GRAND mobile health care Myanmar

GRAND  mobile health care Myanmar Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from GRAND mobile health care Myanmar, Medical and health, Yangon.

We mainly focus patient safety , patient information , patient happiness with our skillful medical staffs .We give all medical services under infection control.

18/09/2020
28/08/2020
25/07/2020

တက်သစ်စသူနာပြု တိုင်း သိရမည့် အချက် ( ၁၀၀)
*******************************

(၁) ဆေးရုံ တွင် လူနာအားမေးခွန်းများမေးရန် ဘယ်တော့မှ
မကြောက်ပါနှင့် ။

(၂) မိမိ လုပ်မိခဲ့သော အမှားအား မိမိ လုပ်သည်ဖြစ်ကြောင်း
ဝန်ခံတတ်ရမည် ။ သင်ပြုလုပ်ခဲ့သောအမှားကို ဝန်မခံပဲ
မြိုသိပ်ထားမယ်ဆိုရင် အဆုံးမှာ ကြီးမားတဲ့ ပြသနာတွေ
ဖြစ်လာလိမ့်မယ် ။ သင်ဟာ ဝန်ခံလိုက်မယ်ဆိုရင် ပြသနာ
သင့်ကို နားလည်ပေးနိုင်ပြီး ဘယ်လိုဖြေရှင်းရမလဲ ဆိုတာ
ကို အကြံများပေးပါလိမ့်မယ်။

(၃) မိမိ မှာ လူနာအား ပြုစုမှုပေးရတွင် မသေချာသော ဆုံးဖြတ်
ချက်များ ရှိရင် ဒါကို ပိုမို နားလည်နိုင်အောင် လုပ်ပါ ။

(၄) အဖြေမပေးခင် အမြဲတမ်းစဉ်းစားပါ ။ လူနာ ၊ လူနာစောင့်
နှင့် ဆရာဝန်များက သင့်အားမေးခွန်းအနည်းငယ်မေး
သောအခါ မိမိအတွက် safe ဖြစ်မည့် အဖြေကိုသာ ဦး
စားပေးစဉ်းစားဖြေပါ ။

(၅) အညံ့ဆုံးကို ပြင်ဆင်ပါ ။ အကောင်းဆုံးကို မျှော်လင့်ပါ ။

(၆) ဆေးရုံသို့ မှတ်ပုံတင်ပြီးသား သူနာပြု မဖြစ်ခင်အချိန်အ
တွင်း သူနာပြု များ တတ်ရမည့် လုပ်ငန်းများကို ပြည့်စုံ
အောင် လေ့လာပါ ။ သင်ဟာ မှတ်ပုံတင်ပြီးသားသူနာပြု
တစ်ယောက် ဖြစ်လာသောအခါမှ ဒါတွေကို လေ့လာမယ်
ဆိုရင် သင့်အတွက်အချိန် လုံလောက်မှာမဟုတ်ပါဘူး ။

(၇) မိမိကိုယ်တိုင် အရမ်းအခက်အခဲ မဖြစ်ပါစေနဲ့ ။ ဆေးရုံမှာ
သင်ဟာ အလုပ်တစ်ခုကို မပြီးသေးခင်မှာ ရေသောက်ချင်
တာ ၊ အပေါ့သွားချင်တာမျိုးဖြစ်လာရင် ဒါကို အကြာကြီး
ထိမ်းမထားပါနှင့် ။ ရေသောက်ပါ သင့်အတွက် အချိန်ခနပဲ
ကုန်ပါလိမ့်မယ် ။ ဒါကို မြိုသိပ်ထားရင် သင့်ရဲ့ အလုပ်ကို
ပုံမှန်ထက် ခက်ခဲစွာ လုပ်ကိုင်ရပါလိမ့်မယ် ။

(၈) သင်အလုပ်လုပ်သောနေရာတွင် အကောင်းမြင်စိတ်ရှိသော
သူနှင့်သာနေပါ ။

(၉) မိမိ အလုပ်လုပ်ကိုင်နေချိန်အတွင်း အစားကိုပုံမှန်စားပါ။

(၁၀) ဆရာဝန်အား မခေါ်မီ လိုအပ်သော အချက်အလက်များ
အား လုံလောက်အောင် စုစည်းထားပါ ။

(၁၁) သူနာပြုများဟာ ဆေးရုံမှာ အချိန်ကြာမြင့်စွာ လမ်း
လျှောက်ရသောကြောင့် သက်သောင့်သက်သာဖြစ်မည့်
ဖိနပ်များ ၊ ခြေအိပ်များ ဝတ်ဆင်ပါ ။

(၁၂) အမြဲတမ်း အချိန်မှန် လာရမည် ။

(၁၃) သင်ဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိရမည် ။ လူနာရှေ့
ရောက်တဲ့အခါ မိမိကိုယ်ကို မယုံကြည်သလို အပြုအမူများ
လုပ်မိရင် လူနာကသင့်ကို ယုံကြည်မှာ မဟုတ်တော့ဘူး။

(၁၄) လူနာများအကြောင်း အတင်းပြောခြင်း လုံးဝမလုပ်ရ။

(၁၅) တစ်နေ့လုံး အလုပ်ရှုတ်နေရင်တောင် အချိန်အနည်းငယ်
တော့ ရတဲ့အချန် အိပ်ပါ ။

(၁၆) လူနာများက သူတို့အားပေးထားသောဆေးများအား
သိချင်၍ မေးသောအခါ မိမိဟာ ဒီဆေးတွေနဲ့ မရင်းနှီး
ရင် ဒါကိုတိကျသောအဖြေပေးရန် အချိန်ယူပါ ။

(၁၇) ဆေးဝါးထက်ပိုကောင်းသော နည်းလမ်းများရှိရင်
မိမိစိတ်ထဲမှာ အမြဲတမ်းထိန်းသိမ်းထားပါ ။

(၁၈) ဘယ်သောအခါမှ မိမိကိုယ်ကို လူဖျင်းလူညံ့တစ်ယောက်
လို့ မသတ်မှတ်ပါနှင့် ။

(၁၉) ဆရာဝန်အားခေါ်သောအခါ သင်ပြောချင်သောအရာများ
ကို တိုတို နှင့် လိုရင်း ပဲ ပြောပါ ။

(၂၀) အကူအညီလိုအပ်သောအခါ မိမိတက်ရောက်နေသော
ကျောင်း အစသဖြင့် အမြဲတမ်းဆက်သွယ်ပါ ။

(၂၁) ဆေးရုံတွင်သုံးသော IV pump များကို ဘယ်သောအခါ
မှ အပြည့်အဝမယုံကြပါနှင့် ။ အချိန်ရတိုင်း ဆေးသွင်း
သော နှုန်းနှင့် ပမာဏကို အမြဲ စစ်ဆေးပါ ။

(၂၂) သင်ဟာ တခြားဋ္ဌာနတစ်ခုကို အသစ်ပြောင်းလာတဲ့အခါ
ပထမဆုံး အရေးပေါ်ဆေးများ နှင့် အရေးပေါ်သုံးပစ္စည်း
များ မည်သည့်နေရာတွင်ထားသည်ကို အရင်ဆုံးလေ့လာ
ပါ ။

(၂၃) ဆေးများဖျော်သောအခါ ၊ IV bags များအားဆေးများ
ရောသောအခါ ကျွမ်းကျင်သော သူနာပြု ကို မိမိအား
စောင့်ကြည့်ခိုင်းပါ ။

(၂၄) update ဖြစ်လာသည့် အရာများအား အမြဲတမ်းလေ့လာ
ပါ။

(၂၅) ညဘက်ဆေးရုံ ဆင်းသောအခါ မိမိ အိပ်ထဲတွင် လက်
နှိပ်ဓာတ်မီး တစ်ခုဆောင်ထားပါ။

(၂၆) အချိန်တိုင်းမှာ မိမိအလုပ်ကိုကောင်းမွန်စွာလုပ်နိုင်ရန်
စိတ်ငြိမ်အောင် ပြုလုပ်ပါ ။

(၂၇) လူနာနှင့် ပတ်သက်သော chart များအား ဂရုတစိုက်
ရေးသားမှတ်သားပါ ။

(၂၈) ကိုယ်ဟာမကျွမ်းကျင်သေးသောသူဖြစ်သောကြောင့်
procedure တစ်ခုကို လုပ်တိုင်း အမှားဖြစ်ခဲ့ပါက အချိန်
ကုန်သက်သာစေရန် သုံးမည့် ပစ္စည်းတိုင်းကို နှစ်ခုယူ
သွားပါ ။

(၂၉) ညအမှောင်တွင် ကြည့်နိုင်သော မီးပါသည့် နာရီကို သုံးပါ

(၃၀) လူနာ နှင့် လူနာစောင့်များအား အမြဲတမ်း ကျန်းမာရေး
အသိပညာပေးပါ။

(၃၁) မိမိလက်နှင့် ကွက်တိဖြစ်သော လက်အိပ်ကိုသာ ဝတ်
ဆင်ပါ ။

(၃၂) မိမိ၏် ပညာအားအမြဲတမ်း တိုးတက်လာအောင်လုပ်ပါ။

(၃၃) မိမိရွေးချယ်သော nursing field မှာ မိမိဟာ
professional တစ်ယောက်မဟုတ်ဘူးလို့ ခံစားရရင်
မိမိနှင့် ကိုက်ညီမည့် nursing field သို့ပြောင်းပါ။

(၃၄) စာတွေ့မဟုတ်ပဲ လက်တွေ့မှာ ကောင်းမွန်စွာ လုပ်ပါ။

(၃၅) မိမိဟာ ဘယ်နေရာကိုပဲသွားသွား ၊ဘာကိုပဲ လုပ်လုပ်
သင်လုပ်လိုက်သည့် အပြု အမူတိုင်းဟာ မိမိရဲ့
Professional အပေါ်ကို သက်ရောက်မှု ရှိသည် ။

(၃၆) သင်ဘာကြောင့် သူနာပြု ဖြစ်လာရသလဲဆိုတာကို
ဘယ်တော့မှ မမေ့ပါနှင့် ။

(၃၇) သင်ဟာ ညဘက်အလုပ်လုပ်တဲ့အခါ ကော်ဖီ နှင့် အချို
များစားသုံးမယ်ဆိုရင် သင်ဟာ လွယ်ကူစွာ မောပန်းနေ
ပါလိမ့်မယ် ။

(၃၈) လူနာအား နာကျင်မှုသက်သာသော ဆေးများပေးထား
သောအခါ လူနာရဲ့ နာကျင်မှုကို ပြန်လည်စစ်ဆေးပါ။

(၃၉) လုံလုံလောက်လောက် အနားယူပါ။

(၄၀) သင်၏ အိပ်ကပ်ထဲတွင် ပတ်တီး ၊ ကပ်ကြေး ၊ tape ၊
အရက်ပြန် ၊ ဂွမ်းလုံး နှင့် ပစ္စည်း တစ်ချို့အား အမြဲတမ်း
ထည့်ထားပါ ။

(၄၁) အနည်းဆုံး ဆယ်မိနစ်ခန့် ကြာအောင် chart များအား
ဖတ်ပါ ။

(၄၂) သင်ဟာ duty ပြီးသွားလို့ အရမ်းပင်ပန်းနေတဲ့အခါ
နောက်နေ့အလုပ်အတွက် မိမိကိုယ်တိုင် ခွန်အားများရ
အောင် ကုသပါ။

(၄၃) စတော့ကင်များဝတ်ဆင်ပါ။

(၄၄) နေ့လည်စာအတွက် လုံလောက်အောင် ထုတ်ပိုးယူပါ။

(၄၅) မိမိ လုပ်ချင်သည့် အရာများအတွက် စီနီယာများထံမှ
အကြံများရယူပါ ။

(၄၆) လူနာအား ရိုးသားစွာ ကြည့်ရှုစောင့်ရှောက်ပါ။

(၄၇) သင်ဟာ သင့်ရဲ့ စီနီယာများနှင့် အတူအလုပ်လုပ်ရသော
အခါ မိမိမေးချင်သည်များကို မေးပါ ။

(၄၈) သင်လုပ်ဆောင်ရမည့် အလုပ်အတွက် လိုအပ်သည်များ
ကို မှန်ကန်အောင် စုဆောင်းပါ ။

(၄၉) လုပ်ဆောင်ရမည့်အရာများအား အုပ်စုဖွဲ့ပြီးတာဝန်ခွဲဝေ
လုပ်ဆောင်ပါ ။

(၅၀) သင်လုပ်ဆောင်ရမည့် နေရာတွင် ရှိသော သူအားလုံးကို
သိအောင်လုပ်ပါ ။

(၅၁) သင်ရဲ့ သူနာပြု ပထမဆုံးနှစ်ဟာ လူနာများနှင့် အထိတွေ့
ဆုံးဖြစ်သည် ။

(၅၂) သင်နှင့် လုပ်ဖော်ကိုင်ဖက်များအပေါ် complain လုံးဝ
မတက်ပါနှင့် ။

(၅၃) ကိုယ်လက်လှုပ်ရှားမှု လုပ်နိုင်အောင်လုပ်ပါ ။

(၅၄) လုပ်ဆောင်ရမည့်အရာများအား သင်တစ်ယောက်တည်း
မလုပ်နိုင်ပါ ။ ထို့ကြောင့် တာဝန်များအားခွဲဝေပေးပါ။

(၅၅) လုပ်ဖော်ကိုင်ဖက်အဖွဲ့များနှင့် ပြသနာများအတူ ဖြေရှင်း
ပါ။

(၅၆) သင်မျှော်မှန်းထားသော goal ကို ရောက်အောင်သွားပါ။

(၅၇) အားလတ်ချိန်မှာ မိမိဝါသနာပါသောအရာများလုပ်ပါ။

(၅၈) သင်ဟာ orientation program အောက်မှာ ရှိနေရင်
မိမိ ဋ္ဌာနမှာ လုပ်ရမည့် procedure များအား လေ့လာပါ

(၅၉) မိမိ မလုပ်တတ်သော အရာများအား လုပ်ဆောင်ရန်ညင်း
ပါ ။

(၆၀) သင်ရဲ့ ပုဂ္ဂိုလ် ရေးဆိုင်ရာ ပြသနာများအား ဆေးရုံသို့
သယ်မလာပါနှင့် ။

(၆၁) သင်ဟာ ပထမဆုံး သူနာပြု အလုပ်စလုပ်တဲ့အခါ ဋ္ဌာန
အလိုက် ကန့်သတ်ထားသောအရာများကို ဂရုစိုက်ပါ။
( ဥပမာ - X Ray )

(၆၂) အလုပ်ချိန် နှင့် ဘဝအတွက် အချိန်ကို ညီမျှအောင်နေပါ။

(၆၃) ရောက်တဲ့နေရာမှာ မိမိကို သင်ပြပေးနိုင်သောဆရာကို
ရှာပါ ။

(၆၄) မိမိတာဝန်ကို ကျေပွန်အောင် လုပ်ပါ ။

(၆၅) အပြန်အလှန် ကူညီပါ ။

(၆၆) သင်ဟာ အတွေ့အကြုံ များလာသောအခါမှာ ဘယ်အရာ
ကိုမှ ကြောက်တော့မည်မဟုပါ ။

(၆၇) ဆရာဝန်ဟာ သင့်အားဖုန်းနှင့် ညွှန်ကြားသောအခါ ကြား
သမျှကို အကုန်ရေးထားပါ ။

(၆၈) အမှားများမှ သင်ယူပါ ။

(၆၉) သင်ဟာ ပထမဆုံးဆေးရုံစမဆင်းခင် စာတွေ့ကို အချိန်
ကြာမြင့်စွာ သင်ယူမယ်ဆိုရင် ပိုပြီး တစ်ပန်းသာမည်။

(၇၀ ) အလုပ်ထဲမှာ ပင်ပန်းနေတဲ့အခါ သီချင်းဆိုပါ။

(၇၁) မိမိအလုပ်ကို လုပ်ဆောင်တဲ့အခါ ညဘက်ဆရာဝန်ကို
လိုအပ်လို့ ခေါ်တဲ့အခါ လုံးဝမတောင်းပန်ပါနှင့် ။

(၇၂) နှလုံးနှင့် ပတ်သက်သောဆေးများပေးသောအခါ လူနာရဲ့
vital signs များအားအရင် စစ်ဆေးပါ ။

(၇၃) ကလေးလူနာများအား ပြုစုမှုပေးသောအခါ ကလေး၏
ရောဂါအခြေအနေအား မိဘများပြောသောစကားအား
ယုံကြည်ပါ ။

(၇၄) လူနာအားမေးခွန်းများမေးသောအခါ အဓိကအချက်များ
ကို တိုက်ရိုက်မေးပါ ။

(၇၅) သင်ဟာ ဘယ်လောက်ပဲ ပင်ပန်းနေပါစေ ၊ စိတ်ညစ်နေ
ပါစေ လူနာနဲ့ တွေ့ရင် ပြုံးထားပါ ။

(၇၆) professional organization များနှင့် ဆက်သွယ်ပါ။

(၇၇) သင်ဟာ လူနာကို ကြည့်နေတဲ့အချိန်မှာ တွေ့ရှိခဲ့သော
assessment များကို ချက်ချင်း chart တွင်ရေးပါ။

(၇၈) သင့်ကို ကူညီပေးမည့်သူ ( Nursing Assistant )
များနှင့် ရင်းနှိးအောင်လုပ်ပါ။

(၇၉) ဝန်ထမ်းများအစည်းအဝေးအား တက်ခွင့်ရရင် တက်ပါ။

(၈၀) သင်ဟာဘယ်ဟာကို စလုပ်ရမလဲမသိတဲ့အခါ အခြေခံ
မှစလုပ်ပါ။

(၈၁) သင်ရဲ့ လုပ်ဖော်ကိုင်ဖက်များရဲ့ လူမှုရေးကိစ္စများတွင်
ပါဝင်လုပ်ဆောင်ပါ။

(၈၂) ဆေးရုံတွင် ဆေးများအကြောင်း အမြဲတမ်းလေ့လာပါ။

(၈၃) လူနာများရဲ့ ရင်တွင်းခံစားချက်များကို နားထောင်ပါ။

(၈၄) ကောင်းမွန်သော stethoscope ကိုသုံးပါ။

(၈၅) သင်ရဲ့ တာဝန်ချိန်ပြီးသွားသောအခါသင်ရဲ့ တာဝန်ကို
ဆေးရုံမှာထားခဲ့ပြီး အိမ်သို့ စိတ်လွတ်ကိုယ်လွတ် ပြန်ပါ။

(၈၆) သင်ရဲ့ ရိုးသားမှုကို ထိန်းသိမ်းပါ။

(၈၇) မိမိလုပ်ဆောင်မှုကို မိမိအထက်သူနာပြုများက ဝေဖန်
အကြံပြုသောအခါ မိမိအတွက်ဟု တွေးပါ ။ အပြစ်မမြင်
ပါနှင့် ။

(၈၈) လူနာမတဲ့အခါ ၊ ပစ္စည်းတွေ မတဲ့အခါ ခါးထိခိုက်နိုင်
သောကြောင့် တစ်ယောက်တည်း မ မပါနှင့် ။

(၈၉) IV ဆေးသွင်းရန် သွေးကြောများပေါ်ရန် BP ကတ်အား
Tourniquet အဖြစ်သုံးနိုင်သည်။

(၉၀) လူနာအားဆေးပေးသောအခါ လူနာမှန် ၊ ဆေးမှန်၊
အချိန်မှန် ၊ ပမာဏ မှန် ၊ လမ်ကြောင်းမှန် ရန်စစ်ဆေးပါ။

(၉၁) သင်ဟာ တစ်ခုခုကို အသေအချာမသိရင် စီနီယာသုံး
ယောက်အားမေးပါ။

(၉၂) မိမိရဲ့ ကိုယ်ပိုင်ပစ္စည်းများအား နာမည်ထိုးထားပါ။

(၉၃) လူနာကို ဘယ်သောအခါမှ မလိမ်ရ။

(၉၄) လူနာအား physical assessment ယူသောအခါ
စနစ်တစ်ကျယူပါ။

(၉၅) လူနာရဲ့ ခန္ဓာကိုယ်နှင့် သင့်လျော်သောစက် ၊ ပစ္စည်းများ
ကိုသာရွေးချယ်သုံးပါ။

(၉၆) မိမိရဲ့ stethoscope နှင့် Bp ကတ်များကို တစ်ခါသုံးပြီး
တိုင်း ပိုးကင်းသန့်စင်ပါ။

(၉၇) လူနာ IV site အားရောင်နေသလားအစသဖြင့် အမြဲ
တမ်း စစ်ဆေးပါ။

(၉၈) အမြဲတမ်း လက်ဆေးပါ။

(၉၉) မိမိနှင့် အတူအလုပ်လုပ်သောသူထံမှ ပိုကောင်းသော
နည်းလမ်းများ ရှိရင် သင်ယူပါ။

(၁၀၀) သင် သူနာပြုလုပ်ရန် ဆုံးဖြတ်လိုက်သော အကြောင်း
အရင်းအတိုင်း ဖြစ်အောင်လုပ်ပါ။
Crd

02/07/2020

👇👇👇

01/07/2020
🤝FDA approved နဲ့ Flu vaccine 4 မျိုးစပ် right cold chain system နဲ့ maintain ထားပီး ရန်ကုန်အတွင်း/နယ် ဘက်​တွေကိုလဲ jell...
19/06/2020

🤝FDA approved နဲ့ Flu vaccine 4 မျိုးစပ်

right cold chain system နဲ့ maintain ထား

ပီး ရန်ကုန်အတွင်း/နယ် ဘက်​တွေကိုလဲ jelly

ice.pad or dry ice နဲ့ ပို့​ပေးပါတယ်

ကိုယ့်ပတ်ဝန်းကျင်မှာ vaccine ထိုးချင်လို့ရှာမရ

ဖြစ်​နေရင် မှာလို့ရပါပီ🤝

🤳Ygn အတွင်း under aseptic technique ဖြင့် Home service ရပါသည် 🤳

အ​သေးစိတ်ကို cb မှာစုံစမ်းနိုင်ပါသည်

တနိုင်ငံလုံးက public hospital ph no ​တွေပါ
15/06/2020

တနိုင်ငံလုံးက public hospital ph no ​တွေပါ

ဗဟိုအဆင့်ဆေးရုံကြီးများ တည်နေရာ အရေးပေါ်ဖုန်းနံပါတ်များ ရန်ကုန်ပြည်သူ့ဆေးရုံကြီး 01256123 မန္တလေးကလေးဆေးရုံက.....

😍
11/06/2020

😍

Address

Yangon

Website

Alerts

Be the first to know and let us send you an email when GRAND mobile health care Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram