Noble Home Care Nursing Service

Noble Home Care Nursing Service အိမ်အရောက်သွေးဖောက် ဝန်ဆောင်မှူ

🧑🏻‍🤝‍🧑🏻 Premarriage medical checkupလက်မထပ်မှီ ကျန်းမာရေးစစ်ဆေးခြင်းချစ်သူရည်စား👨‍❤️‍👨👨‍❤️‍👨 စုံတွဲတိုင်းရဲ့ အိမ်မက်( cou...
31/03/2023

🧑🏻‍🤝‍🧑🏻 Premarriage medical checkup
လက်မထပ်မှီ ကျန်းမာရေးစစ်ဆေးခြင်း

ချစ်သူရည်စား👨‍❤️‍👨👨‍❤️‍👨 စုံတွဲတိုင်းရဲ့ အိမ်မက်( couple goal) တစ်ခုကတော့ အနာဂတ်မှာ အရာရာပြီးပြည့်စုံပြီး ပျော်ရွင်တဲ့ မိသားစုဘဝလေး👨🏻‍👩🏻‍👧🏻 တည်ဆောက်ဖို့ ပဲဖြစ်ပါတယ်

လက်မထပ်ခင်👫🏻 ကြိုတင်စီစဉ်မှုတွေ ထဲမှာ အခုနောက်ပိုင်း prewedding photo တွေ ရိုက်ကြတာ ခမ်းနားတဲ့ အခမ်းအနား ပြင်ဆင်မှု တွေနဲ မဂ်လာပွဲ ကျင်းပတာ တွေပြုလုပ်ကာ ပြီးပြည့်စုံတဲ့ လက်ထပ်ထိမ်းမြားမှု ဖြစ်စေချင်ကြတာပါ

အမျိူးမျိူးသော wedding plan တွေ လုပ်ရင်း စုံတွဲဇနီးမောင်နှံတွေ အနေနဲ့ မဖြစ်မနေ လုပ်သင့်တဲ့ plan တစ်ခုကတော့ အများစုသော စုံတွဲတွေ မေ့လျော့နေတတ်ပါတယ်

🔬အဲ့တာကတော့🧑🏻‍🤝‍🧑🏻 premarital medical checkup လို့ခေါ်တဲ့ လက်မထပ်မှီ ကျန်းမာရေးစစ်ဆေးခြင်းပဲ ဖြစ်ပါတယ်

နိုင်ငံတကာမှာတော့ လက်မထပ်မှီကျန်းမာရေး စစ်ဆေးတာတွေပြုလုပ်နေခဲ့တာ culture တစ်ခုလိုဖြစ်နေပါပြီ

လက်မထပ်မှီ🔬 ကျန်းမာရေး စစ်ဆေးထားခြင်းဖြင့် သတို့သား သတို့သမီး တို့ အနေနဲ့ မလိုလား အပ်တဲ့ကျန်းမာရေး ပြသနာတွေ ရှောင်ရှားနိုင်ပါတယ်

ဇနီးမောင်နှံဖြစ်လာပြီး👩‍❤️‍💋‍👩 နောက်မှာ လိင်မှု ​ရေးရာ ကလည်း ပျော်ရွှင်တဲ့ ခရီးလမ်းကိုလျှောက်လှမ်းဖို့ တစ်ခုအပါဝင်ဖြစ်ပါတယ်

ကြိုတင်ကျန်းမာရေးစစ်ဆေးထား☢ ခြင်းဖြင့် လိင်မှကူးစက်တတ်တဲ့ ရောဂါတွေ မဖြစ်ပွားအောင် ကြိုတင်ရှောင်ရှားနိုင်မှာ ဖြစ်ပါတယ်

​ကျန်းမာပျော်ရွှင်တဲ့👨🏻‍👩🏻‍👧🏻 အနာဂတ်မိသားစုဘဝလေး ပိုင်ဆိုင်ထားနိုင်ဖို့ ကျန်းမာရေးစောင့်ရှောက်မှုရှိမှသာ ရရှိနိုင်မှာဖြစ်ပါတယ်

ဇနီးမောင်နှံတို့ရဲ့ wedding plan မှာ တစ်စိတ်တပိုင်းအနေနဲ့ ပါဝင်ကူညီပေးဖို့ ကျနော်တို့ Noble Home Care Nursing Service က အသင့်ရှိနေပါတယ်

လူကြီးမင်းတို့ premarital medical up ပြုလုပ်ချင်များအတွက် hotline 09 754670467 ကနေ ကြိုတင်ဆက်သွယ်စာရင်းပေးသွင်းထားနိုင်ပါတယ်


စာရေးဆရာ အကြည်တော် ခံစားခဲ့ရတဲ့အစာရေမြိုပြွန်ကင်ဆာ ဆိုတာဘာလဲ…….?အစာရေမျိုဆိုတာ ပိုက်လုံးနဲ့တူပါတယ်။ ပါးစပ်နဲ့ အစာအိမ်ကို...
12/11/2022

စာရေးဆရာ အကြည်တော် ခံစားခဲ့ရတဲ့
အစာရေမြိုပြွန်ကင်ဆာ ဆိုတာဘာလဲ…….?

အစာရေမျိုဆိုတာ ပိုက်လုံးနဲ့တူပါတယ်။ ပါးစပ်နဲ့ အစာအိမ်ကို ဆက်ထားပြီး အစာတွေကို သယ်ပို့ပေးပါတယ်။ အစာရေမျိုပြွန်တစ်လျှောက် ဘယ်နေရာမှာဖြစ်ဖြစ် ကင်ဆာဖြစ်နိုင်ပါတယ်။ အစာရေမျိုပြွန် ကင်ဆာ က ကမ္ဘာ့အဖြစ်အများဆုံးကင်ဆာတွေထဲမှာ နံပါတ်၆ချိတ်ပါတယ်။ အမျိုးသားတွေမှာပိုဖြစ်ပါတယ်။

ဘယ်သူတွေမှာဖြစ်မှာလဲ။

အစာရေမျိုပြွန် မှာရှိတဲ့ဆဲလ်တွေကို ခဏခဏဆွမိလို့ ဆဲလ်တွေ ခဏခဏပျက်စီးရင်ပိုဖြစ်ပါတယ်။ ဥပမာ

* GERDလို့ခေါ်တဲ့ စားချဉ်ရည်ပြန်တဲ့ရောဂါ
* စားချဉ်ရည်ခဏခဏပြန်တက်လို့ ဆဲလ်တွေပျက်စီးတာ (Barrett’s esophagus)
* ဆေးလိပ်အပါအဝင် ဆေးတံ၊ ဆေးပေါ့လိပ်သောက်တာ၊ဆေးရွက်ကြီးငုံတာ
* အဝလွန်တာ
* အရက်သောက်တာ
* သည်းခြေရည်ပြန်တက်တာ
* Achalasia (အစာရေမျိုပြွန်ကျဉ်းလို့ အစာတွေ အစာအိမ်ထဲမရောက်တဲ့ရောဂါ)
* အလွန်ပူတဲ့အရည်တွေကို အရသာခံသောက်တာ
* အသီးအရွက်အစားနည်းတာ
* ရင်ဘတ်အပေါ်ပိုင်းကို ခဏခဏဓာတ်ရောင်ခြည်သင့်တာ

ဘာလက္ခဏာတွေပြမှာလဲ။

အစောပိုင်းမှာဘာမှဖြစ်မှာမဟုတ်ပါဘူး။ နည်းနည်းကြာလာရင်တော့

* အစာမျိုရခက်ပါမယ်။

စစချင်းတော့ အစာလည်ပင်းမှာကပ်နေတယ်လို့ ပြောပါမယ်။ အစာစားရင်သီးပါမယ်။ နောက်ပိုင်း အစာမာတွေကို မျိုရခက်ပါမယ်။ ဒီထက်ပိုဆိုးလာရင် အစာပျော့၊ အစာပျော့ကနေ ရေတောင် ကောင်းကောင်းမျိုနိုင်မှာမဟုတ်ပါဘူး။

* စားပြီးသားအစာတွေ ဒီတိုင်းပြန်ထွက်လာပါမယ်။
* အစာမကြေတာ၊ ရင်ပူတာဖြစ်ပါမယ်။
* ရင်ခေါင်းတောင့်၊ ရင်ခေါင်းအောင့်ပါမယ်။
* တဖြည်းဖြည်းပိန်လာပါမယ်။
* အန်ပါမယ်။
* ဝမ်းဗိုက်အပေါ်ပိုင်း၊ ရင်ဘတ်နဲ့ နောက်ကျောတွေအောင့်ပါမယ်။
* ချောင်းဆိုးမယ်။
* အသံပြောင်းလာမယ်။
* သွေးအားနည်းသလို ဖြူဖျော့ပြီး အားနည်းလာမယ်။

နောက်ဆက်တွဲဘာဖြစ်မှာလဲ။

* အစာရေမျိုပြွန်ပိတ်တာ

ကျဉ်းနေရင် နှာခေါင်းပိုက်ကနေအစာထည့်လို့ရပါသေးတယ်။ ဒီထက်ပိုဆိုးလို့ လုံးဝပိတ်သွားရင်တော့ ဗိုက်ကနေအပေါက်ဖောက်ပြီး အစာထည့်ရပါမယ်။

* ကင်ဆာဆဲလ်တွေပျံ့သွားတဲ့အခါ နာပါမယ်။
* တခြားနေရာတွေကို ပျံ့သွားနိုင်ပါတယ်။
* ကင်ဆာကြိတ်ကနေ တစိမ့်စိမ့်သွေးထွက်နေတတ်ပါတယ်။

ကုသနည်းများ

ရောဂါအခြေအနေ၊ လူနာအခြေအနေပေါ်မူတည်၍ ကုသနည်းများစွာရှိပါသည်။

* ခွဲစိတ်နည်း
* ဓာတ်ရောင်ခြည်ပြနည်း
* ဆေးသွင်းနည်း
* Targeted therapy
* Immunotherapy စသဖြင့်နည်းလမ်းပေါင်းများစွာရှိပါတယ်။

ကာကွယ်နည်းများ

အစာရေမျိုပြွန်ကင်ဆာဖြစ်တာကို လျှော့ချချင်တယ်ဆိုရင်

* ဆေးလိပ်ဖြတ်ပါ။ ဆေးလိပ်မသောက်တတ်ရင် မသောက်ပါနဲ့။ စွဲနေရင် ဖြတ်လိုက်ပါ။
* အရက်လျှော့သောက်ပါ။ အရက်မဖြတ်နိုင်သေးရင်လျှော့သောက်ပါ။
* အသီးအရွက်များများစားပါ။
* အဝမလွန်အောင်ထိန်းပါ။

Credit - Hello ဆရာဝန်

စာရေးဆရာ အကြည်တော် ခံစားခဲ့ရတဲ့အစာရေမြိုပြွန်ကင်ဆာ ဆိုတာဘာလဲ…….?အစာရေမျိုဆိုတာ ပိုက်လုံးနဲ့တူပါတယ်။ ပါးစပ်နဲ့ အစာအိမ်ကို...
12/11/2022

စာရေးဆရာ အကြည်တော် ခံစားခဲ့ရတဲ့
အစာရေမြိုပြွန်ကင်ဆာ ဆိုတာဘာလဲ…….?

အစာရေမျိုဆိုတာ ပိုက်လုံးနဲ့တူပါတယ်။ ပါးစပ်နဲ့ အစာအိမ်ကို ဆက်ထားပြီး အစာတွေကို သယ်ပို့ပေးပါတယ်။ အစာရေမျိုပြွန်တစ်လျှောက် ဘယ်နေရာမှာဖြစ်ဖြစ် ကင်ဆာဖြစ်နိုင်ပါတယ်။ အစာရေမျိုပြွန် ကင်ဆာ က ကမ္ဘာ့အဖြစ်အများဆုံးကင်ဆာတွေထဲမှာ နံပါတ်၆ချိတ်ပါတယ်။ အမျိုးသားတွေမှာပိုဖြစ်ပါတယ်။

ဘယ်သူတွေမှာဖြစ်မှာလဲ။

အစာရေမျိုပြွန် မှာရှိတဲ့ဆဲလ်တွေကို ခဏခဏဆွမိလို့ ဆဲလ်တွေ ခဏခဏပျက်စီးရင်ပိုဖြစ်ပါတယ်။ ဥပမာ

* GERDလို့ခေါ်တဲ့ စားချဉ်ရည်ပြန်တဲ့ရောဂါ
* စားချဉ်ရည်ခဏခဏပြန်တက်လို့ ဆဲလ်တွေပျက်စီးတာ (Barrett’s esophagus)
* ဆေးလိပ်အပါအဝင် ဆေးတံ၊ ဆေးပေါ့လိပ်သောက်တာ၊ဆေးရွက်ကြီးငုံတာ
* အဝလွန်တာ
* အရက်သောက်တာ
* သည်းခြေရည်ပြန်တက်တာ
* Achalasia (အစာရေမျိုပြွန်ကျဉ်းလို့ အစာတွေ အစာအိမ်ထဲမရောက်တဲ့ရောဂါ)
* အလွန်ပူတဲ့အရည်တွေကို အရသာခံသောက်တာ
* အသီးအရွက်အစားနည်းတာ
* ရင်ဘတ်အပေါ်ပိုင်းကို ခဏခဏဓာတ်ရောင်ခြည်သင့်တာ

ဘာလက္ခဏာတွေပြမှာလဲ။

အစောပိုင်းမှာဘာမှဖြစ်မှာမဟုတ်ပါဘူး။ နည်းနည်းကြာလာရင်တော့

* အစာမျိုရခက်ပါမယ်။

စစချင်းတော့ အစာလည်ပင်းမှာကပ်နေတယ်လို့ ပြောပါမယ်။ အစာစားရင်သီးပါမယ်။ နောက်ပိုင်း အစာမာတွေကို မျိုရခက်ပါမယ်။ ဒီထက်ပိုဆိုးလာရင် အစာပျော့၊ အစာပျော့ကနေ ရေတောင် ကောင်းကောင်းမျိုနိုင်မှာမဟုတ်ပါဘူး။

* စားပြီးသားအစာတွေ ဒီတိုင်းပြန်ထွက်လာပါမယ်။
* အစာမကြေတာ၊ ရင်ပူတာဖြစ်ပါမယ်။
* ရင်ခေါင်းတောင့်၊ ရင်ခေါင်းအောင့်ပါမယ်။
* တဖြည်းဖြည်းပိန်လာပါမယ်။
* အန်ပါမယ်။
* ဝမ်းဗိုက်အပေါ်ပိုင်း၊ ရင်ဘတ်နဲ့ နောက်ကျောတွေအောင့်ပါမယ်။
* ချောင်းဆိုးမယ်။
* အသံပြောင်းလာမယ်။
* သွေးအားနည်းသလို ဖြူဖျော့ပြီး အားနည်းလာမယ်။

နောက်ဆက်တွဲဘာဖြစ်မှာလဲ။

* အစာရေမျိုပြွန်ပိတ်တာ

ကျဉ်းနေရင် နှာခေါင်းပိုက်ကနေအစာထည့်လို့ရပါသေးတယ်။ ဒီထက်ပိုဆိုးလို့ လုံးဝပိတ်သွားရင်တော့ ဗိုက်ကနေအပေါက်ဖောက်ပြီး အစာထည့်ရပါမယ်။

* ကင်ဆာဆဲလ်တွေပျံ့သွားတဲ့အခါ နာပါမယ်။
* တခြားနေရာတွေကို ပျံ့သွားနိုင်ပါတယ်။
* ကင်ဆာကြိတ်ကနေ တစိမ့်စိမ့်သွေးထွက်နေတတ်ပါတယ်။

ကုသနည်းများ

ရောဂါအခြေအနေ၊ လူနာအခြေအနေပေါ်မူတည်၍ ကုသနည်းများစွာရှိပါသည်။

* ခွဲစိတ်နည်း
* ဓာတ်ရောင်ခြည်ပြနည်း
* ဆေးသွင်းနည်း
* Targeted therapy
* Immunotherapy စသဖြင့်နည်းလမ်းပေါင်းများစွာရှိပါတယ်။

ကာကွယ်နည်းများ

အစာရေမျိုပြွန်ကင်ဆာဖြစ်တာကို လျှော့ချချင်တယ်ဆိုရင်

* ဆေးလိပ်ဖြတ်ပါ။ ဆေးလိပ်မသောက်တတ်ရင် မသောက်ပါနဲ့။ စွဲနေရင် ဖြတ်လိုက်ပါ။
* အရက်လျှော့သောက်ပါ။ အရက်မဖြတ်နိုင်သေးရင်လျှော့သောက်ပါ။
* အသီးအရွက်များများစားပါ။
* အဝမလွန်အောင်ထိန်းပါ။

Credit - Hello ဆရာဝန်

ဆေးရုံဆေးခန်းက စစ်ခိုင်းလို့သာ စစ်လိုက်ရတယ်ဘာတွေကို ဘာလို့စစ်ခိုင်းတယ်ဆိုတာ မသိဘူးဆိုပီးလာမေးထားလို့@ ECG (Electro Cardi...
02/11/2022

ဆေးရုံဆေးခန်းက စစ်ခိုင်းလို့သာ စစ်လိုက်ရတယ်
ဘာတွေကို ဘာလို့စစ်ခိုင်းတယ်ဆိုတာ မသိဘူးဆိုပီး
လာမေးထားလို့

@ ECG (Electro Cardiogram )- နှလုံးစစ်ဆေးတာ
(နှလုံး ကြွက်သားလုပ်ဆောင်ချက်နဲ့ နှလုံးရောဂါများကို စစ်ဆေးတာ)
> EST (exercise stress test ) - ပြေးစက်ပေါ် နှလုံးစမ်းသပ်တာ

@ Urine test - ဆီးစစ်ဆေးတာ ( ဆီးလမ်းကြောင်း တစ်လျှောက်ပိုး၀င်ခြင်း မူမှန်မမှန်နဲ့ ကျောက်ကပ်ကို စစ်ဆေးတာ )
> Urine RE - ဆီးစစ္​တာ
>Urine Protein - ဆီးမှအသားဓာတ်ယိုစိမ့်မူတိုင်းတာ တာ

@ HbA1c - ( 3လအတွင်း ဆီးချိုရောဂါ ထိန်းသိမ်းမှုအတွက် စစ်ဆေးတာ )
>Blood Sugar - သွေးတွင်းသကြားပမာဏ စစ်ဆေးတာ(ဆီးချိုးရောဂါရှိမရှိ သိရှိရန် အတွက် အစစ်များ )
>FBS (fasting Blood Sugar )- အစာရပ်ပီး ဆီးချိုစစ်တာ

@ SGOT, SGPT, Serum Bilirubin.,ALT - အသည်းရဲ့
စွမ်းဆောင်ရည် အင်ဇိုင်းပမာဏနဲ့ သွေးတွင်း ဘီလီယူဘင်ကိုစစ်တာ
(အသားဝါစေသော ဓာတ်ကို အကဲဖြတ်မလို့ အစစ်များ)
> Alkaline Phosphates - အသည်း အရိုးနဲ့ဆိုင်သောဓာတ် စစ်ဆေးတာ

>AFP( Alpha Feto Protein) - အသည်းကင်ဆာစစ်တာ
>ALT,AST - အသည်းအင်ဇိုင်းများစစ်ဆေးတာ

@ Blood urea and Serum Creatinine. - သွေးတွင်း
ယူရီးယား,ခရီယေတနင်းဓာတ်ကိုစစ်တာ(ကျောက်ကပ်စွမ်းဆောင်ရည်
သိရှိ အကဲဖြတ်ဖို့အတွက် )
> Creatinine GFR - ကျောက်ကပ်လုပ်ဆောင်ချက် စစ်ဆေးတာ
> BUN (Blood Urea Nitrogen) - ကျောက်ကပ်စစ်တာ
>Electrolyte - သွေးတွင်း သတ္ထုဓာတ်လေးမျိုး စစ်တာ

@ Lipid Profile - သွေးတွင်းအဆီ ပမာဏက်ိုစစ်တာ (ကောင်းကျိုးပေးသောအဆီနဲ့ မကောင်းတဲ့အဆီတွေကို ကြည့်ပီး
နှလုံးကျန်းမာရေး အကဲဖြတ်နိုင်ရန်အတွက် )
> Cholesterol - သွေးထဲရှိ ကိုလက်စထရောစစ်တာ
>Triglyceride - ထရိုင်ဂလီစရိုက်ဓာတ်ကိုစစ်တာ
> HDL Cholesterol- သွေးထဲရှိ အကျိုးပြုတဲ့ ကောင်းတဲ့ အဆီဓာတ် ကိုစစ်တာ
> LDL Cholesterol -အကျိုးမပြုတဲ့ မကောင်းတဲ့ အဆီဓာတ်ကို
စစ္​တာ

@ Haemogram - (သွေးဖြူဥ ,သွေးနီဥ, သွေးမွှားဆဲလ် စတာတွေကို အဏုစိတ် စစ်ဆေးတာ)
> CP Auto - သွေးဖြူဥ သွေးနီဥ စစ်တာ

@ HBs Antigen ,HCV Antibody- အသည်းရောင်အသားဝါ ဘီပိုး,စီပိုး ရှိမရှိစစ်တာ
>HBsAg -အသည်းရောင်အသားဝါ Bပိုးစစ်တာ
>Anti HBS - Bပိုး ကိုယ်ခံအားစစ်တာ
> Anti HCV - C ပိုးစစ္​တာ
> Bilirubin -အသားဝါစစ်ဆေးတာ

@( X -ray )- ဓာတ်မှန်ရိုက်တာ (ရင်ဘတ်ဓာတ်မှန် နဲ့ အရိုးကျိုး အက် စတာတွေအတွက်စစ်တာ)
Chest X-ray (CXR)- ရင်ဘတ်ဓာတ်မှန် ရင်ခေါင်းအတွင်းရှိ အဆုတ်နဲ့ နှလုံး ပုံမှန်ဟုတ်မဟုတ် ရောဂါရှိမရှိ စစ်ဆေးတာ

@ USG (Ultrasound) - အယ်ထရာဆောင်း (တယ်လီဗီးရှင်း ဓာတ်မှန်ရိုက်တာ) အသည်း
သည်းခြေအိတ် ကျောက်ကပ် မုန့်ချိုအိတ် သရက်ရွက် ဆီးကျောက်တည်ခြင်း သည်းခြေကျောက်တည်ခြင်း စသည့်၀မ်းတွင်း အင်္ဂါများရောဂါများရှာဖွေရန်နဲ့ ကိုယ်၀န်ဆောင် များ အစစ်များ

@ Thyroid Function Test - လည်ပင်းကြီးဟော်မုန်းစစ်တာ
> T3,T4,TSH - သိုင်းရွိုက် ဟော်မုန်းစစ်တာ

@> HIV(Retro test) - HIV ပိုးစစ်တာ (ခုခံအားကျဆင်းရောဂါ)
@> VDRL - ကာလသားရောဂါ ပိုး စစ်တာ
@> Vitamin D (total ) - အရိုးပွရောဂါအတွက်စစ်တာ
@>Uric acid (Gout ) - အဆစ်အမြစ်ရောဂါ . ဂေါက်ရောဂါ အတွက်စစ်ဆေးတာ
@> - A*o - လေးဘက်နာရောဂါ စစ်ဆေးတာ
@> RA -သွေးကြောင့်ဖြစ်တဲ့ လေးဖက်နာရောဂါကို စစ်တာ
@> ESR - သွေးနီဥတွေ တစ်နာရီအတွင်း အနယ်ထိုင်တဲ့နှုန်းကို စစ်တာ(သွေးအားနည်း နှလုံးရောင် ကျောက်ကပ်မကောင်း
အရိုးအတွင်းရောင် ကိုယ်၀န်ဆောင် လေးဘက်နာ (ရူမက်တစ် )
အဆစ်နာရောဂါ ဆစ်ဖလက် လည်ပင်ကြီး တီဘီ အဆစ်နာရောဂါ
စတဲ့သူတွေကို စစ်တာ
@>PSA/CA 125/CA 153 -ကင်ဆာဖြစ်နိုင်ခြေရှိမရှိ
စစ်ဆေးတာ
@> PSA - ဆီးကျိတ်ကင်ဆာ စစ်တာ
@> CEA - အစာအိမ်နဲ့ အူလမ်းကြောင်း ကင်ဆာစစ်တာ
@> CA 125- သားဥအိမ်ကင်ဆာ စစ်တာ
@> PSA - အမျိုးသား ဆီးကျိတ်ကင်ဆာ စစ်တာ
@> Helicobacter Pylori - အစာအိမ်ရောဂါပိုး ရှိမရှိစစ်တာ
@> AFP - အသည်းကင်ဆာ စစ်တာ
@> faecal Occoult Blood - ၀မ်းတွင်းသွေးပါမပါ စစ်တာ
@> Digital Mammogram - ရင်သားဓာတ်မှန် ရိုက်တာ
@> CRP ( C Reactive Protein) - သွေးကြောရောင်
်ကိုင်းတာကို စစ်တာ@> Echo - နှလုံးလုပ်ငန်းဆောင်တာ စစ်ဆေးတာ
(နှလုံးတစ်ခုလုံးကို အပြင်မှာမျက်လုံးနဲ့ မြင်ရသလိုမြင်နိုင်တယ်)
@> T&DP - ခန္ဓာကိုယ် အတွင်းမှ အသားဓာတ် စစ်ဆေးတာ
@> albumin - ခန္ဓာကိုယ် အသားဓာတ်စစ်ဆေးတာ

ခဏခဏလာမေးလို့ တင်ပေးလိုက်တာပါ
အားနည်းချက်အများကြီးနဲ့ မပြည့်စုံတာတွေကို တစ်ဖြည်း၂နဲ့ ပြန်ပီးပြင်ဆင် ဖြည့်စွက်ပေးပါ့မယ်
(ဗဟုသုတအဖြစ်သာ)

မိန်းကလေးတွေ_ရွဲ့ပြောတတ်တဲ့       စကားအတည့်လေးတွေ         #လာမခေါ်နဲ့!      အဲတာခေါ်ခိုင်းတာ       မခေါ်ပဲနေကြည့် သေအောင...
19/06/2022

မိန်းကလေးတွေ_ရွဲ့ပြောတတ်တဲ့
စကားအတည့်လေးတွေ


#လာမခေါ်နဲ့!

အဲတာခေါ်ခိုင်းတာ
မခေါ်ပဲနေကြည့် သေအောင်စိတ်ဆိုးတယ်😐

#အေးးးရတယ်လေ!

အဲတာ မရဘူးးး ကြည့်နေ
ငါပြဿ နာ ရှာပြမယ် အဲ့လို 😐

#ပြီးတာပဲ!

အဲ့တာ မပြီးဘူး မကျေနပ်လို့ပြောတာ
ခဏနေ သူပြန်ရွဲ့တော့မှာ 😐

#ဘာတစ်ခွန်းမှလာမပြောနဲ့!

အဲ့တာကောက်သွားတာ
အမြှုပ်ထွက်အောင် သွားရှင်းပြ
ပြောနိုင်မှတော်ကာကျမှာ 😐

#ကြိုက်တာသာလုပ်!

ဘာမှသွားမလုပ်နဲ့
အဲ့တာသူ ပြဿနာရှာဖို့အဆင်သင့်ပဲဆိုတဲ့သဘော😐

#ငါ့ကို_အဖက်လာမလုပ်နဲ့!

ပစ်ထားတာများသွားပြီ
သေချာပြန်ဂရုစိုက်ပေး ဆိုတဲ့သဘော
အနီရောင်အဆင့် ရှော့ရှိတယ်😐

#နင်ဘာလုပ်လုပ်_ငါဂရုမစိုက်ဘူး!

အဲ့တာ သူဂရုစိုက်တယ်
တော်တော်စိုက်တာ
မျက်စိထောက်ထောက်ကြည့်နေတာ
တစ်ချက်မမှားနဲ့ရစ်ပလိုက်လို့နားကားသွားမယ်

#နင့်သဘောနဲ့နင် !

အဲ့တာသူ့ဆီအရင်ခွင့်တောင်းခိုင်းတာ
ဘယ်နေရာလဲ ဘာကိစ္စလဲ ဘယ်သူနဲ့လဲ $?&?
အဲ့လို မေးခွန်းပေါင်းများစွာ မေးပီး
အစစ်ဆေးလာခံခိုင်းတာ😐

#ကောင်းပီလေ!

မကောင်းဘူး တော်တော်မကောင်းတာ
ပြဿနာစဖို့အစပျိုးတာ😐

#အော်__အဲ့လိုလားးး!

သွါးပီ အဲ့တာရွဲ့ပီ စောင်းပီ
ဘုဂလန့်လုပ်ပီ စိတ်ဒုက္ခပေးပီ😐

#ကြည့်မရဘူး!

အမှန်ကကြည့်မဝတာ😐

#နင့်ရုပ်လဲမမြင်ချင်ဘူး!

အဲ့လိုပြောရင် သွားတွေ့လိုက်😐

#နင့်အသံလဲမကြားချင်ဘူး!

ဖုန်းလေးတော့ ဆက်လိုက်
သူချည်းဒိုင်ခံပြောလိမ့်မယ်😐

#မုန်းတယ်_သလား!

ချစ်လို့ပြောတာ 😐

#အဲ့တာတွေကရွဲ့တာမဟုတ်ဘူး_မှတ်ထား ...!!
#အရမ်းချစ်လို့

Monkeypox (မျောက်ကျောက်ရောဂါအကြောင်း)     ဥရောပ ၊ အမေရိကနှင့် သြစတြေးလျတို့၌ Monkey pox ဗိုင်းရပ်စ်တစ်မျိုး ကူးစက်ပြန့်ပ...
25/05/2022

Monkeypox (မျောက်ကျောက်ရောဂါအကြောင်း)

ဥရောပ ၊ အမေရိကနှင့် သြစတြေးလျတို့၌ Monkey pox ဗိုင်းရပ်စ်တစ်မျိုး ကူးစက်ပြန့်ပွားနေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHOက သတိပေးထုတ်ပြန်ထားသည်။
29/4/2022 နေ့တွင် နိုင်ဂျီးရီးယားနိုင်ငံသို့ သွားရောက်ကာ 4/5/2022 ရက်တွင် ဗြိတိန်သို့ ပြန်လာခဲ့သည့် ဗြိတိန်နေထိုင်သူတစ်ဦးမှ စတင်၍ မျောက်ကျောက်ရောဂါလက္ခဏာများ ဖြစ်ပွားနေကြောင်း 6/5/2022 တွင် အတည်ပြုခဲ့သည်။
United Kingdom တွင်မျောက်ကျောက်ရောဂါဖြစ်ပွားမှုအများအပြား၏ဇာစ်မြစ်ကိုမသိရဘဲ
လန်ဒန်ဧရိယာတွင် လူထုကူးစက်မှုဖြစ်ပွားနေသည်ကို တွေ့ရသည်။ အရှေ့မြောက်နှင့်အရှေ့တောင်အင်္ဂလန်၊ပေါ်တူဂီ၊ ဆွီဒင် ၊အီတလီ၊ဘယ်လ်ဂျီယံ
အမေရိကန်၊ နယ်သာလန်၊ကနေဒါ၊
စပိန်၊ ဂျာမနီ ၊အစ္စရေး၊သြစတြေးလျ၊
ဆွစ်ဇာလန်၊သြစတြီးယားနိုင်ငံတွေ၌ပါ ရောဂါကူးစက်ခံရသည့်လူနာများ တွေ့ရှိနေရသည်။
4/5/2022 မှ 22/5/022 အထိ WHO အဖွဲ့ဝင်နိုင်ငံတွေထဲက Monkeypox ရောဂါဖြစ်လေ့ မရှိသည့်နိုင်ငံ တွေမှာပါ ရောဂါဖြစ်နေသူ 123 ယောက်နှင့်ရောဂါဖြစ်နေသည်ဟုသံသယရှိသူ 80
ယောက် ရှိသည်ဟု သိရပြီး ဆေးရုံတင်လူနာ ၁၁ဦးရှိကာ သေဆုံးလူနာ မရှိသေးပေ။အပူပိုင်းမှာသာ ဖြစ်လေ့ရှိရာက အအေးပိုင်းတွေမှာပါ ဖြစ်လာခြင်း၊ရောဂါဖြစ်ပွားသူ လူနာအများစုဟာ ခရီးသွားရာဇဝင်မရှိဘဲ အလိုလိုကူးစက်ခံခဲ့ရခြင်း တွေကြောင့်ထိတ်လန့်နေကြရသည်။

Monkeypox(မျောက်ကျောက်ရောဂါ)သည် ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပေါ်လာသော အဖြစ်နည်းသည့် ရောဂါဖြစ်သည်။ရောဂါကူးစက်ခံရပါက အဖျားတက်ခြင်း၊ lymph nodes(ပြန်ရည်ကြိတ်) များ ရောင်ရမ်းခြင်းနှင့် အဖုများ နေရာအနှံ့ထွက်ပေါ်လာခြင်းများဖြစ်တတ်သည်။ အဖုများသည် မျက်နှာနှင့် ခြေလက်များပေါ်တွင် အဖြစ်များသည်။မျောက်ကျောက်ရောဂါဖြစ်ပွားမှုအများစုသည် အာဖရိကအလယ်ပိုင်းနှင့် အနောက်ပိုင်းတို့တွင် ဖြစ်ပွားသည်။ Monkeypox သည် zoonotic ရောဂါလည်းဖြစ်သည်။ ဆိုလိုတာက တိရိစ္ဆာန်ကနေ လူကို ကူးစက်နိုင်သလို အပြန်အလှန်အားဖြင့်လည်း ကူးစက်နိုင်သည်။ လူတစ်ဦးမှတစ်ဦးသို့လည်း ကူးစက်နိုင်သည်။

Monkeypox ဆိုတာဘာလဲ

Monkeypox သည် Monkeypox virus(မျောက်ကျောက်ဗိုင်းရပ်စ်)ပိုး ကူးစက်ခံရခြင်းကြောင့် ဖြင်ပေါ်လာသောရောဂါဖြစ်သည်။မျောက်ကျောက် ဗိုင်းရပ်စ်သည် ကျောက်ကြီးရောဂါ
ဗိုင်းရပ်စ် မျိုးနွယ်ဝင်orthopoxvirus (Variola virus)ဖြစ်သည်။သိပ္ပံပညာရှင်များသည် 1958 ခုနှစ်တွင်ရောဂါကိုပထမဆုံးတွေ့ရှိခဲ့သည်။ သုတေသနအတွက်အသုံးပြုသောမျောက်များတွင် ကူးစက်ပျံ့ပွားမှုနှစ်ခုဖြစ်ခဲ့သည်။ ထို့ကြောင့် monkeypox ရောဂါဟုခေါ်ခဲ့ကြသည်။ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ၌ 1970 ခုနှစ်တွင် လူ၌ မျောက်ကျောက်ရောဂါ ပထမဆုံးဖြစ်ပွားခဲ့သည်။

လက္ခဏာများ
မျောက်ကျောက်ရောဂါလက္ခဏာများသည် small pox ကျောက်ကြီးရောဂါ
နှင့် ဆင်တူသည်။
(အထူးသတိပြုရန်
Small pox သည် Chicken Pox
ရေကျောက်ရောဂါ(ပဲသီတာရောဂါ) မဟုတ်ပါ။ယခုကာလ ကလေးများတွင် ဖြစ်ပွားနေသော ရေကျောက်ရောဂါနဲ့
Hand, Foot and Mouth Disease လို့ ခေါ်တဲ့
ပါးစပ် နဲ့ ခြေ၊ လက်တွေ မှာ Coxsackie ဆိုတဲ့ ဗိုင်းရပ်စ်ပိုး ကြောင့် အစက်ထွက်တဲ့ ရောဂါ နဲ့ မတူပါဘူး)။

သို့သော် မျောက်ကျောက်ရောဂါလက္ခဏာများသည် ကျောက်ကြီးရောဂါ လက္ခဏာများထက် ပုံမှန်အားဖြင့် ပိုပျော့သည်။မျောက်ကျောက်ဗိုင်းရပ်စ်ပိုး ကူးစက်ခံရပြီးနောက် ပထမဆုံးလက္ခဏာများ ပေါ်လာရန် အချိန်ယူရနိုင်သည်။ ၇ ရက်ကနေ ၁၄ ရက်အထိ ကြာနိုင်သည်။

အစောပိုင်းရောဂါလက္ခဏာများတွင်
* ဖျားခြင်း အဖျားသည် အများအားဖြင့်
ပထမ လက္ခဏာ ဖြစ်သည်။
* ခေါင်းကိုက်ခြင်း။
* ကြွက်သားကိုက်ခဲခြင်း။
* ခါးနာခြင်း။
* ပင်ပန်းနွမ်းနယ်ခြင်း။
* ချမ်းတုန်ခြင်း။
* lymphadenopathy ဟုခေါ်သော ပြန်ရည်ကြိတ်များ ရောင်ရမ်းခြင်း။

ဖျားပြီးနောက် ၁ ရက်မှ ၃ ရက်အကြာတွင် အဖုများထွက်တတ်သည်။ အဖုသည် ပုံမှန်အားဖြင့် အောက်ပါနေရာတို့ကို သက်ရောက်မှုရှိသည်။

* မျက်နှာ(အဖြစ်အများဆုံး)
* လက်ဖဝါး
* ခြေဖဝါးများ
* ပါးစပ်
* လိင်အင်္ဂါ
* မျက်လုံး(မျက်မြှေးနှင့် မျက်ကြည်လွှာ အပါအဝင်)
*ယားခြင်း

အဖုများသည် အောက်ပါအတိုင်း ပြောင်းလဲလာတတ်သည်။

*အနီစက်
*အနီစက်တွေဖောင်းလာခြင်း(အဖုငယ်)
*အနီစက်တွေ ကြီးလာပြီး ကြည်လင်သော အရည်တွေပြည့်လာခြင်း(အဖုကြီး)
* အရည်ကြည်ဖုများ(ပြည်တည်နာ)
* မည်းမည်းမျက်နှာပြင်နှင့်အနာဖေး
ဒဏ်ရာတွေ ခြောက်သွေ့ပြီး အနာဖေးတွေ ကွာကျတတ်ပြီး
မျောက်ကျောက်ရောဂါလက္ခဏာများသည် ယေဘူယျအားဖြင့် ၂ပတ်မှ ၄ပတ်ကြာပြီး ကုသမှုမခံယူဘဲ ပျောက်ကင်းနိုင်ပါသည်။

နောက်ဆက်တွဲဆိုးကျိုး

* bronchopneumonia အဆုတ်ရောင်ခြင်း
* သွေးဆိပ်တက်ခြင်း။
* ဦးနှောက်တစ်သျှူးရောင်ခြင်း (Encephalitis) ဟုလည်း ခေါ်သည်။
* မျက်ကြည်လွှာ ပိုးဝင်ခြင်း ၊
* တခြားရောဂါပိုးများဝင်ခြင်း

မျက်ကြည်လွှာတွင် ပိုးဝင်ခြင်းကြောင့် အမြင်အာရုံ ဆုံးရှုံးနိုင်သည်။
ထို့အပြင်၊ ပြင်းထန်သောအခြေအနေများတွင် အရေပြားဒဏ်ရာများပေါင်းစပ် ပြီး အရေပြားအကွက်လိုက် ကွာကျနိုင်သည်။

monkeypox ဘယ်နေရာမှာ အဖြစ်များလဲ

မျောက်ကျောက်ဗိုင်းရပ်စ်ပိုးသည် အာဖရိကအလယ်ပိုင်းနှင့် အနောက်ဘက်ပိုင်းရှိ အပူပိုင်းဒေသ၊ ကျေးလက်ဒေသများတွင် အဓိကအားဖြင့် ရှိသည်။၁၉၇၀ ခန့်က ကွန်ဂိုနိုင်ငံ၌ အသက် (၉) နှစ်အရွယ်ကလေးငယ်လေးမှာ စတင်တွေ့ရှိခဲ့တာဖြစ်ပြီး
ထိုအချိန်ကတည်းက ကျေးလက်ဒေသများ၊ ကွန်ဂိုမိုးသစ်တောဒေသများနှင့် အာဖရိကအနောက်နှင့်အလယ်ပိုင်းဒေသများမှာ တဖြည်းဖြည်း တွေ့ရှိလာခြင်းဖြစ်သည်။၂၀၁၇ ခုနှစ်၌ နိုင်ဂျီးရီးယား၌ ကူးစက်မှုသံသယရှိသူ ၅၀၀ကျော်နှင့် ကူးစက်ခံရသူ ၂၀၀ ကျော် ရှိခဲ့သည်။ယခုအချိန်အထိ သေဆုံးနှုန်း ၃-၆ရာခိုင်နှုန်းခန့်ရှိသည်။ 1970 ခုနှစ်မှစ၍ အောက်ပါနိုင်ငံများတွင် ဖြစ်ပွားခဲ့သည်။
* Benin
* ကင်မရွန်း
* ဗဟိုအာဖရိကသမ္မတနိုင်ငံ
* ကို့ဒီဗိုရီ
* ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ
* ဂါဘွန်
* လိုက်ဘေးရီးယား
* နိုင်ဂျီးရီးယား
* ကွန်ဂိုသမ္မတနိုင်ငံ
* ဆီးရီးယားလီယွန်း
* တောင်ဆူဒန်
*အစ္စရေး

(၂၀၂၂) မေလ၌ မျောက်ကျောက်ရောဂါကို အခြားနိုင်ငံအများအပြား၌ တွေ့ရှိထားသည်။

ကူးစက်မှုအများစုသည် ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ ကျေးလက်ဒေသများတွင် ဖြစ်ပွားခဲ့သည်။အဆိုပါနိုင်ငံတစ်ခုခုသို့ ခရီးသွားနေပါက သတိထားနေထိုင်သင့်သည်။ မျောက်ကျောက်ကူးစက်နိုင်သော တိရစ္ဆာန်များနှင့် ထိတွေ့ဆက်ဆံခြင်းကို ရှောင်ကြဉ်ပါ။ရောဂါကူးစက်ခံနေရသူနှင့် ထိတွေ့ဆက်ဆံခြင်းကို ရှောင်ကြဉ်ပါ။

ဘယ်လိုကူးစက်ပျံ့ပွားလဲ

Monkeypox သည် ရောဂါပိုးရှိသော တိရိစ္ဆာန်များ သို့မဟုတ် လူများနှင့် တိုက်ရိုက်ထိတွေ့ခြင်း
* သွေး
* ခန္ဓာကိုယ်အရည်များ
* အရေပြား သို့မဟုတ် အကျိအချွဲအနာများ
* အသက်ရှုလမ်းကြောင်းဆိုင်ရာ အမှုန်အမွှားများ၊ (လူမှလူချင်း )
* ရောဂါပိုးရှိသော တိရစ္ဆာန်များမှ ကိုက် ခြစ်ခြင်း။
* ရောဂါပိုးရှိသောတိရစ္ဆာန်၏အသားကိုစားခြင်း။
* အိပ်ယာကဲ့သို့ ရောဂါပိုးရှိသူအသုံးပြုထားသော ပစ္စည်းများမှ
တစ်ဆင့် ကူးစက်ပျံ့နှံ့သည်။ရောဂါပိုးရှိသူနှင့် လိင်ဆက်ဆံခြင်းမှလည်း ကူးစက်နိုင်သည်။

ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဗဟိုဌာန (CDC) က လူတစ်ဦးမှ တစ်ဦးသို့ ကူးစက်မှု အလွန်နည်းသည်ဟု ဆိုသည်။
အချိန်ကြာကြာ မျက်နှာချင်းဆိုင်ထိတွေ့ခြင်းနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ အမှုန်အမွှားများစွာကြောင့် ကူးစက်တတ်သည်။ရောဂါရှိသူနှင့် 6 ပေပတ်လည်အကွာအဝေးတွင် ၃ နာရီအထက် ရှိနေပါက ကူးစက်နိုင်ပါသည်။
အဓိက ရောဂါသယ်ဆောင်သူ မသိကြသေးသော်လည်း အာဖရိက ကြွက်များ ပါဝင်သည်ဟု ယူဆကြသည်။

မျောက်ကျောက်က သေစေသလား။
၁၀ ယောက်ဖြစ်လျင် တစ်ယောက် သေဆုံးနိုင်သည်ဟု CDC အဆိုအရသိရသည်။ပြင်းထန်သော လက္ခဏာခံစားရသူများ သေဆုံးနိုင်ခြေ ပိုများသည်။

ပြင်းထန်သောရောဂါဖြစ်နိုင်ခြေရှိသူများတွင်
* ကလေးငယ်များ
* ဗိုင်းရပ်စ်နှင့် ကြာရှည်ထိတွေ့မှု ရှိခြင်း။
* ကျန်းမာရေး ချို့တဲ့ခြင်း။
* နောက်ဆက်တွဲ ဆိုးကျိုးများဝင်သည့် လူနာတို့ပါရှိသည်။

ဘယ်လိုကုသမလဲ

မျောက်ကျောက်ရောဂါအတွက် အတိအကျ ကုသမှုမရှိပါ။
Monkeypox သည် အများအားဖြင့် ၂ပတ်မှ ၄ပတ်အထိ ရောဂါလက္ခဏာများ ခံစားရပြီး သူ့အလိုလို ပျောက်ကင်းသည့် ရောဂါဖြစ်သည်။
မျောက်ကျောက်ရောဂါသည် ကုသမှုမခံယူဘဲ သက်သာနိုင်သည်။ ဗိုင်းရပ်စ်ဖြစ်သည့်အတွက် ဖြစ်ပေါ်လာသော လက္ခဏာများ သက်သာစေရန် လက္ခဏာများအလိုက် ကုသပေးနိုင်သည်။ ဥပမာ အဖျားအတွက် ပါရာစီတမော၊ ရေများများသောက်ခြင်း၊ အာဟာရပြည့်ပြည့်ဝဝစားခြင်း
၊ယားခြင်းအတွက် calamine lotion လိမ်းခြင်း ။
အချို့သောဆေးဝါးများသည် ရောဂါဖြစ်ပွားမှုကို ထိန်းချုပ်ရန်နှင့် ရောဂါမပြန့်ပွားစေရန်အတွက် အသုံးပြုနိုင်သည်။ ၎င်းတို့တွင်-

* vaccinia vaccine (ကျောက်ရောဂါ ကာကွယ်ဆေး)
* vaccinia immune globulin (VIG)၊
* ဗိုင်းရပ်စ်ပိုးသတ်ဆေး (တိရစ္ဆာန်များတွင်)

ကျောက်ရောဂါ ကုသရန်အတွက် တီထွင်ထားသော ဗိုင်းရပ်စ်ပိုးသတ်ဆေးကို မျောက်ကျောက်ရောဂါ ကုသရန်အတွက်လည်း အသုံးပြုခွင့်ရထားသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏အဆိုအရ ကျောက်ကြီးရောဂါကာကွယ်ဆေးသည် မျောက်ကျောက်ရောဂါဖြစ်ပွားမှုကို ကာကွယ်ရာတွင် ခန့်မှန်းခြေအားဖြင့် ၈၅% ထိရောက်မှုရှိသည်။ အကယ်၍ ကလေးဘဝတွင် ကျောက်ရောဂါ ကာကွယ်ဆေးကို ခံယူပြီး မျောက်ကျောက်ဗိုင်းရပ်စ်ပိုး ကူးစက်ခံရပါက ရောဂါလက္ခဏာများမှာ မပြင်းထန်နိုင်ပေ။ Smallpox ခေါ် ကျောက်ရောဂါ ကာကွယ်ဆေးကို မြန်မာနိုင်ငံ ၌ ၁၉၇၀ ကာလ လောက် က ထိုးပေးခဲ့ပြီး ရောဂါ ပပျောက်သွားသည့် အတွက်ဆက် ထိုးနှံရတာမျိုး မရှိတော့ပေ။( chickenpox ရေကျောက် ကာကွယ်ဆေးသည်Smallpox ကျောက်ရောဂါ ကာကွယ်ဆေး မဟုတ်ပါ)။
၁၉၈၀ ခန့်က ကမ္ဘာတစ်ဝန်းမှာ လုံးဝအမြစ်ပြတ် ရှင်းလင်းသွားပြီဖြစ်သည့် orthopox virus နှင့် ဆက်စပ်နေသည့် ရောဂါတစ်မျိုး ဖြစ်သည်။
ကျောက်ကြီးရောဂါကို အမြစ်ဖျက်ချေမှုန်းရာတွင် အသုံးပြုထားသည့် ကာကွယ်ဆေးများသည် မျောက်ကျောက်ရောဂါကို ကာကွယ်နိုင်သည်။
မျောက်ကျောက်ရောဂါ အတွက် ကာကွယ်ဆေးအသစ်များလည်း လုပ်ဆောင်နေကြပေသည်။

Credit ဟမ်ဆိုင်း (ဆေး-မန်း)
9AM
24-5-2022

ကိုယ်ဝန်ဆောင်ချိန်မှာ အမျိုးသားနဲ့ လိင်ဆက်ဆံရင် အမျိုးသားသုတ်ရည်တွေ ဗိုက်ထဲကကလေးရဲ့ခေါင်းမှာ ဂျွတ်တက်တယ်ဆိုတာတွေအမျိုးသာ...
08/05/2022

ကိုယ်ဝန်ဆောင်ချိန်မှာ အမျိုးသားနဲ့ လိင်ဆက်ဆံရင် အမျိုးသားသုတ်ရည်တွေ ဗိုက်ထဲကကလေးရဲ့ခေါင်းမှာ ဂျွတ်တက်တယ်ဆိုတာတွေ
အမျိုးသားနဲ့အတူမနေနဲ့ ဆေးရုံရောက်ရင် ဆရာမတွေကသိတယ် ကဲ့ရဲ့တယ်ဆိုတာတွေ
ဒီစာလေးဖတ်မိရင် ဘယ်ကကြားဖူးမှန်းမသိတဲ့ ရှေးရိုးအစွဲကြီးကို ခေတ်လူငယ်တွေပီပီ ပယ်နိုင်ကြဖို့ မျှော်လင့်မိပါတယ်
ကိုယ်တိုင်ဆရာမတစ်ယောက်ပါ ဘယ်လူနာရဲ့အတင်းကိုမှ တုပ်နေဖို့ မအားကြပါဘူးနော် ညဂျူတီဆို အလင်းပေါက်သွားတဲ့ညတွေ တစ်ပုံကြီး ပြောနေရင်ပြီးမှာမဟုတ်တော့ဘူး အဓိက ပြောချင်တာက
ခုအစ်မတို့ပြောပြောနေကြတဲ့ ကိုယ်ဝန်ဆောင်ချိန် အမျိုးသားနဲ့ အတူနေမိရင် သုတ်ရည်က ကလေးခေါင်းပေါ်မှာ ဂျွတ်တက်တယ်ဆိုတဲ့အကြောင်းပါ အဒါလုံးဝမဟုတ်ပါဘူးနော်
vernix Caseosa လို့ခေါ်ပြီး အဖြူရောင် ခရင်မ်လိုအရည်ပါ
third trimesterလို့ခေါ်တဲ့ ကိုယ်ဝန်နောက်ဆုံး၃လမှာ ကေလးရဲ့ အဆီဂလင်းကနေ ထွက်တဲ့အရည်ပါ
အဒါက ကေလးရဲ့အေရျပားကို ကာကွယ်ပေးတယ် ရေနဲ့အရေပြားကြားမှာ အဟန့်အတားအဖြစ် နေပြီးတော့ လျှပ်ကာပစ္စည်းလိုမျိုး အနွေးဓာတ်ကို ထိန်းပေးထားတယ်
ကေလးရဲ့အေရျပားကို စိုစွတ်စေပြီး ရေဓာတ်ခန်းခြောက်မှုနှုန်းကို လျှော့ချပေးတယ်
အပတ်လေးဆယ်မတိုင်ခင် မွေးတဲ့ကလေးတွေမှာ တစ်ခါတစ်ရံမှ တွေ့ရတယ် နေ့စေ့လစေ့မွေးတဲ့ ကလေးတွေမှာ တွေ့ရတယ်
Anti microbial barrier လည်းဖြစ်လို့ မိခင်မွေးလမ်းကြောင်းကတစ်ဆင့် ကလေးဆီပိုးဝင်မှာကိုလည်း ကာကွယ်ပါတယ်
ရေမြွှာရေထဲမှာရှိတဲ့ vernixကို ကလေးကမြိုမိရင်တော့ အူဖွံ့ဖြိုးမှာအပေါ်မှာ သက်ရောက်မှုရှိပါတယ်တဲ့
🙅မည်သူတစ်ဦးတစ်ယောက်နဲ့မှ ပြိုင်မငြင်းချင်ပါဘူးနော် ရှာလို့တွေ့သမျှကို အကျဉ်းချုံးပြီး နားလည်လွယ်အောင် ရေးထားတာပါ
ကိုယ်ဝန်ဆောင်ချိန် အမျိုးသားနဲ့ဆက်ဆံလို့ရလားဆိုတဲ့မေးခွန်းတွေတက်လာတိုင်း အဲအဖြေတွေပဲ တွေ့နေလို့ပါ
🙅အတူနေဖို့ အားပေးအားမြှောက်လုပ်တဲ့ postလည်းမဟုတ်ပါဘူးနော် ကိုယ်ဝန်ပထမလေးလက ပ်က္က်တတ္လို့ OGတွေက အတူနေဖို့ တားမြစ်ပါတယ်
ကျွန်မတို့ဆေးရုံက အထူးကုOGကိုမေးပြီး သူဖြေထားတဲ့ အဖြေလေးပါ တင်ပေးထားပါတယ်
တန်ဆောင်မုန်းလပြည့်ည ညဂျူတီဆင်းရင်း accidentလူနာတွေ ဓားထိုးလူနာတွေကို လိုအပ်တာလုပ်ပေးနေရင်း မအိပ်ရတူတူဆိုပြီး အကျိုးရှိအောင် ဒီ postတင်ဖို့ ပြင်ဆင်နေတဲ့ ဗိုက်ကြီးသည် Nurseမတစ်ယောက်ပါရှင့်
မြန်မာစံတော်ချိန် မနက်၃နာရီထိုးတော့မယ် ခုထိမအိပ်ရသေးပါရှင့်
🙅လူတတ်ကြီးလုပ်တာ မဟုတ်ပါဘူးနော် သိတာလေးမျှဝေတာပါ အဖွဲ့ဝင်တွေအားလုံး အစစအရာရာ အဆင်ပြေကြပါစေ မရသေးတဲ့မေမေတွေလည်း အမြန်ဆုံးရနိုင်ကြပါစေ 😘😘
Credit #

➡. ဆီးချိူ နှင့် ကိုဗစ် အခုရက်ပိုင်း omicron variant covid - 19 ကူးစက်နူန်းမြန်နေလို့ ဆီးချိူဝေဒနာရှင်များ    အတွက် Prof...
17/02/2022

➡. ဆီးချိူ နှင့် ကိုဗစ်

အခုရက်ပိုင်း omicron variant covid - 19 ကူးစက်နူန်းမြန်နေလို့ ဆီးချိူဝေဒနာရှင်များ အတွက် Prof Than Than Aye ရေးထားတာ ပြန်လည်မျှဝေပေးလိုက်ပါတယ်

အမေရိကန် ဆီးချိုအသင်း (The American Diabetes Association- ADA) က ဆီးချို အမျိုးအစား ၁ ဖြစ်စေ၊ အမျိုးအစား ၂ ဖြစ်စေ ရှိတဲ့ လူတွေဟာ Covid-19 ပိုဖြစ်စေတာမျိုး မရှိဘူးလို့ သူတို့ရဲ့ အင်တာနက် စာမျက်နှာပေါ်မှာ ဖော်ပြထားပါတယ်… ဒါပေမဲ့ Covid-19 ကူးစက်ခြင်း ခံရရင်တော့ ဖြစ်ပေါ်လာတဲ့ လက္ခဏာနဲ့ နောက်ဆက်တွဲ ပြဿနာတွေဟာ ဆီးချိုလူနာတွေမှာ ပိုမိုပြင်းထန်တတ်ပါတယ်။

ဆီးချိုအပြင် သက်ကြီးရွယ်အိုတွေ၊ နှလုံးရောဂါ၊ ရင်ကြပ်ရောဂါ နဲ့ ကင်ဆာရောဂါ စတဲ့ နာတာရှည် ရောဂါအခံရှိသူတွေ မှာ အပြင်းအထန်အဆုတ်ရောင် တဲ့ အဆိုးဆုံး အဆင့်တွေ ပိုဖြစ်တတ်ပါတယ်။
ဘာကြောင့် ရောဂါ ပိုဆိုးရလည်းဆိုတော့ Covid-19 ဖြစ်လာရင် သွေးချို နိမ့်မြင့် ဖြစ်လွယ်ခြင်းကြောင့် ထိန်းသိမ်းရခက်ခဲခြင်း ၊ ခုခံအားနည်းတဲ့ အခံကြောင့် Covid-19 ရောဂါကို မတွန်းလှန်နိုင်ခြင်းနဲ့ ပင်ကိုယ် နှလုံး နဲ့ ကျောက်ကပ် အားမကောင်း၍ ကျောက်ကပ် ပိုပျက်လွယ်ခြင်း၊ သွေးပေါင်ကျခြင်း စတဲ့ ဝေဒနာတွေ ပေါင်းစပ်ပြီး သေဆုံးမှုနှုန်း ပိုများတာတွေ့ရပါတယ်။

☑️ဆီးချိုသမားတွေအတွက် Covid-19 ကနေ ကာကွယ်ဖို့ နဲ့ အကယ်၍ ရောဂါကူးစက်ခြင်း ခံရရင် ပြုလုပ်သင့်တဲ့ အကြံပြုချက်တွေကို ဖော်ပြပေးလိုက်ပါတယ်…

၁။ Covid-19 အကြောင်း သိရှိနားလည်ခြင်း
- Covid-19 ဗိုင်းရပ်စ်ပိုးဟာ ရာသီတုပ်ကွေးရောဂါထက် ပိုမိုပြင်းထန်ပါတယ်။
- ရောဂါလက္ခဏာများဖြစ်တဲ့ ဖျားခြင်း၊ ချောင်းခြောက်ဆိုးခြင်း၊ ကိုယ်လက်များနာကျင်ကိုက်ခဲခြင်း၊ နှုန်းခြင်း၊ အနံ့မရခြင်း၊ မောခြင်း၊ အသက်ရှူကြပ်ခြင်း စတဲ့ လက္ခဏာများ တွေ့ရှိရနိုင်ပါတယ်။
- ရောဂါဖြစ်ပွားခဲ့ရင် ၈၀% ကျော်လောက်ဟာ ဝေဒနာမပြင်းထန်ဘဲ ပြန်ကောင်းတတ်ပြီး ၁၄% ကျော်လောက်က ရောဂါပြင်းထန်တတ်ပါတယ်။ ကျန် ၅% ကတော့ အလွန်အခြေအနေဆိုးတဲ့အထိ ဖြစ်ပွားတတ်ပြီး ICU (Intensive Care Unit) ခေါ် အထူးကြပ်မတ်ကုသခန်းထဲ ရောက်ပြီး အသက်ရှူစက်တပ်ကာ ကုသရန် လိုအပ်တတ်ပါတယ်။
- လက်ရှိအချိန်အထိ လေ့လာမှုအရ ဆီးချိုရောဂါ ရှိသူတွေမှာ Covid-19 ဖြစ်ပွားခဲ့ရင် ရောဂါလက္ခဏာနဲ့ နောက်ဆက်တွဲ ပြဿနာတွေ ပိုမိုပြင်းထန်တတ်ပါတယ်။

၂။ လိုက်နာရမည့် အချက်များ
- ရာသီတုပ်ကွေးကာကွယ်မှုပြုလုပ်သလိုပဲ Covid-19 ကာကွယ်ဖို့အတွက် မကြာခန လက်ကို ဆပ်ပြာနဲ့ စင်ကြယ်အောင် (စက္ကန့် ၂၀ ကြာ) ဆေးပါ။
- ရေနှင့် ဆပ်ပြာ အသုံးပြုရန် မလွယ်ကူသော အခြေအနေဖြစ်ပါက အရက်ပြန် ပါဝင်မှု 60% ကျော်ပါဝင်သော လက်သန့်ဆေးကို အသုံးပြုပါ။
- နှာချေ၊ ချောင်းဆိုးသည့်အခါ တစ်ရှူး၊ လက်မောင်း တံတောင်ကွေးကို အသုံးပြုပါ။ အသုံးပြုထားသည့် တစ်ရှူးကို စနစ်တကျ စွန့်ပစ်ပါ။ ပြီးလျှင်လက်ဆေးပါ။
- လူအများနဲ့ ထိတွေ့ဆက်ဆံမှုကို တတ်နိုင်သမျှ လျှော့ချပါ။ (တနည်းအားဖြင့် အပြင်မထွက်ဘဲ အိမ်မှာနေပါ။)
- မတတ်သာလို့ အပြင်ထွက်ရတဲ့အခါ တစ်ဦးနှင့်တစ်ဦး အနည်းဆုံး ၃ ပေမှ ၆ ပေ အကွာ လောက် ခြားပြီးနေပါ။
- အပြင်သွားတဲ့အခါတိုင်း Mask ခေါ် နှာခေါင်းစည်း တပ်ပါ။ လက်ရှိအချိန်ထိ လေ့လာမှုများအရ Mask တပ်ခြင်းဟာ ရောဂါကူးစက်မှုကို ပိုမိုလျှော့ချပေးနိုင်တယ်လို့ ဆိုကြပါတယ်။
- လူတွေနဲ့ ထိတွေ့မှုများတဲ့ နေရာတွေကို မကြာခန သန့်စင်/ပိုးသတ်ပါ။ (ဥပမာ - ဖုန်းမျက်နှာပြင်၊ စားပွဲခုံ၊ မီးခလုပ်၊ တံခါးလက်ကိုင်၊ အိမ်သာထိုင်ခုံ စသည်)
- လူအများ အသုံးပြုရတဲ့ အရာဝတ္ထုတွေကို တတ်နိုင်သမျှ ထိတွေ့ကိုင်တွယ်ခြင်းကို ရှောင်ကြဉ်ပါ။
- လက်ကို စနစ်တကျ ဆေးကြောမထားဘဲ မျက်နှာ၊ မျက်လုံး၊ နှာခေါင်းနဲ့ ပါးစပ်တို့ကို ထိတွေ့ပွတ်သပ်ခြင်းကို ရှောင်ကြဉ်ပါ။

၃။ ဖျားနာလျှင် ပြုလုပ်သင့်သည့်အချက်များ
- အပြင်မသွားဘဲ အိမ်မှာဘဲ အနားယူပါ။
- အသုံးအဆောင်ပစ္စည်းများကို မျှဝေသုံးစွဲခြင်း မပြုဘဲ သီးသန့် အသုံးပြုပါ။
- အခန်းခွဲ၍ သီးသန့်နေထိုင်ပါ။ ကျန် မိသားစုဝင်များနှင့် ထိတွေ့မှု မရှိအောင် ဂရုပြုပါ။
- အရေးပေါ်ဆက်သွယ်ရန် ကျန်းမာရေး ဌာနများ၊ Call Center များ၊ ဆေးဝါးဆိုင်ရာ ပစ္စည်း ဝယ်ယူရရှိနိုင်သည့် နေရာများနှင့် ဖုန်းနံပတ်များ စုံစမ်း မှတ်သားထားပါ။
- အကယ်၍ ဆေးရုံဆေးခန်းသို့ သွားရောက်ရန် လိုအပ်ပါက မိမိ၏ အခြေအနေကို သွားရောက်မည့် ဆေးရုံဆေးခန်းမှ တာဝန်ရှိသူအား ဖုန်းဖြင့် ကြိုပြောြပထားပါ။ (တဖက်မှ လိုအပ်သည်များ ကြိုတင်ပြင်ဆင်နိုင်ရန် ဖြစ်ပါသည်။)
- လက်ထိပ်သွေးချို စစ်ခြင်းကို ယခင်ကထက် ပို၍ အကြိမ်ရေများများ စစ်ပေးပါ။ (တစ်နေ့ ဘယ်နှကြိမ် စစ်သင့်သည်ကို ပြသသည့် ဆရာဝန်နှင့် တိုင်ပင်ပါ။)
- သောက်နေကျ ဆေးဝါးများနှင့် သောက်ရသည့် ဆေးဝါးနှင့် ဆေးညွှန်းများကို စာရင်းပြုစုထားပြီး လုံလောက်အောင် စုဆောင်းထားပါ။
- အင်ဆူလင်ထိုးနေရသူ လူနာများအနေဖြင့် မိမိအသုံးပြုနေသည့် အင်ဆူလင်ကို အနည်းဆုံး နောက်ထပ် တစ်လစာ ကြိုတင် ထားရှိပါ။
- အကယ်၍ အရေးပေါ်အခြေအနေ ကြေညာပါက အပြင်သို့ တတ်နိုင်သမျှ မသွားရအောင် သောက်သုံးနေကျဆေးဝါးများ၊ သွေးချိုစစ်သည့် Strips ပြားများကို ပိုဝယ်ယူ ထားရှိပါ။ Delivery (ဆေးဝါးပို့ဆောင်ခြင်း ဝန်ဆောင်မှု) ပေးသော ဆိုင်များ စုံစမ်းမှတ်သားထားပါ။

နိဂုံးချုပ် အနေနဲ့ ဆီးချိုသွေးချိုရှိသူတွေ အဖို့ Covid-19 ရောဂါ မဖြစ် အောင်ညွှန်ကြားထားတဲ့ ကာကွယ်နည်းတွေအားလုံးကို တိတိကျကျလိုက်နာဆောင်ရွက်ပြီး ရောဂါဖြစ်လာရင်လည်း လူအများထံ ထပ်မံ မကူးစက်စေရန် သက်ဆိုင်ရာဌာနသို့ အကြောင်းကြားပြီး ကုသမှုကို စောလျင်စွာ ခံယူရန် အရေးကြီးကြောင်း အထူးသတိပေးလိုပါတယ်။ ဆီးချိုလူနာများအားလုံးလည်း Covid-19 ရောဂါမှ ကင်းလွတ်နိုင်ပါစေလို့လည်း ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်။

စီးကရက် နှင့် အီး- စီးကရက်( V**e)ဘာတွေ ကွာတာလဲ?ပုံမှန် စီးကရက် သောက်သူတစ်ယောက်ဟာ စီးကရက်တစ်လိပ်သောက်ရင် ကာဗွန်နဲ့ ဓာတု ဓ...
12/02/2022

စီးကရက် နှင့် အီး- စီးကရက်( V**e)

ဘာတွေ ကွာတာလဲ?

ပုံမှန် စီးကရက် သောက်သူတစ်ယောက်ဟာ စီးကရက်တစ်လိပ်သောက်ရင် ကာဗွန်နဲ့ ဓာတု ဓာတ်ပေါင်း အမျိူးပေါင်း 5000 လောက် ရူရိုက်နေရတာ ဖြစ်ပါတယ်

V**e juice တစ်ပုလင်းမှာ 3ml(တစ်လီတာရဲ့ တစ်ထောင်ပုံသုံးပုံ) ပါတယ်။v**e juice အစက်တစ်စက်မှာ နီကိုတင်း ၁၆ဂရမ်ပါတယ်။တခြား အနံ့အရာတွေတော့ ပါတာပေါ့
V**eမှာ ဆေးရွက်ကြီးကနေ ထုတ်ယူထားတဲ့ နီကိုတင်းအရည်ကို အပူပေးအငွေ့ပျံစေပြီး ထွက်တဲ့အငွေ့ကို ရှိုက်သွင်းရတာဖြစ်ပါတယ်။

ဘယ်ဟာက ပိုကောင်းတာလဲ?

နှစ်ခုလုံးကတော့ ဆရာတွေပါပဲ! ဘာလို့ဆို နှစ်ခုလုံးက
နီကိုတင်းပါတာကြောင့် စွဲလမ်းစေပြီး အဆုတ်ကို တိုက်ရိုက်ထိလို့ပါပဲ

v**e juice 1ml တစ်စက်ဟာ ပုံမှန်ရှိုက်သွင်းရင် အခါ၁၀၀ ရှိုက်လို့ရတယ်။
အဲဒီလိုအခါတစ်ရာ ရှိုက်သွင်းမှုဟာ ပုံမှန်စီးကရက် ဆယ်လိပ်ကုန်အောင်သောက်တာနဲ့ညီမျှတယ်။ ပုံမှန် 3ml v**e juice တစ်ပုလင်းလုံးကုန်အောင်အားတိုင်း ထဲ့သောက်နေမယ်ဆိုရင်တော့ ခင်ဗျားဟာ စီးကရက် တစ်ဗူးခွဲကုန်အောင်သောက်ဖြစ်သွားပါပြီ။ ( v**eကို အငွေ့များများထွက်အောင် များများစုပ်ယူရှိုက်သွင်းတတ်တဲ့သူတွေအတွက်ကတော့ ဒီအချိုးအဆအပြောင်းအလဲရှိပါတယ်။)

စီးကရက်ပြတ်အောင် v**e သောက်သင့်သလား?
အခုအခါမယ် နီကိုတင်းလုံးဝမပါတဲ့ တနည်း နီကိုတင်းဓာတ်လျှော့ထားတဲ့ v**e juice တွေအများကြီးပေါ်ပေါက်လာပါပြီ။ ခင်ဗျားဟာ v**eအရည်မကုန်မချင်း v**e ဘက်ထရီမကုန်မချင်း တထိုင်တည်းသောက်တတ်ရင်တော့ ဘာမှထူးခြားမှာမဟုတ်ပါဘူး။ ဒါပေမယ့်လို့ နီကိုတင်းဓာတ်ကို တောင့်တသလောက်ပဲ ချိန်ဆသောက်သုံးချင်သူတွေအတွက်ကတော့ v**eဟာ ရွေးချယ်စရာတစ်ခုဖြစ်နေမှာပါ။

Pod နဲ့ V**eဘာကွာသလဲ?
Podဟာ V**eအသေးစားတမျိုးပါ။ v**e tubeတွေအတော်များများဟာ ဘက်ထရီအိုးကြီးတကားကားနဲ့ အရွယ်အစားကြီးမားပေမယ့်လို့ Pod tubeလေးက သေးသေးသွယ်သွယ် လေးထောင့်ချောင်းလေးပဲဖြစ်နေပါတယ်။
Podနဲ့V**eကိုရွေးမယ်ဆိုရင်တော့ Podဟာအရွယ်အစားသေးတဲ့အတွက် ဘက်ထရီသေးမယ်။ ဆိုတော့ ခဏပဲသောက်လို့ရမယ်။ အာသာပြေသောက်ချင်သူတွေအတွက် သင့်တော်ပါတယ်။

ကုန်ကျစရိတ်?
V**e juice ဟာ နီကိုတင်းပမာနနဲ့ အနံ့အရာသာ ကွာလတီပေါ်မူတည်ပြီး အနည်းဆုံး ထောင်ဂဏန်းကနေ သောင်းချီရှိပါတယ်။ Branded cigarette (Mevius/ Dunhill/ Lucky Strike/ Winston) တွေဟာ တစ်ဗူးကို ၂ထောင်ကနေ ၆ထောင်အတွင်းဖြစ်နေပါတယ်။
ချိန်ဆကြည့်မယ်ဆိုရင်တော့
1ml v**e juice ၃ထောင်တန်ဟာ Mevius ဆယ်လိပ် ၁၅၀၀နှုန်းနဲ့ ညီမျှပါတယ်။ စီးကရက် ၁၀လိပ်ကို အခါ၁၀၀ရှိုက်မလား V**e ၃ထောင်ဖိုးကို အခါ၁၀၀ရှိုက်မလားဆိုတာကတော့ သုံးစွဲသူရဲ့သဘောသာဖြစ်ပါတယ်။
(ဈေးနှုန်းများမှာ အပြောင်းအလဲရှိနိုင်ပါတယ်။)

ကျုပ်အနေနဲ့ ဘယ်ဟာကို recommend ပေးရမယ်ဆိုတာတော့ မဆုံးဖြတ်နိုင်ပါဘူး။
(V**e juiceဖိုးမတတ်နိုင်လို့ ဖက်ကြမ်း၅၀တန်သောက်နေရလို့ပါ :3)
ခင်ဗျားတို့ရွေးချယ်မှုနဲ့ အဆုတ်ခံနိုင်အားပေါ်မူတည်ပြီး ဘယ်အသက်အရွယ်ထိ သောက်ချင်သလဲလို့ကိုယ့်ကိုယ်ကိုယ်မေးပါ။ အိတ်ကပ်ထဲကကျန်တဲ့ပိုက်ဆံကိုရေတွက်ပါ။
V**e store ကိုသွားမလား လမ်းဘေးကွမ်းယာဆိုင်ကိုသွားမလား ဆုံးဖြတ်ပါ။
နီကိုတင်းမှဝေးရာကိုပြေးနိုင်ကြပါစေ။

သတင်းကောင်းတစ်ခုကတော့ smoker တွေ အတွက် ကျန်းမာရေးဆေးစစ်လို့ရတဲ့

Smoker Lungs Check up package လေးရှိနေပါပြီ

လူကြီးမင်းတို့ရဲ့ အဆုတ် ပျက်စီးမှု ရှိမရှိ စစ်ဆေးကြည့်လို့ရပါပြီ

အသေးစိတ်သိ လိုပါက page messenger or viber no 09 754670467 ကနေမေးမြန်းနိုင်ပါတယ်

😷 Omicron 😷ပြန်လည် မျှဝေပေးပါတယ် (ဖတ်ကြည့်ကြပါ)⬛Omicron Day 1 (အဆိုးဆုံးနေ့)🦠 ညဘက်ကြီးထပြီးချမ်းတုန်တက်တယ် အဖျားကြီးတယ်အ...
09/02/2022

😷 Omicron 😷
ပြန်လည် မျှဝေပေးပါတယ် (ဖတ်ကြည့်ကြပါ)

⬛Omicron Day 1 (အဆိုးဆုံးနေ့)

🦠 ညဘက်ကြီးထပြီးချမ်းတုန်တက်တယ် အဖျားကြီးတယ်
အရိုးထဲထိ လှိုက်စိမ့်ပြီးချမ်းတာ….တခါမှမဖြစ်ဖူးဘူး….ဘယ်လိုချမ်းတာကြီးမှန်းကိုမသိ….လူကနတ်ဝင်သည်လို တုန်တက်နေတာ

🦠 ခါးအောက်ပိုင်းတပြင်လုံး အရမ်းကို ကိုက်တာ
တကိုယ်လုံးလည်း အထိမခံနိုင်အောင် နာကျင်ကိုက်ခဲပေမယ့် ခါးနေရာဝန်းကျင် အဆိုးဆုံးဖြစ်ပါတယ်
ခေါင်းကလည်း ထုံနေအောင်ကိုက်ပါတယ်
လှိမ့်ပိမ့်နေသော နေ့တစ်နေ့ပေါ့

🦠 ပါရာစီတမော သောက်တုန်းခဏပဲအဖျားကျပြီး တနေကုန်အဖျားပြန် ပြန်တက်ပါတယ်

🦠တနေကုန်နုံးပြီး အိပ်ချင်ပါတယ်၊ တနေကုန်နီးပါး အိပ်တာပါ

🦠 လည်ချောင်းမနာ၊ ချောင်းမဆိုး၊ နှာမမွှန်လို့ ရိုးရိုးဖျားလို့ပဲ ထင်ခဲ့ပေမယ့် နှာခေါင်းနှိုက်လိုက်တော့ positive ပါ 🥲

⬛Omicron Day 2

🦠 အိပ်ယာနိုးနိုးချင်း သတိထားလိုက်မိတာက မဖျားတော့၊ မချမ်းနေတော့တာပဲ
ချွေးတွေရွှဲပြီး နိုးလာတာ

🦠 ခေါင်းလည်း တအားကြီးမကိုက်နေတော့ဘူး၊ ခန္ဓာကိုယ်က နာကျင်ကိုက်ခဲတာတွေပါ ဗြုန်းဆိုပျောက်သွားလို့ ပျော်နေရာက……

🦠 တံတွေးမျိုချလိုက်မိတာမှာ စဂွမ်းပါတယ်
လည်ချောင်းထဲမှာ မီးဖုတ်ထားတဲ့ သံချွန်နဲ့စိုက်ထားသလိုကို ပူပြီးနာနေတာပါ
တနေကုန် အစားကိုမနည်းမျိုချရပါတယ်
အနံ့အရသာ မပျက်ပါဘူး…..နာလွန်းလို့ မျိုချဖို့ခက်တာပါပဲ

🦠 အိပ်ချင်ချက်ကတော့ ရှယ်ပါပဲ….Day 2 လည်း တနေကုန်အိပ်ပါ
နိုးလာတာနဲ့ ဝေဒနာတခုခုနဲ့နိုးလာတာကတော့ တရားနဲ့ဖြေပေါ့လေ 🥲

⬛Omicron Day 3

🦠 အိပ်ယာနိုးလာတာနဲ့ ရင်ဘတ်ထဲကနေလည်ချောင်းထဲထိ ပူပြီးနာတာပါပဲ
ရိုးရိုးလည်ချောင်းနာတာထက် အများကြီးခံရတာဆိုးပါတယ်
ဆရာဝန်ပေးတဲ့ဆေးသောက်မှ နေသာသွားပါတယ်
မဟုတ်ရင် လည်ချောင်းမှာ ဆူးလုံးအကြီးကြီး တစ်နေသလိုပါ

🦠 လည်ချောင်းအရမ်းယားပြီး ချောင်းစဆိုးပါတယ်
မရပ်မနားတော့မဟုတ်ပေမယ့် လည်ချောင်းတွေပြန်နာလာတဲ့ထိ ဆိုးတာမို့ လည်ပင်းနာတာက အခြေနေပို ပိုဆိုးလာပါတယ်

🦠 နှာခေါင်း တဖက်ပိတ် တဖက်ပွင့်ဖြစ်ပါတယ်
နှာခေါင်းပိတ်တော့ အသက်ရှုကျပ်သလိုဖြစ်ပေမယ့် oxygen မကျပါ

🦠 လုံးဝ မဖျားတော့သလို ကိုယ်လက်ကိုက်ခဲတာ ဘာညာ လုံးဝမရှိတော့ပါ

🦠 ထုံးစံအတိုင်းပဲ နုံးပြီးအိပ်ချင်ပါတယ်

⬛Omicron Day 4 (Today)

🦠 လည်ချောင်းက ပိုဆိုးလာပါတယ်
(ထွက်ခတ်ခတ်နေတာ ဖြစ်မယ်ထင်ပါတယ်)
နိုးလာချိန်မှာ တကယ့်ကို လည်ပင်းမှာ ဆူးလုံးကြီးတစ်လုံးလာတစ်နေသလို၊ သံချွန်နဲ့စိုက်ထိုးခံထားရသလိုပါ

🦠 နောက် မနေ့က ချောင်းဆိုးထားတဲ့အရှိန်ကြောင့် ထင်ရ….အာသီးယောင်နေတဲ့နေရာကြီးအပြင် လည်ပင်းတစ်ခုလုံး စပ်ဖျင်းဖျင်းနဲ့ အရမ်းနေရထိုင်ရဒုက္ခဖြစ်….
ဒီနေ့လည်း လည်ချောင်းထဲမှာအရမ်းယားပြီး ချောင်းဆိုးပါတယ်

🦠 ဒီနေ့တော့ မနေ့ကလောက် အစားအများကြီး သိပ်မစားနိုင်ပါ (စားတာတော့စားတယ်….မနေ့ကလောက် အများကြီးမစားနိုင်)
တော်တော်ကြီး လည်ပင်းက ဒုက္ခပေးနေတာမို့ 😣

🦠 လူက ဆေးရှိန်ကြောင့်လား၊ ပိုးကြောင့်လားမသိ….
လှုပ်လှုပ်ဆို မောပါတယ်၊ မူးချင်ပါတယ်
နားတွေထဲလည်း အူပြီးထုံနေပါတယ်

🦠 လူမမာကြီးလို ပစ်လဲသွားတာမျိုးတော့ မဟုတ်ပေမယ့် ချောင်းဆိုး လည်ပင်းနာက ပုံမှန်ထက် အဆများစွာဆိုးဝါးတာပါနော်
(တကယ်ကို ဘာနဲ့မှ ဘယ်တုန်းကဖြစ်ဖူးတာနဲ့မှ မတူဘူး 😞)

ဘယ်နှရက်လောက် ဒါကြီးကိုဆက်ခံစားရဦးမှာလဲ 😭
မဖြစ်သေးတဲ့လူတွေ အရမ်းဂရုစိုက်ပါနော် 🥺

Credit to Aye Nyein Swe

Address

Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959754670467

Website

Alerts

Be the first to know and let us send you an email when Noble Home Care Nursing Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Noble Home Care Nursing Service:

Share