White Lotus Dental Loupe

White Lotus Dental Loupe Dental loupe selling page

Dental Loupe သုံးရတဲ့ ရည်ရွယ်ချက်က 1.Better and enhance visual acuity(ပိုမိုရှင်းလင်းကောင်းမွန်ပြီးတိကျတဲ့ vision ရရန်)O...
16/08/2023

Dental Loupe သုံးရတဲ့ ရည်ရွယ်ချက်က

1.Better and enhance visual acuity(ပိုမိုရှင်းလင်းကောင်းမွန်ပြီးတိကျတဲ့ vision ရရန်)

Oral cavityထဲမှာက မှောင်လည်းမှောင်ပြီး သွားတွေကလည်း သေးငယ်တာကြောင့် သာမန်မျက်စိနဲ့ကြည့်ရင် detail မြင်ရဖို့ခက်ခဲပါတယ်။ 2.0x၊ 2.5x၊ နဲ့ 3.0x ချဲ့ထားတဲ့ loupeနဲ့ကြည့်မှသာ teeth and gum တွေရဲ့ ပုံသဏ္ဌာန်ကို ပိုကြီးပြီး အသေးစိတ်ကြည့်ရှုနိုင်တဲ့အပြင် သေးငယ်ပြီးတော့ မှောင်တဲ့နေရာတွေကိုပါ access ကောင်းကောင်းရစေနိုင်ပါတယ်။
ပုံမှန်အားဖြင့် 2.0x၊ 2.5x၊ 3.0x နဲ့ 3.5x magnification အဆင့်တွေက normal dental procedure တွေအတွက် လုံလောက်ပါတယ်။(e.g deep cavity filling,crown preparation,RCT,Scaling) 4.0x နဲ့အထက် magnification ကျတော့ ပိုပြီးရှုပ်ထွေး အသေးစိတ်ကျတဲ့ surgical procedures တွေနဲ့ပိုသင့်လျော်ပါတယ်။

2. Dental loupes promote better work posture and prevent dental hunchback

Dentist တွေအတွက်အဖြစ်များဆုံး occupational hazard ထဲက ‘C’ပုံစံကျောခိုင်းတာနဲ့ဇာတ်ကျောတက်တာကလူတိုင်းအသိပါပဲဗျ။ ကျနော်တို့လူငယ်တွေတောင် patient ဆက်တိုက်ကြည့်လိုက်ပြီဆိုရင် ညဘက်ကျရင်ခါးညောင်းခါးကိုက်ပါပြီ😅။

လူနာက ကျနော်တို့ပုံမှန်မြင်ကွင်းထက် နိမ့်တဲ့positionမှာ လဲလျောင်းနေတဲ့အတွက် treatment procedures ကို ပိုကောင်းအောင်လုပ်တဲ့အခါ အဆင်မပြေတဲ့ C-shape အနေအထားနဲ့ခါးကို ရှေ့သို့ကွေးပြီးလုပ်ရပါတယ်။ ဒီလိုမျိုး bad postureကိုနေ့တိုင်းအချိန်ကြာကြာ လုပ်မယ်ဆိုရင် operatorရဲ့နောက်ကျောကို သဘာဝမကျပဲ ကွေးသွားစေနိုင်ပါတယ်။ရေရှည်မှာ Notre Dame ရဲ့ Hunchback ဝတ္ထုထဲက စိတ်ကူးယဉ်ဇာတ်ကောင်လိုမျိုးဖြစ်သွားနိုင်ပါတယ်🥲။ Dental loupe တွေက Dentistတွေ သက်တောင့်သက်သာရှိတဲ့ working positionမှာ အလုပ်လုပ်နိုင်ဖို့ designထုတ်ထားတာပါ။ Loupeရဲ့ magnification အကူအညီနဲ့ operatorရဲ့ working distanceအတွင်း ပြတ်သားအသေးစိတ်ကျတဲ့ oral cavity ကိုမြင်နိုင်ပြီးတော့ ခါးရှေ့သို့ကွေးဖို့မလိုအောင် ဖယ်ရှားပေးပါတယ်။

3.Dental loupe help reduce eye strain

ပုံမှန်ဆိုရင် မျက်လုံးတွေက သေးငယ်တဲ့အရာဝတ္တုတွေကို ကြည့်တဲ့အခါ လိုတာထက် ပိုပြီးအားစိုက်ထုတ်ဖို့ လိုအပ်တယ်။ မျက်လုံးတွေကို သူတို့ရဲ့ သာမာန်စွမ်းဆောင်ရည်ထက် ပိုအာရုံစိုက်လိုက်တဲ့အခါ မျက်လုံးကို တင်းမာစေပြီးတော့ နောက်ဆုံး ခေါင်းကိုက်တာတို့ ဖြစ်စေနိုင်တယ်။
Loupe magnification နဲ့ဆိုရင် oral cavityထဲက detail information ကိုပိုအားစိုက်ထုတ်စရာမလိုပဲနဲ့ အေးအေးလူလူကြည့်လို့ရသွားပါတယ်။

Loupes မပါဘဲ naked eyeနဲ့အလုပ်လုပ်တဲ့အခါ၊ လုပ်နေတဲ့ procedure ကို productive ဖြစ်ဖို့အတွက် မျက်လုံးကပိုအာရုံစိုက်ရသလို ခါး၊လည်ပင်းနဲ့ပုခုံးတွေပါ တဖြေးဖြေးလိုက်ကိုင်းပြီး stress ဝင်လာပါတယ်။ဒီလိုမသိမသာ stress ဝင်လာပြီဆိုရင် normal movements တွေက တဖြေးဖြေး limitation ရှိလာပြီးတော့ operatorရဲ့ comfortable level ကျဆင်းလာမှာဖြစ်တယ်။ အဲ့ဒါနဲ့ဆက်ဆက်ပြီးတော့ operatorရဲ့1.အာရုံစူးစိုက်မှုရော 2.Treatment quality ကိုရောပါထိခိုက်စေနိုင်ပါတယ်။

4.Dental loupes can help extend your career life

Dental Loupes တွေက သင့်treatment ကို(efficient)ပိုမိုမြန်ဆန်စေရုံတင်မကဘဲ (effective)ထိရောက်မှုလည်းရှိစေပါတယ်။ Dentist အများစုကအလုပ်နှင့်ပတ်သက်တဲ့ ကျန်းမာရေးပြဿနာအမျိုးမျိုးကြောင့် သူတို့ရဲ့အသက်မွေးဝမ်းကြောင်းလုပ်ငန်းကို ခေတ္တခဏ break ကြရတယ်။ occupational hazard တွေထဲက နာတာရှည်ကြွက်သားအကြောဆိုင်ရာ ပြဿနာတွေဖြစ်တဲ့ အောက်ပိုင်းနဲ့ အပေါ်ပိုင်း ခါးနာခြင်း၊ လည်ပင်းနာခြင်းနဲ့ ပခုံး ပင်ပန်းနွမ်းနယ်ခြင်း၊ မျက်စိညောင်းညာခြင်း ခေါင်းကိုက်ခြင်း တို့ကြောင့်ပေါ့။
ဒီနာတာရှည်နာကျင်မှုက စိတ်အနှောင့်အယှက်ဖြစ်စေနိုင်ပြီးတော့ operatorရဲ့အာရုံစူးစိုက်မှုနှင့် စွမ်းဆောင်ရည်ကို ထိခိုက်စေနိုင်တယ်။

အခုပြထားတဲ့ loupe တွေကမျက်မှန်သမားတွေကိုရည်ညွန်းပါတယ်။မျက်မှန်မတပ်တဲ့သူတွေလည်းတပ်လို့အဆင်ပြေပါတယ်။
Loupe brand လေးက NORTHOPE ရဲ့ L50G model ပါ။

(loupedirect.comမှ မှီငြမ်း​ရေးသားပါသည်)
Dr.MAH

Address

Thit Taw Street Ahlone Tps
Yangon
11121

Telephone

+959257993330

Website

Alerts

Be the first to know and let us send you an email when White Lotus Dental Loupe posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram