Your Doctor-Health Education

Your Doctor-Health Education Empowering minds for a healthier tomorrow 🩺🥼

“အားဖြည့်အချိုရည်တွေက တကယ်ပဲ အားဖြစ်စေတာလား “ ❓🔹 ခုခေတ်မှာဆိုရင် energy drink လို့ခေါ်တဲ့ အားဖြည့်အချိုရည်တွေဟာ လူတိုင်း...
25/10/2025

“အားဖြည့်အချိုရည်တွေက တကယ်ပဲ အားဖြစ်စေတာလား “ ❓

🔹 ခုခေတ်မှာဆိုရင် energy drink လို့ခေါ်တဲ့ အားဖြည့်အချိုရည်တွေဟာ လူတိုင်း ကြိုက်လဲကြိုက်ကြသလို သောက်လဲ သောက်နေကြပါတယ်

🔹 ဆိုတော့..သူ့ရဲ့နာမည်အတိုင်း တကယ်ပဲ အားဖြစ်စေတာလား၊ energy drink ထဲမှာဘာပါဝင်ပစ္စည်းတွေပါလဲ၊ ဘာဘေးထွက်ဆိုးကျိုးတွေရန်ိုင်လဲ၊ အရက်နဲ့တွဲသောက်တာရော ကောင်းရဲ့လား၊ တစ်ရက်မှာ ဘယ်လောက်ထိပဲ သောက်သင့်လဲ၊ ဘယ်သူတွေက လုံးဝ မသောက်သင့်ဘူးလဲစတဲ့ အကြောင်းအရာ အပြည့်အစုံကိုပြောပြပေးသွားမှာပဲ ဖြစ်ပါတယ်ဗျ

🔹 အရင်ဦးဆုံး energy drink တွေဆိုတာ ဘယ်လိုမျိုးဟာတွေကို ခေါ်လဲပေါ့

🔹 အမြင်သာဆုံးပြောပြမယ်ဆိုရင်တော့ လူသောက်များတဲ့ shark, ကျွဲရိုင်း, ကျွဲစိမ်း, lipo စတာတွေကို energy drink လို့ခေါ်ပါတယ်

🔹 Energy drink နဲ့ တခြားသာမန် အချိုရည်တွေနဲ့ကမတူဘူးပေါ့နော်

🔹 သာမန်အချိုရည်တွေဆိုတာ ဘာလဲဆိုရင် Coca Cola တို့ sprite တို့ ကိုပြောတာပေါ့

🔹 နောက်အမျိုးအစားတစ်မျိုးဖြစ်တဲ့ pocari sweat တို့ royal D တို့လို ဓာတ်ဆားအချိုရည်အမျိုးအစားလဲရှိပါသေးတယ်

🔹 ဒီအမျိုးအစား သုံးမျိုးဖြစ်တဲ့ energy drink, ရိုးရိုးအချိုရည်, ဓာတ်ဆားအချိုရည်တွေထဲမှာဆိုရင် ဓာတ်ဆားအချိုရည်ကတော့ ကျန်းမာရေးနဲ့အသင့်တော်ဆုံးပဲလို့ပြောလို့ရပါတယ်

🔹 ဒီထဲမှာ energy drink ကတော့ အချိုဓာတ်အများဆုံးနဲ့ ကျန်းမာရေးကို အထိခိုက်နိုင်ဆုံးပဲ ဖြစ်ပါတယ်ဗျ

🔹 ကဲ..အဲ့တာဆို energy drink တွေက တကယ်ပဲ အားဖြစ်စေတာလား သူ့ထဲမှာ ဘာတွေပါတာလဲဆိုတာ ဆက်ပြီးကြည့်လိုက်ရအောင်ဗျ

🔹 အားဖြည့်အချိုရည်တွေထဲမှာဆိုရင် အများဆုံးကတော့ သကြားဓာတ်ပေါ့ energy drink တွေထဲမှာ ပါတဲ့ သကြားဓာတ်ပမာဏဟာ တခြားအချိုရည်တွေဖြစ်တဲ့ cola တို့ Pepsi တို့ထဲပါတာထက်တောင် များနေပါသေးတယ်

🔹 နောက်ပြီးတော့ ကော်ဖီတွေထဲမှာပါတဲ့ caffeine ဓာတ်လဲ energy drink တွေထဲမှာပါပါသေးတယ် ဒီမှာလဲ energy drink တွေထဲမှာပါတဲ့ caffeine ဓာတ်က ကော်ဖီမှာပါတာထက် အများကြီးပိုများတယ်ပေါ့နော်

🔹 ဒါ့အပြင် amino acid တစ်မျိုးဖြစ်ပြီး အာရုံကြောနဲ့ကြွက်သားတွေကို ထောက်ပံ့ပေးတဲ့ taurine ဓာတ်တွေ ၊ vitamin B တွေ၊ Carnitine ဓာတ်တွေ၊ Ginseng ဓာတ်တွေလဲပါပါသေးတယ်ဗျ

🔹 ဆိုတော့..သကြားဓာတ်တွေလဲပါတယ် ၊ စိတ်ကိုနိုးကြားစေတဲ့ caffeine ဓာတ်တွေလဲပါတယ်၊ တခြား vitamin ဓာတ်တွေတို့ Ginseng တွေလဲပါတော့ အားကတော့ ဖြစ်စေတယ်ပေါ့နော်

🔹 စိတ်ကိုလန်းဆန်းတက်ကြွစေတယ်၊ အားဖြစ်စေတယ် စတဲ့ ကောင်းကျိုးတွေ ရှိတယ်ဆိုပေမဲ့ ဆိုးကျိုးတွေလဲရှိသေးပါတယ်

🔹 ဆိုတော့…ဘာဆိုးကျိုးတွေရှိလဲဆိုတာ ဆက်ပြီးပြောပြပေးမယ်နော်

🔹 energy drink တွေဆိုတာဟာ သောက်ပြီးပြီးချင်းမှာ အားရှိတယ် လန်းတယ်ဆိုတာမှန်ပေမဲ့ သူ့အာနိသင်ကုန်သွားတဲ့အခါ နုံးတာ၊ မောပန်းတာတွေ ဖြစ်စေနိုင်ပါတယ်ဗျ

🔹 နောက်ပြီး သူ့မှာ သကြားဓာတ်တွေ အများကြီးပါနေတဲ့အတွက် သောက်လိုက်တာနဲ့ သွေးတွင်း သကြားဓာတ်တွေ တဟုန်ထိုး ဆောင့်တက်သွားတာကြောင့် ဆီးချိုရောဂါ၊ အဝလွန်တာတွေလဲ ဖြစ်စေနိုင်ပါတယ်နော်

🔹 နောက်တစ်ခု caffeine ဓာတ်လဲပါနေတာကြောင့် ကော်ဖီသောက်ရင် လက်တုန်၊ ရင်တုန်တယ်၊ ညအိပ်ခါနီးသောက်ရင် အိပ်မရဘူး မျက်လုံးကြောင်နေတယ် စတဲ့ ဆိုးကျိုးတွေက energy drink တွေသောက်တာကနေလဲ ရနိုင်ပါတယ်

🔹 Energy drink တွေကပိုတောင်ဆိုးစေနိုင်ပါတယ် ဘာ့လို့လဲဆိုတော့ သူ့မှာ caffeine ဓာတ်တွေ အများကြီးပိုပါနေတာကို အဲ့တာမို့ စွဲလဲစွဲနိုင်ပါတယ်

🔹 ရင်ခနခနတုန်တာဖြစ်တယ်ဆိုရင် နောက်ပိုင်းကြာလာရင် နှလုံးရောဂါထိပါ ဖြစ်သွားစေနိုင်ပါတယ်ဗျ

🔹 ဒါ့အပြင် သူ့မှာ အရောင်၊ အနံ့၊ အရသာအတွက် chemical တွေပါနေတာကြောင့် ရေရှည်မှာ ကျောက်ကပ်ပြဿနာတွေလဲ ဖြစ်လာနိုင်ပါတယ်နော်

🔹 ခုလို အားဖြည့်အချိုရည်တွေကို တချို့ကလဲ အရက်နဲ့တွဲသောက်တတ်ကြပါတယ် အရက်က လူကို မိန်းမောစေတယ် energy drink တွေက လူကိုလန်းဆန်းတက်ကြွစေတယ်

🔹 သူတို့နှစ်ခုရဲ့ အာနိသင်က ဆန့်ကျင်ဘက်တွေ ဖြစ်နေတော့ အရက်သိပ်မမူးအောင်၊ ပိုသောက်နိုင်အောင်ဆိုပြီး အရက်နဲ့တွဲသောက်တတ်ကြပါတယ်

🔹 တကယ်တော့ ဒီလိုလုပ်တာ အန္တရာယ်များပါတယ်ဗျ

🔹 ဘာ့လို့လဲဆိုတော့ အရက်နဲ့ energy drink တွဲသောက်တော့ တော်ရုံမမူးတော့ဘူး အဲ့တော့ ဆက်ဆက်သောက်ရင်းနဲ့ သောက်တာ အရမ်းများသွားတယ်ပေါ့နော်

🔹 အဲ့လိုနဲ့ energy drink တွေရဲ့ အာနိသင်ကုန်သွားတဲ့ချိန်ကျ ဒုက္ခရောက်တော့တာပဲ ဖြစ်ပါတယ်

🔹 အဲ့တာမို့ အရက်နဲ့ energy drink တွဲသောက်တာမျိုးက မလုပ်သင့်ပါဘူးခင်ဗျ

🔹 ဆိုတော့…ခုလို အားဖြည့်အချိုရည်တွေကို ဘယ်လောက်ပဲသောက်သင့်လဲပေါ့နော်

🔹 တစ်ရက်ကို ဘယ်နှဘူးပဲသောက် စသဖြင့်ကတော့ ပြောဖို့ခက်ပါတယ်

🔹 တံဆိပ်တစ်ခုနဲ့တစ်ခုက ပါဝင်ပစ္စည်း ပမာဏက တစ်ခုနဲ့တစ်ခု တူမှမတူပဲကို

🔹 ဒါပေမဲ့ ဘယ်အားဖြည့်အချိုရည်မဆို တခါတလေ မှသာသောက်သင့်ပါတယ် တခါတလေဆိုတာက ကိုယ်ကစာမေးပွဲရှိလို့၊ ဒီည အလုပ်လုပ်ရမှာမို့၊ ခရီးဝေးကားမောင်းရမှာမို့ စသဖြင့် တကယ်သောက်ဖို့လိုအပ်တဲ့ အချိန် တခါတရံမှသာသောက်သင့်ပါတယ်ဗျ

🔹 အကြမ်းအားဖြင့် တစ်ပတ်ကို နှစ်ဘူး သုံးဘူး အများဆုံးပဲပေါ့နော် နေ့တိုင်းလဲ မသောက်သင့်ပါဘူးဗျ

🔹 ခုပြောသလို တခါတရံပဲသောက်ရင်တော့ ဒါကောင်းတယ်ပေါ့နော် လူကို သိပ်ထိခိုက်စေမှာ မဟုတ်ပါဘူးဗျ

🔹 နောက်ဆုံးတစ်ချက်အနေနဲ့ကတော့ ခုလို အားဖြည့်အချိုရည်တွေကို ဘယ်လိုမျိုးလူတွေက လုံးဝ မသောက်သင့်ဘူးလဲဆိုတာပေါ့ 🙅🏻‍♂️

🔹 သူ့မှာ အချိုဓာတ်တွေအများကြီးပါတော့ ဆီးချိုရှိသူတွေ လုံးဝ လုံးဝ မသောက်သင့်ပါဘူး ဒါတော့ လူဆိုင်း သိပြီးသားဖြစ်ကြမှာပါ

🔹 နောက်ထပ်ကတော့ ကလေးတွေပေါ့နော် အကြမ်းအားဖြင့် အသက် ဆယ့်လေးနှစ်အောက် ကလေးတွေဆိုရင် မသောက်သင့်ပါဘူး

🔹 အဲ့အရွယ်တည်းက အားဖြည့်အချိုရည်တွေသောက်လာမယ်ဆိုရင် စွဲနိုင်ခြေပိုများပြီး ကျန်းမာရေးလဲ ထိခိုက်စေန်ိုင်ပါတယ်ဗျ

🔹 နောက်တစ်ယောက်ကတော့ ကိုယ်ဝန်သည်တွေပေါ့နော် ဗိုက်ထဲက ကလေးငယ်ဆိုတာက မိခင်ဆီကနေ အာဟာရဓာတ်ယူပြီးရှင်သန်နေရတာမို့ မိခင်စားသောက်သမျှက ရင်သွေးငယ်ဆီလဲရောက်သွားနိုင်ပြီး အန္တရာယ် ဖြစ်စေနိုင်လို့ပဲဖြစ်ပါတယ်ဗျ

🔹 ကဲ..ခုဆိုရင်တော့ အားဖြည့်အချိုရည်ဖြစ်တဲ့ energy drink တွေ အကြောင်းကိုသေချာနားလည်သွားပြီလို့ ယုံကြည်ပါတယ်

🔹 ခုလိုအကြောင်းအရာတွေဆိုတာက လူတိုင်းသိထားသင့်တာမို့ တခြားသူတွေလဲ သိသွားအောင် share သွားပေးပါဦးနော်

🔹 နောက်နေ့တွေမှာလဲ ပိုပြီးတော့စိတ်ဝင်စားဖို့ကောင်းတဲ့ကျန်းမာရေးဗဟုသုတတွေနဲ့အတူ ပြန်လာခဲ့ပါမယ်နော်

🔹 ခုလို စိတ်ဝင်စားဖို့ကောင်းတဲ့ ကျန်းမာရေးဗဟုသုတတွေ သိရဖို့ Your Doctor page, YouTube Channel တွေကို follow & subscribe လုပ်ထားဖို့လဲ မမေ့ပါနဲ့ဦးနော် 👨‍⚕️🩺

👉🏻 Facebook - https://www.facebook.com/share/F9dLHzsSeYSTkafk/?mibextid=LQQJ4d

👉🏻YouTube Channel - https://youtube.com/?si=QzuOcV5Z6fi13Dbx

“ မီးပိုးကောင်က အသက်အန္တရာယ်ဖြစ်စေနိုင်လား ❓ “ ခုလိုမိုးရာသီကုန် ဆောင်းရာသီကူးခါနီးချိန်မှာဆိုရင် မီးပိုးကောင် အကြောင်း ...
12/10/2025

“ မီးပိုးကောင်က အသက်အန္တရာယ်ဖြစ်စေနိုင်လား ❓ “

ခုလိုမိုးရာသီကုန် ဆောင်းရာသီကူးခါနီးချိန်မှာဆိုရင် မီးပိုးကောင် အကြောင်း လူပြောများလာသလို အရေပြားပြဿနာဖြစ်တဲ့သူတွေလဲ များလာပါတယ် 🤧

ဆိုတော့..ခု post ထဲမှာဆိုရင် မီးပိုးကောင်ဆိုတာ ဘယ်လိုကောင်လဲ၊ လူကိုဘယ်လိုထိခိုက်စေတာလဲ၊ ဘယ်ချိန်မှာထွက်တတ်ပြီး ဘာတွေကိုကြိုက်တတ်လဲ ဆိုတဲ့ မီးပိုးကောင် အကြောင်း အပြင် ဘယ်လိုကာကွယ်ရမလဲ၊ ဘယ်လိုကုသလို့ရမလဲ ဆိုတဲ့ အကြောင်းအရာအပြည့်အစုံကိုပြောပြပေးသွားမှာပဲ ဖြစ်ပါတယ်ဗျ 💁🏻‍♂️

🔹 အရင်ဦးဆုံး မီးပိုးကောင်အကြောင်းကို စပြီး ပြောပြပေးသွားပါမယ်နော်

🔹 မီးပိုးကောင်ကိုတော့ အင်္ဂလိပ်လိုဆိုရင် paederus beetle လို့ခေါ်ပါတယ် ကမ္ဘာပေါ်မှာဆိုရင် paederus beetle မျိုးစိတ်ပေါင်း (600) ကျော်ရှိတဲ့ထဲကမှ မျိုးစိတ်အနည်းငယ်ကပဲ လူတွေမှာ အရေပြားပြဿနာဖြစ်စေပါတယ်

🔹 သူ့ရဲ့ပုံစံဟာဆိုရင်တော့ လိမ္မော်ရောင်နဲ့ အနက်ရောင်စပ်ကြား သေးသေးရှည်ရှည်ပုံစံလေးရှိပါတယ် ရုတ်တရက်ကြည့်မယ်ဆိုရင် ပုရွက်ဆိတ်နဲ့ပုံစံတူပါတယ်ဗျ

🔹 မီးပိုးကောင်တွေကိုတော့ အပူပိုင်းဒေသတွေဖြစ်တဲ့ အာဖရိက၊ အာရှနဲ့ တောင်အမေရိကတိုက်တွေမှာ တွေ့ရများပါတယ်ဗျ

🔹 သူတို့ဟာဆိုရင် ညဘက်မှာ ထွက်ကြတာများပြီးတော့ မီးရောင်ကိုကြိုက်ကြပါတယ် စိုထိုင်းဆများပြီး အင်းဆက်တွေပေါက်ဖွားတဲ့ရာသီဖြစ်တဲ့ မိုးရာသီကုန် ဆောင်းရာသီကူးခါနီးအချိန်တွေမှာ ပိုတွေ့ရများလို့ ခုလိုအချိန်မျိုးတွေမှာပဲ လူတွေမှာ ပြဿနာ ဖြစ်ကြတာများတယ်ပေါ့နော်

🔹 မီးပိုးကောင်တွေဟာဆိုရင် လယ်ခင်း၊ ယာခင်းတွေ၊ မြစ်ဘေးနားတွေ၊ အပင်များပြီး ခြုံထူတဲ့နေရာတွေမှာ နေတာများလို့ ကိုယ်ရဲ အိမ်ပတ်ဝန်းကျင်မှာ စိုက်ခင်းရှိတယ် အပင်တွေများတယ်ဆို ပိုပြီးသတိထားဖို့လိုပါမယ်ဗျ

🔹 ကဲ..မီးပိုးကောင် အကြောင်း ပြောပြပြီးပြီဆိုတော့ လူတွေကို ဘယ်လိုအန္တရာယ် ဖြစ်စေတာလဲဆိုတဲ့ အကြောင်းကိုဆက်ကြည့်လိုက်ရအောင်နော်

🔹 အပြင်မှာတော့ မီးပိုးကောင်ကိုက်တယ် တုပ်တယ်ဘာညာဆိုပြီး ပြောကြပေမဲ့ တကယ်က မီးပိုးကောင်က တုပ်လဲမတုပ်သလို ကိုက်လဲမကိုက်ပါဘူးဗျ

🔹 သူ့ရဲ့ ခန္ဓာကိုယ်ထဲကနေထွက်တဲ့ paederin လို့ခေါ်တဲ့ toxin ကြောင့်သာ သူသွားတဲ့လမ်းတစ်လျှောက် အရေပြားလောင်သွားပြီး ပူစပ်ပူလောင်ဖြစ်တယ် နာတယ် စတာတွေ ဖြစ်လာတာပဲဖြစ်ပါတယ်

🔹 ကျွန်တော်တို့ ဆေးပညာအခေါ်အဝေါ်အရဆိုရင်တော့ Paederus dermatitis လို့ ခေါ်တယ်ပေါ့နော်

🔹 မီးပိုးကောင်ကြောင့် အရေပြားလောင်ပြီဆိုရင် (24) နာရီအတွင်း အရေပြားက ရဲလာမယ် နာလာမယ် ပူစပ်ပူလောင်ဖြစ်လာမယ် အရေကြည်ဖုတွေ ထတာတွေ ဖြစ်လာတတ်ပါတယ်ဗျ

🔹 ပုံမှန်ဆိုရင်တော့ နှစ်ပတ်၊သုံးပတ်လောက်ဆိုရင် အနာက သူ့ဟာသူပျောက်ပြီး ကွာကျသွားတတ်ပါတယ်

🔹 ဆိုတော့…နောက်တစ်ခုအနေနဲ့ မီးပိုးကောင် အန္တရာယ် ဘယ်လိုကာကွယ်ကြမလဲ 🤔

🔹 မီးပိုးကောင်က အပင်တွေ၊ စိုက်ခင်းတွေမှာ နေကြတာမို့ ကိုယ့်အိမ်ပတ်ဝန်းကျင်မှာ အပင်တွေ၊ ခြုံတွေများပြီးရှုပ်ပွနေတာမျိုးရှိရင် ရှင်းပစ်ပါ

🔹 မီးပိုးကောင်အိမ်ထဲဝင်မလာအောင် အိမ် ပြတင်းပေါက်တွေမှာ ခြင်လုံဇကာတပ်တာမျိုးတွေ၊ ခြင်ထောင်နဲ့အိပ်တာမျိုးတွေ၊ အင်္ကျီ လက်ရှည်၊ ဘောင်းဘီလက်ရှည် ဝတ်အိပ်တာမျိုးတွေ ၊ ညအိပ်ရင် မီးပိတ်အိပ်တာမျိုးတွေ လုပ်လို့ရပါတယ်ဗျ

🔹 တခါတလေ အိပ်ရာတွေ၊ အဝတ်အစားတွေမှာ မီးပိုးကောင်တွေ ကပ်နေတတ်လို့ မအိပ်ခင်မှာ အိပ်ရာခင်းခါတာမျိုး၊ အဝတ်အစားတွေ ခါပြီးမှ ဝတ်တဲ့အကျင့်လုပ်ထားပေးပါ

🔹 မီးပိုးကောင်က ကိုယ့်အပေါ်လာတက်လာတာမျိုး၊ တစ်ခုခုပေါ်ရှိနေတာမျိုးတွေ့ရင်လဲ ကိုယ့်ရဲ့လက်နဲ့တိုက်ရိုက်ကြီး သွားမထိိမိဖို့၊ ပွတ်ဆွဲပြီး မခြေမိဖို့အရေကြီးပါတယ်

🔹 လေနဲ့မှုတ်ထုတ်လိုက်တာမျိုး၊ တစ်ရှူးနဲ့ဖယ်လိုက်တာမျိုး တွေ လုပ်ပေးလို့ရပါတယ်

🔹 ဒီနေရာမှာတစ်ခု သတိထားဖို့လိုတာက မီးပိုးကောင်အရှင်မဟုတ်ဘဲ မီးပိုးကောင် အသေ တွေ့ရင်လဲ ကိုယ့်လက်နဲ့တိုက်ရိုက်သွားမကိုင်ပါနဲ့ဗျ

🔹 သေနေပေမဲ့ခန္ဓာကိုယ်ထဲမှာ အဆိပ်တွေကျန်နေတတ်ပြီး ကိုယ့်အရေပြားလောင်သွားနိုင်လို့ပါ

🔹 တကယ်လို့ မီးပိုးကောင်အကြောင့် အရေပြောင်းလောင်သွားခဲ့ပြီဆိုရင်လဲ အရမ်းကြီးစိတ်ပူစရာမလိုပါဘူးဗျ

🔹 သိသိချင်းမှာပဲ အဲ့နေရာကို ရေနဲ့ဆပ်ပြာနဲ့သေချာဆေးပေးပါ အယောင်သက်သာအောင် ရေခဲ (15) min ဝန်းကျင်ကပ်ပေးထားတာမျိုးလုပ်ပေးပါ

🔹 ယောင်တာ၊ နီတာတွေ သက်သာအောင် anti-histamine ဆေးတွေဖြစ်တဲ့ Burmeton တို့၊ certizine တို့သောက်လို့ရပါတယ်

🔹 နောက်ပြီးတော့ ရဲနေတဲ့အရေပြားနေရာကို steroid အပျော့စားဖြစ်တဲ့ hydrocortisone cream လိမ်းပေးလို့လဲရပါတယ်ဗျ

🔹 အရေးကြီးတာက အဲ့နေရာကို အတင်းကုတ်တာ၊ ဖဲ့တာမျိုးတွေ မလုပ်ပါနဲ့ 🙅🏻‍♂️

🔹 အဲ့လိုလုပ်လိုက်တော့မှာ bacteria တွေ ဝင်သွားနိုင်တယ်ပေါ့နော်

🔹 ဆိုတော့..နောက်ဆုံးတစ်ခုအနေနဲ့ မီးပိုးကောင်က အသက်အန္တရာယ်စိုးရိမ်နိုင်လားပေါ့

🔹 အသက်အန္တရာယ် ထိခိုက်တဲ့ထိတော့ မဖြစ်စေနိုင်ပါဘူး

🔹 ပုံမှန်ဆိုရင် ဆေးခန်းပြဖို့တောင်မလိုဘဲ အဲ့နေရာကို သန့်သန့်ရှင်းရှင်းထားမယ် ကုတ်တာ၊ဖဲ့တာမျိုးတွေ မလုပ်ဘူးဆိုရင် နှစ်ပတ်၊ သုံးပတ်လောက်နေရင် ပြန်ပျောက်သွားတယ်ပေါ့နော်

🔹 ဒါပေမဲ့ အရေပြားလောင်သွားတဲ့နေရာက အရမ်းကြီးတာမျိုး၊ မျက်လုံးတဝိုက်မှာ ဖြစ်တာမျိုး၊ အသက်ရှုကြပ်လာတာမျိုး ဆိုရင်တော့ နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းပြသပြီး ကုသမှုခံယူဖို့လိုပါတယ်ဗျ

🔹 ကဲ…ခုဆိုရင်တော့ မီးပိုးကောင် အကြောင်း အားလုံး သေချာသိသွားပြီလို့ ယုံကြည်ပါတယ်

🔹 ခုချိန်ကဆောင်းလဲဝင်တော့မှာဆိုတော့ တခြားသူတွေလဲ မီးပိုးကောင်အန္တရာယ်ကနေ ကာကွယ်နိုင်အောင် ခု post လေးကို share သွားပေးပါဦးနော်

🔹 နောက်နေ့တွေမှာလဲ ပိုပြီးတော့စိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်းအရာတွေနဲ့အတူ ပြန်လာခဲ့ပါမယ်ဗျ

🔹 ခုလို စိတ်ဝင်စားဖို့ကောင်းတဲ့ ကျန်းမာရေးဗဟုသုတတွေ သိရဖို့ Your Doctor page, YouTube Channel တွေကို follow & subscribe လုပ်ထားဖို့လဲ မမေ့ပါနဲ့ဦးနော် 👨‍⚕️🩺

👉🏻 Facebook - https://www.facebook.com/share/F9dLHzsSeYSTkafk/?mibextid=LQQJ4d

👉🏻YouTube Channel - https://youtube.com/?si=QzuOcV5Z6fi13Dbx

“ ဟင်းသီးဟင်းရွက်တွေက ဘာ့လ်ို့ကျန်းမာရေးကောင်းစေတာလဲ ❓ “ လူတိုင်း ဟင်းသီးဟင်းရွက်စားရင် ကျန်းမာရေးအတွက် အထောက်အကူပြုတယ်ဆ...
11/10/2025

“ ဟင်းသီးဟင်းရွက်တွေက ဘာ့လ်ို့ကျန်းမာရေးကောင်းစေတာလဲ ❓ “

လူတိုင်း ဟင်းသီးဟင်းရွက်စားရင် ကျန်းမာရေးအတွက် အထောက်အကူပြုတယ်ဆိုတာ သိကြမှာပါ

ဒါပေမဲ့ ဘာ့လို့ ကျန်းမာရေးအတွက် ကောင်းစေလဲဆိုတာကိုရော တွေးမိကြလားဗျ 🤔

ဒီနေ့မှာတော့ ဘယ်ဟင်းသီးဟင်းရွက်တွေက ဘယ်လိုကျန်မာရေးကောင်းဖို့ အထောက်အကူပြုလဲဆိုတာကိုပြောပြပေးသွားမှာပဲ ဖြစ်ပါတယ်ဗျ 🙆🏻‍♂️

🔹 အရင်ဦးဆုံး အစိမ်းရောင် အသီးအရွက်တွေကနေစပြီးကြည့်လိုက်ရအောင်နော်

🔹 ဂေါ်ဖီထုပ်၊ မုန်လာထုပ်၊ ကိုက်လန်၊ မြင်းခွါ စတာတွေမှာဆိုရင် cell တွေ ပျက်ဆီးတာကို ကာကွယ်ပေးတဲ့ anti-oxidant action ပါသလို အမျှင်ဓာတ်တွေလဲ များစွာပါဝင်လို့ အစားမှန် ဝမ်းမှန်စေပါတယ်ဗျ

🔹 နောက်တစ်ခု အစိမ်းရောင်အသီးတွေဖြစ်တဲ့ သခွါးသီးတို့၊ ဘူးသီးတို့၊ ကြက်ဟင်းခါးတွေဟာဆိုရင်လဲ ရေဓာတ်ကိုထိန်းပေးသလို သွေးတွင်းသကြားဓာတ်ပမာဏကိုလဲ ထိန်းညှိပေးပါတယ်နော်

🔹 အားလုံးသိကြတဲ့ မုန်လာဥနီမှာဆိုရင်လဲ vitamin A ဖြစ်လာမဲ့ beta-carotene ဓာတ်တွေကြွယ်ဝစွာပါလို့ အသားအရည်နဲ့ မျက်လုံးကျန်းမာရေးအတွက်ကောင်းစေပါတယ်

🔹 ခရမ်းချဉ်သီးမှာဆ်ိုရင်လဲ vitamin C နဲ့ potassium ဓာတ်တွေပါဝင်လို့ ကိုယ်ခံအားနဲ့ နှလုံးကျန်းမာရေးအတွက် အထောက်အကူပြုပါတယ်နော်

🔹 နောက်တစ်ခု အလှည့်ကျလာတာကတော့ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ကြက်သွန်မြိတ်တို့ အလှည့်ပဲ ဖြစ်ပါတယ်

🔹 သူတို့ဟာဆိုရင်လဲ သွေးပေါင်ချိန်ကျစေပြီး ခန္ဓာကိုယ်ထဲကမကောင်းတဲ့ cholesterol တွေကို ထိန်းညှိပေးတဲ့ အာနိသင်ရှိပါတယ်ဗျ

🔹 ဒါ့အပြင် ပိုးတွေကိုသေစေတဲ့ anti-microbial action ရှိသလို ကိုယ်ခံအားကိုလဲ ကောင်းစေပါတယ်နော်

🔹 နောက်ဆုံးအနေနဲ့ကတော့ ပဲတွေအကြောင်း ပြောပြပေးသွားမှာပဲ ဖြစ်ပါတယ်

🔹 ပဲစေ့တွေမှာဆိုရင် vitamin B, protein နဲ့ fiber ဓာတ်တွေပါဝင်နေလို့ ကျန်းမာရေးအတွက် ကောင်းမွန်စေပါတယ်နော်

🔹 ကျန်မာရေးကောင်းဖို့အတွက်ဆိုရင်ဟင်းသီးဟင်းရွက်၊အသီးအနှံ အစိမ်း၊အနီ ၊ အဝါ စတဲ့ အရောင်မျိုးစုံကို စားပေးဖို့လိုပါတယ်ခင်ဗျ

🔹 ကဲ…ခုဆိုရင်တော့ ဘာ့လို့ဟင်းဟီးဟင်းရွက်တွေက ကျန်းမာရေးကောင်းစေတယ်လို့ပြောကြလဲဆိုတဲ့ အကြောင်းအရင်းကို နားလည်သွားပြီလို့ ယုံကြည်ပါတယ်

🔹 ကိုယ့်ဘေးနားကလူတွေ၊ ကိုယ်ချစ်ရတဲ့သူတွေလဲ ခုလိုကျန်းမာရေးဗဟုသုတတွေသိပြီး ကျန်းမာစေဖို့ ခု post လေးကို share သွားပေးပါဦးနော် ❤️

🔹 နောက်နေ့တွေမှာလဲပိုပြီးတော့ စိတ်ဝင်စားဖို့ကောင်းတဲ့ ကျန်းမာရေးဗဟုသုတတွေနဲ့အတူ ပြန်လာခဲ့ပါမယ်ဗျ 👨🏼‍⚕️

🔹 ခုလို စိတ်ဝင်စားဖို့ကောင်းတဲ့ ကျန်းမာရေးဗဟုသုတတွေ သိရဖို့ Your Doctor page, YouTube Channel တွေကို follow & subscribe လုပ်ထားဖို့လဲ မမေ့ပါနဲ့ဦးနော် 👨‍⚕️🩺

👉🏻 Facebook - https://www.facebook.com/share/F9dLHzsSeYSTkafk/?mibextid=LQQJ4d

👉🏻YouTube Channel - https://youtube.com/?si=QzuOcV5Z6fi13Dbx

သီတင်းကျွတ်အခါသမယမှာ မြန်မာပြည်သူပြည်သားများအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး ပျော်ရွှင်ကြပါစေလို့ Your Doctor မှ ဆုမ...
06/10/2025

သီတင်းကျွတ်အခါသမယမှာ မြန်မာပြည်သူပြည်သားများအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး ပျော်ရွှင်ကြပါစေလို့ Your Doctor မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ဗျ 🎊👨🏼‍⚕️

#သီတင်းကျွတ်

“လိင်မှတဆင့်ကူးစက်နိုင်သောရောဂါများ” 🦠အားလုံးပဲ မင်္ဂလာပါ ဒီနေ့မှာတော့ ဘယ်ရောဂါတွေက လိင်မှတဆင့်ကူးစက်စေနိုင်လဲ၊ ဘယ်လိုရေ...
03/10/2025

“လိင်မှတဆင့်ကူးစက်နိုင်သောရောဂါများ” 🦠

အားလုံးပဲ မင်္ဂလာပါ ဒီနေ့မှာတော့ ဘယ်ရောဂါတွေက လိင်မှတဆင့်ကူးစက်စေနိုင်လဲ၊ ဘယ်လိုရောဂါလက္ခဏာတွေနဲ့ လာတတ်လဲ၊ ဘယ်လိုကာကွယ်ကုသရမလဲဆိုတဲ့ အကြောင်းအရာတွေကိုပြောပြပေးသွားမှာပဲ ဖြစ်ပါတယ်ဗျ 💁🏻‍♂️

🔹 ကဲ..အရင်ဦးဆုံး လိင်မှတဆင့်ကူးစက်စေနိုင်တဲ့ ရောဂါတွေအကြောင်းကို စပြီး ကြည့်လိုက်ရအောင်ဗျ

🔹 ရောဂါတွေအကြောင်းကို bacteria, virus, parasite ဆိုတဲ့ ကပ်ပါးကောင်တွေ၊ fungi ဆိုတဲ့ မှိုတွေကြောင့်ဖြစ်တဲ့ရောဂါတွေဆိုပြီး အမျိုးအစားခွဲပြောပြပေးသွားပါမယ်

🔹 ပထမဦးဆုံး bacteria ကြောင့်ဆိုရင်တော့ Gonorrhea, Chlamydia, Syphilis(ကာလသားရောဂါ), Chancroid, Lymphogranuloma venereum (LGV), Donovano­sis စတဲ့ရောဂါတွေ ဖြစ်နိုင်ပြီး HIV/AIDS, Herpes simplex virus (HSV), Human papillomavirus (HPV), Hepatitis B, Hepatitis C, Molluscum contagiosum စတဲ့ virus တွေကတော့ လိင်ကတဆင့် ကူးစက်စေနိုင်ပါတယ်နော်

🔹 နောက်တစ်ခု ကပ်ပါးကောင် parasite ကြောင့်ဆိုရင်တော့ Trichomoniasis (protozoa), P***c lice (crabs), Scabies
စတာတွေ ဖြစ်နိုင်ပြီးတော့ Candidiasis (yeast infection) ဆိုတဲ့မှိုကြောင့်ဖြစ်တဲ့ ရောဂါကလဲ လိင်မှတဆင့်ကူးစက်စေနိုင်ပါတယ်ဗျ

🔹ဖြစ်တတ်တဲ့ရောဂါတွေအကြောင်း သိရပြီဆိုတော့ ဘယ်လိုကူးစက်စေန်ိုင်လဲပေါ့နော် 🤔

🔹လိင်မှတဆင့်ကူးစက်စေနိုင်တယ်ဆိုတော့ လိင်ဆက်ဆံကနေပဲ ကူးနိုင်မယ်လို့ အများစုထင်နေကြပါလိမ့်မယ်

🔹တကယ်တော့ လိင်ဆက်ဆံကနေပဲကူးနိုင်တာမဟုတ်ပါဘူး လိင်ဆက်ဆံတာက ကူးစက်စေနိုင်တဲ့အကြောင်းအရင်းထဲက တစ်ခုဖြစ်ပါတယ်

🔹လိင်ဆက်ဆံတယ်ဆိုတာမှာလဲ သာမန်ရိုးကျ ဆက်ဆံတာတင်မကပဲ စအိုနှင့်ဆက်ဆံခြင်း၊ ပါးစပ်နှင့်ဆက်ဆံခြင်း စတဲ့ a**l s*x, oral s*x, vaginal s*x မျိုးစုံကနေ ကူးနိုင်ပါတယ်နော်

🔹ဒါ့အပြင် သွေးသွင်းတာတို့၊ဆေးထိုးအပ်တွေ မျှသုံးတာတို့ သွေးကနေတဆင့်ကူးနိုင်သလို မိခင်ကနေ သူ့ရဲ့ ရင်သွေးကလေးကိုလဲ ကူးန်ိုင်ပါသေးတယ်ဗျ

🔹ဆိုတော့…လိင်မှတဆင့်ကူးစက်စေနိုင်တဲ့ရောဂါဖြစ်ပြီဆိုရင် ဘယ်လိုရောဂါလက္ခဏာတွေနဲ့ လာတတ်လဲဆိုတာ ဆက်ပြီးကြည့်လိုက်ရအောင်ဗျ 👉🏻

🔹ရောဂါလက္ခဏာတွေကတော့ ဖြစ်တဲ့ရောဂါပေါ်မူတည်ပြီး အနည်းနဲ့အများတော့ကွာတယ်ပေါ့နော်

🔹အများစုတွေ့ရတတ်တဲ့ လက္ခဏာတွေကတော့ ကိုယ့်ရဲ့လိင်အင်္ဂါကနေ ပြည်တွေ၊ အရည်တွေထွက်တာ၊ ကိုယ်ရဲ့လိင်အင်္ဂါ ဒါမှမဟုတ် ပါးစပ်မှာ အနာတွေ အဖုတွေဖြစ်တာ၊ ဆီးသွားရင်နာတာ၊ လိင်အင်္ဂါက ယားပြီး ပူနေတယ် ခံစားရတာမျိုးတွေ ဖြစ်တတ်ပါတယ်

🔹ဒါ့အပြင် ဖျားတာ၊ အနီကွက်တွေထတာ၊ ပြန်ရည်ကြောတွေဖောင်းတာ၊ ပင်ပန်းတာ၊ ဝိတ်ကျတာမျိုးတွေလဲ ဖြစ်တတ်ပါတယ်ဗျ

🔹ရောဂါလက္ခဏာတွေအကြောင်းလဲသိပြီးပြီဆိုတော့ နောက်ဆုံး ဘယ်လိုကုသလို့ရလဲ ကာကွယ်လို့ရလဲဆိုတဲ့ အပိုင်းကို ဆက်ပြီးသွားလိုက်ရအောင်ဗျ

🔹အကောင်းဆုံးကတော့ ရောဂါဖြစ်မှကုတာထက် မဖြစ်အောင်ကာကွယ်န်ိုင်တာကတော့ အကောင်းဆုံးပေါ့

🔹ကာကွယ်ဖို့ဆိုရင် အရေးကြီးဆုံးကတော့ ကိုယ်နဲ့ လိင်ဆက်ဆံမဲ့သူက ရောဂါ မရှိဘူးဆိုတာ သေချာဖို့လိုပါတယ်

🔹ကြုံရာလူနဲ့ မလုပ်ပါနဲ့ ခနတာ ပျော်ရွှင်မှူအတွက် ရေရှည် နောင်တရမဲ့ ကိစ္စတွေ မလုပ်ပါနဲ့ မိတ်ဆွေ 🫵🏻

🔹တခြားနည်းတွေအနေနဲ့ လိင်ဆက်ဆံတဲ့အခါ ကွန်ဒုံးသုံးတာတို့၊ ကာကွယ်ဆေးထိုးထားတာတော့ ရှိပေမဲ့ စိတ်ချရတဲ့ လူနဲ့ပဲဆက်ဆံတာကတော့ အကောင်းဆုံးနည်းပဲ ဖြစ်ပါတယ်

🔹ဒီရောဂါတွေက သွေးကတဆင့်လဲကူးနိုင်လို့ တခြားသူတွေနဲ့ ဆေးထိုးအပ်တွေ တူတူ မျှသုံးတာမျိုး၊ တွေ့ရာနေရာမှာ သွေးသွင်းတာမျိုးတွေလဲ ရှောင်ဖို့ လိုပါမယ်ဗျ

🔹တကယ်လို့ ရောဂါကူးစက်ခံရပြီဆိုရင်တော့ ကူးခံထားရတဲ့ ကိုယ်ရော ကိုယ့်နဲ့ဆက်ဆံခဲ့တဲ့ လူရော နှစ်ယောက်လုံး ဆေးကုသဖို့လိုပါမယ်နော်

🔹ရောဂါဖြစ်စေတဲ့ အကြောင်းအရင်းတွေ ဖြစ်တဲ့ bacteria ကြောင့်လား virus ကြောင့်လား parasite ကြောင့်လား fungus ကြောင့်လား စတဲ့ ကူးစက်ထားတာပေါ်မူတည်ပြီး သက်ဆိုင်ရာ ကုသမှုတွေပုံမှန် သေချာ ခံယူသွားဖို့လိုပါမယ်ဗျ

🔹ကဲ..ဒီနေ့မှာဆိုရင်တော့ လိင်ကတဆင့်ကူးစက်စေနိုင်တဲ့ ရောဂါတွေအကြောင်းကို သေချာနားလည်သွားပြီလို့ ယုံကြည်ပါတယ်

🔹ခုခေတ်မှာ ဒီရောဂါတွေကလဲ ဖြစ်ပွါးနှုန်း တ်ိုးလာတာမို့ လူများများသိသွားရအောင် share သွားပေးပါဦးနော်

🔹နောက်နေ့တွေမှာလဲ ပိုပြီးတော့ စိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်းအရာတွေနဲ့အတူ ပြန်လာခဲ့ပါမယ်ဗျ 👨‍⚕️

01/10/2025

လိင်မှတဆင့်ကူးစက်တတ်သော ရောဂါများ 🦠

🔹 ခုလို စိတ်ဝင်စားဖို့ကောင်းတဲ့ ကျန်းမာရေးဗဟုသုတတွေ သိရဖို့ Your Doctor page, YouTube Channel တွေကို follow & subscribe လုပ်ထားဖို့လဲ မမေ့ပါနဲ့ဦးနော် 👨‍⚕️🩺

👉🏻 Facebook - https://www.facebook.com/share/F9dLHzsSeYSTkafk/?mibextid=LQQJ4d

👉🏻YouTube Channel - https://youtube.com/?si=QzuOcV5Z6fi13Dbx

“ထိခိုက်ဒဏ်ရာ ရနေသူတစ်ယောက်တွေ့ရင် ဘယ်လို ပြုစုပေးလို့ရလဲ “ 👨‍⚕️ကိုယ်ရှေ့မှာ ယာဉ်တိုက်မှုတစ်ခုခုဖြစ်သွားလို့ပဲဖြစ်စေ တစ်...
17/09/2025

“ထိခိုက်ဒဏ်ရာ ရနေသူတစ်ယောက်တွေ့ရင် ဘယ်လို ပြုစုပေးလို့ရလဲ “ 👨‍⚕️

ကိုယ်ရှေ့မှာ ယာဉ်တိုက်မှုတစ်ခုခုဖြစ်သွားလို့ပဲဖြစ်စေ တစ်ခုခုကြောင့်ထိခိုက်မိလို့ပဲဖြစ်စေ လူတစ်ယောက် ထိခိုက်ဒဏ်ရာရနေတာကို မြင်ခဲ့ရင်ဒီတိုင်းကြီးပဲ ရပ်ကြည့်နေကြမှာလား 🤔

အဲ့လိုကိုယ့်ရှေ့မှာ accident တစ်ခုခုဖြစ်တဲ့အခါ ကယ်ဆယ်ရေးအဖွဲ့ကိုခေါ်ထားတယ် လူနာတင်ယာဉ်ကိုခေါ်တော့ခေါ်ထားတယ် ဒါမဲ့ သူတို့ဒီနေရာကို ရောက်လာဖို့ဆိုတာ အချိန်တစ်ခုတော့ပေးရပါတယ် 🕦

ခေါ်ထားတာ ရောက်လဲမလာကြသေးဘူး ထိခိုက်မိထားတဲ့လူကလဲ နာလို့ အော်ပြီး ကူပါကယ်ပါ တဆာဆာ အော်နေပြီ အဲ့တော့ ကျန်းမာရေးဘက်နဲ့ သိပ်အကျွမ်းတဝင်မရှိတဲ့ အပြင်သာမန်လူတွေအနေနဲ့ ဘာတွေလုပ်ပေးလို့ရမလဲပေါ့နော် 🧐

ဒီနေ့မှာတော့ အဲ့လို ထိခိုက်ဒဏ်ရာ ဖြစ်ပွါးတဲ့နေရာကို ကယ်ဆယ်ရေးအဖွဲ့တွေ၊ လူနာတင်ယာဉ်တွေ၊ ကျန်းမာရေးဆိုင်ရာအဖွဲ့အစည်းက လူတွေရောက်မလာနိုင်သေးခင်အချိန်မှာ ထိခိုက်ထားတဲ့လူကို သက်သာအောင် ဘယ်လိုတွေလုပ်ပေးလို့ရလဲ ၊သူ့အသက်မဆုံးရှုံးရအောင် ဘာတွေလုပ်ပေးလို့ရလဲ စတဲ့ လူတိုင်း လုပ်ပေးနိုင်မဲ့ အချက်တွေကို ပြောပြပေးသွားမှာပဲ ဖြစ်ပါတယ်ဗျ 💁🏻‍♂️

🔹 ပထမဆုံးအချက်အနေနဲ့လူတစ်ယောက် အသက်မသေဆုံးစေဖို့ အဓိက အရေးကြီးဆုံးကတော့ အသက်ရှူလမ်းကြောင်း ကောင်းကောင်းပွင့်နေဖို့လိုပါတယ်

🔹 အသက်မရှုနိုင်တော့ဘူးဆိုရင် အဲ့လူက 3 min အတွင်း oxygen ဆုံးရှုံးပြီး သေဆုံးနိုင်တယ်ပေါ့နော်

🔹 အဲ့တာမို့ ကိုယ့်ရှေ့မှာ ထိခိုက်ဒဏ်ရာ ရနေသူတစ်ယောက်တွေ့ရင် သူအသက်ကောင်းကောင်းရှုနိုင်ရဲ့လားဆိုတာ ပထမဆုံး ကြည့်ဖို့လိုပါတယ်ဗျ

🔹 ထိခိုက်ဒဏ်ရာရထားတာဆိုတော့ သူ့ပါးစပ်ထဲတို့ နှာခေါင်းထဲတို့မှာ သွေးတွေ၊ သွေးခဲတွေ စတာတွေနဲ့ ပိတ်နေတတ်တယ်ပေါ့နော် အရင်ဆုံးတတ်နိုင်သလောက် အဲ့တာတွေကို ထုတ်ပေး၊ ရှင်းပေးပြီး အသက်ရှုနိုင်အောင်လုပ်ပေးဖို့လိုပါတယ်ဗျ

🔹 နောက်ပြီး သူကောင်းကောင်းရှုနိုင်အောင် သူ့ရဲ့မေးထိပ်ကနေ အပေါ်ကိုဆွဲမော့ပေးထားတာ၊ သူ့ရဲ့မေးရိုးနောက်ကနေ အပေါ်ကိုဆွဲဆန့်ပေးတာမျိုးတွေ လုပ်ပေးရမယ်ပေါ့နော်

🔹 ခုလို လုပ်တာကို chin lift,jaw thrust လုပ်တယ်လို့ခေါ်ပါတယ်

🔹 အဲ..ဒီလိုလုပ်နေချိန်မှာ တစ်ခုသတိထားစရာရှိတာက နောက်လူတစ်ယောက်ကနေပြီးတော့ ထိခိုက်ဒဏ်ရာရထားတဲ့ လူရဲ့ ဂုတ်အောက်ကနေ လက်တစ်ဖက်နဲ့ ထိန်းထားပေးဖို့လိုပါတယ်

🔹 ဘာ့လို့လိုတာလဲဆိုတော့ လည်ပင်းရိုးဖြစ်တဲ့ cervical spine ထိခိုက်ထားန်ိုင်တဲ့အတွက် ထိန်းထားပေးတဲ့ သဘောဖြစ်ပါတယ်

🔹 နောက်တစ်ခုအနေနဲ့ကတော့ လူတစ်ယောက် ထိခိုက်မိတယ်ဆိုရင် သွေးကတော့ ထွက်မှာ သေချာတယ်ပေါ့နော်

🔹 တကယ်လို့ ဒဏ်ရာကကြီးပြီး သွေးအများကြီး အချိန်အကြာကြီးထွက်နေတယ်ဆိုရင်တော့ shock ဝင်သွားမှာစိုးရိမ်ရပါတယ်ဗျ

🔹 အဲ့တာမို့ သွေးထွက်တာကို ထိန်းထားနိုင်ဖို့ သွေးထွက်နေတဲ့ နေရာကို အဝတ်စနဲ့ဖြစ်စေ စောင်နဲ့ဖြစ်စေ တစ်ခုခုနဲ့ ပတ်ပြီးစည်းထားပေးရပါမယ်ဗျ

🔹 နောက်ပြီးတော့ အဲ့လူက အရိုးတစ်ခုခုကျိုးသွားခဲ့တယ်ဆိုရင် အဲ့ကျိုးနေတဲ့နေရာကို သစ်သားချောင်းဖြစ်စေ တစ်ခုခုနဲ့ညှပ်ပြီး ကျပ်စည်းထားပေးဖို့လိုပါတယ်

🔹 ကျိုးနေတဲ့နေရာကိုလှုပ်မိရင် ပိုပြီး ဆိုးသွားနိုင်လို့ပါ

🔹 ဒါ့အပြင် ထိခိုက်ဒဏ်ရာရထားတဲ့သူရဲ့ အခြေအနေ ကိုလဲ ပျမ်းမျှ ဆန်းစစ်ပေးနိုင်ရင်ပိုကောင်းပါတယ်

🔹 လူနာက ကောင်းကောင်း သတိရှိသေးလား alert ဖြစ်သေးလားပေါ့နော် ကောင်းကောင်း သတိရှိသေးတယ်ဆိုရင် ဒါ အရမ်းကြီးစိုးရိမ်ရမဲ့ အခြေအနေမဟုတ်သေးပါဘူး

🔹 ဒါမှမဟုတ် လူနာက ကောင်းကောင်းသတိတော့မရတော့ဘူး က်ိုယ်က တစ်ခုခုမေးလိုက်တော့ ပြောလိုက် တော့မှ တုံ့ပြန်တာလား

🔹 ကိုယ်က တစ်ခုခုထိလိုက်မှ သူကတုံ့ပြန်တာလား

🔹 ဒါမှမဟုတ် ကိုယ်ဘယ်လိုလုပ်လုပ် သူက လုံးဝ မတုံ့ပြန်တော့ဘူးလား

🔹 အဲဒါဆိုရင်တော့ လုံးဝ အရေးပေါ်ဖြစ်နေပြီပေါ့နော် လူနာတင်ယာဉ် အမြန်ရောက်လာဖို့လိုတဲ့ အခြေအနေဖြစ်ပါတယ်

🔹 လူအသက်မဆုံးရှုံးစေဖို့၊ အခြေအနေပိုမဆိုးရွားလာအောင် ထိန်းထားန်ိုင်ဖို့ဆိုတာက တစ်မိနစ်၊ တစ်နာရီ ကအစ အရေးကြီးတာမို့ ခုလိုဟာတွေကို လူတိုင်း သိထားရင်တော့ အကောင်းဆုံးပဲဖြစ်ပါတယ်

🔹 ကဲ..ခုဆိုရင်တော့ ထိခိုက်ဒဏ်ရာရနေတဲ့ လူတစ်ယောက်ကို သာမန်အပြင်လူတွေအနေနဲ့ ဘာတွေလုပ်ပေးနိုင်လဲဆိုတာကို သေချာနားလည်သွားပြီလို့ ယုံကြည်ပါတယ်

🔹 ခုလို အကြောင်းအရာတွေဆိုတာက လူတိုင်းသိထားသင့်တာမို့ လူများများဆီရောက်အောင် share သွားပေးပါဦးနော်👉🏻

🔹 နောက်နေ့တွေမှာလဲ ပိုပြီးစိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်းအရာတွေနဲ့အတူ ပြန်လာခဲ့ပါမယ်နော် 🙆🏻‍♂️

🔹 ခုလို စိတ်ဝင်စားဖို့ကောင်းတဲ့ ကျန်းမာရေးဗဟုသုတတွေ သိရဖို့ Your Doctor page, YouTube Channel တွေကို follow & subscribe လုပ်ထားဖို့လဲ မမေ့ပါနဲ့ဦးနော် 👨‍⚕️🩺

👉🏻 Facebook - https://www.facebook.com/share/F9dLHzsSeYSTkafk/?mibextid=LQQJ4d

👉🏻YouTube Channel - https://youtube.com/?si=QzuOcV5Z6fi13Dbx

10/09/2025

ထိခိုက်ဒဏ်ရာရနေသူတစ်ယောက်တွေ့ရင် ဘယ်လိုပြုစုပေးရမလဲ

🔹 ခုလို စိတ်ဝင်စားဖို့ကောင်းတဲ့ ကျန်းမာရေးဗဟုသုတတွေ သိရဖို့ Your Doctor page, YouTube Channel တွေကို follow & subscribe လုပ်ထားဖို့လဲ မမေ့ပါနဲ့ဦးနော် 👨‍⚕️🩺

👉🏻 Facebook - https://www.facebook.com/share/F9dLHzsSeYSTkafk/?mibextid=LQQJ4d

👉🏻YouTube Channel - https://youtube.com/?si=QzuOcV5Z6fi13Dbx

“ လည်းချောင်းနာရင် ဘာ့လို့ဆားရည်နဲ့ပလုတ်ကျင်းရတာလဲ ❓“ 🔹 လည်ချောင်းနာနေပြီဆိုရင် အိမ်က လူကြီးတစ်ယောက်ယောက်က “ဆားရည်နဲ့ပလု...
04/09/2025

“ လည်းချောင်းနာရင် ဘာ့လို့ဆားရည်နဲ့ပလုတ်ကျင်းရတာလဲ ❓“

🔹 လည်ချောင်းနာနေပြီဆိုရင် အိမ်က လူကြီးတစ်ယောက်ယောက်က “ဆားရည်နဲ့ပလုတ်ကျင်းလိုက်လေ” ဆိုပြီးပြောတာကို လူတိုင်းကြုံဖူးကြမှာပါ လူတိုင်းလဲ ဆားရည်နဲ့ပလုတ်ကျင်းဖူးကြမယ်ထင်ပါတယ်

🔹 ဆားရည်နဲ့ပလုတ်ကျင်းလိုက်တာ တကယ်လဲ လည်ချောင်းနာတာ သက်သာသွားတယ်ပေါ့နော်

🔹ဆိုတော့…အဲ့လို သက်သာသွားရတဲ့ အကြောင်းအရင်းကဘာဖြစ်မလဲ ဒီနေ့မှာတော့ အဲ့အကြောင်းကို ပြောပြပေးသွားမှာ ဖြစ်ပါတယ် 💁🏻‍♂️

🔹 အအေးပတ်ပြီး ပိုးတစ်ခုခုဝင်လို့ဖြစ်စေ၊ မတည့်တာ တစ်ခုခုနဲ့ထိတွေ့မိလို့ဖြစ်စေ လည်ချောင်းတွေယောင်ပြီး နာတာကို ဖြစ်စေတယ်ပေါ့နော်

🔹 ဆားရည်နဲ့ပလုတ်ကျင်းလိုက်ရင် ဘာ့လို့သက်သာသွားတာလဲဆိုရင်တော့ ဆားရည်ဆိုတာက ဆားတွေပါနေတော့ သိပ်သည်းဆများပါတယ်

🔹 သိပ်သည်းဆများတော့ ပလုတ်ကျင်းလိုက်တဲ့အခါမှာ ဆားရည်တွေကယောင်နေတဲ့ လည်ချောင်း တစ်ရှူးတွေ၊ ဆဲလ်တွေမှာအောင်းနေတဲ့ မကောင်းတဲ့ အရည်တွေ၊ အကျိအချဲတွေကို အပြင်ကိုဆွဲယူ၊ဆွဲထုတ်ပေးသွားပါတယ်

🔹 အဲ့လိုနဲ့ ပလုတ်ကျင်းပြီးထွေးလိုက်တဲ့အခါမှာ အဲ့ဒီမကောင်းတဲ့ဟာတွေက ခန္ဓာကိုယ်အပြင်ဘက်ကို တခါတည်း ထွေးထုတ်လိုက်ပြီးသား ဖြစ်သွားပါတယ်

🔹 အဲ့လိုနဲ့ပဲ အယောင်သက်သာစေပြီး လည်ချောင်းမှာ တစ်စို့စို့ကြီး ဖြစ်နေတာကိုလဲ သက်သာစေပါတယ်ဗျ

🔹 နောက်ပြီးတော့ ဆားဓာတ်များတဲ့ အငန်များတဲ့ နေရာကို ဘက်တီးရီးယားတွေ၊ ပိုးမွှားတွေက နေဖို့မကြိုက်ကြတဲ့အတွက် ဝင်နေတဲ့ ပိုးတွေကိုလဲ ထပ်မပွါးလာအောင် ၊လျော့နည်းအောင် တခါတည်း တားမိပြီးသား ဖြစ်ပါတယ်

🔹 အဲ့လိုနဲ့ပဲ ဆားရည်သောက်လိုက်တဲ့အခါ အယောင်လဲကျလာတယ် ပိုးတွေလဲနည်းသွားတော့ နာတာလဲ တဖြည်းဖြည်းချင်းသက်သာလာတာပဲ ဖြစ်ပါတယ်ဗျ

🔹 ကဲ..ခုဆိုရင်တော့ လူတိုင်းငယ်ငယ်တည်းက ကြားနေရတဲ့ လည်ချောင်းနာရင် ဆားရည်နဲ့ ပလုတ်ကျင်းရတဲ့ အကြောင်းအရင်းကို နားလည်သွားကြပြီလို့ယုံကြည်ပါတယ်ဗျ

🔹 ခု post ကနေသင့်အတွက် တစ်စုံတစ်ရာအကျိုးရှိသွားတယ်ဆိုရင် တခြားသူတွေလဲ သိသွားအောင် share သွားပေးပါဦးနော် 👉🏻

🔹 နောက်နေ့တွေမှာလဲ ပိုပြီးတော့စိတ်ဝင်စားဖို့ကောင်းတဲ့ ကျန်းမာရေးဗဟုသုတတွေနဲ့အတူ ပြန်လာခဲ့ပါမယ်နော် ❤️

🔹 ခုလို စိတ်ဝင်စားဖို့ကောင်းတဲ့ ကျန်းမာရေးဗဟုသုတတွေ သိရဖို့ Your Doctor page, YouTube Channel တွေကို follow & subscribe လုပ်ထားဖို့လဲ မမေ့ပါနဲ့ဦးနော် 👨‍⚕️🩺

👉🏻 Facebook - https://www.facebook.com/share/F9dLHzsSeYSTkafk/?mibextid=LQQJ4d

👉🏻YouTube Channel - https://youtube.com/?si=QzuOcV5Z6fi13Dbx

#ကျန်းမာရေး #ကျန်းမာရေးဗဟုသုတ #လည်ချောင်းနာ

🩺❤️
04/09/2025

🩺❤️

01/09/2025

လည်ချောင်းနာရင် ဘာ့လို့ဆားရည်နဲ့ပလုတ်ကျင်းရတာလဲ ❓

🔹 ခုလို စိတ်ဝင်စားဖို့ကောင်းတဲ့ ကျန်းမာရေးဗဟုသုတတွေ သိရဖို့ Your Doctor page, YouTube Channel တွေကို follow & subscribe လုပ်ထားဖို့လဲ မမေ့ပါနဲ့ဦးနော် 👨‍⚕️🩺

👉🏻 Facebook - https://www.facebook.com/share/F9dLHzsSeYSTkafk/?mibextid=LQQJ4d

👉🏻YouTube Channel - https://youtube.com/?si=QzuOcV5Z6fi13Dbx

“ ဘယ်အရွယ်မှာ ဘာကာကွယ်ဆေးတွေထိုးရမလဲ “ 💉Hello your doctor ကနေပြန်လည်ကြိုဆိုလိုက်ပါတယ် ❤️🔹 ဒီနေ့မှာတော့ ကလေးတွေ ကြီးလာတဲ့...
29/08/2025

“ ဘယ်အရွယ်မှာ ဘာကာကွယ်ဆေးတွေထိုးရမလဲ “ 💉

Hello your doctor ကနေပြန်လည်ကြိုဆိုလိုက်ပါတယ် ❤️

🔹 ဒီနေ့မှာတော့ ကလေးတွေ ကြီးလာတဲ့အခါ ကျန်းကျန်းမာမာရှိဖို့အတွက် ငယ်စဉ်က ဘာကာကွယ်ဆေးတွေထိုးခဲ့ရမလဲ၊ဘယ်အသက်အရွယ်​တွေမှာထိုးခဲ့ရမလဲဆိုတာတွေကို ပြောပြပေးသွားမှာပဲ ဖြစ်ပါတယ်ဗျ 💁🏻‍♂️

🔹 အခုလို ကာကွယ်ဆေးထိုးတဲ့ အစီအစဉ်ကို expanded program on immunization (EPI) ဆိုပြီး ခေါ်ပါတယ်

🔹 ဒီ program က တစ်နိုင်ငံနဲ့တစ်နိုင်မတူဘူးပေါ့နော် ကိုယ့်နိုင်ငံမှာအဖြစ်များတဲ့ရောဂါတွေ၊ နေရာဒေသပေါ်မူတည်ပြီကွဲပြားပါတယ်

🔹 ကျွန်တော်တို့ မြန်မာနိုင်ငံမှာလဲ ကိုယ်ပိုင် EPI program ရှိပါတယ်

🔹 မြန်မာနိုင်ငံရဲ့ EPI program ကိုတော့ 1978 မှာ စတင်ခဲ့ပြီး နောက်ဆုံး ပြုပြင်မွန်းမံခဲ့တာကတော့ 2020 တုန်းက ဖြစ်ပါတယ်ဗျ

🔹 ဆိုတော့..မြန်မာနိုင်ငံရဲ့ EPI program မှာ ဘာကာကွယ်ဆေးတွေပါလဲဆိုတာ ဆက်ပြီး ကြည့်လိုက်ရအောင်နော် 👉🏻

🔹 ကာကွယ်ဆေးထိုးရတဲ့ အသက်အပိုင်းအခြားတွေကိုကြည့်မယ်ဆိုင် မွေးပြီးပြီးချင်းအရွယ်၊ ကလေးအသက် 2 လ၊ 4 လ၊ 6လ၊ 9လ၊ 18လ၊ 9 နှစ်၊ 10 နှစ် စတဲ့ အရွယ်တွေမှာ ထိုးရမှာဖြစ်ပါတယ်ဗျ

🔹 ကိုယ်က ဆေးရုံမှာ မွေးတယ်ဆိုရင်တော့ ကိုယ့်ကလေးကို မွေးပြီးပြီးချင်းမှာပဲ ပြင်းထန် တီဘီရောဂါတွေဖြစ်တဲ့ TB meningitis နဲ့ military TB ကိုကာကွယ်ပေးတဲ့ BCG ကာကွယ်ဆေးနဲ့ အသည်းရောင်အသားဝါ ဘီရောဂါကို ကာကွယ်ပေးတဲ့ hepatitis B vaccine ကို ဆေးရုံက ထိုးပေးလိုက်မှာပဲဖြစ်ပါတယ်ဗျ

🔹 တကယ်လို့ ကိုယ်က လမ်းခရီးအခက်အခဲကြောင့်ဖြစ်စေ၊အခက်အခဲတစ်ခုခုကြောင့် ဆေးရုံမှာ မမွေးဖြစ်လိုက်ဘူး ကိုယ့်ရဲ့ အိမ်၊ ကိုယ့်ရဲ့ရွာမှာပဲ ကလေးမွေးဖြစ်လိုက်တယ်ဆိုရင်တော့ မွေးပြီးပြီးချင်းမှာ ဒီကာကွယ်ဆေး နှစ်မျိုးကိုထိုးဖြစ်လိုက်မှာမဟုတ်ဘူးနော်

🔹 ဒါပေမဲ့ စိတ်မပူပါနဲ့ မွေးပြီးပြီးချင်း မထိုးဖြစ်လိုက်ရပေမဲ့ နောက်လထိုးရမဲ့ ကာကွယ်ဆေးတွေထဲမှာ ဒီဆေးတွေလဲပြန်ပါလာမှာဖြစ်ပါတယ်ဗျ

🔹 နောက်တစ်ခု ကလေးအသက် 2 လမှာ ဘာဆေးတွေထိုးရမလဲဆိုရင်တော့ မွေးပြီးပြီးချင်းမှာ BCG ကာကွယ်ဆေး မထိုးခဲ့လိုက်ရရင် ခု 2 လမှာ ထိုးရပါမယ်ဗျ

🔹 နောက်ပြီးတော့ ဆုံဆို့၊ကြက်ညှာ၊မေးခိုင်၊အသည်းရောင်အသားဝါ(ဘီ)၊ဦးနှောက်အမြှေးရောင်ရောဂါတွေကို ကာကွယ်ပေးတဲ့ ငါးမျိုးစပ် ကာကွယ်ဆေး (pentavalent vaccine) ပထမအကြီမ်၊ ပြင်းထန်အဆုတ်ရောင်ရောဂါကို ကာကွယ်ပေးတဲ့ PCV vaccine (ပထမအကြိမ်)၊ ထိုးပေးရပါမယ်

🔹 နောက်နှစ်ခုကတော့ ပြင်းထန်ဝမ်းလျှောရောဂါကိုကာကွယ်ပေးတဲ့ rota vaccine (ပထမအကြိမ်) နဲ့ ပိုလီယိုအကြောသေရောဂါကို ကာကွယ်ပေးတဲ့ OPV vaccine (ပထမအကြိမ်) စတဲ့နှစ်မျိုးကိုတော့ ကလေးရဲ့ ပါးစပ်ကနေ ဆေးတိုက်ပေးရမှာဖြစ်ပါတယ်ဗျ

🔹 ကလေးအသက် (4) လရောက်ပြီဆိုရင်တော့ ရှေ့မှာပြောခဲ့တဲ့ ငါးမျိုးစပ်ကာကွယ်ဆေး၊ OPV vaccine၊ PCV vaccine ၊Rota vaccine တွေကို ဒုတိယအကြိမ်ထိုးရ၊သောက်ရမှာဖြစ်ပြီး နောက်ထက် ပိုလီယိုရောဂါကာကွယ်ဆေးဖြစ်တဲ့ IPV vaccine ကိုပါထိုးရမှာဖြစ်ပါတယ်ဗျ

🔹အဲ့လိုနဲ့ ကလေးအသက် (6) လရောက်ပြီဆိုရင်တော့ ငါးမျိုးစပ်ကာကွယ်ဆေး၊OPV၊PCV vaccine တွေကို တတိယအကြိမ် ထပ်ပြီးထိုးရ၊ သောက်ရမှာပဲ ဖြစ်ပါတယ်ဗျ

🔹 ကလေးအသက် (9) လမှာတော့ ဝက်သက်နဲ့ဂျိုက်သိုးရောဂါကို ကာကွယ်ပေးတဲ့ MR vaccine (ပထမကြိမ်)နဲ့ ဂျပန်ဦးနှောက်ရောင်ရောဂါကိုကာကွယ်ပေးတဲ့ Japanese B encephalitis vaccine တေက်ို ထိုးပေးရမှာပဲ ဖြစ်ပါတယ်

🔹 ကလေးအသက် (18) လ၊ တစ်နှစ်ခွဲအရွယ်ရောက်ပြီဆိုရင်တော့ MR vaccine (ဒုတိယကြိမ်) နဲ့ ငါးမျိုးစပ်ကာကွယ်ဆေး (စတုတ္ထအကြိမ်) ကိုထိုးပေးရပါမယ်ဗျ

🔹 နောက်ဆုံး ကလေးက 9 နှစ်နဲ့ 10 နှစ်အရွယ်တွေရောက်ရင်တော့ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ပေးတဲ့ HPV vaccine တေကို 9 နှစ်မှာတစ်ကြိမ်၊ 10 နှစ်မှာတစ်ကြိမ် စုစုပေါင်း နှစ်ကြိမ်ထိုးပြီးရင်တော့ ဒီကလေးက ကာကွယ်ဆေးစုံပြီလို့ပြောလို့ရပါတယ်ဗျ

🔹 ကိုယ့်ကလေး နေကောင်းကျန်းမာဖို့အတွက် ငယ်တုန်းမှာ ကာကွယ်ဆေးစုံအောင်ထိုးခဲ့ဖို့လဲ တိုက်တွန်းလိုက်ပါတယ်နော်

🔹 ကဲ…ခုဆိုရင်တော့ ဘယ်အရွယ်မှာ ဘာကာကွယ်ဆေးတေထိုးရမလဲဆိုတော့ မြန်မာနိုင်ငံရဲ့ EPI program အကြောင်းကို သေချာနားလည်သွားပြီလို့ ယုံကြည်ပါတယ်

🔹 ခု post ကနေသင့်အတွက်တစ်စုံတစ်ရာ အကျိုးရှိသွားတယ်ဆိုရင် တခြားသူတွေလဲ သိသွားအောင် share သွားပေးပါဦးနော် 👉🏻

🔹 နောက်နေ့​တွေမှာလဲ ပိုပြီးတော့စိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်းအရာတွေနဲ့အတူ ပြန်လာခဲ့ပါမယ်ဗျ

🔹 ခုလို စိတ်ဝင်စားဖို့ကောင်းတဲ့ ကျန်းမာရေးဗဟုသုတတွေ သိရဖို့ Your Doctor page, YouTube Channel တွေကို follow & subscribe လုပ်ထားဖို့လဲ မမေ့ပါနဲ့ဦးနော် 👨‍⚕️🩺

👉🏻 Facebook - https://www.facebook.com/share/F9dLHzsSeYSTkafk/?mibextid=LQQJ4d

👉🏻YouTube Channel - https://youtube.com/?si=QzuOcV5Z6fi13Dbx

#ကျန်းမာရေး #ကျန်းမာရေးဗဟုသုတ #ကာကွယ်ဆေး

#

Address

North Dagon
Yangon

Website

Alerts

Be the first to know and let us send you an email when Your Doctor-Health Education posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram