LUNALIGN

LUNALIGN Journey to Celestial Aligned Living, One Moon Phase At A Time! 🌙
Rituals. Ceremonies. Healings.

Moon Musing 🌙 မနက်ဖြန် April လ ၂ ရက်နေ့၊ မြန်မာစံတော်ချိန် မနက် ၀၈:၄၁  မှာ Libra ရာသီခွင်ထဲ၌ Full Moon အဖြစ် ကျရောက်မှာဖ...
01/04/2026

Moon Musing 🌙

မနက်ဖြန် April လ ၂ ရက်နေ့၊ မြန်မာစံတော်ချိန် မနက် ၀၈:၄၁ မှာ Libra ရာသီခွင်ထဲ၌ Full Moon အဖြစ် ကျရောက်မှာဖြစ်ပါတယ်။ 🌸⚖️ April လမှာ ကျရောက်တဲ့ လပြည့်ကို "Pink Moon" လို့ခေါ်ကြပြီး Libra ရာသီခွင်ဟာ ဟန်ချက်ညီမှု (balance) ၏ သင်္ကေတဖြစ်ပါတယ်။

မှတ်မှတ်ရရဆို မနှစ်ကလည်း ဒီလိုအချိန် မန္တလေးငလျင်ဒဏ်ကြောင့် လူအများ စိတ်ရောလူရော ပင်ပန်းနေကြပါတယ်။ ဒီနှစ်မှာလည်း လက်ရှိကြုံတွေ့လျက်ရှိတဲ့ ကမ္ဘာ့ geopolitical ပြသနာတွေ၊ ဆီပြတ်လပ်မှု ပြသနာတွေကြောင့် လူအများ collective အနေနဲ့ ကိုယ်ရောစိတ်ပါ balance out နေတဲ့ အချိန်လို့ ပြောလို့ရပါတယ်။ Libra ရာသီခွင်ဟာ အလှအပ၊ ချစ်ခြင်းမေတ္တာ၊ ငွေကြေးတို့ကို ကိုယ်စားပြုတဲ့ Venus ဂြိုလ်က စိုးမိုးပြီး air element လည်းဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုအချိန်မျိုးမှာ ပထမဆုံး သတိရဖို့က ချစ်ခြင်းမေတ္တာ (love) ဆို အမြင့်ဆုံး vibration ပါ။ ဒီလပြည့်ရက်ပိုင်းလေးမှာ ကိုယ်တိုင် self-love ၊ self-care လေး သတိထား လုပ်ပေးပြီး grounded ပြန်လုပ်တာကနေ စသင့်ပါတယ်။ 💕

လက်ရှိမှာ ကောင်းကင်ယံမှာ planets တွေ အားလုံးကလည်း direct motion ဖြစ်နေတာမို့လို့ ဒီအရှေ့ကိုသွားနေတဲ့ energy လေးက April လအတွက် ရေးပေးထားတဲ့ wargara medicine energy လေးနဲ့လည်း ကိုက်ညီနေပါတယ်။ ကိုယ်ဘာပဲ လွှတ်ချချ၊ ဘာပဲ ရှင်းလင်းအောင်လုပ်နေနေ၊ ဘာစကားတွေ ၊ ဘာ action တွေလုပ်လုပ် the Universe is moving with you ဆိုတဲ့ သဘောလေးကို ခံစားနေရသလိုပါပဲ။ 🏹

Libra က relationship တွေနဲ့ဆိုင်တာကြောင့် ဒီလပြည့် လေးမှာ partnership တွေ၊ relationship တွေ နဲ့ ပတ်သက်တဲ့ ကိစ္စတွေမှာ ဘာတွေ ဟန်ချက်မညီ ဖြစ်နေသလဲ သုံးသပ်ကြည့်ပါ။ ဒီနေရာမှာ ကျွန်မရဲ့ stuck ဖြစ်နေ၊ control အရမ်းလုပ်ချင်စိတ် ဖြစ်နေခဲ့ဖူးတဲ့ relationship တစ်ခုကို တိုးတက်ပြောင်းလဲသွားစေတဲ့ စာသားလေးတစ်ခုကို မျှဝေပေးချင်ပါတယ်။ တစ်နေ့ reels လေးတစ်ခုမှာ တွေ့လိုက်တဲ့ “we are thinking about a relationship rather than being in it” ဆိုတဲ့ စာသားလေးက ကျွန်မကို အလင်းရသွားစေခဲ့ဖူးပါတယ်။ ✨ ပစ္စုပ္ပန်မှာ အရှိအတိုင်း enjoy လုပ်ပြီး present ဖြစ်ဖြစ် နေထိုင်မယ့်အစား ငါ့ကိုချစ်ရဲ့လား၊ ငါဂရုစိုက်သလို မစိုက်ဘူးလား၊ မှားနေလား၊ မှန်နေလားတွေ အတွေးများနေတာတစ်မျိုး၊ constant reassurance လို့ခေါ်တဲ့ တစ်ခုခုကို အမြဲသက်သေပြချင်နေတာမျိုး၊ “ဒါမျိုးဖြစ်ရမှာ ဒီလိုဖြစ်သင့်တာတွေ” နဲ့ အနာဂတ်ကိုလှမ်းဗျာများပြီး တွေးပူနေတာတွေက ဘယ် relationship မျိုးကိုမဆို ဟန်ချက်ပျက်စေကာ စိတ်ပင်ပန်းမှုနဲ့ emotional distance ကို ပိုရစေပါတယ်။

ဒါကြောင့် ဒီ full moon လေးမှာ အိမ်ထောင်ဖက်၊ သူငယ်ချင်း၊ မိသားစု၊ ကိုယ်တိုင်နဲ့ ပက်သတ်ပြီး resolve လုပ်စရာတွေရှိရင် အေးဆေးတည်ငြိမ်စွာ grounded ဖြစ်စွာ ချဉ်းကပ်ကြည့်ပါ။ ပတ်ဝန်းကျင်မှာ အလှပန်းအိုး၊ ပန်းချီ၊ အိမ်အထားအသိုနေရာ ပြောင်းတာမျိုးလေးတွေလည်း လုပ်သင့်ပါတယ်။ ငွေကြေးနဲ့ ပတ်သတ်ပြီး စာရင်းချုပ်တာ၊ ဝင်ငွေထွက်ငွေ စီစစ်တာ၊ financial goals အသစ်ချတာမျိုးလည်း လုပ်ဖို့ကောင်းပါတယ်။ 🌼

ဘယ် moon phases၊ ဘယ် planet transits မဆို ဖြစ်ပေါ်နေတဲ့ energy နဲ့ လုပ်သင့်တဲ့ ဆောင်ရန်ရှောင်ရန် rituals လေးကို ဖုန်းထဲ ၊ tablet ၊ laptop ထဲကနေ လွယ်လွယ်ကူကူ သိချင်ရင်တော့ LUNALIGN ရဲ့ digital calendar လေးကိုလည်း subscribe လုပ်ထားလို့ရပါတယ်။

ဒီလပြည့်လေးကစ aligned living တစ်ခုကို ပြန်လည်တည်ဆောက်နိုင်ကြပါစေ။

Journey to Aligned Living, One Moon Phase at a Time! 🌙

Sat Nam,
LUNALIGN

✨ April Wagara Medicine ✨Yagasuri - Focus. Decide. Move Forward. 🎯April အတွက် ကျွန်မတို့ကို လမ်းပြပေးနေတဲ့ Wagara Symbol...
30/03/2026

✨ April Wagara Medicine ✨

Yagasuri - Focus. Decide. Move Forward. 🎯

April အတွက် ကျွန်မတို့ကို လမ်းပြပေးနေတဲ့ Wagara Symbol လေးကတော့ Yagasuri လို့ခေါ်တဲ့ မြားပုံ pattern လေးတွေပဲ ဖြစ်ပါတယ်။

မြားတို့ရဲ့သဘောဟာ အမြဲ ရှေ့ကိုသာသွားပါတယ်။ သတ်မှတ်ထားတဲ့ လမ်းကြောင်း၊ ရည်မှန်းချက်ကို မပြောင်းလဲဘဲ ပစ်လွှတ်လိုက်တဲ့ အင်အား၊ စူးစိုက်မှု ပေါ်မူတည်ပြီး အဆုံးထိချက်တွေ ပြောင်းလဲသွားကြပါတယ်။ အခြား wagara သင်္ကေတလေးတွေလိုပဲ ဒီ Yagasuri pattern လေးဟာ ဂျပန်နိုင်ငံမှာ အဝတ်အထည်၊ အသုံးအဆောင်တွေမှာ နှစ်ခြိုက်စွာထည့်သွင်းဆွဲရေးပြီး အလေးအမြတ်ထားရတဲ့ သင်္ကေတလေးတစ်ခုပါ။ တစ်ကြိမ် ပစ်လွှတ်လိုက်တဲ့ မြားဟာ နောက်ပြန်မလှည့်တတ်တဲ့ အဓိပ္ပါယ်ကိုလည်း ကိုယ်စားပြုပါတယ်။

ဒါကြောင့် ပြက္ခထိန်နှစ် တစ်ခုရဲ့ 2nd quarter ကို ရောက်လာပြီဖြစ်ပြီး ရာသီစက်ဝန်းတစ်ခုရဲ့ ပြန်အစ၊ မြန်မာ့နှစ်သစ်ကူးတို့ ရှိတဲ့ Apirl လအတွက်

✨ အရှေ့ကို ရွေ့ဖို့
✨ ဆုံးဖြတ်ချက်တွေကို တိတိကျကျ ချမှတ်ဖို့
✨ ပြန်လှည့်မကြည့်တော့တဲ့ energy ကို tune in လုပ်နိုင်ဖို့အတွက် Yagasuri ကို ရွေးချယ်ထားခြင်း ဖြစ်ပါတယ်။

Yagasuri energy လေးနဲ့ tune-in လုပ်နိုင်ဖို့ အတွက် -

➤ ဆုံးဖြတ်ပြီးရင် ပြန်မဆုတ်ပါနဲ့။
အချိန်ယူပြီး စဉ်းစားထားတဲ့ အရာတွေကို April မှာ အတည်ပြုဖို့အချိန်၊ အကောင်အထည်ဖော်ဖို့အချိန် ရောက်ပါပြီ။ ဘေးဘီဝဲယာ ဟိုဘက်လည်းကြည့်၊ ဒီဘက်လည်းကြည့်နေရင် energy နဲ့ အရှိန် ပျက်သွားတတ်ပါတယ်။

➤ တစ်ခုတည်းကိုပဲ Focus လုပ်ပါ။
မြားတစ်စင်းက တစ်ခုပဲ ပစ်နိုင်ပါတယ်။ ဒီလမှာတော့ multi-tasking ထက် single direction ကိုသာ အာရုံစူးစိုက် လုပ်တာမျိုး အလေ့အကျင့် ထားသင့်ပါတယ်။ ကျွန်မကိုယ်တိုင်လည်း အရင် က multi-tasking လုပ်နိုင်တာကို productivity နဲ့ တွဲမြင်ပြီး ဂုဏ်ယူခဲ့ဖူးပါတယ်။ ဒါပေမယ့် တကယ်တော့ အသိသတိရှိရှိ တစ်စိတ်တည်း ထားပြီး အလုပ်လုပ်တာက intentional living အတွက် ပိုကောင်းပါတယ်။

➤ Discipline = Freedom
စနစ်တကျ ပုံစံတကျ သွားနေတဲ့သူတွေဟာ အတွင်းစိတ်ထဲမှာ clarity ပိုရှိပြီး ရေရှည်မှာ လွတ်လပ်မှုကို ပိုရတတ်ပါတယ်။ ပုံမှန်ငွေစုသူ၊ ပုံမှန် စာဖတ်သူ၊ ပုံမှန် လေ့ကျင့်ခန်းလုပ်သူတွေက compound effect တွေရပြီး စိတ်လုံခြုံလွတ်လပ်မှု ရသလိုပါ။ Routine သေးသေးလေးတွေ၊ Habits အသေးလေးတွေက ကိုယ့်ကို ရှေ့ကို ဆွဲခေါ်ပေးနိုင်ပါတယ်။

➤ နောက်ပြန်မကြည့်တတ်တော့တဲ့ သတ္တိကို တည်ဆောက်ပါ။
အတိတ်ကို ခဏခဏ ပြန်သွားမကြည့်တော့တဲ့အချိန်မှ အနာဂတ်က ပိုမြန်မြန် ကျွန်မတို့ဆီကို ရောက်လာတတ်ပါတယ်။ ဒါမလွယ်ပါဘူး၊ လွှတ်ချရဲတဲ့ သတ္တိအကြီးကြီး လိုပါတယ်။​

Yagasuri Rituals လေးတွေ အနေနဲ့ -

⏩ မနက်တိုင်း — “Today I move forward with clarity.” လို့ affirmation ကို မှန်ထဲ​ ကိုယ့်ကိုယ်ကို ကြည့်ကာ ပြောပါ။
⏩ Daily To-do List ကို ၃ ခုထဲသာ ကန့်သတ်ပြီး အရေးကြီးဆုံးတွေကို အရင်လုပ်ပါ။
⏩ အတိတ်က အစိုင်အခဲတစ်ခုခုကို သတိထားပြီး release လုပ် လွှတ်ချပါ။
⏩ လမ်းလျှောက်ခြင်း၊ ပြေးခြင်း၊ Yoga အစရှိတဲ့ physical movement မျိုးနဲ့ forward motion energy ကို activate လုပ်ပါ။

တချို့အချိန်တွေမှာ “ဘာမှ မပြောင်းလဲပါဘူး” လို့ ထင်ရပေမယ့် တကယ်တော့ ကိုယ့်ဘဝဟာ တဖြည်းဖြည်း လမ်းမှန်ပေါ်ကို align ဖြစ်နေပြီးသားပါ။ April ကတော့ ကိုယ့်ကို Ready ဖြစ်ပြီ လို့ ပြောနေတဲ့လတစ်လ ဖြစ်တာကြောင့် မြားကို လွှတ်လိုက်တဲ့အချိန် ယုံကြည်ပြီးသာ လွှတ်လိုက်ပါ။ လမ်းကြောင်းက သူ့အလိုလို ကိုယ့်ကို ခေါ်ဆောင်သွားပါလိမ့်မယ်။

Journey to Aligned Living, One Moon Phase at a Time! 🌙

Sat Nam,
LUNALIGN

Episode 4 – Buy Stability, Not PanicThe Calm Life Series by LUNALIGNMONEY EDITION – Calm Wealth Systems💰 အကြောက်တရားနဲ့ ...
23/03/2026

Episode 4 – Buy Stability, Not Panic

The Calm Life Series by LUNALIGN

MONEY EDITION – Calm Wealth Systems

💰 အကြောက်တရားနဲ့ မဝယ်ပါနဲ့။ တည်ငြိမ်မှုကို ဝယ်ယူပါ။

အခုလက်ရှိလိုကာလလို Crisis time ရောက်လာတဲ့အခါ လူအများစုရဲ့ first reaction က panic buying ဖြစ်တတ်ပါတယ်။ ဒါပေမယ့် intentional lifestyle တည်ဆောက်နေတဲ့သူအတွက် ဘယ်အချိန်မဆို “having more” ထက် “having what matters” ဖြစ်ဖို့ လိုပါတယ်။

ပစ္စည်းတစ်ခုခုဝယ်တော့မယ်ဆိုရင် မေးခွန်းတစ်ခုအရင်မေးပါ —

👉 “ဒီပစ္စည်းက နောက် ၃ လအတွင်း ငါ့မိသားစုအတွက် stability ကို တိုးစေမလား?”

Yes ဆိုရင် — ဝယ်ပါ
No ဆိုရင် — ထားလိုက်ပါ

✨ Stability Items (intentional buying list) တွေထဲမှာ
✅ အခြေခံအစားအစာ (၂–၄ ပတ်စာ)
✅ အိမ်သုံးပစ္စည်း (၁–၂ လစာ)
✅ ဆေးဝါးနှင့် ကျန်းမာရေးအခြေခံပစ္စည်းများ
✅ Energy backup (battery, gas, fuel access) စတဲ့ luxury မဟုတ်တဲ့ foundation တွေ ပါဝင်ပါတယ်။

အကြောက်တရားနဲ့ မလိုအပ်ဘဲ အများကြီး hoarding လုပ် ဝယ်တဲ့ပစ္စည်းတွေက clutter ဖြစ်သွားတတ်ပါတယ်။ တည်ငြိမ်မှုနဲ့ ချင့်ချိန်ပြင်ဆင်ဝယ်တဲ့ပစ္စည်းတွေကသာ security ဖြစ်စေမှာပါ။

Moon Musing 🌙သဘက်ခါ မတ်လ ၁၉ ရက်နေ့ မြန်မာစံတော်ချိန် မနက် ၀၇:၅၃ မှာ လက်ရှိ astrological year ရဲ့ နောက်ဆုံးလကွယ်နေ့အဖြစ် ...
17/03/2026

Moon Musing 🌙

သဘက်ခါ မတ်လ ၁၉ ရက်နေ့ မြန်မာစံတော်ချိန် မနက် ၀၇:၅၃ မှာ လက်ရှိ astrological year ရဲ့ နောက်ဆုံးလကွယ်နေ့အဖြစ် new moon in Pisces ♓️ ဖြစ်ပေါ်ကျရောက်မှာ ဖြစ်ပါတယ်။ Pisces ရာသီခွင်ဟာ water element 🌊 ဖြစ်ပြီး အိပ်မက်တွေ၊ စိတ်ကူးစိတ်သန်းတွေ၊ ဆန္ဒတွေကို ကိုယ်စားပြုသော Neptune ဂြိုလ်မှ စိုးမိုးထားတာ ဖြစ်ပါတယ်။

လကွယ်ပြီး နောက်တစ်နေ့မှာပဲ astrological new year အသစ်ကို ပြောင်းလဲပြီး spring equinox (Ostara) 🪺 အချိန်ကို ကျရောက်မှာရောကြောင့် အသစ်အသစ်သော ဆန္ဒ၊ အားထုတ်မှုတွေ ပြုလုပ်ရန် energy အားကောင်းသော new moon တစ်ခုလည်း ဖြစ်ပါတယ်။ Spring Equinox ကာလဟာ ပန်းပွင့်အဖူးအငုံလေးများနဲ့ ရွက်သစ်ဝေပြီး ပတ်ဝန်းကျင်မှာ လှပနေတဲ့အချိန် ဖြစ်တာကြောင့် စတင်ခြင်း new beginning ဆိုတဲ့ ခံစားချက်ကိုပေးပါတယ်။ မျှော်လင့်ခြင်းနဲ့ ရှင်သန်ခြင်း growth ကို တွေ့မြင်ရပြီး first quarter moon phase ရဲ့ energy မျိုးဖြစ်ပါတယ်။ 2026 calendar နှစ်ကူးချိန်ကနေ ယခုအချိန်ထိ ကြားထဲမှာ ဝေဝေဝါးဝါးတွေပဲ ဖြစ်နေသေးတာပဲဖြစ်စေ၊ တစ်ထောက်နားပြီး ကိုယ့် ၃ လတာ ခရီးပေါက်မှုကို ပြန်ကြည့်ချင်ရင်ဖြစ်စေ ဒီ Pisces moon cycle ဟာ အကောင်းဆုံး ဒုတိယအခွင့်အရေးပါပဲ။

ကျွန်မတို့ဟာ တစ်ကယ်တော့ နေ့စဉ်ပြောင်းလဲ တိုးတက်နေပါတယ်။ မနှစ်က ကိုယ်နဲ့ ဒီနှစ်ကိုယ်က တူသလိုလိုနဲ့ မတူတော့ပါဘူး။ ဒါပေမယ့် ဒီကျွန်မတို့ တစ်ယောက်ချင်းစီကြုံတွေ့နေတဲ့ အသိဉာဏ်ပြောင်းလဲမှုကြီးကို အပြင်လောကမှာ ချက်ချင်း မမြင်နိုင်ပါဘူး။ ပြောင်းလဲမှုအကြီးကြီးတွေ ဖြစ်လာဖို့ အချိန်လိုအပ်ပါတယ်။ Compound Effect လိုပါတယ်။ အရေးကြီးတာက ကျွန်မတို့ တစ်ယောက်ချင်းစီက အဲဒီပြောင်းလဲမှုကို စတင်ဖန်တီးဖို့ လိုအပ်ပြီး၊ ဒါဟာ ကိုယ့်အတွင်းကနေသာ စတင်ရမှာပါ။ ကျွန်မတို့ ရှာဖွေနေတဲ့ “New Earth” ၊ “New Me” အားလုံးဟာ vibration တစ်ခု၊ frequency တစ်ခုသာ ဖြစ်တာကြောင့် အဲဒီ frequency ကို ကိုယ်တိုင် စတင်ခံစားပြီး ကိုယ့်ထဲမှာ သယ်ဆောင်ထားရမှာ ဖြစ်ပါတယ်။

ဒီလဆန်းအချိန်မှာ ကိုယ်သာ တိတ်ဆိတ်နေနိုင်ပြီး ပတ်ဝန်းကျင်နဲ့ ရင်ထဲက message တွေနဲ့ အမှန်တကယ် ချိတ်ဆက်နိုင်ခဲ့မယ်ဆိုရင် ကိုယ့်ဆီကို နားလည်မှုအသစ်တွေ ရောက်လာပါလိမ့်မယ်။ အရာရာကို မတူညီတဲ့ မြင်ကွင်းနဲ့ မြင်နိုင်လာမယ်၊ larger picture ကို နားလည်လာနိုင်ပါလိမ့်မယ်။ Astrogological နှစ်သစ်တစ်ခုကို အတူဝင်ရောက်မယ့် ဒီ Pisces moon cycle လေးမှာ upgraded vision အသစ်တွေ၊ အိပ်မက်အသစ်တွေ ပေါ်လာခဲ့ရင် “Hold Your Vision” ၊ မိမိဖြစ်ချင်တာ ပုံဖော်ချင်တာတွေကို အလိုက်သင့်လက်ခံပြီး အိပ်မက်ကြီးကြီးမက်ကြဖို့ တိုက်တွန်းချင်ပါတယ်။

Journey to Aligned Living, One Moon Phase at a Time! 🌙

Sat Nam,
LUNALIGN

Episode 3 – Order creates Calm The Calm Life Series by LUNALIGNMONEY EDITION – Calm Wealth Systems💰 Wealth ဆိုတာ အမြန်စိ...
16/03/2026

Episode 3 – Order creates Calm

The Calm Life Series by LUNALIGN

MONEY EDITION – Calm Wealth Systems

💰 Wealth ဆိုတာ အမြန်စိတ်လောပြီး ဖန်တီးဖို့မသင့်ပါဘူး။ တည်တည်ငြိမ်ငြိမ်နဲ့ အခြေခံအချက် အဆင့်အဆင့်ကို အရင်တည်ဆောက်ပါ။

ယေဘုယျအားဖြင့် personal finance မှာ လှေကားတစ်ထစ်ချင်းတက်သလို တက်သင့်တဲ့ try and tested အဆင့်တစ်ချို့ ရှိပါတယ်။

1️⃣ မိသားစု/အိမ်/ကိုယ်တိုင် အသုံးစားရိတ် တစ်လစာပမာဏကို Emergery Fund အဖြစ် စ တည်ဆောက်ပါ။ Emergency Fund ဆိုတာ သေရေးရှင်ရေး၊ ကျန်းမာရေး နဲ့ တကယ် မမျှော်မှန်းထားတဲ့ ရုတ်တရက် ဝင်ငွေလမ်းကြောင်းပျောက်သွားတဲ့ အလုပ်လက်မဲ့ ဖြစ်သွားတဲ့ကိစ္စများအတွက်သာ ဖြစ်တာကြောင့် ခရီးသွားဖို့၊ ကားဝယ်ဖို့ ဆိုတာမျိုးတွေအတွက် ထုတ်မသုံးရပါဘူး။
2️⃣ အတိုးနှုန်းများတဲ့ loan တွေ၊ credit card တွေကို zero balance ဖြစ်အောင် ဦးစားပေး ပေးပစ်ပါ။ ဒီအချက်က အလွန်အရေးကြီးပါတယ်။ အလုံးလိုက် ဝင်လာမှ အလုံးလိုက် ပြန်ပေးလိုက်ပါမယ် ဆိုတာမျိုး တွေးမိနေတတ်ပါသလား? အတိုးတွေက ဆင့်ပွားလာတဲ့အခါ ဘယ်လိုမှ calm wealth တစ်ခုကို တည်ဆောက်ဖို့ မဖြစ်နိုင်တာကို သတိပြုရပါမယ်။
3️⃣ လက်ကျန်အကြွေးမရှိတော့ဘူးဆိုမှ Emergency Fund ကို ၃ လမှ ၆ လစာ အထိ တိုးမြှင့်တည်ဆောက်ပါ။
4️⃣ ကိုယ့်ကို စိတ်လုံခြုံမှု ပေးနိုင်တဲ့ emergency fund တည်ဆောက်ပြီးပြီဆိုမှ အနာဂါတ်အတွက် wealth growth ဖြစ်နိုင်မယ့် investment တစ်ခုခုကို လုပ်ပါ။​

Manifestation တွေ လုပ်နေပေမယ့်လည်း ကိုယ့် အတွင်းစိတ်ထဲ​မှာ မလုံခြုံမှုတွေ၊ စိုးရိမ်ကြောက်ရွံမှုတွေ ရှိနေတဲ့အခါ လက်တွေ့မှာ ခရီးမပေါက်ပါဘူး။ Mindset and energy အကြောင်းတွေပြောနေကျသူတွေထဲ တကယ်အောင်မြင်တဲ့သူများကို ကြည့်ရင် တစ်ဖက်မှာ personal finance ကျွမ်းကျင်ပြီး အနောက်ကနေ system တစ်ခုကို နားလည်အသုံးချနေရသူချည်းပါပဲ။

Calm money follows a sequence.

The Calm Life Series by LUNALIGNMONEY EDITION – Calm Wealth SystemsEpisode 2 – Fewer Accounts, Clearer Mind💰ဘဏ်အကောင့်တွ...
13/03/2026

The Calm Life Series by LUNALIGN

MONEY EDITION – Calm Wealth Systems

Episode 2 – Fewer Accounts, Clearer Mind

💰ဘဏ်အကောင့်တွေ အများကြီးထားခြင်းက ပြန့်ကျဲပြီး စိတ်ရှုပ်ထွေးစေပါတယ်။ ရိုးရှင်းပြီး အလုပ်ဖြစ်တဲ့ structure တစ်ခုကို တည်ဆောက်ခြင်းက ရှင်းလင်းတည်ငြိမ်မှုကို ရစေပါတယ်။

Personal ဘဏ်အကောင့်တွေနဲဲ့ ပတ်သတ်လာရင်
🔸 အတိုးနှုန်းများတဲ့ savings account တစ်ခု၊
🔸 နေ့စဥ် စားဝတ်နေရေး ကုန်ကျစားရိတ်တွေအတွက် အသုံးပြုတဲ့ checking account/digital wallet တစ်ခု၊
🔸 ခရီးသွားဖို့၊ တန်ဖိုးကြီး တစ်ခုခု ဝယ်ချင်လို့ စသည်ဖြင့် Sinking fund အနေနဲ့ အသုံးပြုဖို့ ရည်ရွယ်ထားတဲ့ checkign account တစ်ခု၊
🔸 cashless payment တွေအတွက် digital wallet/card တစ်ခုခုသာ သေချာထားသင့်ပါတယ်။

Intentional Minimalist Lifestyle တစ်ခုမှာ လိုလိုမယ်မယ်ဆိုပြီး အရံတွေအများကြီး မထားဘဲ ဒီလို ရှင်းလင်းပြတ်သားပြီး purpose (ရည်ရွယ်ချက်) ရှိတဲ့ account အနည်းငယ်ကိုသာ တည်ဆောက်ထားခြင်းက tracking လုပ်ရလွယ်ပြီး clarity ရစေတာကြောင့် calm wealth system တစ်ခုတည်ဆောက်ဖို့ အခြေခံပါပဲ။ Pay Day ရောက်တဲ့အခါ ဒီ account တွေကို Ep 1 မှာ ပြောပြထားတဲ့ 50.30.20 rule အတိုင်း စီမံခန့်ခွဲသင့်ပါတယ်။

Complexity isn’t maturity. Clarity is.

The Calm Life Series by LUNALIGN MONEY EDITION – Calm Wealth Systems Energy တွေ mindset တွေ manifestation တွေ လုပ်နေပေမယ...
12/03/2026

The Calm Life Series by LUNALIGN

MONEY EDITION – Calm Wealth Systems

Energy တွေ mindset တွေ manifestation တွေ လုပ်နေပေမယ့်လည်း အနောက်က သင့်တော်တဲ့ system တစ်ခုနဲ့ အားထုတ်မှုမှ မပါလာရင် မှန်းထားသလောက် ခရီးမြန်မြန်မရောက်နိုင်ပါဘူး။ Intentional lifestyle တည်ဆောက်ဖို့ personal finance tips လေးတွေကို series လေးမှာ မျှဝေပေးသွားပါ့မယ်။

Episode 1 – Pay Yourself First

💰 သုံးဖို့ ဘယ်လောက်ကျန်သေးသလဲ သွားမကြည့်ပါနဲ့။ ဘယ်လောက်သုံးမလဲ အရင် ဆုံးဖြတ်ပါ။

Pay Day ရောက်တဲ့အခါ 50.30.20 rule နဲ့ —
🔸 လစာ/ဝင်ငွေရဲ့ ၅၀% ကို မီးဖိုချောင်, grocery, သွားလာရေး, မီတာခ အစရှိတဲ့ အခြေခံအိမ်အသုံးစားရိတ် bills တွေရယ်၊ အခြေခံကျန်းမာရေးအတွက်ရယ်ကို အသုံးပြုဖို့ main checking account/digital wallet ထဲ ဦးစွာဖယ်ထည့်ပါ။
🔸 ၃၀% ကို စုဆောင်းဖို့နဲ့ future investment အတွက် အတိုးနှုန်းကောင်းတဲ့ savings account ထဲ တစ်ခါတည်း ထည့်ပါ။
🔸 ၂၀% ကိုတော့ အလှအပ၊ ခရီးသွားဖို့ နဲ့ အခြား နှစ်သက်ရာ ဝါသနာ entertainment အစရှိတာတွေ အတွက် အသုံးပြုဖို့ ကိုယ့်ရဲ့ 2nd checking account ထဲ ထည့်ထားလိုက်ပါ။ ဒီ account က ချက်ချင်း အကုန်အသုံးမပြုသေးလည်း sinking fund အဖြစ်ထားထားဖို့ ရည်မှန်းထားပါ။

Security comes before lifestyle.
Enjoyment feels better when it’s intentional.

ဒီနေ့တော့ ကျွန်မ personal နည်းနည်းဖြစ်သလို controversial ဖြစ်တဲ့ post လေးတစ်ခု မျှဝေဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အမှန်တော့ ဒ...
02/03/2026

ဒီနေ့တော့ ကျွန်မ personal နည်းနည်းဖြစ်သလို controversial ဖြစ်တဲ့ post လေးတစ်ခု မျှဝေဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အမှန်တော့ ဒီနေ့က Full Moon in Virgo အတွက် moon musing ရေးဖို့ပါ။ ဒီ post က အစီအစဥ်မရှိပဲ Full Moon Journalling လုပ်, reflection လုပ်နေရင်းကမှ လက်တွေ့မျှဝေချင်စိတ် ဖြစ်လာတာကြောင့် ကျွန်မရဲ့ journal ထဲက စာမျက်နှာ တစ်ချို့ကို ဖတ်လို့အဆင်ပြေအောင် နည်းနည်းပြင်ပြီး ပြန် type လုပ်ပေးထားတာ ဖြစ်ပါတယ်။ အတွေးလေးတစ်ချို့ရမယ်လို့ မျှော်လင့်မိပါတယ်။ တစ်ချို့လဲ မထင်ပဲ trigger လဲ ဖြစ်နိုင်တာမို့ ကြိုတောင်းပန်ထားပါရစေ
……………….

ဟိုးတလောက အသိ Coach ညီမလေး တစ်ယောက်ကသူ့ရဲ့ coaching journey နဲ့ အခွံပဲရှိတဲ့ဘဝကနေ အနှစ်သာရရှိတဲ့ဘဝဆီသို့ ဆိုတဲ့ စာလေးရေးထားတာ ဖတ်ရတော့ ဒီနှစ်ပိုင်း ကိုယ်ခံစားနေရတာတွေနဲ့ တစ်ချို့အပိုင်းတွေ တော်တော်တူပါလားလို့ တွေးမိတယ်။

Level up သွားလို့လား၊ Level ပြန် down သွားလို့လား၊ ဘာတွေပြောင်းလဲသွားလို့လဲတော့ မသိဘူး။ လွန်ခဲ့တဲ့ ဆယ်ဆုနှစ်တစ်ခုစာလောက် ကိုယ့်အတွက် အရမ်းအရေးကြီးတဲ့ ခေါင်းစဉ်တွေလို့ ထင်ခဲ့မိတဲ့ အပတ်တကုတ်လဲ ကျင့်သုံးခဲ့တဲ့ soul purpose ရှာဖွေရမယ်တို့၊ ဘာညာ healing ၊ ဟိုဒီ method တို့ အပါအဝင် တစ်ချို့အရာတွေ tools တွေက အခုအချိန်မှာ သိပ်ပြီးတော့ ကိုယ့်အတွက် personally relevant မဖြစ်တော့သလိုမျိုး ခံစားရတယ်။ ကိုယ်အခုရောက်နေတဲ့နေရာ၊ ကိုယ်အခုရောက်နေတဲ့အချိန်မှာ ဒီအရာတွေက တကယ်တော့ အပေါ်ယံတွေပါလား၊ အခွံတွေပါလား၊ အနှစ်သာရ အဲ့လောက်ကြီးလည်းမရှိပါလားလို့ ခံစားရတာမျိုးတွေ ရှိလာတယ်။

ဒီလိုပြောရင်ရေးရင် လက်ရှိ ကိုယ်ရှိနေတဲ့ community တစ်ခုမှာ controversial တော်တော်ဖြစ်မယ်ဆိုတာ သိပေမယ့် အရင်တုန်းက ကမ္ဘာကြီးတစ်ခုလုံးလို့ ထင်ခဲ့ဖူးတဲ့ အရာတွေ၊ ငါအရမ်းသိနေပြီ မြင်နေပြီ awakening ဖြစ်နေပြီလို့ ထင်ခဲ့တာတွေက တကယ်တော့ အခွံတွေပါလားလို့ မြင်လာတာ။ အဲ့တာကြောင့် You don’t know what you don’t know ဆိုတဲ့ စကားက တကယ်မှန်တာ။

လက်ရှိမှာ ပိုပြီးတော့ ရိုးရှင်းတယ်ဆိုတဲ့ လမ်းမျိုးကိုပဲ အဓိက ရွေးချယ်ဖြစ်တော့တယ်။ ဥပမာ Journaling နဲ့ planning ကတော့ non negotiable ပုံမှန်လုပ်တယ်။ Lunar Living ကိုတောင်မှ awareness ရှိဖို့အတွက် pause လုပ်ပြီး slow down လုပ်ဖို့လောက်ကိုသာ အဓိက အသုံးချတယ်။ လူ/စိတ် ကျန်းမာရေးအတွက် yoga practise လုပ်တယ်။ အိမ်မှာပဲ light weight training လေး ပေါ့ပေါ့ပါးပါး လုပ်ဖြစ်တယ်။ သန့်ရှင်းတဲ့ အစားအစာ ကို Mindful & Intuitive Eating ဖြစ်ဖြစ်စားတယ်။ အရမ်း stress ဖြစ်တဲ့အချိန်၊ ကိုယ့်ကိုယ်ကိုယ် grounding လုပ်ဖို့လိုတဲ့ အချိန်မျိုးမှာ Reiki practice လုပ်ဖြစ်တယ်။ ကိုယ့်ရဲ့ energy ၊ ကိုယ့်ရဲ့ creative power ကိုသမီးလေးကို ပျိုးထောင်တဲ့နေရာနဲ့ ကိုယ့်ရဲ့ အေးချမ်းမှုအတွက်ပဲ အသုံးပြုဖြစ်တော့တယ်။

ဒီလိုတွေ ပြောလို့ အရင်တုန်းက Authentic မဖြစ်ခဲ့လို့လား၊ ပေါ်ပင်တွေ ပြောခဲ့နေခဲ့တာလားဆိုတော့လည်း မဟုတ်ပြန်ဘူး။ အရင်တုန်းက ကိုယ့်ရဲ့ Version 2.0 အတွက် ဒါတွေက လိုခဲ့တယ်။ အဲ့တုန်းက အတွေးအခေါ်တွေ practice တွေက ကိုယ့် version 2.0 အတွက် အရေးပါခဲ့တာ။ ဒါပေမဲ့ ကိုယ်အခု ရောက်နေတဲ့နေရာ၊ ကိုယ်အခု ရောက်နေတဲ့ ပုံစံမှာ တော်တော်များများကို ဖြုတ်ချနိုင်ခဲ့ပြီ။ အသုံးချတက်လာခဲ့တဲ့ လှေကားထစ်တွေလို နောက်မှာ ကျန်ခဲ့ပြီ။

နောက်တစ်ခု ဖြစ်နိုင်တာတစ်ခုက ပြီးခဲ့တဲ့ ၂၀၂၅ တစ်နှစ်လုံးမှာ ငါ Intentional Living မှာမှ Minimalist အပြည့်မဟုတ်ပေမဲ့ Quiet Luxury ပုံစံ Lifestyle ကို သွားမယ်၊ Simple & slow Living ကို သွားမယ်ဆိုပြီး Decluttering တွေ အများကြီး လုပ်ဖြစ်ခဲ့တယ်။ အိမ်မှာလည်း အလကားနေရင်း အိမ်ရှင်းနေတာ။ အမှိုက်တွေဆိုတာ အပတ်တိုင်း အထုတ်လိုက် အထုတ်လိုက်နဲ့ အများကြီး။ ဝယ်တဲ့ပစ္စည်းနဲ့ ပစ်တဲ့ပစ္စည်းမှာ ပစ်တဲ့ပစ္စည်းက နှစ်ဆ၊ သုံးဆ ပိုများပြီးတော့ကို ရှင်းပစ်တာ။ အဲဒီလိုပဲ စိတ်တွေကိုလည်း ရှင်းပစ်တယ်၊ လူတွေလည်း ရှင်းပစ်တယ်၊ အကျင့်တွေလည်း ရှင်းပစ်တယ်၊ Practice တွေ အများကြီးကိုလည်း ရှင်းထုတ်ပစ်လိုက်တယ်။ တချို့ မလိုအပ်တော့တဲ့ Knowledge တွေလည်း ရှင်းထုတ်ပစ်လိုက်တယ်။ ဘယ်လောက်တောင် ရှင်းထုတ်ပစ်လိုက်လဲဆို Energy body ထဲက overload တွေပါ လျော့သွားတာများ physically တောင် ကိုယ်အလေးချိန် ၁၅ ပေါင်လောက် ကျသွားတယ်။

တစ်ခုခုကို အခွံလို့ မြင်နိုင်လာတာဟာ အတွင်းအနှစ်ကို စမ်းမိနေပြီဆိုတဲ့ သဘောဖြစ်ဖို့လား။ Energetic minimalism ကို သွားတဲ့အချိန်မှာ များများပြောမနေတော့ဘူး၊ များများ prove မလုပ်တော့ဘူး၊ များများ consume မလုပ်တော့ဘူး။

• Less proving
• Less seeking
• More being
• More essence

Soul presence ဖြစ်နေတဲ့ အခါ Soul purpose ကိုရှာနေတာ မဟုတ်တော့ပါဘူး။

Journey to Aligned Living, One Moon Phase at a Time! 🌙

Sat Nam,
LUNALIGN

✨ March Wagara Medicine ✨🌸 Sakura - symbol of renewal and impermanence နွေဦးရာသီရဲ့အစ မတ်လဟာ ရာသီစက်ဝန်းတို့ ပြန်လည်စတင်...
01/03/2026

✨ March Wagara Medicine ✨

🌸 Sakura - symbol of renewal and impermanence

နွေဦးရာသီရဲ့အစ မတ်လဟာ ရာသီစက်ဝန်းတို့ ပြန်လည်စတင်ခြင်း (renewal) ရဲ့ ပြယုဂ်တစ်ခုဖြစ်ပါတယ်။ ဒီလမှာ ကျွန်မတို့ကို လမ်းပြပေးမယ့် Wagara symbol လေးကတော့ Sakura – ချယ်ရီပန်းလေးပဲ ဖြစ်ပါတယ်။ ဂျပန်နိုင်ငံ၊ ဂျပန်ယဉ်ကျေးမှုမှာ အထင်ကရလည်းဖြစ်သလို အားလုံးရဲ့ အချစ်အရဆုံး သင်္ကေတတစ်ခုဆိုလည်း မမှားပါဘူး။

Sakura ပန်းလေးတွေ ပွင့်တဲ့ကာလဟာ အရမ်းမကြာတတ်ပါဘူး။ အဖူးလေးတွေ စဖူးတဲ့ အချိန်ကနေ full bloom ဖြစ်တဲ့အချိန်ထိ တစ်ပတ်လောက်ကြာပြီးရင် အလျင်အမြန်ပဲ ပွင့်ဖတ်တစ်ဖတ်ချင်းစီ ကြွေကျသွားကြပါတယ်။ ဒါပေမယ့် အဖူးစဖူးတဲ့အချိန်မှာလည်း နူးညံ့မှုအပြည့်၊ full bloom ချိန်မှာဆိုလည်း အလှဆုံးနဲ့ တောက်ပဆုံးပွင့်လန်းကာ နောက်ဆုံး လေထဲမှာဝဲပြီး ပေါ့ပါးစွာပြန်လည်ကြွေဆင်းတဲ့ အချိန်အထိကို ဘဝရဲ့ အဆင့်တိုင်းမှာ — သူ့ပုံစံနဲ့သူ ကျက်သရေအရှိဆုံး ဖြစ်တည်သွားကြပါတယ်။

Sakura က သင်ပေးနေတဲ့ message လေးကတော့ မတည်မြဲမှု (impermanence) ဟာ ကြောက်ရွံ့ဖို့ မဟုတ်ပါဘူး။ လက်ထဲရှိတဲ့ ပစ္စုပ္ပာန်အချိန်ကို အပြည့်အဝနေထိုင်ကြဖို့ပဲ ဖြစ်ပါတယ်။ အလှတရား၊ ပြည့်စုံကြွယ်ဝမှု၊ ပျော်ရွှင်မှုတို့ဆိုတာဟာလည်း ကိုယ်ပိုင်ဆုပ်ကိုင်ထားဖို့ဆိုတာထက် အတွေ့အကြုံတစ်ခုအဖြစ် ခံစားတတ်ဖို့ အရေးကြီးပါတယ်။ ဘဝဟာ အမြဲတမ်း တစ်ပုံစံတည်း မပြောင်းမလဲတည်ရှိနေလို့ အဓိပ္ပါယ်ရှိတာ မဟုတ်ပါဘူး။ အချိန်တိုအတွင်း ဖြစ်ပျက်နေ စီးဆင်းနေ ပြောင်းလဲနေလို့ပဲ တန်ဖိုးရှိတာပါ။

ဒီလရဲ့ Sakura Wagara medicine နဲ့ align လုပ်ကြဖို့ဆိုရင် —
🌸 right timing ဟုတ်လား မဟုတ်လား အရမ်းအတွေးလွန်ကာ စိုးရိမ်မနေဘဲ အလှပဆုံး အတောက်ပဆုံး ပွင့်လန်းပါ။ ကိုယ့်အတွက်ကိုယ် show up လုပ်ခြင်းဟာ ဆင်ခြေပေးနေတာ၊ ဖုံးကွယ်နေတာထက် ပိုအဓိပ္ပါယ်ရှိပါတယ်။
🌸 တစ်ခုခု၊ တစ်ယောက်ယောက်ကို ကြာကြာတည်ရှိနိုင်အောင်ထိန်းချုပ်ချင်တဲ့စိတ်ကို လွှတ်ပေးပါ။
🌸 softness၊ vulnerability တို့ကို အားနည်းမှုမဟုတ်ဘဲ wisdom တစ်ခုအဖြစ်လက်ခံပေးပါ။

မတ်လဟာ အလျင်အမြန် လှုပ်ရှားဖို့ မဟုတ်ပါဘူး။ ပြန်လည်အသက်ဝင်လာဖို့ ဖြစ်တာကြောင့် ကိုယ့်ရဲ့ “becoming” ကို honor လုပ်ရင်း ကိုယ်ရောက်နေတဲ့ နေရာတိုင်းမှာ အပြည့်အဝ ဖြစ်တည်နေထိုင်နိုင်ကြပါစေ။

2026 အတွက် LUNALIGN Planner စာအုပ်လေးရဲ့ theme “Harmony in Pattern: A Wagara Year” ကို ပုံဖော်တဲ့ နေရာမှာ လ (month) တစ်လချင်းစီရဲ့ energy theme ကို သုံးသပ်ကာ အဲ့ဒီလအတွက် ကိုယ့်ကို လမ်းပြသဖွယ် energy guide လုပ်ပေးနိုင်မယ့် သင်္ကေတ တစ်ခုချင်းစီကို သေချာရွေးပြီး ထည့်သွင်းပုံဖော်ထားပါတယ်။ လတစ်လချင်းရဲ့ Wagara Medicine လေးများနဲ့ align လုပ်နိုင်ရန် လစဉ် တင်ပြပေးသွားမှာမို့ တစ်နှစ်လုံး စောင့်မျှော်ဖတ်ရှုပေးသွားကြပါဦးနော်။

Journey to Aligned Living, One Moon Phase at a Time! 🌙

Sat Nam,
LUNALIGN

Blessed Lunar New Year of the Fire Horse 🧧Fire Horse တို့ရဲ့energy archetype ဟာ ပြင်းထန်တဲ့အရှိန်အဟုန်နဲ့ တောက်ပတဲ့အသွင်...
16/02/2026

Blessed Lunar New Year of the Fire Horse 🧧

Fire Horse တို့ရဲ့energy archetype ဟာ ပြင်းထန်တဲ့အရှိန်အဟုန်နဲ့ တောက်ပတဲ့အသွင်ပြောင်းလဲမှုကို ဖော်ဆောင်ပေးပါတယ်။ 🔥🐎

Lunar New Year မီးမြင်းနှစ်သစ်ကို ကြိုဆိုကြရာမှာ မိမိတို့ရဲ့စိတ်ဓာတ်အင်အားများဟာ ရဲရင့်လွတ်လပ်စွာ ကျော်လွှား တက်လှမ်းနိုင်ကြပါစေ — စိတ်အားထက်သန်မှု၊ သတ္တိရှိမှုနှင့် တောက်ပတဲ့ ရည်ရွယ်ချက်တို့ရဲ့ လမ်းပြခြင်းကိုလည်း ရရှိကြပါစေ။

ဒီနှစ်သစ်ဟာ ကျွန်မတို့အားလုံးရဲ့ inner power ကို လှုံ့ဆော်ပေးပြီး၊ ကြွယ်ဝချမ်းသာမှုကို တိုးချဲ့ပေးကာ၊ ခွန်အားနဲ့ ကျက်သရေတို့ဖြင့် စီးဆင်းလာသော ကောင်းချီးမင်္ဂလာများ ယူဆောင်လာပါစေလို့ ဆန္ဒပြုဆုတောင်းပေးလိုက်ပါတယ်။ ✨​​​​​​​​​​​​​​​​

Journey to Aligned Living, One Moon Phase at a Time! 🌙

Sat Nam,
LUNALIGN

Moon Musing 🌙မနက်ဖြန် February လ (၁၇) ရက်နေ့ မြန်မာ စံတော်ချိန် ညနေ ၆:၃၁ မှာ New Moon in Aquarius ကို ကျရောက်မှာဖြစ်ပြီး...
16/02/2026

Moon Musing 🌙

မနက်ဖြန် February လ (၁၇) ရက်နေ့ မြန်မာ စံတော်ချိန် ညနေ ၆:၃၁ မှာ New Moon in Aquarius ကို ကျရောက်မှာဖြစ်ပြီး ကပ်လျက်အချိန်နားမှာပဲ Annular Solar Eclipse ပါ ဖြစ်ပေါ်မှာ ဖြစ်ပါတယ်။

Aquarius ရာသီခွင်ဟာ air element ဖြစ်ပြီး Uranus ဂြိုလ်မှ စိုးမိုးပါတယ်။ Aquarian energy တွေက ပုန်ကန်တတ်တယ်၊ ဆန်းသစ်တီထွင်တတ်တယ်၊ အနာဂတ်ကို အာရုံစိုက်တတ်ပါတယ်။ Eclipse နဲ့ new moon အချိန်လည်းဖြစ်တာကြောင့် ကျွန်မတို့အတွက် personally ရော collective အရပါ အနာဂတ်ကံကြမ္မာအသစ်ကို ဦးတည်ရွေ့လျားဖို့ ကူညီပေးနေတဲ့ ကာလလို့ပြောလို့ရပါတယ််။

ရှေးရိုးစနစ်တွေ ပြိုကျပြောင်းလဲသွားတဲ့အခါ အသံတိတ်ပြီး ပြိုလဲလေ့သိပ်မရှိကြပါဘူး။ ဆူဆူညံညံ၊ လှုပ်ခတ်မှု၊ ကြောက်ရွံ့မှု၊ drama တွေ၊ နှောင့်ယှက်ဖျက်ဆီးမှုနဲ့ ကပ်ဘေးပုံစံတွေနဲ့ သင်ယူရမယ့်အရာတစ်ခုခုကို ဖော်ထုတ်သတိပြုမိလာဖို့ တမင်ဖန်တီးထားသလိုမျိုး ကြုံတွေ့ရတတ်တာ သတိထားမိကြပါလိမ့်မယ်။

ဒီနှစ်ပိုင်းတွေအတွင်းမှာ တော်တော်များများရဲ့ nervous system တွေ တဖြည်းဖြည်း အလွှမ်းမိုးခံလိုက်ရတယ်ဆိုတာ မြင်နိုင်ပါတယ်။ ဖုန်းထဲက တဒင်ဒင်နဲ့ တက်လာနေတဲ့ notification တွေ၊ အဆက်မပြတ်ရရှိနေတဲ့ information တွေ၊ endless scrolling တွေ၊ အတင်းအဖျင်းသတင်းတွေ၊ လှုံ့ဆော်မှုတွေနဲ့ ပြည့်နှက်နေတဲ့ ကမ္ဘာထဲမှာ ကျွန်မတို့ နေထိုင်နေကြရပါတယ်။ တစ်နေ့တာအတွင်း စိုးရိမ်စရာ၊ စိတ်ထိခိုက်စရာ အကြောင်းအရာပေါင်းများစွာကို မသိမသာ “feed” လုပ်ခံနေရပြီး low-key trigger တွေ ရနေတတ်တဲ့ အခြေအနေတစ်ခုမှာ နေထိုင်နေရပါတယ်။ ကိုယ်နဲ့ ပတ်ဝန်းကျင်၊ ကမ္ဘာမှာ ဘာတွေမှားနေလဲဆိုတာကို အမြဲရှာဖွေနေကာ သူများတွေ ဘာလုပ်နေ၊ ဘာဖြစ်နေလဲဆိုတာကိုပဲ လှန်လှောကြည့်ရင်း အဓိပ္ပာယ်မရှိတော့တဲ့ ကမ္ဘာကြီးကို နားလည်ဖို့ ကြိုးစားရင်း စိတ်ရှုပ်စရာတွေကို စုဆောင်းနေကြပါတယ်။ ဒီလိုမညီမညွတ်ဖြစ်မှုတွေက တကယ်တော့ ကျွန်မတို့ကို စွမ်းအင်မဲ့ (powerless) အခြေအနေမှာ ရှိနေစေပါတယ်။

ဒီလို wired ဖြစ်နေသရွေ့၊ ပင်ပန်းနေသရွေ့၊ powerless ဖြစ်နေသရွေ့၊ စိုးရိမ်ကြောင့်ကြနေသရွေ့—တစ်ခွန်းတည်းပြောရရင် nervous system collapse အခြေအနေမှာ ရှိနေသရွေ့—ဒီ New Moon က လမ်းပြပေးနေတဲ့ အနာဂတ်နဲ့ energy ကို အပြည့်အဝ မမြင်နိုင်နိုင်ပါဘူး။ ဒီလို အခြေအနေမှာ potential ရှိသလောက်အရာတွေကို အောင်မြင်အောင် လုပ်ဆောင်နိုင်မှာ မဟုတ်ပါဘူး။ ဒါဟာ အဓိကအချက်ပါ။ ဒီလို စွမ်းအင်မဲ့၊ မျှော်လင့်ချက်မဲ့၊ စိတ်လက်ပင်ပန်းနွမ်းလျနေတဲ့ အခြေအနေတစ်ခု၊ စနစ်တစ်ခုကနေ Aquarius ရဲ့ rebellious energy ကို အသုံးချပြီး ထွက်ကြဖို့လိုပါတယ်။

ဖုန်းမသုံးနဲ့၊ သတင်းမကြည့်နဲ့လို့တော့ တားလို့ရမှာ မဟုတ်ပါဘူး။ ဖြစ်ပျက်နေတာတွေကို သိအောင်မလုပ်နဲ့လို့လည်း မဆိုလိုပါဘူး။ ကိုယ့်ရဲ့စွမ်းအင်၊ attention၊ awareness တွေကို လုံးဝစုပ်ယူခံရပြီး overwhelm ဖြစ်သွားသည်အထိ မဖြစ်စေဘဲ သတင်းအချက်အလက်ကို လေ့လာနိုင်ဖို့ပါ။ ကိုယ့်ရဲ့ power ကို ဝါးမြိုခံလိုက်ရတဲ့အထိ ဘယ်အရာကိုမှ consume မလုပ်ဖို့ သတိကပ်ကြဖို့လိုပါတယ်။

ဒီရက်ပိုင်းအတွင်း လက်ရှိ energy နှင့် align လုပ်ရန် -

🌑 Emotional reset လုပ်ဖို့ အချိန်ပေးပါ။ ရှုပ်ထွေးနေတဲ့ online ပေါ်က ဖြစ်ရပ်တွေ၊ ပတ်ဝန်းကျင်က လှုပ်ခတ်မှုတွေကနေ ခဏခွဲထွက်ပြီး တစ်ယောက်တည်း alone time ယူပြီး စိတ်ရှင်းဖို့၊ အနားယူဖို့ လက်မတွန့်ပါနဲ့။

🌑 ဒီနေ့ကစပြီး နောက်ခြောက်လအတွင်း ကိုယ့်ခြေလှမ်းတိုင်းကို intention ရှိရှိ လှမ်းပါ။ ကိုယ့်ရဲ့ ဆင်ခြင်သုံးသပ်နိုင်စွမ်း (discernment)ကို မြှင့်တင်ပါ။ Information တွေအပေါ် မေးခွန်းထုတ်ပါ။ ကိုယ့် energy၊ attention၊ awareness ကို ကိုယ်တိုင် ထိန်းကျောင်းပါ။ ကိုယ့် frequency ကိုယ် မြှင့်တင်ပါ။

ချစ်ရတဲ့မိသားစုတွေနဲ့ ပျော်ရွှင်ဖွယ် lunar new year လေးလည်း ဖြစ်ကြပါစေ။ 🪭

Journey to Aligned Living, One Moon Phase at a Time! 🌙

Sat Nam,
LUNALIGN

11/02/2026

Ready to welcome the Lunar New Year with fresh opportunities and positive energy?

မကြာခင် ကျရောက်တော့မယ့် LUNAR New Year ကို Positive Energy, Reset & New Beginnings Rituals များနဲ့အတူ ဖြတ်သန်းကြိုဆိုချင်သူများအတွက် Aura Cleansing & Smudging Kit လေးကို အသုံးပြုပြီး မိမိရဲ့ အိမ်ဂေဟာ၊ ရုံးခန်းဆိုင်ခန်းတို့မှာ ကောင်းမွန်တဲ့ energy flow လေးတွေကို ရရှိစေရင်း ပြည့်စုံကြွယ်ဝမှုတွေကို ဖိတ်ခေါ်ကြရအောင်။

Aura Cleansing & Smudging Kit - 33,500 MMK

Address

Yangon

Alerts

Be the first to know and let us send you an email when LUNALIGN posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to LUNALIGN:

Share