Empress Tarot

Empress Tarot Welcome To The Empress Tarot
�Tarot Reader�
🎇အကြားအမြင်ပညာ
🔮ဝိညာဥ်ဟောပညာ
☸️ ယတြာ အင်း စမ အစီအရင်

☸️🍀ဆောင်းထီးဖြူဓါတ်နန်း🍀☸️        ☸️ တစ်ပတ်တာကံကြမ္မာ☸️(၂၉.၃.၂၀၂၆  မှ ၄.၄.၂၀၂၆ အထိ)☸️☸️☸️☸️☸️☸️☸️☸️☸️☸️☸️☸️ကြိုက်နှစ်သက်...
28/03/2026

☸️🍀ဆောင်းထီးဖြူဓါတ်နန်း🍀☸️
☸️ တစ်ပတ်တာကံကြမ္မာ☸️
(၂၉.၃.၂၀၂၆ မှ ၄.၄.၂၀၂၆ အထိ)
☸️☸️☸️☸️☸️☸️☸️☸️☸️☸️☸️☸️
ကြိုက်နှစ်သက်ရာပုံလေး တစ်ပုံတည်းကို ရွေးချယ် ဖတ်ရှုပါ။ ။
#ဆရာမနွယ်ဇေဝါလင်း

#ဆောင်းထီးဖြူဓါတ်နန်း

 #ဆောင်းထီးဖြူဓါတ်နန်း☸️၂၈.၃.၂၀၂၆ရက်‌( စနေနေ့)☸️🪷🪷တစ်နေ့တာဗေဒင်🪷🪷☸️☸️☸️☸️☸️☸️☸️☸️☸️☸️☸️☸️☸️ #အကျိုးပေးသည့်အရောင်နံ့သာရော...
27/03/2026

#ဆောင်းထီးဖြူဓါတ်နန်း
☸️၂၈.၃.၂၀၂၆ရက်‌( စနေနေ့)☸️
🪷🪷တစ်နေ့တာဗေဒင်🪷🪷
☸️☸️☸️☸️☸️☸️☸️☸️☸️☸️☸️☸️☸️
#အကျိုးပေးသည့်အရောင်
နံ့သာရောင်၊ ရွှေရောင်၊ အဖြူရောင်
#အကျိုးပေးသည့်နေ့နံ
တနင်္လါ၊ဗုဒ္ဓဟူး၊ စနေ
#သတိထားရမည့်နေ့နံ
တနင်္ဂနွေ၊ ကြာသပတေး
#လာဘ်ပွင့်စေရန်
- ဆွမ်းတစ်ပွဲကို မြေပဲထည့်ပြီး မြေပဲဆွမ်းအဖြစ် ဘုရားအားကပ်လှူပါ။
- ပဌာန်း ၂၄ ပစ္စည်းအကျဥ်းကို (၂၄) ကြိမ် ရွတ်ဆိုပူဇော်ပါ။
- ဦးခေါင်းကို ခေါင်းလိမ်းဆီ လိမ်းပါ။
#လာဘ်နေအရပ်
အနောက်တောင်အရပ်
#ခရီးမသွားသင့်သောအရပ်
အနောက်အရပ်
#ခန္ဓာကိုယ်တွင်ကျက်သရေတည်ရာအရပ်
ခန္ဓာကိုယ်တစ်ခုလုံး (သန့်ရှင်းမွှေးကြိုင်စွာ နေထိုင်ရန်)
#တစ်နေ့တာအတွက်အညံ့အခိုက်အချိန်
နံနက် ၉ နာရီမှနံနက် ၁၀နာရီခွဲအတွင်း
#‌စ‌နေနေ့တွင်အပြင်သို့သွားလာမည်ဆိုပါက
🍀 လျှာပေါ်တွင် လက်ညှိုးဖြင့် "ရ" အက္ခရာ ကို စတိ ရေးသွားပါ။အမျိုးသားဆိုပါက ညာလက်ညှိုး ၊ အမျိုးသမီးဆိုပါက ဘယ်လက်ညှိုးကို အသုံးပြုပြီး ရေးပါ။ပြီးမှ လုပ်ငန်း ဆောင်တာတွေကို စတင်ပါ။
#တစ်နေ့တာကံကြမ္မာ
ဒီနေ့မှာ မမျှော်လင့်ထားတဲ့ အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာနိုင်ပါတယ်။ ဒါဟာ အလုပ်မှာ တာဝန်အသစ်၊ ငွေကြေးဆိုင်ရာ အပြောင်း အလဲ (ဒါမှမဟုတ်)ကိုယ်ရေး ကိုယ်တာ ဆုံးဖြတ်ချက်တစ်ခုပါ။ကြုံလာရမဲ့အပြောင်းအလဲကို ကြောက်စိတ်နဲ့ မဟုတ်ဘဲ သိချင်စိတ်နဲ့ လက်ခံလိုက် ပါ။အဆုံးတစ်ခုကို ညွှန်ပြနေပေမယ့် အသစ်တစ်ခုရဲ့ တံခါးကိုလည်း ဖွင့်ပေးနေတာမို့လို့ပါ။
ရာထူးအပြောင်းအလဲ၊ ဌာနပြောင်းခြင်း (ဒါမှမဟုတ်) ပရောဂျက်ဟောင်းတစ်ခု ပြီးဆုံးခြင်းမျိုး ကြုံ တွေ့ရနိုင်တယ်။ ဒါဟာ သင့်အတွက် ပိုကောင်းတဲ့ လမ်းကြောင်းသစ်ပါ။
ငွေကြေးအတွက် မလိုအပ်တဲ့ သုံးစွဲမှုတွေ၊ ရင်းနှီးမြှုပ်နှံမှုဟောင်းတွေကို ဖြတ်တောက်ဖို့ သင့်တော်တဲ့နေ့ပါ။ ငွေကြေးစီးဆင်းမှုမှာ အပြောင်း အလဲရှိနိုင်ပေမယ့် ရေရှည်အတွက် အကျိုးရှိစေမှာပါ။
ဒီနေ့အတွက် .... သင့်ရဲ့ခရီးလမ်းမှာ ကောင်းကျိုးများစွာ ဖြစ်ထွန်းပါစေ။
☸️☸️☸️☸️☸️☸️☸️☸️☸️☸️☸️☸️☸️
အဆင်ပြေကြပါစေ 🙏
#ဆရာမနွယ်ဇေဝါလင်း

#အကြားအမြင်ဝိညာဥ်ဟောပညာ
#ယတြာအင်းစမအစီအရင်

☸️🪷🍀၂၆.၃.၂၀၂၆ရက် 🍀🪷☸️   ☸️🪷(ကြာသပတေးနေ့) 🪷☸️            ☸️ တစ်နေ့တာဗေဒင်☸️☸️☸️☸️☸️☸️☸️☸️☸️☸️☸️☸️☸️ #အကျိုးပေးသည့်အရောင်မ...
25/03/2026

☸️🪷🍀၂၆.၃.၂၀၂၆ရက် 🍀🪷☸️
☸️🪷(ကြာသပတေးနေ့) 🪷☸️
☸️ တစ်နေ့တာဗေဒင်☸️
☸️☸️☸️☸️☸️☸️☸️☸️☸️☸️☸️☸️
#အကျိုးပေးသည့်အရောင်
မီးခိုးရောင်၊ အညိုရောင်
#အကျိုးပေးသည့်နေ့နံ
တနင်္လာ၊အင်္ဂါ ၊ ကြာသပတေး
#ဆောင်ရွက်ရန်
အိမ်ရှိ ဘုရားဆောင်အား သန့်ရှင်းရေးပြုလုပ်ပါ။ဌက်စာ ကျွေးပါ။ကံအညံ့ပြေပျောက်စေရန် မစီးသော ဖိနပ်များကို စွန့်ပစ်ပါ။
#အစစအရာရာအဆင်ပြေစေရန်
"ဣတိပိသော ဘဂဝါ သုဂတော"
" ဣတိပိသော ဘဂဝါအနုတ္တရော"
အကြိမ် (၇၀) ရွတ်ဆိုပူဇော်ပါ။
#ကြာသပ‌တေးနေ့တွင်အပြင်သို့သွားလာမည်ဆိုပါက ...
ဘယ်ဘက်ညှပ်ရ်ိုးမှာ(ပ) အက္ခရာကို လက်ညှိုးဖြင့် ရေးပါ။အမျိုးသားဆိုပါက ညာလက်ညှိုး ၊ အမျိုးသမီးဆိုပါက ဘယ်လက်ညှိုးကို အသုံးပြုပြီး ရေးပါ။တစ်နေ့တာလုံး ဘေးရန်ကင်းမည်။
ပြီးမှ လုပ်ငန်းဆောင်တာတွေကို စတင်ပါ။
#တစ်နေ့တာအကြံပြုချက်
၂၆.၃.၂၀၂၆ ရက်နေ့သည် သင့်အတွက် "အရာအားလုံး စတင်ရန်၊ ဖန်တီးရန် အကောင်းဆုံးနေ့" ဖြစ် သည်။
#အလုပ်နှင့်အောင်မြင်မှု
ယနေ့တွင် မိမိ၏ စွမ်းရည်များကို အပြည့်အဝ အသုံးချနိုင်မည်။ ရှုပ်ထွေးနေသော ပြဿနာများကို လက်တစ်ကမ်းဖြင့် ဖြေရှင်းနိုင်မည့် ဉာဏ်ရည်ဉာဏ်စွမ်းနှင့် ပြောဆိုဆက်ဆံရေးစွမ်းရည် ထက်မြက်နေ သည်။ စီမံကိန်းအသစ် စတင်ရန်၊ စေ့စပ်ညှိနှိုင်းရန် (သို့)သင့်အရည် အချင်းကို ပြသရန် အကောင်းဆုံးနေ့ဖြစ်သည်။
ယနေ့တွင် သင်သည် အခြားသူ များအပေါ် ဩဇာလွှမ်းမိုးမှု ရှိနေလိမ့် မည်။စကားပြောဆိုရာတွင် ကျက်သရေ ရှိပြီး လူသစ်များ၏ အာရုံစိုက်ခြင်းကို ခံရလိမ့်မည်။ ရည်ရွယ်ချက်ရှိရှိ ပေါင်းသင်းပါက ဆက်သွယ်မှုကောင်းများ ဖန်တီးနိုင်ပါလိမ့်မည်။ အချစ်ရေးတွင် ရိုးသားမှုနှင့် ဉာဏ်ရည်ဉာဏ်စွမ်းကို တန်ဖိုးထားသည့်နေ့ ဖြစ်မည်။ ရှုပ်ထွေးနေသောကိစ္စများကို အတူတကွ ဖြေရှင်းရန် ကောင်းမွန်သည်။
ယနေ့ သင်ဆုံးဖြတ်ချက်ချသည့် အရာတိုင်း အနာဂတ်အတွက် အုတ်မြစ်ချသကဲ့သို့ ဖြစ်စေလိမ့် မည်။
#သတိပြုရန်
စိတ်ကူးမှု အလွန်များပြီး တစ်ခုပြီးတစ်ခု လုပ်ချင်စိတ်ဖြစ်တတ် သည်။ အဓိက ဦးစားပေးတစ်ခုကို ရွေးပြီး အာရုံစိုက်ပါ။
#ရှောင်ကြဉ်ရန်
မာနကြီးခြင်း (သို့) "ငါတစ်ယောက်တည်း အားကိုးရမယ်" ဟူသော အထီးကျန်စိတ်မျိုး မဖြစ်စေပါနှင့်။ ။
☸️☸️☸️☸️☸️☸️☸️☸️☸️☸️☸️☸️☸️
အဆင်ပြေကြပါစေ 🙏
#ဆရာမနွယ်ဇေဝါလင်း

#အကြားအမြင်ဝိညာဥ်ဟောပညာ
#ယတြာအင်းစမအစီအရင်

☸️၂၅.၃.၂၀၂၆ရက် (ဗုဒ္ဓဟူးနေ့)☸️☸️☸️☸️☸️☸️☸️☸️☸️☸️☸️☸️☸️☸️ #အကျိုးပေးသည့်အရောင်အဖြူရောင် ၊ အပြာရောင် ၊ အမည်းရောင် #အကျိုးပ...
24/03/2026

☸️၂၅.၃.၂၀၂၆ရက် (ဗုဒ္ဓဟူးနေ့)☸️
☸️☸️☸️☸️☸️☸️☸️☸️☸️☸️☸️☸️☸️
#အကျိုးပေးသည့်အရောင်
အဖြူရောင် ၊ အပြာရောင် ၊ အမည်းရောင်
#အကျိုးပေးသည့်နေ့နံ
တနင်္လာ ၊ ကြာသပတေး ၊ သောကြာ၊စနေ
#ဆောင်ရွက်ရန်
ပန်းအဖြူ လှူပါ။ သစ်သီး ကပ်လှူပါ။
#အစစအရာရာအဆင်ပြေစေရန်
"ဣတိပိသော ဘဂဝါ ဝိဇ္ဇာစရဏ
သမ္ပန္နော"
"ဣတိပိသော ဘဂဝါ လောကဝိဒူ"
အား (၂၂)ခေါက် ရွတ်ဆိုပူဇော်ပါ။
#ဗုဒ္ဓဟူး‌နေ့တွင်အပြင်သို့သွားလာမည်ဆိုပါက .......
လျှာပေါ်တွင် လက်ညှိုးဖြင့် "ရ" အက္ခရာ ကို စတိ ရေးသွားပါ။အမျိုးသားဆိုပါက ညာလက်ညှိုး ၊ အမျိုးသမီးဆိုပါက ဘယ်လက်ညှိုးကို အသုံးပြုပြီး ရေးပါ။
#တစ်နေ့တာအကြံပြုချက်
ဒီနေ့မှာ ပြင်ပလောကရဲ့ ဆူညံသံတွေကို လျစ်လျုရှုပြီး၊တစ်ယောက် တည်းနေ တစိတ်တည်း ထားရမဲ့နေ့ ဖြစ်ပါတယ်။အလုပ်မှာ ဖြစ်စေ၊ လူမှုရေးမှာဖြစ်စေ “အဖြေ” တစ်ခုကို အပြင်မှာ ရှာတာထက် အဖြေဟာ မင်းရဲ့စိတ်အတွင်းမှာရှိတယ်” လို့ ညွှန်ပြနေတာပါ။
အထူးသဖြင့် သူတပါးဆီက.... အကြံဉာဏ်တောင်းတာ၊ အတည်ပြုခိုင်းတာမျိုး ထက် တိတ်ဆိတ်မှုနဲ့ဆင်ခြင်သုံးသပ်ခြင်း က သင့်ကို ပိုမိုတိကျတဲ့ လမ်းကြောင်းပေါ် ရောက်စေပါလိမ့်မယ်။
မင်္ဂလာရှိသောနေ့ ဖြစ်ပါစေ။ ။
☸️☸️☸️☸️☸️☸️☸️☸️☸️☸️☸️☸️☸️
အဆင်ပြေကြပါစေ🙏
#ဆရာမနွယ်ဇေဝါလင်း

#အကြားအမြင်ဝိညာဥ်ဟောပညာ
#ယတြာအင်းစမအစီအရင်

 #ငွေဝင်ယတြာ ကို ရှာမတွေ့ဘူးဆိုလို့ ကိုယ့် page ထဲကနေ  ပြန်ရှာပေး လိုက်ပါတယ်။🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀 #လိုအပ်သောပစ္စည်းများ၁။ ဆန်နို...
11/03/2026

#ငွေဝင်ယတြာ ကို ရှာမတွေ့ဘူးဆိုလို့ ကိုယ့် page ထဲကနေ ပြန်ရှာပေး လိုက်ပါတယ်။
🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀
#လိုအပ်သောပစ္စည်းများ
၁။ ဆန်နို့ဆီဘူး တစ်ဘူး
၂။ ငွေစက္ကူ အဆင်ပြေရာ တစ်ရွက်
၃။ အောင်သပြေ တစ်ညွှန့်
ဖော်ပြပါ သုံးမျိုးကို ရေမွှေးဖျန်းပါမယ်။နည်းနည်းပဲ ဖျန်းပါ။ ကိုယ်အနံ့နဲ့ကိုယ် မူးလဲမှာစိုးလို့ 🤣
အဆင်ပြေရာပန်းကန်လုံးထဲကို ဆန်တစ်ဘူးထည့်ပါ။ ဆန်ကို ရေမွှေးဖျန်းပါ။ ပိုက်ဆံကို ကတော့ပုံစံလုပ်ပါ။ ရေမွှေးဖျန်းပါ။ အောင်သပြေကို ရေမွှေးဖျန်းပြီး ပိုက်ဆံကတော့ ထဲကို ထည့်ပါ။ ပြီးရင် ဆုတောင်းပါ။
လာဘ်ရွှင်ပါစေ။
ငွေဝင်ပါစေ။
ငွေပေးမဲ့သူတွေ လာပါစေ။
မိမိအလိုရှိရာကို ပြောဆို ဆုတောင်းပါ။
အလုပ်စားပွဲ ၊ ဧည့်ခန်းအမြင့်တစ်နေရာ ၊ လာဘ်ပွင့်စေလိုတဲ့နေရာ စသည်ဖြင့် အဆင်ပြေတဲ့နေရာမှာ ထားရှိပါ။ဘုရားဆောင်မှာ မထားပါနဲ့။
ဘယ်နေ့လုပ်ရမလဲဆိုရင် မိမိရဲ့ မွေးနေ့ နံနက်ပိုင်းမှာ လုပ်ပါ။ ညနေမှာ စွန့်ပါ။ ဆန်ကို နှမြောပြီး ချက်မစားပါနဲ့။ရေမွှေးတွေ ဖျန်းထားလို့ အထဲက ကလီစာတွေ မွှေးကုန်ပါလိမ့်မယ်။ ဌက်စာအဖြစ် ကျွေးလိုက်ပါ။ဌက်တွေပဲ မွှေးပါစေနော် 😄🤣 သပြေကို စွန့်ပါ။ ‌ပိုက်ဆံကို နှမြောရင် နောက်တစ်ကြိမ် ပြန်သုံးပါ။ အလှူခံပုဂ္ဂိုလ်ရှိရင် လှူလိုက်ပါ။ ဘုရားပန်းဝယ်လှူတာ ၊ လူကြီးသူမကို မုန့်ဝယ်ကျွေးတာလည်း ပြုလုပ်နိုင်ပါတယ်။
ဘာထူးလဲဆိုတော့ .....
ထူးပါတယ်။
လုပ်ကြည့်ပါ။
ငွေတွေ ပိုလိုအပ်နေတဲ့ ကာလဖြစ်လို့ ငွေဝင်စေတဲ့ ယတြာပဲ ရေးပေးတာပါ။
ကိုယ်ပိုင်ယတြာဖြစ်၍Copy ယူလျင် Credit ပေးပါ။လွတ်လပ်စွာ ရှယ် နိုင်ပါသည်။
အဆင်ပြေကြပါစေ 🙏
#ဆရာမနွယ်ဇေဝါလင်း
#အကြားအမြင်ဝိညာဥ်ဟောပညာ
#ဆောင်းထီးဖြူဓါတ်နန်း

🍀( Sunday Oracle Reading)🍀နှစ်သက်ရာ ပုံတစ်ပုံကို ရွေးချယ်ဖတ်ရှုပါ။ #ဆရာမနွယ်ဇေဝါလင်း🌟🌟🌟 🌟🌟🌟
08/03/2026

🍀( Sunday Oracle Reading)🍀
နှစ်သက်ရာ ပုံတစ်ပုံကို ရွေးချယ်ဖတ်ရှုပါ။
#ဆရာမနွယ်ဇေဝါလင်း🌟🌟🌟
🌟🌟🌟

☸️🍀 ဆောင်းထီးဖြူဓါတ်နန်း🍀☸️         ☸️🍀လူတိုင်းဘေးကင်းစေရန် 🍀☸️  ☸️ပြုလုပ်သင့်သောဝိဇ္ဇာယတြာ☸️  #ပြုလုပ်ရမည့်နေ့ရက် ယခုစာ...
03/03/2026

☸️🍀 ဆောင်းထီးဖြူဓါတ်နန်း🍀☸️ ☸️🍀လူတိုင်းဘေးကင်းစေရန် 🍀☸️
☸️ပြုလုပ်သင့်သောဝိဇ္ဇာယတြာ☸️
#ပြုလုပ်ရမည့်နေ့ရက်
ယခုစာ ကို တွေ့မြင်ပြီး မည်သည့်ရက်မဆို ... နံနက်ပိုင်းတွင် ပြုလုပ်ရန်
#ပြုလုပ်ရန်
(၁) နံနက်ခင်း မိမိတို့ ပြုဖွယ်ကိစ္စများ ပြီးသည်နှင့် သောက်ရေတစ်ခွက်ကို ယူပါ။ #သရဏဂုံ ၃ ကြိမ် #အရဟံစဓဗဝသိဒ္ဓိ ၃ ကြိမ် #အရဟံသိဒ္ဓိ ၃ ကြိမ် ရွတ်ပြီး သောက်နိုင်သရွေ့သာ သောက်သုံးပါ။ တစ်နေ့လျင် ၃ ကြိမ် ... မိမိတို့အဆင်ပြေသောအချိန်တွင် ရွတ်ဆို သောက်သုံးပါ။ သတိရတိုင်း ရွတ်ဆိုပူဇော်ပါ။ ဘာကြောင့် ယခုလို ပြုလုပ်ရသလဲ ဟု အမေးရှိလျင် #ကပ်ဆေးတဲ့အထဲ #မပါဘဲသက်တမ်းစေ့နေထိုင်နိုင်ကြစေရန် #အဘဘိုးဘိုးအောင်၏ ညွှန်ကြားမိန့်မှာချက် ဖြစ်ပါတယ်။
(၂) မည်သည့်နေ့သားမဆို ...မိမိတို့မွေးရက် ရောက်တိုင်း #ဆွမ်းအပေါ်မှာသကြားအဖြူ ကို ဖြူးပြီး (သိကြား ဆွမ်း/သကြားဆွမ်း) ကပ်လှူပါ။စွန့်လျင် ကျေးဌက်သတ္တဝါ..ပုရွက်တို့အား ဒါနပြုပါ။ရည်ရွယ်ချက်မှာ အထက်ပါမိန့်ကြားချက်အတိုင်း ဖြစ်ပါတယ်။
#လှူဒါန်းရွတ်ဆိုသောက်သုံးရမည့်အကြိမ်အရေအတွက်
အသက်ရှင်နေသမျှကာလပတ် လုံး..သတိရတိုင်း ရွတ်ဆိုပူဇော်သောက်သုံး၊ကပ်လှူရန်။
(၃) လူ့လောက အေးချမ်းသာယာသည်အထိ အိမ်ရှိ မြတ်စွာဘုရား၏ #လက်ယာဘက် တွင် #ရေတစ်ခွက် ၊ #လက်ဝဲဘက်တွင် ပန်းကန်လုံး အသေးဖြင့် #ဆားတစ်ပန်းကန် ကပ်လှူထားပါ။ရေကို နေ့စဥ်လဲပါ။ဆားကို အရည်ပျော်လျင် လဲပါ။
#ယုံကြည်သူများအတွက်သာ
#ဆရာမနွယ်ဇေဝါလင်း
#အကြားအမြင်ဝိညာဥ်ဟောပညာ
#ရှေ့ဖြစ်ဟောပညာ
#ဆောင်းထီးဖြူဓါတ်နန်း
Photo _ Credit

✨️သင့်အတွက် (မတ်လ) ✨️ ☸️သင့်ရဲ့ Zodiac Sign က ဘာများလဲ ?????☸️ ရွေးချယ်ဖတ်ရှုပါ ..........🌿✨️🌿✨️🌿✨️🌿✨️🌿✨️🌿✨️🌿♈ Aries (မတ...
28/02/2026

✨️သင့်အတွက် (မတ်လ) ✨️
☸️သင့်ရဲ့ Zodiac Sign က ဘာများလဲ ?????
☸️ ရွေးချယ်ဖတ်ရှုပါ ..........
🌿✨️🌿✨️🌿✨️🌿✨️🌿✨️🌿✨️🌿
♈ Aries (မတ် 21 – ဧပြီ 19)
မတ်လမှာ စိတ်မြန်မှုကြောင့် ဆုံးဖြတ်ချက်တွေ အလျင်စလို မချပါနဲ့။
အလုပ် – အခွင့်အလမ်းသစ်တွေ ရလာနိုင်ပါတယ်။ ခေါင်းဆောင်မှုအခန်းကဏ္ဍ တိုးတက်မယ်။
အချစ်ရေး – စိတ်မြန်မှုကြောင့် အငြင်းပွားမှုရှိနိုင်လို့ ... နားထောင်ပေးဖို့နဲ့ နားလည်မှုလိုအပ်ပါတယ်။
ငွေကြေး – ဝင်ငွေတိုးနိုင်ပေမယ့် အသုံးစရိတ်များနိုင်ပါတယ်။စီမံခန့်ခွဲပါ။
ကျန်းမာရေး – စိတ်ဖိစီးမှုကြောင့် ခေါင်းကိုက်ခြင်း ဖြစ်နိုင်ပါတယ်။
✨️✨️✨️✨️✨️✨️✨️✨️✨️✨️✨️✨️
♉ Ta**us (ဧပြီ 20 – မေ 20)
ငွေကြေးကိစ္စ သတိထားစီမံပါ။ ရင်းနှီးမြှုပ်နှံမှုအသစ်လုပ်ချင်ရင် အကြံဉာဏ်ယူပါ။ မိသားစုဘက်က အကူအညီရနိုင်ပါတယ်။
အလုပ် – တည်ငြိမ်မှုရှိပြီး လုပ်ငန်းတိုးတက်မှု နည်းနည်းချင်း ဖြစ်မယ်။
အချစ်ရေး – မိတ်ဖက်နဲ့ သဘောတူညီမှုကောင်းမယ်။ Single ဆိုရင် လူသစ်တွေ့နိုင်ပါတယ်။
ငွေကြေး – ရင်းနှီးမြှုပ်နှံမှုသစ် စတင်ဖို့ သင့်တော်တဲ့အချိန်ပါ။
ကျန်းမာရေး – အစားအသောက်စားသုံးမှု သတိထားပါ။
✨️✨️✨️✨️✨️✨️✨️✨️✨️✨️✨️✨️
♊ Gemini (မေ 21 – ဇွန် 20)
ဆက်သွယ်ရေးကောင်းမွန်ပြီး လူမှုဆက်ဆံရေးကဏ္ဍ တိုးတက်မယ်။ အလုပ်သစ်၊ ပရောဂျက်သစ်တွေ စတင်ဖို့ သင့်တော်တဲ့လ ဖြစ်ပါတယ်။
အလုပ် – ဆက်သွယ်ရေးကောင်းလို့ အောင်မြင်မှုရနိုင်ပါတယ်။
အချစ်ရေး – စကားများမှုကြောင့် နားလည်မှုလွဲနိုင်ပါတယ်။
ငွေကြေး – အပိုဝင်ငွေရနိုင်ချေ ရှိပါတယ်။
ကျန်းမာရေး – အိပ်ရေးမဝခြင်း သတိထားပါ။
✨️✨️✨️✨️✨️✨️✨️✨️✨️✨️✨️✨️
♋ Cancer (ဇွန် 21 – ဇူလိုင် 22)
စိတ်ခံစားချက် အလွန်ထိခိုက်လွယ်တတ်ပါတယ်။ ကျန်းမာရေးကို ဂရုစိုက်ပါ။ သာယာမယ့် အချိန်လေးတွေ ရှိနိုင်ပါတယ်။
အလုပ် – စိတ်အားမကောင်းရင် အလုပ်အပေါ် သက်ရောက်နိုင်ပါတယ်။
အချစ်ရေး – မိသားစုဘက် အချိန်ပိုပေးရင် သာယာပါလိမ့်မယ်။
ငွေကြေး – အသုံးစရိတ်ကို ထိန်းချုပ်ပါ။
ကျန်းမာရေး – အစာအိမ်ဆိုင်ရာ ပြဿနာသေးသေးလေးများ ဖြစ်နိုင်လို့ သတိထားပါ။
✨️✨️✨️✨️✨️✨️✨️✨️✨️✨️✨️✨️
♌ Leo (ဇူလိုင် 23 – ဩဂုတ် 22)
ခေါင်းဆောင်မှုအရည်အချင်း ပိုမိုထင်ရှားမယ်။ အလုပ်အကိုင်တိုးတက်မှုရနိုင်ပါတယ်။ သို့သော် မိမိအတ္တကို ထိန်းချုပ်ဖို့လိုပါတယ်။
အလုပ် – တာဝန်ကြီးများ ရနိုင်သော်လည်း အောင်မြင်နိုင်ပါတယ်။
အချစ်ရေး – မိမိကိုယ်ကို ယုံကြည်မှုမြင့်မားခြင်းကြောင့် ဆွဲဆောင်မှုရှိမယ်။
ငွေကြေး – အပိုဆုနဲ့ အမြတ်ရနိုင်ချေ ရှိပါတယ်။
ကျန်းမာရေး – လေ့ကျင့်ခန်းလုပ်ရန် လိုအပ်ပါတယ်။
✨️✨️✨️✨️✨️✨️✨️✨️✨️✨️✨️✨️
♍ Virgo (ဩဂုတ် 23 – စက်တင်ဘာ 22)
စီမံခန့်ခွဲမှုကောင်းပြီး အလုပ်တွေအောင်မြင်နိုင်ပါတယ်။ အသေးစိတ်အချက်တွေကို လွန်လွန်ကဲကဲ စိုးရိမ်မနေပါနဲ့။
အလုပ် – အသေးစိတ်ဂရုစိုက်မှုကြောင့် ချီးကျူးခံရနိုင်ပါတယ်။
အချစ်ရေး – လွန်ကဲတဲ့ ဝေဖန်မှုတွေမလုပ်ပါနဲ့။
ငွေကြေး – စုဆောင်းငွေ တိုးနိုင်ပါတယ်။
ကျန်းမာရေး – စိတ်ဖိစီးမှု လျော့ချဖို့ မိမိနှစ်သက်ရာ လေ့ကျင့်ခန်းလုပ်ပါ။
✨️✨️✨️✨️✨️✨️✨️✨️✨️✨️✨️✨️
♎ Libra (စက်တင်ဘာ 23 – အောက်တိုဘာ 22)
အချစ်ရေးမှာ ဆုံးဖြတ်ချက်ချရမယ့် အချိန် ဖြစ်နိုင်ပါတယ်။ မိတ်ဖက်နဲ့ ဆွေးနွေးပြီး လိုက်လျောညီထွေဖြေရှင်းပါ။
အလုပ် – ပူးပေါင်းဆောင်ရွက်မှုကောင်းမှ အောင်မြင်မယ်။
အချစ်ရေး – ဘဝရှေ့ရေးအတွက် ဆုံးဖြတ်ချက်ချရနိုင်။
ငွေကြေး – မမျှော်လင့်ထားတဲ့ အသုံးစရိတ်ရှိနိုင်လို့ ကြိုတင်ပြင်ဆင်ပါ။
ကျန်းမာရေး – သွားလာလှုပ်ရှားမှု ပိုလုပ်ပါ။
✨️✨️✨️✨️✨️✨️✨️✨️✨️✨️✨️✨️
♏ Scorpio (အောက်တိုဘာ 23 – နိုဝင်ဘာ 21)
အတွေးအခေါ်အသစ်တွေ ပေါ်ပေါက်နိုင်ပါတယ်။ လုပ်ငန်းပိုင်းမှာ ပြိုင်ဆိုင်မှုရှိနိုင်သော်လည်း အောင်မြင်နိုင်ပါတယ်။
အလုပ် – ပြိုင်ဆိုင်မှုများပေမယ့် အနိုင်ရနိုင်။
အချစ်ရေး – စိတ်လှုပ်ရှားမှု ၊ပျော်ရွှင်ရမှုတွေ များနေမယ်။
ငွေကြေး – ငွေဝင်ကောင်းနိုင်တဲ့လပါ။
ကျန်းမာရေး – အနားယူချိန်ယူဖို့ လိုပါတယ်။
✨️✨️✨️✨️✨️✨️✨️✨️✨️✨️✨️✨️
♐ Sagittarius (နိုဝင်ဘာ 22 – ဒီဇင်ဘာ 21)
ခရီးသွားခွင့်၊ လေ့လာသင်ယူမှုအခွင့်အလမ်းတွေ ရနိုင်ပါတယ်။ စိတ်အားထက်သန်မှု မြင့်မားမယ်။
အလုပ် – ခရီးသွားလုပ်ငန်း (သို့မဟုတ်) လေ့လာရေးတွေ အဆင်ပြေနေမယ်။
အချစ်ရေး – ပျော်ရွှင်စရာကောင်းနေမှာပါ။
ငွေကြေး – စွန့်စားမှုများ မလုပ်သင့်သေးပါဘူး။
ကျန်းမာရေး – လေ့ကျင့်ခန်းပြုလုပ်မှုတွေ မရပ်ထားပါနဲ့။
✨️✨️✨️✨️✨️✨️✨️✨️✨️✨️✨️✨️
♑ Capricorn (ဒီဇင်ဘာ 22 – ဇန်နဝါရီ 19)
အလုပ်ပိုင်း တာဝန်ပိုများနိုင်ပါတယ်။ သို့သော် ကြိုးစားအားထုတ်မှုအတွက် အကျိုးကျေးဇူး ရရှိမယ်။
အလုပ် – ကြိုးစားမှုအတွက် အကျိုး ကျေးဇူးတွေ ပြန်ရနိုင်ပါတယ်။
အချစ်ရေး – အလုပ်ကြောင့် အချိန်မပေးနိုင်တာတွေ ဖြစ်နိုင်ပါတယ်။
ငွေကြေး – တည်ငြိမ်ပြီး စုဆောင်းနိုင်မဲ့လပါ။
ကျန်းမာရေး – အလုပ်ပင်ပန်းမှုကြောင့် အနားယူဖို့လိုအပ်ပါတယ်။
✨️✨️✨️✨️✨️✨️✨️✨️✨️✨️✨️✨️
♒ Aquarius (ဇန်နဝါရီ 20 – ဖေဖော်ဝါရီ 18)
ဖန်တီးမှုအရည်အချင်း ပိုမိုထင်ရှားမယ်။ မိတ်ဆွေသစ်တွေ ရနိုင်ပါတယ်။
အလုပ် – ဖန်တီးမှုအသစ်များ လုပ်နိုင်မယ်။
အချစ်ရေး – မိတ်ဆွေကနေ အချစ်ဖြစ်နိုင်ပါတယ်။
ငွေကြေး – အသုံးစရိတ်စီမံဖို့ လိုပါတယ်။
ကျန်းမာရေး – စိတ်ပိုင်းဆိုင်ရာ အနားယူပါ။
✨️✨️✨️✨️✨️✨️✨️✨️✨️✨️✨️✨️
♓ Pisces (ဖေဖော်ဝါရီ 19 – မတ် 20)
အတွင်းစိတ်အားကောင်းပြီး အနုပညာပိုင်း တိုးတက်မယ်။ စိတ်ကူးယဉ်မှုများသော်လည်း လက်တွေ့ဘဝကို မမေ့ပါနဲ့။
အလုပ် – အနုပညာ၊ ဖန်တီးမှုလုပ်ငန်းကောင်းမယ်။
အချစ်ရေး – ရိုမန်တစ်ဆန်မှုတွေ ကြုံရမယ်။
ငွေကြေး – ငွေသုံးစွဲမှု ထိန်းချုပ်ပါ။
ကျန်းမာရေး – အားကစား၊ ယောဂလေ့ကျင့်ခန်းများ ပြုလုပ်ပေးပါ။
✨️✨️✨️✨️✨️✨️✨️✨️✨️✨️✨️✨️
#ဆောင်းထီးဖြူဓါတ်နန်း
#ဆရာမနွယ်ဇေဝါလင်း

#ဝိညာဥ်ဟောပညာ

☸️ ဆောင်းထီးဖြူ ဓါတ်နန်း☸️ ☸️သင့်အတွက်တဲရော့စကား☸️                                   ☸️🍀မတ်လ🍀☸️ #တနင်္လာသားသမီးအတွက်    ...
22/02/2026

☸️ ဆောင်းထီးဖြူ ဓါတ်နန်း☸️
☸️သင့်အတွက်တဲရော့စကား☸️
☸️🍀မတ်လ🍀☸️
#တနင်္လာသားသမီးအတွက်
ဒီလဟာ တနင်္လာများအဖို့ ချုပ်နှောင်မှုများ ၊ စိတ်ပိုင်းဆိုင်ရာ ပိတ်ဆို့မှုများ၊ စွဲလမ်းမှုများ နဲ့ ဆက်နွယ်နေတဲ့ လ ဖြစ်နိုင်ပါတယ်။ မကောင်းတဲ့အရာပဲဆိုလိုတာ မဟုတ်ပါဘူး။သတိပေးချက်တစ်ခုလည်း ဖြစ်ပါတယ်။
🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀
💼 အလုပ် / စီးပွား
မလိုအပ်တဲ့ စာချုပ်၊ အကြွေး၊ တာဝန်များနဲ့ ချုပ်နှောင်ခံနေရသလို ခံစားရနိုင်ပါတယ်။ ငွေကြေးဆိုင်ရာ ဆုံးဖြတ်ချက်တွေမှာ လောဘမဖြစ်ပါနဲ့။ သင့်အတွက် အလွန်ဆွဲဆောင်မှုရှိတဲ့ အခွင့်အရေးတစ်ခု ရှိလာနိုင်ပေမယ့် နောက်ကွယ်မှာ အန္တရာယ်ရှိနိုင်ပါတယ်။
🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀
👉 အကြံပြုချက်
စာချုပ်တစ်ခုခုမှာ လက်မှတ်ထိုးမယ်ဆိုရင် သေချာစစ်ဆေးပါ။
🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀
❤️ အချစ်ရေး
မကောင်းတဲ့ ဆက်ဆံရေးတစ်ခုထဲမှာ ပိတ်မိနေသလို ဖြစ်တတ်ပါတယ်။
စွဲလမ်းမှု၊ မနာလိုမှုများ ဖြစ်လာနိုင်ပါတယ်။လက်ရှိရည်းစား/အိမ်ထောင်ဖက်နဲ့ ပိုမိုဆွေးနွေးဖို့ လိုပါတယ်။
👉 သင့်ကို မကောင်းတဲ့ စိတ်ခံစားချက်တွေ ဖြစ်စေတဲ့ လူတစ်ယောက်ရှိရင် သင့်ဘက်က ကန့်သတ်ထားဖို့ လိုပါတယ်။
🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀
🧠 စိတ်ပိုင်းဆိုင်ရာ
ကိုယ့်စိတ်ကို ကိုယ်ပဲ ချုပ်နှောင်ထားနေတာ ဖြစ်နိုင်ပါတယ်။
“မဖြစ်နိုင်ဘူး” လို့ထင်နေတဲ့ အတွေးတွေက အမှန် မဟုတ်နိုင်ပါဘူး။
မကောင်းတဲ့ အလေ့အထတွေ... အထူးသဖြင့် (သောက်စားမှု ၊ အွန်လိုင်းစွဲလမ်းမှု စသည်) တွေကို လျှော့ချဖို့လိုအပ်တဲ့ လ ဖြစ်ပါတယ်။
🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀 🍀
🌟 မတ်လဟာ
👉 ကိုယ့်အမှားတွေကို သိမြင်ဖို့....
👉 မကောင်းတဲ့ အလေ့အထကို ဖြတ်တောက်ဖို့....
👉 ကိုယ့်တန်ဖိုးကို ပြန်လည်သိမြင်ဖို့........
#အကောင်းဆုံးအချိန် ဖြစ်ပါတယ်။
🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀
#သင့်အတွက်ကံကောင်းစေသောတစ်လတာဖြစ်ပါစေ
✨️✨️✨️✨️✨️✨️✨️✨️✨️✨️✨️✨️
#ဗေဒင်အကြားအမြင်နှင့်ယတြာအစီအရင်ကိစ္စမေးမြန်းစုံစမ်းရန်
☎️ 09425815671 , 09250289425
#ဆရာမနွယ်ဇေဝါလင်း

#ဆောင်းထီးဖြူဓါတ်နန်း

 #နေ့မဟာဘုတ် #အထွန်းကိုဆောင် #အပုပ်ကိုရှောင် #အရေးကြီးကိစ္စများဆောင်ရွက်မည်ဆိုပါက #မည်သူမဆို_မည်သည့်နေ့သားမဆို.... #တနင်...
17/02/2026

#နေ့မဟာဘုတ်
#အထွန်းကိုဆောင်
#အပုပ်ကိုရှောင်
#အရေးကြီးကိစ္စများဆောင်ရွက်မည်ဆိုပါက
#မည်သူမဆို_မည်သည့်နေ့သားမဆို....

#တနင်္ဂနွေနေ့တွင် ဆောင်ရွက်မည်ဆိုပါက... အဖြူရောင်ပါဝင်သော အသုံး အဆောင်ပစ္စည်းများကို ရှောင်သင့်သည်။ အရှေ့အရပ်သို့ ခရီးယာယီ မသွားသင့်။ အနီရောင်၊အနက်ရောင် ပါရှိသော အသုံး အဆောင်ပစ္စည်းများကို ဆောင်သင့်သည်။ ခရီးယာယီအဖြစ် အနောက် တောင်ထောင့်အရပ် အကျိုးပြုသည်။

#တနင်္လာနေ့တွင် ဆောင်ရွက်မည်ဆိုပါက... အစိမ်းရောင်ပါဝင်သော အသုံး အဆောင်ပစ္စည်းများကို ရှောင်သင့်သည်။ အရှေ့တောင်ထောင့်အရပ်သို့ ခရီးယာယီ မသွားသင့်။ အညိုရောင် ပါရှိသောအသုံး အဆောင်ပစ္စည်းများကို ဆောင်သင့်သည်။ ခရီးယာယီအဖြစ် အရှေ့မြောက်ထောင့်အရပ် အကျိုးပြုသည်။

#အင်္ဂါနေ့တွင် ဆောင်ရွက်မည်ဆိုပါက... အဝါရောင်ပါဝင်သော အသုံး အဆောင်ပစ္စည်းများကို ရှောင်သင့်သည်။ တောင်အရပ် နှင့် အနောက်မြောက်ထောင့်အရပ်သို့ ခရီးယာယီ မသွားသင့်။ အဖြူရောင် ပါရှိသောအသုံးအဆောင်ပစ္စည်းများကို ဆောင်သင့်သည်။ ခရီးယာယီအဖြစ် အရှေ့အရပ် အကျိုးပြုသည်။

#ဗုဒ္ဓဟူးနေ့တွင် ဆောင်ရွက်မည်ဆိုပါက... အပြာရောင် နှင့် အရောင်မှိုင်းများ ပါဝင်သော အသုံးအဆောင်ပစ္စည်းများကို ရှောင်သင့်သည်။ အနောက် အရပ်သို့ ခရီးယာယီ မသွားသင့်။ အစိမ်းရောင် ပါရှိသောအသုံးအဆောင်ပစ္စည်းများကို ဆောင်သင့်သည်။ ခရီးယာယီအဖြစ် အရှေ့ တောင်ထောင့်အရပ် အကျိုးပြုသည်။

#ကြာသပတေးနေ့တွင် ဆောင်ရွက်မည်ဆိုပါက... အဖြူရောင် နှင့် အဖြူမှိုင်းရောင်များ ပါဝင်သော အသုံးအဆောင်ပစ္စည်းများကို ရှောင်သင့်သည်။ မြောက်ဘက် အရပ်သို့ ခရီးယာယီ မသွားသင့်။ အဝါရောင် ပါရှိသောအသုံးအဆောင်ပစ္စည်းများကို ဆောင်သင့်သည်။ ခရီးယာယီအဖြစ် တောင်အရပ် ၊ အနောက် မြောက်ထောင့်အရပ် အကျိုးပြုသည်။

#သောကြာနေ့တွင် ဆောင်ရွက်မည်ဆိုပါက... အနီရောင် နှင့် အနက်ရောင်များ ပါဝင်သော အသုံးအဆောင်ပစ္စည်းများကို ရှောင်သင့်သည်။ အနောက်တောင်ထောင့်အရပ်သို့ ခရီးယာယီ မသွားသင့်။ အပြာရောင် ပါရှိသောအသုံးအဆောင်ပစ္စည်းများကို ဆောင်သင့်သည်။ ခရီးယာယီအဖြစ် အနောက်အရပ် အကျိုးပြုသည်။

#စနေနေ့တွင် ဆောင်ရွက်မည်ဆိုပါက... အညိုရောင် ပါဝင်သော အသုံးအဆောင်ပစ္စည်းများကို ရှောင်သင့်သည်။ အရှေ့မြောက်ထောင့်အရပ်သို့ ခရီးယာယီ မသွားသင့်။ အဖြူဖျော့ရောင် ပါရှိသောအသုံးအဆောင်ပစ္စည်းများကို ဆောင်သင့်သည်။ ခရီးယာယီအဖြစ် အရှေ့တောင်ထောင့်အရပ် အကျိုးပြုသည်။
☸️အဆင်ပြေအောင်မြင်ကြပါစေ ☸️
#စေတီတစ်ထောင်စမတစ်ထောင်
#ဆရာမနွယ်ဇေဝါလင်း
#အကြားအမြင်ဝိဇ္ဇာပညာ
#ဆောင်းထီးဖြူဓါတ်နန်း

 #ဘေးကင်းလာဘ်ရအဓိဌာန်ကျင့်စဥ်☸️☸️☸️☸️☸️☸️☸️☸️☸️☸️☸️☸️နံနက်စောစော အိပ်ရာမှ ထပါ။ ရေဖြည့်ထားတဲ့ ရေဖလားကို လက်နှစ်ဘက်ဖြင့် က...
14/02/2026

#ဘေးကင်းလာဘ်ရအဓိဌာန်ကျင့်စဥ်
☸️☸️☸️☸️☸️☸️☸️☸️☸️☸️☸️☸️
နံနက်စောစော အိပ်ရာမှ ထပါ။ ရေဖြည့်ထားတဲ့ ရေဖလားကို လက်နှစ်ဘက်ဖြင့် ကိုင်ထားပါ။
"နမောတဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဒဿ " ၉ ကြိမ်ရွတ်ပါ။
"ဗုဒ္ဓေါ မေ သရဏံ အညံနတ္ထိ ၊ ဓမ္မော မေ သရဏံ အညံနတ္တိ ၊ သံဃော မေ သရဏံ အညံနတ္ထိ" ၉ ကြိမ် ရွတ်ပါ။
"ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ ၊ သံဃံ သရဏံ ဂစ္ဆာမိ" ၉ကြိမ် ရွတ်ပါ။
#လာဘ်လာဘလိုချင်ရင် ....
ရေထဲကို လက်ညှိုးဖြင့် ညာဘက်ရစ် မွှေပါ။
#ဘေးရန်ကင်းချင်ရင်.....
ရေထဲကို လက်ညှိုးဖြင့် ဘယ်ဘက်ရစ် မွှေပါ။
အဆိုပါ ရေဖြင့် မျက်နှာသစ် ၊ သွားတိုက် ၊ ခံတွင်းဆေးပါ။ ၄၉ ရက် ဆက်တိုက် ဆောင်ရွက်ကြည့်ပါ... ထူးခြားမှုကို ကြုံတွေ့ ရပါလိမ့်မယ်။
မည်သည့်အလုပ်မဆို .... အပြိုင်အဆိုင် ၊ အတိုက်အခိုက် ၊ လာဘ်လာဘပိတ်ဆို့မှု ၊ နိမ့်ကျမှု .... အစရှိသဖြင့် ဆောင်ရွက်နိုင်ပါတယ်။ ။
☸️အဆင်ပြေအောင်မြင်ကြပါစေ ☸️
#စေတီတစ်ထောင်စမတစ်ထောင်
#ဆရာမနွယ်ဇေဝါလင်း
#အကြားအမြင်ဝိဇ္ဇာပညာ
#ဆောင်းထီးဖြူဓါတ်နန်း

🔮🌻ဆောင်းထီးဖြူဓါတ်နန်း🌻🔮🪷ခုနစ်ရက်သားသမီးများအတွက် တစ်ပတ်တာ 🪷 #နွယ်ဇေဝါလင်း #ဆောင်းထီးဖြူ
11/02/2026

🔮🌻ဆောင်းထီးဖြူဓါတ်နန်း🌻🔮
🪷ခုနစ်ရက်သားသမီးများအတွက် တစ်ပတ်တာ 🪷
#နွယ်ဇေဝါလင်း
#ဆောင်းထီးဖြူ

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Empress Tarot posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram