25/04/2026
ကိုယ်ဝန်ဆောင်ချိန်မှာ Magnesium (မဂ္ဂနီဆီယမ်) လုံလုံလောက်လောက် ရနေပါသလား?🤔🩵
=====================================
မဂ္ဂနီဆီယမ်ဟာ ကိုယ်ဝန်ဆောင်ချိန် ကျန်းမာသန်စွမ်းနိုင်ဖို့အတွက် အခြေခံအုတ်မြစ်လိုပါပဲ။ မဂ္ဂနီဆီယမ်က ကိုယ်ဝန်ဆောင်မိခင်ကို ကျန်းမာသန်စွမ်းစေပြီး ဗိုက်ထဲက ကလေးလေး ကြီးထွားဖို့အတွက်လိုအပ်တဲ့ အာဟာရကိုလည်း ဖြည့်ဆည်းပေးပါတယ်။ ပုံမှန်စားနေကျ အစားအသောက်တွေမှာ မဂ္ဂနီဆီယမ် ကြွယ်ဝစွာပါဝင်နေတတ်ပေမယ့် လုံလောက်မှုရှိ၊မရှိ သေချာအောင် ဘာတွေစားသင့်လဲဆိုတာကို ဒီမှာ အသေးစိတ် ဖော်ပြပေးလိုက်ပါတယ်။
မဂ္ဂနီဆီယမ်ဟာ အာဟာရနဲ့ ဖြည့်စွက်စာလောကမှာ နာမည်ကြီးပါတယ်။ လူတိုင်းနီးပါး ဒီဓာတ်ကို လိုအပ်ပြီး မဂ္ဂနီဆီယမ် လုံလောက်စွာ ရရှိခြင်းက ခြေထောက်ကြွက်တက်တာ၊ ကြွက်သားနာကျင်တာ၊ ခေါင်းကိုက်တာ၊ စိုးရိမ်စိတ်များတာစတဲ့ ကျန်းမာရေး ပြဿနာတွေကိုပါ သက်သာစေနိုင်လို့ပဲဖြစ်ပါတယ်။
ကိုယ်ဝန်ဆောင်ချိန်မှာ မဂ္ဂနီဆီယမ်က မိခင်ခန္ဓာကိုယ်ရဲ့ စနစ်တိုင်းလိုလိုနဲ့ ဗိုက်ထဲက ကလေးလေးရဲ့ ခန္ဓာကိုယ်အတွက်ပါ ကောင်းကျိုးတွေ ရှိပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ တစ်နေ့ကို မဂ္ဂနီဆီယမ် ဘယ်လောက် လိုအပ်လဲ၊ လုံလောက်အောင် ဘယ်လိုရယူမလဲဆိုတာ ဖော်ပြပေးထားပါတယ်။ တကယ်လို့ မဂ္ဂနီဆီယမ် လုံလောက်အောင် မစားမိဘူးလို့ ထင်နေရင်တောင် ကျန်းမာရေးနဲ့ ညီညွတ်ပြီး မျိုးစုံတဲ့ အစားအစာတွေစားရင်းနဲ့ လိုအပ်တဲ့ ပမာဏကို ရရှိဖို့ အတော်လေး လွယ်ကူပါတယ်။
ကိုယ်ဝန်ဆောင်တွေ မဂ္ဂနီဆီယမ် ဘယ်လောက် လိုအပ်လဲ ? 🤔
အသက်အရွယ်ပေါ်မူတည်ပြီး ကိုယ်ဝန်ဆောင်ချိန်မှာ တစ်နေ့ကို မဂ္ဂနီဆီယမ် ၃၅၀ မီလီဂရမ်ကနေ ၄၀၀ မီလီဂရမ်အထိ လိုအပ်ပါတယ်။ အသေးစိတ်ကို အောက်မှာ ဖော်ပြထားပါတယ်။
▪️ကိုယ်ဝန်ဆောင် အသက် ၁၈ နှစ်နှင့်အောက်: တစ်နေ့ ၄၀၀ မီလီဂရမ်
▪️ကိုယ်ဝန်ဆောင် အသက် ၁၉ နှစ်မှ ၃၀ နှစ်: တစ်နေ့ ၃၅၀ မီလီဂရမ်
▪️ကိုယ်ဝန်ဆောင် အသက် ၃၁ နှစ်မှ ၅၀ နှစ်: တစ်နေ့ ၃၆၀ မီလီဂရမ်
▪️နို့တိုက်မိခင် အသက် ၁၈ နှစ်နှင့်အောက်: တစ်နေ့ ၃၆၀ မီလီဂရမ်
▪️နို့တိုက်မိခင် အသက် ၁၉ နှစ်မှ ၃၀ နှစ်: တစ်နေ့ ၃၁၀ မီလီဂရမ်
▪️နို့တိုက်မိခင် အသက် ၃၁ နှစ်မှ ၅၀ နှစ်: တစ်နေ့ ၃၂၀ မီလီဂရမ်
▪️ကိုယ်ဝန်မဆောင်မှီ အသက် ၁၈ နှစ်နှင့်အောက်: တစ်နေ့ ၃၆၀ မီလီဂရမ်
▪️ကိုယ်ဝန်မဆောင်မှီ အသက် ၁၉-၃၀: တစ်နေ့ ၃၁၀ မီလီဂရမ်
▪️ကိုယ်ဝန်မဆောင်မှီ အသက် ၃၁-၅၀: တစ်နေ့ ၃၂၀ မီလီဂရမ်
မဂ္ဂနီဆီယမ် အများဆုံးပါတဲ့ အစားအစာများ✨
တစ်နေ့ကို မဂ္ဂနီဆီယမ် လုံလောက်အောင် မစားမိဘူးလို့ ထင်နေပေမယ့် နေ့စဉ်စားနေကျ အစားအစာတွေဖြစ်တဲ့ အစေ့အဆံတွေ၊ ကောက်ပဲသီးနှံ၊ ငါးအမျိုးအစားတချို့၊ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေနဲ့ ပဲအမျိုးမျိုးတို့မှာ အများအပြား ပါဝင်နေတတ်ပါတယ်။
ကိုယ်ဝန်ဆောင်ချိန် မဂ္ဂနီဆီယမ် ဖြည့်စွက်စာ သောက်လို့ရလား ? 🫶🏻
ကိုယ်ဝန်ဆောင်ချိန်မှာ မဂ္ဂနီဆီယမ် ဖြည့်စွက်စာ သောက်ဖို့ သိပ်မလိုအပ်ပါဘူး။ ဘာလို့လဲဆိုတော့ ကျန်းမာရေးနဲ့ ညီညွတ်ပြီး မျိုးစုံတဲ့ အစားအစာတွေနဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်လို့ပဲဖြစ်ပါတယ်။ ညဘက် ဗိုက်ဆာလို့ မြေပဲထောပတ်ဘူးကို ဇွန်းနဲ့ခပ်စားလိုက်ရင်လည်း မဂ္ဂနီဆီယမ်တွေ တိုးနေတာပါပဲ။ ဒါ့အပြင် ကိုယ်ဝန်ဆောင် ဗီတာမင်တွေမှာလည်း ပါတတ်တော့ ထင်တာထက် ပိုနေနိုင်ပါတယ်။
ဒါပေမယ့် အစားအသောက် သိပ်ကောင်းကောင်းမစားနိုင်ဘူး ဒါမှမဟုတ် ပျို့အန်တာများလို့ မစားနိုင်ဘူးဆိုရင်တော့ လိုအပ်တဲ့ပမာဏ မရှိတာမျိုး ဖြစ်နိုင်ပါတယ်။ မဂ္ဂနီဆီယမ်ချို့တဲ့တာက ရှားပေမယ့် လက္ခဏာတွေကတော့ ပျို့ချင်၊ အန်ချင်၊အစားအသောက်ပျက်တာ၊ပင်ပန်းနွမ်းနယ်တာ၊အိပ်မပျော်တာ၊ကြွက်သားတွေ အကြောဆွဲတာ၊ မှတ်ဉာဏ်ချို့ယွင်းတာ၊နှလုံးခုန်မမှန်တာ၊ အားနည်းတာတို့ ဖြစ်ပါတယ်။
ပုံမှန်အားဖြင့် ကိုယ်ဝန်ဆောင်ချိန် မဂ္ဂနီဆီယမ် ဖြည့်စွက်စာ သောက်သုံးတာကို စိတ်ချရတယ်လို့ သတ်မှတ်ပေမယ့် ဆရာဝန်ရဲ့ အကြံပြုချက်အတိုင်းသာ သောက်သင့်ပါတယ်။ တကယ်တော့ ဆရာဝန်တော်တော်များများက ကိုယ်ဝန်ဆောင်အဖြစ်များတဲ့ ဝေဒနာတွေ သက်သာဖို့ မဂ္ဂနီဆီယမ်ကို အကြံပြုတတ်ကြပါတယ်။
အခုဆိုရင်တော့ ကိုယ်ဝန်ဆောင်ချိန် ကျန်းမာသန်စွမ်းနိုင်ဖို့အတွက် အခြေခံအုတ်မြစ် ဖြစ်တဲ့ မဂ္ဂနီဆီယမ်အကြောင်းကို သိသွားလောက်ပြီလို့ထင်ပါတယ်နော်။
နောက်ထပ်လည်း ကိုယ်ဝန်ဆောင်မေမေတို့အတွက် ဒီလိုမျိုး ဗဟုသုတရစေမယ့် အကြောင်းအရာလေးတွေကို တင်ပေးသွားမှာဖြစ်လို့ Page ကို Like & Follow လေး လုပ်ပေးထားကြပါဦးနော်…
📌𝐑𝐞𝐟𝐞𝐫𝐞𝐧𝐜𝐞
https://www.babycenter.com/pregnancy/diet-and-fitness/magnesium-in-your-pregnancy-diet_659
𝐏𝐮𝐥𝐬𝐞 & 𝐏𝐮𝐫𝐩𝐨𝐬𝐞 ရဲ့ Update များကို အချိန်နဲ့တပြေးညီ သိရှိနိုင်ဖိုအတွက် Viber Channel ကိုပါ Join ပေးထားကြပါဦးနော်…
𝐕𝐢𝐛𝐞𝐫 𝐂𝐡𝐚𝐧𝐧𝐞𝐥
https://invite.viber.com/?g2=AQABkjkdsX9HxFGwWZXP%2BnyIOC2axqwK3znxLvTpZNn0MM7Dbntry64Ua2O0ofSE
🏢 𝐒𝐮𝐥𝐞 𝐁𝐫𝐚𝐧𝐜𝐡: 10-01, 10th Floor, Sule Square Office Tower, 221 Sule Pagoda Road, Kyauktada Township, Yangon
🏢 𝐘𝐚𝐧𝐤𝐢𝐧 𝐁𝐫𝐚𝐧𝐜𝐡: No 56 Ground Floor, Room No 106, Maha Land Business Centre, Yankin Township, Yangon
📞 𝐇𝐨𝐭𝐥𝐢𝐧𝐞 𝐍𝐮𝐦𝐛𝐞𝐫 : 𝟎𝟗𝟗 𝟓𝟒 𝟐𝟏 𝟐𝟏 𝟐𝟐
🌐 𝐖𝐞𝐛𝐬𝐢𝐭𝐞 : https://pnp.com.mm/
💌 𝐌𝐚𝐢𝐥 : 𝐜𝐨𝐧𝐭𝐚𝐜𝐭@𝐩𝐧𝐩.𝐜𝐨𝐦.𝐦𝐦
#မဂ္ဂနီဆီယမ် #ကိုယ်ဝန်ဆောင်မိခင်