည်းတာ

လူကအားနည်းသလိုဖြစ်နေတယ်၊ ကြွက်သားတွေအားမရှိဘူး၊ ပင်ပန်းနုံးချိနေမယ်၊ခေါင်းမူးတယ်ဆိုရင် အာရုံကြောအားနည်းတာဖြစ်နိုင်ပါတယ်။ ဒီလက္ခဏာတွေ ပိုဆိုးလာတယ်၊ ကြာလာတယ်ဆိုရင် ဆရာဝန်ပြပြီး အားဆေးသောက်သင့်သောက်ရပါမယ်။

#နှလုံးခုန်မြန်တာ

နှလုံးခုန်မြန်တာလည်း အာရုံကြောအားနည်းတဲ့လက္ခဏာထဲမှာပါဝင်ပါတယ်။ ကြက်သား၊ ကြက်ဥ၊ ငါး တို့ကနေ ဗီတာမင်B12 ရရှိနိုင်ပါတယ်။B12 ချို့တဲ့တယ်ဆိုရင်သွေးအားနည်းခြင်း၊ စိတ်အတက်အကျမြန်ခြင်း၊ အာရုံကြောထိခိုက်ခြင်းနဲ့တခြားပြင်းထန်တဲ့ရောဂါတွေဖြစ်လာစေနိုင်ပါတယ်။

#ပါးစပ်အနာ

သွားဖုံး သို့မဟုတ် လျှာမှာ အနာလေးတွေဖြစ်လာတယ်ဆိုရင်B12 အားနည်းတာ၊သွေးအားနည်းခြင်း သို့မဟုတ် တခြားရောဂါအကြောင်းရင်းတစ်ခုခုကြောင့်ဖြစ်နေနိုင်ပါတယ်။

#ဗိုက်ပြဿနာ

ခံတွင်းပျက်တာ၊ အရမ်းပိန်သွားတာ၊ ဝမ်းချုပ်တာ စတဲ့ အစာအိမ်နဲ့အူလမ်းကြောင်းပြဿနာတွေဖြစ်လာနိုင်ပါတယ်။ ကိုယ်ထဲမှာ B12 ပမာဏချို့တဲ့လွန်းရင် ဆရာဝန်ပြပြီး အားဆေထိုးသင့်ထိုးရပါမည်။

Health
Credit....

 #အလွယ်ကူဆုံး_အရိုးရှင်းဆုံးအဆီချနည်းလမ်းလေးတွေ......ဒီနည်းလမ်းလေးတွေက လွယ်ကူလွန်းလို့ ဝိတ်ကျတယ် ဆိုတာ ဟုတ်ပါ့မလားလို့ေ...
05/09/2021

#အလွယ်ကူဆုံး_အရိုးရှင်းဆုံးအဆီချနည်းလမ်းလေးတွေ......

ဒီနည်းလမ်းလေးတွေက လွယ်ကူလွန်းလို့ ဝိတ်ကျတယ် ဆိုတာ ဟုတ်ပါ့မလားလို့ တွေးမိစရာပါပဲ.... ။

တကယ်တမ်းတော့ ဒီအချက်ကလေးတွေကိုသာ ဂရုတစိုက်နဲ့ နေ့စဉ်နဲ့အမျှ လုပ်ဆောင်သွားမယ်ဆိုရင် ထိရောက်တဲ့ ဝိတ်ကျခြင်းကို ရရှိမှာပါ ။

လွယ်ကူတယ် ရိုးရှင်းတယ် ထိရောက်တယ် ။ ကိုယ့်နဲ့ အဆင်ပြေတယ် ဆိုရင် စွဲစွဲ မြဲမြဲ လုပ်ဆောင်ဖို့ အရေးကြီးပါတယ် ။

၁။ မနက်အိပ်ရာထရင် ရေ ၂ ဖန်ခွက်သောက်ပေးပါ ။

တစ်နေ့တာလုံး ပေါ့ပါးနေဖို့ ဆိုတာ ဝမ်းမှန်ဖို့လိုပါတယ် ။ ဝမ်းမှန်နေခြင်းဟာလည်း ဝိတ်ကျစေတဲ့ နည်းလမ်းကောင်းတစ်ချက်ပါပဲ ။ ဒါကြောင့် မနက်အိပ်ရာထ တာနဲ့ ရေ ၂ ဖန်ခွက် သောက်နိုင်ရင် ၃ ဖန်ခွက်လောက်သောက်ပေးပါ ။ ၁၅ မိနစ်ခန့်ကြာရင် ဝမ်းသွားချင်လာပါလိမ့်မယ် ။ အညစ်အကြေး အပူအပုပ်ကင်းစေပြီး ပေါ့ပါးလန်းဆန်းစေသလို အူလမ်းကြောင်းကောင်းမွန်ပြီး ဝိတ်ကျစေပါတယ် ။

၂။ မနက်စာ စား ဖြစ်အောင် စားပါ ။

မနက်ခင်းမှာ မြင့်တက်နေတဲ့ အင်ဆူလင် ပမာဏ သွေးတွင်း ကိုလက်စရောတွေကို ထိန်းညှိပေးဖို့အတွက် မနက်စာ စားကို စားပေးရပါမယ် ။ မနက်စာ ကို မစားဘဲ ကာလကြာနေခြင်းဟာလည်း ဝိတ်တက်စေတဲ့ အကြောင်းတစ်ချက်ပါ ။

၃။ အချဉ်ဓာတ် ရအောင်စားသုံးပါ ။

တစ်နေ့တာလုံး စားသောက်တဲ့ အစားအစာတွေထဲမျာ အချဉ်ဓာတ် တနည်းအားဖြင့် Vitamin C ရရှိစေတဲ့ သစ်သီးဝလံ များ စားသုံးပေးပါ ။ ကိုယ်ခံအားလည်း ကောင်းစေသလို အဆီလည်း ကျစေပါတယ် ။

၎။ ကိုယ်လက်လှုပ်ရှား မှုနေ့စဉ် ပြုလုပ်ပါ ။

နေ့တိုင်း အနည်းဆုံး နာရီဝက်ခန့် ချွေးထွက်အောင်အားကစား လုပ်ပေးရပါမယ် ။ ရွရွပြေးတာ လမ်းလျှောက်တာ ထိုင်ထ အိပ်ထမတင် ကြိုးခုန် စသဖြင့် မိမိအဆင်ပြေသလို လုပ်ဆောင်နိုင်ပါတယ် ။ သွေးလေ လှည့်ပတ်မှုကောင်းသလို အဆီကျ လှပစေမှာပါ ။

၅။ အချိန်မှန်အိပ်ပါ ။ အိပ်ရေးဝပါစေ။

အိပ်ရေးပျက်ခြင်းဟာ အစာစားချင်စိတ်တွေ ပိုမို ဖြစ်ထွန်းစေသလို ညဘက်မှာ ထွက်ရှိတဲ့ ကော်လာဂျင်ကိုလည်း တားဆီးပေးတာမို့ အသားအရေ ညစ်နွမ်းစေပါတယ် ။ အိပ်ရေးဝဝ အိပ်မယ် ။ စောစောအိပ် စောစောထမယ်ဆိုရင် တစ်နေ့တာလုံးအတွက် ခွန်အားဖြစ်စေရုံသာမက စောစောအိပ် စောစောထတဲ့ အလေ့အကျင့်ဟာ စွဲမြဲသွားရင် ကျန်းမာရေး ကောင်းပြီး အဆီကျ လှပစေပါတယ် ။

ဝိတ်ချချင်တယ် ဆိုသူလေးတွေအတွက် နောက်ထပ် ကျန်းမာရေးနဲ့ညီညွတ်တဲ့ နည်းလမ်းကောင်းလေးတွေ ထပ်ထပ် တင်ပေးသွားမှာမို့ Page ကို Like & See First ထားပါဦးနော် ။

သိချင်ဖတ်ချင်တဲ့ အကြောင်းအရာသစ်လေးတွေ ရှိရင်လည်း စဉ်ဆက်မပြတ် တင်ပြပေးနိုင်ဖို့ အတွက် ဒီပိုစ့်အောက်မှာ comment လေးတွေပေးခဲ့နော် ။

ကိုယ့်အတွက် အသုံးဝင်သလို တခြားသူလေးတွေလည်းဖတ်လို့ရအောင် Post ကို လွတ်လပ်စွာ Share လို့ ရပါတယ်နော် ။

⛔⛔Healthy Diet Wieght Loss Plan၏ မူပိုင်ရေးသားဖန်တီးမှု ဖြစ်ပါသောကြောင့် ခွင့်ပြုချက်မပါဘဲ ကူးယူဖော်ပြခြင်း မပြုပါရန် မေတ္တာရပ်ခံ အသိပေးအပ်ပါသည်။


#ဝိတ်ချကြမယ်




 #သံပုရာရည်တစ်ခွက်-မနက်တိုင်းသောက်သုံးပေးခြင်းက-ဗိုက်အဆီကျစေနိုင်လား ??ကျစေနိုင်တာပေါ့ ။ ဒါဆို ဘာလို့ ကျစေနိုင်တာလဲလို့ ...
02/08/2021

#သံပုရာရည်တစ်ခွက်-မနက်တိုင်းသောက်သုံးပေးခြင်းက-ဗိုက်အဆီကျစေနိုင်လား ??

ကျစေနိုင်တာပေါ့ ။

ဒါဆို ဘာလို့ ကျစေနိုင်တာလဲလို့ သိဖို့မလိုဘူးလား။?

သံပုရာသီးဟာ Vitamin C , Antioxidants , နဲ့ အက်ဆစ်ဓာတ်တွေ အများဆုံးပါဝင်တဲ့ အသီး ဖြစ်နေလို့ပါပဲ ။

သံပုရာသီး ဘာကြောင့်ချဉ်လဲ ဆိုတော့ Citric Acid လို့ခေါ်တဲ့ ခန္ဓာကိုယ် အကျိုးပြု အက်ဆစ်ဓာတ်တစ်မျိုး ကြွယ်ဝစြာ ပါဝင်နေလို့ပါပဲ ။

Citric Acid ကို သဘာဝအစာခြေအက်ဆစ်လို့ခေါ်တယ် ။ သူက ခန္ဓာကိုယ်ထဲ ရောက်သွားရင် အစာခြေရည် အဖြစ်ပြောင်းသွားတယ် ။ အစာအိမ်ထဲ မှာ ရှိတဲ့ အစာခြေပစ္စည်းတွေကိုလည်း တိုးပွားလာစေတယ် ။

ဒါကြောင့် ရလဒ်က ဘာပဲ စားလိုက်စားလိုက် ကြေညက်စွာ ချေဖျက်လာနိုင်တယ် ။ အစာမကြေတာ မဖြစ်တော့ဘူး ။ အစာကြေတဲ့ အတွက် ဝမ်းလည်း ကောင်းကောင်း သွားနိုင်လာတယ် ။ ကောင်းမွန်တဲ့ အစာခြေစနစ်က ဗိုက်အဆီတွေ လျော့ပါးလာဖို့ အကူအညီပေးပါလိမ့်မယ် ။

သံပုရာသီးမှာ ပါဝင်တဲ့ antioxidants တွေဟာ အဆီဆဲလ်တွေ ကို ချေဖျက်ပြီး စွမ်းအင်ပြောင်းလဲ တာတွေ အတွက် ကူညီတယ် ။ အားကစား လုပ်နိုင်ဖို့ အထောက်အကူ ပေးတယ် ။ ခန္ဓာကိုယ်မှာ အဆီစုတဲ့နေရာတွေကနေ စပြီး အဆီဆဲလ်တွေကို ချေဖျက်တယ် ။ ဒါကြောင့် ဗိုက်အဆီတွေဟာ တဖြည်းဖြည်း ပျော်ကျလာရပါတယ် ။ ဒါတင်မက သံပုရာသီးမွာပါတဲ့ Vitamin C ဟာ ကိုယ်ခံစွမ်းအားနဲ့ ဇီဝကမ္မဖြစ်စဉ်ကို တိုးမြှင့်ပေးတဲ့အတွက် တက်ကြွ လန်းဆန်းစွာ လှုပ်ရှားလာနိုင်မယ် ။ ပေါ့ပါးလန်းဆန်းလာမယ် ။

အက်ဆစ်ဓာတ်မြင့်မားစွာ ပါဝင်တဲ့ သံပုရာသီးဟာ အူ နံရံတွေ မှာ ရှိတဲ့ အဆီပြင်တွေကို ပျော်ကျစေတယ် ။ အူနံရံ ရဲ့ သကြားဓာတ် စုပ်ယူမှု ကို ထိန်းပေးလိုက်တယ် ။ သဘောကတော့ သွေးထဲ ကို သကြားဓာတ်တွေ မရောက်တော့ဘူး ။ သွေးတွင်းသကြားဓာတ် လွန်ကဲမှုတွေ မဖြစ်တော့ဘူး။

သွေးတွင်းသကြားဓာတ်တွေ နည်းပါးလာရင် အဆီကျလာမယ် ။ တစ်ဆက်ထဲ ပဲ ဆီးချိုရောဂါ ဖြစ်ပွားမှု လည်း ထိန်းပြီးသား ဖြစ်သွားမယ် ။

ဒါတင်မကသေးဘူး Vitamin C များများပါဝင်မှုကြောင့် အသားအရေ လှလာမယ် ။ မျက်နှာ အရေးအကြောင်းတွေ လျော့ပါးလာမယ် ။ဝိတ်ကျဖို့ လေ့ကျင့်ခန်း လုပ်သူတွေ သံပုရာသီးကို မှီဝဲ ပြီး အားကစားလုပ်ရင် အဆီ ကျနှုန်း ပိုမြန်လာမယ် ။

သံပုရာသီးမှာပါတဲ့ ဓာတ်ပစ္စည်းတွေ စာရင်းချကြည့်ရင်

ဗီတာမင် C

သံဓာတ်

ကယ်လ်ဆီယမ်

ဗီတာမင် B6

သိုင်ရမိုင်း ( Thiamine)

ပိုတက်ဆီယမ်

အမျှင်ဓာတ် ( Fibre )

ပရိုတင်း

ဆစ်ထရစ် အက်ဆစ် ( Citric Acid )

တို့ပဲ ဖြစ်ပါတယ် ။

ဗိုက်အဆီချချင်တဲ့ သူပဲ ဖြစ်ဖြစ်

ဝိတ်ချချင်တဲ့ သူပဲ ဖြစ်ဖြစ်

အဓိက အားဖြင့် ( ၃) ချက် လိုအပ်တယ် ။

၁။ ကိုယ်ခံအားကောင်းရမယ် ။

၂။ ဇီဝကမ္မဖြစ်စဉ် လျင်မြန်ရမယ် ။

၃။ အစာ ခြေဖျက်မှု စနစ် ကောင်းရမယ် ။

ဒီ ၃ ချက် လုံးကို သံပုရာသီးက ပေးစြမ်းနိုင်တယ် ။ ဒီတော့ ရှင်းရှင်းလေးပါ ။ သံပုရာရည်ကိုသာ နေ့စဉ်မှီဝဲ အဆီကျဖို့ မလွဲတော့ဘူး မဟုတ်လား ။

#ဘယ်လိုမှီဝဲရမလဲ။

မနက်ခင်း အိပ်ရာထချိန် ဘာမှ မစားခင်မှာ

ရေနွေး တစ်ခွက်ထဲကို သံပုရာသီး တစ်လုံး ညှစ်ထည့်ပြီး သောက်ဖို့ပါပဲ ။ အချဉ်ဓာတ် ကြောက်တဲ့ သူတွေ ဆားလေးနည်းနည်း ထည့်သောက်နိုင်ပါတယ် ။

သံပုရာ နဲ့ ရေနွေး သောက်ပြီး နာရီဝက်ခန့် နေမှ မနက်စာ စားပါ ။

မနက်ခင်း ဘာလို့ ရွေးသောက်ရလဲ ဆိုတော့ ဗိုက်ထဲ ဘာအစာမှ မစားရခင် အချိန်မှာ သောက်ရင် အကျိုးပြု အစာခြေရည် တွေ တိုးပြားမှု ပိုမို ကောင်းမွန်ပါတယ် ။ အူနံရံကလည်း အစာမရှိတဲ့ အတွက် စုပ်ယူမှု အားအကောင်းဆုံး အချိန် ဖြစ်ပါတယ် ။ အထိရောက်ဆုံး အချိန်မို့ပါ။

( အစာအိမ်ရောဂါ ရှိသူများက​တော့ တစ်ခြမ်းလောက်ဆို လုံလောက်ပါတယ်။ ကိုယ့်ကိုကိုယ် စိတ်မချရင် လည်း မသောက်ပါနဲ့ ။ ရေနွေးပူပူ သာ သောက်ပါ။ သူကလည်း အူနံရံကို အကျိုးပြုပြီး ဝမ်းသွားရမှန်စေပါတယ် ။ )

ဝိတ်ချချင်တယ် ဆိုသူလေးတွေအတွက် နောက်ထပ် ကျန်းမာရေးနဲ့ညီညွတ်တဲ့ နည်းလမ်းကောင်းလေးတွေ ထပ်ထပ် တင်ပေးသွားမှာမို့ Page ကို Like & See First ထားပါဦးနော် ။

သိချင်ဖတ်ချင်တဲ့ အကြောင်းအရာသစ်လေးတွေ ရှိရင်လည်း စဉ်ဆက်မပြတ် တင်ပြပေးနိုင်ဖို့ အတွက် ဒီပိုစ့်အောက်မှာ comment လေးတွေပေးခဲ့နော် ။

ကိုယ့်အတွက် အသုံးဝင်သလို တခြားသူလေးတွေလည်းဖတ်လို့ရအောင် Post ကို လွတ်လပ်စွာ Share လို့ ရပါတယ်နော် ။

Healthy Diet Wieght Loss Plan၏ မူပိုင်ရေးသားဖန်တီးမှု ဖြစ်ပါသောကြောင့် ခွင့်ပြုချက်မပါဘဲ ကူးယူဖော်ပြခြင်း မပြုပါရန် မေတ္တာရပ်ခံ အသိပေးအပ်ပါသည်။


#ဝိတ်ချကြမယ်



 #ကြက်ဥရဲ_ဝိတ်ကျကျန်းမာစေတဲ့_ကောင်းကျိုးတွေ ဒီတစ်ခေါက်မှာတော့ နေ့စဉ်နဲ့ အမျှမကြာခဏစားသုံးနေကြတဲ့ ကြက်ဥရဲ့ ဝိတ်ကျစေတဲ့အပြ...
01/08/2021

#ကြက်ဥရဲ_ဝိတ်ကျကျန်းမာစေတဲ့_ကောင်းကျိုးတွေ

ဒီတစ်ခေါက်မှာတော့ နေ့စဉ်နဲ့ အမျှမကြာခဏစားသုံးနေကြတဲ့ ကြက်ဥရဲ့ ဝိတ်ကျစေတဲ့အပြင် ကျန်းမာရေးကောင်းမွန်စေတဲ့ အကျိုးကျေးဇူးတွေကို တင်ပြပေးလိုက်ပါတယ် ။

ကြက်ဥ ဟာ ကယ်လိုရီ နည်းပါးပြီး ပရိုတင်း ( အသားဓာတ် ) မြင့်မားစွာပါဝင်တဲ့ အစားအသောက်ပါ ။ အကာ မှာ ပရိုတင်းဓာတ် ပါဝင်မှု အများဆုံးဖြစ်ပြီး ကယ်လိုရီစုဝေးမှု နည်းပါးပါတယ် ။ ဒါကြောင့် ကာယဗလ လိုက်စားသူတွေဟာ အကာကို အဓိက ထား စားသုံးပါတယ် ။

အနှစ်မှာတော့ အဆီအနည်းငယ် ၊ နဲ့ ကယ်လိုရီ စုဝေးမှု ပိုများပါတယ် ။ အနှစ်မှာ ပါဝင်တဲ့ အဆီကတော့ ပြည့်ဝဆီ ( Saturated oil ) ဖြစ်ပြီး ကျန်းမာရေးထိခိုက်လောက်တဲ့ ပမာဏမျိုးမဟုတ်ပါဘူး ။

ကြက်ဥပြုတ် တစ်လုံးရဲ့ ကယ်လိုရီတန်ဖိုး ဟာ ၈၄ cal ပတ်ဝန်းကျင်ဖြစ်ပြီး ကြက်ဥကြော်တစ်လုံးကတော့ ၁၅၅ cal ဝန်းကျင်ရှိပါတယ် ။ ထည့်သွင်းချက်ပြုတ်တဲ့ ဟင်းခတ်ပစ္စည်း နဲ့ ဆီ တို့အပေါ်မူတည်ပြီး ကယ်လိုရီပြောင်းလဲနိုင်ပါတယ် ။ ဒါကြောင့် ကြက်ဥကို ချက်ပြုတ်စားသောက်ရာမှာ ဆီ အများကြီး မထည့်ဖို့ ၊ ထောပတ်တွေ ထည့်မချက်ဖို့ သတိပြုရမှာဖြစ်ပါတယ် ။ ကယ်လိုရီပမာဏ များသွားနိုင်လို့ပါ ။

ကျန်းမာရေးအတွက် ဝိတ်ကျဖို့အတွက်ဆိုရင်တော့ ပြုတ်ပြီးတော့သာ စားစေချင်ပါတယ် ။ ဒါမှသာ ကြက်ဥ ရဲ့ မူလအစွမ်းသတ္တိကို ရရှိနိုင်မှာပါ ။

ကြက်ဥမှာ ဗီတာမင် D ကြွယ်ဝစွာ ပါဝင်ပါတယ် ။ ဗီတာမင် B2, B6, B12 နဲ့ ဆီလီနီယမ် တို့ပါဝင်ပါတယ် ။ ဓာတ်သတ္ထုများအနေနဲ့ကတော့ ဇင့်(Zinc) , သံဓာတ် ( Iron)၊ ကော့ပါး ( Copper )တို့ ပါဝင်ပါတယ်။

ကြက်ဥဟာ ကယ်လိုရီကို ထိန်းချုပ်စားသောက်ရတဲ့ ဝိတ်ချသူများအတွက်တော့ အင်အားအပြည့်အဝဆုံး အထိရောက်ဆုံး အစားအစာပါပဲ ။ Diet Plan မှာ ကြက်ဥ ကို ထည့်သွင်းစားသောက်ခြင်းအားဖြင့် ဇီဝကမ္မဖြစ်စဉ်တွေကို လျင်မြန်စေပါတယ် ။

မနက်ခင်း မှာ ကြက်ဥပြုတ် ၂ လုံးခန့်စားပေးခြင်းဟာလည်း အစာစားချင်စိတ်ကို ထိန်းချုပ်ပေးသည့်အပြင် တစ်နေ့တာလုံး လှုပ်ရှားသွားလာမှု အတွက် စွမ်းအင်ကောင်းကောင်းရစေပါတယ် ။ အစာစားချင်စိတ်ကို ထိန်းချုပ်ပေးပြီး အဆာခံပါတယ် ။

နှလုံးရောဂါ နဲ့ လေဖြတ်ဝေဒနာ တို့ကိုလည်း ကြက်ဥက ကာကွယ်ပေးပါသေးတယ်။ ကြက်ဥ တစ်နေ့ တစ်လုံး စားပေးခြင်းအားဖြင့် သွေးလှည့်ပတ်အဖွဲ့အစည်းကို ကောင်းမွန်စေပြီး နှလုံးကို စောင့်ရှောက်ပေးပါတယ် ။

စမ်းသပ်တွေ့ရှိမှုများမှာ ကိုယ်ဝန်ဆောင်မိခင်များ ကြက်ဥ ကို ကိုယ်ဝန်ဆောင်ကာလအတွင်း ပုံမှန်စားသုံးပါက မိခင်ရော ကလေးပါ ကျန်းမာစွာရှိခြင်း ၊ မွေးဖွားရလွယ်ကူခြင်း ၊ မွေးဖွားလာသည့်ကလေးတွေ ဉာဏ်ရည်ထက်မြက်ခြင်း ၊ ခန္ဓာကိုယ်ဖွံ့ထွားခြင်း ဆိုတဲ့ အကျိုးကျေးဇူးများလည်း ရရှိနိုင်တယ်လို့ တွေ့ရပါတယ် ။

ဒါကြောင့် ဝိတ်ချချင်လို့ပဲ ဖြစ်ဖြစ် ၊ ကျန်းမာရေး အတွက်ပဲ ဖြစ်ဖြစ် ၊ဝိတ်ထိန်းတဲ့ သူများ နေ့စဉ် ကယ်လိုရီတွက်ချက်စားသောက်နေရတာပဲဖြစ်ဖြစ် ကြက်ဥ ဟာ ဈေးသက်သာ တွက်ချေကိုက်ပြီး ခန္ဓာကိုယ်အတွက် အဆီကျဖို့အတွက် ကောင်းကျိုးများလွန်းတဲ့ အစာအာဟာရ တစ်ခုပါပဲ လို့ မင်မင်က ဆွေးနွေးလိုက်ပါတယ် ။
မင်မင်တို့ Page လေးကို အစဉ်တဆက်အားပေးကြတဲ့ ချစ်ပရိသတ်များ အသက်ရှည်ကျန်းမာပြီး အဆီကျသွယ်လျစေဖို့ ဆေးပညာဗဟုသုတဆိုင်ရာ ဆောင်ရန်ရှောင်ရှန် / အာဟာရဆိုင်ရာ ဗဟုသုတများကို ကြိုးစားတင်ဆက်ပေးသွားပါ့မယ်နော် ။

ဝိတ်ချချင်တယ် ဆိုသူလေးတွေအတွက် နောက်ထပ် ကျန်းမာရေးနဲ့ညီညွတ်တဲ့ နည်းလမ်းကောင်းလေးတွေ ထပ်ထပ် တင်ပေးသွားမှာမို့ Page ကို Like & See First ထားပါဦးနော် ။

သိချင်ဖတ်ချင်တဲ့ အကြောင်းအရာသစ်လေးတွေ ရှိရင်လည်း စဉ်ဆက်မပြတ် တင်ပြပေးနိုင်ဖို့ အတွက် ဒီပိုစ့်အောက်မှာ comment လေးတွေပေးခဲ့နော် ။

ကိုယ့်အတွက် အသုံးဝင်သလို တခြားသူလေးတွေလည်းဖတ်လို့ရအောင် Post ကို လွတ်လပ်စွာ Share လို့ ရပါတယ်နော် ။

⛔⛔Healthy Diet Wieght Loss Plan၏ မူပိုင်ရေးသားဖန်တီးမှု ဖြစ်ပါသောကြောင့် ခွင့်ပြုချက်မပါဘဲ ကူးယူဖော်ပြခြင်း မပြုပါရန် မေတ္တာရပ်ခံ အသိပေးအပ်ပါသည်။


#ဝိတ်ချကြမယ်



 #နာနတ်သီးစားသုံးပြီး_ဝိတ်ကျကြမယ်နာနတ်သီးဟာ ကျန်းမာရေးအတွက်အထောက်အကူပြုတဲ့ အသီးတစ်မျိုး ပဲ ဖြစ်ပါတယ် ။ ကယ်လိုရီလည်း အလွန...
20/07/2021

#နာနတ်သီးစားသုံးပြီး_ဝိတ်ကျကြမယ်

နာနတ်သီးဟာ ကျန်းမာရေးအတွက်အထောက်အကူပြုတဲ့ အသီးတစ်မျိုး ပဲ ဖြစ်ပါတယ် ။ ကယ်လိုရီလည်း အလွန်နည်းပါးပါတယ် ။

နာနတ်သီး ၁၀၀ g မှာ မှ ၅၀ ကယ်လိုရီ ခန့်သာ ပါရှိတဲ့ အတွက်ကြောင့် ဝိတ်တက်စေတဲ့ အစားအစာ ထဲမှာ မပါဝင်ပါဘူး ။

နာနတ်သီးမှာ ပါတဲ့ အချိုဓာတ်ဟာ သစ်သီးသကြားဖြစ်တဲ့ frutose နဲ့ သကြားဓာတ် glucose တို့သာ ဖြစ်ပါတယ် ။ ပုံမှန်ရောဂါ ကင်းရှင်းသူများအတွက် ပြသာနာမဟုတ်ပေမယ့် ဆီးချိုဝေဒနာရှင်များ အတွက်တော့ ချင့်ချိန်စားသုံးရမှာပါ ။

နာနတ်သီးမှာ အချဉ်ဓာတ်ဖြစ်တဲ့ Vitamin C ကြွယ်ဝစွာ ပါဝင်ပါတယ် ။ Vitamin C ဟာ အသားအရေစိုပြည်လှပဖို့နဲ့ ကိုယ်ခံအားစနစ်တို့ အတွက် မရှိမဖြစ်လိုအပ်တဲ့ ဓာတ်ပစ္စည်းတစ်မျိုးပါပဲ ။ Vitamin C ကို။သက်သက် မှီဝဲရမှာ အဆင်မပြေရင် နာနတ်သီး စားပေးဖို့ လိုအပ်ပါတယ် ။

နာနတ်သီးမှာ အမျှင်ဓာတ်ပြည့်ဝစွာပါဝင်ပါတယ် ။ အမျှင်ဓာတ်တွေဟာ အူလမ်းကြောင်းကျန်းမာရေး ကို အထောက်အကူပြုပေးပြီး အစာစားချင်စိတ်ကိုလည်း ထိန်းညှိပေးပါတယ် ။ လေ့ကျင့်ခန်းလုပ်သူများအတွက်တော့ အမျှင်ဓာတ်ဟာ ကြွက်သားတည်ဆောက်တဲ့နေရာမှာ သိပ်ကို အထောက်အကူပြုပါတယ် ။

နာနတ်သီးမှာ Bromelain လို့ခေါ်တဲ့ အစာခြေ ပစ္စည်းတစ်မျိုး ပါဝင်ပါတယ် ။
ဒီပစ္စည်းဟာ ဝမ်းထဲက အစာခြေ‌ရည်များရဲ့ လုပ်ဆောင်မှုတွေကို တိုးတက်စေပါတယ် ။ ဝမ်းမမှန်သူများ ဝမ်းချုပ်သူများဟာ နာနတ်သီးကို ပုံမှန်မှီဝဲပေးမယ်ဆိုရင် သက်သာပျောက်ကင်းနိုင်မှာ ဖြစ်ပါတယ် ။

နာနတ်သီးထဲပါတဲ့ Bromelain ဟာ အခြားသောအစာခြေရည်များနဲ့ ပေါင်းမိရင် အဆီကိုချေဖျက်ပေးပါတယ် ။ အထူးသဖြင့် ဝမ်းဗိုက်ပတ်လည်တစ်ဝိုက်က အဆီတွေကို ကြေပျက်စေပါတယ် ။ ဒါကြောင့် ဗိုက်အဆီကျချင်သူများ အားထားရမယ့် အသီးတစ်မျိုးပါ ။

သင့်တော်ကောင်းမွန်တဲ့ အစာခြေစနစ်တစ်ခုဟာ အဆီကျစေဖို့ကို ဦးတည်တာပါ ။ လူတွေတော်တော်များများ ဝ ရတဲ့ အကြောင်းအရင်းဟာ အစာခြေဖျက်မှု ကမောက်ကမ ဖြစ်ရတဲ့ အတွက်ကြောင့် ဖြစ်ပါတယ် ။ အူလမ်းကြောင်း ကောင်းမွန်မယ် အစာမြန်မြန်ကြေမယ်ဆိုရင် ပိန်ဖို့အတွက် ရာခိုင်နှုန်းပိုများလာပါတယ် ။ ဒီအတွက် နာနတ်သီးက ကူညီပေးပါလိမ့်မယ် ။

နောက်တစ်ခုကတော့ နာနတ်သီးရဲ့ အရေးအကြီးဆုံး အားသာချက်ပါပဲ ။

ဇီဝကမ္မဖြစ်စဉ်တွေကို နာနတ်သီးစားပေးရုံနဲ့ တိုးမြှင့် လျင်မြန်စေပါတယ် ။ ဇီဝကမ္မဖြစ်စဉ်များ လျင်မြန်လာရင် လူက အဆီကျနှုန်း မြန်လာပါတယ် ။ နာနတ်သီးထဲမှာ ပါဝင်တဲ့ Manganese ဟာ လူကို ကျန်းမာသန်စွမ်းဖို့ / ဇီဝကမ္မဖြစ်စဉ်တွေကို ထိန်းသိမ်းပေးဖို့ အတွက် အထောက်အကူပေးတာပါ ။

ဒါကြောင့်မို့ ဝိတ်ကျချင်သူများ နာနတ်သီးကို မကြာမကြာ စားသုံးပေးခြင်းဖြင့် မိမိရည်ရွယ်ချက်များ ပြည့်ဝနိုင်ပါတယ်လို့ မင်မင်က သတင်းကောင်းပါးလိုက်ပါရစေနော် ။

မင်မင်တို့ Page လေးကို အစဉ်တဆက်အားပေးကြတဲ့ ချစ်ပရိသတ်များ အသက်ရှည်ကျန်းမာပြီး အဆီကျသွယ်လျစေဖို့ ဆေးပညာဗဟုသုတဆိုင်ရာ ဆောင်ရန်ရှောင်ရှန် / အာဟာရဆိုင်ရာ ဗဟုသုတများကို ကြိုးစားတင်ဆက်ပေးသွားပါ့မယ်နော် ။

ဝိတ်ချချင်တယ် ဆိုသူလေးတွေအတွက် နောက်ထပ် ကျန်းမာရေးနဲ့ညီညွတ်တဲ့ နည်းလမ်းကောင်းလေးတွေ ထပ်ထပ် တင်ပေးသွားမှာမို့ Page ကို Like & See First ထားပါဦးနော် ။

သိချင်ဖတ်ချင်တဲ့ အကြောင်းအရာသစ်လေးတွေ ရှိရင်လည်း စဉ်ဆက်မပြတ် တင်ပြပေးနိုင်ဖို့ အတွက် ဒီပိုစ့်အောက်မှာ comment လေးတွေပေးခဲ့နော် ။

ကိုယ့်အတွက် အသုံးဝင်သလို တခြားသူလေးတွေလည်းဖတ်လို့ရအောင် Post ကို လွတ်လပ်စွာ Share လို့ ရပါတယ်နော် ။

⛔⛔Healthy Diet Wieght Loss Plan၏ မူပိုင်ရေးသားဖန်တီးမှု
ဖြစ်ပါသောကြောင့် ကူးယူရေးသားဖော်ပြခြင်း မပြုပါရန် မေတ္တာရပ်ခံ အသိပေးအပ်ပါသည်။


#ဝိတ်ချကြမယ်




#ပိန်ချင်သူများအတွက်
#ဝိတ်ကျချင်သူများအတွက်

 #သဘာဝ_အုန်းစိမ်းရည်_ရဲ့_အစွမ်းသတ္တိများအုန်းစိမ်းရည်ဆိုတာ အစိမ်းရောင်ရှိတဲ့ အုန်းသီးနုနု အတွင်းက သဘာဝအတိုင်း တည်ရှိတဲ့ အ...
09/07/2021

#သဘာဝ_အုန်းစိမ်းရည်_ရဲ့_အစွမ်းသတ္တိများ

အုန်းစိမ်းရည်ဆိုတာ အစိမ်းရောင်ရှိတဲ့ အုန်းသီးနုနု အတွင်းက သဘာဝအတိုင်း တည်ရှိတဲ့ အရည် တစ်မျိုး ဖြစ်ပါတယ် ။

တစ်ချို့ ကလည်း အုန်းရည် လို့ပဲ အလွယ်တကူ ခေါ်ကြတာပေါ့ ။

အုန်းစိမ်းရည် ဟာ အုန်းသီးအတွင်းဘက် မျက်နှာပြင် အသားပိုင်းကို အာဟာရ ပြုတဲ့ အပြင် အသီး တစ်ခုလုံးရဲ့ အာဟာရထိန်းညှိတဲ့နေရာလည်း ဖြစ်ပါတယ် ။

အုန်းသီးဟာ အခွံမာပေမယ့် ရုက္ခဗေဒ မှာ သူ့ကို အခွံမာသီး အုပ်စု ထဲ ကို မထည့်သွင်းထားပါဘူး ။

သာမန် သစ်သီး တစ်လုံး အဖြစ်သာ သတ်မှတ်ပါတယ် ။

အုန်းရည်ဟာ အုန်းသီး နု တဲ့ အချိန်မှာ သာတွေ့ရတတ်ပါတယ် ။

အုန်းသီးဟာ နုတဲ့ အချိန်မှာ အစိမ်းရောင် ရှိနေတာကြောင့် အုန်းစိမ်းရည်လို့ ခေါ်သလား မပြောတတ်ပါ ။

အုန်းသီး ရင့်သွားတဲ့ အချိန်မှာတော့ အုန်းရည်ဟာ တဖြည်းဖြည်း ခန်းခြောက်သွားပြီး ၎င်းနေရာမှာ အုန်းသီးအသားများ နဲ့ အစားထိုး လိုက်ပါတယ် ။

အသားထူသွားရင် အရည်ပျောက်သွားတဲ့ သဘောပါပဲ ။

အုန်းရည်ဟာ လူ့ပယောဂ မပါဘဲ သဘာဝအတိုင်း ဖြစ်တည်နေတတ်တဲ့ သစ်သီးတွင်း အရည်တစ်မျိုး ဖြစ်ပါတယ် ။

အုန်းနို့ ကတော့ အုန်းသီး အသား များကို ကြိတ်ခြေပြီး အရည်ညှစ်မှ ရလာတဲ့ အရည်တစ်မျိုးပေါ့။

အုန်းစိမ်းရည်ဟာ အမြင်အားဖြင့် ပကတိ ရေ အတိုင်း ရှိနေတတ်ပါတယ် ။ရေ 94% ပါဝင်ပြီး အဆီ အရမ်းနည်းပါတယ် ။

အုန်းနို့ကတော့ ရေ 50% သာပါဝင်ပြီး ကျန်တာက အုန်းသီးတွင်း အဆီဓာတ်များသာ ဖြစ်ပါသတဲ့ ။

အုန်းစိမ်းရည်ကို ရေဓာတ်ခန်းခြောက်ခြင်း ကာကွယ်ရန် နှင့် သွေးဖိအားကောင်းစေရန်အတွက်သော်လည်းကောင်း /လေ့ကျင့်ခန်းများ ပုံမှန်ပြုလုပ်သူများအတွက် စွမ်းအင်ဖြည့်တင်းဖို့ အတွက်သော်လည်းကောင်း ပညာရှင်များက သုံးစွဲရန် တိုက်တွန်းကြပါတယ်။

#အုန်းစိမ်းရည်_ရဲ့_ကျန်းမာရေးဆိုင်ရာ_အစွမ်းသတ္တိများ

_များစွာသော အာဟာရ ပစ္စည်းများပါဝင်ခြင်း

_Antioxidants များပါဝင်ခြင်း

_ဆီးချိုရောဂါ ကာကွယ်နိုင်ခြင်း

_ကျောက်ကပ် အတွင်း ကျောက်တည်ခြင်းမှ ကာကွယ်နိုင်ခြင်း

_နှလုံးရောဂါ ကာကွယ်နိုင်ခြင်း

_သွေးဖိအားထိန်းညှိပေးနိုင်ခြင်း

_စွမ်းအင်ပြန်လည်ဖြည့်တင်းနိုင်ခြင်း

_ရေငတ်ပြေစေခြင်း

တို့ပဲ ဖြစ်ပါ တယ် ။

အုန်းစိမ်းရည်ထဲမှာ လူ့ခန္ဓာကိုယ်အတွက် သင့်တော်တဲ့ ကာဗိုဟိုက်ဒရိတ် ပမာဏ အသင့်အတင့် ပါဝင်ပြီး ပိုတက်ဆီယမ် / ဆိုဒီယမ် / မဂ္ဂနီ ဆီယမ် တို့ ပါဝင်နေတာမို့လို့ ဓာတ်ဆားရည်ကဲ့သို့ ဖြစ်နေပါတယ်။

မောပန်းလွန်းလို့ / ဝမ်းပျက်လို့ စသည်ဖြင့် ဓာတ်ဆားရည်သောက်ကြသလို ဓာတ်ဆားရည် မသောက်ချင်ရင်လည်း အုန်းစိမ်းရည်ကို အစားထိုးသောက်ပေးခြင်းဖြင့် တူညီတဲ့ အစွမ်းသတ္တိကို ရရှိမှာပါ ။

အချစ်ဆုံးတို့အားလုံး အတွက် မြင်သာအောင်လို့ မင်မင်က အုန်းစိမ်းရည်ထဲမှာ ပါဝင်ပစ္စည်းတွေ တည်ရှိနေပုံကို အသေးစိတ်ဖော်ပြလိုက်ပါတယ် နော် ။

အုန်းစိမ်းရည် 100 g မှာ

*ကယ်လိုရီ----- 19 g

*အဆီဓာတ်----0.2g

*ဆိုဒီယမ်------105mg

*ပိုတက်ဆီယမ်-----250mg

*အမျှင်ဓာတ်-----1.1g

*သကြား------2.6g

*ကာဗိုဟိုက်ဒရိတ်စုစုပေါင်း----3.7g

*ပရိုတင်း(အသားဓာတ်)--------0.7g

*ကယ်လ်ဆီယမ် --------2%

*ဗီတာမင် C-------4%

*သံဓာတ် ----1%

*မဂ္ဂနီဆီယမ်------6%

တို့ပဲ ဖြစ်ပါတယ် နော် ။
ယခု မင်မင် ဖော်ပြထားတဲ့ အတိုင်းဆို အုန်းစိမ်းရည်ထဲမှာ ဘာတွေပါဝင်နေတယ် ။ ဘယ်လိုအစွမ်းသတ္တိတွေ ရှိနိုင်တယ် ဆိုတာ ပရိသတ်များ အနေနဲ့ သိလောက်ပါပြီ ။

ဝိတ်ချတဲ့ သူများ ညနေဘက် ထမင်းမစားတဲ့အချိန် အုန်းစိမ်းရည် သောက်ပေးသင့်ပါတယ်။

ကာဘိုဟိုက်ဒရိတ် အသင့်အတင့် ရတဲ့ အပြင် ကယ်လိုရီလည်း နည်းတော့ အဆာ‌လည်းပြေ အာဟာရလည်း ဖြစ်တာပေါ့နော် ။

အဆီချ လေ့ကျင့်ခန်းများ လုပ်တဲ့ သူတွေ / Gym ဆော့တဲ့ သူတွေ လည်း အုန်းစိမ်းရည်ကို မကြာမကြာ သောက်ပေးသင့်ပါတယ် ။

စွမ်းအင် ပြန်လည်ဖြည့်တင်းပေးနိုင်ပါတယ်နော် ။

အုန်းစိမ်းရည်ဟာ အရွယ်ရောက်ပြီးသူ တော်တော်များများ အဆင်ပြေပြေပေါ့ပေါ့ပါးပါး သောက်သုံးနိုင်ကြပေမယ့် အချို့သောသူတွေ အတွက်ကျတော့ ရင်ပြည့်ရင်ကယ် ဖြစ်တာမျိုးတွေ /အစာအိမ်နာတာမျိုးတွေ ဖြစ်တတ်ပါတယ် ။

ဒါပေမယ့် တွေ့ရအလွန်နည်းပါတယ် ။

အစားအစာတွေရဲ့ ထုံးစံအတိုင်း တည့်ကြသူ ကြိုက်နှစ်သက်ကြသူ ရှိသလို မတည့်တဲ့ သူတွေလည်း ရှိကြတာပဲပေါ့ ။

အုန်းစိမ်းရည် ပမာဏ အများကြီး သောက်သုံးဖို့တော့ မသင့်ပါဘူး ။

အုန်းစိမ်းရည် များများ သောက်ရင် သွေးထဲမှာ ပိုတက်ဆီယမ် ပမာဏ မြင့်တက်လာတတ်ပါတယ် ။ မြင့်တက်လာတဲ့ ပိုတက်ဆီယမ် ပမာဏ ဟာ ကျောက်ကပ် ပြသာနာများနဲ့ ‌နှလုံးခုန်နှုန်း ပုံမှန်မဖြစ်ခြင်း တို့ကို ဦးတည်နေပါတယ် ။

ဒါကြောင့် တစ်နေ့ အုန်းစိမ်းရည် တစ်လုံးစာ သောက်ပေးရင် ရပါပြီ။ သည့်ထက် မပိုသင့်ပါ ။

_ဝိတ်ချချင်တယ် ဆိုသူလေးတွေအတွက် နောက်ထပ် ကျန်းမာရေးနဲ့ညီညွတ်တဲ့ နည်းလမ်းကောင်းလေးတွေ ထပ်ထပ် တင်ပေးသွားမှာမို့ Page ကို Like & See First ထားပါဦးနော် ။

သိချင်ဖတ်ချင်တဲ့ အကြောင်းအရာသစ်လေးတွေ ရှိရင်လည်း စဉ်ဆက်မပြတ် တင်ပြပေးနိုင်ဖို့ အတွက် ဒီပိုစ့်အောက်မှာ comment လေးတွေပေးခဲ့နော် ။

ကိုယ့်အတွက် အသုံးဝင်သလို တခြားသူလေးတွေလည်းဖတ်လို့ရအောင် Post ကို လွတ်လပ်စွာ Share လို့ ရပါတယ်နော် ။

⛔⛔Healthy Diet Wieght Loss Plan၏ မူပိုင်ရေးသားဖန်တီးမှု ဖြစ်ပါသောကြောင့် ခွင့်ပြုချက်မပါဘဲ ကူးယူဖော်ပြခြင်း မပြုပါရန် မေတ္တာရပ်ခံ အသိပေးအပ်ပါသည်။


#ဝိတ်ချကြမယ်




 #ရုံးပတီသီးကို_အဆီကျပြီး_အသားအရေလှဖို့_စနစ်တကျသုံးစွဲကြမယ် #မီးဖိုချောင်သုံးဟင်းသီးဟင်းရွက်ဖြင့်_ကျန်းမာလှပခြင်းနည်းလမ်...
03/07/2021

#ရုံးပတီသီးကို_အဆီကျပြီး_အသားအရေလှဖို့_စနစ်တကျသုံးစွဲကြမယ်

#မီးဖိုချောင်သုံးဟင်းသီးဟင်းရွက်ဖြင့်_ကျန်းမာလှပခြင်းနည်းလမ်းကောင်း

ရုံးပတီသီး ဟာ အပူပိုင်း နဲ့ သမပိုင်း ဒေသ တွေမှာ ပေါက်ရောက်တတ်တဲ့ ဟင်းသီးဟင်းရွက်မျိုးပါ ။ အာရှတိုက်နဲ့ အာဖရိက တိုက်တို့မှာ အများဆုံးပေါက်ရောက်သလို မြန်မာနိုင်ငံမှာလည်း တွင်ကျယ်စွာ စားသုံးကြပါတယ် ။ မူလအားဖြင့် အရောင် ၂ မျိုး ရှိပါတယ် ။ အနီရောင် နဲ့ အစိမ်းရောင်ပါ ။ အာရှတိုက်များမှာတော့ အစိမ်းရောင်ကိုသာ အများဆုံး စိုက်ပျိုး စားသောက်ကြပါတယ် ။

ဒီလိုမျိုး မီးဖိုချောင်မှာ မကြာခဏ ချက်ပြုတ်စားသောက်နေတဲ့ ရုံးပတီသီးဟာ အဆီကျဖို့ ကျန်းမာလှပဖို့ နဲ့ ခန္ဓာကိုယ်တွင်း အဆိပ်အတောက်များ ပြေစေတယ်ဆိုရင် အားလုံးစိတ်ဝင်စားကြမှာပါ ။ ဒါကြောင့် မင်မင်က ရုံးပတီသီး ကို အရိုးရှင်းဆုံးနဲ့ အလွယ်ကူဆုံးအသုံးပြုပြီး အဆီကျ ကျန်းမာလှပစေမယ့် နည်းလမ်းလေးတစ်ခုကို မျှဝေသွားမှာ ဖြစ်ပါတယ်။

ရုံးပတီသီး မှာ ဘယ်လိုအကျိုးပြုပစ္စည်းတွေ ပါဝင်သလဲဆိုရင်

ကယ်လိုရီ
ကာဘိုဟိုက်ဒရိတ်
ပရိုတင်း
အဆီဓာတ်
အမျှင်ဓာတ်
မဂ္ဂနီဆီယမ်
ဖောလစ်အက်ဆစ်
ဗီတာမင် A
ဗီတာမင် C
ဗီတာမင် K
ဗီတာမင် B6 တို့ပါဝင်ပါတယ်။

ဟင်းသီးဟင်းရွက် များမှာ ပါဝင်မှုနည်းလေ့ရှိတဲ့ ပရိုတင်းဓာတ်ဟာ ရုံးပတီသီး မှာ အဓိကပါဝင်ပါတယ်။ ဒါဟာ အဆီကို ကျစေဖို့ နဲ့ ကြွက်သားတည်ဆောက်မှုမှာ အရေးပါဆုံးပါပဲ။

နောက်တစ်ခုဟာ အသားအရေလှပမှုကို အားဖြည့်ပေးတဲ့ ဗီတာမင် C နဲ့ K တို့ပါဝင်ပြီး ကင်ဆာရောဂါနဲ့ အခြားသော ရောဂါကြီးများကို ကာကွယ်ပေးနိုင်တဲ့ Antioxidants များပါတဲ့ အတွက် အကျိုးကျေးဇူးကတော့ ပြောလို့မကုန်ပါပဲ ။

#ရုံးပတီသီး_Detox_Water

သုံးစွဲပုံ စနစ်တွေကတော့ အများကြီးရှိတာပေါ့။ ဟင်းချက်စားလို့လည်းရတယ် ။ ဒီတိုင်းပြုတ်စားလို့လည်းရပါတယ်။ မင်မင်က တော့ ရိုးရှင်းတဲ့ အဆိပ်အတောက်ဖြေနည်းလေးဖြစ်တဲ့ Detox Water လုပ်နည်းလေးတင်ပြပေးလိုက်ပါတယ် ။

နည်းလမ်းက ရိုးရှင်းပါတယ် ။

ရုံးပတီသီး ၄ တောင့် သို့မဟုတ် ၆ တောင့် ခန့်ကို ရေစင်အောင်ဆေးပြီး အပိုင်းပိုင်းလေးတွေ ဖြတ်တောက်ပါ။

ပြီးရင် ရေတစ်ကောင်းတစ်ခုထဲ ရေအနည်းငယ် ( လီတာဝက် ရေသန့်ဘူး တစ်ဝက်စာ) ခန့်ဖြည့်ပြီး ရုံးပတီသီးတွေ စိမ်ထားပါ ။ ရေခဲသေတ္တာထဲ ထည့်ထားနိုင်ရင် ပိုကောင်းပါတယ်။

ကြာချိန် ၈ နာရီခန့် စိမ်ရပါတယ် ။ နောက်နေ့မနက်သောက်မယ်ဆို ညကတည်းက စိမ်ပါ ။ မနက်အလုပ်မသွားခင် စိမ်ထားခဲ့ရင်လည်း ညဘက်သောက်လို့ရပါတယ်။

မင်မင်က တော့ မနက်ခင်း ဘာမှ မစားခင် သောက်တာကို အကြိုက်ဆုံးပါပဲ။

ဒီ Detox. နည်းလမ်းလေးကို တစ်လခန့် စွဲစွဲ မြဲမြဲ လုပ်သွားရုံနဲ့ ခါးအဆီ ဗိုက်အဆီတွေ ကျပြီး အသားအရေလှလာမှာပါ ။ ဇွဲရှိရှိနဲ့ လုပ်ဖို့ပဲ လိုတာပါ။

အားလုံးပဲ ကျန်းမာလှပကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်နော် ။

_ဝိတ်ချချင်တယ် ဆိုသူလေးတွေအတွက် နောက်ထပ် ကျန်းမာရေးနဲ့ညီညွတ်တဲ့ နည်းလမ်းကောင်းလေးတွေ ထပ်ထပ် တင်ပေးသွားမှာမို့ Page ကို Like & See First ထားပါဦးနော် ။

သိချင်ဖတ်ချင်တဲ့ အကြောင်းအရာသစ်လေးတွေ ရှိရင်လည်း စဉ်ဆက်မပြတ် တင်ပြပေးနိုင်ဖို့ အတွက် ဒီပိုစ့်အောက်မှာ comment လေးတွေပေးခဲ့နော် ။

ကိုယ့်အတွက် အသုံးဝင်သလို တခြားသူလေးတွေလည်းဖတ်လို့ရအောင် Post ကို လွတ်လပ်စွာ Share လို့ ရပါတယ်နော် ။

⛔⛔Healthy Diet Wieght Loss Plan၏ မူပိုင်ရေးသားဖန်တီးမှု ဖြစ်ပါသောကြောင့် ခွင့်ပြုချက်မပါဘဲ ကူးယူဖော်ပြခြင်း မပြုပါရန် မေတ္တာရပ်ခံ အသိပေးအပ်ပါသည်။


#ဝိတ်ချကြမယ်




 #အဆီကျကျန်းမာလှပစေပြီး_အသားအရေစိုပြည်စေတဲ့အာဟာရဓာတ်များနှင့်အစာအုပ်စုများ♥ကယ်လိုရီနည်းပါးသောအစားအစာများပန်းသီးကညွတ်မုန်...
30/01/2021

#အဆီကျကျန်းမာလှပစေပြီး_အသားအရေစိုပြည်စေတဲ့အာဟာရဓာတ်များနှင့်အစာအုပ်စုများ

♥ကယ်လိုရီနည်းပါးသောအစားအစာများ

ပန်းသီး
ကညွတ်
မုန်လာဥနီ /မုန်လာဥဖြူ
ပန်းဂေါ်ဖီစိမ်း
အသားစွပ်ပြုတ်
ဂေါ်ဖီထုပ်
ပန်းဂေါ်ဖီ
ပင်စိမ်း
တရုတ်နံနံ
လိမ္မော်သီး
သခြားသီး
ကြက်သွန်ဖြူ
ဂရိတ်ဖရုသီး
ဆလပ်ရွက်
စိမ်းစားဥ
ကိုက်လန်
ရှောက်သီး
သံပုရာသီး
မှို
ကြက်သွန်နီ
ငရုတ်ကောင်း
သင်္ဘောသီး
စတော်ဘယ်ရီ
ဟင်းနုနွယ်
ပဲအမျိုးမျိုး
ခရမ်းချဉ်သီး
ဖရဲသီး
ကော်ဖီကြမ်း
လက်ဖက်စိမ်းရေနွေး(ရေနွေးကြမ်း)
ချင်း (ဂျင်း) ရေနွေးကြမ်း

♥ဘီတာကယ်ရိုတင်းဓာတ် ပါသော အစာများ

မုန်လာဥနီ၊ တရုပ်ဆီးသီး၊ ကန်စွန်းဥ၊
သရက်သီးမှည့်၊ သခွားမွှေးသီး၊ ကိုက်လန်၊ ဟင်းနုနွယ်၊
ပန်းဂေါ်ဖီစိမ်း၊

♥Vitamin_C ပါသော အစာများ

လိမ္မော်သီး၊ မာလကာသီး၊ စထရော်ဘယ်ရီသီး၊ ကီဝီသီး၊
စပျစ်သီး၊ သံပုရာသီး၊ ပန်းငရုပ်ပွ အနီ/အစိမ်း၊ ပန်းဂေါ်ဖီစိမ်း၊ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ၊

♥Vitamin_D ပါသော အစာများ

အဆီဓာတ်များသော ငါးများ၊ ဆော်လမွန်ငါး၊ ဆာဒင်းငါး၊
တူနာငါး၊ ငါးသေတ္တာငါးများ၊ ဥများ၊အမဲအသည်း၊
နို့၊ ဒိန်ခဲ၊ တို့ဖူး၊ မှိုများ၊
(နေပူစာ လှုံခြင်းဖြင့်လည်း Vitamin D ရနိုင်ပါတယ်)

♥Zinc ဇင့်ဓာတ်ပါသော အစာများ

ကုလားပဲ၊ ပဲကြီး၊ ပဲနီလေး၊ ပဲဝါလေး၊
အစေ့အဆံ အနှံများ၊ အခွံမာသီးများရဲ့ အဆံများ၊
ကဏန်း ပုစွန်ထုပ် ဂုံး ကရုကမာ ယောက်သွား စတဲ့
ပင်လယ်စာများ၊ အမဲသား၊ ဝက်သားဘိစတိတ်၊
ကြက်မဲအသား၊ ဒိန်ချဉ်၊ ဂျုံစေ့၊

♥Protein ပရိုတင်းဓာတ် ကြွယ်ဝသော အစာများ

အသား၊ ငါး၊ ဥ၊ နို့၊ ပဲအမျိုးမျိုး၊ အစေ့အဆံများ

♥Probiotics and Prebiotics

အကျိုးပြုဘက်တီးရီးယား (probiotics) များ
ပါသောအစာများ
(ဒိန်ချဉ်၊ နို့ချဉ်၊ ကင်မ်ချီ၊ ဂေါ်ဖီချဉ်၊
ချဉ်ဖတ်စုံ,စတဲ့ အချဉ်ဖောက်ထားသော အစာများ)

ထို အကျိုးပြုဘက်တီးရီးယားများရဲ့ ရှင်သန်ပွားများမှုကို
တိုးမြှင့်ကူညီပေးသော အစာများ (prebiotics)
(ငှက်ပျောသီး၊ ကြက်သွန်ဖြူ/နီ၊ ကြက်သွန်မိတ်၊ ကညွတ်၊ ပဲကြီး၊ အစေ့အဆံ,အကြမ်းများ)

♥ရေနှင့်ရေဓာတ်_ပြည့်ဝသော_အစာများ
ရေ၊ အရည်ရွှမ်း‌သော အသီးနှင့် ဟင်းသီးဟင်းရွက်များ၊
စွပ်ပြုတ်၊ ဖျော်ရည်များ။

♥ဗီတာမင် A ကို အဓိက ရရှိနိုင်တဲ့ အစားအသောက်များကတော့ .....

_ထောပတ်

_ဥအမျိုးမျိုး

_ငါးကြီးဆီ ( Omega 3 )

_အဆီပါသောငါးများ

_နြားနို့
ူ_ဒိန်ချဉ်

_အသည်းများ ( ဝက်အသည်း ၊ ကြက်အသည်း ၊စသည် ) တို့ဖြစ်ပါတယ် ။

♥အာဂျင်နင်း(Arginine) ကြွယ်ဝစွာပါဝင်သောအစားအစာများ

**အခွံမာသီး နှင့် အစေ့အဆံများ**

_ဖရုံစေ့
_နှမ်း
_သစ်ကြားသီး
_အယ်လ်မွန်စေ့
_ထင်းရှူးစေ့

**အသားအမျိုးမျိုး**

_ကြက်ဆင်ရင်အုံသား
_ကြက်သား
_ဝက်ပေါင်သား
_အမဲသား

**ပဲအမျိုးမျိုး**

_ပဲပိစပ်
_မြေပဲစိမ်း
_ကုလားပဲ

**နို့ နှင့် နို့ထွက်ပစ္စည်းများ**

**ရေညှိ / ရေမှော် တို့ပဲ ဖြစ်ကြပါတယ် ။

ကြွယ်ဝသော_အစာအုပ်စာများ

ချဉ်သောအသီးများ

ဘယ်ရီသီးအုပ်စုဝင်များ

စပျစ်အုပ်စုဝင်များ

အစိမ်းရောင်ရင့်ရင့်ရှိသောဟင်းသီးဟင်းရွက်များ

အစေ့အဆံများ

အဆီပါသောငါးများ

ပင်လယ်စာများ

ပဲမျိုးရင်းအားလုံး

♥ကော်လာဂျင်ပါဝင်မှုမြင့်မားတဲ့အစားအသောက်တွေ

ကော်လာဂျင်ကို ဆေးဝါး အနေနဲ့ ထုတ်လုပ်ကြတာမျိုး ရှိပေမယ့် မင်မင်ကတော့ လိုအပ်တဲ့ ကော်လာဂျင်ကို ရနိုင်မယ့် အစားအစာတွေကိုသာ ဖော်ပြပေးလိုက်ပါတယ်။

_အရေခွံပါသော ငါးများ

_ခရမ်းချဉ်သီး

_အရိုးပြုတ်ရည်

_ဘယ်ရီသီး

_အမဲသား

_ချဉ်သောအရသာရှိသည့်အသီးများ

_ဥအမျိုးမျိုး

_အစိမ့်ရောင်ရင့်ရင့် ဟင်းသီးဟင်းရွက်များ

_ကြက်သား

_ပဲအမျိုးမျိုး

_ဂုံး / ကမာ

_စပီရူလိုင်းနား

_အခွံမာသီးနှင့် အစေ့အဆံ များ တို့ ဖြစ်ပါတယ် ။

♥အမျှင်ဓာတ်မြင့်မားသော_အစားအစာများ

_သစ်တော်သီး

_စတော်ဘယ်ရီသီး

_ထောပတ်သီး

_ပန်းသီး

_ဘယ်ရီသီး

_စတော်ဘယ်ရီသီး

_လိမ္မော်သီး

_မာလကာသီး

_ငှက်ပျောသီး

_မုန်လာဥဖြူ / နီ

_ပန်းဂေါ်ဖီစိမ်း

_အမဲသား

_အာတီချုပ်သီး( Artichoke)

_ပဲပင်ပေါက်

_ပဲနီလေး

_ပဲလွန်း

_စားတော်ပဲ

_ကုလားပဲ

_လူးစေ့

_အုတ်ဂျုံများ

_ပေါက်ပေါက်ဆုပ်

_ဗာဒံစေ့

_စမုန်နက်စေ့

_ကန်စွန်းဥ

_ချောကလက်

_ဖရုံစေ့

_ဝိတ်ချချင်တယ် ဆိုသူလေးတွေအတွက် နောက်ထပ် ကျန်းမာရေးနဲ့ညီညွတ်တဲ့ နည်းလမ်းကောင်းလေးတွေ ထပ်ထပ် တင်ပေးသွားမှာမို့ Page ကို Like & See First ထားပါဦးနော် ။

သိချင်ဖတ်ချင်တဲ့ အကြောင်းအရာသစ်လေးတွေ ရှိရင်လည်း စဉ်ဆက်မပြတ် တင်ပြပေးနိုင်ဖို့ အတွက် ဒီပိုစ့်အောက်မှာ comment လေးတွေပေးခဲ့နော် ။

ကိုယ့်အတွက် အသုံးဝင်သလို တခြားသူလေးတွေလည်းဖတ်လို့ရအောင် Post ကို လွတ်လပ်စွာ Share လို့ ရပါတယ်နော် ။

⛔⛔Healthy Diet Wieght Loss Plan၏ မူပိုင်ရေးသားဖန်တီးမှု ဖြစ်ပါသောကြောင့် ခွင့်ပြုချက်မပါဘဲ ကူးယူဖော်ပြခြင်း မပြုပါရန် မေတ္တာရပ်ခံ အသိပေးအပ်ပါသည်။


#ဝိတ်ချကြမယ်




#ပိန်ချင်သူများအတွက်
#ဝိတ်ကျချင်သူများအတွက်

 #အလွယ်ကူဆုံး_အရိုးရှင်းဆုံးဝိတ်ချနည်းလမ်းလေးတွေ......ဒီနည်းလမ်းလေးတွေက လွယ်ကူလွန်းလို့ ဝိတ်ကျတယ် ဆိုတာ ဟုတ်ပါ့မလားလို့ ...
29/01/2021

#အလွယ်ကူဆုံး_အရိုးရှင်းဆုံးဝိတ်ချနည်းလမ်းလေးတွေ......

ဒီနည်းလမ်းလေးတွေက လွယ်ကူလွန်းလို့ ဝိတ်ကျတယ် ဆိုတာ ဟုတ်ပါ့မလားလို့ တွေးမိစရာပါပဲ.... ။

တကယ်တမ်းတော့ ဒီအချက်ကလေးတွေကိုသာ ဂရုတစိုက်နဲ့ နေ့စဉ်နဲ့အမျှ လုပ်ဆောင်သွားမယ်ဆိုရင် ထိရောက်တဲ့ ဝိတ်ကျခြင်းကို ရရှိမှာပါ ။

လွယ်ကူတယ် ရိုးရှင်းတယ် ထိရောက်တယ် ။ ကိုယ့်နဲ့ အဆင်ပြေတယ် ဆိုရင် စွဲစွဲ မြဲမြဲ လုပ်ဆောင်ဖို့ အရေးကြီးပါတယ် ။

၁။ မနက်အိပ်ရာထရင် ရေ ၂ ဖန်ခွက်သောက်ပေးပါ ။

တစ်နေ့တာလုံး ပေါ့ပါးနေဖို့ ဆိုတာ ဝမ်းမှန်ဖို့လိုပါတယ် ။ ဝမ်းမှန်နေခြင်းဟာလည်း ဝိတ်ကျစေတဲ့ နည်းလမ်းကောင်းတစ်ချက်ပါပဲ ။ ဒါကြောင့် မနက်အိပ်ရာထ တာနဲ့ ရေ ၂ ဖန်ခွက် သောက်နိုင်ရင် ၃ ဖန်ခွက်လောက်သောက်ပေးပါ ။ ၁၅ မိနစ်ခန့်ကြာရင် ဝမ်းသွားချင်လာပါလိမ့်မယ် ။ အညစ်အကြေး အပူအပုပ်ကင်းစေပြီး ပေါ့ပါးလန်းဆန်းစေသလို အူလမ်းကြောင်းကောင်းမွန်ပြီး ဝိတ်ကျစေပါတယ် ။

၂။ မနက်စာ စား ဖြစ်အောင် စားပါ ။

မနက်ခင်းမှာ မြင့်တက်နေတဲ့ အင်ဆူလင် ပမာဏ သွေးတွင်း ကိုလက်စရောတွေကို ထိန်းညှိပေးဖို့အတွက် မနက်စာ စားကို စားပေးရပါမယ် ။ မနက်စာ ကို မစားဘဲ ကာလကြာနေခြင်းဟာလည်း ဝိတ်တက်စေတဲ့ အကြောင်းတစ်ချက်ပါ ။

၃။ အချဉ်ဓာတ် ရအောင်စားသုံးပါ ။

တစ်နေ့တာလုံး စားသောက်တဲ့ အစားအစာတွေထဲမျာ အချဉ်ဓာတ် တနည်းအားဖြင့် Vitamin C ရရှိစေတဲ့ သစ်သီးဝလံ များ စားသုံးပေးပါ ။ ကိုယ်ခံအားလည်း ကောင်းစေသလို အဆီလည်း ကျစေပါတယ် ။

၎။ ကိုယ်လက်လှုပ်ရှား မှုနေ့စဉ် ပြုလုပ်ပါ ။

နေ့တိုင်း အနည်းဆုံး နာရီဝက်ခန့် ချွေးထွက်အောင်အားကစား လုပ်ပေးရပါမယ် ။ ရွရွပြေးတာ လမ်းလျှောက်တာ ထိုင်ထ အိပ်ထမတင် ကြိုးခုန် စသဖြင့် မိမိအဆင်ပြေသလို လုပ်ဆောင်နိုင်ပါတယ် ။ သွေးလေ လှည့်ပတ်မှုကောင်းသလို အဆီကျ လှပစေမှာပါ ။

၅။ အချိန်မှန်အိပ်ပါ ။ အိပ်ရေးဝပါစေ။

အိပ်ရေးပျက်ခြင်းဟာ အစာစားချင်စိတ်တွေ ပိုမို ဖြစ်ထွန်းစေသလို ညဘက်မှာ ထွက်ရှိတဲ့ ကော်လာဂျင်ကိုလည်း တားဆီးပေးတာမို့ အသားအရေ ညစ်နွမ်းစေပါတယ် ။ အိပ်ရေးဝဝ အိပ်မယ် ။ စောစောအိပ် စောစောထမယ်ဆိုရင် တစ်နေ့တာလုံးအတွက် ခွန်အားဖြစ်စေရုံသာမက စောစောအိပ် စောစောထတဲ့ အလေ့အကျင့်ဟာ စွဲမြဲသွားရင် ကျန်းမာရေး ကောင်းပြီး အဆီကျ လှပစေပါတယ် ။

ဝိတ်ချချင်တယ် ဆိုသူလေးတွေအတွက် နောက်ထပ် ကျန်းမာရေးနဲ့ညီညွတ်တဲ့ နည်းလမ်းကောင်းလေးတွေ ထပ်ထပ် တင်ပေးသွားမှာမို့ Page ကို Like & See First ထားပါဦးနော် ။

သိချင်ဖတ်ချင်တဲ့ အကြောင်းအရာသစ်လေးတွေ ရှိရင်လည်း စဉ်ဆက်မပြတ် တင်ပြပေးနိုင်ဖို့ အတွက် ဒီပိုစ့်အောက်မှာ comment လေးတွေပေးခဲ့နော် ။

ကိုယ့်အတွက် အသုံးဝင်သလို တခြားသူလေးတွေလည်းဖတ်လို့ရအောင် Post ကို လွတ်လပ်စွာ Share လို့ ရပါတယ်နော် ။

⛔⛔Healthy Diet Wieght Loss Plan၏ မူပိုင်ရေးသားဖန်တီးမှု ဖြစ်ပါသောကြောင့် ခွင့်ပြုချက်မပါဘဲ ကူးယူဖော်ပြခြင်း မပြုပါရန် မေတ္တာရပ်ခံ အသိပေးအပ်ပါသည်။


#ဝိတ်ချကြမယ်




 ပြောင်းလဲပြီးအဆီချလိုက်ပါ။ဒီပို့စ်လေးမှာတော့ Lifestyle ဆိုတာဘာလဲ?Lifestyle ပြောင်းလဲခြင်းအားဖြင့် ဘယ်လိုအကျိုးကျေးဇူးတေ...
28/01/2021

ပြောင်းလဲပြီးအဆီချလိုက်ပါ။

ဒီပို့စ်လေးမှာတော့ Lifestyle ဆိုတာဘာလဲ?
Lifestyle ပြောင်းလဲခြင်းအားဖြင့် ဘယ်လိုအကျိုးကျေးဇူးတွေ ရနိုင်မလဲ ဆိုတာကို ဆွေးနွေးပေးမှာပါ ။😊😊😊

Lifestyle ဆိုတာ ကိုယ့်ဘဝကို ဖြတ်သန်းကြတဲ့နေရာမှာ နေ့စဉ်နဲ့အမျှ နေထိုင်နေတဲ့ နေထိုင်မှုဟန်ပန် စားသောက်မှုဟန်ပန်နဲ့ စိတ်နေစိတ်ထား အစရှိသဖြင့်အားလုံးပါဝင်တာပါ။🤗🤗🤗🤗

ကိုယ် အိပ်ရာထလိုက်တဲ့ အချိန်ကနေ စလို့ အိပ်ရာဝင်တဲ့ အချိန်ထိ တစ်နေ့တာကို ပျှမ်းမျှ ဘယ်လိုကုန်ဆုံးစေလဲဆိုတာမူတည်ပါတယ် ။👍👍👍👍

တစ်ချို့က ဝိတ်တော့ ချချတယ် ။ Lifestyle ကိုမပြောင်းလဲ ကြဘူး ။ တစ်ချို့ကျ ဝိတ်ချနေတုန်းခဏတော့ Lifestyle ကောင်းတွေ ပြောင်းလဲ ကြတယ်။ ဝိတ်ကျပြီးသွားတဲ့အခါမှာတော့ ကောင်းမွန်တဲ့ Lifestyle ကိုဆက်ပြီး မထိန်းထားတော့ပါဘူး။ 👎👎👎

ရေရှည်မှာ အဆီကျလှပပြီး သွက်လက်တဲ့ စိတ်ဖိစီးမှုကင်းတဲ့ ဘဝတစ်ခုကို ရနိုင်ဖို့အတွက် Lifestyle ကောင်းလေးတွေ က အမြဲလိုအပ်နေတာပါ ။📝📝📝📝

ဒါဆို ဘယ်လို Lifestyle တွေကို အကျင့်လုပ်မွေးမြူရမလဲဆိုတာကို မင်မင်က ပြောပြချင်ပါတယ် ။ မင်မင်ပြောပြတဲ့ အလေ့အကျင့်ကောင်းလေးတွေကိုသာ စနစ်တကျ လိုက်လုပ်မယ်ဆိုရင် သွားလာလှုပ်ရှားနေရင်းနဲ့ပဲ ဝိတ်ကျလှပလာမှာပါလို့ ။😍😍😍

ညစောစောအိပ်။မနက်စောစောထပါ။ တစ်နေ့ကို အနည်းဆူံး အိပ် ချိန် ၇ နာရီရှိရပါမယ်။⏰⏰⏰

မနက်စာ စားဖြစ်အောင်စားပါ ။အသား ပရိုတင်း နဲ့ ဟင်းသီးဟင်းရွက် အသီးအနှံ များစားပါ။ ကစီဓာတ်လျှော့စားပါ ။🍑🍆🍍🍆

မနက်ခင်း အိပ်ရာထမှာ အချိန်ရရင် ကိုယ်လက်လှုပ်ရှား မှုဖြစ်ဖြစ် ယောဂထိုင်တာဖြစ်ဖြစ် လုပ်စေချင်ပါတယ် ။🙆🙆

အလုပ်ချိန်အတွင်းတက်တက်ကြွကြွ လှုပ်လှုပ်ရှားရှားနေပါ ။🚶🏃‍♀️🚶‍♀️

နေ့လည်စာ ကို အပြင်မှာ ဝယ်စားတာထက် အိမ်ထမင်းဟင်းပဲ စားစေချင်ပါတယ်။ ထမင်းကို လျှော့စားပါ ။ ဝပြီဆို တော်လိုက်ပါ ။စားကောင်းကောင်းနဲ့ အများကြီးမစားရပါဘူးနော် ။😁😁😁

ရေ ၃ လီတာ ကို တစ်နေ့အတွက် မဖြစ်မနေကုန်အောင်သောက်ရပါမယ်။🥛🥛🥛

ညနေအလုပ်ပြီးချိန်မှာ အိမ်ပြန်ရောက်ရင် ခဏ relax လုပ်ပါ ။ အကြောအချင်များဖြေလျော့ပါ ။💆💆💆

ရေမချိုးခင်မှာ ချွေးထွက်အောင် လေ့ကျင့်ခန်းလုပ်တာ လမ်းလျှောက်တာ ပြေးတာ Gym ဆော့တာ တစ်ခုခု လုပ်စေချင်ပါတယ် ။ ၄၅ မိနစ်ခန့်ပါပဲ ။💪💪💪

ညစာကို အမျှင်ဓာတ် များများပါသော အစားအစာများစားပါ ။ ညဘက်မှာ အဆီအအိမ့် အချိုများမစားပါနဲ့ ။ အသီးအနှံ အားပြုစားနိုင်ပါတယ် ။ ဝအောင်စားပါ ။ ပမာဏ မကန့်သတ်ပါ ။🍋🍈🍌🍉

ညအိပ်ရာမဝင်ခင် မိမိ ကိုးကွယ်ရာ ဘာသာနှင့်အညီ ဝတ်ပြုရင်း ၁၅ မိနစ်မျှ ငြိမ်သက်စွာ အသက်ရှူပါ.... ။🎀🎀🎀

တစ်နေ့တာအတွက် မဖြစ်မနေမှတစ်ပါး ဖုန်းသုံးတာကို လျှော့ချပါ ။ သုံးတော့ သုံးရမှာ ဖြစ်ပေမယ့် အိပ်ခါနီး ဖုန်းအကြာကြီး သုံးတာက အိပ်စက်ချိန်မှာ အနှောင့်အယှက်ဖြစ်စေပါတယ်။📱📱📱📱

အိပ်ရာဝင်ချိန်မှာ ပြီးခဲ့တာတွေ မနက်ဖြန်အတွက်တွေ မတွေးဘဲနဲ့ နှစ်ခြိုက်စွာ အိပ်ပါ 🕰🕰🕰🕰🕰။

ဒါဆိုရင် ကောင်းမွန်တဲ့ အလေ့အကျင့်ကောင်း Lifestyle ကောင်းလေးတွေ ရရှိပါပြီ အားလုံးပဲ အသုံးဝင် အသုံးတည့်ပြီး အဆီကျလှပ ထက်မြက်တဲ့ သူများ ဖြစ်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်နော် ။

ဝိတ်ချချင်တယ် ဆိုသူလေးတွေအတွက် နောက်ထပ် ကျန်းမာရေးနဲ့ညီညွတ်တဲ့ နည်းလမ်းကောင်းလေးတွေ ထပ်ထပ် တင်ပေးသွားမှာမို့ Page ကို Like & See First ထားပါဦးနော် ။

သိချင်ဖတ်ချင်တဲ့ အကြောင်းအရာသစ်လေးတွေ ရှိရင်လည်း စဉ်ဆက်မပြတ် တင်ပြပေးနိုင်ဖို့ အတွက် ဒီပိုစ့်အောက်မှာ comment လေးတွေပေးခဲ့နော် ။

ကိုယ့်အတွက် အသုံးဝင်သလို တခြားသူလေးတွေလည်းဖတ်လို့ရအောင် Post ကို လွတ်လပ်စွာ Share လို့ ရပါတယ်နော် ။

⛔⛔Healthy Diet Wieght Loss Plan၏ မူပိုင်ရေးသားဖန်တီးမှု ဖြစ်ပါသောကြောင့် ခွင့်ပြုချက်မပါဘဲ ကူးယူဖော်ပြခြင်း မပြုပါရန် မေတ္တာရပ်ခံ အသိပေးအပ်ပါသည်။


#ဝိတ်ချကြမယ်




Address

Yangon

Website

Alerts

Be the first to know and let us send you an email when Diet for You posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Diet for You:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram