17/10/2025
“Friday Emotional Support Session”
ဥတုရာသီ နှင့် စိတ်ကျန်းမာရေး
ခေတ်မှီတိုးတက်လာတာနဲ့အမျှ ကမ္ဘာကြီးဟာလည်း ပူနွေးလာပြီး သဘာဝတရားကြီးဟာလည်း ဖောက်လွဲဖောက်ပြန်ဖြစ်ကာ ကျွန်တော်တို့အားလုံးလည်း ခါးစီးရင်ဆိုင်နေရပါတယ်။
သဘာဝဘေးအန္တရာယ်ကြောင့် အသက်အိုးအိမ်စည်းစိမ် ဆုံးရှုံးမှုတွေ၊ ရှေ့ဆက်ရမယ့် အနာဂတ်အတွက် စိုးရိမ်ပူပန်မှုတွေကြောင့် စိတ်ပိုင်းဆိုင်ရာ အဆင်မပြေမှုတွေနဲ့ ကျွန်တော်တို့ နေ့စဉ်နဲ့အမျှ ဖြတ်သန်းနေရပါတယ်။
အဲ့တာကြောင့် ဖြစ်ပျက်လာတဲ့အရာတွေအပေါ် စိတ်ဖိစီးမှုတွေကို ရင်ဆိုင်ကျော်လွှားနိုင်ဖို့ ကောင်းမွန်တဲ့ အကူအညီရနိုင်တဲ့ နည်းလမ်းတွေကို သိရှိနေဖို့လိုအပ်ပါတယ်။ အဲ့လိုနည်းလမ်းတွေကို ဒီနေ့ Friday Emotional Support Session မှာ Trauma Specialist, EMDR Therapist, Serenity Founder & Counseling Psychologist ဖြစ်တဲ့ Ms. Agnes Mary က ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။
Date - 17 Oct 2025 (Friday)
Time - 8 PM - 9 PM (Myanmar Time)
Medium - ZOOM Application
စာရင်းပေးသွင်းရန် - https://forms.gle/k2QnrdTpcS5DBtYu5
စာရင်းပေးသွင်းပြီးပါက Google Form တွင်ပါသော Zoom Link အား Screenshot ရိုက်၍ ထိုလင့်ခ်မှတစ်ဆင့် သောကြာနေ့ ၈ နာရီအချိန်ကို ပါဝင်ပေးနိုင်ပါတယ်ခင်ဗျာ။
Telegram Link: https://t.me/mudramentalhealthforall (Mudra Telegram Channel)
In Mudra, We Care!
#ဥတုရာသီနှင့်စိတ်ကျန်းမာရေး