Servier Myanmar

Servier Myanmar Servier is a pharmaceutical company, committed to therapeutic progress to serve patient needs. SERVIER was established in Myanmar since 1997.

Founded to serve health, SERVIER is a global group governed by a Foundation that aspires to have a meaningful social impact, both for patients and for a sustainable world. With its unique governance model, it can fully serve its vocation with a long-term vision: being committed to therapeutic progress to serve patient needs. Our primary focuses are on Diabetes, Hypertension, Cardiology, Venous Disease and Depression, supported by 150 professional staffs and 14 products. We are driven by shared values and guided by common vision with patients and health care professionals. SERVIER Myanmar has been certified as ‘Great Place to Work’ for 2 consecutive years since 2021. We will continue our presence with a broad range of evidence-based medicines supported by scientific collaboration with Health Care Professionals to serve Myanmar patient needs. Content on website links shared are provided for information purposes only. The information and materials contained on these websites are not intended to constitute a comprehensive guide concerning all aspects of the therapy, product or treatment described on the website. All users are urged to always seek advice from a registered health care professional for diagnosis and answers to their medical questions and to ascertain whether the particular therapy, service, product or treatment described on the website is suitable in their circumstances. Servier Myanmar does not endorse or in any way support therapy, service, product or treatment reflected in these sites, and shall not bear any liability for reliance by any user on the materials contained on this website. In the event of a side effect related to the use of a medicine or medical device, or any other product, please contact your physician. You can also submit a report through Myanmar FDA. You may also report any side effects or product complaints that you, your family or friends have experienced with the use of Servier products by sending us an email to pv_myanmar@servier.com. For any medical enquiry, please contact medicalinfo.mm@servier.com.

🎇 Happy New Year 2026 🎇ကပ်ရောဂါဘေးအန္တရာယ်အပေါင်းကို နှစ်ဟောင်းနှင့်အတူ ထားခဲ့ပြီး နှစ်သစ် မှာ ပျော်ရွှင်ကျန်းမာသော ဘဝမျ...
31/12/2025

🎇 Happy New Year 2026 🎇
ကပ်ရောဂါဘေးအန္တရာယ်အပေါင်းကို နှစ်ဟောင်းနှင့်အတူ ထားခဲ့ပြီး နှစ်သစ် မှာ ပျော်ရွှင်ကျန်းမာသော ဘဝများကို မြန်မာပြည်သူပြည်သားများအားလုံး ပိုင်ဆိုင်နိုင်ပါစေကြောင်း Servier Myanmar မှနှစ်သစ်ဆုတောင်းလိုက်ရပါတယ်။

ဆီးချိုရောဂါနဲ့ သွေးတိုးရောဂါဟာ ဘယ်လိုစပ်ဆက်နေလဲ သင့်မှာ ဆီးချိုရောဂါရှိတယ်ဆိုရင်တော့ သွေးပေါင်ချိန်ကို သေချာစောင့်ကြည့်...
31/12/2025

ဆီးချိုရောဂါနဲ့ သွေးတိုးရောဂါဟာ ဘယ်လိုစပ်ဆက်နေလဲ
သင့်မှာ ဆီးချိုရောဂါရှိတယ်ဆိုရင်တော့ သွေးပေါင်ချိန်ကို သေချာစောင့်ကြည့်ဖို့ လိုပါတယ်။ အကြောင်းရင်းက ဆီးချိုရှိတယ်ဆိုရင် လေဖြတ်တာ၊ နှလုံးရောဂါနဲ့ တခြားနောက်ဆက်တွဲ ရောဂါတွေပါ ဖြစ်လာတတ်လို့ပါပဲ။
ဒါဆိုဆီးချိုရောဂါသည်တွေမှာ သွေးတိုးရောဂါဖြစ်လေ့ရှိသလား။
သွေးတိုးရောဂါနဲ့ အမျိုးအစား (၂) ဆီးချိုရောဂါ ဟာ အတူတူတွဲလာတတ်ပြီးတော့ ရောဂါ(၂) မျိုးလုံးကို ရေရှည် ကုသဖို့လိုအပ်ပါတယ်။ ဆီးချိုရောဂါ မရှိတဲ့သူတွေနဲ့ ယှဥ်ရင် ဆီးချိုရောဂါရှိတဲ့သူတွေ ဟာ သွေးတိုးရောဂါဖြစ်နိုင်ချေ (၂ )ဆ ပိုများပါတယ်။ တိတိကျကျ ပြောရမယ်ဆိုရင်တော့ အမျိုးအစား (၁) ဆီးချိုရောဂါခံစားရတဲ့ သူ (၁၀) ယောက်မှာ( ၃ )ယောက် နဲ့ အမျိုးအစား (၂) ဆီးချိုရောဂါ ခံစားရတဲ့ သူ (၁၀) ယောက်မှာ (၈) ယောက်က သွေးတိုးရောဂါကို တချိန်ချိန်မှာ ခံစားကြရပါတယ်။ နောက်တစ်ခုကတော့ သွေးတိုးရောဂါရှိတဲ့သူတော်တော်များများမှာ အင်ဆူလင် မတိုးတဲ့ပြဿနာရှိတတ်ပြီးတော့ ဆီးချိုရောဂါ ဖြစ်နိုင်ချေပိုများပါတယ်။ တကယ်လို့ ဆီးချိုရောဂါလည်းခံစားရတယ် အောက်ပါ အချက်တွေနဲ့လည်း ကိုက်ညီနေတယ်ဆိုရင်တော့ သွေးတိုးရောဂါဖြစ်နိုင်ချေများပါတယ်။
- အာဖရိကန်နဲ့ ကာရေးဗီးယန်းမျိုးနွယ်ကနေမွေးဖွားလာသူတွေ
- အင်ဒီယန်းတိုက်ငယ်မှာနေထိုင်နေတဲ့သူတွေ
- မိသားစုမျိုးရိုးမှာ သွေးတိုးရောဂါရှိတဲ့သူတွေ
- အဝလွန်တာ၊ အငန်အစားများတာ၊ အရက်အလွန်အကျွံသောက်သုံးတာ အသီးအနှံနဲ့ သစ်သီးဝလံ စားသုံးမှုနည်းတာ လှုပ်ရှားမှုနည်းတာ စတဲ့သူတွေပဲဖြစ်ပါတယ်။

သွေးတိုးရောဂါနဲ့ ဆီးချိုရောဂါရဲ့ဆက်နွယ်မှု
တခါတရံမှာ ဆီးချိုနဲ့သွေးတိုးရောဂါဟာ တစ်ချိန်တည်းမှာပဲ ခံစားရနိုင်ပါတယ်။ ဒီရောဂါတွေကို ဖြစ်စေတဲ့ တူညီတဲ့အောက်ပါ အကြောင်းပြချက်တွေရှိလို့ပါပဲ
• ကယ်လိုရီ အစားများပြီး လှုပ်ရှားမှုနည်းတဲ့ လူနေမှုဘဝပုံစံရှိခြင်း
• အဝလွန်ခြင်း
• ကိုယ်ခံအားစနစ်ကို တက်ကြွစေခြင်း
• ခန္ဓာကိုယ်ရောင်ရမ်းခြင်း
• ဓာတ်တိုးလုပ်ငန်းစဥ်များပြားပြီး ဆဲလ်များကို ဝန်ပိစေခြင်း
• အင်ဆူလင် မတိုးတော့ခြင်း စတဲ့ အချက်တွေပဲဖြစ်ပါတယ်
ဒါ့အပြင် ဆီးချိုသွေးချိုရှိတဲ့ လူတစ်ယောက်ဟာ ဂလူးကို့စ်(သို့) သကြားဓာတ်တွေကိုထိန်းသိမ်းဖို့ အင်ဆူလင် ပြည့်ပြည့်ဝဝ လုံလုံလောက်လောက်မရှိသလို ရှိတဲ့အင်ဆူလင်ဟာလည်း ကောင်းကောင်း အလုပ်လုပ်နိုင်ခြင်းမရှိပါဘူး။ ရလဒ်အနေနဲ့ စွမ်းအင်ရရှိဖို့ ဆဲလ်တွေအထဲကို ဂလူးကို့စ်တွေ မဝင်နိုင်ဘဲ သွေးလည်ပတ်မှုစနစ်ထဲမှာပဲ စုပုံလာပါတော့တယ်။ ဒီလိုသွေးတွင်း မှာ ဂလူးကို့စ်သကြားဓာတ်တွေမြင့်တက်လာတာဟာ ပုံမှန်သွေးပေါင်ချိန်ကို ထိန်းသိမ်းပေးတဲ့ တစ်ရှူးနဲ့ ကိုယ်တွင်း အစိတ်အပိုင်းတွေကိုပါ ပျက်စီးစေပါတယ်။ ဥပမာအနေနဲ့ပြောရရင် သွေးကြောတွေနဲ့ ကျောက်ကပ်ကို ပျက်စီးစေတဲ့အတွက် သွေးပေါင်ချိန်ပါ မြင့်တက်လာတာမျိုးဖြစ်ပါတယ်။ ဒီလိုအချက်တွေကြောင့်သွေးတိုးရောဂါနဲ့ဆီးချိုသွေးချိုရောဂါဟာ ဆက်နွယ်နေပြီးတော့ သတိထားစောင့်ကြည့်ဖို့လိုအပ်ပါတယ်။
သွေးတိုးနဲ့ ဆီးချိုရောဂါရဲ့ နောက်ဆက်တွဲတွေက ဘာတွေဖြစ်နိုင်လဲ
တကယ်လို့ ဆီးချိုရောဂါခံစားနေရပြီဆိုရင် သွေးပေါင်ချိန်ကို ကောင်းကောင်း ထိန်းချုပ်ထားဖို့ လိုအပ်ပါတယ်။ သွေးပေါင်ချိန်မြင့်တက်ခြင်းဟာ နှလုံးသွေးကြာရောဂါဖြစ်ပွားစေတဲ့ အကြောင်းအရင်းတွေထဲက တစ်ခုပါပဲ။ တကယ်လို့ မကုသဘဲနေမယ်ဆိုရင် သွေးတိုးရောဂါကနေ နှလုံးရောဂါနဲ့ လေဖြတ်တဲ့ ရောဂါအထိ ဖြစ်စေနိုင်ပါတယ်။ ဆီးချိုရောဂါနဲ့ သွေးတိုးရောဂါရှိတဲ့သူတွေဟာ ဒီရောဂါတွေ မရှိတဲ့သူထက် နှလုံးရောဂါဖြစ်နိုင်ချေ (၄) ဆ ရှိပါတယ်။ တကယ်လို့ မကုသဘဲ ထားမယ်ဆိုရင်တော့ ဆီးချိုသွေးချိုရောဂါနဲ့ သွေးတိုးရောဂါကနေ ပိုပြင်းထန်တဲ့ နောက်ဆက်တွဲရောဂါတွေဖြစ်တဲ့ မျက်စိအန္တရာယ်နဲ့ဆိုင်သောရောဂါများ ၊ ကျောက်ကပ် ပျက်စီးခြင်း စတာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါ့ကြောင့် သွေးတွင်းသကြားဓာတ်များခြင်းနဲ့ သွေးဖိအားများခြင်းကို သေချာဂရုစိုက်ထိန်းချုပ်မယ်ဆိုရင်တော့ ဒီပြဿနာတွေကို ကာကွယ်နိုင်ပါလိမ့်မယ်။
သွေးတိုးရောဂါနဲ့ ဆီးချိုရောဂါကို ဘယ်လိုထိန်းချုပ်ကုသမလဲ
သွေးတိုးနဲ့ ဆီးချိုရောဂါကိုထိန်းဖို့နဲ့ ကုသဖို့အတွက် နေထိုင်မှုပုံစံကိုပြောင်းလဲဖို့လိုအပ်ပါလိမ့်မယ်။ နောက်ပြီးတော့ ဆီးချိုရောဂါ ဝေဒနာရှင်အများအပြား ဟာ သူတို့ရဲ့ သွေးပေါင်ချိန်ကျဖို့အတွက်ဆေးဝါးတွေသောက်သုံးဖို့ လိုအပ်ပါတယ်။ ဒါပေမယ့်
• အသက် အရွယ်၊ ကျန်းမာရေး အခြေအနေနဲ့ ဆေးကုသမှု ရာဇဝင်
• ရောဂါ ပြင်းထန်မှု အခြေအနေ
• ဆေးဝါး နဲ့ ကုသရေး နည်းလမ်းတွေအပေါ် ခံနိုင်ရည်စွမ်း
• ရောဂါသက်သာလာဖို့ မျှော်လင့်ချက်
• မိမိရဲ့ ရွေးချယ်မှု အပေါ်တွေမှာမူတည်ပြီးတော့ သွေးတိုးရောဂါအတွက် တိကျသော ကုသမှု ရရှိနိုင်ပါတယ်၊၊

Ref: https://myhealth-partner.com/articles/What-is-the-link-between-diabetes-and-hypertension

🎄 Merry Christmas to you all! 🎄ဒီဇင်ဘာ ခရစ္စမတ်အချိန်အခါလေးမှာ အေးချမ်းပျော်ရွှင်စရာ အချိန်များကို ဘဝတလျှောက်လုံး ပိုင်ဆ...
25/12/2025

🎄 Merry Christmas to you all! 🎄
ဒီဇင်ဘာ ခရစ္စမတ်အချိန်အခါလေးမှာ အေးချမ်းပျော်ရွှင်စရာ အချိန်များကို ဘဝတလျှောက်လုံး ပိုင်ဆိုင်နိုင်ကြပါစေကြောင်း Servier Myanmar မှ ဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်။

နှလုံးညှစ်အားနည်းရောဂါခံစားရရင် လူနာတော်တော်များများဟာ  စိတ်ဖိစီးမှု ဒဏ်ကိုခံစားကြရပါတယ်။ ဒီလိုဖြစ်ရတာဟာ ဝေဒနာကို ကုသဖို...
24/12/2025

နှလုံးညှစ်အားနည်းရောဂါခံစားရရင် လူနာတော်တော်များများဟာ စိတ်ဖိစီးမှု ဒဏ်ကိုခံစားကြရပါတယ်။ ဒီလိုဖြစ်ရတာဟာ ဝေဒနာကို ကုသဖို့ ကိုယ်တိုင် စီမံခန့်ခွဲရတာကြောင့်ဖြစ် သလို ရောဂါဝေဒနာတွေ မကြာခဏ ခံစားရတာရယ် ဆေးရုံမကြာခဏတက်ရတာရယ် စတဲ့ အကြောင်းအရင်းတွေကြောင့်ပါပဲ။ လေ့လာမှုတွေအရဆိုရင် စိတ်ဖိစီးမှုအရမ်းများတဲ့ နှလုံးညှစ်အားနည်းရောဂါလူနာတွေဟာ ရောဂါဝေဒနာကိုပိုပြီးတော့ ခံစားရသလို ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးတွေလည်းခံစားရနိုင်တာမို့ လူဖြစ်ရှုံးလှပါတယ်၊၊
နှလုံးညှစ်အားနည်းရောဂါဟာ စိတ်ကျန်းမာရေးကို အများကြီး ထိခိုက်စေပါတယ်။ ရောဂါကြောင့်
• ဝမ်းနည်းခြင်း
• ကြောက်ရွံ့ခြင်း
• စိတ်အားငယ်ခြင်း
• စိတ်ရှုပ်ထွေးခြင်း
• ဒေါသထွက်လွယ်ခြင်း
• စိတ်ကသိကအောင့်ဖြစ်ခြင်း
• စိတ်ပူပန်သောကရောက်ခြင်း
• စိတ်မပျော်ရွှင်ခြင်း စတဲ့ ဝေဒနာတွေကို ယာယီနေနဲ့လည်း ခံစားရစေပါတယ်။
ဒါပေယ့် တချို့လူတွေမှာဆိုရင်တော့ ပိုမိုဆိုးရွားတဲ့ စိတ်ကျရောဂါဝေဒနာကို ခံစားရနိုင်ပါတယ်။ လေ့လာတွေ့ရှိချက်တွေအရ နှလုံးညှစ်အားနည်းရောဂါခံစားရတဲ့သူတွေဟာ သာမန်လူတွေထက်ပိုပြီး စိတ်ပူပန်သောကများတာ စိတ်ကျရောဂါဝေဒနာ အဖြစ်များတာကိုတွေ့ရပါတယ်။
နှလုံးညှစ်အားနည်းရောဂါရှိတဲ့သူတွေရဲ့
၂၁.၅ ရာခိုင်နှုန်း ဟာ စိတ်ကျရောဂါဝေဒနာလက္ခဏာတွေရှိကြပါတယ် ။
၁၃ ရာခိုင်နှုန်းကတော့ စိတ်ပူပန်မှုရောဂါဝေဒနာလက္ခဏာတွေရှိကြပါတယ်။
၃၀ ရာခိုင်နှုန်းနီးပါးကတော့ စိတ်ပူပန်မှုရောဂါဝေဒနာတွေခံစားနေရပါတယ်။
နှလုံးညှစ်အားနည်းရောဂါရဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေကို ဘယ်လို ရင်ဆိုင်ကြမလဲ??
စိတ်ခံစားချက်တွေကို လိုက်လျောညီထွေဖြစ်အောင် နေထိုင်ခြင်းဟာ နှလုံးညှစ်အားနည်းတဲ့ရောဂါကို ကုသဖို့ အတွက် အရေးကြီးလှပါတယ်၊၊စိတ်ခံစားချက်တွေကို ဆင်ခြင်ကာ ထိရောက်တဲ့ဆေးဝါးတွေနဲ့ ကျန်းမာတဲ့ ဘဝနေထိုင်မှုပုံစံနဲ့ နေထိုင်ခြင်းဟာ ရောဂါအတွက် အကျိုးရှိလှပါတယ်။
နှလုံးညှစ်အားနည်းရောဂါကို စတင်သိရှိပြီးတာနဲ့
• သတင်းတွေကိုအချိန်ယူပြီး နားထောင်ပါ
• စိတ်ခံစားချက်တွေ ပြင်းထန်လာတိုင်း သတိမူပေးပါ
• စိတ်ခံစားချက်တွေကို သူငယ်ချင်း၊ ချစ်သူ၊ မိသားစုဝင်ကိုပြောပြတာပဲဖြစ်ဖြစ် ဒိုင်ယာရီ ဂျာနယ်ရေးမှတ်တာပဲဖြစ်ဖြစ် ကုထုံးယူပြီးပဲဖြစ်ဖြစ် ဖွင့်ဟပါ၊၊
• မိသားစုနဲ့ သူငယ်ချင်းတွေဆီကနေ အကူအညီတောင်းခံပါ
• နှလုံးညှစ်အားနည်းရောဂါကို ကုသဖို့အတွက် မိမိရဲ့ အခြေအနေကို ကိုယ်တိုင်သိရှိနားလည်ဖို့ ကြိုးစားပါ
• ကိုယ်နဲ့ ရောဂါ အခြေအနေ တူညီတဲ့ လူတွေရှိတဲ့ Group တွေ မှာဝင်ရောက်ပြီးစကားပြောကြည့်ပါ
တကယ်လို့ကိုယ့်မှာ စိတ်ကျရောဂါ၊ စိတ်ပူပန် လွန်တဲ့ ပြဿနာ နဲ့ စိတ်ထိခိုက်စေခဲ့တဲ့ အကြောင်းအရာတွေရှိခဲ့ရင်လည်း စိတ်ကျန်းမာရေးဆေးဝါးတွေ သောက်သုံးတာပဲဖြစ်ဖြစ် ဆွေးနွေးတိုင်ပင်တာပဲဖြစ်ဖြစ် နှစ်မျိုးလုံးလုပ်ဆောင်တာပဲဖြစ်ဖြစ် စိတ်ရောဂါဝေဒနာကုသမှုကိုခံယူဖို့ အကြံပြုလိုက်ပါရစေ။
ဆေးဝါးတွေကို ထိထိရောက်ရောက် သုံးစွဲပြီးတော့ ကျန်းမာတဲ့ ဘဝနေထိုင်မှု ပုံစံကိုပါ လိုက်နာကျင့်သုံးသင့်ပါတယ်။

Ref: https://myhealth-partner.com/articles/heart-disease-and-mental-well-being_what-about-heart-failure

နှလုံးညှစ်အားနည်းရောဂါဆိုတာ နှလုံးဟာပုံမှန်အတိုင်းကောင်းကောင်း အလုပ်လုပ်နိုင်စွမ်းမရှိတဲ့အခါ ခံစားရတဲ့ရောဂါတစ်မျိုးပဲဖြစ...
17/12/2025

နှလုံးညှစ်အားနည်းရောဂါဆိုတာ နှလုံးဟာပုံမှန်အတိုင်းကောင်းကောင်း အလုပ်လုပ်နိုင်စွမ်းမရှိတဲ့အခါ ခံစားရတဲ့ရောဂါတစ်မျိုးပဲဖြစ်ပါတယ်။ ရောဂါလက္ခဏာတွေကတော့ ပင်ပန်းနွမ်းနယ်ခြင်း၊ အသက်ရှုကြပ်ခြင်းနဲ့ အချိန်ကြာကြာ ချောင်းဆိုးခြင်းပဲဖြစ်ပါတယ်။ နှလုံးညှစ်အားနည်းရောဂါအတွက် သောက်ရတဲ့ဆေးတွေဟာ ရောဂါလက္ခဏာကို သက်သာကောင်းမွန်လာစေနိုင်တာမို့ အသက်ရှည်စေတဲ့အပြင် ဆေးရုံတက်ကုသတာကိုလည်း ရှောင်ရှားစေနိုင်ပါတယ်။ ဒါပေမဲ့ ဆေးဆက်မသောက်တော့တာ ၊ ဆေးသောက်ဖို့ မေ့တာ တွေက နှလုံးညှစ်အားနည်းတဲ့ ရောဂါကို ပိုပြီး ဆိုးရွားစေသလို ဆေးရုံတက်ကုသခံယူရစေနိုင်ပါတယ်။

ဒါဆို နှလုံးညှစ်အားနည်းရောဂါအတွက် ဆေးကိုပုံမှန်သောက်ဖို့ ဘယ်လို သတိပေးမလဲ?
နှလုံးညှစ်အားနည်းရောဂါခံစားရရင် ပုံမှန်ဆေးသောက်ဖို့ လိုအပ်ပါတယ်။ ဒ့ါကြောင့်‌ပုံမှန်ဆေးသောက်ဖို့အတွက် အောက်ပါနည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်၊၊
(၁) ဆေးသောက်ဖို့အတွက် Whiteboard မှာ သောက်ရမယ့်ဆေးတွေကိုမှတ်သားပြီးတော့ သောက်ပြီးတဲ့ အခါ မှတ်ထားတာတွေကို ဖျက်ပစ်ဖို့ မမေ့ပါနဲ့။
(၂) နေ့စဥ် ဆေးသောက်ဖို့ အချိန်တစ်ခုကို ရွေးထားပြီး အဲ့ဒီအချိန်မှာ ပုံမှန် ဆေးသောက်ဖို့ လေ့ကျင့်ပါ ။ ဥပမာ နေ့တိုင်းသွားတိုက်ပြီးတိုင်းဆေးသောက်တာမျိုးပေါ့
(၃) ဆေးတွေကို မြင်သာထင်သာရှိတဲ့နေရာမှာထားပါ။
(၄) ဆေးထည့်တဲ့ဘူးလေးတွေကို နေ့အတွက် ညအတွက် သေချာစီစဥ်ပြီးတော့ အသုံးပြုပါ။ ဒီလိုအသုံးပြုတာဟာ ဆေးသောက်ဖို့ သတိရစေသလို နှစ်ကြိမ်သုံးကြိမ် သောက်မိတာကိုလည်း ရှောင်ရှားစေပါတယ်။
(၅)ဒစ်ဂျစ်တယ် နည်းပညာကိုအသုံးပြုထားတဲ့ Mobile app တွေနဲ့သတိပေးစာတိုလေးတွေဟာ ဆေးကိုပုံမှန်သောက်စေဖို့အတွက် သတိပေးနိုင်ပါတယ်။

Ref: https://myhealth-partner.com/every-pill-matters

အမျိုးအစား (၂) ဆီးချို‌ရောဂါရှိတဲ့သူတွေလေ့ကျင့်ခန်းလုပ်မယ်ဆိုရင် ဘယ်အချက်တွေကို သတိထားသင့်လဲ ။လေ့ကျင့်ခန်းပြုလုပ်တဲ့အချိ...
03/12/2025

အမျိုးအစား (၂) ဆီးချို‌ရောဂါရှိတဲ့သူတွေလေ့ကျင့်ခန်းလုပ်မယ်ဆိုရင် ဘယ်အချက်တွေကို သတိထားသင့်လဲ ။
လေ့ကျင့်ခန်းပြုလုပ်တဲ့အချိန်မှာ ဘေးအန္တရာယ်ကင်းစေဖို့အတွက် အမျိုးအစား (၂) ဆီးချို‌ရောဂါရှိတဲ့သူတွေဟာ လေ့ကျင့်ခန်းမလုပ်ခင်နဲ့ လုပ်ပြီး အချိန်တွေမှာ သွေးတွင်း သကြားဓာတ်ကို တိုင်းတာဖို့လိုအပ်ပါတယ်။
လေ့ကျင့်ခန်း မလုပ်ခင် - လေ့ကျင့်ခန်းတွေဟာ အင်ဆူလင် ဒါမှမဟုတ် သွေးတွင်း သကြားဓာတ်ကျဆင်းစေတဲ့ ဆေးတွေကို သောက်သုံးနေရတဲ့ သူတွေအတွက် သွေးတွင်း သကြားဓာတ်ကို အလွန်အမင်းကျဆင်းစေပါတယ်။ ဒ့ါကြောင့် လေ့ကျင့်ခန်းမလုပ်ခင် ၁၅ မိနစ်နဲ့ မိနစ် ၃၀ကြားမှာ သွေးတွင်းသကြားဓာတ်ကိုစစ်ဆေးကြည့်ဖို့လိုအပ်ပါတယ်။


လေ့ကျင့်ခန်း လုပ်နေစဥ် အချိန် - သွေးတွင်း သကြာဓာတ် ကျဆင်းစေတဲ့ဆေးဝါးတွေနဲ့ အင်ဆူလင်ကို သုံးစွဲနေရတဲ့ ဆီးချိုသွေးချိုလူနာတွေဟာ လေ့ကျင့်ခန်းလုပ်နေစဥ် အတောအတွင်းမှာ သွေးတွင်း သကြားဓာတ် ကျဆင်းနိုင်ဖွယ်ရာရှိပါတယ်။ တကယ်လို့ လေ့ကျင့်ခန်းကို အချိန် ကြာကြာလုပ်ဖို့ ရည်ရွယ်ထားတယ်ဆိုရင်တော့ မိနစ် ၃၀ ခြားတစ်ခါ သွေးတွင်းသကြားဓာတ်တည်ငြိမ်မှုရှိမရှိ နဲ့ အတက်အကျ ရှိမရှိကို တိုင်းတာသင့်ပါတယ်။ ဒီလိုမှသာလျှင် လေ့ကျင့်ခန်းလုပ်တဲ့ အချိန်မှာ စိတ်အေးအေးနဲ့ လုပ်နိုင်မှာဖြစ်ပါတယ်။
လေ့ကျင့်ခန်းလုပ်ပြီး - လေ့ကျင့်ခန်းလုပ်ပြီးပြီးချင်း နဲ့ လေ့ကျင့်ခန်းလုပ်ပြီး နာရီအနည်းငယ်ကြာတဲ့အထိ သွေးတွင်းသကြားဓာတ်ကို စစ်ဆေးကြည့်ဖို့လိုပါလိမ့်မယ်။ လေ့ကျင့်ခန်းလုပ်တာဟာ ကြွက်သားနဲ့ အသည်းမှာသိမ်းဆည်းထားတဲ့ သကြားဓာတ်တွေကို အသုံးပြုရပါတယ်။ ခန္ဓာကိုယ်က ဒီလို ပြန်လည်အသုံးပြုတဲ့အချိန်မှာ သွေးတွင်းသကြားဓာတ်အခြေအနေကို သက်ရောက်စေပါတယ်။ လေ့ကျင့်ခန်းပြင်းပြင်းထန်ထန်ပိုလုပ်လေလေ သွေးတွင်းသကြားဓာတ်ကို ပိုပြီး အကျိုးသက်ရောက်မှုရှိလေလေပါပဲ။ လေ့ကျင့်ခန်းလုပ်ပြီး ၄ နာရီကနေ ၈ နာရီ အထိ သွေးတွင်းသကြားဓာတ်ကျဆင်းမှုရှိနိုင်ပါတယ်။ လေ့ကျင့်ခန်းလုပ်ပြီးတော့ ကစီဓာတ် မများတဲ့ အဆာပြေမုန့်တွေကို စားပေးတာဟာ သွေးတွင်းသကြားဓာတ်ကျဆင်းတာကို တားဆီးပေးပါတယ်။
ဒါ့ကြောင့် လေ့ကျင့်ခန်းမလုပ်ခင်မှာ ၊ လုပ်နေချိန်နဲ့ လုပ်ပြီးတဲ့ နောက်မှာ ရေဓာတ်ပြည့်ဝနေပါစေ။ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း သွေးတွင်းသကြားဓာတ် ပြင်းပြင်းထန်ထန် ကျဆင်းဖူးတယ်ဆိုရင်တော့ လေ့ကျင့်ခန်းမလုပ်ပါနဲ့ ။ ကိုယ်လုပ်နိုင်စွမ်းနဲ့ ချင့်ချိန်ပြီးတော့ ဖြည်းဖြည်းချင်းစတင်ပါ။ နောက်ပြီးတော့ ကျန်းမာရေးပညာရှင်နဲ့ လေ့ကျင့်ခန်း အသစ် တခု မစခင်မှာ တိုင်ပင်ပါ။ နောက်ပြီး လေ့ကျင့်ခန်းပုံမှန် လုပ်တာဟာ အမျိုးအစား (၂) ဆီးချို‌ရောဂါ ကို ထိန်းပေးနိုင်သလို ကျန်းမာရေးကိုလည်း ကောင်းမွန်စေပါတယ်။
Ref link >> How to manage type 2 diabetes daily through exercise

20/11/2025

“ကမ္ဘာ့လိပ်ခေါင်းရောဂါနေ့ အထိမ်းအမှတ် လိပ်ခေါင်းရောဂါ သိကောင်းစရာ အသိပညာပေး အစီအစဉ်” တွင် ခွဲစိတ်အထူးကုဆရာဝန်ကြီး ဒေါက်တာမျိုးသက်အောင်မှ ဝေမျှဆွေးနွေးပေးထားပါတယ်။
#ကမ္ဘာ့လိပ်ခေါင်းရောဂါနေ့ #လိပ်ခေါင်းရောဂါ #လိပ်ခေါင်း

ကမ္ဘာ့လိပ်ခေါင်းရောဂါအသိပညာပေးနေ့ (World Piles Day )ကို လိပ်ခေါင်းရောဂါ( Hemorrhoids )အကြောင်း လူအများသိရှိလာစေရန် ရည်ရွ...
20/11/2025

ကမ္ဘာ့လိပ်ခေါင်းရောဂါအသိပညာပေးနေ့ (World Piles Day )ကို လိပ်ခေါင်းရောဂါ( Hemorrhoids )အကြောင်း လူအများသိရှိလာစေရန် ရည်ရွယ်၍ နှစ်စဉ် နိုဝင်ဘာလ (၂၀)ရက်နေ့တွင် ကျင်းပခြင်းဖြစ်ပါသည်။

လိပ်ခေါင်းရောဂါနှင့်ဆက်စပ်သော ရောဂါလက္ခဏာများ၊ ဖြစ်ပွားရသည့် အကြောင်းရင်းများကို ကြုံတွေ့နေရသူများအား သင့်တော်သော ကုသမှုခံယူရန် ဆရာဝန်နှင့် တိုင်ပင်ပြသရန် အားပေးနှိုးဆော်ခြင်းသည် ကမ္ဘာ့လိပ်ခေါင်းရောဂါအသိပညာပေးနေ့၏ ရည်ရွယ်ချက်ပင်ဖြစ်ပါသည်။

လိပ်ခေါင်းရောဂါသည် စအိုဝ(သို့မဟုတ်)အူမကြီးအောက်ပိုင်းရှိ သွေးပြန်ကြောများ ရောင်ရမ်းခြင်း သို့မဟုတ် ဖောင်းကားခြင်း ဖြစ်စဉ်ကို ခေါ်ဆိုခြင်းဖြစ်ပါသည်။
ရောဂါဖြစ်ပွားစေသော အကြောင်းရင်းများမှာ -

· ဝမ်းသွားစဉ် အလွန်အမင်းညှစ်ခြင်း
· နာတာရှည် ဝမ်းချုပ်ခြင်း သို့မဟုတ် ဝမ်းလျှောခြင်း
· အဝလွန်ခြင်း
· အဆက်မပြတ် အလေးအပင်များ မ,ခြင်း
· အချိန်ကြာရှည်စွာ မတ်တပ်ရပ်၍ အလုပ်လုပ်ရခြင်း
· အချိန်ကြာရှည်စွာ မတ်တပ်ရပ်၍ အလုပ်လုပ်ရခြင်း (အထူးသဖြင့် အိမ်သာပေါ်တွင် ကြာရှည်စွာထိုင်ခြင်း)
· မိသားစုထဲတွင် လိပ်ခေါင်းရောဂါခံစားရသူ ရာဇဝင်ရှိခြင်း
· ကိုယ်ဝန်ဆောင်ခြင်း

လိပ်ခေါင်းရောဂါ၏ ရောဂါလက္ခဏာများမှာ -

· စအိုတဝိုက် ယားယံခြင်း
· စပ်ဖျဉ်းဖျဉ်းဖြစ်ခြင်း
· နာကျင်မှုခံစားရခြင်း
· ရောင်ရမ်းခြင်း
· သွေးယိုစိမ့်ခြင်း တို့ ဖြစ်ပါသည်။
လိပ်ခေါင်းရောဂါ ကာကွယ်ရန် (သို့) ဖြစ်ပွားနိုင်ခြေ လျှော့ချရန် -

· ဝမ်းချုပ်မခံပါနှင့်။ ဝမ်းသွားချင်လျက် ဝမ်းမသွားပါက မစင်များ ခြောက်သွေ့မာကျောသွားနိုင်ပြီး ညှစ်အားများစေကာ လိပ်ခေါင်းရောဂါဖြစ်နိုင်ခြေ မြင့်တက်စေပါသည်။ နာကျင်မှုမရှိသော အတွင်းလိပ်ခေါင်းမှ နာကျင်သော အပြင်လိပ်ခေါင်း အဖြစ်သို့လည်း ပြောင်းသွားနိုင်ပါသည်။
· အိမ်သာပေါ်တွင် ကြာရှည်စွာ မထိုင်ပါနှင့်။ အိမ်သာပေါ်တွင် ကြာကြာထိုင်ခြင်းသည် စအိုတွင်းရှိ သွေးကြောများကို ပိုမိုဖိအားသက်ရောက်စေပါသည်။
· အမျှင်ဓာတ် ပိုမိုစားသုံးပါ။ အမျှင်ဓာတ်သည် ဝမ်းချုပ်ခြင်းနှင့် ညှစ်အားများခြင်းကို ကာကွယ်ပေးပါသည်။ အမျှင်ဓာတ်ဖြည့်စွက်စာများ သောက်သုံးရနိုင်ပါသည်။
· ရေ ပိုမိုသောက်ပါ။ ရေဓာတ်ခမ်းခြောက်ခြင်းကို ကာကွယ်ပေးသောကြောင့် မစင်ခြောက်ခြင်းနှင့် ဝမ်းချုပ်ခြင်းကို လျှော့ချပေးပါသည်။
· မှန်မှန်လေ့ကျင့်ခန်းလုပ်ပါ။ ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းသည် အစာခြေလမ်းကြောင်းအတွင်း အစာနှင့် စွန့်ပစ်ပစ္စည်းများ ရွေ့လျားမှုကို အားပေးခြင်းဖြင့် အစာခြေပြဿနာများကို ကာကွယ်ပေးပါသည်။ သို့ရာတွင် အလေးအပင်�များ မ,ရသော အားကစား (သို့) လှုပ်ရှားမှုများကိုတော့ ရှောင်ကြဉ်ပါ။

လိပ်ခေါင်းရောဂါသည် ပျောက်ကင်းသွားပြီးနောက်ပိုင်းတွင်လည်း ပြန်လည်ဖြစ်ပွားနိုင်ပါသည်။ ထို့ကြောင့် နောက်ထပ် ထပ်မံဖြစ်ပွားခြင်းမှ ရှောင်ရှားနိုင်ရန် ကျန်းမာရေးနှင့်ညီညွတ်သော နေထိုင်မှုပုံစံများကို ကျင့်သုံးသင့်ပါသည်။

သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်ဖို့အတွက် ဘယ်လိုအားကစားတွေကို ရွေးချယ်သင့်လဲ လေ့ကျင့်ခန်းအားလုံးက သွေးတွင်းသကြားဓာတ် ထိန...
19/11/2025

သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်ဖို့အတွက် ဘယ်လိုအားကစားတွေကို ရွေးချယ်သင့်လဲ
လေ့ကျင့်ခန်းအားလုံးက သွေးတွင်းသကြားဓာတ် ထိန်းချုပ်မှုကို ပိုပြီးကောင်းမွန်စေတဲ့အတွက် အဓိကလုပ်ဆောင်ရမှာကတော့ အထိုင်နည်းပြီး လှုပ်လှုပ်ရှားရှားနေပေးဖို့ ဖြစ်ပါတယ်။ ဘာမှ မလုပ်ပဲထိုင်နေတာထက် ဘယ်လှုပ်ရှားမှုပဲမဆို အကျိုးရှိစေတာမလို့ အထိုင်လျော့ပြီး လေ့ကျင့်ခန်းလုပ်သင့်ပါတယ်။ အမျိုးအစား (၂) ဆီးချိုရောဂါရှိတဲ့သူတွေအတွက် သင့်တော်တဲ့လေ့ကျင့်ခန်းအမျိုးအစားဟာ
- လူတစ်ဦးတစ်ယောက်
- သူတို့ရဲ့ နေ့စဥ် လှုပ်ရှားမှုပုံစံနဲ့
- သူတို့ကြိုက်နှစ်သက်တဲ့ အမျိုးအစားတွေ အပေါ်မှာမူတည်ပြီး ကွာခြားသွားနိုင်ပါတယ်။

အေရိုးဗစ်လေ့ကျင့်ခန်း အမျိုးအစားတွေဖြစ်တဲ့ လမ်းလျှောက်တာ၊ စက်ဘီးစီးတာနဲ့ ရေကူးတာတွေဟာ အင်ဆူလင်လှုံ့ဆော်မှုကို မြှင့်တင်ပေးတာမလို့ အင်ဆူလင်မတိုးတဲ့ ပြဿနာကို တိုးတက်လာစေပါတယ်။ အလေးမတာ၊ ခန္ဓာကိုယ် အလေးချိန်ကို အသုံးပြုတဲ့လေ့ကျင့်ခန်းတွေလုပ်တာ၊ ခံနိုင်ရည်အား မြှင့်တင်တဲ့ လေ့ကျင့်ခန်းတွေဟာ ခန္ဓာကိုယ် ရဲ့ကြွက်သားထုကို တက်လာစေပြီး အဆီပိုတွေကိုလျော့ကျစေတာမလို့ အင်ဆူလင် မတိုးတဲ့ပြဿနာကို တိုးတက်ကောင်းမွန်လာစေပါတယ်။ ဒါ့ကြောင့် အေရိုးဗစ်နဲ့ ခံနိုင်ရည်အားမြှင့် လေ့ကျင့်ခန်းတွေကို ပူးတွဲလုပ်ဆောင် ဖို့ အရေးကြီးသလို ရေရှည်လုပ်ဆောင်ဖြစ်ဖို့အတွက်လည်း ကိုယ်ကြိုက်နှစ်သက်တဲ့အားကစားအမျိုးအစားကို ရွေးချယ်ဖို့လည်း လိုအပ်ပါတယ်။
ဆီးချိုသွေးချို နာတာရှည်ရောဂါကိုခံစားနေရတဲ့အတွက် ကမ္ဘာကျန်းမာရေး အဖွဲ့အစည်း WHO ကနေ ကိုယ်လက်လှုပ်ရှားမှုအတွက် ဒီအချက်လေးတွေကို အကြံပြုထားပါတယ်
- မလှုပ်မရှားနဲ့ အထိုင်များနေတဲ့ အချိန်တွေကို ကန့်သတ်လျော့ချပါ
- အလယ်အလတ် ပြင်းထန်တဲ့ လှုပ်ရှားမှုတွေကို တပတ်မှာ မိနစ် ၁၅၀ ကနေ ၃၀၀ ကြားလုပ်ဆောင်ပေးပါ
- ပြင်းထန်တဲ့လေ့ကျင့်ခန်းနဲ့ အလယ်အလတ် အဆင့် လှုပ်ရှားမှုတွေပေါင်းထားတဲ့ လေ့ကျင့်ခန်းတွေကို တပတ်မှာ ၇၅ မိနစ်ကနေ မိနစ် ၁၅၀ ကြားလေ့ကျင့်ပေးပါ
ခံနိုင်ရည်အားကို လေ့ကျင့်‌ပေးတဲ့လေ့ကျင်ခန်းတွေဖြစ်တဲ့ ကြွက်သားသန်မာတဲ့လေ့ကျင့်ခန်းတွေကို တစ်ပတ်မှာ ၂ ကြိမ်နှင့် အထက် လုပ်ဆောင်ပါလို့ အကြံပြုထားပါတယ်

သွေးတွင်းသကြားဓာတ်ကို ထိန်းဖို့ အထောက်အကူဖြစ်စေမယ့် လေ့ကျင့်ခန်းတွေကတော့
- လမ်းလျှောက်ခြင်း - တစ်နေ့ကို မိနစ်၃၀ နဲ့ တစ်ပတ်ကို ငါးရက် လမ်းလျှောက်ခြင်းအားဖြင့် အေရိုးဗစ်အားကစားလုပ်ဖို့ လုံလောက်ပါတယ်၊၊ လမ်းလျှောက်တာဟာ သွေးတွင်းဟေမိုဂလိုဘင်ကို ဂလူးကို့စ်နဲ့ချိတ်ဆက်ပေးပြီးတော့ ခန္ဓာကိုယ်မှာရှိတဲ့ ကြွက်သားထုကို ထိန်းညှိပေးခြင်းအားဖြင့် အမျိုးအစား (၂) ဆီးချိုရောဂါဖြစ်တဲ့ လူနာတွေကို ကူညီပေးပါတယ်
- စက်ဘီးစီးခြင်း - စက်ဘီးစီးခြင်းဟာ အရိုးအဆစ်တွေကို ဒဏ်ဖြစ်နိုင်မှုအနည်းဆုံးနဲ့ ကိုယ်လက်လှုပ်ရှားမှု ဖြစ်စေပါတယ်၊၊
- ရေကူးခြင်း - ရေကူးခြင်းအားကစားတွေဖြစ်တဲ့ ရေထဲမှာ လေ့ကျင့်ခန်းလုပ်ခြင်း၊ ပြေးခြင်း စတဲ့ ရေထဲမှာလုပ်ဆောင်တဲ့ အားကစားတွေဟာ အဆုတ်၊ နှလုံးနဲ့ ကြွက်သားတွေကို လှုပ်ရှားစေပြီးတော့ အရိုးအဆစ်တွေကိုလည်း ဝန်မပိစေပါဘူး။ ရေထဲမှာ ပြုလုပ်တဲ့အားကစားတွေဟာ မြေပေါ်မှာလုပ်တဲ့ အားကစားတွေလိုပဲ သွေးတွင်းသကြားဓာတ်ကို လျော့ချပေးပါတယ်
- အသင်းအဖွဲ့ နဲ့ ဆော့တဲ့ အားကစားတွေဟာ မိမိအားကစားလုပ်ဖို့ စိတ်တက်ကြွစေတယ်ဆိုရင်တော့ စိတ်အပန်းဖြေစေတဲ့ အားကစားအဖွဲ့တွေမှာပါဝင်သင့်ပါတယ်။ စိတ်အပန်းဖြေတဲ့ အားကစားတွေဖြစ်တဲ့ ဘောလုံး၊ ဘက်စ်စကတ်ဘော၊ ဆော့ဖ်ဘော၊ တင်းနစ်စ် နဲ့ဇွန်ဘာအကဟာလည်း အေရိုးဗစ် လေ့ကျင့်ခန်းအမျိုးအစားဖြစ်တဲ့အတွက် ဆီးချိုးသွေးချို သမားတွေအတွက် သင့်တော်ပါတယ်။
- အလေးမတာနဲ့ ကြွက်သားလေ့ကျင့်ခန်းတွေဟာလည်း ခန္ဓာကိုယ်မှာ ရှိတဲ့ ကြွက်သား ထုထည်ကိုမြှင့်တင်ပေးပါတယ်။ ဒီလိုကြွက်သားထုထည်များပြားလာတဲ့အခါ နေ့စဥ်ကယ်လိုရီလောင်ကျွမ်းနှုန်းကလည်း မြင့်တက်လာပြီးတော့ သွေးတွင်းသကြားဓာတ်ထိန်းချုပ်မှုကိုလည်း ပိုမိုတိုးတက်ကောင်းမွန်လာစေပါတယ်။ ဒီလို အလေးမလေ့ကျင့်ခန်းတွေကိုလုပ်ဖို့အတွက် အလေးမကိရိယာတွေ အပြင် အိမ်မှာရှိတဲ့ အလေးအပင် ပစ္စည်းတွေဖြစ်တဲ့ ရေသန့်ဘူးတွေ သံဗူးတွေနဲ့ ပါ အသုံးပြုပြီး လေ့ကျင့်ခန်းလုပ်နိုင်ပါတယ်။
- Resistance Band နဲ့လည်း ခံနိုင်ရည်အားမြှင့်လေ့ကျင့်ခန်းတွေအများကြီးလုပ်ကာ သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်နိုင်ပါတယ်။
- Pilates: လူတွေကြားမှာ ခေတ်စားနေတဲ့ Pilates လေ့ကျင့်ခန်းတွေဟာ ခန္ဓာကိုယ်ကိုကြံ့ခိုင်စေပြီးတော့ ခန္ဓာကိုယ်ရဲ့ လှုပ်ရှားမှုတွေကို ထိန်းညှိပေးတဲ့အပြင် သွေးတွင်း သကြားဓာတ်ထိန်းချုပ်မှုကိုပါ တိုးတက်ကောင်းမွန်စေပါတယ်။
- Yoga: ယောဂလေ့ကျင့်ခန်းဟာဆိုရင်လည်း အမျိုးအစား (၂) ဆီးချိုရောဂါလူနာတွေကို သွေးတွင်းသကြားဓာတ်၊ ကိုလက်စရောနဲ့ ကိုယ်အလေးချိန်ကိုပါထိန်းချုပ်ပေးဖို့အတွက် အထောက်အကူပြုပါတယ်။ နောက်ပြီးတော့ သွေးဖိအားကိုကျဆင်းစေပြီးတော့ ကောင်းမွန်စွာ အိပ်ပျော်စေပြီး စိတ်အခြေအနေကိုလည်း ကောင်းမွန်စေပါတယ်။
Ref Link >> How to manage type 2 diabetes daily through exercise

အမျိုးအစား (၂) ဆီးချိုရောဂါကို နေ့စဥ်လေ့ကျင့်ခန်းလုပ်ပြီး ဘယ်လို ထိန်းချုပ်မလဲ...အစားအသောက်နဲ့ အနေအထိုင်အပြုအမူတွေဆင်ခြင...
16/11/2025

အမျိုးအစား (၂) ဆီးချိုရောဂါကို နေ့စဥ်လေ့ကျင့်ခန်းလုပ်ပြီး ဘယ်လို ထိန်းချုပ်မလဲ...

အစားအသောက်နဲ့ အနေအထိုင်အပြုအမူတွေဆင်ခြင်ပြီးတော့ အေရိုးဗစ် ဒါမှမဟုတ် အလေးမ လေ့ကျင့်ခန်းတွေနဲ့ အတူ တွဲပြီး လုပ်တာဟာ သွေးတွင်းသကြားဓာတ်ကို ထိန်းသိမ်းဖို့ အများကြီး အထောက်အကူပြုပါလိမ့်မယ်။

သွေးတွင်းသကြားဓာတ်ကို ထိန်းဖို့အတွက် လေ့ကျင့်ခန်းတွေက ဘယ်လိုအကျိုးရှိစေတာလဲ
အမျိုးအစား (၂) ဆီးချိုရောဂါဟာဆိုရင် ခန္ဓာကိုယ်အတွင်း ဂလူးကို့စ်ဓာတ်ကို ထိန်းချုပ် အသုံးပြုတဲ့ဖြစ်စဥ်မှ သွေးတွင်းသကြားဓာတ်တွေကို မြင့်တက်လာစေတဲ့ကျန်းမာရေး ဖြစ်ပြီးတော့ သွေးတွင်းမှာ သကြားဓာတ်တွေ များပြားလာရာက ကျန်းမာရေးဆိုင်ရာပြဿနာတွေ အများကြီး ဖြစ်ပေါ်လာစေပါတယ်။
လေ့ကျင့်ခန်း လုပ်ဆောင်တာဟာ လောလောလတ်လတ် ဆီးချိုရောဂါရှာတွေ့ထားတဲ့ လူနာတွေရဲ့ နေထိုင်မှုပုံစံအတွက် ပထမဆုံးပေးတဲ့ အကြံပြုချက်ပဲဖြစ်ပါတယ်။ လေ့ကျင့်ခန်းလုပ်တာဟာ အမျိုးအစား (၂) ဆီးချိုရောဂါရှိတဲ့ လူတွေအတွက် အကျိုးကျေးဇူးတွေအများကြီး အထောက်အပံ့ပေးပါတယ်။ ပုံမှန်လေ့ကျင့်ခန်းပြုလုပ်တာဟာ ဆီးချိုသွေးချိုလူနာတွေအတွက် အောက်ပါအတိုင်းအကျိုးကျေးဇူးဖြစ်ပေါ်စေပါတယ်။
- သွေးတွင်းသကြားဓာတ်ကို တိုးတက်ကောင်းမွန်စေတယ်
- အင်ဆူလင်မတိုးတဲ့ ပြဿနာကို လျော့ကျစေတယ်
- ကိုယ်အလေးချိန်ကို ထိန်းညှိပေးတယ်
- ကိုယ်ခန္ဓာကို ကျန်းမာသန်စွမ်းစေတယ်
- ဆီးချိုသွေးချိုရဲ့နောက်ဆက်တွဲပြဿနာတွေကိုလျော့ကျစေတယ်
- သွေးတွင်းဖိအားနဲ့ ကိုလက်စရော ကို ကောင်းမွန်စေတယ်
- နှလုံးရောဂါနဲ့ လေဖြတ်နိုင်ချေကို လျော့နည်းစေတယ်
- အိပ်ချိန်မှန်စေပြီးတော့ စိတ်အခြေအနေကို ကောင်းမွန်စေတယ်
- ကျန်းမာရေးတိုးတက်လာစေပြီးတော့ ကျန်းမာသုခနဲ့ပြည့်စုံတဲ့ ဘဝကို ပိုင်ဆိုင်စေပါတယ်
- အရိုးစုကြွက်သားများ ကျန်းမာသန်စွမ်းပြီး adipose တစ်သျှူးနှင့် အသည်း ၊ ပန်ကရိယ၏လုပ်ဆောင်ချက်များကို မြှင့်တင်ပေးပါတယ်။

လေ့ကျင့်ခန်းလုပ်တာဟာ သွေးတွင်းသကြားဓာတ်ကို ဘယ်လိုအကျိုးသက်ရောက်မှုဖြစ်စေလဲ
ခန္ဓာကိုယ်ဟာ စားသမျှအစားအစာတွေအားလုံးကို ဂလူးကို့စ်အဖြစ် ဖြိုခွဲဖို့လုပ်ဆောင်ပါတယ်။ အင်ဆူလင်ကတော့ ထွက်လာတဲ့ ဂလူးကို့စ်တွေကို ဆဲလ်တွေအထဲကို ဝင်ရောက်နိုင်အောင် ကူညီပေးတာပါ။ အမျိုးအစား (၂) ဆီးချိုရောဂါရှိတဲ့ လူနာတွေမှာတော့ ခန္ဓာကိုယ် ဟာ အင်ဆူလင်ကို မတုန့်ပြန်ပါဘူး။ တခြားတဖက်ကကြည့်မယ်ဆိုရင်တော့ ကြွက်သားတွေဟာ သူတို့လှုပ်ရှားနေတဲ့အခါမှာ ဂလူးကို့စ်ကို စွမ်းအင်အဖြစ်နဲ့ အသုံးပြုကြတာပါ။ ဒါ့ကြောင့်မလို့ လေ့ကျင့်ခန်းလုပ်တာဟာ သွေးတွင်းသကြားဓာတ်ကို လျော့ကျစေပါတယ်။ လေ့ကျင့်ခန်းလုပ်တဲ့ အချိန်မှာဖြစ်တဲ့ ခန္ဓာကိုယ်အတွင်းက ဖြစ်စဥ်တွေကလည်း အင်ဆူလင်ကို ပိုပြီး ထိထိရောက် ရောက် အလုပ်လုပ်စေနိုင်ပါတယ်။
Ref Link >> How to manage type 2 diabetes daily through exercise

14/11/2025

ကမ္ဘာ့ဆီးချိုရောဂါနေ့ ရောက်ရှိလာပါပြီ! ဆီးချိုရောဂါရှိသူများရဲ့ ကျန်းမာရေးသည် မကြာခဏ နောက်ချန်ခံရသည့် အခြေအနေမျိုးတွင် ရှိနေတတ်ပါသည်။ သို့သော် ဒီအခြေအနေကို ပြောင်းလဲနိုင်ပါသည်! 🚀💪

နေ့စဉ်ဘဝမှာ တာဝန်ဝတ္တရားများပြားလွန်းတာကြောင့် ကိုယ်လက်လှုပ်ရှားမှုနှင့် ဆေးသောက်ရန် မေ့တတ်ကြပါသည်။ သို့သော် သေးငယ်သော ပြောင်းလဲမှုများသည် ကြီးမားသော အကျိူးရလဒ်ကို ဖြစ်ပေါ်စေနိုင်ပါသည်။
👟 နေ့စဉ်လှုပ်ရှားမှုကို ပုံမှန်ပြုလုပ်ပါ
💊 ဆေးဝါးများကို မှန်မှန်သောက်သုံးနည်းကို လေ့လာသင်ယူပါ

တစ်ဦးကိုတစ်ဦး ပံ့ပိုးကူညီရန်နဲ့ ကျန်းမာသော ဘဝပြန်လည်ရရှိရန် နှင့် လှုပ်ရှားမှုကို အတူတကွပါဝင်လိုက်ပါ။
👟 - လှေကားအသုံးပြုတက်ခြင်း သို့မဟုတ် အလုပ်လုပ်နေစဉ် ကိုယ်ကိုဆန့်ခြင်းကဲ့သို့သော ရိုးရှင်းသည့် နေ့စဉ်လှုပ်ရှားမှုများကို နေ့စဉ်လုပ်ရိုးလုပ်စဉ်တွင် ထည့်သွင်းလုပ်ဆောင်ပါ။

🩸 - သတိပေးချက်များ၊ ပြက္ခဒိန်များ သို့မဟုတ် ဆေးဗူးခွံများကို အသုံးပြု၍ မိမိဆေးဝါးများကို မှန်မှန်သောက်နိုင်ရန် လွယ်ကူအဆင်ပြေသောနည်းလမ်းများကို ရှာဖွေပါ။

(ဆီးချိုအတွက်ယခုပဲလုပ်ဆောင်ပါ) ဆိုသည့်အတိုင်း သင့်ကျန်းမာရေးဧ၊၊် အဆင့်တိုင်းတွင် ကျွန်တော်တို့ ရှိနေပါသည်၊၊
World Diabetes Day is coming! Our health often takes a back seat, especially with diabetes. But we can change that! 🚀💪
Busy lives can push movement and medication down the list. But small changes can make a big difference. Let’s do this together with the:

👟 Fit movement into every day
💊 Learn how to keep on top of medications

Join us as we and to get back on track for a healthy life. Together we’ll support one another to:
🩸 Initiative: find easy ways to stay on track with your medication by using reminders, calendars, or pill boxes
👟 Initiative: learn to build simple, daily activity into your routine, like taking the stairs or stretching between tasks

We’re with you every step of the way as we
Learn more about Diabetes 👉 https://bit.ly/47sUNHm | servier.com

Ref link >> World Diabetes Day | Resource Hub

Address

No. 62, U Wisara Road, Dagon Township
Yangon
11195

Opening Hours

Monday 09:00 - 17:30
Tuesday 09:00 - 17:30
Wednesday 09:00 - 17:30
Thursday 09:00 - 17:30
Friday 09:00 - 17:30

Website

Alerts

Be the first to know and let us send you an email when Servier Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram