Shwe Khatta Specialist Clinic ရွှေခတ္တာ အထူးကုဆေးခန်း

  • Home
  • Myanmar
  • Yangon
  • Shwe Khatta Specialist Clinic ရွှေခတ္တာ အထူးကုဆေးခန်း

Shwe Khatta Specialist Clinic ရွှေခတ္တာ အထူးကုဆေးခန်း www.shwekhatta.com 💛💚❤️
Your Health,Our Passion.
ရွှေခတ္တာအထူးကုဆေးခန်း မှ ကျန်းမာရေးအတွက် အကောင်းဆုံး ဝန်ဆောင်မှုများပေးနေပါသည်။

❄️ ဆောင်းဝင်ပြီ... သတိထား !❄️❄️အပြင်မှာ အေးနေပြီ။ စောင်လေးခြုံပြီး ကွေးနေရတာ ကောင်းပေမယ့်... ကိုယ့်ရဲ့ ကိုယ်ခံစွမ်းအားကိ...
30/11/2025

❄️ ဆောင်းဝင်ပြီ... သတိထား !❄️

❄️အပြင်မှာ အေးနေပြီ။ စောင်လေးခြုံပြီး ကွေးနေရတာ ကောင်းပေမယ့်... ကိုယ့်ရဲ့ ကိုယ်ခံစွမ်းအားကိုလည်း 'အေးခဲ' မသွားအောင် ဂရုစိုက်ဖို့ လိုပါတယ်ရှင်..

ဆောင်းရာသီဟာ နှလုံးနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေအတွက် ရာသီဥတုအရ လမ်းဖွင့်ပေးလိုက်တာမျိုး ဖြစ်တတ်တာမို့... ဒီ (၄) ချက်ကို အဓိကထား ဂရုစိုက်ပါရှင်..

အပူချိန်ကျရင် ကျန်းမာရေး ဘယ်လို ထိခိုက်လဲ?

အေးတဲ့အခါ သွေးကြောတွေက ကျဉ်းသွားတတ်ပါတယ်။ ဒါကြောင့်...

1. နှလုံးကို ဒုက္ခပေးခြင်း: သွေးကြောကျဉ်းတာကြောင့် သွေးတိုးခြင်း ဖြစ်စေပြီး၊ နှလုံးကို အလုပ်ပိုလုပ်စေပါတယ်။ အထူးသဖြင့် အသက် ၄၀ အထက်နဲ့ နှလုံးရောဂါ အခံရှိသူတွေ အနေနဲ့ ရုတ်တရက် အအေးဒဏ်ကို ရှောင်ရှားဖို့ အရေးကြီးပါတယ်။

2. အသက်ရှူလမ်းကြောင်းဆိုင်ရာ အန္တရာယ်: လေပြွန်တွေ ကျဉ်းလာတာ၊ ခြောက်သွေ့လာတာကြောင့် ပန်းနာရင်ကျပ်၊ နာတာရှည်လေပြွန်ရောင်ရမ်းခြင်း (Chronic Bronchitis) ကဲ့သို့သော ရောဂါတွေ ပိုဆိုးရွားလာတတ်ပါတယ်။

3. ကိုယ်ခံအား ကျဆင်းခြင်း: ခန္ဓာကိုယ် အပူချိန် ထိန်းညှိရာမှာ အားစိုက်ရတာကြောင့် ကိုယ်ခံအားစနစ် အနည်းငယ် အားလျော့သွားနိုင်ပါတယ်။ ဒါကြောင့် တုပ်ကွေးနဲ့ အအေးမိရောဂါပိုးတွေ ကူးစက်ဖို့ လွယ်ကူစေပါတယ်။

💪 ဆောင်းရာသီ မှာ ဆောင်ရန်
၁။ အတွင်းပိုင်း အပူပေးပါ

• ရေနွေးကြမ်း/ရေနွေးသောက်ပါ: ရေဓာတ်ပြည့်ဝခြင်းက အသားအရေနဲ့ အသက်ရှူလမ်းကြောင်းကို ခြောက်သွေ့မှုကနေ ကာကွယ်ပေးပါတယ်။
• ဗီတာမင် D: ဆောင်းတွင်းမှာ နေရောင်ခြည် နည်းပါးတာကြောင့် ဗီတာမင် D ချို့တဲ့မှု အဖြစ်များပါတယ်။ အရိုးကျန်းမာရေးနဲ့ ကိုယ်ခံအားအတွက် ဗီတာမင် D ပါဝင်တဲ့ အစားအစာ (ဥပမာ- ငါးကြီးဆီ၊ ဥအနှစ်) တွေကို စားသုံးပေးပါ။
• ကြက်သွန်ဖြူ၊ ဂျင်း: ၎င်းတို့ဟာ ကိုယ်ခံအားကို မြှင့်တင်ပေးနိုင်တဲ့ သဘာဝအင်တီအောက်ဆီးဒန့်များ ဖြစ်ပါတယ်။

၂။ ပြင်ပ အအေးဒဏ် ကာကွယ်ပါ

• အလွှာလိုက် ဝတ်ဆင်ပါ: အနွေးထည်ကို အလွှာလိုက် (အတွင်းအကျီ၊ အလယ်အကျီ၊ အပြင်ကုတ်) ဝတ်ဆင်ခြင်းဖြင့် ကိုယ်အပူချိန်ကို အထိရောက်ဆုံး ထိန်းထားနိုင်ပါတယ်။
• ဦးခေါင်းနှင့် လက်/ခြေထောက်: ခန္ဓာကိုယ်ရဲ့ ၇၀% နီးပါးရှိတဲ့ အပူဓာတ်ဟာ ဦးခေါင်း၊ လက်ဖဝါးနဲ့ ခြေဖဝါးတွေကနေ ဆုံးရှုံးတာမို့ ဦးထုပ်၊ လက်အိတ်၊ ခြေအိတ် ထူထူ ဝတ်ဆင်ပါ။

၃။ ပိုးမွှား ကူးစက်မှု ရှောင်ပါ

• လက်ဆေးခြင်း: ပုံမှန်အတိုင်း လက်ကို ဆပ်ပြာနဲ့ သေသေချာချာ ဆေးကြောပါ။
• ကာကွယ်ဆေး ထိုးခြင်း: တုပ်ကွေး (Flu) ကာကွယ်ဆေးကို နှစ်စဉ်ထိုးနှံထားခြင်းဖြင့် ဆောင်းတွင်းမှာ ရောဂါကြီးကြီးမားမား ဖြစ်ပွားခြင်းမှ ကာကွယ်နိုင်ပါတယ်။

🚨 ဘယ်အချိန် ဆေးခန်းလာပြသင့်လဲ?
အောက်ပါလက္ခဏာတွေ ရှိနေရင် ကိုယ့်သဘောနဲ့ကိုယ် ဆေးဝယ်သောက်တာထက် ဆေးခန်းကို အမြန်လာရောက်ပြသသင့်ပါတယ်-
• ဖျားတာ၊ ကိုယ်ပူတာက (၃) ရက်ထက် ပိုကြာနေရင်။
• အသက်ရှူရ မဝ/ခက်ခဲလာရင်။
• ရင်ဘတ်မှာ ပြင်းထန်စွာ နာကျင်လာရင်။
• အမြဲတမ်း မောပန်းနွမ်းနယ်နေပြီး အားအင်မရှိရင်
အမြန်ဆုံး နီးစပ်ရာဆေးခန်း ကို သွားရောက်ကုသရပါမယ်ရှင်..

ရွှေခတ္တာ ဆေးခန်း သည် ဆောင်းရာသီ ကျန်းမာရေး စောင့်ရှောက်မှုများအတွက် အသင့်ရှိနေပါပြီ။
ကျွမ်းကျင်ဆရာဝန်များနှင့် စနစ်ကျသော ကုသမှုများဖြင့် ကူညီပေးပါမယ်ရှင်

📞
𝐇𝐨𝐭𝐥𝐢𝐧𝐞 : 𝟎𝟗𝟖𝟖𝟎𝟑𝟓𝟒𝟓𝟖𝟔
𝐇𝐨𝐭𝐥𝐢𝐧𝐞 : 𝟎𝟗𝟕𝟔𝟖𝟎𝟓𝟗𝟒𝟓𝟒
𝐎𝐟𝐟𝐢𝐜𝐞 : 𝟎𝟗𝟐𝟓𝟎𝟏𝟓𝟎𝟎𝟒𝟒

မြေပုံ - https://maps.app.goo.gl/rJNenS93v4HLHrJR8?g_st=iv617

Viber ဖြင့် ကျန်းမာရေး သိလိုသမျှမေးရန်- https://invite.viber.com/ ...

🌐 𝐖𝐞𝐛𝐬𝐢𝐭𝐞 : https://shwekhatta.com/

𝙈𝙚𝙙𝙞𝙘𝙖𝙡 𝙥𝙖𝙘𝙠𝙖𝙜𝙚 : https://www.facebook.com/share/Ya35PQVwthjeVBN2/?mibextid=WC7FNe

#ရွှေခတ္တာ
#နှလုံး
#မိုးရာသီတုပ်ကွေးကာကွယ်ဆေး
#လေးမျိုးစပ်တုပ်ကွေးကာကွယ်ဆေး


#အိမ်ပင့်


#ဝန်ထမ်းကဒ် #ဆေးခန်း
ိုး ိုး ိုး

🤝 ပြီးပြည့်စုံသော ကျန်းမာရေး 💯ခေတ်မီ ကျန်းမာရေးဆိုင်ရာ ရှုထောင့်အရဆိုရင်တော့ "လူကိုလည်း ကုရမယ်၊ စိတ်ကိုလည်း ကုရမယ်" ဆိုတ...
26/11/2025

🤝 ပြီးပြည့်စုံသော ကျန်းမာရေး 💯

ခေတ်မီ ကျန်းမာရေးဆိုင်ရာ ရှုထောင့်အရဆိုရင်တော့ "လူကိုလည်း ကုရမယ်၊ စိတ်ကိုလည်း ကုရမယ်" ဆိုတဲ့ အချက်က အမှန်တရားပါပဲ။

လူသားတစ်ဦးမှာ စိတ်နဲ့ ကိုယ်ဟာ ခွဲခြားလို့မရပါဘူး။

✅ စိတ်ကြောင့် ကိုယ်ဖြစ်

စိတ်ဖိစီးမှု ပြင်းထန်လွန်းတဲ့အခါ ခေါင်းကိုက်တာ၊ အစာအိမ်နာတာ၊ ကိုယ်ခံအားကျတာ စတဲ့ ကိုယ်ခန္ဓာ ရောဂါလက္ခဏာများ ဖြစ်ပေါ်လာနိုင်ပါတယ်။

✅ကိုယ်ကြောင့် စိတ်ဖြစ်

နာတာရှည် ကိုယ်ခန္ဓာ ဝေဒနာ (Chronic Pain) တစ်ခုခု ခံစားနေရသူဟာ စိတ်ဓာတ်ကျခြင်း၊ အထီးကျန်ခြင်း စတဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာများ ကိုပါ ခံစားရနိုင်ပါတယ်။

မိတ်ဆွေမှာ ဘယ်လိုကျန်းမာရေးပြဿနာမျိုးပဲ ရှိပါစေ…
ရွှေခတ္တာ မှာ လာရောက် ပြသတဲ့အခါ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို စစ်ဆေးသလို၊
မိတ်ဆွေရဲ့ စိတ်ဖိစီးမှု အတိုင်းအတာ နှင့် စိတ်ခံစားမှု အခြေအနေကိုပါ ဆရာဝန် နဲ့ ပွင့်ပွင့်လင်းလင်း ပြောပြဆွေးနွေးနိုင်ပါတယ်..

ကိုယ်ခန္ဓာ ကျန်းမာဖို့ စိတ်က အရေးကြီးသလို၊ စိတ်ကျန်းမာဖို့ ကိုယ်ခန္ဓာကိုလည်း ဂရုစိုက်ဖို့ လိုပါတယ် ✅💯

မိတ်ဆွေများ အားလုံး ချစ်ခင်ကျန်းမာပျော်ရွှင်ကြပါစေ။ 🙏

𝐇𝐨𝐭𝐥𝐢𝐧𝐞 : 𝟎𝟗𝟖𝟖𝟎𝟑𝟓𝟒𝟓𝟖𝟔
𝐇𝐨𝐭𝐥𝐢𝐧𝐞 : 𝟎𝟗𝟕𝟔𝟖𝟎𝟓𝟗𝟒𝟓𝟒
𝐎𝐟𝐟𝐢𝐜𝐞 : 𝟎𝟗𝟐𝟓𝟎𝟏𝟓𝟎𝟎𝟒𝟒

မြေပုံ - https://maps.app.goo.gl/rJNenS93v4HLHrJR8?g_st=iv617

Viber ဖြင့် ကျန်းမာရေး သိလိုသမျှမေးရန်- https://invite.viber.com/ ...

🌐 𝐖𝐞𝐛𝐬𝐢𝐭𝐞 : https://shwekhatta.com/

𝙈𝙚𝙙𝙞𝙘𝙖𝙡 𝙥𝙖𝙘𝙠𝙖𝙜𝙚 : https://www.facebook.com/share/Ya35PQVwthjeVBN2/?mibextid=WC7FNe

#ရွှေခတ္တာ
#နှလုံး
#မိုးရာသီတုပ်ကွေးကာကွယ်ဆေး
#လေးမျိုးစပ်တုပ်ကွေးကာကွယ်ဆေး


#အိမ်ပင့်


#ဝန်ထမ်းကဒ် #ဆေးခန်း
ိုး ိုး ိုး

21/11/2025

ခက်ခဲရှုပ်ထွေးသော ကျန်းမာရေးပြဿနာများအတွက် စိတ်ပူစရာမလိုပါ 🥰🥰
• မိသားစုဝင်များ ဆေးရုံတက်နေရ၍ စိတ်ပူပန်နေရပါသလား?
• ကျန်းမာရေးဆိုင်ရာ တိုင်ပင်ဆွေးနွေးရန် အခက်အခဲများ ကြုံတွေ့နေရပါသလား?
• ယုံကြည်စိတ်ချရသော ကျန်းမာရေး ဗဟုသုတများ လိုအပ်နေပါသလား?
• ဆုံးဖြတ်ရခက်ခဲသော ကျန်းမာရေး အခြေအနေများတွင် လမ်းညွှန်မှု လိုအပ်နေပါသလား?
ဤကဲ့သို့သော အခြေအနေများအတွက် ကျွန်တော်တို့ ရွှေခတ္တာဆေးခန်း သို့ ဆက်သွယ်မေးမြန်းနိုင်ပါပြီ။
ရွှေခတ္တာဆေးခန်း ရှိ အတွေ့အကြုံရှိ ဆရာဝန်များက စေတနာအရင်းခံဖြင့် နွေးထွေးစွာ တိုင်ပင်ကူညီ ဆွေးနွေးပေးလျက်ရှိပါသည်။
📞 ဆက်သွယ်ရန် ဖုန်းနံပါတ်: 𝟎 𝟗 𝟖 𝟖 𝟖 𝟏 𝟓 𝟎 𝟎 𝟔 𝟗

ဆရာဝန် နှင့် အခမဲ့ တိုင်ပင်ဆွေးနွေးလိုပါက Viber link
https://invite.viber.com/?g2=AQBI%2FHqIgJ9BB1GCZIUZD4sGalWkYW055bYr1Gz2vjcbj9lYQQSSKX8CaBUplK4h

🔻🔻🔻🔻🔻🔻🔻🔻🔻🔻
ရွှေခတ္တာ အထူးကုဆေးခန်း
ဆေးခန်းဖွင့်ချိန် 🕗 ~ 🕖
💛 မနက် (၈) နာရီမှ ည (၇) နာရီ အထိ
💚 နေ့စဉ် - ပိတ်ရက်မရှိ ( 𝙊𝙥𝙚𝙣 𝘿𝙖𝙞𝙡𝙮 )
❤️ အမှတ် ၂၉၊ မင်္ဂလာလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်။

ဆက်သွယ်လိုပါက
𝐇𝐨𝐭𝐥𝐢𝐧𝐞 : 𝟎𝟗𝟖𝟖𝟖𝟏𝟓𝟎𝟎𝟔𝟗
𝐇𝐨𝐭𝐥𝐢𝐧𝐞 : 𝟎𝟗𝟖𝟖𝟎𝟑𝟓𝟒𝟓𝟖𝟔
𝐎𝐟𝐟𝐢𝐜𝐞 : 𝟎𝟗𝟐𝟓𝟎𝟏𝟓𝟎𝟎𝟒𝟒
𝐎𝐟𝐟𝐢𝐜𝐞 : 𝟎𝟗𝟕𝟔𝟖𝟎𝟓𝟗𝟒𝟓𝟒

🌐 𝐖𝐞𝐛𝐬𝐢𝐭𝐞 : https://shwekhatta.com/

မြေပုံ - https://maps.app.goo.gl/rJNenS93v4HLHrJR8?g_st=iv617
#ရွှေခတ္တာ #စမ်းချောင်း #ဆေးခန်း #ကျန်းမာရေး #မိသားစု #ဆေးရုံ

ဒီနေ့  တန်ဆောင်တိုင် လပြည့်နေ့  ကထိန်အလှူမင်္ဂလာနေ့ မှာဘုရားအမှူးထား၍ စမ်းချောင်း ဓမ္မစေတီ စာသင်တိုက်မှ သံဃာတော်မြတ်များ...
04/11/2025

ဒီနေ့ တန်ဆောင်တိုင် လပြည့်နေ့ ကထိန်အလှူမင်္ဂလာနေ့ မှာ

ဘုရားအမှူးထား၍ စမ်းချောင်း ဓမ္မစေတီ စာသင်တိုက်မှ သံဃာတော်မြတ်များအား ကထိန် သင်္ကန်းများ ကပ်လှူခဲ့ပြီး ပရိတ်တရားတော်များ နာကြားခဲ့၍ ရေစက်ချ မေတ္တာပို့သ ခဲ့ပါသည်။

အခုလို ကုသိုလ် အလှူဒါန များ လုပ်နိုင်သည်မှာ ရွှေခတ္တာ ကို ယုံကြည်အားကိုးသော လူနာများကြောင့် ဖြစ်ပါတယ် 🙏🏻

ရွှေခတ္တာ ကို ယုံကြည်အားကိုးသော လူနာတစ်ဦးစီတိုင်း စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် စီးပွါးများ တိုးပွါးကြပါစေ ၊ ရောဂါများကင်းဝေးပြီး ကျန်းမာပါစေကြောင်း ဆုမွန်ကောင်းတောင်းပါတယ်…🙏🏻

ကူညီပေးကြသူ မိသားစုဝင်များ ကို ကျေးဇူးအထူးတင်ရှိပါသည်။

ကုသိုလ်များ ထပ်တူထပ်မျှ ရကြပါစေ
ဒီ့ထက်မက လှူဒါန်းနိုင်ရပါလို၏ 🙏🏻

တန်ဆောင်မုန်းလပြည့် ကထိန်အလှူတော်အခါသမယ မှာ မိတ်ဆွေများ အားလုံး ကိုယ်၏ ကျန်းမာခြင်း၊ စိတ်၏ ချမ်းသာခြင်း တို့နဲ့ ပြည့်စုံပြီး သာယာတဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ရွှေခတ္တာဆေးခန်း မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ 😍

🙏🏻

ရွှေခတ္တာ အထူးကုဆေးခန်း ဓါတ်ခွဲခန်း
09880354586
09768059454

အမှတ် ၂၉ မင်္ဂလာလမ်း နှင့် ဆရာထွန်း လမ်းထောင့် စမ်းချောင်း

shwe khatta Map မြေပုံ
https://maps.app.goo.gl/rJNenS93v4HLHrJR8?g_st=iv617

ဆရာဝန် နှင့် အခမဲ့ တိုင်ပင်ဆွေးနွေးလိုပါက
https://invite.viber.com/?g2=AQBI%2FHqIgJ9BB1GCZIUZD4sGalWkYW055bYr1Gz2vjcbj9lYQQSSKX8CaBUplK4h

တန်ဆောင်တိုင် လပြည့်နေ့( သာမညဖလအခါတော်နေ့ ) မှာမြန်မာ ပြည်သူပြည်သားများ အားလုံးကိုယ်၏ ကျန်းမာခြင်းစိတ်၏ ချမ်းသာခြင်းများ...
04/11/2025

တန်ဆောင်တိုင် လပြည့်နေ့
( သာမညဖလအခါတော်နေ့ ) မှာ
မြန်မာ ပြည်သူပြည်သားများ အားလုံး
ကိုယ်၏ ကျန်းမာခြင်း
စိတ်၏ ချမ်းသာခြင်းများဖြင့် ပြည့်စုံ၍
ရောဂါဘယများ ကင်းဝေးပြီး
စီးပွါးဥစ္စာများ ပေါကြွယ်ဝပါစေကြောင်း
ရွှေခတ္တာဆေးခန်း မိသားစုမှ
မင်္ဂလာဆုမွန်ကောင်း တောင်းအပ်ပါသည်။

ရွှေခတ္တာ ဆေးခန်း
09880354586
09768059454
အမှတ် (၂၉) မင်္ဂလာလမ်း စမ်းချောင်း

ဆရာဝန် နှင့် အခမဲ့ တိုင်ပင်ဆွေးနွေးလိုပါက
https://invite.viber.com/?g2=AQBI%2FHqIgJ9BB1GCZIUZD4sGalWkYW055bYr1Gz2vjcbj9lYQQSSKX8CaBUplK4h

လိပ်စာ - https://maps.app.goo.gl/rJNenS93v4HLHrJR8?g_st=iv617

www.shwekhatta.com

04/11/2025
🫀ကြိုတင်ကာကွယ်ထားသင့်လား ❓🎸 တေးသံရှင် အဒီနို (Adino) သီဆို ဖျော်ဖြေပေးနေရင်း ကွယ်လွန်သွားတဲ့အတွက် ဝမ်းနည်းကြေကွဲရပါတယ်။ ...
26/10/2025

🫀ကြိုတင်ကာကွယ်ထားသင့်လား ❓

🎸 တေးသံရှင် အဒီနို (Adino) သီဆို ဖျော်ဖြေပေးနေရင်း ကွယ်လွန်သွားတဲ့အတွက် ဝမ်းနည်းကြေကွဲရပါတယ်။ အခုလို ဖြစ်ရပ်မျိုး ကြားရတာ စိတ်မကောင်းစရာပါ။😓😓

🫀နှလုံးရောဂါ (Heart Attack) မဖြစ်အောင် ကာကွယ်နိုင်မယ့် နည်းလမ်းများစွာ ရှိပါတယ်။

1. ဆေးလိပ်လုံးဝဖြတ်ပါ။🚭🚭
ဆေးလိပ်သောက်ခြင်းနှင့် ဆေးလိပ်ငွေ့ကို ရှူရှိုက်မိခြင်း (secondhand smoke) နှစ်ခုလုံးကို ရှောင်ပါ။ ဆေးလိပ်ဖြတ်ခြင်းဟာ နှလုံးရောဂါဖြစ်နိုင်ခြေကို လျော့ကျစေနိုင်တဲ့ အကောင်းဆုံးအရာတစ်ခုပါ။

2. ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက် စားသုံးပါ။ 🍎🍎
ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနဲ့ အမျှင်ဓာတ်ကြွယ်ဝတဲ့ ကောက်နှံတစ်ခုလုံး (Whole Grains) တွေကို များများစားပါ။

ပြည့်ဝဆီ (Saturated Fat)၊ အသွင်ပြောင်းဆီ (Trans Fat)၊ ကိုလက်စထရော (Cholesterol)၊ နဲ့ သကြား တွေကို လျှော့စားပါ။

အဆီများတဲ့ အစားအစာတွေ၊ အသင့်စား အစားအစာတွေနဲ့ အချိုရည်တွေကို ရှောင်ပါ။
အဆီနည်းတဲ့ အသား၊ ငါး (အထူးသဖြင့် Omega-3 ပါတဲ့ ငါး) နဲ့ ပဲအမျိုးမျိုးကို စားသုံးပါ။

🚫အရက်သေစာကို အလွန်အကျွံ မသောက်သုံးပါနဲ့ (သို့မဟုတ် လုံးဝရှောင်ပါ)။

3. ပုံမှန် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း လုပ်ပါ။🏃‍♂️🏃‍♂️
တစ်ပတ်ကို အနည်းဆုံး မိနစ် ၁၅၀ ခန့် အသင့်အတင့် ပြင်းထန်တဲ့ လှုပ်ရှားမှု (ဥပမာ- လျင်မြန်စွာ လမ်းလျှောက်ခြင်း) ဒါမှမဟုတ် မိနစ် ၇၅ မိနစ်ခန့် ပြင်းထန်တဲ့ လှုပ်ရှားမှု (ဥပမာ- ပြေးခြင်း) ကို လုပ်ဆောင်ပါ။

တစ်နေ့ကို မိနစ် ၃၀ ခန့် ပုံမှန် လမ်းလျှောက်ခြင်း လှုပ်ရှားပေးပါ

4. ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ။💯💯
သင့်အရပ်နဲ့ ကိုက်ညီတဲ့ ကိုယ်အလေးချိန် (BMI) ကို ထိန်းသိမ်းပါ။ အဝလွန်ခြင်းကို ရှောင်ပါ။

5. သွေးတိုး၊ ဆီးချိုနဲ့ ကိုလက်စထရော ပမာဏကို ထိန်းချုပ်ပါ။🍩🍩
သင့်ဆရာဝန်နဲ့ ပုံမှန် ပြသပြီး သွေးပေါင်ချိန်၊ သွေးတွင်းသကြားဓာတ်နဲ့ ကိုလက်စထရော ပမာဏတွေကို စစ်ဆေးပြီး ထိန်းချုပ်ပါ။ လိုအပ်ပါက ဆေးဝါးများ ပုံမှန်သောက်သုံးပါ

6. စိတ်ဖိစီးမှုကို လျှော့ချပါ။🧘🧘
ရေရှည် စိတ်ဖိစီးမှုဟာ နှလုံးကို ထိခိုက်စေနိုင်တာကြောင့် လေ့ကျင့်ခန်းလုပ်ခြင်း၊ တရားထိုင်ခြင်း၊ အနားယူခြင်း၊ ဝါသနာပါရာ လုပ်ငန်းများ လုပ်ဆောင်ခြင်းဖြင့် စိတ်ဖိစီးမှုကို လျှော့ချပါ။

7. လုံလောက်စွာ အိပ်စက်အနားယူပါ။😴😴
တစ်ညကို အရည်အသွေးပြည့်မီတဲ့ အိပ်ချိန် ၇ နာရီမှ ၉ နာရီခန့် ရရှိအောင် အိပ်စက်ပါ။

8. ပုံမှန် ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်ပါ။🩻🩻
🫀နှလုံးကျန်းမာရေးကို စောစီးစွာ စောင့်ကြည့်နိုင်ရန်နဲ့ ဖြစ်နိုင်ခြေရှိတဲ့ အန္တရာယ်တွေကို စီမံခန့်ခွဲနိုင်ဖို့ ဆရာဝန်နဲ့ ပုံမှန် စစ်ဆေးမှုများ ပြုလုပ်ပါ။

🫀အထူးသဖြင့် နှလုံးရောဂါ (ဥပမာ- နှလုံးသွေးကြောပိတ်ခြင်း) ရောဂါရာဇဝင်ရှိသူ (သို့မဟုတ် မွေးရာပါ နှလုံးအားနည်းသူ) တွေဟာ ဆရာဝန်ရဲ့ ညွှန်ကြားချက်နဲ့ အကြံပေးချက်တွေကို တိတိကျကျ လိုက်နာဖို့လိုအပ်ပါတယ်

🫀နှလုံးရောဂါကု ဆေးဝါးတွေကို ပုံမှန်သောက်ဖို့နဲ့ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်တဲ့အခါမှာ ဆရာဝန်နဲ့ တိုင်ပင်ချင်ရင် ရွှေခတ္တာ ဆေးခန်း - 09880354586 ကို ဖုန်းဆက်ပါ။

ရွှေခတ္တာ ဆေးခန်း
09880354586
09768059454
အမှတ် ၂၉ မင်္ဂလာလမ်း စမ်းချောင်း
နေ့စဉ် ပိတ်ရက်မရှိ မနက် ၈ နာရီ မှ ည ၇ နာရီ အထိ ဖွင့်လှစ်ပါသည်။

တိကျ မှန်ကန် မြန်ဆန် သက်သာ
ရွှေခတ္တာ

ဆရာဝန် နှင့် အခမဲ့ တိုင်ပင်ဆွေးနွေးလိုပါက
https://invite.viber.com/?g2=AQBI%2FHqIgJ9BB1GCZIUZD4sGalWkYW055bYr1Gz2vjcbj9lYQQSSKX8CaBUplK4h

ဆေးခန်းလိပ်စာ - https://maps.app.goo.gl/rJNenS93v4HLHrJR8?g_st=iv617

#ရွှေခတ္တာ #စမ်းချောင်း #နှလုံးရောဂါ
#ပျော်ရွှင်ကျန်းမာတဲ့မိသားစုလေးအတွက်_မိသားစုဆရာဝန်နဲ့_ဆက်သွယ်ကြမယ်

 #ပျော်ရွှင်ကျန်းမာတဲ့မိသားစုလေးအတွက်_မိသားစုဆရာဝန်နဲ့_ဆက်သွယ်ကြမယ် ... 🥰🤝 #မိသားစုတိုင်းအတွက်ရွှေခတ္တာက_ဆရာဝန်တွေ_အသင့်...
17/10/2025

#ပျော်ရွှင်ကျန်းမာတဲ့မိသားစုလေးအတွက်_မိသားစုဆရာဝန်နဲ့_ဆက်သွယ်ကြမယ် ... 🥰🤝

#မိသားစုတိုင်းအတွက်ရွှေခတ္တာက_ဆရာဝန်တွေ_အသင့်ရှိနေပါတယ်။
=====
#သင့်ကျန်းမာရေးအတွက်အမြဲရှိနေမှာ_ရွှေခတ္တာပါ

ရွှေခတ္တာ ဆေးခန်း
09880354586
09768059454







14/10/2025

ရွှေခတ္တာဆေးခန်း
09880354586

လူနာများအားလုံး စိတ်ချမ်းသာ ၊ ကိုယ်ကျန်းမာစွာဖြင့် အမြန်ဆုံး သက်သာပျောက်ကင်းစေဖို့ စေတနာအပြည့်နဲ့ အကောင်းဆုံး ဝန်ဆောင်မှ...
12/10/2025

လူနာများအားလုံး စိတ်ချမ်းသာ ၊
ကိုယ်ကျန်းမာစွာဖြင့် အမြန်ဆုံး သက်သာပျောက်ကင်းစေဖို့ စေတနာအပြည့်နဲ့ အကောင်းဆုံး ဝန်ဆောင်မှုပေးနေပါတယ်ခင်ဗျာ။

ရွှေခတ္တာဆေးခန်း ကို ယုံကြည်အားကိုးစွာနဲ့ လာရောက်ကြတဲ့ လူနာများအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်။

🙏 ကျန်းမာရေးကို ဂရုစိုက်ကြပါခင်ဗျာ။

ရွှေခတ္တာ ဆေးခန်း
09880354586
09768059454
အမှတ် ၂၉ မင်္ဂလာလမ်း စမ်းချောင်း

ကျန်းမာရေး အခမဲ့ ဆွေးနွေးရန်
https://invite.viber.com/?g2=AQBI%2FHqIgJ9BB1GCZIUZD4sGalWkYW055bYr1Gz2vjcbj9lYQQSSKX8CaBUplK4h

#ရွှေခတ္တာ #ကျန်းမာရေးဝန်ဆောင်မှု #ယုံကြည်အားထားမှု

⏱️ အဖြေမှန်ကို အမြန်ဆုံးသိချင်ပါသလား?Shwe Khatta မှာ အမြန် စစ်ဆေးမှုတွေ ရပြီနော်။ ✅-- -- -- -- -- -- -- -- -- ⏱️ ကျန်းမာ...
12/10/2025

⏱️ အဖြေမှန်ကို အမြန်ဆုံးသိချင်ပါသလား?
Shwe Khatta မှာ အမြန် စစ်ဆေးမှုတွေ ရပြီနော်။ ✅

-- -- -- -- -- -- -- -- --

⏱️ ကျန်းမာရေးအတွက် စိတ်ပူပန်နေရတဲ့အခါ
အဖြေကို အချိန်ကြာကြီး ထိုင်စောင့်နေစရာ မလိုတော့ပါဘူး။

⏱️ #ရွှေခတ္တာအထူးကုဆေးခန်းမှာ အရေးကြီးတဲ့သွေးစစ်ဆေးမှု တွေကို
ခေတ်မှီ စက်သစ် နည်းပညာ အသစ် များ ဖြင့် အချိန်ကုန်သက်သာစွာ စစ်ဆေးနိုင်ပါပြီ။

-- -- -- -- -- -- -- -- --

⏱️ ကျွန်ုပ်တို့ရဲ့ ဓါတ်ခွဲခန်း ဝန်ဆောင်မှုများအပြင်…

ကျန်းမာရေးအတွက် အခြေခံကျတဲ့ နှလုံးကျန်းမာရေးကို ECG စက်ဖြင့် စမ်းသပ်ခြင်း၊
Ultrasound ရိုက်ခြင်း ၊
သွေးပေါင်ချိန် ကို အခမဲ့ တိုင်းတာပေးခြင်း တို့ကိုလည်း တစ်နေရာတည်းမှာ အပြီးအစီး ရယူနိုင်ပါတယ်။

⏱️ အလုပ်များလို့ အချိန်မပေးနိုင်သူတွေ၊ အရေးကြီးကိစ္စအတွက် အဖြေ အမြန်လိုသူတွေအတွက် ရွှေခတ္တာက အသင့်တော်ဆုံးပါပဲ။

-- -- -- -- -- -- -- -- --

📞 Phone: 09250150044, 09880354586, 09768059454
📍 Address: အမှတ် ၂၉၊ မင်္ဂလာလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်။
🌐 Website: www.shwekhatta.com

ကျန်းမာရေး နှင့် ပတ်သတ်ပြီး အခမဲ့ ဆွေးနွေးနိုင်ပါသည်။
Viber - https://invite.viber.com/?g2=AQBI%2FHqIgJ9BB1GCZIUZD4sGalWkYW055bYr1Gz2vjcbj9lYQQSSKX8CaBUplK4h

#အမြန်စစ်ဆေးခြင်း #ကျန်းမာရေး

October လ ဟာ - ရင်သားကင်ဆာရောဂါကို အမျိုးသမီးတိုင်း ကြိုတင်သိရှိ ကာကွယ်နိုင်ကြစေဖို့ ရည်ရွယ်ပါတယ် -အသက် ၂၀ အထက် အမျိုးသမ...
09/10/2025

October လ ဟာ - ရင်သားကင်ဆာရောဂါကို အမျိုးသမီးတိုင်း ကြိုတင်သိရှိ ကာကွယ်နိုင်ကြစေဖို့ ရည်ရွယ်ပါတယ်
-
အသက် ၂၀ အထက် အမျိုးသမီးအားလုံး မိမိရင်သားကို လစဉ်လတိုင်း ရာသီပေါ်တဲ့နေ့ကနေ (၁)ပတ်အတွင်း စမ်းသပ်စစ်ဆေးကြည့်သင့်ပါတယ်။
-
ဒီလက္ခဏာတွေ သတိပြုပါ.

- ရင်သားအရွယ်အစားပြောင်းလဲတာ
(တဘက်တည်း သိသိသာသာ ပြောင်းခြင်း)
- ရင်သားအရေပြား အရောင်ပြောင်းနေတာ (သို့)
အချိုင့်ဖြစ်ပေါ်နေတာ (သို့) ထူအမ်းနေတာ
- ရင်သား (သို့) ဂျိုင်းအောက်တွင် အလုံး၊ အကျိတ်စမ်းမိတာ
- နို့သီးခေါင်း အတွင်းဘက်ကို ချိုင့်ဝင်သွားတာ
- နို့သီးခေါင်းအရောင်ပြောင်းတာ၊ အနာဖေးတက်၊ ယားယံတာ၊
- နို့သီးခေါင်းမှ သွေး၊ အရည်စသဖြင့်ထွက်တာ၊
- ရင်သားနေရာနှင့် ဆီးစပ်နေရာတွင် စူးပြီး နာကျင်တာတွေကို
သေချာသတိထား စမ်းသပ်ကြည့်သင့်ပါတယ်။
-----
ဒီလိုအမျိုးသမီးတွေမှာ ဖြစ်ပွားနိုင်ခြေများ တတ်ပါတယ်.

- မျိုးရိုးရှိတဲ့သူတွေ (မိခင်၊ ညီအစ်မ၊ အဒေါ် တွေထဲမှာ
ရင်သားကင်ဆာ၊ သားဥအိမ်ကင်ဆာများ ဖြစ်ဖူးရင်)
- (အသက် ၁၂နှစ်မတိုင်ခင်) ရာသီ စလာချိန် စောတဲ့သူတွေ ၊
- (အသက် ၅၅နှစ်နောက်ပိုင်း) သွေးဆုံးချိန်နောက်ကျတဲ့သူတွေ၊
- (အသက် ၃၀ နှစ်အထက်) သားဦးကိုယ်ဝန်ဆောင်ချိန် နောက်ကျသူတွေ
- အဝလွန်တဲ့သူတွေ၊ ကိုယ်လက်လှုပ်ရှားမှု နည်းတဲ့သူတွေ၊
- ကိုယ်ဝန်တားဆေးကို (၅နှစ်နှင့်အထက်) ဆက်တိုက် အသုံးပြုခဲ့တဲ့သူတွေ၊
- ဆေးလိပ်သောက်တတ်သူတွေ၊
- အသက် ၄၀ ကျော် အမျိုးသမီးတွေမှာ ရင်သားကင်ဆာဖြစ်ပွားနိုင်ခြေ
များတတ်ပါတယ်။
-
ရင်သားကင်ဆာနဲ့ပတ်သက်လို့ အမြဲတမ်းမိမိရင်သားကို ကိုယ်တိုင်စစ်ဆေးကြဖို့နဲ့ အခြားမိတ်ဆွေသူငယ်ချင်းတွေကိုလည်း အသိပညာတွေ မျှဝေပေးကြဖို့ ရွှေခတ္တာဆေးခန်းမိသားစု 💛💚❤️ကနေ မေတ္တာဖြင့် တိုက်တွန်းလိုက်ပါတယ်။
#ကိုယ်တိုင်စနစ်တကျ_မစမ်းသပ်တတ်ရင်လည်း_ရွှေခတ္တာကဆရာမများထံမှာ( #အခမဲ့) #လာရောက်မေးမြန်းစစ်ဆေးနိုင်ပါတယ်။
---
" အမျိုးသမီးတိုင်း ရင်သားကင်ဆာရောဂါဘေးမှ ကင်းဝေးပြီး ကျန်းမာကြပါစေ "🙏
---

#သင့်ကျန်းမာရေးအတွက်အမြဲရှိနေမှာ_ရွှေခတ္တာပါ

Address

No(29), Mingalar Street, Sanchaung Township
Yangon
11111

Opening Hours

Monday 08:00 - 19:00
Tuesday 08:00 - 19:00
Wednesday 08:00 - 19:00
Thursday 08:00 - 19:00
Friday 08:00 - 19:00
Saturday 08:00 - 19:00
Sunday 08:00 - 19:00

Telephone

+959880354586

Alerts

Be the first to know and let us send you an email when Shwe Khatta Specialist Clinic ရွှေခတ္တာ အထူးကုဆေးခန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Shwe Khatta Specialist Clinic ရွှေခတ္တာ အထူးကုဆေးခန်း:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram