08/07/2025
လိုချင်တာဝယ်ဖို့၊ အပြင်ထွက်ချင်တယ်ဆိုပြီး ပူဆာနေသော အဲလိဇဘက်ချို။
အပြင်လိုက်မပို့ပေးမချင်း သားက အမေကို မချစ်တော့ဘူးလို့ ဂျီကျနေတာ။
လိုချင်တာ လိုက်ဝယ်ပေး၊ ဆံပင်ညှပ်ပြီးတော့လည်း ဆေးဆိုးချင်သေးတယ်ဆိုလို့ ဆိုးပေးရ။
လုပ်ချင်တာတွေ လုပ်ရပြီးတော့ စားချင်တာလိုက်ကျွေးရပြန်။
သွားချင်၊ လာချင်စိတ်လေးရှိတုန်း၊ သွားနိုင်၊ စားနိုင်တုန်းမှာ လုပ်ပေးခွင့်ရနေတဲ့ ကုသိုလ်ကံကို တန်ဖိုးထားရပါတယ်။