Counselling Corner

Counselling Corner Your trusted and experienced counsellor. Counselling for individual, group, family and corporate.

"The privilege of a lifetime is to become who you truly are." — Carl Jung (Psychiatrist)"ဘဝရဲ့ အခွင့်ထူးဆိုတာ စစ်မှန်တဲ့...
29/03/2026

"The privilege of a lifetime is to become who you truly are." — Carl Jung (Psychiatrist)

"ဘဝရဲ့ အခွင့်ထူးဆိုတာ စစ်မှန်တဲ့ကိုယ် ဖြစ်လာဖို့ပဲ။"

🍃 Carl Jung ရဲ့ ဒီ Quote လေးအရ စိတ်ကျန်းမာရေး ခရီးစဉ်ရဲ့ အဓိကရည်မှန်းချက်တစ်ခုကတော့ လူမှုရေးဖိအားတွေ၊ မျှော်မှန်းချက်တွေအောက်ကနေ လွတ်မြောက်ပြီး မိမိရဲ့ မူရင်းစစ်မှန်တဲ့ ပင်ကိုလက္ခဏာ (True Self) ကို ရှာဖွေဖော်ထုတ်ခြင်းပါပဲ။

🍃 ကိုယ့်ရဲ့ ထူးခြားတဲ့ အားသာချက်၊ အားနည်းချက်၊ တန်ဖိုးတွေနှင့် ခံစားချက်တွေကို ရိုးသားစွာ လက်ခံနားလည်ခြင်း (Authenticity) ဟာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာတဲ့ ဘဝတစ်ခုရဲ့ အုတ်မြစ်ဖြစ်ပါတယ်။ တခြားသူ မဖြစ်ချင်ဘဲ ကိုယ်ဖြစ်ချင်တဲ့သူ ဖြစ်ခွင့် ပေးလိုက်ခြင်းဟာ အကြီးမားဆုံး Self-care တစ်ခုပဲ ဖြစ်ပါတယ်။

ကိုယ့်တန်ဖိုးကို ဘယ်သူ့လက်ထဲ အပ်ထားမှာလဲ?လူတော်တော်များများဟာ ကိုယ့်ရဲ့တန်ဖိုးကို သူတစ်ပါးရဲ့ "အသိအမှတ်ပြုမှု" (External...
27/03/2026

ကိုယ့်တန်ဖိုးကို ဘယ်သူ့လက်ထဲ အပ်ထားမှာလဲ?
လူတော်တော်များများဟာ ကိုယ့်ရဲ့တန်ဖိုးကို သူတစ်ပါးရဲ့ "အသိအမှတ်ပြုမှု" (External Validation) ပေါ်မှာပဲ ဆုံးဖြတ်မိတတ်ကြပါတယ်။ ဒါကို စိတ်ပညာမှာ Sociometer Theory လို့ ခေါ်ပါတယ်။ ဆိုလိုတာက Self-esteem (ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားမှု) ဟာ ပတ်ဝန်းကျင်က ကိုယ့်ကို လက်ခံမှုအပေါ်မှာ မူတည်ပြီး ရေချိန်အတက်အကျ ဖြစ်နေတာပါ။ တချို့ဆိုရင် အွန်လိုင်းပေါ်က Like တွေ၊ ပတ်ဝန်းကျင်က ချီးကျူးသံတွေ ရမှသာ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးရှိတယ်လို့ ထင်တတ်ကြပါတယ်။

အသိအမှတ်ပြုမှုရဲ့ ထောင်ချောက် (The Trap of Validation)
သူတစ်ပါးဆီက အသိအမှတ်ပြုမှုကိုပဲ စောင့်နေရတဲ့အခါ ကိုယ့်ရဲ့ ပျော်ရွှင်မှုဟာ သူတစ်ပါးလက်ထဲ ရောက်သွားတာပဲ ဖြစ်ပါတယ်။ တစ်ဖက်လူက အသိအမှတ်မပြုတဲ့အခါ၊ ဒါမှမဟုတ် ဝေဖန်ခံရတဲ့အခါ "ငါ မတော်ဘူးလား၊ ငါ့မှာ တန်ဖိုးမရှိဘူးလား" ဆိုတဲ့ အတွေးတွေနဲ့ စိတ်ဓာတ်ကျလာတတ်ပါတယ်။ ဒါဟာ ရေမြှုပ်လို အပြင်က ဖိအားပေးတာနဲ့ ပြားသွားတတ်တဲ့ မခိုင်မာတဲ့ Self-esteem ဖြစ်ပါတယ်။ တကယ့် Self-Esteem ဆိုတာ သူတစ်ပါးရဲ့ အမြင်ထက် ကိုယ့်ရဲ့ အရည်အချင်းနဲ့ တန်ဖိုးကို ကိုယ်တိုင် ဘယ်လောက် သိနားလည်သလဲ ဆိုတာပေါ်မှာပဲ မူတည်တဲ့ Self-Efficacy (ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု) နဲ့ ပိုဆိုင်ပါတယ်။

ကိုယ့်တန်ဖိုးကို ကိုယ်တိုင် ဘယ်လိုပြန်ဆယ်မလဲ?
၁။ အတွင်းစိတ်ကိုယ်ပိုင် အသိအမှတ်ပြုခြင်းကို သတိပြုပါ။ သူများချီးကျူးတာကို မစောင့်ဘဲ ကိုယ့်ရဲ့ ကြိုးစားမှုလေးတွေကို ကိုယ်တိုင် ပြန်အသိအမှတ်ပြုပေးပါ။ ညအိပ်ခါနီးတိုင်း ဒီနေ့ ငါလုပ်ခဲ့တဲ့ အကောင်းဆုံးအရာ ၃ ခုကို ပြန်စဉ်းစားကြည့်တာမျိုးက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကို တည်ဆောက်ပေးပါတယ်။
၂။ ပြီးပြည့်စုံဖို့ထက် တိုးတက်ဖို့ကိုပဲ အာရုံစိုက်ပါ။ အမှားကင်းစင်ဖို့ထက် တစ်နေ့ထက်တစ်နေ့ ပိုကောင်းလာဖို့ကိုပဲ အာရုံစိုက်ပါ။ ကိုယ်တကယ် တော်တဲ့အရာ၊ ကိုယ်လုပ်ရင် ပျော်တဲ့အရာတွေကို အာရုံစိုက်ခြင်းက ပြင်ပက ဝေဖန်သံတွေကို ခုခံနိုင်စွမ်း ရှိစေပါတယ်။
၃။ မိမိကိုယ်ကိုယ် သနားကြင်နာပါ။ (Self-Compassion) အမှားလုပ်မိရုံနဲ့ ကိုယ့်တန်ဖိုး လျော့မသွားဘူးဆိုတာကို လက်ခံပါ။ ကိုယ့်ကိုယ်ကိုယ် အရင်းနှီးဆုံး သူငယ်ချင်းတစ်ယောက်လို ဆက်ဆံပါ။ သူငယ်ချင်းတစ်ယောက် မှားရင် သင်ဘယ်လို အားပေးမလဲ? ကိုယ့်ကိုယ်ကိုယ်လည်း ထိုနည်းတူ အားပေးပါ။

Self-Esteem ခိုင်မာမှုဟာ တစ်ဦးတစ်ယောက်စီရဲ့ စိတ်ခံနိုင်ရည်အား၊ စံနှုန်းတွေ၊ ကြီးပြင်းလာတဲ့ စောင့်ရှောက်မှုပုံစံတွေနဲ့ မိသားစုပတ်ဝန်းကျင် စတဲ့ အချက်တွေအများကြီးပေါ် မူတည်နေပါတယ်။ ဒါပေမဲ့ ဘယ်လိုနေရာမှာပဲဖြစ်ဖြစ် ကိုယ့်ကိုယ်ကိုယ် သတိပြုမိမယ်၊ ကိုယ့်ရဲ့ Self-Esteem ခိုင်မာမှုကို မြှင့်တင်ဖို့ ဆန္ဒရှိတယ်ဆိုရင် အချိန်တစ်ခုအတွင်း မိမိတန်ဖိုးကို မြှင့်တင်နိုင်မှာ မလွဲမသွေဖြစ်ပါတယ်။

လူကြီးမင်းတို့ရော… ကိုယ့်တန်ဖိုးနဲ့ ယုံကြည်ချက်ကို သူများဆီက စောင့်နေခဲ့ဖူးလား? စောင့်နေတတ်တဲ့သူတွေကိုရော ကိုယ့်တန်ဖိုးကိုယ် မြှင့်တင်နိုင်ဖို့ ဘယ်လိုအားပေးစကားတွေ ပြောချင်လဲဆိုတာ မျှဝေပေးသွားပါဦးနော်။

မနက်ဖြန် မတ်လ (၂၇) ရက်၊ သောကြာနေ့လေးကတော့ကျွန်မတို့ Counselling Corner ရုံးပိတ်ရက်လေးဖြစ်ပါတယ် ရှင့်✨🥰ရုံးပိတ်ရက်လေးတွေမ...
26/03/2026

မနက်ဖြန် မတ်လ (၂၇) ရက်၊ သောကြာနေ့လေးကတော့ကျွန်မတို့ Counselling Corner ရုံးပိတ်ရက်လေးဖြစ်ပါတယ် ရှင့်✨

🥰ရုံးပိတ်ရက်လေးတွေမှာ စိတ်ရောကိုယ်ပါ အပန်းပြေနားနေရင်း ရှေ့ဆက်ရမယ့် နေ့ရက်တိုင်းအတွက် အင်အားသစ်တွေ ရရှိနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

အားလုံးပဲ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာရှိကြပါစေ။ 🙏✨

26/03/2026

ခုနောက်ပိုင်းမှာ ကလေးတော်တော်များများဟာ ဖုန်း၊ Tablet စတဲ့ နည်းပညာပစ္စည်းတွေနဲ့ အချိန်ကုန်တာ ပိုများလာပါတယ်။📲

ဒါဟာ သူတို့ရဲ့ ကြီးထွားဖွံ့ဖြိုးမှုကို အများကြီး အထောက်အကူပြုနိုင်သလို၊ အလွန်အကျွံဖြစ်သွားတဲ့အခါမှာတော့ကလေးတွေရဲ့ စိတ်ခံစားချက်တွေကို
ကိုင်တွယ်ဖြေရှင်းဖို့ ခက်ခဲလာစေနိုင်ပါတယ်။✨

✅လူကြီးမိဘ တွေ အနေ နဲ့ ကလေးရှေ့မှာ ဖုန်းအလွန်အကျွံမသုံးဘဲ ကလေးကို အချိန်ပေးတာမျိုး လုပ် သင့်ပါတယ် ဆို တာ လေး ကို Counsellor Hein Htet Lwin Oo က နေမျှဝေပေး ထား ပါတယ်

See It, Feel It & Create It (Art-based Workshop)မိမိရဲ့ အတွင်းစိတ်ခံစားချက်တွေကို ပန်းချီကားချပ်လေးတွေအဖြစ် ဖန်တီးရင်း စ...
26/03/2026

See It, Feel It & Create It (Art-based Workshop)

မိမိရဲ့ အတွင်းစိတ်ခံစားချက်တွေကို ပန်းချီကားချပ်လေးတွေအဖြစ် ဖန်တီးရင်း စိတ်ဖိစီးမှုတွေကို ခဏတာ မေ့ပျောက်ထားဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ ✨

ဒီ Workshop လေးမှာဆိုရင်...
• Watercolour Techniques: ရေဆေးပန်းချီ အခြေခံခြယ်သနည်းတွေကို လေ့လာနိုင်မယ်။
• Mindfulness & Visualisation: အာရုံစူးစိုက်မှုရှိဖို့နဲ့ လက်ရှိအချိန်မှာ စိတ်ကိုအေးချမ်းစွာ ထားနိုင်ဖို့အတွက် လေ့ကျင့်ခန်းလေးတွေ ပြုလုပ်မယ်။
• Creative Expression: ကိုယ်တိုင်မြင်ယောင်တဲ့ စိတ်အခြေအနေကို ဘာကန့်သတ်ချက်မှမရှိဘဲ လွတ်လပ်စွာ ပုံဖော်ရင်း စိတ်ပေါ့ပါးမှုကို ခံစားရမှာပါ။

Workshop အပြီးမှာတော့ ကိုယ်တိုင်ဖန်တီးထားတဲ့ အမှတ်တရ လက်ရာလေးကို အိမ်ကိုပါ ယူဆောင်သွားနိုင်မှာ ဖြစ်ပါတယ်ရှင်။ 🏠💖

📅 Workshop အသေးစိတ်
• Facilitator: Counsellor_ Thiri Myint Zaw
• နေ့ရက်: မတ်လ ၂၉ ရက် (တနင်္ဂနွေနေ့)
• အချိန်: နေ့လယ် ၂:၀၀ နာရီ မှ ညနေ ၄:၀၀ နာရီအထိ
• နေရာ: Counselling Corner Yangon Office
[5/9, Bogalay street, Botahtaung Township, Yangon] ,Counselling Corner Office

• Fee- ၂၅,၀၀၀ ကျပ်

https://docs.google.com/forms/d/e/1FAIpQLSe3nnYlHjjOle-hKD7NZTVXVMzZKsoKNFBsnKzlJqfMB_FOSQ/viewform?usp=header်
⚠️ လူဦးရေ အယောက် ၂၀ သာ ကန့်သတ်ထားတာမို့ အမြန်ဆုံး စာရင်းပေးသွင်းဖို့ လိုအပ်ပါတယ်။
စိတ်အေးချမ်းမှုနဲ့ အနုပညာကို ပေါင်းစပ်ထားတဲ့ ဒီ ၂ နာရီတာ Workshop လေးမှာ အတူတူ ဆုံကြမယ်နော်။ ✨

ကလေးများအတွက် Play Date အစီအစဉ် 📍In Yangon ဒီနေ့ခေတ်မှာ ကလေးငယ်တွေဟာ ဖုန်းနဲ့ ကွန်ပျူတာ screen တွေပေါ်မှာပဲ အချိန်ကုန်နေ...
25/03/2026

ကလေးများအတွက် Play Date အစီအစဉ် 📍In Yangon

ဒီနေ့ခေတ်မှာ ကလေးငယ်တွေဟာ ဖုန်းနဲ့ ကွန်ပျူတာ screen တွေပေါ်မှာပဲ အချိန်ကုန်နေကြတာများလာတာကြောင့် မိသားစုဝင်တွေနဲ့ သူငယ်ချင်းတွေနဲ့ ဝေးကွာလာရုံသာမက ကိုယ်လက်လှုပ်ရှားမှုလည်း နည်းပါးလာပါတယ်။
ဒီလိုစိန်ခေါ်မှုတွေကို ကျော်လွှားနိုင်ဖို့အတွက် ကျွန်မတို့ရဲ့ Play Date ဆိုတဲ့ အစီအစဉ်လေးရှိ ပါတယ်။ 🎉

ဒီအစီအစဉ်လေးက အထူးသဖြင့် အသက် ၅ နှစ်ကနေ ၁၅ နှစ် အတွင်းရှိတဲ့ ကလေးငယ်လေးတွေအတွက် ရည်ရွယ်ထားတာ ဖြစ်ပါတယ်ရှင်။ 🚸

📍Play Date မှာ ဘာတွေ လုပ်ဆောင်သွားမှာလဲ?
➡️စိတ်ကူးယဉ်ပုံပြင်လေးတွေကို နားဆင်ရင်း ဘဝမှာ ကြုံတွေ့ရမယ့် အခက်အခဲတွေကို ဘယ်လို ရင်ဆိုင်ဖြေရှင်းရမလဲဆိုတာ သင်ကြားပေးပါမယ်။
➡️ပုံဆွဲခြင်းနဲ့ အနုပညာလှုပ်ရှားမှုတွေကတစ်ဆင့် ကလေးတို့ရဲ့ စိတ်ထဲက ခံစားချက်တွေကို လွတ်လပ်စွာ ဖော်ထုတ်နိုင်ဖို့ ကူညီပေးပါမယ်။
➡️သူငယ်ချင်းအသစ်တွေနဲ့ မုန့်လေးတွေစားရင်း ပျော်ရွှင်ဖွယ် အချိန်လေးတွေ အတူတူ ဖန်တီးကြပါမယ်။
➡️သီချင်းလေးတွေ၊ ဂိမ်းလေးတွေနဲ့အတူ တစ်ယောက်နဲ့တစ်ယောက် ရင်းရင်းနှီးနှီး နွေးထွေးစွာ နှုတ်ဆက်ကြပါမယ်။

📍ဒီအစီအစဉ်ကနေ ဘာအကျိုးကျေးဇူးတွေ ရရှိမှာလဲ?
➡️ကလေးနဲ့ မိဘတွေကြားက ဆက်ဆံရေးကို ပိုမိုရင်းနှီးနီးကပ်စေပါမယ်။
➡️အသစ်အဆန်းတွေကို ရဲရဲဝံ့ဝံ့ လုပ်ကြည့်ရင်း ကလေးတို့ရဲ့ စိတ်ရွှင်လန်းမှုနဲ့ ယုံကြည်မှုတွေ ပိုမိုတိုးပွားလာပါလိမ့်မယ်။
➡️သူငယ်ချင်းအသစ်တွေ မိတ်ဖွဲ့ပြီး အတူတကွ ကစားခြင်းအားဖြင့် လူမှုဆက်ဆံရေးစွမ်းရည်တွေ တိုးတက်လာစေပါမယ်။
➡️ပျော်ရွှင်စရာ လှုပ်ရှားမှုတွေနဲ့ ကစားရင်း ကလေးတွေရဲ့ စိတ်ထဲမှာရှိတဲ့ ကြောက်ရွံ့မှုတွေကို ရုန်းထွက်နိုင်ဖို့ ကူညီပေးပါမယ်။

ဒီ Play Date program လေးကနေ ကလေးတို့ရဲ့ ဘဝအတွက် အကျိုးကျေးဇူးတွေ အများကြီး ရရှိစေမှာဖြစ်ပါတယ် နော် 💌

စိတ်ပါဝင်စားပြီး ပါဝင်ချင်လျင် စာရင်းသွင်းရန https://docs.google.com/forms/d/e/1FAIpQLSdnYTvEkQpqLwKxI7pY_pc574tNjzJgyLXC8CXCU_teMyPEkw/viewform?usp=header
နေ့ရက်: [28 March Saturday]
အချိန်: [3PM _ 5PM ]
ဈေးနှုန်း - 15,000 MMK
ဖုန်း :09784509916 (Ygn)
နေရာ: 5/9, Bogalay street, Botahtaung Township, Yangon] ,Counselling Corner Office

နားထောင်ပါ၊ ရင်ဖွင့်ပါ၊ စိတ်ဒဏ်ရာတွေကို ပြန်လည်ကုစားပါ။✨ကိုယ့်စိတ်ထဲမှာ ပိတ်လှောင်ထားရတဲ့ အတွေးတွေကို တစ်ယောက်တည်း ရင်ဆိ...
25/03/2026

နားထောင်ပါ၊ ရင်ဖွင့်ပါ၊ စိတ်ဒဏ်ရာတွေကို ပြန်လည်ကုစားပါ။✨

ကိုယ့်စိတ်ထဲမှာ ပိတ်လှောင်ထားရတဲ့ အတွေးတွေကို တစ်ယောက်တည်း ရင်ဆိုင်ရတာ ပင်ပန်းနေပြီလား? အခုပဲ Counselling Corner, Mandalay FM, Teen Radio နဲ့ တို့ရဲ့'Unlock Me' အစီအစဉ်ဆီ Message လေးပို့ပြီး ရင်ဖွင့်လိုက်ပါ။

Counsellors တွေက နွေးထွေးစွာ နားထောင်ပေးမှာဖြစ်သလို၊ အမည်မဖော်ပဲ လွတ်လပ်စွာ ပြောပြလို့ရတာမို့ ကိုယ့်စိတ်ကို ပြန်လည်လွတ်မြောက်ခွင့်ပေးဖို့ အခုပဲ စာလေးတစ်စောင် ပေးပို့လိုက်ရအောင်။

"မျက်ရည်ကျတာဟာ အားနည်းတာမဟုတ်ဘူး၊ စိတ်ခံစားချက်က ခေတ္တအနားယူလိုက်တာပါ"လူမှုပတ်ဝန်းကျင်မှာ အငိုလွယ်တဲ့သူတွေကို ပျော့ညံ့တယ...
24/03/2026

"မျက်ရည်ကျတာဟာ အားနည်းတာမဟုတ်ဘူး၊ စိတ်ခံစားချက်က ခေတ္တအနားယူလိုက်တာပါ"
လူမှုပတ်ဝန်းကျင်မှာ အငိုလွယ်တဲ့သူတွေကို ပျော့ညံ့တယ်၊ စိတ်မခိုင်ဘူးလို့ အမှတ်မှားလေ့ရှိကြပါတယ်။ ဒါပေမဲ့ စိတ်ပညာရှုထောင့်ကကြည့်ရင် အငိုလွယ်သူအများစုဟာ HSP (Highly Sensitive Person) လို့ခေါ်တဲ့ အာရုံခံစားမှု အလွန်မြင့်မားသူတွေ ဖြစ်တတ်ကြပါတယ်။ သူတို့ရဲ့ ဦးနှောက်ထဲမှာရှိတဲ့ Mirror Neurons (ခံစားချက် ပုံတူကူးချဆဲလ်) တွေဟာ သာမန်ထက် ပိုမိုအားကောင်းတာကြောင့် သူတစ်ပါးရဲ့ နာကျင်မှုကို ကိုယ့်နာကျင်မှုလို ထပ်တူကျစွာ ခံစားရတတ်ပါတယ်။ ဒါဟာ အားနည်းချက်မဟုတ်ဘဲ ထူးခြားတဲ့ "Empathy (ကိုယ်ချင်းစာတရား)" စွမ်းရည်တစ်ခုပဲ ဖြစ်ပါတယ်။

H.A.L.T Technique ဆိုတာဘာလဲ? (Biological Regulation)
တစ်ခါတလေမှာ အကြောင်းမဲ့ စိတ်ဆတ်နေတာ၊ ဝမ်းနည်းပြီး ငိုချင်နေတာမျိုး ဖြစ်လာရင် တစ်ခုခု မတုံ့ပြန်ခင် ဒါမှမဟုတ် ဆုံးဖြတ်ချက်မချခင် ဦးနှောက်က ဒီ ၄ ချက်ကို အရင်စစ်ဆေးဖို့ အချက်ပေးနေတာ ဖြစ်နိုင်ပါတယ်။

H (Hungry) - ဗိုက်ဆာနေတာလား? လူ့ဦးနှောက်ရဲ့ အဓိကလောင်စာဟာ Glucose (သကြားဓာတ်) ဖြစ်ပါတယ်။ ဗိုက်ဆာတဲ့အခါ သကြားဓာတ်လျော့နည်းသွားပြီး ဦးနှောက်ရဲ့ ဆင်ခြင်တုံတရားအပိုင်း (Prefrontal Cortex) က စိတ်ခံစားချက်တွေကို မထိန်းချုပ်နိုင်တော့ပါဘူး။ ဒါကြောင့် ဗိုက်ဆာရင် စိတ်တိုလွယ်၊ ငိုလွယ်လာတာဟာ သဘာဝပဲ ဖြစ်ပါတယ်။
A (Angry/Anxious) - ဒေါသထွက်နေတာလား၊ စိုးရိမ်နေတာလား? စိတ်ထဲမှာ မကျေနပ်မှုတွေ သို့မဟုတ် စိုးရိမ်မှုတွေ ပုံနေတဲ့အခါ ခန္ဓာကိုယ်က "တိုက်ခိုက်မယ် ဒါမှမဟုတ် ထွက်ပြေးမယ်" ဆိုတဲ့ (Fight or Flight) Mode ထဲ ရောက်နေတတ်ပြီး စိတ်လှုပ်ရှားမှုကို မြင့်တက်စေပါတယ်။
L (Lonely) - အထီးကျန်နေတာလား? လူသားတွေဟာ အဖွဲ့အစည်းနဲ့ နေထိုင်ရတဲ့ သတ္တဝါတွေ ဖြစ်တာကြောင့် တစ်ယောက်တည်း အားကိုးရာမဲ့သလို ခံစားရတဲ့အခါ စိတ်ဟာ အလိုလို နုနယ်သွားတတ်ပြီး အကာအကွယ်မဲ့နေသလို ခံစားရတတ်ပါတယ်။
T (Tired) - ပင်ပန်းနေတာလား? အိပ်ရေးပျက်တာ ဒါမှမဟုတ် အလုပ်ပင်ပန်းတာတွေက ဦးနှောက်ရဲ့ စွမ်းအင်တွေကို ကုန်ခမ်းစေပါတယ်။ ပင်ပန်းနေတဲ့ ဦးနှောက်ဟာ စိတ်ဖိစီးမှုတွေကို ခံနိုင်ရည်မရှိတော့ဘဲ ပေါက်ကွဲထွက်လွယ်လာပါတယ်။

ဒီအချက်တွေထဲက တစ်ခုခု ဖြစ်နေရင် အရင်ဆုံး အနားယူပါ၊ အစာစားပါ။ မျက်ရည်ကျခြင်းဟာ ခန္ဓာကိုယ်ထဲက Stress ဟော်မုန်းတွေကို ဖယ်ရှားပေးတဲ့ သဘာဝအလျှောက် သန့်စင်ခြင်း (Catharsis) ဖြစ်စဉ်တစ်ခုလည်း ဖြစ်လို့ ငိုချလိုက်ရတာကို အားမငယ်ပါနဲ့။ ကိုယ့်ကိုယ်ကိုယ် ပြန်လည်ထိန်းညှိပေးဖို့ (Re-center လုပ်ဖို့) ခန္ဓာကိုယ်က ကြိုးစားနေတာပဲ ဖြစ်ပါတယ်။

လူကြီးမင်းတို့ရော... ဝမ်းနည်းတတ်လို့ ကိုယ့်ကိုယ်ကိုယ် အလိုမကျဖြစ်နေလား? ဝမ်းနည်းတတ်တာကို စိတ်နုတယ်ဆိုပြီး သတ်မှတ်ခံရတာမျိုး ကြုံဖူးလား? ခံစားချက်တွေကို ဘယ်လိုပုံစံနဲ့ ထိန်းညှိလဲ မျှဝေပေးသွားပါဦးနော်။

24/03/2026

*Beyond the Earthquake: ဆုံးရှုံးမှုများကို အတူတူရင်ဆိုင် ကျော်ဖြတ်ခြင်း*

*Trigger Warning ⚠️*: ဤဗီဒီယိုတွင် မြေငလျင်နှင့်ဆက်စပ်သော ဆုံးရှုံးမှုနှင့် ဝမ်းနည်းမှုများအကြောင်း ပါဝင်ပါသည်။ မိမိ၏ စိတ်ခံစားချက်အား ဂရုစိုက်သည့်အနေဖြင့် သတိပြုကြည့်ရှုနိုင်ပါသည်။ ကြည့်ရှုနေစဉ်အတွင်း အဆင်မပြေဖြစ်လာပါက မည်သည့်အချိန်မဆို ရပ်နားနိုင်ပါသည်။

မကြာတော့တဲ့ ရက်ပိုင်းအတွင်းမှာ မြန်မာနိုင်ငံတွင်း ကြီးမားသော မြေငလျင်လှုပ်ခတ်မှု အဖြစ်အပျက်ဟာဆိုရင် (၁) နှစ်ပြည့်မြောက်တဲ့ ကာလတစ်ခုကို ရောက်ရှိတော့မှာဖြစ်ပါတယ်။
ဒီလိုအချိန်ကာလမှာ ခက်ခဲတဲ့ အမှတ်တရတွေကြောင့် စိတ်မသက်မသာ ဖြစ်နေရတာဟာ သဘာဝကျတဲ့ တုံ့ပြန်မှုတစ်ခု ဖြစ်ပါတယ်။
ဒီဗီဒီယိုလေးမှာတော့ ကျွန်မတို့ Counselling Corner မှ Counsellor နှစ်ဦးဖြစ်တဲ့ ကိုဟိန်းထက်လွင်ဦး နဲ့ မဆုလဲ့နန္ဒာ တို့က - 📩

🔹 ဝမ်းနည်းပူဆွေးမှု (Grief) ကို ဘယ်လိုနားလည်လက်ခံမလဲ …
🔹 စိတ်နဲ့ခန္ဓာကိုယ်မှာ ဖြစ်ပေါ်လာတတ်တဲ့ တုံ့ပြန်မှုများကို သိရှိနားလည်စေဖို့နဲ့ …
🔹 ခက်ခဲတဲ့ခံစားချက်တွေကို ရင်ဆိုင်ကျော်ဖြတ်နိုင်မယ့် နည်းလမ်းကောင်းများ ... စတာတွေကို ဆွေးနွေးမျှဝေထားပါတယ်။

ခက်ခဲတဲ့အချိန်တွေကို ကြံ့ကြံ့ခံကျော်ဖြတ်နေကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီရဲ့ စွမ်းရည်နဲ့ခွန်အားများကို ကျွန်မတို့ Counselling Corner အဖွဲ့သားအားလုံးက လေးစားအသိအမှတ်ပြုပါတယ်။ ❤️

ရင်ထဲက စကားသံတွေကို ဘယ်နေရာကနေမဆို လွတ်လပ်စွာ ဖွင့်ဟလို့ရပါပြီ 💻✨တစ်ခါတလေမှာ အပြင်ထွက်ဖို့တောင် စိတ်မပါလောက်အောင် ပင်ပန်...
24/03/2026

ရင်ထဲက စကားသံတွေကို ဘယ်နေရာကနေမဆို လွတ်လပ်စွာ ဖွင့်ဟလို့ရပါပြီ 💻✨

တစ်ခါတလေမှာ အပြင်ထွက်ဖို့တောင် စိတ်မပါလောက်အောင် ပင်ပန်းနေတဲ့အခါ၊ ဒါမှမဟုတ် အဝေးတစ်နေရာကနေ ရင်ဖွင့်ဖော် လိုအပ်နေတဲ့အခါ... Counselling Corner ရဲ့ Online Free Consultation အစီအစဉ်က သင့်အနားမှာ ရှိနေပါတယ်။

သင့်ရဲ့ မွန်းကြပ်မှုတွေ၊ စိတ်ထဲက ဝန်ထုပ်ဝန်ပိုးတွေကို ကိုယ်တိုင်လာဖို့ မလိုဘဲ အွန်လိုင်းကနေတစ်ဆင့် ပေါ့ပါးစွာ ချပစ်လိုက်လို့ ရပါပြီ။

🌈 Online Counselling ယူခြင်းက
• လုံခြုံစိတ်ချရမှု: မိမိအိမ် ဒါမှမဟုတ် မိမိအဆင်ပြေဆုံးနေရာကနေ စိတ်အေးချမ်းသာစွာ ဆွေးနွေးနိုင်ပါတယ်။
• စိုးရိမ်စိတ် လျော့ကျခြင်း: လူကိုယ်တိုင်တွေ့ဖို့ ဝန်လေးနေသူတွေအတွက် ပိုမိုပွင့်လင်းစွာ စကားပြောဆိုနိုင်စေပါတယ်။
• ရင်ထဲက အညစ်အကြေးများကို ရှင်းထုတ်ခြင်း: ရှုပ်ထွေးနေတဲ့ အတွေးတွေကို စနစ်တကျ ပြန်လည်စီစစ်နိုင်ဖို့ နှစိသိမ့်ဆွေးနွေးသူ က ကူညီပေးပါလိမ့်မယ်။

• ကြာချိန်: မိနစ် (၃၀) စာ အခမဲ့ဆွေးနွေးခွင့်
• နေ့ရက်: 30 March 2026(Monday) , 3 April 2026 (Friday)

• ပြုလုပ်ပုံ: Online မှတစ်ဆင့် (Internet ရှိရုံဖြင့် အဆင်ပြေပါသည်)

📌📌📌Online ကနေ ပြောရတာထက် လူကိုယ်တိုင် တွေ့ဆုံပြီး ရင်ဖွင့်လိုသူများအတွက်လည်း ရန်ကုန်မြို့ရှိ Counselling Corner Office မှာ နှစိသိမ့်ဆွေးနွေးသူများ နှင့် လူကိုယ်တိုင် (In-person) တွေ့ဆုံဆွေးနွေးနိုင်ဖို့ ဖိတ်ခေါ်အပ်ပါတယ်။
https://docs.google.com/forms/d/e/1FAIpQLSd0hOz3y-mtFW-iBcsr1IJ-QJMEQ9nRjHhEEYnTo793vuQi2g/viewform?usp=header
📲 Booking ရယူရန်
• 09 784509916 (Ygn)
• 09 9776000736 (Mdy)

23/03/2026

Australian Counselling Association မှ Judith Pemell နဲ့အတူ သူမရဲ့ အတွေ့အကြုံတွေကို ရင်းရင်းနှီးနှီး မေးမြန်းဆွေးနွေးခွင့်ရခဲ့ပါတယ်။ 🎥✨

Judith က သူမရဲ့ Psychotherapist ဘဝ ဖြတ်သန်းမှုတွေအပြင် Counselling Corner မှာ Volunteer အဖြစ် လာရောက်ကူညီပေးခဲ့တဲ့ အတွေ့အကြုံတွေကိုပါ ဝေမျှပေးသွားပါတယ်။

သူမရဲ့ အဓိက ကူညီပံ့ပိုးမှုတစ်ခုကတော့ ကျွန်မတို့ Counsellors တွေရဲ့ အရည်အချင်း ပိုမိုတိုးတက်လာစေဖို့အတွက် "စွဲလမ်းမှုဆိုင်ရာ ကုစားခြင်း (Addiction Training)" အထူးသင်တန်းတွေကို ပို့ချပေးခဲ့တာပဲ ဖြစ်ပါတယ်။

ဒါ့အပြင် အခြားသူတွေကို ကူညီဖေးမပေးနေတဲ့ Counsellors တွေအတွက် စိတ်ဓာတ်ခိုင်မာတည်ငြိမ်အောင် ဘယ်လိုနေထိုင်ရမလဲဆိုတဲ့ အကြံဉာဏ်တွေကိုလည်း ပေးခဲ့ပါသေးတယ်။

Judith ပြောပြသွားတဲ့ အကြောင်းအရာ အပြည့်အစုံကို အောက်ပါဗီဒီယိုမှာ ကြည့်ရှုနိုင်ပါပြီ။ 👇

ဘဝမှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေ၊ စိတ်ထဲက နာကျင်မှုတွေကို ဘယ်ကနေ စတင်ပြောပြရမလဲဆိုတာ ဝေခွဲမရဖြစ်နေတတ်တာ သဘာဝပါ။ အဲဒီလိုအခ...
23/03/2026

ဘဝမှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေ၊ စိတ်ထဲက နာကျင်မှုတွေကို ဘယ်ကနေ စတင်ပြောပြရမလဲဆိုတာ ဝေခွဲမရဖြစ်နေတတ်တာ သဘာဝပါ။ အဲဒီလိုအချိန်မျိုးမှာ သင့်ကို ဘယ်သူကမှ အပြစ်မတင်ဘဲ စိတ်ရှည်လက်ရှည် နားထောင်ပေးမယ့်သူ တစ်ယောက်ရှိဖို့ဆိုတာ တကယ်ကို လိုအပ်ပါတယ်။✨

ဒီလို စိတ်ထဲက ဝန်ထုတ်ဝန်ပိုးတွေကို အတူတူ မျှဝေထမ်းပိုးပေးဖို့ Individual Counselling ဆိုတဲ့ နည်းလမ်းလေး ရှိပါတယ်။
ဒါဟာ ဘယ်လိုမျိုး ကူညီပေးနိုင်တာလဲ? 🤔 ဒါကတော့ Counsellor တစ်ဦးနဲ့ သင်တစ်ဦးတည်း သီးသန့်စကားပြောဆိုရင်း သင့်ရဲ့ အတွေးတွေ၊ ခံစားချက်တွေနဲ့ ဘဝရဲ့ အဖုအထစ်တွေကို ပွင့်ပွင့်လင်းလင်း တိုင်ပင်ရတဲ့ လုပ်ငန်းစဉ်တစ်ခုပါ။

ဒီကနေတစ်ဆင့် သင်ဘာတွေ ရရှိနိုင်မလဲ? 🎯
✅စိတ်သက်သာရာ ရစေဖို့: ရင်ထဲက ပိတ်ဆို့နေတဲ့ ဖိအားတွေ၊ စိုးရိမ်ပူပန်မှုတွေနဲ့ နာကျင်မှုတွေကို စနစ်တကျ လျှော့ချပေးပါတယ်။

✅မိမိကိုယ်ကိုယ် ပြန်လည်နားလည်ဖို့: ကိုယ့်ရဲ့ စိတ်နေစိတ်ထားနဲ့ အပြုအမူတွေကို ပိုမိုသိမြင်လာပြီး မိမိကိုယ်ကိုယ် ပြန်လည်လက်ခံနိုင်လာစေပါတယ်။

✅ဖြေရှင်းနည်းတွေ ရှာဖွေဖို့: အခက်အခဲတွေကို ဘယ်လိုအပြုသဘောဆောင် ရင်ဆိုင်မလဲဆိုတဲ့ နည်းလမ်းကောင်းတွေကို အတူတူ ရှာဖွေပါတယ်။

✅ဆက်ဆံရေးတွေ ပြန်လည်ကောင်းမွန်ဖို့: ပတ်ဝန်းကျင်နဲ့ ဆက်ဆံရာမှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေကို နားလည်ပြီး ပိုမိုခိုင်မာတဲ့ ဆက်ဆံရေး တည်ဆောက်နိုင်ဖို့ ကူညီပေးပါတယ်။

✨Individual Counselling ရဲ့ အဓိကရည်ရွယ်ချက်ကတော့ သင့်ရဲ့ စိတ်ကျန်းမာရေးကို တစ်ဆင့်ချင်း တိုးတက်စေဖို့နဲ့ အတိတ်က စိတ်ဒဏ်ရာ (Trauma) တွေကို ကုစားရင်း ပိုမိုပျော်ရွှင်တဲ့ လူနေမှုဘဝကို ပိုင်ဆိုင်နိုင်စေဖို့ပါပဲ။

သင် (သို့မဟုတ်) သင့်ပတ်ဝန်းကျင်က ချစ်ခင်ရသူတစ်ဦးဦး တစ်ယောက်တည်း ရုန်းကန်နေရတယ်ဆိုရင် အကူအညီရယူဖို့ စဉ်းစားကြည့်ပါ။ တစ်ယောက်တည်း ကြိတ်မှိတ်ခံစားနေစရာ မလိုပါဘူး။ Counselling Corner က သင့်အနားမှာ အမြဲရှိနေမှာပါ။ ❤️

Address

No. 5/9, 1st Floor, Bogalay Zay Street (Lower Block), Botahtaung Township
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959784509916

Alerts

Be the first to know and let us send you an email when Counselling Corner posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Counselling Corner:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram