Royal Maungmakan General Hospital

Royal Maungmakan General Hospital We Take Care Of Your Health

02/12/2025

📢 တောင်ဒဂုံမြို့နယ်အတွင်းရှိ
Royal မောင်းမကန် အထူးကုဆေးရုံတွင်
တာဝန်ထမ်းဆောင်ရန်အတွက် အောက်ဖော်ပြပါ ဝန်ထမ်းများ အလိုရှိသည်။

၁။💰 Cashier (၂) ဦး

-တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရပြီးသူ (သို့) တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး ကျောင်းကိစ္စကင်းရှင်းသူ
-စေ့စပ်သေချာပြီး ငွေစာရင်းကိုတိကျစွာ ကိုင်တွယ်နိုင်သူ
-စကားပြောချိုသာ၍ ရင်းနှီးဖော်ရွေသောအပြုံးဖြင့် Customer service ပေးနိုင်သူ
-ဆေးရုံ၊ ဆေးခန်းတစ်ခုခုတွင် cashier လုပ်ကိုင်ဖူးသူ ဖြစ်ပါက ဦးစားပေးမည်။

၂။ ခွဲခန်းသူနာပြုအကူ (၅)ဦး

- သူနာပြုအကူ သင်တန်းဆင်းလက်မှတ်ရှိရမည်။
-ခွဲစိတ်ခန်း အတွေ့အကြုံ ရှိသူ
(သို့) အတွေ့အကြုံ မရှိသော်လည်းစိတ်၀င်စားသူများလည်း လျောက်ထားနိုင်သည်။
- ဆေးရုံ၊ဆေးခန်း၊ဆေးဆိုင် တစ်ခုခုတွင် လုပ်သက်ရှိသူ ဦးစားပေးမည်။

၃။ 👷 အထွေထွေလုပ်သား ကျား/မ (၂) ဦး

-အသက် ၁၈နှစ်မှ ၆၅နှစ်အတွင်းဖြစ်ရမည်။
-ကျန်းမာသန်စွမ်းသူ ဖြစ်ရမည်။
-အလုပ်ချိန်အတွင်း အသောက်စား ကင်းရမည်။

၄။ Office Staff (၂) ဦး

-တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရပြီးသူ (သို့) တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး ကျောင်းကိစ္စကင်းရှင်းသူ
-စေ့စပ်သေချာပြီး စာရင်းကိုတိကျစွာ ကိုင်တွယ်နိုင်သူ
- Excel, Microsoft, Google နှင့် တခြား software များအားအသုံးပြုနိုင်ရမည်။
-အသင်းအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်နိုင်ရမည်။

💡 အဖွဲ့အစည်းနှင့်ပူးပေါင်းဆောင်ရွက်နိုင်ပြီး သင်ယူချင်စိတ်ရှိသူဖြစ်ရပါမည်။

လျှောက်ထားလိုပါက...
📍အမှတ် (၉၃၈)၊ မောင်းမကန်ကမ်းသာလမ်း၊ ၁၉ရပ်ကွက်၊ ၁၈ ကွေ့ မှတ်တိုင်အနီး ၊ ဒဂုံမြို့သစ်တောင်ပိုင်းသို့ လာရောက်လျှောက်ထားနိုင်ပါသည်။
09762152024 ( Viber ) နှင့်
📩page messenger မှလည်း တိုက်ရိုက်ပေးပို့ လျှောက်ထားနိုင်ပါသည်။

‎🤝 𝐓𝐨𝐝𝐚𝐲 𝐢𝐬 𝐖𝐨𝐫𝐥𝐝 𝐀𝐈𝐃𝐒 𝐃𝐚𝐲 🤝‎‎ယနေ့ ဒီဇင်ဘာလ ( 1 ) ရက်နေ့မှာ ကျရောက်တဲ့ 𝐖𝐨𝐫𝐥𝐝 𝐀𝐈𝐃𝐒 𝐃𝐚𝐲 - ( ကမ္ဘာ့ ခုခံအား ကျဆင်းမှု ကူးစက...
01/12/2025

‎🤝 𝐓𝐨𝐝𝐚𝐲 𝐢𝐬 𝐖𝐨𝐫𝐥𝐝 𝐀𝐈𝐃𝐒 𝐃𝐚𝐲 🤝
‎
‎ယနေ့ ဒီဇင်ဘာလ ( 1 ) ရက်နေ့မှာ ကျရောက်တဲ့ 𝐖𝐨𝐫𝐥𝐝 𝐀𝐈𝐃𝐒 𝐃𝐚𝐲 - ( ကမ္ဘာ့ ခုခံအား ကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ ) လေးဟာဆိုရင်တော့ -
‎
‎𝗛𝗜𝗩 ပိုးကူးစက်ခံရသူများကို အောက်မေ့သတိရပြီး 𝐇𝐈𝐕/𝐀𝐈𝐃𝐒 ကူးစက်ပြန့်ပွားမှုကို တိုက်ဖျက်နိုင်ဖို့ ကမ္ဘာတစ်ဝှမ်းက လူအများစုစည်းညီညွတ်စွာ လှုပ်ရှားမှုတွေ ပြုလုပ်ကြတဲ့နေ့လေး တစ်နေ့ပဲ ဖြစ်ပါတယ် 😇
‎
‎𝐖𝐨𝐫𝐥𝐝 𝐀𝐈𝐃𝐒 𝐃𝐚𝐲 ကို 𝐖𝐇𝐎 နဲ့ 𝐔𝐍𝐀𝐈𝐃𝐒 တို့က ဦးဆောင်ကျင်းပခဲ့ပြီး ၁၉၉၆ ခုနှစ်မှာ 𝐔𝐍𝐀𝐈𝐃𝐒 က ကမကထပြုမှုတာဝန်ကို လွှဲပြောင်းယူခဲ့ရင်း နှစ်စဉ် ဆောင်ပုဒ်များ သတ်မှတ်ကာ ကမ္ဘာတစ်ဝှမ်း စည်းလုံးညီညွတ်စွာ ဆောင်ရွက်နိုင်စေရေး စီစဉ်ပေးခဲ့ပါတယ် 🥰
‎
‎𝐖𝐨𝐫𝐥𝐝 𝐀𝐈𝐃𝐒 𝐃𝐚𝐲 ပြုလုပ်ရတဲ့ ရည်ရွယ်ချက်ကို လူအများသိရှိစေဖို့အတွက် ကျွန်တော်တို့ 𝐑𝐨𝐲𝐚𝐥 မောင်းမကန် အထူးကုဆေးရုံကြီးက ပြန်လည်မျှဝေလိုက်ပါတယ် ခင်ဗျာ 🖐
‎
‎💥 အောက်မေ့ခြင်း - 𝐇𝐈𝐕/𝐀𝐈𝐃𝐒 ရောဂါကြောင် ကွယ်လွန်သွားသူများအား အောက်မေ့ သတိရခြင်း ။
‎
‎💥 သတိပြုရန် - 𝐇𝐈𝐕/𝐀𝐈𝐃𝐒 ရောဂါတွေက လူ့အသိုင်းအဝိုင်းအတွင်းမှာ တည်ရှိနေဆဲ ဆိုတာကို သတိပေးခြင်း ။
‎
‎💥 ပညာပေးခြင်း - 𝐇𝐈𝐕/𝐀𝐈𝐃𝐒 ရောဂါ ကူးစက်ပုံ၊ ကာကွယ်နည်း ၊ ကုသရေးဆိုင်ရာ ပညာပေးခြင်း ။
‎
‎💥 သုံးသပ်ခြင်း - 𝐇𝐈𝐕/𝐀𝐈𝐃𝐒 ဆိုင်ရာ မူဝါဒများ၊ ရန်ပုံငွေများ လုံလောက်မှုရှိမရှိ သုံးသပ်ခြင်း ။
‎
‎💥 ခွဲခြားဆက်ဆံမှုကို တိုက်ဖျက်ခြင်း - 𝐇𝐈𝐕/𝐀𝐈𝐃𝐒 ပိုး ရှိသူများအပေါ် ခွဲခြားဆက်ဆံမူ များ ပပျောက်စေရန် ။
‎
‎စတဲ့ ရည်ရွယ်ချက်တွေနဲ့ 𝐖𝐨𝐫𝐥𝐝 𝐀𝐈𝐃𝐒 𝐃𝐚𝐲 ကို သတ်မှတ်ထားတာမို့ လူသားအားဆုံး ခွဲခြားမှုမရှိဘဲ အားလုံးပူးပေါင်းပါ၀င်ရင်း ကျန်းမာ ပျော်ရွှင် အေးချမ်းသော နေထိုင်မူ ပုံစံတွေကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း -
‎
‎ကျွန်တော်တို့ရဲ့ 𝐑𝐨𝐲𝐚𝐥 မောင်းမကန် အထူးကုဆေးရုံကြီးမှ ဆုတောင်း ဆန္ဒပြုလိုက် ရပါတယ်ခင်ဗျာ 🙏
‎
‎
‎
‎ #ကမ္ဘာ့ခုခံအားကျဆင်းမှုရောဂါတိုက်ဖျက်ရေး

နွေရာသီပဲဖြစ်ဖြစ်၊ နေရောင်ခြည် ပြင်းထန်တဲ့ အချိန်မျိုးမှာပဲဖြစ်ဖြစ် အပြင်ထွက်တဲ့အခါ ကိုယ့်ရဲ့ ကျန်းမာရေးနဲ့ အသားအရေကို ဂ...
24/11/2025

နွေရာသီပဲဖြစ်ဖြစ်၊ နေရောင်ခြည် ပြင်းထန်တဲ့ အချိန်မျိုးမှာပဲဖြစ်ဖြစ် အပြင်ထွက်တဲ့အခါ ကိုယ့်ရဲ့ ကျန်းမာရေးနဲ့ အသားအရေကို ဂရုစိုက်ဖို့ အရမ်းအရေးကြီးပါတယ် 💯
‎
‎ဒီတော့ အပူဒဏ်ကြောင့် ကျန်းမာရေး ထိခိုက်မှု မဖြစ်ရအောင် သတိထားသင့်တဲ့ အချက်လေးတွေကို ကျွန်တော်တို့ 𝐑𝐨𝐲𝐚𝐥 မောင်းမကန် အထူးကုဆေးရုံကြီးက မျှဝေပေးသွားပါမယ်နော် 💁🏻
‎
‎​🧴 နေရောင်ကာခရင်မ် ( Sunscreen ) မဖြစ်မနေ လိမ်းပါ
‎
‎အပြင်မထွက်ခင်မှာ SPF 30 နှင့်အထက် ရှိတဲ့ နေရောင်ကာခရင်မ်ကို ခန္ဓာကိုယ်ရဲ့ နေရောင်ထိတွေ့နိုင်တဲ့ နေရာတွေအားလုံး ( မျက်နှာ၊ လက် ၊ လည်ပင်း၊ ခြေထောက်) မှာ လိမ်းပြီးမှ ထွက်သင့်ပါတယ် ။ နေရောင်ကာခရင်မ်က အရေပြားကင်ဆာနဲ့ အိုမင်းရင့်ရော်မှုကို ကာကွယ်ပေးပါတယ် ။
‎​
‎💧 ရေဓာတ်ပြည့်ဝအောင် ဂရုစိုက်ပါ
‎
‎နေပူထဲမှာ လှုပ်ရှားသွားလာတဲ့အခါ ချွေးထွက်များပြီး ရေဓာတ်ဆုံးရှုံးလွယ်ပါတယ် ။ ရေ သို့မဟုတ် Electrolyte ပါဝင်သော အချိုရည်များ ကို အပြင်မထွက်ခင်၊ အပြင်သွားနေစဉ်နဲ့ ပြန်လာပြီးနောက် ပုံမှန်သောက်ပေးပါ။ ကဖင်းဓာတ်ပါဝင်တဲ့ ကော်ဖီ၊ လက်ဖက်ရည် ( သို့ ) အရက်ကို အလွန်အကျွံ သောက်သုံးခြင်းကို ရှောင်ပါ၊ ၎င်းတို့က ရေဓာတ် ပိုမိုဆုံးရှုံးစေနိုင်ပါတယ် ။
‎​
‎🧢 အကာအကွယ်ပစ္စည်းများ အသုံးပြုပါ
‎
‎ဦးရေပြားနဲ့ မျက်နှာကို နေရောင်ခြည် တိုက်ရိုက်မထိအောင် ဦးထုပ် (သို့မဟုတ်) ထီး ဆောင်းပါ။ မျက်လုံးကို ကာကွယ်ဖို့ နေကာမျက်မှန် (UV Protection ပါသော) တပ်ပါ။ ပူအိုက်မှုကို လျှော့ချဖို့အတွက် အရောင်ဖျော့ပြီး ချောင်ချိတဲ့ အဝတ်အစားတွေ၊ နေရောင်ခြည်ဒဏ်ကနေ ကာကွယ်ပေးနိုင်တဲ့ လက်ရှည်၊ ဘောင်းဘီရှည်တို့ကို ဝတ်ဆင်သင့်ပါတယ် ။
‎
‎​🕛 အပူချိန် အမြင့်ဆုံးအချိန်ကို ရှောင်ပါ
‎
‎​နေရောင်ခြည် အပြင်းထန်ဆုံးဖြစ်တဲ့ မနက် ၁၀ နာရီကနေ ညနေ ၄ နာရီ အတွင်း အပြင်ထွက်တာကို တတ်နိုင်သမျှ ရှောင်ရပါမယ် ။ မလွှဲမရှောင်သာ ထွက်ရမယ်ဆို အရိပ်ရတဲ့နေရာတွေမှာ ခဏတာ နားနားနေနေ သွားလာပါ။
‎
‎​⚠️ အပူဒဏ်လွန်ကဲမှု လက္ခဏာများကို သတိပြုပါ
‎
‎ခေါင်းကိုက်ခြင်း၊ မူးဝေခြင်း၊ ပျို့အန်ချင်စိတ်ဖြစ်ခြင်း၊ အလွန်အမင်း ချွေးထွက်ခြင်း သို့မဟုတ် ချွေးလုံးဝမထွက်ဘဲ ကိုယ်ပူချိန်တက်လာခြင်း စတဲ့ လက္ခဏာတွေဟာ အပူဒဏ်ကြောင့် ကျန်းမာရေး ထိခိုက်နိုင်တဲ့ လက္ခဏာတွေဖြစ်တာမို့လို့ သတိထားရှောင်ကြဥ်သင့်ပါတယ် ။
‎
‎လက်ရှိကာလက နေအလွန်ပူပြင်းတဲ့ ရာသီဥတု ဖြစ်တာမို့လို့ အပြင်သွားလာတဲ့အခါ ဒီအချက်လေးတွေကို ဂရုစိုက်သင့်ကြောင်း ကျွန်တော်တို့ 𝐑𝐨𝐲𝐚𝐥 မောင်းမကန်က သတိပေးလိုက်ရပါတယ်ခင်ဗျာ 🤗
‎
‎💟 We Take Care Of Your Health 💟
‎
‎▶ အသေးစိတ်စုံစမ်းရန်နှင့် Booking တင်ရန်
‎☎ 09 405 333 383
‎
‎📍 Google Map
‎https://maps.app.goo.gl/upTX5Q7aU8bLPjwn6?g_st=iv
‎
‎📌 လိပ်စာ - အမှတ် ( ၉၃၈ ) ၊ မောင်းမကန် ကမ်းသာလမ်း ၊ ( ၁၉ ) ရပ်ကွက် ဒဂုံမြို့သစ်တောင်ပိုင်း ၊ ရန်ကုန်မြို့ ။
‎
‎ ောင်းမကန်
‎ #အထူးကုဆေးရုံကြီး
‎
‎
‎
‎
‎

💥 မဖြစ်မနေ ထိန်းသိမ်းရတော့မယ့် သဘာဝ ပတ်ဝန်းကျင်နဲ့ ကျန်းမာရေး 💥‎‎ဒီခေါင်းစဥ်လေးကို မြင်မြင်ချင်းမှာဆို သဘာဝ ပတ်ဝန်းကျင် ...
21/11/2025

💥 မဖြစ်မနေ ထိန်းသိမ်းရတော့မယ့် သဘာဝ ပတ်ဝန်းကျင်နဲ့ ကျန်းမာရေး 💥
‎
‎ဒီခေါင်းစဥ်လေးကို မြင်မြင်ချင်းမှာဆို သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းတာနဲ့ ကျန်းမာရေးက ဘယ်လို ဆက်စပ်တာလဲဆိုတဲ့ အတွေးမျိုး ဝင်လာနိုင်ပါတယ်နော် 🤔
‎
‎ဒါကြောင့် ကျွန်တော်တို့ရဲ့ 𝐑𝐨𝐲𝐚𝐥 မောင်းမကန် အထူးကုဆေးရုံကြီးက သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းမှုနဲ့ ကျန်းမာရေးရဲ့ ဆက်စပ်ပုံကို ဒီပိုစ့်လေးနဲ့အတူ ရှင်းပြပေးသွားပါမယ်ခင်ဗျာ 💁🏻
‎
‎သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဟာဆိုရင် ကျွန်တော်တို့ ကမ္ဘာမြေကြီးအတွက်သာမကဘဲ လူသားတိုင်းရဲ့ ကျန်းမာပျော်ရွှင်သော ဘဝတွေအတွက် မရှိမဖြစ် လိုအပ်တဲ့ အခန်းကဏ္ဍတစ်ခု ဖြစ်ပြီးတော့ သန့်ရှင်းမှုရှိနေတဲ့ ပတ်ဝန်းကျင်က ကျန်းမာတဲ့ဘဝကို ပိုမို ပိုင်ဆိုင်စေပါတယ် 😇
‎
‎​💥 သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းသင့်သော အဓိကအချက်များ
‎
‎​သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းတာက ကမ္ဘာကြီးအတွက်သာမက လူသားတွေရဲ့ နေ့စဉ်ဘဝအတွက်ပါ အကျိုးကျေးဇူးများစွာကို ယူဆောင်လာစေပါတယ် 🤗
‎
‎▶ ​သယံဇာတ ထိန်းသိမ်းရေး
‎
‎သစ်တော၊ ရေ၊ လေ၊ ဓာတ်သတ္တု .....အစရှိတဲ့ သယံဇာတတွေက ကုန်ဆုံးနိုင်တာမို့ နောင်လာနောက်သားတွေအတွက် ရေရှည်တည်တံ့စေရန် ထိန်းသိမ်းရပါမယ် ။
‎
‎▶ ​ရာသီဥတု ပြောင်းလဲမှု လျှော့ချရေး
‎
‎သစ်ပင်များ စိုက်ပျိုးခြင်း၊ စွမ်းအင် ချွေတာခြင်းဟာဆို ကမ္ဘာကြီး ပူနွေးလာမှုနှင့် ရာသီဥတု ဖောက်ပြန်မှုများကို ဟန့်တားနိုင်ပါတယ် ။
‎
‎▶ ​ဇီဝမျိုးကွဲ ထိန်းသိမ်းရေး
‎
‎သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းခြင်းက သက်ရှိမျိုးစိတ်ပေါင်းစုံရဲ့ နေထိုင်ရာများကို ကာကွယ်ပေးနိုင်ပြီး ဂေဟစနစ် မျှတမှုကို ထိန်းသိမ်းနိုင်ပါတယ် ။
‎
‎▶ ​ညစ်ညမ်းမှု လျှော့ချရေး
‎
‎ရေ၊ လေနှင့် မြေဆီလွှာတို့ ထိန်းသိမ်းနိုင်မယ်ဆိုရင် ညစ်ညမ်းမှုကို လျှော့ချနိုင်ပြီး ပတ်ဝန်းကျင်ကို သန့်ရှင်းစေနိုင်ပါတယ် ။
‎
‎​💥 သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းခြင်းတွေကဲ ကျန်းမာရေးကို ဘယ်လို အထောက်အကူပြုစေလဲ 🤔
‎
‎​သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ကိုယ့်ရဲ့ ကျန်းမာရေးက တစ်ခုနဲ့တစ်ခု အပြန်အလှန် ဆက်စပ်နေတဲ့အရာတွေ ဖြစ်ပါတယ် ။ သန့်ရှင်းတဲ့ ပတ်ဝန်းကျင်က လူသားတွေရဲ့ ကျန်းမာရေးကို နည်းလမ်းများစွာဖြင့် တိုက်ရိုက် ပံ့ပိုးပေးနိုင်ပါတယ် 🤗
‎
‎​▶ လေထုအရည်အသွေး ကောင်းမွန်စေခြင်း
‎
‎​သစ်ပင်စိုက်ပျိုးခြင်းနဲ့ စက်မှုလုပ်ငန်းတွေကနေ ထွက်တဲ့ ညစ်ညမ်းမှုများကို ထိန်းချုပ်နိုင်ခြင်းက လေထုကို သန့်စင်စေတာကြောင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ (ဥပမာ- ပန်းနာရင်ကျပ်၊ အဆုတ်ရောင်) နဲ့ နှလုံးရောဂါ ဖြစ်ပွားမှုနှုန်းကို သိသာစွာ လျှော့ချပေးနိုင်ပါတယ် ။
‎
‎​▶ သန့်ရှင်းတဲ့ ရေနဲ့ အစားအစာ ရရှိစေခြင်း
‎
‎​မြစ်ချောင်းများ၊ ရေအရင်းအမြစ်များကို ကာကွယ်ထိန်းသိမ်းခြင်းက သောက်သုံးရေ သန့်ရှင်းမှုကို ရရှိစေနိုင်ပြီး ဝမ်းပျက်ဝမ်းလျှောရောဂါများ ၊ ကာလဝမ်း၊ အသည်းရောင်အသားဝါ စတဲ့ ရေမှတစ်ဆင့် ကူးစက်သောရောဂါများ ကို ကာကွယ်ပေးနိုင်ပါတယ် ။
‎
‎​▶ စိတ်ကျန်းမာရေးနဲ့ စိတ်သက်သာရာရစေခြင်း
‎
‎​သစ်တောများ၊ ပန်းခြံများ စတဲ့ စိမ်းလန်းသော နေရာများ ကို ထိန်းသိမ်းထားခြင်းက လူသားတွေအတွက် စိတ်ဖိစီးမှုများ လျော့ကျခြင်း၊ စိတ်ဓာတ်ကျခြင်းမှ ကာကွယ်ပေးခြင်းနှင့် စိတ်ပိုင်းဆိုင်ရာ ငြိမ်းချမ်းမှုနှင့် ရွှင်လန်းတက်ကြွမှု ကို ပိုမိုရရှိစေပါတယ် ။
‎
‎​▶ ရောဂါကူးစက်မှု အန္တရာယ် လျှော့ချခြင်း
‎
‎​သစ်တောပြုန်းတီးမှုနဲ့ နေထိုင်ရာဒေသ ပျက်စီးမှုတွေက တိရစ္ဆာန်များမှ လူသို့ ကူးစက်သော ရောဂါများကို ပိုမိုဖြစ်ပွားစေနိုင်ပြီး ကျန်းမာတဲ့ ဂေဟစနစ်က ရောဂါပိုးများ ပြန့်ပွားမှုကို သဘာဝအလျောက် ထိန်းချုပ်ပေးပါတယ် ။
‎
‎ဒါကြောင့် လူသားများရဲ့ ကျန်းမာရေးကို ပိုမိုကောင်းမွန်စေပြီး ကျန်းမာတဲ့ လူမှုဘဝကို ရရှိစေဖို့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းမှုတွေကို ဂရုစိုက်လုပ်ဆောင်သင့်ကြောင်း -
‎
‎ကျွန်တော်တို့ရဲ့ 𝐑𝐨𝐲𝐚𝐥 မောင်းမကန် အထူးကု ဆေးရုံကြီးက တိုက်တွန်း အကြံပြုလိုက်ရပါတယ် ခင်ဗျာ 😍
‎
‎💟 We Take Care Of Your Health 💟
‎
‎▶ အသေးစိတ်စုံစမ်းရန်နှင့် Booking တင်ရန်
‎☎ 09 405 333 383
‎
‎📍 Google Map
‎https://maps.app.goo.gl/upTX5Q7aU8bLPjwn6?g_st=iv
‎
‎📌 လိပ်စာ - အမှတ် ( ၉၃၈ ) ၊ မောင်းမကန် ကမ်းသာလမ်း ၊ ( ၁၉ ) ရပ်ကွက် ဒဂုံမြို့သစ်တောင်ပိုင်း ၊ ရန်ကုန်မြို့ ။
‎
‎ ောင်းမကန်
‎ #အထူးကုဆေးရုံကြီး
‎
‎ ‎

17/11/2025

လတ်တလော ရာသီဥတုက အပူရှိန်ပြင်းလွန်းတဲ့ အချိန်တွေကို ဖြတ်သန်းနေရတာမို့
လူကြီးမင်းတို့အနေနဲ့ ရေများများသောက်ဖို့ လိုအပ်ပါတယ် 🤗

‎ရေများများသောက်တဲ့အခါ ရာသီဥတုကြောင့် ဆုံးရှုံးသွားတဲ့ ရေဓာတ်တွေကို
ပြန်လည် ဖြည့်တင်းပေးနိုင်သလို

လူခန္ဓာကိုယ်ရဲ့ ကျန်းမာရေးကိုလည်း များစွာ အထောက်အကူ ဖြစ်စေတာကြောင့်...
ဒီလို ရာသီမှာ ရေများများသောက်သင့်ကြောင်း 𝐑𝐨𝐲𝐚𝐥 မောင်းမကန် အထူးကု ဆေးရုံကြီးက
အကြုံပြုလိုက်ရပါတယ် ခင်ဗျာ 😇
‎
‎💟 We Take Care Of Your Health 💟
‎
‎▶ အသေးစိတ်စုံစမ်းရန်နှင့် Booking တင်ရန်
‎☎ 09 405 333 383
‎
‎📍 Google Map
‎https://maps.app.goo.gl/upTX5Q7aU8bLPjwn6?g_st=iv
‎
‎📌 လိပ်စာ - အမှတ် ( ၉၃၈ ) ၊ မောင်းမကန် ကမ်းသာလမ်း ၊ ( ၁၉ ) ရပ်ကွက် ဒဂုံမြို့သစ်တောင်ပိုင်း ၊ ရန်ကုန်မြို့ ။
‎
‎ ောင်းမကန်
‎ #အထူးကုဆေးရုံကြီး
‎
‎
‎ #ရေသောက်ခြင်း

Day 6 Medical Cover
16/11/2025

Day 6
Medical Cover

Medical Cover Day 4
14/11/2025

Medical Cover Day 4

နိုဝင်ဘာလ (၁၄) ရက်နေ့ဟာဆို ကမ္ဘာတစ်ဝန်းရှိ လူသန်းပေါင်းများစွာအပေါ် သက်ရောက်စေတဲ့ ဆီးချိုရောဂါနှင့်ပတ်သက်ပြီး အသိပညာပေးဖ...
13/11/2025

နိုဝင်ဘာလ (၁၄) ရက်နေ့ဟာဆို ကမ္ဘာတစ်ဝန်းရှိ လူသန်းပေါင်းများစွာအပေါ် သက်ရောက်စေတဲ့ ဆီးချိုရောဂါနှင့်ပတ်သက်ပြီး အသိပညာပေးဖို့အတွက် သတ်မှတ်ထားတဲ့ ကမ္ဘာ့ဆီးချိုရောဂါနေ့ ဖြစ်ပါတယ် 😇
‎
‎ဒီနေ့မှာတော့ ကျွန်တော်တို့ 𝐑𝐨𝐲𝐚𝐥 မောင်းမကန် အထူးကုဆေးရုံကြီးကနေ ကမ္ဘာ့ဆီးချိုရောဂါနေ့ ဖြစ်ပေါ်လာပုံနဲ့ ဂရုစိုက်သင့်တဲ့ ဆီးချိုရောဂါအကြောင်းကို ဗဟုသုတရဖွယ် ပြောပြပေးသွားပါမယ် ခင်ဗျာ 🤗
‎
‎​နိုဝင်ဘာလ ( ၁၄ ) ရက်နေ့ ကမ္ဘာ့ ဆီးချိုရောဂါနေ့ကို ၁၉၉၁ ခုနှစ်မှာ နိုင်ငံတကာဆီးချိုဖက်ဒရေးရှင်း ( IDF )နဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) တို့က စတင် သတ်မှတ်ခဲ့ပြီးတော့ ၂၀၀၆ ခုနှစ်မှာ ကုလသမဂ္ဂရဲ့ တရားဝင်နေ့တစ်နေ့ ဖြစ်လာခဲ့ပါတယ် 💁🏻
‎
‎​ဒီနေ့လေးကို ဆီးချိုရောဂါရဲ့ ကျန်းမာရေးနှင့် စီးပွားရေးဆိုင်ရာ ခြိမ်းခြောက်မှုများကို လူတိုင်းသိရှိစေရန်နှင့် ကာကွယ်ခြင်း၊ စစ်ဆေးခြင်းနဲ့ ထိရောက်စွာ ကုသခြင်းတို့ရဲ့ အရေးပါမှုကို မြှင့်တင်နိုင်စေဖို့ ရည်ရွယ်ပြီး သတ်မှတ်ခဲ့တာလည်းဖြစ်ပါတယ် 😇
‎
‎​ဆီးချိုရောဂါဟာဆိုရင် အမြဲတမ်း ဂရုစိုက်ထိန်းချုပ်နေရတဲ့ နာတာရှည်ရောဂါတစ်မျိုးဖြစ်ပြီး သေချာ ဂရုမစိုက်မိတာနဲ့ နှလုံးရောဂါ ၊ ကျောက်ကပ်ပျက်စီးခြင်း၊ မျက်စိကွယ်ခြင်းနှင့် အာရုံကြောပျက်စီးခြင်း
..စတဲ့ နောက်ဆက်တွဲ ပြင်းထန်သည့် ရောဂါများ ဖြစ်စေနိုင်ပါတယ် ။
‎
‎​⏩ ဆီးချိုရောဂါသည်တွေအနေနဲ့ ဘယ်လိုအရာတွေကို ဂရုစိုက်သင့်လဲ 🤔
‎
‎​▶ စနစ်တကျ အစားအသောက် စားသုံးခြင်း
‎
‎​အသီးအရွက်၊ အမျှင်ဓာတ်ကြွယ်တဲ့ အစားအစာများ၊ အဆီနည်းသော အသားနှင့် ငါးများကိုသာ ရွေးချယ်စားသုံးသင့်ပြီး သကြား၊ အချိုရည်၊ ဆီကြော်စာ၊ ထမင်း၊ ပေါင်မုန့်၊ အာလူး တို့ကို လျှော့ချခြင်း သို့မဟုတ် ထိန်းချုပ်စားသုံးသင့်ပါတယ် ။
‎
‎​▶ ပုံမှန် ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်း
‎
‎​တစ်ပတ်မှာ အနည်းဆုံး မိနစ် (၁၅၀) ခန့် (ဥပမာ- တစ်ရက်လျှင် မိနစ် ၃၀ ခန့်) လမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်း၊ ရေကူးခြင်း စတဲ့ လှုပ်ရှားမှုများ ပြုလုပ်တာက ကိုယ်အလေးချိန် ထိန်းညှိပေးပြီး သွေးတွင်းသကြားဓာတ် ကျဆင်းစေဖို့ ကူညီပေးနိုင်ပါတယ် ။
‎
‎​▶ သွေးတွင်းသကြားဓာတ်ကို စဉ်ဆက်မပြတ် တိုင်းတာခြင်း
‎
‎​ဆရာဝန်ညွှန်ကြားချက်အရ သွေးတွင်းသကြားဓာတ်ကို ပုံမှန်စစ်ဆေးပြီး မှတ်တမ်းတွေကို ဆရာဝန်နဲ့ ပြန်ဆွေးနွေးတာမျိုးက သွေးတွင်းသကြားဓာတ် ပုံမှန်ပမာဏ အတွင်း ရှိနေစေရန်နဲ့ ဆေးဝါးနှင့် စားသောက်မှုပုံစံကို ချိန်ညှိနိုင်ရန် ကူညီပေးနိုင်ပါတယ် ။
‎
‎​▶ ဆေးဝါးများကို စနစ်တကျ သောက်သုံးခြင်း
‎
‎ဆရာဝန်ညွှန်ကြားထားတဲ့ ဆီးချိုဆေးတွေကို အချိန်မှန်၊ ပမာဏမှန်ကန်စွာ သောက်သုံး/ထိုးနှံသင့်ပါတယ် ။ ဆေးပမာဏကို ကိုယ့်သဘောနဲ့ကိုယ် ပြောင်းလဲခြင်း၊ ရပ်ဆိုင်းခြင်း မပြုလုပ်သင့်ပါဘူး ။
‎
‎​▶ ကျန်းမာရေး စစ်ဆေးမှုများ ပုံမှန် ပြုလုပ်ခြင်း
‎​
‎ဆီးချိုရောဂါနဲ့ ဆက်စပ်နိုင်တဲ့ သွေးပေါင်ချိန်၊ ကိုလက်စထရော၊ ကျောက်ကပ် ၊ မျက်စိနှင့် ခြေထောက် ကျန်းမာရေးတို့ကို အနည်းဆုံး တစ်နှစ်တစ်ကြိမ် ပုံမှန်စစ်ဆေးသင့်ပါတယ် ။

ဘာလို့ဆိုရင် နောက်ဆက်တွဲရောဂါတွေကို မဖြစ်ပွားအောင် ကာကွယ်ရန် သို့မဟုတ် စတင်ဖြစ်ပွားပါက ချက်ချင်း ကုသနိုင်ရန် ဖြစ်ပါတယ် ။
‎
‎​ဆီးချိုရောဂါဟာဆိုရင် စနစ်တကျ ဂရုစိုက်ထိန်းချုပ်ပါက ကျန်းမာပျော်ရွှင်တဲ့ ဘဝတစ်ခုကို ပိုင်ဆိုင်နိုင်တဲ့ ရောဂါတစ်ခု ဖြစ်တာကြောင့် လူကြီးမင်းတို့မှာ ဆီးချိုရောဂါခံစားနေရမယ်ဆိုရင် -
‎
‎ကျွန်တော်တို့ရဲ့ 𝐑𝐨𝐲𝐚𝐥 မောင်းမကန် အထူးကု ဆေးရုံကြီးမှာ ဆီးချိုရောဂါ အထူးကု ဆရာဝန်ကြီးတွေနဲ့အတူ ဆွေးနွေးတိုင်ပင် ကုသမှု ခံယူနိုင်ပြီ ဖြစ်ကြောင်း သတင်းကောင်း ပါးလိုက်ရပါတယ်ခင်ဗျာ 🤗
‎
‎💟 We Take Care Of Your Health 💟
‎
‎▶ အသေးစိတ်စုံစမ်းရန်နှင့် Booking တင်ရန်
‎☎ 09 405 333 383
‎
‎📍 Google Map
‎https://maps.app.goo.gl/upTX5Q7aU8bLPjwn6?g_st=iv
‎
‎📌 လိပ်စာ - အမှတ် ( ၉၃၈ ) ၊ မောင်းမကန် ကမ်းသာလမ်း ၊ ( ၁၉ ) ရပ်ကွက် ဒဂုံမြို့သစ်တောင်ပိုင်း ၊ ရန်ကုန်မြို့ ။
‎
‎ ောင်းမကန်
‎ #အထူးကုဆေးရုံကြီး
‎
‎
‎

‎ကိုယ်ဝန်ဆောင် မိခင်တွေအနေနဲ့ သားသားမီးမီးလေးတွေ မီးဖွားဖို့ ဆေးရုံတက်မယ်ဆိုရင်တော့ ကလေးမီးဖွားပြီး အလျှင်စလို မရှိရလေအေ...
10/11/2025

‎ကိုယ်ဝန်ဆောင် မိခင်တွေအနေနဲ့ သားသားမီးမီးလေးတွေ မီးဖွားဖို့ ဆေးရုံတက်မယ်ဆိုရင်တော့ ကလေးမီးဖွားပြီး အလျှင်စလို မရှိရလေအောင် ကြိုပြင်ဆင်သင့်တာလေးတွေ ရှိပါတယ်နော် 😉
‎
‎ဘာတွေပြင်ဆင်ထားသင့်လဲဆိုတာ ဒီပိုစ့်လေးနဲ့အတူ ကျွန်တော်တို့ 𝐑𝐨𝐲𝐚𝐥 မောင်းမကန် အထူးကု ဆေးရုံကြီးက ပြောပြပေးသွားပါမယ် 😇
‎
‎​သားသားမီးမီးလေးတွေကို ဆေးရုံမှာ မွေးဖွားဖို့အတွက် ပြင်ဆင်ထားသင့်တဲ့ အသုံးအဆောင် ပစ္စည်းလေးတွေကတော့ -
‎
‎⏩ ကလေးအနှီး ( သို့ ) အဝတ်ပုဝါများ
‎
‎ကလေးငယ်ကို ထုပ်ပိုးဖို့နဲ့ သန့်ရှင်းရေးလုပ်ဖို့အတွက် လုံလောက်တဲ့ ကလေးအနှီး သို့မဟုတ် အဝတ်ပုဝါတွေကို ကြိုတင် ဝယ်ယူ ပြင်ဆင်ထားရပါမယ် ။
‎
‎⏩ ​နို့ဗူးနှင့် နို့သီးခေါင်းအပိုများ
‎
‎နို့တိုက်ကျွေးဖို့အတွက် လိုအပ်ပါက သန့်ရှင်းပြီးသား နို့ဗူးအသစ်တွေနဲ့ နို့သီးခေါင်း အပိုတွေကိုဆောင်ထားသင့်ပါတယ် ။ ( မိခင်နို့တိုက်ကျွေးမှာမို့ နို့ဗူးကို အမြဲတမ်း ယူသွားဖို့မလိုအပ်ပေမယ့် ကလေးငယ်လေးကို ရေတိုက်ဖို့တော့ လိုနိုင်ပါတယ် )
‎
‎⏩ ​ကလေးအဝတ်အစားများ
‎
‎ဆေးရုံကနေ အိမ်ပြန်ဆင်းတဲ့အခါ ကလေးငယ်လေး ဝတ်ဆင်ဖို့အတွက် အနွေးထည်လေးတွေနဲ့ အဝတ်အစားလေးတွေကိုလည်း ပြင်ဆင်ထားရပါမယ် ။
‎
‎⏩ ​Diapers & Baby Wipes
‎
‎ကလေးငယ်လေးတွေ အပေါ့အလေးစွန့်တာတွေအတွက် သင့်တော်တဲ့ Diapers နဲ့ သန့်ရှင်းရေးလုပ်ဖို့အတွက် စိုစွတ်တဲ့အဝတ် ( Baby Wipes ) လေးတွေကို ဆောင်ထားသင့်ပါတယ် ။
‎
‎⏩ ​ခေါင်းအုံးနှင့် စောင်
‎
‎ကလေး​ငယ်လေးတွေကို သက်သောင့်သက်သာ အိပ်စက်နိုင်စေဖို့ ခေါင်းအုံးနဲ့ စောင်လေးတွေကိုလည်း ကြိုတင် ပြင်ဆင်ထားရပါမယ် ။
‎
‎💥 ဆေးရုံအများစု မွေးခါစ ကလေးအတွက် အခြေခံပစ္စည်းအချို့ကို ဝန်ဆောင်မှုပေးလေ့ရှိပေမယ့် မိမိကိုယ်တိုင် ပြင်ဆင်ထားတာက ပိုမို စိတ်ချရစေပါတယ် 💥
‎
‎ဒီလိုအချက်လေးတွေကတော့ ကလေးငယ်လေးတွေကို ဆေးရုံတက် မွေးဖွားတဲ့အခါ ကြိုတင်ပြင်ဆင်ထားသင့်တဲ့ အချက်လေးတွေပဲ ဖြစ်ပါတယ်ခင်ဗျာ 💁🏻
‎
‎ကလေး မွေးဖွားချိန်နဲ့ မွေးဖွားပြီးချိန်တွေမှာ ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အဝ လိုချင်တဲ့ မိခင်တွေအနေနဲ့ -
‎
‎𝐑𝐨𝐲𝐚𝐥 မောင်းမကန် အထူးကု ဆေးရုံရဲ့ မီးဖွား Package တွေကို ဝယ်ယူပြီး ကလေးငယ်လေးတွေကို စိတ်ချမ်းသာစွာ မွေးဖွားလို့ ရပါတယ် ခင်ဗျာ 😍
‎
‎💟 We Take Care Of Your Health 💟
‎
‎▶ အသေးစိတ်စုံစမ်းရန်နှင့် Booking တင်ရန်
‎☎ 09 405 333 383
‎
‎📍 Google Map
‎https://maps.app.goo.gl/upTX5Q7aU8bLPjwn6?g_st=iv
‎
‎📌 လိပ်စာ - အမှတ် ( ၉၃၈ ) ၊ မောင်းမကန် ကမ်းသာလမ်း ၊ ( ၁၉ ) ရပ်ကွက် ဒဂုံမြို့သစ်တောင်ပိုင်း ၊ ရန်ကုန်မြို့ ။
‎
‎ ောင်းမကန်
‎ #အထူးကုဆေးရုံးကြီး
‎
‎ ‎

ကလေးငယ်တိုင်း ကျန်းကျန်းမာမာနဲ့ ဘေးကင်းလုံခြုံစွာ ကြီးပြင်းဖို့ဆိုရင် ပုံမှန် ကာကွယ်ဆေးထိုးခြင်းက အရေးကြီးဆုံး ကဏ္ဍတစ်ခု...
07/11/2025

ကလေးငယ်တိုင်း ကျန်းကျန်းမာမာနဲ့ ဘေးကင်းလုံခြုံစွာ ကြီးပြင်းဖို့ဆိုရင် ပုံမှန် ကာကွယ်ဆေးထိုးခြင်းက အရေးကြီးဆုံး ကဏ္ဍတစ်ခုပဲ ဖြစ်ပါတယ် 💁🏻
‎
‎ကာကွယ်ဆေးက ပြင်းထန်တဲ့ ကူးစက်ရောဂါတွေနဲ့ မသန်မစွမ်းဖြစ်စေနိုင်တဲ့ ရောဂါတွေကို တားဆီးပေးပြီး ကလေးရဲ့ ကိုယ်ခံအားစနစ်ကို အားကောင်းစေပါတယ် 😇
‎
‎( ၅ ) နှစ်အောက် ကလေးငယ်တွေအတွက် ထိုးနှံထားသင့်တဲ့ ကာကွယ်ဆေးတွေအကြောင်းကို
‎ကျွန်တော်တို့ရဲ့ 𝐑𝐨𝐲𝐚𝐥 မောင်းမကန် အထူးကု ဆေးရုံကြီးက ပြန်လည် မျှဝေပေးသွားပါမယ်ခင်ဗျာ 🤗
‎
‎​မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ လမ်းညွှန်ချက်တွေအရ အခြေခံအားဖြင့် မဖြစ်မနေ ထိုးသင့်တဲ့ ကာကွယ်ဆေးများစွာ ရှိပါတယ်။

ဒီထဲကမှ မဖြစ်မနေ ထိုးနှံသင့်တဲ့ ကာကွယ်ဆေးတချို့ကို ပြောပြပေးသွားပါမယ်နော် 😇
‎
‎⏩ ​တီဘီ ( BCG ) ကာကွယ်ဆေး
‎▶ ​ကာကွယ်နိုင်သောရောဂါ - တီဘီရောဂါဆိုးများ (ဥပမာ- ဦးနှောက်အမြှေးရောင် တီဘီ)။
‎
‎⏩ ​အသည်းရောင်အသားဝါ ဘီ (Hepatitis B) ကာကွယ်ဆေး
‎▶ ​ကာကွယ်နိုင်သောရောဂါ: အသည်းရောင်ခြင်းနှင့် နောင်တစ်ချိန်တွင် အသည်းကင်ဆာ၊ အသည်းခြောက်ခြင်းများ ဖြစ်စေနိုင်သော ဗိုင်းရပ်စ်များ ။
‎
‎​⚠️ သတိပြုရန် - မွေးစမှာ ထိုးရတဲ့ Hepatitis B ဆေးဟာ အခြားကာကွယ်ဆေးတွေထက် ပိုမို အရေးကြီးပြီး မဖြစ်မနေ အချိန်မီ ထိုးရပါမယ်။
‎
‎⏩ ​ပါးစပ် ပိုလီယို/ထိုးသွင်း ပိုလီယို (OPV/IPV) ကာကွယ်ဆေး
‎▶ ​ကာကွယ်နိုင်သောရောဂါ - ပိုလီယို ( ခြေလက်လှုပ်ရှားမှုနှင့် အာရုံကြော ထိခိုက်စေသောရောဂါ ) များ ။
‎
‎⏩ ​ပန်တာ (Penta) သို့မဟုတ် ၆-မျိုး ပေါင်းစပ် ကာကွယ်ဆေးများ
‎▶ ကာကွယ်နိုင်သောရောဂါများ - ​ဒစ်ဖသီးရီးယား ( ဆုံဆို့နာ ) ၊ ​ကြက်ညှာချောင်းဆိုး၊​ မေးခိုင်
‎​အသည်းရောင်အသားဝါ ဘီ (Hepatitis B)
‎​ဟစ်ဘ် ( Hib ) (ဦးနှောက်အမြှေးရောင်၊ နမိုးနီးယား) ရောဂါများ ။
‎
‎⏩ ​ဝက်သက်-ဂျိုက်သိုး-ပက်ပိုးနီ (MMR) ကာကွယ်ဆေး
‎▶ ​ကာကွယ်နိုင်သောရောဂါများ - ဝက်သက်၊ ဂျိုက်သိုး၊ ပက်ပိုးနီရောဂါများ ။
‎
‎⏩ ​ရိုတာ ဗိုင်းရပ်စ် (Rotavirus) ကာကွယ်ဆေး
‎▶ ​ကာကွယ်နိုင်သောရောဂါ - ပြင်းထန်သော ဝမ်းပျက်ဝမ်းလျှောရောဂါများ
‎
‎⏩ ​နမိုးကောကပ်စ် ( Pneumococcal ) ရောဂါ ကာကွယ်ဆေး
‎▶ ​ကာကွယ်နိုင်သောရောဂါ - ပြင်းထန်သော နမိုးနီးယား (အဆုတ်ရောင်) နှင့် ဦးနှောက်အမြှေးရောင်ရောဂါများ
‎
‎အခုဖော်ပြပေးခဲ့တဲ့ အကြောင်းအရာလေးတွေက ( 5 ) နှစ်အောက် ကလေးငယ်တွေအနေနဲ့ ထိုးသင့်တဲ့ ကာကွယ်ဆေးတွေအကြောင်းပဲ ဖြစ်ပါတယ်ခင်ဗျာ 🤗
‎
‎ကျွန်တော်တို့ 𝐑𝐨𝐲𝐚𝐥 မောင်းမကန်မှာဆိုရင်တော့ အသည်းရောင်အသားဝါ ( B ) ပိုး ကာကွယ်ဆေးတစ်မျိုးသာ ထိုးနှံပေးနေပြီး ကျန်ကာကွယ်ဆေးတွေကို အစိုးရဆေးရုံနဲ့ ကလေးဆေးရုံတွေမှာ တရားဝင် ထိုးပေးနေပါတယ်နော် 😍
‎
‎💟 We Take Care Of Your Health 💟
‎
‎▶ အသေးစိတ်စုံစမ်းရန်နှင့် Booking တင်ရန်
‎☎ 09 405 333 383
‎
‎📍 Google Map
‎https://maps.app.goo.gl/upTX5Q7aU8bLPjwn6?g_st=iv
‎
‎📌 လိပ်စာ - အမှတ် ( ၉၃၈ ) ၊ မောင်းမကန် ကမ်းသာလမ်း ၊ ( ၁၉ ) ရပ်ကွက် ဒဂုံမြို့သစ်တောင်ပိုင်း ၊ ရန်ကုန်မြို့ ။
‎
‎ ောင်းမကန်
‎ #အထူးကုဆေးရုံကြီး
‎
‎ #ကာကွယ်ဆေး
#၅နှစ်အောက်ကလေးများ

ယနေ့ကျရောက်တဲ့ တန်ဆောင်မုန်း လပြည့်နေ့လေးမှာ မြန်မာနိုင်ငံသူ / နိုင်ငံသား အားလုံး စိတ်၏ ချမ်းသာခြင်း ၊ ကိုယ်၏ ချမ်းသာခြင...
03/11/2025

ယနေ့ကျရောက်တဲ့ တန်ဆောင်မုန်း လပြည့်နေ့လေးမှာ မြန်မာနိုင်ငံသူ / နိုင်ငံသား အားလုံး စိတ်၏ ချမ်းသာခြင်း ၊ ကိုယ်၏ ချမ်းသာခြင်းတွေနဲ့ ပြည့်စုံပြီး -
‎
‎ကိုယ်ချစ်ရသူ / မိသားစုတွေနဲ့အတူ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်ကြပါစေကြောင်း 𝐑𝐨𝐲𝐚𝐥 မောင်းမကန် အထူးကု ဆေးရုံကြီးမှ ဆုတောင်း မေတ္တာပို့သလိုက်ရပါတယ် ခင်ဗျာ 🙏🏻🙏🏻
‎
‎ ောင်းမကန်အထူးကုဆေးရုံကြီး
‎ #တန်ဆောင်မုန်းလပြည့်နေ့
‎ #တန်ဆောင်တိုင်ပွဲတော်
‎ #ဆုတောင်း

‎​မြန်မာနိုင်ငံမှာ မိုးရာသီကုန်ဆုံးပြီး ဆောင်းရာသီသို့ ကူးပြောင်းတဲ့အချိန်က ရာသီဥတုပြောင်းလဲမှု မြန်ဆန်တာမို့ ခန္ဓာကိုယ်...
03/11/2025

‎​မြန်မာနိုင်ငံမှာ မိုးရာသီကုန်ဆုံးပြီး ဆောင်းရာသီသို့ ကူးပြောင်းတဲ့အချိန်က ရာသီဥတုပြောင်းလဲမှု မြန်ဆန်တာမို့ ခန္ဓာကိုယ်ကို အားအင်ကုန်ခမ်းစေပြီး ရောဂါဝေဒနာတွေ အလွယ်တကူ ဝင်ရောက်နိုင်တဲ့ ကာလတစ်ခု ဖြစ်ပါတယ် 😇
‎
‎ဒီလို ​ရာသီအကူးအပြောင်းမှာ အဖြစ်များလေ့ရှိတဲ့ ရောဂါ ( ၅ ) မျိုးကို ကျွန်တော်တို့ရဲ့ 𝐑𝐨𝐲𝐚𝐥 မောင်းမကန် အထူးကု ဆေးရုံကြီးက ပြောပြပေးသွားပါမယ် ခင်ဗျာ 💁🏻
‎
‎​💥 အအေးမိဖျားနာခြင်းနှင့် တုပ်ကွေး
‎
‎​ရာသီဥတုရုတ်တရက် အေးလာတာ၊ စိုထိုင်းဆပြောင်းလဲ လာတတ်တာကြောင့် Rhinovirus Influenza Virus တွေ အလွယ်တကူ ကူးစက်ပြန့်ပွားနိုင်ပြီး လည်ချောင်းနာခြင်း၊ နှာရည်ယိုခြင်း၊ နှာပိတ်ခြင်း၊ ချောင်းဆိုးခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ ကိုယ်ပူခြင်းတို့ ဖြစ်တတ်ပါတယ်။
‎
‎​တုပ်ကွေးဟာဆိုရင် သာမန်အအေးမိခြင်းထက် ပိုမိုပြင်းထန်ပြီး အဖျားကြီးတာ၊ အဆုတ်ရောင်တာလိုမျိုး နောက်ဆက်တွဲ ပြဿနာတွေ ဖြစ်စေနိုင်တာမို့ သတိထားသင့်ပါတယ် ခင်ဗျာ ။
‎
‎​💥 အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ
‎
‎အအေးမိတာကနေ စတင်ပြီး ဘက်တီးရီးယား ဒါမှမဟုတ် ဗိုင်းရပ်စ်ပိုးတွေကြောင့် အသက်ရှူလမ်းကြောင်းတစ်လျှောက် ကူးစက်ရောင်ရမ်းတာမျိုး ဖြစ်တတ်ပါတယ်။
ကလေးနဲ့ သက်ကြီးရွယ်အိုတွေမှာ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်း၊ လေပြွန်ရောင်ခြင်း ၊ အဆုတ်ရောင်ခြင်း တို့လို ပြင်းထန်တဲ့ ဝေဒနာတွေ ပိုမိုခံစားရနိုင်ပါတယ် ။
‎​
‎အသက်ရှူရခက်ခဲလာခြင်း၊ အဖျားမကျခြင်းတို့ ဖြစ်လာပါက နီးစပ်ရာ ဆေးရုံ ဆေးခန်းကိုသွားပြီး ဆရာဝန်နှင့် အမြန်ပြသတိုင်ပင်သင့်ပါတယ်ခင်ဗျာ ။
‎
‎​💥 သွေးလွန်တုပ်ကွေး
‎
‎ခြင်ကိုက်ရာမှ ကူးစက်သောရောဂါ ဖြစ်ပြီး မိုးရာသီအကုန်ပိုင်းမှ ဆောင်းဦးကာလအထိအဖြစ်များလေ့ရှိပါတယ် ။
မိုးတွင်း ရေဝပ်သောနေရာများမှ ခြင်များ ပေါက်ပွားမှုနှုန်းမြင့်မားနေသေးသည့် အချိန်ဖြစ်သောကြောင့် အလွယ်တကူ ကူးစက်နိုင်ပါတယ် ။
‎​
‎ရုတ်တရက် အဖျားကြီးခြင်း၊ ခေါင်းကိုက်ခြင်း၊ မျက်လုံးအောင့်ခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း တို့ ဖြစ်တတ်ပြီး သွေးလွန်တုပ်ကွေး အဆင့်ရောက်ပါက အသက်အန္တရာယ်ရှိနိုင်တာမို့ ကြိုတင်ပြီး ဂရုစိုက် ကာကွယ်သင့်ပါတယ် ခင်ဗျာ ။
‎
‎​💥 ဝမ်းပျက်ဝမ်းလျှောရောဂါများ
‎
‎​ရေကြီးရေလျှံမှုများပြီးနောက် သောက်သုံးရေနှင့် အစားအသောက်များ မသန့်ရှင်းမှုကြောင့် ဗိုင်းရပ်စ်၊ ဘက်တီးရီးယား သို့မဟုတ် ကပ်ပါးပိုးများ ဝင်ရောက်မှုများပြားတတ်သောကြောင့် ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားနိုင်ပါတယ် ။
‎
‎​ဝမ်းပျက်ခြင်း၊ ဝမ်းလျှောခြင်း၊ ဗိုက်အောင့်ခြင်း၊ အော့အန်ခြင်း၊ အဖျားရှိခြင်းတို့ ဖြစ်တတ်တာကြောင့် ရေနွေးကြိုသောက်ခြင်း၊ လက်ကို သေချာဆေးကြောခြင်းနှင့် သန့်ရှင်းသော အစားအစာများကိုသာ စားသုံးခြင်းဖြင့် ကာကွယ်နိုင်ပါတယ်ခင်ဗျာ ။
‎
‎💥​ အရေပြားနှင့် မှိုရောဂါများ
‎
‎မိုးရာသီ စိုထိုင်းဆမြင့်မားမှုကြောင့် အရေပြားပေါ်တွင် မှိုပိုးများ၊ ဘက်တီးရီးယားများ ပေါက်ပွားမှု အရှိန်ကောင်းနေရာမှ ရာသီဥတု အပြောင်းအလဲမှာ အရေပြား ခြောက်သွေ့ခြင်းနှင့်အတူ ယားယံမှုနှင့် အခြားကူးစက်ရောဂါများ ဖြစ်ပွားနိုင်ပါတယ် ။
‎
‎​ပွေး၊ ညှင်း၊ ယားနာ၊ ခြေနှင့် လက်ချောင်းကြား မှိုစွဲခြင်းများ ဖြစ်တတ်တာမို့ မိမိတို့ အရေပြားကျန်းမာရေးကို သေချာ ဂရုစိုက်ဖို့ လိုပါတယ်ခင်ဗျာ ။
‎
‎ဒီလို ရာသီအကူးအပြောင်းကာလမှာ ဖြစ်တတ်တဲ့ ရောဂါများကို ကာကွယ်နိုင်ဖို့ ခန္ဓာကိုယ်ကို နွေးထွေးအောင်ထားခြင်း၊ ရေများများသောက်ခြင်း၊ အာဟာရပြည့်ဝအောင် စားသောက်ခြင်း၊ လက်ကို မကြာခဏ ဆေးကြောခြင်း စသည်တို့ကို လိုက်နာသင့်ပါတယ်နော် 🤗
‎
‎ဆရာဝန်နဲ့ တိုင်ပင်ပြီး ကုသမှုခံယူချင်တဲ့ လူကြီးမင်းတွေအနေနဲ့လည်း ကျွန်တော်တို့ရဲ့ 𝐑𝐨𝐲𝐚𝐥 မောင်းမကန် အထူးကု ဆေးရုံကြီးမှာ ကုသမှု ခံယူနိုင်ပါတယ် ခင်ဗျာ 😍
‎
‎💟 We Take Care Of Your Health 💟
‎
‎▶ အသေးစိတ်စုံစမ်းရန်နှင့် Booking တင်ရန်
‎☎ 09 405 333 383
‎
‎📍 Google Map
‎https://maps.app.goo.gl/upTX5Q7aU8bLPjwn6?g_st=iv
‎
‎📌 လိပ်စာ - အမှတ် ( ၉၃၈ ) ၊ မောင်းမကန် ကမ်းသာလမ်း ၊ ( ၁၉ ) ရပ်ကွက် ဒဂုံမြို့သစ်တောင်ပိုင်း ၊ ရန်ကုန်မြို့ ။
‎
‎ ောင်းမကန်
‎ #အထူးကုဆေးရုံကြီး
‎
‎
‎ #မိုးအကုန်ဆောင်းအကူး

Address

No. 938, Maungmakan Kanthar Street, South Dagon Township
Yangon
11431

Telephone

+959405333383

Website

Alerts

Be the first to know and let us send you an email when Royal Maungmakan General Hospital posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Royal Maungmakan General Hospital:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram