Nova Menstrual Cup_2

Nova Menstrual Cup_2 The is the second page of Nova Menstrual Cup from Myanmar. We are willing to support myanmar women.
(1)

Nova ရဲ့ Fit Cupလေးက...💕Silica Gel အမျိုးအစားမို့ M cupထက်ပိုပျော့ပျောင်း နူးညံ့တယ်။💕ခွက်မပွင့်တာ၊ အထုတ်အသွင်းခက်ခဲတဲ့ c...
16/12/2025

Nova ရဲ့ Fit Cupလေးက...

💕Silica Gel အမျိုးအစားမို့ M cupထက်ပိုပျော့ပျောင်း နူးညံ့တယ်။
💕ခွက်မပွင့်တာ၊ အထုတ်အသွင်းခက်ခဲတဲ့ chanceလည်းအလွန်နည်းပါတယ်။
💕အသားပိုထူလို့ ယိုစိမ့်တာလည်းပိုကာကွယ်နိုင်ပါတယ်။
💕Gymဆော့ချင်သူ၊ ရေကူးချင်သူ၊အားကစားသမားစတဲ့ လှုပ်လှုပ်ရှားရှားနေရသူတွေအတွက် ပိုသင့်တော်ပါတယ်နော်...

🌸Nova fit cup : 36000/-



-2

🌷 Nova Menstrual Cup ရဲ့ အကျိုးကျေးဇူးတွေက ဘာတွေလဲ ?💓 ပေါ့ပါးလွတ်လပ်ခြင်း💓 လှုပ်ရှားမှုများတွင် အနှောင့်အယှက် နည်းပါးခြင...
12/12/2025

🌷 Nova Menstrual Cup ရဲ့ အကျိုးကျေးဇူးတွေက ဘာတွေလဲ ?

💓 ပေါ့ပါးလွတ်လပ်ခြင်း
💓 လှုပ်ရှားမှုများတွင် အနှောင့်အယှက် နည်းပါးခြင်း
💓 ယားယံတာ သက်သာတယ်
💓 အနံ့အသက်တွေ လျော့လာတယ်
💓 အခြား ရာသီသုံးပစ္စည်းများထက် အချိန်ပိုကြာအောင် ခွက်ကို အသုံးပြုနိုင်တယ်
💓 မလိုလားတဲ့ စွန့်ပစ်ပစ္စည်း လျော့ချနိုင်ခြင်း
💓 ရေကူးခြင်း အခြားအားကစားများကို အဆင်ပြေစွာ လုပ်ဆောင်နိုင်ခြင်း

Baby တို့နဲ့ သင့်တော်မဲ့ size, cup များကို Nova တို့နဲ့တိုင်ပင်ဆေံးနွေးနိုင်ပါပြီ 💝

Nova Menstrual Cup : 25000/- kyats
Nova Birth Canal Cup : 52000/ kyats
Nova Fit Cup : 36000/- kyats
Nova Disc : 39000/- kyats
Nova Sterilized cup : 9000/- kyats

စိတ်မကျေမနပ်ခြင်း မေးပါ …
Service ပေးခြင်းကို Nova တို့ လုပ်ဆောင်ပါရစေ 🌷

Nova ရဲ့ အမျိုးသမီးလေးတို့ရေ 🌷Nova M cup သုံးတဲ့အခါ အံဝင်ဂွင်ကျဖြစ်နေရင်လေ မေ့ ပြီး မထုတ်မိကြတာ သတိမရတော့တာမျိုး မကြာခဏ ...
09/12/2025

Nova ရဲ့ အမျိုးသမီးလေးတို့ရေ 🌷

Nova M cup သုံးတဲ့အခါ အံဝင်ဂွင်ကျဖြစ်နေရင်လေ
မေ့ ပြီး မထုတ်မိကြတာ သတိမရတော့တာမျိုး မကြာခဏ ကြားရပါတယ် 🥹

အက်မင်တို့အနေနဲ့ ညီမလေးများကို ဂရုတစိုက်မှာချင်တာက
ခွက်ဟာ မွေးလမ်းထဲမှာပဲရှိလို့ သားအိမ်ထဲမရောက်ပါဘူးနော် ..

ဒါပေမဲ့ သွေးလက်ခံထားတဲ့ ခွက်ထဲက သွေးတွေက အချိန်အကြာကြီးရှိနေဖို့ မသင့်တော်ပါဘူးနော် …

Period ပြီးခါနီး ရက်တွေဆို ပိုလိုတောင် သတိပြုရမယ်နော် …

သွေးဆင်းကျဲသွားတဲ့အခါ ခွက်ကိုထဲ့ထားမထား မေ့သွားတာမျိုးဖြစ်နိုင်တာမို့ ….

M cup သုံးတဲ့အခါ toilet ဝင်တိုင်း စစ်ဆေးပေးပါနော် 🌷

မိမိရဲ့ သားအိမ်ကျန်းမာရေးဟာ သိပ်အရေးကြီးပါတယ်
ပုံမှန်မဟုတ်တဲ့ အနံ့နဲ့ ဗိုက်အောင့်တဲ့ လက္ခဏာတွေပြလာရင်လဲ နီးစပ်ရာ ဆေးရုံဆေးခန်းမှာ စစ်ဆေးကြည့်စေချင်ပါတယ်ရှင် 💖

Birth Canal Cup❣Organic Silicone compoundက​နေ ​မွေးဖွားလာ​သော Birth Canal Shape Cup....၅နှစ်အထိ  အချိန် အ​တော်ကြာ  အတူရှ...
04/12/2025

Birth Canal Cup❣

Organic Silicone compoundက​နေ ​မွေးဖွားလာ​သော Birth Canal Shape Cup....

၅နှစ်အထိ အချိန် အ​တော်ကြာ အတူရှိ​နေ​ပြီး
​ပေါ့ပါး လွတ်လပ်မှုနှင့်အတူ ကိုယ့်ရဲ့ ကိုယ်ပွား​လေး ဖြစ်လာမယ့် Nova BC Cup😉

Smallနဲ့Large 2sizeရှိတာမို့ adminတို့နှင့်အတူ size​ရွေးချယ်ဖို့ အမြန်ဆုံး လာခဲ့​​နော်🦋

BC cup : 52000/-

ချစ်​သော
Nova

Menstrual cup သုံးနေစဉ် တခါတရံ ခွက်မှာ အနံ့စွဲတတ်ပါတယ် ....ခွက်ကို ခန္ဓာကိုယ်အတွင်းပိုင်းမှာထဲ့သွင်းအသုံးပြုတာကြောင့် သွ...
25/11/2025

Menstrual cup သုံးနေစဉ် တခါတရံ ခွက်မှာ အနံ့စွဲတတ်ပါတယ် ....
ခွက်ကို ခန္ဓာကိုယ်အတွင်းပိုင်းမှာထဲ့သွင်းအသုံးပြုတာကြောင့် သွေးနဲ့ရောပီး အနံ့ရတတ်ပါတယ် ...

အနံ့ပျောက်အောင် အောက်ပါအတိုင်းလုပ်ဆောင်ပါ ...

၁. ခန္ဓာကိုယ်ထဲ အကြာကြီးမထားပဲ ၈ နာရီခန့်သာထားပါ ...

၂. နေပြပေးပါ (Admin ရဲ့နည်းပါ လေသလပ်ခံပြီးနေရောင်ပြပေးပါတယ်)

၃. ခွက်ရဲ အဝနားက အပေါက်ငယ်လေးတွေထိ သေချာစွာ ဆေးကြောပါ ....

၄. ဗီနီကာတဝက် ရေတဝက်ဖြင့် တနာရီခန့်စိမ်ပြီး ရေစင်အောင်ဆေးပါ ...

၅. လီမွန်ဖြင့် ပွတ်တိုက်ပြီး တနာရီထားပါ ပြီးနောက်ရေစင်ကြယ်စွာဆေးပါ ....

၆. အိုးဖြင့်ရေထဲ့ကာ ၂-၁၀ နာရီပြုတ်ပါ (များတယ် အာ့တော့)

၇. အယ်လ်ကိုဟော ပတ်လေးဖြင့်သုတ်ပြီး တနာရီထား ရေဖြင့်စင်ကြယ်အောင်ဆေးပါ ....

ကျမရဲ့နေပြတဲ့နည်းကိုပဲ ပို recommend ပေးပါတယ် ...
သုံးစွဲနေတာ ၅-၆ နှစ်ရှိပါပီ...
အဲ့နည်းက ပိုအဆင်ပြေပါတယ် 🌹🌹🌹

-2

Customer review : Jue Jue BC cup small user 💞ပထမနေ့ထဲက အဆင်ပြေလွန်းလို့ လာပြောပြမလို့ကို သုံးရက်ပြည့်အောင် သုံးပီးမှ ပြေ...
21/11/2025

Customer review : Jue Jue

BC cup small user 💞

ပထမနေ့ထဲက အဆင်ပြေလွန်းလို့ လာပြောပြမလို့ကို သုံးရက်ပြည့်အောင် သုံးပီးမှ ပြောတော့မယ်ဆိုပီး

အရမ်း အရမ်း ကို အဆင်ပြေသော
ရာသီလာတာတောင် မေ့တယ် ပထမရက်ပဲ ဗိုက်အောင့်တတ်တဲ့သူမို့သာ လာနေမှန်းသိတာ

လွတ်လပ် ပေါ့ပါး

ထည့်တာလဲ အဆင်ပြေတယ် ခွက်လဲပွင့်တယ် ပထမရက်မှာ Pad လေး ခံပီးသုံးတာ စိတ်မချလို့ တစ်စက်မှမစွန်းဘူး

ထုတ်တာတော့ နဲနဲတိုင်ပတ်လိုက်သေး မသိစိတ်က စိတ်ကိုတင်းထားတော့ ဆွဲထားသလိုထုတ်မရ ဖြစ်နေတာ
စိတ်လျှော့ပီး မင်မင်ပြောသလို လက်တစ်ဖက်နဲ့ အမှီးကိုဆွဲ ကျန်တဲ့လက်နဲ့ ခွက်ခြေကို ညှစ်ပီး ထုတ်လိုက်တာ အဆင်ပြေသွားတယ်

ခုမှ တစ်လပဲရှိသေးတာ အသွင်း အထုတ် ဆရာကျသွားပီ လေလဲထုတ်တတ်သွားပီ

စိတ်ထင်လို့လားမသိ ဗိုက်အောင့်တာ တောင် သက်သာတယ် အစ်မတွေကို ညွှန်းထားလို့ သူတို့လဲ စိတ်ဝင်စားနေပီ

ကျေးဇူးတင်ပါတယ်လို့🥰

Admin တို့လက်ခံရရှိသော feedback လေးပါ 💞💞💞

ခုအသက် ၃၀ကျော်မယ် …. ရာသီသွေးလဲဆင်းနေဆဲ အမျိုးသမီးဆို ဆက်ဖတ်ကြည့်ရအောင်နော် ….ကိုယ်ရာသီသွေး စပေါ်တဲ့ ၁၁-၁၂-၁၃ နှစ်ကာလတွေ...
03/11/2025

ခုအသက် ၃၀ကျော်မယ် ….
ရာသီသွေးလဲဆင်းနေဆဲ အမျိုးသမီးဆို ဆက်ဖတ်ကြည့်ရအောင်နော် ….

ကိုယ်ရာသီသွေး စပေါ်တဲ့ ၁၁-၁၂-၁၃ နှစ်ကာလတွေမှာ ကိုယ့်မေမေက ဘယ်လိုသင်ကြားပေးလဲ ပြန်တွေးကြည့်ရအောင် ~~~ 🤔🤔🤔

အများအားဖြင့် pad တွေလူမမြင်စေနဲ့ …
အပျိုဖြစ်ပြီ စပ်စပ်ဆော့ဆော့ ပြေးလွှားမနေနဲ့ ….
ရာသီသွေးဟာ ညစ်ပတ်လို့ မမြင်အောင်ဖွက်လျော်ပါ …
Pad ဝယ်ရမှာ မရွံ့မရဲနဲ့ အမျိုးသားရှိတဲ့ဆိုင် ရှောင်ရတာနဲ့ ….
တီဗီမှာ pad ကြော်ငြာလာရင်ပဲ ဘာကြီးလဲဆို မြင်ရတာနဲ့ ….
ပြောရမယ်ဆို အများကြီးပါ ….

ရာသီလာတဲ့နေ့ရက်တွေဟာ ရှက်စရာကြီး ရွံစရာကြီးလို့ မှတ်ယူဖြတ်သန်းခဲ့ရတာပိုများပါတယ် …..

ခု ၂၁ ရာစုရောက်ပြီလေနော် …..
ခေတ်တွေပြောင်းလာပြီ ….
ခုချိန် သမီးလေး သားလေးတွေရလာနိုင်တဲ့ အရွယ်ရောက်လာပီမို့ …..

အစွန်းအထင်းနဲတဲ့ အသိဥာဏ်ထဲ ရာသီသွေးနဲ့ပါတ်သက်ပြီး brain wash မဖြစ်အောင် သေသေချာချာ ရှင်းပြ သင်ကြားပေးရမဲ့ ခေတ်ဖြစ်နေပြီ …..

အမျိုးသမီးခန္ဓာဗေဒကို အင်တာနက်ထွန်းကားတဲ့ ခေတ်ကြီးမှာ google လေးတချက်နှိပ်ရုံနဲ့ ဒါကသားဥပြွန် ဒါက သားအိမ် ဒါက မွေးလမ်းကြောင်း …
ရာသီသွေးဟာ ညစ်ပတ်တဲ့သွေးမဟုတ်တာဖြစ်ကြောင်း ရှင်းပြနိုင်ရပါမယ်နော် ….
အမျိုးသားကောင်းဖြစ်လာမဲ့ သားငယ်တွေကိုလဲ ရာသီကာလမှာ အမျိုးသမီးတွေရဲ့ စိတ်အပြောင်းအလဲအကြောင်း စိတ်ခံစားနုနယ်ကြောင်း ဗဟုသုတအနေနဲ့ ပြောပြထားရင် တချိန်မှာ အမျိုးသမီးတွေကို နားလည်စာနာနိုင်မဲ့ သူတွေဖြစ်လာကြမှာပါ …..

Nova တို့လဲ တဖက်တလမ်းကနေ Period ကာလကို ဘယ်လို သက်သာစွာ အဆင်ပြေစွာ ကျော်ဖြတ်ရမလဲဆိုတာ ပို့စ်လေးတွေတင်သွားပေးပါမယ် … 🥰🥰

အမျိုးသားနဲ့အမျိုးသမီးပေါင်းစပ်လို့ သားအိမ်ကသွေးလေးတွေကနေ လူသားတွေဖြစ်တည်လာတာမို့ တန်ဖိုးရှိတဲ့ reproduction system အကြောင်းလဲ generation တွေကို တူတူသင်ကြားပေးကြဖို့ မျှော်လင့်နေပါတယ် 💝💝💝

With Love,
Nova Team 💞

🤔 Baby တို့သိကြလား 🤔Nova မှာ ဘေဘီတို့ Period အတွက် သက်တောင့်သက်သာဖြစ်အောင် product အစုံအလင်ရှိတယ်ဆိုတာ 💞💝 Nova Menstrual...
27/10/2025

🤔 Baby တို့သိကြလား 🤔

Nova မှာ ဘေဘီတို့ Period အတွက် သက်တောင့်သက်သာဖြစ်အောင် product အစုံအလင်ရှိတယ်ဆိုတာ 💞

💝 Nova Menstrual Cup 25000/-
မူလလက်ဟောင်း M cup တွေ ထက် အများကြီး ပိုမိုနူးညံ့လာသော Medical grade silicone cup

💝 Nova Ring Cup 25000/-
ဘယ်လိုခေါက်ခေါက် ယိုစိမ့်ပါတယ်
ကူကယ်ရာမဲ့နေပီဆို ဝိုင်းဝိုင်းပြည့်ပြည့် လက်ကိုင်ကွင်းလေးနဲ့ Ring Cup ကိုသုံးပါနော်

💝 Nova Fit cup 36000/-
အသားပြည့်ပေမဲ့ ပျော့ပျောင်းမှုအပြင် အားကစားလုပ်သူ ယောဂကစားသူ လှုပ်ရှားမှုများသူများအတွက်

💝 Nova BirthCanal cup 52000/-
မွေးလမ်းကြောင်း sensitive ဖြစ်သူများအတွက် သင့်တော်တဲ့ Organic လျှော် မှ ထုတ်သော မွေးလမ်းကြောင်း ပုံစံ အကွေးသဏ္ဍာန်ရှိသော premium cup လေး

💝 Nova Menstrual Disc 39000/-
နောက်ဆုံး update ဖြစ်သော အသွင်းအထုတ်လွယ်ကူပြီး သုံးသူတိုင်းသဘောကျသော …
အမျိုးသမီးအကာအကွယ်နဲ့ သဘောသဘာဝ ဆင်တူသော
တခါတလေ မီးနီလေးဖြတ်မောင်းချင်ရင်လဲ အေးဆေးပေါ့

💝 Nova Sterilized cup အကြီး 9000/- အသေး 6000/-
Menstrual cup တွေအတွက် လွယ်ကူသော ရေနွေးပူခံ ပိုးသတ်ခွက်

💝 Nova Lubricant 7500/-
ရေမှအခြေခံထုတ်လုပ်ထားသော မိန်းမကိုယ်အတွက် သင့်တော်သော ချောဆီ

💝 Nova silicon cleanser 7500/-
လိမ္မော်ခွံအနံ့လေးသင်းသင်းလေးနဲ့ silicon အတွက် ဆပ်ပြာဆေးရည်

💝 Nova Menstrual Panty (cotton 6900/- ,7900/-, 8900/- , Sport, Lace 8900/-
ဓမ္မတာလာကာစ ပြီးကာစ ချိန်တွင် cup, disc, pad စသဖြင့်မသုံးလိုပါက ဝတ်ဆင်ထားသော ပြန်လည်လျော်ဖွပ်သုံးနိုင်သော အတွင်းခံ ..
ဇာလေးနဲ့လဲ လှသလို
ချည်သားလေးနဲ့လဲ နေလို့ တအား ကောင်းပါတယ်

ကဲ ဓမ္မတာကာလမှာ quality ကောင်းတဲ့ products တွေ တနေရာထဲအစုံရတဲ့ Nova ကိုသာ လှမ်းလာခဲ့တော့နော် 💞

ရွေးချယ်စရာတွေအများကြီးထဲကမှ Nova တို့ကို စိတ်ချလက်ချသာ ပုံအပ်လိုက်ပါလို့ နော် 💞



-2

M cup သုံးသူအများစု လာမေးနေကျရှိတယ် ….အပယ်ကြောက်မလားအပယ်ကြောက်မလား အမရေ ….မကြောက်ပါဘူးမကြောက်ပါဘူးရှင် …..အို …. အမ ဘယ်လ...
24/10/2025

M cup သုံးသူအများစု လာမေးနေကျရှိတယ် ….
အပယ်ကြောက်မလား
အပယ်ကြောက်မလား အမရေ ….

မကြောက်ပါဘူး
မကြောက်ပါဘူးရှင် …..

အို …. အမ ဘယ်လိုပြောပြော
ခွက် သုံးတဲ့ အတွက် တခုခုတော့ exercise လုပ်ရမှာပဲဆို
Kegel exercise သာလုပ်ပါ

Free hand Kegel မလုပ်တတ်ရင် EverFit Kegel Exercise Device & Accessories မှာ EverFit KED ညှစ်ပါ ….

ခွက်ကြောင့် အပယ်မကြောက်ပေမဲ့
ခွက်ကြောင့် အပယ်ကြောက်မလား တွေးပူနေသူတွေ စိတ်အေးဖို့ပါရှင် ….

Admin ကတော့ MCup + KED သမားပါ …..

နှစ်မျိုးစလုံးရဲ့ benefits တွေကောင်းကောင်းသိသူဆိုပါတော့ကွယ် 🌻

-2

လွတ်လပ်​  ပေါ့ပါးလွန်းပါတယ်  ဆိုရင်  ဟုတ်ရဲ့လား , အဆင်​ပြေပါ့မလား  လို့​ တွေး​နေမှာ ​သိတာ​ပေါ့🤭​နွေရာသီမ​ရောက်​သေးတဲ့ အခ...
23/10/2025

လွတ်လပ်​ ပေါ့ပါးလွန်းပါတယ် ဆိုရင် ဟုတ်ရဲ့လား , အဆင်​ပြေပါ့မလား လို့​ တွေး​နေမှာ ​သိတာ​ပေါ့🤭

​နွေရာသီမ​ရောက်​သေးတဲ့ အခုကာလမှာ​တောင် ရာသီဥတုက အရမ်းပူ​နေတာ ​နွေရာသီမှာ padထူထူ​တွေနဲ့ဆို မ​တွေးရဲစရာ​နော်🥵

Nova cup​လေး​တွေ အတွက် အ​သေးစိတ် တိုင်ပင်​ဆွေး​နွေး ချင်တယ်ဆိုရင်​ massengerမှာ Hiလိုက်​ပါ Novaချစ်​သော​လေးတို့​ရေ🌷🤞



-2

21/10/2025

ဒီ​ခေတ်ထဲမှာ Pad​တွေ သုံး​နေကျတုန်းလား~~~

​ရွေးချယ်စရာmenstrual cup အမျိုးအစား​တွေ အများကြီးမို့ ဘာ​ရွေးရမလဲ မသိဘူးဆို Nova admin တို့နဲ့ အတူတူ ​ရွေးချယ်​ကျမယ်​နော်🪴🪴

ချစ်​သော
Novamenstrualcup-2

👉သူ​လေးက    အသားနူးညံ့တယ် ပြီး​တော့ ​ပျော့​ပျောင်းမှုလည်းရှိတယ်》》》》လှုပ်ရှားမှု  အလွန်များတဲ့  အားကစားသမား​တွေပါ   သုံးန...
14/10/2025

👉သူ​လေးက အသားနူးညံ့တယ် ပြီး​တော့ ​ပျော့​ပျောင်းမှုလည်းရှိတယ်》》》》

လှုပ်ရှားမှု အလွန်များတဲ့ အားကစားသမား​တွေပါ သုံးနိုင်တယ် ဆို​မှတော့ ယိုစိမ့်မှုကင်းကင်းနဲ့ ခွက်ရဲ့
နူးညံ့အထိအ​​တွေ့ ကို ခံစားပြီး စိတ်​ကျေနပ်မှုရ​စေနိုင်ပြီ​ပေါ့🧚‍♀️🧚‍♀️

♡Fit Cup : 36000/-

-2

Address

Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+959967525161

Website

Alerts

Be the first to know and let us send you an email when Nova Menstrual Cup_2 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Nova Menstrual Cup_2:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram