Foreign Medical Service

Foreign Medical Service ထိုင်း၊ မလေးရှား နှင့် အိန္ဒိယ သို့သွား၍ ဆေးစစ်ဆေးကုရာတွင် အပိုကုန်ကျစရိတ်သက်သာအောင် အခမဲ့ အကြံ‌ပေးကူညီနေပါတယ်။

နာခွန်ထွန်းက 2026 အတွက် package medical check up အသစ်ထွက်လာပါပြီ။ကျား/ မ အလိုက်ကော အသက်အရွယ်အရကော စစ်တာ မတူတာအချို့ရှိလိ...
01/01/2026

နာခွန်ထွန်းက 2026 အတွက် package medical check up အသစ်ထွက်လာပါပြီ။
ကျား/ မ အလိုက်ကော အသက်အရွယ်အရကော စစ်တာ မတူတာအချို့ရှိလို့ ဈေးနှုန်းပုံမှာကြည့်ပါ။
FMS က ဆရာဝန်နဲ့ အခမဲ့တိုင်ပင်ပြီး မိမိအတွက်သင့်တော်တာ စစ်ဆေးကုသလို့ရပါတယ်။



Churchill hospital
29/12/2025

Churchill hospital

29/12/2025

သားက သူ့ရဲ့ NHS registration ထုတ်ပြတယ်။
ကျောင်းမဖွင့်ခင် ရောက်စကထဲက လုပ်ထားတာ။
နေမကောင်းရင် အခမဲ့ကုလို့ရသလို ဆေးဝါးပါ အခမဲ့တဲ့။ ဒီမှာကျောင်းတက် အလုပ်လုပ်နေသူအတွက်က အဆင်ပြေပါတယ်။
(ပို့စ်တခုမှာ ဗီဒီယိုတခုဘဲတင်ရလို့ ကွန်မန့်မှာ ထပ်တင်ပေးပါမယ်)

ကိုယ့်လူနာတွေကိုတော့ ယူကေက ဆေးရုံတွေနဲ့ ဆေးကုဖို့ချိတ်လို့မဖြစ်ဘူး။ ဝေးတဲ့အပြင် သူ့စနစ်မှာမပါဝင်တဲ့သူတွေ အတွက် ဈေးကကြီးတယ်။
မြန်မာလူနာတွေကို အကြံဘဲပေးတာပါ ကိုယ်သွားချင်တဲ့နေရာသွားပါ။
FMS က စင်ကာပူ နဲ့မလေးရှားက ဆေးရုံတွေနဲ့ ချိတ်ခဲ့ဖူးတယ်။ လက်ရှိမှာတော့ အိန္ဒိယနဲ့ ထိုင်းဆေးရုံတွေနဲ့ ချိတ်ဆက်လူနာပို့ပေးနေပါတယ်။
မမှားရအောင် အဆင်ပြေအောင် မြန်မာပြည်ကထဲက ကြိုတင်စီစဉ်ရတာပါ။
ကိုယ်ကျန်းမာစိတ်ချမ်းသာကြပါစေ🙏

Merry Christmas and Happy New Year 🎉💐🎄 ကိုယ်ကျန်းမာ စိတ်ချမ်းသာကြပါစေ💞Holiday ထိုင်းသွားရင်း shopping, ဆေးစစ် ဆေးကုချင်ရ...
24/12/2025

Merry Christmas and Happy New Year 🎉💐🎄
ကိုယ်ကျန်းမာ စိတ်ချမ်းသာကြပါစေ💞
Holiday ထိုင်းသွားရင်း shopping, ဆေးစစ် ဆေးကုချင်ရင် 📲 09797239686ကူညီပေးနေတယ်နော်
ဘန်ကောက်မှာ ဆေးရုံကိစ္စအတွက် သားငယ် ရှိနေတယ် 👍

နှစ်ကုန်တော့မယ် holiday ထွက်ရင်းဆေးစစ်ဖို့ Check up promotion တွေမီသေးလား?Yes, ရှိသေးတယ်နော်!One plus One တွေလည်းပါ။ဆေးစ...
22/12/2025

နှစ်ကုန်တော့မယ် holiday ထွက်ရင်းဆေးစစ်ဖို့ Check up promotion တွေမီသေးလား?
Yes, ရှိသေးတယ်နော်!
One plus One တွေလည်းပါ။
ဆေးစစ် package တွေ ကိုယ့်အသက်အရွယ်အလိုက် တန်တန်စစ်ရအောင် ကြိုပို့ ရက်ချိန်းက စောယူရပါမယ်နော် 🎉
မိမိရောဂါအခံနဲ့ကိုက်အောင် FMS က ဆရာဝန်နဲ့ အခမဲ့တိုင်ပင်ပြီး လိုတာ ထပ်ထည့်စစ်လို့လည်းရပါတယ်။

ခုပဲ ဆက်သွယ်ရွေးချယ်ကြည့်လိုက်ပါ။
09797239686 Viber လည်းရတယ်။
ကြာကြာနေချင်ရင် visit Visa လည်း ချိတ်ပေးတယ်,

ထိုင်းကဆေးရုံ လူနာတွေစိတ်ချမ်းသာရတယ်။ကိုယ်တိုင်လူနာအနေနဲ့ကုသခဲ့ဖူးတာသဘောကျလို့ ကိုယ့်လူနာတွေကိုလွှတ်ခဲ့တာလည်း အဆင်ပြေတယ်...
16/12/2025

ထိုင်းကဆေးရုံ လူနာတွေစိတ်ချမ်းသာရတယ်။
ကိုယ်တိုင်လူနာအနေနဲ့ကုသခဲ့ဖူးတာသဘောကျလို့ ကိုယ့်လူနာတွေကိုလွှတ်ခဲ့တာလည်း အဆင်ပြေတယ်။

တွေ့ဆုံပွဲစီစဉ်တာကအစ သူများနဲ့မတူ ဂိမ်း ကံစမ်းမဲ ပါဝင်ဆောင်ရွက်မှုဆု ... အချိန်တိုအတွင်း ပျော်ရတယ်။ အကျိုးရှိတယ်။
အစားသောက်ကို ကျန်းမာရေးနဲ့အညီ ကိုယ့်ရှေ့တင် ပြင်ဆင်ချက်ပြုတ်နေပုံကို ထိုင်ကြည့်ရင်း စားရတဲ့ အတွေ့အကြုံ
ကျေးဇူးတင်ပါတယ်

မြန်မာပြည်က ဆေးကုသလာချင်တဲ့လူနာတွေကို နွေးထွေးစွာကြိုဆိုလျက်ပါ။
Nakornthon hospital



ဒူးနာတာ ခွဲဖို့လိုနေပြီလား?ဒူးဆစ်အစားထိုးရတော့မယ့် အနေအထားကနေ ခွဲစရာမလိုအောင် 👉
05/12/2025

ဒူးနာတာ ခွဲဖို့လိုနေပြီလား?
ဒူးဆစ်အစားထိုးရတော့မယ့် အနေအထားကနေ ခွဲစရာမလိုအောင် 👉

အရိုးအဆစ်ကုသမှု နာမည်ကြီးတဲ့ ဆေးရုံပါ
04/12/2025

အရိုးအဆစ်ကုသမှု နာမည်ကြီးတဲ့ ဆေးရုံပါ

သွေးကင်ဆာနဲ့ သွေးရောဂါတွေအတွက် မျှော်လင့်ချက်ရောင်ခြည် "Stem Cell (စတမ်းဆဲလ်) ကုထုံး"တလောက ဘန်ကောက်သွားကုတဲ့ လူနာနဲ့ စကာ...
04/12/2025

သွေးကင်ဆာနဲ့ သွေးရောဂါတွေအတွက် မျှော်လင့်ချက်ရောင်ခြည် "Stem Cell (စတမ်းဆဲလ်) ကုထုံး"

တလောက ဘန်ကောက်သွားကုတဲ့ လူနာနဲ့ စကားပြောဖြစ်တယ်။ အတော်လေး သက်သာနေကောင်းနေပါပြီ။
ပရိတ်သတ်ဗဟုသုတ အတိုချုပ် သိရအာင်မျှဝေပေးပါမယ်။

ဒီမှာ အရင်တင်ဖူးတဲ့စာက ဆေးပညာအသုံးအနှုန်းတွေများပြီး နည်းနည်းရှုပ်နေတာကြောင့် သာမန်လူတွေ ဖတ်လိုက်တာနဲ့ တန်းနားလည်သွားအောင် စကားပြောပုံစံလေးနဲ့ ပြန်ရေးပေးထားပါတယ်နော်။

Stem Cell (စတမ်ဆဲလ်) ကုသနည်းဆိုတာ ဒီဘက်ခေတ်မှာ တော်တော်လေး ခေတ်စားလာတဲ့ နည်းပညာတစ်ခုပါ။ ဆေးပညာသုတေသနတွေအရ ဒီကုထုံးဟာ အောက်ပါရောဂါတွေအတွက် တကယ်ကို ထိရောက်မှုရှိကြောင်း အခိုင်အမာ တွေ့ရှိထားပါတယ်။

☑️ (၁) သွေးကင်ဆာနဲ့ သွေးရောဂါများအတွက် အထိရောက်ဆုံးပါ
ဒီကုထုံးကို ဆေးပညာအရ "ရိုးတွင်းခြင်ဆီအစားထိုးကုသခြင်း (HSCT)" လို့ ခေါ်ပါတယ်။

* ဘယ်လိုကုသတာလဲ?
ရိုးရိုးရှင်းရှင်း ပြောရရင် ခန္ဓာကိုယ်ထဲမှာ သွေးဆဲလ်တွေထုတ်လုပ်ပေးနေတဲ့ စက်ရုံပျက်နေပြီဆိုပါစို့။ အဲဒီပျက်စီးနေတဲ့ သွေးဆဲလ်စက်ရုံဟောင်းနေရာမှာ လူကောင်းတစ်ယောက်ဆီကရတဲ့ သွေးဆဲလ်အသစ် (ဒါမှမဟုတ်) ရိုးတွင်းခြင်ဆီအသစ်နဲ့ အစားထိုး လဲလှယ်လိုက်တဲ့ သဘောပါပဲ။

* ဘယ်လောက်ထိ ထိရောက်လဲ?
* သွေးကင်ဆာ (Acute Myeloid Leukemia): ဒီနည်းနဲ့ ကုသမယ်ဆိုရင် လူနာတွေရဲ့ (၅) နှစ်အထက် အသက်ရှင်နိုင်စွမ်းဟာ တခြားကုထုံးတွေထက် (၂) ဆလောက်ပိုများပါတယ်။ (၄၀% ကနေ ၆၀% ထိ ရှိပါတယ်)။
* နာတာရှည် သွေးကင်ဆာ (CML): ရောဂါပြန်ဖြစ်နိုင်ခြေကို ၁၀% အောက်ထိ လျှော့ချပေးနိုင်ပါတယ်။
* ဒါ့အပြင် မွေးရာပါ သွေးအားနည်းရောဂါ (ဥပမာ- သွေးလေးဘက်နာလိုမျိုး၊ Thalassemia လိုမျိုး) ရောဂါတွေအတွက်လည်း အထူးသင့်တော်ပါတယ်။

* ဘာလို့ ဒီလောက်ထိရောက်တာလဲ?
ရောဂါဖြစ်နေတဲ့ ဆဲလ်အဟောင်းတွေကို ဖယ်ရှားပြီး အသစ်လဲလိုက်နိုင်လို့ပါ။ နောက်ပြီး ထည့်သွင်းလိုက်တဲ့ ဆဲလ်အသစ်တွေက ကျန်နေသေးတဲ့ ကင်ဆာဆဲလ်တွေကိုပါ တိုက်ထုတ်ပေးနိုင်စွမ်း ရှိလို့ဖြစ်ပါတယ်။

☑️ (၂) တခြား ဘယ်ရောဂါတွေအတွက် ကောင်းသေးလဲ?
သွေးရောဂါတွေအပြင် တခြားရောဂါတွေအတွက်လည်း ထိရောက်မှုရှိကြောင်း တွေ့ရှိရပါတယ်-

* အာရုံကြော ထိခိုက်ပျက်စီးခြင်းများ
ခါးရိုးဆစ်ဒဏ်ရာရပြီး လမ်းမလျှောက်နိုင်သူတွေမှာ Stem Cell ကုထုံးကြောင့် လှုပ်ရှားမှု ၃၀% လောက် ပြန်ကောင်းလာတာ တွေ့ရပါတယ်။

* နှလုံးရောဂါ
နှလုံးသွေးကြောပိတ်ပြီး နှလုံးကြွက်သား ပျက်စီးသွားသူတွေမှာ ကြွက်သားတွေ ပြန်လည်ကောင်းမွန်လာအောင် ကူညီပေးနိုင်ပါတယ်။

* အရိုးအဆစ်ရောဂါများ
ဒူးနာ၊ ခါးနာ၊ အဆစ်အမြစ်ရောင်ရောဂါတွေမှာ နာကျင်မှုကို သိသိသာသာ သက်သာစေပါတယ်။

⚠️ သတိပြုစရာ အချက်များ
ဒီကုထုံးက ကောင်းကျိုးများပေမယ့် သတိထားရမယ့် အချက်လေးတွေတော့ ရှိပါတယ်-
* ဘေးထွက်ဆိုးကျိုး: တခါတလေမှာ အသစ်ထည့်လိုက်တဲ့ ဆဲလ်နဲ့ ကိုယ့်ခန္ဓာကိုယ် ဓာတ်မတည့်တာမျိုး (GVHD) ဖြစ်တတ်ပါတယ်။
* ကုန်ကျစရိတ်: ကုသစရိတ် အတော်လေး မြင့်မားနိုင်ပါတယ်။
* လူနာရဲ့ ကျန်းမာရေးအခြေအနေပေါ် မူတည်ပြီး ဆရာဝန်နဲ့ သေချာတိုင်ပင်ဖို့ လိုပါတယ်။

FMS မှာ နိုင်ငံခြားဆေးရုံကုသမှုအတွက်တိုင်ပင်ဆွးနွေး နိုင်ပါတယ်။ ဘယ်ဆေးရုံသွားသွား ကူညီဖြေပေးပါတယ်။ လူနာကရွေးချယ်ပါ။

🔑 အတိုချုပ်ပြောရရင်
Stem Cell ကုထုံး (HSCT) ဟာ သွေးကင်ဆာနဲ့ သွေးရောဂါတွေ အတွက်တော့ လက်ရှိအချိန်မှာ အကောင်းဆုံးနဲ့ အထိရောက်ဆုံး ကုသနည်းတစ်ခုပါပဲ။ တခြားရောဂါတွေအတွက်လည်း ဆေးပညာရှင်တွေက ဆက်လက်လေ့လာနေဆဲ ဖြစ်ပါတယ်။
💁‍♀️ အသေးစိတ် စုံစမ်းလိုပါက
Foreign Medical Service page ရဲ့ chatbox တဆင့်ဆက်သွယ်နိုင်ပါတယ်။
📲 Online clinic booking Viber 097972 39686






မေးချင်တာရှိရင် ကွန်မန့်မှာပြောပေးပါ။

💞 ဘန်ကောက်မှ ဆေးရုံကြီးများဖြစ်တဲ့ Nakornthon hospital, Malaysia က နာမည်ကြီး Walk again Rehab ဆေးရုံ နှင့် အိန္ဒိယရဲ့ နာ...
27/11/2025

💞 ဘန်ကောက်မှ ဆေးရုံကြီးများဖြစ်တဲ့ Nakornthon hospital, Malaysia က နာမည်ကြီး Walk again Rehab ဆေးရုံ နှင့် အိန္ဒိယရဲ့ နာမည်ကြီး Apollo Hospitals တွေမှာ အဆင်ပြေပြေ ဆေးကုနိုင်ဖို့ Foreign Medical Service နဲ့ ချိတ်ဆက်လိုက်ပါ 😍

ထိုင်းနိုင်ငံ 🇹🇭 သို့မဟုတ် အိန္ဒိယနိုင်ငံ 🇮🇳 မှာ ဆေးကုဖို့၊ အလည်အပတ်ထွက်ရင်း မိသားစုအတွက် Medical Check Up ကျန်းမာရေး စစ်ဆေးပေးဖို့ စဉ်းစားနေတာလား?

ကျန်းမာရေးတွက်ဖြစ်စေ ခရီးစဉ်တွက်ဖြစ်စေ အခက်မကြုံရအောင် Foreign Medical Service မှ နိုင်ငံခြားမှာဆေးသွားမကုခင် ပြည်တွင်းမှာ ကျန်းမာရေးဆွေးနွေးပေးခြင်းအပြင် ခရီးစဉ်အတွက် ကျွမ်းကျင်သူများနှင့် ချိတ်ဆက်ပေးခြင်းများ စီစဉ်ပေးနေပါပြီ။

👉🏻 နိုင်ငံခြားသွား ဆေးမကုခင် Dr. Min Lifestyle မှ Dr. မင်းထက်ဇော်နဲ့ ကျန်းမာရေးတွက် ပွင့်ပွင့်လင်းလင်း ဆွေးနွေးတိုင်ပင်ပြီး အကြံဉာဏ်‌ရယူပါ၊
မိမိရောဂါအတွက်သင့်တော်သော အကောင်းဆုံးဆရာဝန်ကြီးများနှင့် ချိတ်ဆက်ပြီး ဆေးရုံမှာ ကြိုတင်ရက်ချိန်းယူပေးပါတယ်။

✈️ လေယာဉ်လက်မှတ်၊ ဧည့်လမ်းညွှန်၊ တည်းခိုရာနေရာနဲ့ ဗီဇာကိစ္စတွေကို ကျွမ်းကျင်သူများနှင့် ချိတ်ဆက် စီစဉ်ဆောင်ရွက်ပေးပါတယ်။

💁‍♀️ အသေးစိတ် စုံစမ်းလိုပါက
Foreign Medical Service page ရဲ့ chatbox တဆင့်ဆက်သွယ်နိုင်ပါတယ်။
📲 Online clinic booking Viber 097972 39686



ဒါသိပြီးပြီလား
25/11/2025

ဒါသိပြီးပြီလား

ခုတလော ခေတ်စား‌နေတဲ့ ကိုယ်အလေးချိန်ချဖို့ အသုံးပြုနေသော ထိုးဆေးများ (Semaglutide နှင့် Tirzepatide ဆေးများ) ၏ မူလရည်ရွယ်ချက်ကို ရှင်းပြပေးပါမယ်။

ဤဆေးဝါးများသည် မူလက အမျိုးအစား (၂) ဆီးချိုရောဂါ (Type 2 Diabetes Mellitus) ကို ကုသရန်အတွက် တီထွင်ထုတ်လုပ်ခဲ့သော ဆေးများ ဖြစ်ကြပါသည်။ ဆီးချိုကုသရာမှာ ဘော်ဒီဝိတ် သိသိသာသာချဖို့လိုပါတယ်။ ဒါ့ကြောင့် ဝိတ်လည်းကျ ဆီးချိုလည်းကျတဲ့ဆေးတွခတ်စားလာတာဖြစ်ပါတယ်။

၁။ ဆမ်မာဂလူတိုက်
Semaglutide သည် Glucagon-like Peptide-1 (GLP-1) Receptor Agonist အုပ်စုဝင် ဆေးဖြစ်သည်။

* မူလအသုံးပြုမှု:
* သွေးတွင်းသကြားဓာတ်ပမာဏကို ထိန်းချုပ်ရန်အတွက် အမျိုးအစား (၂) ဆီးချိုရောဂါ လူနာများတွင် အသုံးပြုသည်။ (ဥပမာ- Ozempic)

* ကိုယ်အလေးချိန်ကျစေသည့် အာနိသင်:
* Semaglutide သည် ဦးနှောက်ရှိ အစာစားချင်စိတ်ကို ထိန်းချုပ်သည့်နေရာကို သက်ရောက်မှုရှိပြီး အစာစားချင်စိတ်ကို လျှော့ချပေးခြင်း၊ အစာမြန်မြန်ပြည့်စေခြင်း နှင့် အစာအိမ်မှ အစာခြေဖျက်မှုကို နှေးကွေးစေခြင်း တို့ကို ဖြစ်စေသည်။

* ထိုအာနိသင်များကြောင့် ကိုယ်အလေးချိန် သိသာစွာ ကျဆင်းလာကြောင်း တွေ့ရှိရပြီးနောက် ကိုယ်အလေးချိန် လျှော့ချသည့် ဆေးအဖြစ်လည်း ထုတ်လုပ်လာခြင်း ဖြစ်သည်။ (ဥပမာ- Wegovy)

၂။ တာဇီပတိုက်
Tirzepatide သည် GLP-1 ၏ အာနိသင်အပြင် Glucose-dependent Insulinotropic Polypeptide (GIP) Receptor Agonist ၏ အာနိသင်ကိုပါ ပေါင်းစပ်ထားသောကြောင့် Dual Agonist ဟု ခေါ်သည်။

* မူလအသုံးပြုမှု:
* Semaglutide ကဲ့သို့ပင် သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်ရန်အတွက် အမျိုးအစား (၂) ဆီးချိုရောဂါ လူနာများတွင် အသုံးပြုသည်။ (ဥပမာ- Mounjaro)

* ကိုယ်အလေးချိန်ကျစေသည့် အာနိသင်:
* ၎င်းသည် GLP-1 နှင့် GIP လမ်းကြောင်းနှစ်ခုလုံးကို လှုံ့ဆော်ပေးသောကြောင့် Semaglutide ထက် သွေးတွင်းသကြားဓာတ် ထိန်းချုပ်မှုနှင့် ကိုယ်အလေးချိန် လျှော့ချမှုတွင် ပိုမိုထိရောက်မှုရှိကြောင်း လေ့လာတွေ့ရှိရသည်။

* ထို့ကြောင့် ကိုယ်အလေးချိန် လျှော့ချသည့် ဆေးအဖြစ်လည်း ခွင့်ပြုချက် ရရှိခဲ့သည်။ (ဥပမာ- Zepbound)

အနှစ်ချုပ်မှာ ဤဆေးများသည် ဆီးချိုရောဂါရှိသူများ၏ သွေးတွင်းသကြားဓာတ်ကို လျှော့ချရန်နှင့် ထိန်းချုပ်ရန်အတွက် တီထွင်ထားခြင်း ဖြစ်ပါသည်။ သို့သော် ၎င်းတို့၏ အစာစားချင်စိတ်ကို လျှော့ချပေးသော ထူးခြားသည့် အာနိသင် ကြောင့် ယခုအခါ ဆေးပမာဏကို ချိန်ညှိပြီး အဝလွန်ခြင်း (Obesity) ကို ကုသရန်အတွက်ပါ ကျယ်ပြန့်စွာ အသုံးပြုလာကြခြင်း ဖြစ်ပါသည်။

ယနေ့ (နိုဝင်ဘာလ ၁၄ ရက်) ဟာ ကမ္ဘာ့ ဆီးချိုရောဂါနေ့ (World Diabetes Day - WDD) ဖြစ်တဲ့အတွက် အမှတ်တရ သိထားသင့်တဲ့ အချက်အလက်လေးတွေကို တင်ပြပေးလိုက်ပါတယ်။

ဝိတ်ချထိုးဆေးတွေအကြာင်း ဆက်တင်ပေးမှာမို့ follow, like လုပ်ထားကြပါနာ်။ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌သိချင်တာရှိလည်မန့်မှာ မေးထားလို့ရပါတယ်။

ကိုယ်စိတ်နှလုံးရွှင်ပြုံးနိုင်ကြပါစေ 💞
#ဝိတ်ချထိုးဆေး


India နဲ့ Thai နိုင်ငံကဆေးရုံတွေကို ဆေးကုသွားချင်သူတွေအတွက် FMS ဝန်ဆောင်မှုကနေ လူနာတွေကို ချိတ်ဆက် အကြံဉာဏ်ပေးနေပါတယ်။မိ...
17/11/2025

India နဲ့ Thai နိုင်ငံကဆေးရုံတွေကို ဆေးကုသွားချင်သူတွေအတွက် FMS ဝန်ဆောင်မှုကနေ လူနာတွေကို ချိတ်ဆက် အကြံဉာဏ်ပေးနေပါတယ်။
မိအိနဲ့ အသင့်တော်ဆုံး ဆေးရုံကို ကိုယ်တိုင်ရွေးချယ်နိုင်ဖို့ ကုန်ကျစရိတ်၊ ကုသမှု အစီအစဉ် အကျိုးအပြစ်၊ သွားလာနေထိုင်စားသောက်ရေးအထိ ဆွေးနွေးပေးနိုင်ပါတယ်

Address

Baya Kyawthu Street, Next To Thitsar Road, South Okkalapa
Yangon

Telephone

+959797239673

Website

Alerts

Be the first to know and let us send you an email when Foreign Medical Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Foreign Medical Service:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram