Dr Linn

Dr Linn Hello

11/06/2022

မနေ့က လူနာ တစ်ယောက်လာတယ်

ရိုက်လုခံရလို့ ခေါင်းမှာ ဘုသီးပေါက် ပြီး မူးနေလို့တဲ့

လှိုင်သာယာ ဘက်မှာ အလုပ်ကအပြန်

ကားဂိတ်ကို လမ်းလျှောက်ရင်း အလုခံလာရတာ

ညနေ ၃ နာရီ လောက် အလင်းရောင် ကောင်းကောင်းရှိနေသေးတဲ့အချိန်

လူ ပါး ပေမယ့် လူမပြတ် လူကျဲနေတဲ့ အချိန် ကြီးမှာ ဖြစ်သွားတာ

ပိုက်ဆံ ၂ သောင်းလောက်နဲ့ ဖုန်း ပါသွားတယ် တဲ့

ခေါင်း က ကွဲမသွား လို့တော်သေး

ခေတ်ကြီးက တော်တော် အခြေအနေဆိုးနေပြီ…

08/05/2022

အသက် က ငါးဆယ်

“ဝ” နေတဲ့ လူနာ

သွေးတိုး လည်း ရှိတယ်

သွေးတွင်းအဆီ စစ်ကြည့်တော့လည်း များနေလို့

သွေးကျဆေးရော သွေးတွင်း အဆီ ကျဆေးရော သွေးကျဲဆေးရော ပေးထားရတဲ့

နှလုံးသွေးကြောကျဉ်း လူနာ တစ်ယောက်

ရင်ဘက်အောင့်ပြီး ချွေးတွေ အရမ်းထွက် မော နေလို့

လာကြည့်ပေးဖို့ ပင့်တယ်

သွားကြည့်ပေးပြီး လိုအပ်တဲ့ ဆေးတွေ ပေးတယ်

ပြန်သက်သက်လာတယ်

ဆေးရုံ တက်ဖို့ကျတော့ သက်သာနေပြီမို့ လူနာဘက်က မတက်ချင်တော့ စိတ်ချရအောင် ECG နဲ့ သွေးဖေါက်စစ်ကြည့်ဖို့ ပြောလိုက်တယ်

မလှုပ်ရှားဖို့ ပြောပြီး

ECG နဲ့ သွေးစစ်ဖို့ ဓါတ်ခွဲခန်းကို အိမ်ခေါ်တယ်

(ဒီလို လူနာတွေမှာ နှလုံသွေးကြောကျဉ်းတာ/ပိတ်တာ/နှလုံးကြွက်သား ပုပ်တာ ဖြစ်နိုင်လို့ လုံးဝ မလှုပ်ရှားသင့်လို့ ECG နဲ့ သွေးဖောက်တာကို အိမ်ခေါ်လိုက်တာ
အဖြေကြည့်ပြီး ဆေးရုံ လွှတ်ဖို့ပါ)

အဖြေ တွေ ကြည့်ပြီး ဆေးရုံ တက်သင့် တက်ရမယ် လို့မှာပြီး ပြန်လာလိုက်တယ်

ဆေးခန်းပြန်ရောက်ပြီး ၁၀မိနစ်လောက်အကြာမှာပဲ

လူနာအိမ်က အပြေးရောက်လာပြီး ပြောတယ်

မေ့လဲသွားလို့ လာပါဦးတဲ့

ဘာလို့မေ့လဲသွားတာလဲ မေးတော့

သေးပေါက်ချင်တယ်ဆိုပြီး ထလိုက်တာ မေ့လဲသွားတာတဲ့

သေရောပဲ

သေချာမှာလိုက်ရဲ့သားနဲ့ လေ

အိမ်ကို ဖုန်းဆက်မေးလိုက်တော့ သတ်မရလို့ဆေးရုံသွားနေပြီတဲ့

နောက်တစ်နာရီလောက်အကြာမှာ ဖုန်းဆက်ပြီး အကျိုးအကြောင်းမေးလိုက်တော့ ဆုံးသွားပြီး တဲ့

စိတ်မကောင်းရုံမှ တပါး….. 😔

Dr.Linn
7.5.2022(Sat)

Address

Wai Ba Gi Road
Yangon

Telephone

+959425738184

Website

Alerts

Be the first to know and let us send you an email when Dr Linn posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Dr Linn:

Share