04/09/2022
ဓမ္မတာ အပြောင်းအလဲတွေ ရှိနိုင်ပါတယ်။
တစ်လထဲ ဓမ္မတာ (၂)ကြိမ်နဲ့ အထက် လာရင် အောက်ပါပြဿနာတွေ ရှိမရှိ စစ်ဆေးပါ။
တစ်လကို ဓမ္မတာ တစ်ကြိမ် ပုံမှန်လာပါတယ်။ ကြွက်တက်တာ၊ စိတ်ဖိစီးမှုများနေတာ၊ မသန့်ရှင်းတဲ့ အတွင်းခံ(underwear) တွေကြောင့်လည်း တစ်လထဲ ဓမ္မတာ (၂)ကြိမ်နဲ့ အထက် လာနိုင်ပါတယ်။
တစ်လထဲ တစ်ကြိမ်ထက် ပိုလာတာ ပုံမှန်မဟုတ်ပါဘူး။ ကျန်မာရေး ပြဿနာ တစ်ခုခု ရှိနေလို့ပါ။ ဒါကြောင့် တစ်လထဲကို တစ်ကြိမ်ထက် ပိုလာရင် ကျန်းမာရေး စစ်ဆေးကြည့်ဖို့ လိုပါတယ်။ ဓမ္မတာ တစ်ခါလာရင် (၂)ရက်ကနေ (၇)ရက်ကြားရှိပါတယ်။ (၂)ရက်ထက် နည်းရင်လည်း ကျန်းမာရေး စစ်ဆေးသင့်ပါတယ်။ အမျိုးသမီးဦးရေ (၄၀) ကနေ (၆၀) ရာခိုင်နှုန်းခန့်ဟာ သူမတို့ရဲ့ဘဝမှာ ဓမ္မတာ မမှန်တဲ့ ကာလတွေ ဖြတ်သန်းရပါတယ်။
တစ်လကို ဓမ္မတာ တစ်ကြိမ် ပုံမှန်လာပါတယ် (Photo by Pressfrom)
အသက်အရွယ်၊ ကျန်းမာရေးနဲ့ မိသားစုသမိုင်း (အဖွားနဲ့အမေ တို့ရဲ့ ကျန်းမာရေး) ပေါ်မူတည်ပြီး ဓမ္မတာ အပြောင်းအလဲတွေ ရှိနိုင်ပါတယ်။ တစ်လထဲ ဓမ္မတာ (၂)ကြိမ်နဲ့ အထက် လာရင် အောက်ပါပြဿနာတွေ ရှိမရှိ စစ်ဆေးပါ။
တားဆေး
အိမ်ထောင်သည်တွေက အကြောင်းအမျိုးမျိုးကြောင့် သန္ဓေသားဆေး သောက်သုံးကြပါတယ်။ တခါတလေ သောက်ဖို့ မေ့တာမျိုး ကြုံရပါတယ်။ ဒီလိုသောက်ဖို့ မေ့တဲ့အခါ ဟော်မုန်းတွေ ရုတ်တရက် အပြောင်းအလဲ ဖြစ်သွားချိန် ဓမ္မတာ ခဏခဏလာတာမျိုး ဖြစ်နိုင်ပါတယ်။ ဒါကြောင့် သန္ဓေသားဆေးကို သတ်မှတ်ထားတဲ့အတိုင်း သောက်ဖို့နဲ့ မမေ့ဖို့ လိုအပ်ပါတယ်။
ကိုယ်ဝန်
တချို့အမျိုးသမီးတွေ ကိုယ်ဝန်ရှိရင်လည်း ဓမ္မတာ (၂)ကြိမ်နီးပါးဆင်းတာ ဖြစ်တတ်ပါတယ်။ ကိုယ်ဝန်ရှိတာမသိဘဲ လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန်လုပ်မိတာ၊ လိင်ဆက်ဆံတာတွေကြောင့် ဖြစ်နိုင်ပါတယ်။ အန္တရာယ်ကြီးပါတယ်။
သားအိမ်ပြဿနာ
သားအိမ်မှာ အလုံးတည်တာ၊ ရေအိတ်ဖြစ်တာကြောင့်လည်း တစ်လထဲ ဓမ္မတာ နှစ်ကြိမ်နဲ့ အထက် လာနိုင်ပါတယ်။
ရောဂါပိုးရှိတာ
သားအိမ်ခေါင်းကင်ဆာကြောင့်လည်း ဓမ္မတာ နှစ်ခါနဲ့အထက် လာနိုင်ပါတယ်။ လိင်မှ တဆင့်ကူးစက်ရောဂါကြောင့်လည်း ဖြစ်နိုင်ပါတယ်။
သိုင်းရွိုက်ဂလင်းတွေ အလုပ်မလုပ်တာနဲ့ အလွန်အကျွံအလုပ်လုပ်တာကြောင့် ခဏခဏ လာတတ်ပါတယ် (Photo by Healthline)
သိုင်းရွိုက်
သိုင်းရွိုက်ဂလင်းတွေ အလုပ်မလုပ်တာနဲ့ အလွန်အကျွံအလုပ်လုပ်တာကြောင့် ခဏခဏ လာတတ်ပါတယ်။
ဟော်မုန်း
ဟော်မုန်းမညီမျှတာကြောင့်လည်း ဓမ္မတာ ခဏခဏ လာတာမျိုး ကြုံနိုင်ပါတယ်။
ကင်ဆာ
သားအိမ်ကင်ဆာနဲ့ သားအိမ်ခေါင်းကင်ဆာ လက္ခဏာတွေကြောင့်လည်း ဓမ္မတာ ခဏခဏလာနိုင်ပါတယ်။ အထူးသဖြင့် သားအိမ်ခေါင်းကင်ဆာဆဲလ်တွေ ဒါမှမဟုတ် သားအိမ်အကျိတ် ကြီးလာတဲ့အချိန်မှာ လက္ခဏာအနေနဲ့ ပြတတ်ပါတယ်။
ခရီး
ခရီးဝေးသွားတဲ့သူတွေမှာလည်း ပတ်ဝန်းကျင်လှုပ်ရှားမှု၊ အချိန်အပြောင်းအလဲက ဟော်မုန်းအပြောင်းအလဲဖြစ်စေပြီး ဓမ္မတာ တစ်လထဲ နှစ်ကြိမ်ခန့် လာနိုင်ပါတယ်။
ကိုယ်အလေးချိန်
ရုတ်တရက် ပိန်သွားတာ၊ ဝလတာ စတဲ့ ကိုယ်အလေးချိန် အပြောင်းအလဲကြောင့်လည်း တစ်လထဲ ဓမ္မတာ နှစ်ကြိမ် လာနိုင်ပါတယ်။
ဓမ္မတာ တစ်လထဲ နှစ်ကြိမ် ဒါမှမဟုတ် နှစ်ကြိမ်အထက် လာတယ်ဆိုရင် မေမေတို့ အနေနဲ့ ပေါ့ပေါ့ဆဆ မနေသင့်တော့ပါဘူး။ ဆရာဝန်နဲ့ ပြသတာ အကောင်းဆုံးပါ။
#အညာမြေ