Caresens-N သွေးချိုတိုင်း ကိရိယာ Glucometer

  • Home
  • Myanmar
  • Yangon
  • Caresens-N သွေးချိုတိုင်း ကိရိယာ Glucometer

Caresens-N သွေးချိုတိုင်း ကိရိယာ Glucometer Glucose Monitoring System

ဆီးချိုသွေးချိုနှင့် အိပ်စက်ခြင်း 🛌ဆီးချိုသွေးချိုရောဂါနှင့် အိပ်စက်ခြင်းပြဿနာသည် များသောအားဖြင့် ဆက်စပ်နေတတ်သည်။ အမျိုး...
15/10/2025

ဆီးချိုသွေးချိုနှင့် အိပ်စက်ခြင်း 🛌

ဆီးချိုသွေးချိုရောဂါနှင့် အိပ်စက်ခြင်းပြဿနာသည် များသောအားဖြင့် ဆက်စပ်နေတတ်သည်။ အမျိုးအစား-၂ ဆီးချိုသွေးချိုရောဂါရှိသူ အများစုသည် ကောင်းစွာ အိပ်မပျော်ခြင်း ဖြစ်လေ့ရှိကြသည်။ သ်ို့သော် ကောင်းမွန်မျှတစွာ စားသောက်ခြင်း၊ လေ့ကျင့်ခန်းနှင့် သွေးတွင်းသကြားဓာတ် ပုံမှန်ထိန်းခြင်းတို့သည် ညဘက်တွင် ကောင်းစွာ အိပ်ပျော်နိုင်စေပြီး၊ ကျန်းမာရေးအကျိုးကျေးဇူးများကို ရစေနိုင်ပါသည်။ 💢

ဆီးချိုသွေးချိုရောဂါရှိသူ နှစ်ဦးတွင် တစ်ဦးသည် သွေးတွင်းသကြားဓာတ်ကျဆင်းခြင်းကြောင့်သော်လည်းကောင်း၊ သွေးတွင်းသကြားဓာတ် မြင့်တက်ခြင်းကြောင့်သော်လည်းကောင်း အိပ်မပျော်ခြင်းကို ခံစားရလေ့ရှိပြီး၊ နေ့အချိန်တွင် လန်းဆန်းမှူမရှိဘဲ ညောင်းညာနုံးချိနေတတ်သည်။ ဆီးချိုသွေးချိုရောဂါသည် နာတာရှည်ရောဂါ ဖြစ်သည့်အတွက် ရောဂါအတွက် စိတ်ဖိစီးမှုများရှိခြင်းသည်လည်း ညဘက် အိပ်မပျော်စေနိုင်သော အကြောင်းရင်း တစ်ခု ဖြစ်တတ်ပါသည်။😳

သွေးတွင်းသကြားဓာတ် မြင့်တက်နေပါက ကျောက်ကပ်သည် ခန္ဓာကိုယ်ရှိဓာတ်များ ပုံမှန် ဖြစ်စေရန်အတွက် ဆီးသွားခြင်းဖြင့် သကြားဓါတ်ကို ပြန်လည်ထိန်းညှိပေးရပါသည်။ ညအချိန်တွင် အိမ်သာ ခဏခဏ သွားရပါက အိပ်စက်ခြင်းအား အနှောက့်အယှက်ဖြစ်စေနိုင်ပါသည်။💦

ထို့ပြင် သွေးတွင်းသကြားဓာတ်မြင့်မားခြင်းသည် ခေါင်းကိုက်ခြင်း၊ ရေဆာခြင်းနှင့် မောပန်းခြင်းတို့ကို ဖြစ်စေနိုင်သောကြောင့် ထိုအခြေအနေတို့သည် ညဘက် ကောင်းစွာ အိပ်မပျော်ခြင်းကို ဖြစ်စေနိုင်သည်။ ⚡

ထိုသို့ ညအိပ်မပျော်ခြင်းများသည် တခါတရံမဟုတ်ဘဲ ညစဉ်တိုင်းလိုလို ဖြစ်နေပါက ဆရာဝန်နှင့် ပြသဆွေးနွေး၍ အကြံဉာဏ် တောင်းခံသင့်ပါသည်။ 👨‍⚕️

ယေဘူရအားဖြင့် အကြံပြုလိုသည်မှာ -
✅ သွေးတွင်းသကြားဓါတ်အား ထိန်းသိမ်းစေနိုင်မည့် စားသောက်မှုပုံစံ စားသောက်ပါ။
✅ နေ့စဉ် လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ပါ။
✅ အိပ်စက်ချိန် အချိန်မှန်ဖြစ်ပါစေ။
✅စိတ်ကို တက်ကြွစေသည့် ကဖင်းနှင့် နီကိုတင်းဓာတ်ပါသော ကော်ဖီ၊ လက်ဘက်ရည် စသာ်တို့ကို အိပ်ရာဝင်ခါနီး မစားသောက်သင့်ပါ။
✅မိမိအိပ်ခန်းအားလည်း အိပ်ချင်စဖွယ် ပြင်ဆင်ပြီး တိတ်ဆိတ်စွာ အနားယူပါ။

သွေးချိုဓါတ် မများစေရန် ဆရာဝန်ညွှန်ကြားချက်အတိုင်း ဆေးဝါးများ သောက်ရမည်ဖြစ်သလို၊ သွေးချိုဓါတ်ကိုလည်း ပုံမှန် စစ်ဆေးပေးဖို့ လိုအပ်ပါသည်။ ယနေ့ခေတ်တွင် တကိုယ်ရေသုံး သွေးချိုတိုင်းကိရိယာဖြင့် သွေးချိုဓါတ်ကို အိမ်၌ပင် အလွယ်တကူတိုင်းတာနိုင်ပြီဖြစ်သည်။✔

Caresens-N သွေးချိုတိုင်းကိရိယာ ထုတ်လုပ်သည့် i-Sens သည် ကိုရီးယားနိုင်ငံ၏ အကြီးမားဆုံး သွေးချိုတိုင်းကိရိယာများထုတ်လုပ်သော ကုမ္ပဏီကြီး ဖြစ်ပါသည်။🇰🇷

ထို့ပြင် ဆီးချိုသွေးချိုရှိသူများတွင် အဝလွန်ခြင်းနှင့်အတူ Sleep Apnea ခေါ် အိပ်ပျော်စဥ်အသက်ရှုရပ်ခြင်း ရှိနေတတ်သည်။ ဆရာဝန်နှင့် ပြသတိုင်ပင်ပြီး လိုအပ်သလို ကုသမှု ခံယူသင့်ပါသည်။🩺

ဆီးချိုသွေးချိုနှင့် အရက်၊ ဘီယာ❓---------------------------------------------ဘောလုံးပွဲရာသီတွေလည်း ရောက်လာပြီဆိုတော့ အရင...
14/10/2025

ဆီးချိုသွေးချိုနှင့် အရက်၊ ဘီယာ❓
---------------------------------------------
ဘောလုံးပွဲရာသီတွေလည်း ရောက်လာပြီဆိုတော့ အရင်ကလို ဘီယာလေးသောက်၊ အမြည်းလေးစားရင်း သူငယ်ချင်းတွေနဲ့ ဆုံကြတဲ့ စနေ၊ တနင်္ဂနွေညတွေကို ပြန်သတိရမိတယ်။ အခုလို ကိုဗစ်ကာလမှာတော့ ကိုယ်အိမ်မှာပဲ ပွဲတော်တည်ရတာပေါ့။ 📽

ဒါပေမဲ့ ဆီးချိုရှိသူ တစ်ယောက်ဆိုရင်တော့ ဘီယာသောက်ခြင်းဟာ အဆင်ပြေပါ့မလား။ ဘယ်လောက်များများ သောက်လို့ အဆင်ပြေနိုင်လဲ။ ဘီယာမှာ ဆီးချိုတက်စေတဲ့ ကာဗွန်ဟိုက်ဒြိတ်ဓာတ်တွေ ဘယ်လောက်များများ ပါဝင်လဲ ... ဆိုတဲ့ မေးခွန်းလေးတွေ ရှိလာနိုင်ပါတယ်။🍺

အဖြေကတော့ ဒီမှာပါ .. 👈

(၁) ဘီယာကြိုက်သူတွေအနေနှင့် ဆီးချိုရှိလာလို့ အရက်၊ ဘီယာ ဖြတ်ဖို့တော့ မလိုအပ်ပါဘူး။ 😁
သိပ်ကိုပျော်စရာကောင်းတဲ့ အဖြေတစ်ခု ဖြစ်မယ်ထင်ပါတယ်။ ဒါပေမဲ့ အတိုင်းအတာ တစ်ခုတော့ ရှိပါတယ်။ တစ်ရက်မှာ တခွက် ဒါမှမဟုတ် အများဆုံး၂ ခွက်ထက် မပိုတဲ့ ပေါ့ပေါ့ပါးပါး သောက်တာမျိုးပဲ ဖြစ်သင့်ပါတယ်လို့ ပညာရှင်များရဲ့ လေ့လာတွေ့ရှိချက်တွေက ဆိုပါတယ်။☝

သတိထားရမဲ့ အချက်တစ်ခုကတော့ အရက်၊ ဘီယာ သောက်သုံးခြင်းဟာ သကြားဓာတ်ကို ထုတ်ပေးနိုင်တဲ့ အသည်းရဲ့ စွမ်းဆောင်ရည်ကို ကျဆင်းနိုင်ပါတယ်။ ဆီးချိုကျဆေးတွေနဲ့ အင်ဆူလင် ထိုးနေရသူတွေမှာ ဆိုရင်တော့ အရက်/ဘီယာ သောက်သုံးပြီး ၂၄ နာရီအတွင်းမှာ သွေးတွင်းသကြားဓာတ်ဟာ လိုအပ်တာထက် ပိုမို ကျဆင်းပြီး အသက်အန္တရာယ် ထိခိုက်သည်အထိ ဖြစ်နိုင်ပါတယ်။❗

ဒါကြောင့် အစာမရှိဘဲ အရက်၊ ဘီယာ သောက်သုံးခြင်းကို ရှောင်ကြဥ်ပါ။ အကယ်၍ သွေးတွင်းသကြားဓာတ် လွန်စွာကျဆင်းတာမျိုး ဖြစ်ခဲ့လျှင် အလွယ်တကူသောက်၍ရနိုင်မည့် အချိုရည်ဗူးတွေကို လက်လှမ်းမှီရာမှာ ထားရှိပေးဖို့ လိုအပ်ပါတယ်။🧃

(၂) ဆီးချိုရှိသူတွေရဲ့ အရက်၊ ဘီယာသောက်သုံးနိုင်တဲ့ပမာဏဟာ ပုံမှန်လူတွေနဲ့ အတူတူပဲလို့ ဆိုပါတယ်။ တစ်ရက်ကို ၁ခွက်က အနေတော်လောက်ဖြစ်ပြီး ၂ ခွက်ထက်ပို မသောက်သုံးသင့်ပါဘူး။ အကယ်၍ အလုပ်သဘောအရ ညစာစားပွဲတွေမှာ တစ်ခွက်ထက် ပိုပြီး သောက်ရမဲ့ အခြေနေမျိုးမှာတော့ တစ်နာရီကို တခွက်နှုန်း နဲ့ အများဆုံး ၃ ခွက်အထိ သောက်သုံးနိုင်ပါတယ်။🥃

(၃) ဘီယာမှာ ပါဝင်တဲ့ ကာဗွန်ဟိုက်ဒြိတ်ဟာ အခြားသော အရက်သေစာများမှာ ပါဝင်တဲ့ ပမာဏထက် ပိုများပါတယ်။ ဘီယာအမျိုးအစားပေါ်မူတည်ပြီး ပါဝင်တဲ့ပမာဏ ကွာခြားနိုင်ပါတယ်။ အရက်ပါဝင်မှုနည်းတဲ့ ဘီယာအပျော့စားမှာ ကာဗွန်ဟိုက်ဒြိတ်ပါဝင်နှုန်းလည်း နည်းတတ်တာမို့ ဘီယာအပျော့စားများကို ရွေးချယ်သောက်သုံးခြင်းဟာ ဆီးချိုသမားများအတွက် ပိုမို သင့်တော်နိုင်ပါတယ်။🍻

နောက်ဆုံးအနေနှင့် အကြံပြုလိုတာတော့ နည်းနည်းသောက်ရင်းနှင့် များသွားတတ်တာဖြစ်လို့၊ ဆီးချိုသွေးချိုရှိသူများအနေနှင့် ဖြစ်နိုင်လျှင် အရက်၊ ဘီယာတို့ကို ရှောင်တာ အကောင်းဆုံးပဲ ဖြစ်ပါတယ်။ မိမိရဲ့ရောဂါအခြေအနေကိုသိတဲ့ ဆရာဝန်၏ အကြံပြုချက်ကိုလည်း လိုက်နာဖို့ လိုအပ်ပါမည်။👨‍⚕️

Address

No. 218, Bogyoke Road, Botahtaung Tsp
Yangon

Alerts

Be the first to know and let us send you an email when Caresens-N သွေးချိုတိုင်း ကိရိယာ Glucometer posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Caresens-N သွေးချိုတိုင်း ကိရိယာ Glucometer:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category