Thrive Together

Thrive Together သင်ကိုယ်တိုင်၊သင်ချစ်ရသူတစ်ဦး(သို့)သင့်အသိုင်းအဝိုင်းအတွက် စိတ်ပိုင်းဆိုင်ရာသုခချမ်းသာကို အတူတကွဖန်တီး‌နိုင်သောနေရာတစ်ခုအဖြစ်ရှိနေပေးပါမည်

Thrive Together နဲ့ YSSW တို့ပူးပေါင်းလုပ်မယ့်ပွဲလေးပါ
26/01/2026

Thrive Together နဲ့ YSSW တို့ပူးပေါင်းလုပ်မယ့်ပွဲလေးပါ

🎬 YIRL Event မှာ Movie Reflection လုပ်ကြမယ် ✨

ဆိုတော့ YIRL (‌Youth In Real Life) Event ဆိုတာ ဘာလဲ ။🤷‍♂️

YIRL Event ကတော့ ကျွန်တော်တိုလို လူငယ်တွေရဲ့ အတွေး၊ အသံ တွေနဲ့ အတွေ့အကြုံ တွေကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုဆွေးနွေးကြပြီး ‌တစ်ယောက်နဲ့ တစ်ယောက် နွေးထွေးတဲ့ရပ်ဝန်းလေးကို လ တစ်လ ရဲ့အဆုံးမှာ လစဥ် ကျင်းပတဲ့ Event လေးပဲ ဖြစ်ပါတယ် ။🫂✨

ဒါကြောင့် 2026 ရဲ့ ပထမဦးဆုံး လ အကုန်မှာ
အိမ်မက်တွေအတွက် ကြိုးစားရင်း အားနည်းသွားတဲ့ Energy 🔋တွေကို လူငယ်တွေနဲ့အတူ ဇတ်ကားကြည့်ရင်း အားပြန်ဖြည့်ဖို့အတွက် ဒီတစ်ခေါက်မှာတော့ 🙌🏻

👉 Thrive Together × Yangon School of Social Work (YSSW) တို့ ပူးပေါင်းပြီး လူငယ်တွေအတွက်
ဒီ YIRL Event လေးမှာ ပါဝင်အားဖြည့်ထားပါတယ် 👈

ဒါကြောင့် နယ်ပယ်ပေါင်းစုံက မတူညီတဲ့ လူငယ်တွေစုပြီး Movie Reflection လုပ်‌ခြင်းဟာ Network လည်းရစေတဲ့အပြင်

🧐 21st ရာစုမှာ လူငယ်တွေအတွက် မရှိမဖြစ်အရေးကြီးတဲ့ Critical Thinking ၊ Leadership ၊ Communication စတဲ့ Skills တွေ တိုးတက်‌‌စေပါတယ် 📈

🎙ဒါ့အပြင် Karaoke (ကာရာအိုကေ) ဆိုရင်း Refreshment ☕️အစီအစဉ်ပါ ပါတာကြောင့် Movie Reflection လုပ်ပြီး လူငယ်တွေ အတူတူ Chill ကြရဖို့ အခုပဲ Register လုပ်ကြဖို့ အမြန်တိုက်တွန်းပါတယ် 👀

💁🏻‍♂️ ဒီပွဲအတွက် Registration fees ဆိုပြီး သတ်မှတ်ထားတာမရှိပေမယ့် လူငယ်တွေအနေနဲ့
"မိမိတတ်နိုင်တဲ့ ပမာဏနဲ့ ကိုယ်တိုင်ပါဝင် အားဖြည့်ခြင်း" ဆိုတဲ့ တန်ဖိုးရှိတဲ့ အလေ့အကျင့်ကောင်းလေးကို ဖော်ဆောင်ချင်တာကြောင့် "Pay What You Can" အစီအစဉ်လေးတစ်ခုကို ထည့်သွင်းပေးထားပါတယ် 🤩

Registration link :
https://forms.gle/QowAGhtU7Htc6XKc8

🤫 ဘယ်လိုမျိုး Short Video ဖန်တီးမလဲဆိုတာတော့ လူငယ်တွေရဲ့စိတ်ကူး၊ အတွေးသစ်တွေ အများကြီးပေါ်ထွက်လာ‌ စေဖို့ ပွဲတက်ရောက်တဲ့နေ့မှာပဲ ပန်ကြားလိုတာမို့ မေတ္တာရပ်ခံပါရစေနော်။ 🤗

📅 Event Date: Jan 31, 2026 (Sat)

⏰ Event Time: 2:30 PM - 6:00 PM

💸 Registration Fees: Pay What You Can

📍Locations: 521(B). 3rd Floor, Shwe Gone Plaza, Shwe Gone Daing Road, Bahan Township, Yangon Myanmar

🗺 Google Map https://maps.app.goo.gl/qZxChYs9KXtSEoZv6?g_



22/01/2026

Deadline နီးမှ အလုပ်လုပ်ရတာကို သဘောကျနေသူလား?

ကျမတို့ပတ်ဝန်းကျင်မှာ အလုပ်တစ်ခုကို စောစောစီးစီး မလုပ်ဘဲ နောက်ဆုံးရက် (Deadline) နီးမှ ကပ်လုပ်တတ်တဲ့သူတွေ ရှိပါတယ်။ ကျမ လည်းအပါအ၀င်ပေါ့။ အပြင်လူအနေနဲ့ ကြည့်ရင်တော့ "ဘာလို့ ဒီလောက် အချိန်ဆွဲနေတာလဲ" လို့ ထင်ရပေမဲ့ တကယ်တမ်း ဒီလိုလူတွေရဲ့ စိတ်ထဲမှာ ဘာတွေဖြစ်နေသလဲဆိုတာကတော့ စိတ်ဝင်စားဖို့ကောင်းပါတယ်။

Deadline နီးကပ်မှ လုပ်ရတာကို သ‌ဘောကျတာ၊ ပျော်နေတာဟာ အလုပ်ပြီးသွားတဲ့အခါ ခံစားရတဲ့ "ခံစားမှု" ကြောင့်လည်း ပါပါတယ်။
ခက်ခဲတဲ့အလုပ်ကို အချိန်တိုအတွင်းမှာ အောင်အောင်မြင်မြင် လုပ်နိုင်လိုက်ပြီဆိုတဲ့ အသိက ကိုယ့်ကိုယ်ကို ယုံကြည်မှုကို တိုးစေပါတယ်။
ဖိအားတွေကြားထဲကမှ ငါလုပ်လိုက်နိုင်တယ်ဆိုတဲ့ ခံစားချက်မျိုးက ပျော်ရွှင်မှု၊ စိတ်လှုပ်ရှားမှုကို ပေးတာကြောင့် အချိန်ဆွဲရတာကို မသိစိတ်က သဘောကျနေတတ်ပါတယ်။

အချိန်တွေအများကြီးရှိနေတဲ့အခါမှာ စိတ်က ဟိုရောက်ဒီရောက် ဖြစ်နေတတ်တယ်။ ဒါပေမဲ့ "နောက် ၃ နာရီအတွင်း အပြီးသတ်ရတော့မယ်" ဆိုတဲ့ အသိဝင်လာတဲ့အခါမှာတော့ ဦးနှောက်က တခြားအာရုံတွေကို အလိုအလျောက် ဖယ်ထုတ်လိုက်ပြီး အလုပ်တစ်ခုတည်းအပေါ်မှာပဲ အပြည့်အဝ အာရုံစိုက်နိုင်သွားပါတယ်။ ဒါဟာ အပျင်းထူတာမဟုတ်ဘဲ ဖိအားအောက်မှာမှ စွမ်းဆောင်ရည်တက်လာတဲ့ သဘောပါ။ Deadline နီးမှ အာရုံစိုက်နိုင်စွမ်းက မြင့်တက်လာတာပါ။

ဒါပေမယ့် ဒီလိုအချိန်ကပ်လုပ်တဲ့အခါ အခြေအနေ (၂) မျိုး ကြုံရတတ်ပါတယ်။
အရှိန်ကောင်းကောင်းနဲ့ လုပ်နိုင်ပြီး ထွက်လာတဲ့ ရလဒ်အပေါ် ကိုယ့်ဘာသာကျေနပ်နေတတ်တာမျိုးနဲ့ အချိန်ကအရမ်းနည်းသွားတဲ့အခါမှာတော့ Quality ထက် "ပြီးဖို့" ကိုပဲ အဓိကထားလိုက်ရတယ်။ အဲဒီအခါမှာ "ဒီထက် အချိန်ရရင် ပိုကောင်းဦးမှာ" ဆိုတဲ့ နောင်တမျိုးလည်း ရံဖန်ရံခါ ဝင်လာနိုင်ပါတယ်။

💡 Deadline Enjoyer တစ်ယောက်အတွက် အလုပ်ပိုတွင်စေဖို့အတွက်ဆိုရင် ဒီနည်းလမ်းလေးတွေကို စမ်းကြည့်ပေးပါ။ ဒါဆိုရင် အလုပ်လည်းပြီးသလို Quality လည်းကောင်းတဲ့ ရလဒ်မျိုး ရလာပါလိမ့်မယ်။

➡️ အလုပ်ကို တကယ် စမလုပ်သေးရင်တောင် ဘာတွေလုပ်ရမလဲဆိုတာကို ကြိုတင်စဉ်းစားထားပါ။ ကြိုတွေးထားရင် Deadline နီးလို့ အလုပ်စလုပ်တဲ့အခါ Idea တွေ ပိုမြန်မြန်ထွက်လာပါလိမ့်မယ်။

➡️ အလုပ်တစ်ခုလုံးကို တစ်ထိုင်တည်းလုပ်တာထက် အပိုင်းလေးတွေခွဲပြီး တစ်ပိုင်းချင်းစီအတွက် Deadline အသေးစားလေးတွေ သတ်မှတ်ထားပါ။ ဒါဆိုရင် စိတ်ဖိစီးမှုလည်း နည်းသွားပါလိမ့်မယ်။

➡️ အချိန်ကပ်နေတဲ့အခါ အရင်ဆုံး အလုပ်ပြီးအောင် သာအမြန်ဆုံးလုပ်ပါ။ "မပြီးတာထက်စာရင် ပြီးသွားတာက အောင်မြင်မှုတစ်ခုပဲ" လို့ ကိုယ့်ကိုယ်ကို သတိပေးပါ။ပြီးပြည့်စုံရမယ်" ဆိုတဲ့စိတ်ကို လျှော့ပါ။

➡️ Deadline အမှီ ပြီးသွားတဲ့အခါမှာ ကိုယ်ကြိုက်တဲ့ မုန့်စားတာမျိုး၊ ခဏနားတာမျိုးနဲ့ ကိုယ့်ကိုယ်ကို ဆုချပါ။

အမှန်တော့ အချိန်ဆွဲတာဟာ အပြစ်တစ်ခုမဟုတ်သလို Deadline နီးမှ အလုပ်လုပ်တာဟာလည်း လူပျင်းတစ်ယောက်ဖြစ်နေလို့မဟုတ်ပါဘူး။ ဒါဟာ ကိုယ့်ဦးနှောက်ရဲ့ အလုပ်လုပ်ပုံတစ်မျိုးပဲ ဖြစ်ပါတယ်။ ကိုယ့်ရဲ့ ဒီလိုသဘာဝကို နားလည်လက်ခံပေးလိုက်တာကပဲ စိတ်ဖိစီးမှုတွေကို လျှော့ချပေးနိုင်မယ့် ပထမဆုံးခြေလှမ်း ဖြစ်ပါလိမ့်မယ်။



'A Date with My Inner Self ' Movie Reflection Workshop ကိုစိတ်ပါ၀င်စားပြီး တက်ရောက်ခဲ့တဲ့ သူများအားလုံးကို Thrive Togeth...
12/01/2026

'A Date with My Inner Self ' Movie Reflection Workshop ကိုစိတ်ပါ၀င်စားပြီး တက်ရောက်ခဲ့တဲ့ သူများအားလုံးကို Thrive Together ကနေအထူးကျေးဇူးတင်ရှိပါတယ်။Thrive Together ကနေ နောက်နောင်မှာ ကျင်းပပြုလုပ်ဖို့ရှိတဲ့ Workshops တွေမှာလည်း ပါ၀င်ပြီး ပြန်လည်ဆုံတွေ့နိုင်ဖို့ မျှော်လင့်နေပါတယ်



09/01/2026

" A Date with My Inner Self" Movie Reflection Workshop ကို စိတ်ပါ၀င်စားပြီးစာရင်းပေးသွင်းကြတဲ့သူအားလုံးကို ကျေးဇူးတင်ရှိကြောင်းဦးစွာပြောကြားလိုပါတယ်။မကြာခင် အချိန်အတွင်းမှာ Workshop တက်ရောက်ခွင့်ရသူများကို ဆက်သွယ်အကြောင်းကြားပေးတော့မှာဖြစ်ပါတယ်။ သတ်မှတ်လူဦးရေကြောင့် တက်ရောက်ခွင့်မရသေးသူများလည်း နောက်အကြိမ်တွေမှာ တက်ရောက်နိုင်ဖို့အတွက် Thrive Together ကနေ စီစဉ်ထားတာတွေရှိပါတယ်။





ကိုယ့်ရဲ့ 'အတွင်းစိတ်' လေးနဲ့ ကိုယ်တိုင် Date ကြည့်ကြရအောင် နေ့စဉ်ဘဝရဲ့ အမောတွေ၊ အဆင်မပြေမှုတွေကြားမှာ ကိုယ့်စိတ်ထဲက တကယ...
01/01/2026

ကိုယ့်ရဲ့ 'အတွင်းစိတ်' လေးနဲ့ ကိုယ်တိုင် Date ကြည့်ကြရအောင်

နေ့စဉ်ဘဝရဲ့ အမောတွေ၊ အဆင်မပြေမှုတွေကြားမှာ ကိုယ့်စိတ်ထဲက တကယ်တမ်း ပြောချင်နေတဲ့စကားသံတွေကို နားထောင်ဖို့ အချိန်ပေးဖူးလား

ဇာတ်လမ်းတစ်ပုဒ်ထဲက ဇာတ်ကောင်တစ်ယောက်ရဲ့ခံစားချက်က ကိုယ့်အကြောင်းကို ကိုယ်စားပြောပြနေသလိုမျိုးရော ခံစားရဖူးလား

ဒီလိုအတွေ့အကြုံကောင်းလေးတွေ ရအောင် Thrive Together က လူငယ်တွေအတွက် ရည်ရွယ်ထားတဲ့ ' A Date with My Inner Self ' Movie Reflection Workshop လေးတစ်ခု ကျင်းပသွားတော့မှာပါ။

ဒီပွဲလေးက ရုပ်ရှင်ကြည့်ရုံသာ မဟုတ်ဘူး။ ရုပ်ရှင်ကို မှန်ချပ်တစ်ခုလို အသုံးပြုပြီး ကိုယ့်စိတ်ကို ပြန်လည်ရှာဖွေမယ့်ခရီးစဉ်လေးတစ်ခုပါ။

ဒီ Workshop မှာ ဘာတွေလုပ်ကြမလဲ?

✅ စိတ်ခွန်အားဖြစ်စေမယ့် ရုပ်ရှင်ကားတိုလေးတစ်ကားကို အတူတူ ကြည့်ကြမယ်။

✅ ဇာတ်ကောင်တွေရဲ့ ဖြစ်တည်မှုနဲ့ ပြောစကားတွေကို ဝင်ရောက်ခံစားမယ်။ ကိုယ့်ခံစားချက်တွေနဲ့ ချိန်ထိုးပြီး ရင်ထဲပိတ်မိနေတဲ့ ကိုယ့်ခံစားချက်တွေကို ရင်ဖွင့်ပြောဆိုမယ်။

✅ စိတ်လုံခြုံမှုပေးတဲ့ လူငယ်တွေ အချင်းချင်း နွေးထွေးနွေးထွေး အမြင်တွေ ဖလှယ်မယ်။

ဘယ်သူတွေ တက်ရောက်သင့်လဲ?

➡️ ကိုယ့်ကိုယ်ကိုယ်အချိန်ပေးဖို့ (Me-Time) လိုအပ်နေသူတွေ

➡️ အပန်းဖြေ ရုပ်ရှင်ကြည့်ရင်း စိတ်ပိုင်းဆိုင်ရာ ခရီးတိုလေး ထွက်လိုသူတွေ

➡️ ကိုယ်တိုင် ဖော်ပြရခက်နေတဲ့ စိတ်အခြေအနေကို ရုပ်ရှင်ကတစ်ဆင့် ပြန်လည်ဖော်ထုတ်လိုသူတွေ

📅 နေ့ရက် : (11.1.2026)

⏰ အချိန် : (1:00 - 3:00 pm)

📍 နေရာ : 'လွတ်လပ်ခြင်းအတွေးသံ' ခန်းမ
521(B),3rd Floor, Shwe Gone Plaza,Shwe Gone Daing Road,Bagan Township,Yangon

အခကြေးငွေ : အခမဲ့

အောက်ပါ Link မှာ Form ဖြည့်ပြီး စာရင်းပေးသွင်းနိုင်ပါတယ်။

https://docs.google.com/forms/d/e/1FAIpQLSfALgRIw5N9pJ6ERSGdFNjoe6XRd0v1y_PNYgQDdmwN6t_Y5g/viewform?usp=publish-editor

(မှတ်ချက်။ ။ လူဦးရေကန့်သတ်ထားတာမို့ အမြန်ဆုံး စာရင်းပေးသွင်းဖို့ လိုပါတယ်)

" ဇာတ်လမ်းတစ်ပုဒ်ဟာ ပြီးဆုံးသွားနိုင်ပေမယ့် အဲဒီကရတဲ့ သင်ခန်းစာနဲ့ ကုစားမှုကတော့ ကိုယ့်ဘဝအတွက် ဆက်လက်ကျန်ရှိနေမှာပါ" ကိုယ့်ရဲ့ Inner Self နဲ့ ချိန်းတွေ့ဖို့ ကိုယ်တိုင်ခွင့်ပြုပေးလိုက်ပါဦးနော်

ကျမတို့အားလုံးဟာ အပြင်ပန်းကြည့်ရင် ပုံမှန်အတိုင်း သွားလာလှုပ်ရှားနေကြပေမဲ့ ရင်ဘတ်ထဲမှာတော့ ကိုယ်စီကိုယ်ငှ ဒဏ်ရာဟောင်းလေး...
30/12/2025

ကျမတို့အားလုံးဟာ အပြင်ပန်းကြည့်ရင် ပုံမှန်အတိုင်း သွားလာလှုပ်ရှားနေကြပေမဲ့ ရင်ဘတ်ထဲမှာတော့ ကိုယ်စီကိုယ်ငှ ဒဏ်ရာဟောင်းလေးတွေ၊ အမာရွတ်လေးတွေကို ထမ်းပိုးထားကြရပါတယ်။ တစ်ခါတလေ အဲ့ဒီဒဏ်ရာ‌ဟောင်းတွေက ပြန်ပြီး‌နာလာ၊ ဒဏ်ရာရင်းလာတတ်သလို တစ်ခါတလေမှာလည်း ဘာကြောင့်မှန်းမသိဘဲ အသက်ရှူရတာ မွန်းကျပ်လာတဲ့အထိ နာကျင်ရတတ်ပါတယ်။

လူအများစုက "အချိန်က အရာရာကို ကုစားပေးလိမ့်မယ်" လို့ ပြောလေ့ရှိကြတယ်။ ဒါပေမဲ့ တကယ်တမ်းတော့ အချိန်က ကုစားပေးတာမဟုတ်ဘဲ "အချိန်တွေကြားထဲမှာ ကိုယ့်ကိုယ်ကို ဘယ်လို ပြုစုပျိုးထောင်ခဲ့လဲ" ဆိုတဲ့ လုပ်ဆောင်ချက်ကသာ ကုစားပေးတာ ဖြစ်ပါတယ်။ အကယ်၍ ကိုယ်ဟာ အခုချိန်မှာ စိတ်ပင်ပန်းနေတယ်၊ နာကျင်‌နေရတယ်ဆိုရင် ဒီအချက်လေးတွေကို သတိရပေးပါ။

🌟 နာကျင်မှုကို အသိအမှတ်ပြုပေးပါ

"ငါမငိုရဘူး၊ ငါသန်မာရမယ်" ဆိုပြီး ကိုယ့်ကိုယ်ကို ဖိနှိပ်ထားတာဟာ အနာကို ဆေးမထည့်ဘဲ အပေါ်ကနေ ပတ်တီးနဲ့ အုပ်ထားသလိုပါပဲ။ မမြင်ရပေမဲ့ အနာကတော့ ရင်းနေတုန်းပါ။ စိတ်မကောင်းရင် စိတ်မကောင်းကြောင်း ဝန်ခံပါ။ ငိုချင်ရင် ငိုလိုက်ပါ။ ကိုယ့်ရဲ့ ခံစားချက်ကို လက်ခံလိုက်ခြင်းက ကုစားမှုရဲ့ ပထမဆုံးခြေလှမ်း ဖြစ်ပါတယ်။

🌟 ကိုယ့်ကိုယ်ကို အပြစ်တင်ခြင်းကို ရပ်တန့်ပါ

"ငါသာ အဲ့ဒီတုန်းက ဒီလိုမလုပ်ခဲ့ရင်..." ဆိုတဲ့ အတွေးမျိုးတွေနဲ့ ကိုယ့်ကိုယ်ကို ပြန်လည်နှိပ်စက်တာမျိုးကို ရပ်တန့်ဖို့ လိုပါတယ်။ အဲ့ဒီအချိန်တုန်းက ကိုယ်ဟာ ကိုယ်ရဲ့ အသိဉာဏ်နဲ့ အခြေအနေအရ အကောင်းဆုံးလို့ထင်တာကို လုပ်ခဲ့တာပဲ ဖြစ်ပါတယ်။ အတိတ်က သင်ခန်းစာယူဖို့ပဲဖြစ်ပြီး ပြန်သွားနေဖို့အတွက် မဟုတ်ပါဘူး။

🌟 သေးငယ်တဲ့ အောင်မြင်မှုလေးတွေကို တန်ဖိုးထားပါ

စိတ်ဓာတ်ကျနေချိန်မှာ မနက်ခင်း အိပ်ရာထနိုင်တာ၊ ရေချိုးလိုက်နိုင်တာ၊ ထမင်းတစ်နပ်ကို ဂရုတစိုက် စားဖြစ်တာမျိုးဟာလည်း အောင်မြင်မှုတစ်ခုပါပဲ။ ကြီးကြီးမားမားတွေ ဖြစ်မလာသေးရင်တောင် တစ်နေ့တာကို ဖြတ်ကျော်နိုင်ခဲ့တဲ့အတွက် ကိုယ့်ကိုယ်ကို "ဒီနေ့အတွက် ကျေးဇူးပဲ" " ငါအကောင်းဆုံးလုပ်နိုင်ခဲ့တယ်" လို့ ပြောပေးပါ။

🌟 အကူအညီတောင်းဖို့ ဝန်မလေးပါနဲ့

တစ်ယောက်တည်း ကြိတ်မှိတ်ခံစားနေရတာဟာ အရမ်းပင်ပန်းပါတယ်။ ယုံကြည်ရတဲ့ သူငယ်ချင်း၊ မိသားစုဝင် ဒါမှမဟုတ် ကျွမ်းကျင်တဲ့သူတွေနဲ့ စကားပြောကြည့်ပါ။ ရင်ဖွင့်လိုက်ရခြင်းဟာ ကိုယ့်ပခုံးပေါ်က အလေးထုပ်ကြီးကို တစ်ဝက်လောက် ချလိုက်သလို ပေါ့ပါးသွားစေပါတယ်။

ပန်းလေးတစ်ပွင့် ပွင့်ဖို့တောင် အချိန်စောင့်ရသလိုပဲ၊ ကိုယ့်စိတ်ဒဏ်ရာတွေ ကျန်းမာလာဖို့အတွက်ကလည်း အချိန်ပေးရပါလိမ့်မယ်။ တစ်လှမ်းချင်းစီ သွားနေသရွေ့ ကိုယ်ဟာ ခရီးရောက်နေတာပါပဲ။
ဒီနေ့ ဒီစာလေးကို ဖတ်နေတဲ့သူဟာ ဒီထက်မက ပျော်ရွှင်ဖို့ ထိုက်တန်တဲ့သူ တစ်ယောက်ဆိုတာ ဘယ်တော့မှ မမေ့ပါနဲ့။

အခုဆိုရင် 2025 ခုနှစ်ကုန်ဆုံးပြီး  2026 နှစ်သစ်ကို ရောက်ဖို့ သိပ်မလိုတော့ပါဘူး။ 2025 မှာ ဘာတွေပဲဖြစ်ခဲ့ပါစေ 2026 ရဲ့ ရှေ...
27/12/2025

အခုဆိုရင် 2025 ခုနှစ်ကုန်ဆုံးပြီး 2026 နှစ်သစ်ကို ရောက်ဖို့ သိပ်မလိုတော့ပါဘူး။ 2025 မှာ ဘာတွေပဲဖြစ်ခဲ့ပါစေ 2026 ရဲ့ ရှေ့ဆက်ရမယ့်ခရီးမှာ ကိုယ့်စိတ်ကို ပိုပြီးလွတ်လပ်ပေါ့ပါးစေမယ့် "Stop, Start, Continue" နည်းလမ်းလေးကို မျှဝေပေးလိုက်ပါတယ်။

"Stop" ဆိုတာ ကိုယ့်ကို စိတ်ပင်ပန်းစေခဲ့တဲ့၊ ရှေ့မတိုးနိုင်အောင် ဆွဲထားတဲ့ အပြုအမူနဲ့ အတွေးတွေကို ပြတ်ပြတ်သားသား စွန့်လွှတ်လိုက်ခြင်း ဖြစ်ပါတယ်။
ဒါဟာ စိတ်ထဲက အမှိုက်တွေကို ရှင်းထုတ်တာနဲ့ တူပါတယ်။ ခရီးသစ်တစ်ခုကို သွားတဲ့အခါ အသုံးမဝင်၊လေးလံတဲ့ အရာတွေကို သယ်မသွားသလိုမျိုးဘဲ၊ ကိုယ့်ကိုယ်ကို နှိပ်စက်နေတဲ့ အပြစ်တင်စိတ်တွေ၊ အဆိပ်အတောက်ဖြစ်စေတဲ့ ပတ်ဝန်းကျင်တွေကို အရင်အချိန်တွေမှာပဲ ထားခဲ့ဖို့ လိုပါတယ်။

"Start" ဆိုတာ ကိုယ့်ရဲ့ စိတ်ချမ်းသာမှုနဲ့ ရေရှည်အေးချမ်းမှုအတွက် အလေ့အကျင့်သစ်၊ အတွေးသစ်တွေကို စတင်ပျိုးထောင်ခြင်း ဖြစ်ပါတယ်။
ဒါဟာ ကိုယ့်ဘဝကို စိတ်ကြိုက် ပြန်လည်ပုံဖော်ခွင့် ရတာဖြစ်ပါတယ်။ အရင်က မလုပ်ဖြစ်ခဲ့တဲ့ အရာတွေ၊ ကိုယ့်စိတ်ကို အားဖြည့်ပေးမယ့် အပြောင်းအလဲတွေကို သတ္တိရှိရှိနဲ့ စတင်ဖို့ ဖြစ်ပါတယ်။ ကြီးကြီးမားမားတွေ ဖြစ်ဖို့မလိုပါဘူး။ ကိုယ့်စိတ်ကျန်းမာဖို့အတွက် အထောက်အကူပြုမယ့် သေးငယ်တဲ့ ခြေလှမ်းလေးတစ်ခုကို စတင်လိုက်ခြင်းကပဲ ပိုကောင်းဖို့အတွက် အစပြုရာ ဖြစ်ပါတယ်။

"Continue" ဆိုတာ အရင်က ကိုယ်လုပ်ခဲ့တဲ့ အကောင်းဆုံးအရာတွေ၊ ကိုယ့်ကို စိတ်ခွန်အား ဖြစ်စေခဲ့တဲ့ အချက်တွေကို မပျောက်ပျက်အောင် ဆက်လက်သယ်ဆောင်သွားခြင်း ဖြစ်ပါတယ်။
အပြောင်းအလဲတိုင်းမှာ အဟောင်းတွေက အကုန် မကောင်းနေတာ‌တော့ မဟုတ်ပါဘူး။ ကိုယ့်မှာ ရှိပြီးသားဖြစ်တဲ့ကောင်းတဲ့အချက်၊ အားသာချက်တွေ နဲ့ ကိုယ့်ကို အမှန်တကယ် ချစ်ခင်တဲ့ ဆက်ဆံရေးတွေကို ပိုပြီးအားကောင်းအောင် ထိန်းသိမ်းရမှာ ဖြစ်ပါတယ်။ ဒါဟာ ကိုယ့်ရဲ့ ကိုယ်ပိုင်တန်ဖိုးနဲ့ အားသာချက်တွေကို ပိုမိုခိုင်မာအောင် တည်ဆောက်တဲ့ အဆင့်ဖြစ်ပါတယ်။

ဆိုတော့ဒီလိုလေး ပြန်ပြီးမြင်ကြည့်ရအောင် -

Stop လုပ်လိုက်တဲ့အခါ စိတ်ကိုလေးလံ၊ပင်ပန်းစေတဲ့ အပူအပင်တွေ လျော့သွားမယ်

Start လုပ်လိုက်တဲ့အခါ မျှော်လင့်ချက်အသစ်တွေနဲ့ လန်းဆန်းလာမယ်

Continue လုပ်လိုက်တဲ့အခါ ကိုယ့်ရဲ့ ကောင်းတဲ့အချက်တွေကို ပိုခိုင်မာအောင်ထိန်းနိုင်မယ်

ဒီ (၃) ချက်ကို မျှမျှတတလေး ကျင့်သုံးကြည့်ရုံနဲ့တင် ရှေ့ဆက်မယ့်ခရီးက အရင်ထက်အများကြီး ပိုအဓိပ္ပာယ်ရှိလာပါလိမ့်မယ်နော်




26/12/2025

Counselling ခရီးလမ်းကို စဖို့ ဆုံးဖြတ်တာဟာ ရဲရင့်တဲ့ခြေလှမ်းတစ်ခု ဖြစ်သလို၊ အချိန်တန်တဲ့အခါ အောင်မြင်စွာ အဆုံးသတ်နိုင်ဖို့ (Termination) ဟာလည်း အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။
'Termination' ဆိုတာက counselling session တွေကို အပြီးသတ်ရပ်နားလိုက်တာကို ဆိုလိုပါတယ်။ ဒါဟာ
သတ်မှတ်ထားတဲ့ ပန်းတိုင်တွေကို ရောက်ရှိသွားလို့
ဒါမှမဟုတ် "Client က ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ပြီး ရှေ့ဆက်ဖို့ အဆင်သင့်ဖြစ်နေပြီမို့" နားလိုက်တာပဲ ဖြစ်ပါတယ်။
Counsellor နဲ့ Client ကြားမှာ ခိုင်မာတဲ့ ယုံကြည်မှု နဲ့ relationship တစ်ခုတည်ဆောက်ထားကြတာမို့ session နားလိုက်ရတော့မယ့်အချိန်၊ ခွဲခွာရတော့မယ့်အချိန်မှာ ရင်ထဲဟာတာတာဖြစ်တာ၊ ၀မ်းနည်းတာ၊ ကြောက်ရွံ့စိုးရိမ်တာ ဒါမှမဟုတ် ကျေးဇူးတင်တာမျိုးတွေ ခံစားရနိုင်ပါတယ်။ဒါဟာ ပုံမှန်ပါပဲ။ဒါ‌ကိုဝမ်းနည်းစရာ အဖြစ်မမြင်ဘဲ Client ရဲ့ တိုးတက်မှုနဲ့ ပြောင်းလဲလာမှုကို အသိအမှတ်ပြု၊ဂုဏ်ပြုတဲ့ အဆင့်တစ်ခုလို့ သတ်မှတ်လို့ရပါတယ်။
Termination ဆိုတာ အချိန်တစ်ခုမှာ ရောက်ရှိလာမှာဖြစ်လို့ နှစ်ဦးနှစ်ဖက် ကြိုတင်ပြင်ဆင်ထားဖို့ နဲ့ Counsellor မရှိဘဲ ဘယ်လိုရှေ့ဆက်မလဲဆိုတာကို Client နဲ့ Counsellor အတူတူ ကြိုတင်ဆွေးနွေးထားဖို့လိုပါမယ်။
Counselling ရဲ့ ရည်ရွယ်ချက်က Client က Counsellor အပေါ် အမြဲမှီခိုနေစေဖို့ မဟုတ်ဘဲ "ကိုယ့်ဘဝကို ကိုယ်တိုင် ဦးဆောင်နိုင်တဲ့ အရည်အချင်း" ရှိလာစေဖို့ပဲ ဖြစ်ပါတယ်။
Counselling Session ကို အောင်မြင်စွာရပ်နားနိုင်ခြင်းဟာ Client အတွက် Empowerment ကို ရရှိစေပါတယ်။ "ငါ့မှာ ပြဿနာတွေရှိရင် ဖြေရှင်းနိုင်တဲ့ စွမ်းရည်ရှိသွားပြီ" ဆိုတဲ့ ယုံကြည်မှုကို ရရှိစေတာမို့ ဒါဟာ Counselling ရဲ့ အဓိက အောင်မြင်မှုမှတ်တိုင်တစ်ခုပဲ ဖြစ်ပါတယ်။

စိတ်ကျန်းမာရေးဆိုတာ တစ်ထိုင်တည်းနဲ့ ပြုပြင်ပြောင်းလဲလို့ရတဲ့အရာမျိုး မဟုတ်ပါဘူး။ နေ့စဉ်လေ့ကျင့်ယူရမယ့် အလေ့အထတစ်ခုပါ။ကြီ...
19/12/2025

စိတ်ကျန်းမာရေးဆိုတာ တစ်ထိုင်တည်းနဲ့ ပြုပြင်ပြောင်းလဲလို့ရတဲ့အရာမျိုး မဟုတ်ပါဘူး။ နေ့စဉ်လေ့ကျင့်ယူရမယ့် အလေ့အထတစ်ခုပါ။

ကြီးကြီးမားမား ပြောင်းလဲမှုတွေထက် သေးငယ်တဲ့ ရွေးချယ်မှုလေးတွေက ပိုပြီးအရေးကြီးတယ်လို့‌ပြောလို့ရပါတယ်။စိတ်ကျန်းမာရေးကောင်းမွန်ဖို့ အလေ့အထလေးတွေပြုလုပ်မယ်ဆိုရင်

* ခန္ဓာကိုယ်လှုပ်ရှားပေးတာမျိုး
* အပြင်ထွက်ပြီး လေညင်းခံတာမျိုး
* ခံစားချက်တွေကို ချရေးတာမျိုး
* ခဏလောက် အနားယူပြီး အသက်ဝဝရှူတာမျိုး
* ကိုယ်နဲ့စိတ်တူကိုယ်တူရှိတဲ့မိတ်ဆွေတွေနဲ့စကားပြောဆက်သွယ်တာမျိုး
* ကိုယ်ချစ်တဲ့ အိမ်မွေးတိရိစ္ဆာန်လေးတွေနဲ့ ဆော့ကစားပေးတာမျိုး တွေလုပ်ကြည့်လို့ရပါတယ်။

ဒီအချက်တွေအားလုံးကိုလည်း လိုက်လုပ်ကြည့်ဖို့ မလိုပါဘူး။တစ်ခုတည်းကိုပဲ ပုံမှန်လေးလုပ်ဆောင်ပေးဖို့ပဲ လိုတာပါ။ဒါကြောင့်ကိုယ့်ခန္ဓာကိုယ်ကို ဂရုစိုက်သလိုမျိုးပဲ ကိုယ့်စိတ်ကိုလည်း ကြင်နာမှုတွေနဲ့ ဂရုစိုက်ပေးပါ။



13/12/2025

အကူအညီတောင်းတာ ၊အကူအညီယူတာကို အချို့သူ‌တွေအတွက်က "အားနည်းတာ" ဒါမှမဟုတ် "မစွမ်းဆောင်နိုင်ဘူး" လို့ မှားပြီးတွေးတတ်ကြပါတယ်။ အကူအညီတောင်းခြင်းဟာ အဆင်ပြေဖို့၊ တိုးတက်ဖို့၊ သင်ယူဖို့တွေကို ပိုမိုကောင်းမွန်စေဖို့ အတွက် အခြေခံလိုအပ်ချက်တစ်ခုဖြစ်ပါတယ်။

ကျ‌နော်တို့ ဘဝတွေမှာ စိန်ခေါ်မှုတွေ၊ အခက်အခဲ‌တွေနဲ့ ပြသာနာတွေ အများအပြားရှိတတ်ပါတယ်။ တစ်ယောက်တည်းအားနဲ့ လုပ်ဆောင်လို့မရနိုင်တဲ့အရာ‌တွေလည်းအများကြီးရှိတတ်ပါတယ်။

အခြားသူတွေဆီက အကူအညီလိုအပ်ကြောင်း ကို သတိပြုမိတယ်ဆိုတာ အားနည်းတာမဟုတ်ပါဘူး။
ကိုယ့်ရဲ့ မတတ်နိုင်တဲ့ အရာတွေကို ပြောပြီးအကူအညီ‌တောင်းတာက " ငါ " ဒီနေရာမှာ လက်လျှော့ရပ်တန့်တာမဟုတ်ပဲ အခွင့်အလမ်း‌တွေအဖြစ် နဲ့ ကြိုးစားတာပဲလို့ စဉ်းစားလို့ရပါတယ်။
ဒါကြောင့် "ငါအကူအညီလိုအပ်တယ်" ဆိုတာဟာ အားနည်းခြင်းမဟုတ်ပါဘူး။ ကိုယ့်ရဲ့ လိုအပ်ချက်တွေကို သိပြီး၊ အခြားသူတွေနဲ့ပူးပေါင်းပြီး လိုအပ်တဲ့အရာတွေကို ရှာဖွေတာပဲဖြစ်ပါတယ်။

08/12/2025
"After School Doctor"  ဟာ ကျောင်းမှာကြုံတွေ့နေရတဲ့ စိတ်ပိုင်းဆိုင်ရာဖိအားတွေနဲ့ ပြဿနာတွေကိုမြင်သာစေမယ့် ဂျပန်ဇတ်လမ်းတွဲတ...
07/12/2025

"After School Doctor" ဟာ ကျောင်းမှာကြုံတွေ့နေရတဲ့ စိတ်ပိုင်းဆိုင်ရာဖိအားတွေနဲ့ ပြဿနာတွေကိုမြင်သာစေမယ့် ဂျပန်ဇတ်လမ်းတွဲတစ်ခုဖြစ်ပါတယ်။ဒီဇာတ်လမ်းဟာ မိဘတွေအတွက် မဖြစ်မနေ ကြည့်ရှုသင့်တဲ့ ရုပ်ရှင်တစ်ခုပါ။

"After School Doctor" မှာ ဒေါက်တာ မာကီနိုဟာ ကလေးတွေရဲ့ ကိုယ်ခန္ဓာကျန်းမာရေးတင်မကဘဲ စိတ်ကျန်းမာရေးကိုပါ အနီးကပ် စောင့်ကြည့်ပြီး ဖုံးကွယ်နေတဲ့ ပြဿနာတွေကို ဖော်ထုတ်ပေးတာကို တွေ့ရမှာပါ။

ကလေးတွေဟာ စိတ်ဒဏ်ရာ၊စိုးရိမ်ပူပန်မှု နဲ့ စိတ်ဖိစီးမှုတွေကို လူကြီးတွေလို စကားလုံးတွေနဲ့ ဖွင့်မပြောတတ်ပါဘူး။ သူတို့ရဲ့ ပြောင်းလဲသွားတဲ့ အပြုအမူတွေကနေတစ်ဆင့် ဖော်ပြတတ်ပါတယ်။ သူတို့ရဲ့ စိတ်ဝေဒနာတွေဟာ ခေါင်းမကြာခဏကိုက်တာ၊ ဗိုက်အောင့်တာ၊ ရုတ်တရက်ဖျားတာ၊ အိပ်မပျော်တာ၊ အစားအသောက် ပုံစံပြောင်းလဲလာတာ၊ ကျောင်းမတက်ချင်တော့တာ၊ရုတ်တရက် ဒေါသထွက်လွယ်လာတာစတဲ့ လက္ခဏာတွေနဲ့ ပေါ်လာတတ်တာကို ဒေါက်တာ မာကီနိုက ဖြေရှင်းပြီး ကလေးတွေကို နားလည်အောင်ကြိုးစားခဲ့တာကို တွေ့ရမှာပါ။

မိဘတွေအနေနဲ့ သားသမီးရဲ့ရုပ်ပိုင်းဆိုင်ရာ ပြသာနာတိုင်းဟာ စိတ်ဖိစီးမှုကြောင့် ဖြစ်နေနိုင်သလားဆိုတာကိုပါ ထည့်တွက်တတ်ဖို့ သင်ခန်းစာရနိုင်ပါတယ်။

ကလေးတွေဟာ အပြစ်တင်ခံရမှာကို ကြောက်လို့ သူတို့ရဲ့ ပြဿနာတွေကို ဖုံးကွယ်ထားတတ်ကြပါတယ်။ ဒီရုပ်ရှင်က မိဘနဲ့သားသမီးကြား ယုံကြည်မှုနဲ့ လုံခြုံမှုရှိတဲ့ ဆက်ဆံရေးဟာဘယ်လောက် အရေးကြီးကြောင်းကို မီးမောင်းထိုးပြပါတယ်။

"After School Doctor"ကို ကြည့်ခြင်းဖြင့် မိဘတွေအနေနဲ့ မိမိသားသမီးရဲ့ စိတ်ကျန်းမာရေးကို ပိုမိုနားလည်နိုင်မယ့် အမြင်သစ်‌ေတွကို ရရှိစေမှာပါ။

Address

Yangon
11211

Website

Alerts

Be the first to know and let us send you an email when Thrive Together posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram