25/03/2026
အမျိုးအစား (၂) ဆီးချိုရောဂါ လက္ခဏာများကို ဘယ်လိုထိန်းချုပ်မလဲ?
အမျိုးအစား (၂) ဆီးချိုရောဂါတွင် နောက်ဆက်တွဲ ပြဿနာများကို ကာကွယ်ရန်၊ နှောင့်နှေးစေရန်နှင့် ဘဝအရည်အသွေးကို ထိန်းသိမ်းရန်အတွက် နေထိုင်မှုပုံစံ ပြောင်းလဲခြင်း၊ ဆေးဝါးများ သောက်သုံးခြင်းနှင့် သက်ဆိုင်ရာဆရာဝန်နှင့် ပုံမှန်ပြသစစ်ဆေးခြင်းတို့ဖြင့် ရောဂါလက္ခဏာများကို အမျိုးအစား (၂) ဆီးချိုရောဂါ လက္ခဏာများကို ဘယ်လိုထိန်းချုပ်မလဲ?
အမျိုးအစား (၂) ဆီးချိုရောဂါ၏ လက္ခဏာများကို နေထိုင်မှုပုံစံ ပြောင်းလဲခြင်း၊ ဆေးဝါးများ သောက်သုံးခြင်းနှင့် သက်ဆိုင်ရာဆရာဝန်နှင့် ပုံမှန်ပြသစစ်ဆေးခြင်းတို့ဖြင့် ကာကွယ်နိူင်ပြီး နေ့စဉ်ဘဝကို ကောင်းမွန်စွာဖြတ်သန်းနိုင်မှာ ဖြစ်ပါတယ်၊၊
၁။လေ့ကျင့်ခန်းပုံမှန်လုပ်ပါ၊၊
လေ့ကျင့်ခန်းပုံမှန်လုပ်ဆောင်ခြင်းသည် လူတိုင်းအတွက် အရေးကြီးပါတယ်၊၊ အမျိုးအစား (၂) ဆီးချိုရောဂါ လက္ခဏာများ ရှိသူများအတွက် ပို၍ပင် အရေးကြီးပါတယ်။ လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းဖြင့် ...
- အချိန်တိုအတွင်း (သို့မဟုတ်) ရေရှည်ကာလကြာသည်ထိ ဆေးဝါးအကူအညီမပါဘဲ သွေးတွင်းသကြားဓာတ်ကို လျှော့ချပေးနိုင်ခြင်း
- ဂလူးကို့စ်ကို စွမ်းအင်အဖြစ် အသုံးပြုပစ်ခြင်း
- ဆဲလ်များ၏ အင်ဆူလင်အပေါ် တုံ့ပြန်မှုကို ပိုမိုကောင်းစေခြင်း
- ကယ်လိုရီများကို လောင်ကျွမ်းစေနိုင်ခြင်း
- ကိုယ်အလေးချိန် ထိန်းချုပ်နိုင်ခြင်း
- သွေးစီးဆင်းမှုနှင့် သွေးဖိအားကို ကောင်းမွန်စေခြင်း
- အင်အားတိုးစေခြင်း
- စိတ်ခံစားချက်ကို ကောင်းမွန်စေရန် မြှင့်တင်ပေးခြင်း
- စိတ်ဖိစီးမှုကို ကျော်လွှားနိုင်ခြင်း စတဲ့ အကျိုးကျေးဇူးတွေ ရရှိစေပါတယ်။
ကိုယ်လက်လှုပ်ရှားမှုအစီအစဉ်တစ်ခု မစတင်ခင် ကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ပါ။ အထူးသဖြင့် အင်ဆူလင် အသုံးပြုနေရသူများမှာ ကိုယ်လက်လှုပ်ရှားမှု မပြုလုပ်မီ၊ ပြုလုပ်နေစဉ်နှင့် ပြုလုပ်ပြီးနောက် အထူးဂရုပြုလိုက်နာရန် အဆင့်များရှိနိုင်ပါတယ်၊၊ ခပ်သွက်သွက် လမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်း၊ အပြေးလေ့ကျင့်ခြင်း သို့မဟုတ် ရေကူးခြင်းကဲ့သို့သော အသင့်အတင့် လှုပ်ရှားရသည့် အေရိုးဗစ်လေ့ကျင့်ခန်းများကို တစ်ပတ်လျှင် အနည်းဆုံး မိနစ် (၁၅၀) ပြုလုပ်ရန် ဖြစ်ပါတယ်။
၂။ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာများကို စားသုံးပါ။
ပြည့်ဝဆီ၊ ပြုပြင်ထားသော ကာဗိုဟိုက်ဒရိတ်၊ အချိုဓာတ်မြင့်မားသော ပြောင်းဖူးရည် (Corn Syrup) စသည်တို့ကို လျှော့ပြီး၊ အမျှင်ဓာတ် နှင့် မပြည့်ဝဆီ မြင့်မားသော အစားအသောက်များကို ရွေးချယ်စားသုံးသင့်ပါတယ်။
အောက်ပါတို့ကို အဓိကထား စားသုံးပါ။
- အဆီနည်းသော အသားဓာတ်များ (ကြက်သား၊ ကြက်ဥ၊ ငါး၊ ကြက်ဆင်သား)
- ကစီဓာတ်မပါဝင်သော ဟင်းသီးဟင်းရွက်များ (ပန်းဂေါ်ဖီစိမ်း၊ ပဲသီး၊ အရွက်စိမ်းများ၊ သခွားသီး)
- ကျန်းမာရေးအတွက်ကောင်းသော အဆီများ (ထောပတ်သီး၊ အစေ့အဆန်များ၊ သဘာဝမြေပဲထောပတ်၊ သံလွင်ဆီ)
- ပဲမျိုးစုံ၊ ဘယ်ရီသီးများ၊ ကန်စွန်းဥ၊ ဂျုံကြမ်းဖြင့် လုပ်ထားသော ပေါင်မုန့် ကဲ့သို့သော ကာဗိုဟိုက်ဒရိတ်များ
၃။ သွေးတွင်းသကြားဓာတ်ကို ပုံမှန်စစ်ဆေးပါ။
လက်ချောင်းထိပ်ကို ဖောက်၍ သွေးတွင်းသကြားဓာတ်တိုင်းစက်ဖြင့် စစ်ဆေးခြင်း (သို့မဟုတ်) ဂလူးကို့စ် စောင့်ကြည့်စက် (Continuous Glucose Monitor) ကို အသုံးပြုတိုင်းတာခြင်းသည် အမျိုးအစား (၂) ဆီးချိုရောဂါ လက္ခဏာများကို ကုသရန်နှင့် နောက်ဆက်တွဲ ပြဿနာများကို ကာကွယ်ရန်အတွက် အလွန်အရေးကြီးပါတယ်။
၄။စိတ်ကျန်းမာပျော်ရွှင်မှုကို အလေးထားပါ။
ဆီးချိုရောဂါရှိသူများသည် ဆီးချိုမရှိသူများထက် စိတ်ဓာတ်ကျရောဂါ ခံစားရနိုင်ခြေ (၂) ဆမှ (၃) ဆ ပိုများပြီး စိုးရိမ်ပူပန်မှုရောဂါ (Anxiety) ခံစားရနိုင်ခြေ( ၂၀) ရာခိုင်နှုန်း ပိုများပါတယ်။ အမြဲဂရုစိုက်ပေးနေရန် လိုအပ်တဲ့ နာတာရှည်ရောဂါတစ်ခုခံစားရသူများသည် စိတ်ပင်ပန်းမှုများပြီး ခက်ခဲသလို ခံစားရနိုင်ပါတယ်၊၊ အကယ်၍ စိတ်ဓာတ်ကျခြင်း သို့မဟုတ် စိုးရိမ်ပူပန်ခြင်း လက္ခဏာများကို ခံစားနေရပါက စိတ်ကျန်းမာရေး ကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးရန် အရေးကြီးပါတယ်။
Ref Link: https://myhealth-partner.com/articles/know-symptoms-type2-diabetes-better-management