သမြားနီ မြစ်ပွားနာသောက်ဆေးကြီး

  • Home
  • Myanmar
  • Yangon
  • သမြားနီ မြစ်ပွားနာသောက်ဆေးကြီး

သမြားနီ မြစ်ပွားနာသောက်ဆေးကြီး တိုင်းရင်းဆေးမှတ်ပုံတင်အမှတ် TMR 012398 (0916)

Mobile: 0943143438, 092301988

16/09/2023

ကျန်းမာရေး စားသောက်ကုန်ထုတ်လုပ်ရန် အတွက် အသက် (၁၈) မှ (၂၅) နှစ်အတွင်း နေစားငြိမ်း အမျိုးသမီး ဝန်ထမ်း (၃) ဦး အမြန်အလိုရှိသည်။

တစ်ကိုယ်ရည် သန့်ရှင်းမှုရှိရမည်။ ကျန်းမာရေးကောင်းမွန်သူဖြစ်ပြီး ကူးစက်ရောဂါ ကင်းရှင်းသူဖြစ်ရမည်။

လုပ်ငန်းအတွေ့အကြုံရှိစရာမလို မခိုမကပ် အလုပ်လုပ်နိုင်သူ သင်ယူချင်စိတ်ရှိသူဖြစ်ပြီး ပေါင်းသင်းဆက်ဆံရေးကောင်းသူ ဖြစ်ရမည်။

နေစားငြိမ်း အခြေခံလစာ ပထမတစ်လ 130,000 ကျပ် (Per Month) + ဒုတိယလမှစတင်၍ 150,000 ကျပ် (လုပ်ရည်ကိုင်ရည်ပေါ်မူတည်၍ (၃) လ တစ်ကြိမ် လစာတိုးပြီး (၆) လ တစ်ကြိမ် Bonus ခံစားခွင့်ရှိသည်။)

တစ်လ (၂) ရက် နားရက်ရပါမယ်။

သန်းခေါင်စာရင်းမိတ္ထူ နဲ့ မှတ်ပုံတင်မူရင်းပေးထားရပါမယ်။

ဆက်သွယ်ရန် ☎️ 0943143438

🏠 အမှတ် (၁၀၃)၊ မြေညီ၊ လမ်း (၅၀) အလယ်ဘလောက်၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့။

အသည်းအတွက် ကောင်းလှပါတယ်ဆိုတဲ့ ရွှေနွယ်ရိုးပင်ကို သုံးနှစ်သုံးမိုး ရှာစရာမလိုတော့ပဲ အိမ်တိုင်းအလွယ်တကူ ဆောင်ထားလို့ရအောင...
19/04/2023

အသည်းအတွက် ကောင်းလှပါတယ်ဆိုတဲ့ ရွှေနွယ်ရိုးပင်ကို သုံးနှစ်သုံးမိုး ရှာစရာမလိုတော့ပဲ အိမ်တိုင်းအလွယ်တကူ ဆောင်ထားလို့ရအောင် ဆေးဖက်ဝင် ရေနွေးကြမ်းအဖြစ် ဖော်စပ်ထုတ်လုပ်ပေးလိုက်ပါပြီရှင်။

ရှာရခက်တဲ့ ဟိုအပင် ဒီအမြစ်တွေကိုလည်း အပင်ပန်းခံ လိုက်ရှာနေစရာမလို၊ တန်ဆေးလွန်ဘေး ဖြစ်မှာမပူရတော့ပဲ အသည်းအတွက်ဆို နတ်ဆေးလို့တောင် တင်စားကြတဲ့ ရွှေနွယ်ရိုး၊ တောင်ဆီးဖြူ၊ ဆေးမြင်းခွာ၊ နတ်သစ်ရွက် လက်ဖက်စိမ်း၊ ရှောက်ရွက်၊ ပူစီနံ နဲ့ စပါးလင်တို့ကို စနစ်တကျပေါင်းခံသန့်စင်ပြီး အချိုးအဆ မှန်မှန်ကန်ကန် ထည့်သွင်းပေးထားတဲ့ ရွှေနွယ်ရိုးအသည်းလက်ဖက်ခြောက် (Happy Liver Tea) က အသည်းဆဲလ်အသစ်တွေ ပြန်လည်မွေးဖွားပေးပြီး အသည်းအဆိပ်အတောက်ပြေစေပါတယ်။

အသည်းရောင်အသားဝါ (B/C)၊ အသည်းကြီး၊ အသည်းအဆီဖုံး၊ အသည်းရေအိတ်/အကျိတ်၊ အသည်းခြောက်၊ ရေဖျင်း စတဲ့ အသည်းရောဂါအမျိုးမျိုးအတွက် ဖြည့်စွက်ဓာတ်စာအဖြစ် သောက်သုံးဖို့ အထူးသင့်တော်ပါတယ်။

သောက်သုံးပုံလေးကတော့ Tea Bag အထုပ်လေးတစ်ထုပ်ကို ငါးကြင်းခွက်တစ်ခွက်စာ ရေနွေးအဖြူထဲ (၁၀)မိနစ်လောက်ထည့်စိမ်တာနဲ့ ရွှေညိုရောင်ပြောင်းလာပြီး အနံ့သင်းသင်းလေးစထွက်လာပါမယ်...အပူအအေးကတော့ သင့်တော်သလိုသုံးဆောင်နိုင်ပါတယ်။ တစ်ထုပ်ကို ရေနွေးအဖြူ ၃-၄ ကြိမ်စိမ်ပြီး အစားနဲ့အတူ (သို့) အစာစားပြီး (၁) နာရီအတွင်း သောက်လို့ရပါတယ်။

အနံ့သင်းသင်းနဲ့ အရသာပေါ့ပေါ့လေးဖြစ်လို့ ဆေးနံ့ကြောက်သူ အခါးကြောက်သူတွေအတွက်လည်း အရမ်းအဆင်ပြေတဲ့ ကျန်းမာရေးလက်ဖက်ခြောက်လေးပါ။

မြန်မာလူမျိုးတွေအကြိုက် ရေနွေးကြမ်းမွှေးမွှေးလေးသောက်ရင်း အသည်းကျန်းမာရေးကို အလွယ်တကူ စောင့်ရှောက်ပေးနိုင်ပြီဲဆိုတဲ့ အကြောင်း Sandra မှ သတင်းကောင်းပါးလိုက်ပါရစေရှင်။ 😍

ဈေးနှုန်း 15,000 ကျပ် (30 Days)

မှတ်ပုံတင်အမှတ် အစ ၁၂- (၂၇၉၇၂)

☎️ 09-252627318
☎️ 09-252627319

🏠 အမှတ် (၁၀၃)၊ မြေညီ၊ လမ်း (၅၀) အလယ်ဘလောက်၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့။

🍵 အသည်းလေး သဘာဝအတိုင်း ကျန်းမာအောင် ကူညီပေးမယ့် ဆေးဖက်ဝင်ရွှေနွယ်ရိုး လက်ဖက်ခြောက် 🍵 အခြေအနေအမျိုးမျိုးကြောင့် တန်ဖိုးကြ...
13/03/2023

🍵 အသည်းလေး သဘာဝအတိုင်း ကျန်းမာအောင် ကူညီပေးမယ့် ဆေးဖက်ဝင်ရွှေနွယ်ရိုး လက်ဖက်ခြောက် 🍵

အခြေအနေအမျိုးမျိုးကြောင့် တန်ဖိုးကြီး အသည်းဆေးတွေသုံးစွဲဖို့ ခက်ခဲနေသူတွေ...ဆေးပြင်းတွေသောက်နေရတဲ့အတွက် အသည်း နဲ့ ကျောက်ကပ် ထိခိုက်မှာစိုးရိမ်သူတွေ ဒီလက်ဖက်ခြောက်လေးနဲ့ အဆင်ပြေနေကြပါပြီ။ ☺️

အသည်းကို ဝန်မပိစေပဲ ပျော်ရွှင်စေမယ့် ဖြည့်စွက်စာဖြစ်လို့ Happy Liver Tea လို့ နာမည်လေးပေးထားပါတယ်ရှင်။

ဆေးဖက်ဝင် ရေနွေးကြမ်းသောက်ရင်း အသည်းကျန်းမာရေးကို အလွယ်တကူ စောင့်ရှောက်ပေးနိုင်တယ်...သွေးလည်ပတ်မှုကောင်းစေပြီး ခနွာကိုယ်တွင်းက မလိုအပ်တဲ့ အဆိပ်အတောက်တွေကို ရေနွေးကြမ်းလေးတစ်ခွက်နဲ့တင် ဖယ်ရှားနိုင်မယ်။

ပထမဆုံးတစ်ချက်က အနံ့နဲ့တင် စိတ်ကိုကြည်လင်စေတယ်...သာမန်ရေနွေးကြမ်းအတိုင်း အစာစားရင်း အလုပ်လုပ်ရင်း သောက်ရတာဖြစ်လို့ လွယ်ကူတယ်...အလုပ်ရှုပ်သက်သာတယ်...အဝင်ဆိုးမှာ ပူစရာမလိုပဲ အရသာရှိပြီး အနံ့မွှေးတဲ့ ရေနွေးကြမ်းလေးသောက်ပြီး ရောဂါကိုအံတုနိုင်တယ်။

အရေးအကြီးဆုံးအချက်ကတော့ ခက်ခဲနေတဲ့ကာလမှာ အချိန်နဲ့ငွေကြေးကို အများကြီးသုံးစရာမလိုပဲ ဝေဒနာသက်သာစေမယ်။

တချို့က မေးကြတယ်...Happy Liver Tea က ဘေးထွက်ဆိုးကျိုးရှိလားတဲ့...နေ့စဉ် အိမ်ရဲ့ မီးဖိုချောင်မှာ အသုံးပြုနေကြတဲ့ သဘာဝ အရွက်လေးတွေကို အချိုးအဆ မှန်မှန်ကန်ကန်နဲ့ ရောစပ်ထားတာဖြစ်လို့ သာမန်ရေနွေးကြမ်းတစ်ခွက်သောက်တာထက်ကို အဖန် အခါးဓာတ်လျော့နည်းပြီး ကဖိန်းဓာတ်ပါဝင်မှုနည်းပါးလွန်းတဲ့အတွက် ညဘက်သောက်လို့ အိပ်မပျော်မှာတောင် မစိုးရိမ်ရပါဘူး။

သွေးတိုး ဆီးချိုထိန်းပေးတဲ့ အာနိသင်ပါလို့ သွေးကျတတ်သူတွေကတော့ အစာလေးနဲ့ခံသောက်ပေးရင် အဆင်ပြေတယ်။ သူ့ရဲ့ သဘာဝကိုက အစာနဲ့အတူ (ဒါမှမဟုတ်) အစာစားပြီး ၁ နာရီအတွင်း သောက်ပေးရင် ဒီနေ့ခေတ် စားသောက်ကုန်တွေမှာပါနိုင်တဲ့ မှို၊ အရောင်ဆိုးဆေး နဲ့ တာရှည်ခံဆေးတွေရဲ့ အဆိပ်အတောက်တွေကို သွေးထဲမရောက်ခင် ချေဖျက်ပေးနိုင်တဲ့ အစွမ်းသတ္တိရှိလို့ အသည်းကို အပိုဝန်မပိစေတော့ဘူးပေါ့။

နောက်ထပ်ပြောချင်တာကတော့ ကိုယ်စီးမယ့်မြင်း အထီးအမ သိဖို့ထပ် ကိုယ့် ပါးစပ်ထဲထည့်မယ့်အရာကို ဘာတွေပါလဲသိဖို့ကအရေးအကြီးဆုံးပဲနော်။ 😊

Happy Liver Tea မှာက အသည်းအတွက် နတ်ဆေးလို့တောင် တင်စားကြတဲ့ ဆေးရွှေနွယ်၊ တောင်ဆီးဖြူ၊ ဆေးမြင်းခွာ၊ နတ်သစ်ရွက်လက်ဖက်စိမ်း၊ ရှောက်ရွက်၊ ပူစီနံ နဲ့ စပါးလင်တို့ အချိုးကျပါဝင်ပါတယ်။

ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေကတော့

❤️ ဘီပိုး၊ စီပိုး၊ နာတာရှည် အသည်းရောင်အသားဝါရောဂါများ ပိုးကောင်ရေလျော့ကျသက်သာစေသည်။

❤️ အသည်းဆဲလ်အသစ်များ မွေးဖွားပေးပြီး စွမ်းဆောင်ရည်မြှင့်တင်ပေးသည်။

❤️ အသည်းရောင် အသည်းအားနည်း၊မာကြောကြမ်းတမ်း၊ရေဖျဥ်း၊အသည်းခြောက်ခြင်းတို့ကို သက်သာပျောက်ကင်းစေသည်။

❤️ သွေးလည်ပတ်မှုအားကောင်းပြီးသွေးသားသန့်စင်ကာ အဆိပ်အတောက်ပြေစေသည်။

ဈေးနှုန်း 15,000 ကျပ် (30 Days)

မှတ်ပုံတင်အမှတ် အစ ၁၂- (၂၇၉၇၂)

ပြည်နယ် နှင့် တိုင်း အသီးသီးမှ လက်လီ လက်ကား တဆင့်ပြန်လည်ရောင်းချလိုသူများလည်းဆက်သွယ်နိုင်ပါတယ်။

☎️ 09-252627318
☎️ 09-252627319

ပင်ရင်း။ အမှတ် (၁၀၃)၊ မြေညီ၊ လမ်း (၅၀) အလယ်ဘလောက်၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့။

08/11/2022

ဒီလိုသတင်းကောင်းလေးတွေပဲ နေ့တိုင်းကြားချင်ပါတယ်။ 😍

အသက် (၇၂) နှစ်အရွယ် သားအိမ်ခေါင်းကင်ဆာ လူနာ (၂)လဆေးသောက်ပြီး သက်သာနေလို့ မိသားစုလဲ စိတ်ချမ်းသာ၊ ကိုယ်တွေလဲပျော်ရတယ်။

အစဥ်အလာကြီးတဲ့ သမြားနီဆေးကြီးရဲ့ သမိုင်းကြောင်းလေးကို အားလုံးသိအောင် ထပ်မံမျှဝေပေးပါရစေရှင့်။

ဒီဆေးကို စတင်ဖော်စပ်ခဲ့သူ ဆရာမကြီး ဒေါ်ကြံမေသည် လွန်ခဲ့သော (၁၀)စုနှစ်တစ်ခုကျော်က ပြင်းထန်သော သားအိမ်ကင်ဆာဖြင့် ဂန့်ဂေါတိုက်နယ် ဆေးရုံမှလက်လျှော့ကာ အိမ်သို့ပြန်လာခဲ့ပြီးနောက် တရားကို စိတ်နှလုံးသွင်းပြီး နေ့စဉ်နတ်ဒေဝါတို့ကို ဆုတောင်းတိုင်တည်ရုံမှ တပါးအခြားသော ဆေးဝါးများနှင့်လည်းမသက်သာနိုင်ပဲ စိတ်ပျက်အားလျော့ခဲ့ရသည်။ တစ်နေ့သောအခါ သူမ၏အိပ်မက်ထဲတွင် စိမ်းလန်းသော ယောနယ်ရှိ တောတောင်ထဲတွင်အလေ့ကျပေါက်ရောက်နေသော သမြားဥကို တစ်စုံတစ်ယောက်က ညွှန်ပြပြီး စားခိုင်းသည်ကို မြင်မက်ပြီးနောက် နိုးထလာချိန်တွင် ပထမဦးဆုံးပြောမိသည်မှာ "သမြားဥ စားချင်တယ်" ဆိုတာပင်ဖြစ်သည်။ ထိုအချိန်တွင် သမြားဥမှာ ကျေးလက်ဒေသရှိ ကျွဲ၊နွားတို့ အနာအတွက် သုံးစွဲသော ပိုးသေဆေးဟုသာ သတ်မှတ်ထားခဲ့ကြသည်။ သို့သော် ရောဂါဝေဒနာ ပြင်းထန်စွာခံစားနေရပြီး မျှော်လင့်ချက်မဲ့နေသူတစ်ဦးအတွက်တော့ မြက်တစ်ပင်လျှင်ပင် အားကိုးရာဖြစ်ပေရာ မိသားစုကလဲ အားတက်သရော သမြားဥကိုရှာဖွေကာ လူကြီးသူမများ ညွှန်ကြားချက်အတိုင်း သမြားဥကိုကြိတ်၊ ပျားရည်ဖြင့် ဆေးလုံးလေးများဖန်တီးကာ ရတနာသုံးပါးကို ရည်မှန်း၍ တစ်ကြိမ်တွင်(၃)လုံးဖြင့် တစ်နေ့တွင် (၃)ကြိမ်သုံးစွဲခဲ့သည်။ သတ္တဝါများရှောင်လွဲမရသော ဝဋ်ကြွေးကြောင့်သာ ပြင်းထန်သော ဝေဒနာကိုခံစားရသော်လည်း ဖြည့်ကျင့်ခဲ့သော ကုသိုလ်၊ စောင့်ထိန်းခဲ့သောသီလတို့ဖြင့် တိုင်တည်ခဲ့သောသစ္စာတို့ကြောင့် တကယ်ပင် နွယ်မြက်သစ်ပင်ဆေးဖက်ဝင်ခဲ့လေသည်။

ရက်သတ္တပတ်ခန့်ကြာလာတော့ ခံစားနေရသော သားအိမ်ကင်ဆာမှာ သိသိသာသာ သက်သာလာကာ သုံး၊လေးလခန့်ကြာသော် ထူထူထောင်ထောင်ဖြစ်လာနိုင်ပေသည်။ တစ်နှစ်ခွဲခန့်ရောက်သောအခါ ရောဂါဝေဒနာ လုံးလုံးပျောက်ကင်းကာ ယခုအချိန်ထိ ဒေါင်ဒေါင်မြည်ကျန်းမာလာခဲ့လေသည်။ ထို့နောက် တဆင့်စကား တဆင့်နား ဖြင့် သမြားနီ ဆေးစွမ်းထက်ပုံ ကြားသိလာခဲ့ရကာ ရဟန်းရှင်လူပြည်သူများ၏ တိုက်တွန်းချက်ဖြင့် အများပြည်သူအတွက်ဖော်စပ်ထုတ်လုပ်ခဲ့ပါသည်။

ယခုအခါ သမြားဥအစွမ်းကို လူအများယုံကြည်လက်ခံလာကြပြီး ဈေးကွက်တွင်လည်း အခြားအမှတ်တံဆိပ်များဖြင့် ဆေးဝါးဖော်စပ်ထုတ်လုပ်ရောင်းချနေသည်ကို တွေ့ရှိရပေသည်။ ဆေးနည်းကိုစတင်တွေ့ရှိသူ ဆရာကြီး ဦးမြင့်ကို နှင့် ဆရာမကြီး ဒေါ်ကြံမေတို့၏ အကြီးမားဆုံး ဆန္ဒမှာလည်း တိုင်းရင်းဆေးအစွမ်းဖြင့် မြန်မာနိုင်ငံတွင်သာမကပဲ ကမ္ဘာတစ်ဝှမ်းရှိရောဂါဝေဒနာခံစားရသူများ သက်သာပျောက်ကင်းနိုင်ကြစေရန်ဖြစ်ပေရာ မည်သည့်ဆေးဝါးပင်ဖြစ်စေကာမူ အနာနှင့်ဆေးတွေ့ပြီးလူအများစု ရောဂါသက်သာရာရကြသည်ကိုသိရသည်နှင့်ပင် အထူးဝမ်းမြောက်နေကြပြီဖြစ်သည်။

သမြားနီဆေးတိုက်မှ ဆေးဝါးများကို လက်လီလက်ကားဝယ်ယူရရှိလိုပါက အောက်ပါဖုန်းနံပါတ်များကို (မနက် ၉ နာရီမှ ည ၉ နာရီအတွင်း)ဆက်သွယ်ကာ အသေးစိတ်စုံစမ်းမေးမြန်းဝယ်ယူနိုင်ပါသည်။ 👇👇👇

☎ 09-2301988
☎ 09-43143438

(၇) ရက်သားသမီးအပေါင်း သက်ရှည်၊ကျန်းမာအနာရောဂါ ကင်းစင်၍ သာသနာပြုနိုင်သော ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်များဖြစ်ကြပါစေရှင် 🙏🙏🙏

#သမြားနီမြစ်ပွားနာသောက်ဆေးကြီး
#တိုင်းရင်းဆေးဝါးမှတ်ပုံတင်အမှတ်TMR012398 (0922)
#၈/၂၀၁၄၊တဆထလ(၂၆၇၂)

17/09/2022

Happy Liver Tea လေးသောက်ပြီး ရက်ပိုင်းအတွင်းမှာ ညာဘက်နံရိုးအောက်မှာ ထိုးအောင့်တာ...ညဘက်အိပ်မပျော်တာတွေ သက်သာလာတဲ့ အသည်းကင်ဆာ လူနာရှင်ရဲ့ Feedback လေးပါ။ 😍

မူရင်း Feedback လေးအတိုင်း တင်ပေးလိုက်တာမို့ Font လေးကိုနည်းနည်းတော့သည်းခံဖတ်ပေးပါနော်...လူနာက ဘီပိုးရှိတာမသိပဲ နှစ်တွေကြာလာတော့ ပိုးကောင်ရေများလာတာနဲ့အမျှအသည်းခြောက်ပြီး အသည်းကင်ဆာအဖြစ်ပြောင်းလဲသွားတာပါ။

ဒါကြောင့် Sandra တစ်ခုလောက်သတိပေးချင်တာက ကိုယ့်မှာ ဘီပိုး စီပိုး ရှိတယ်ဆိုတာ သိပေမယ့် ရောဂါလက္ခဏာမပြလို့ ဘာမှမဖြစ်ဘူးဆိုပြီး ပေါ့ဆမနေဖို့ပါ။ အသည်းက တော်ရုံတန်ရုံဆို ခံနိုင်ရည်ရှိတာမို့ အသည်းရောဂါက ခြေသံလုံလွန်းပါတယ်။ အစာစားပြီး တင်းကျပ်ကျပ်ဖြစ်တာ၊ ဆီးအရောင်ရင့်တာ၊ ညာဘက်နံရိုးအောက်မှာ ခပ်ထောက်ထောက်ဖြစ်နေတာ၊ အရေပြားယားယံတာနဲ့ ညဘက် လွယ်ကူစွာအိပ်မပျော်ခြင်းတွေက အသည်းကပေးတဲ့ Message တွေပါ။ ဒီလိုအချက်လေးတွေဖြစ်လာပြီဆို နီးစပ်ရာ ဆရာဝန်နဲ့တိုင်ပင်ပြသပြီး လိုအပ်တဲ့ကုထုံးကို ခံယူကြပါနော်။

အဖိုးနည်းဝန်ပါ အရည်အသွေးမြင့် ဖြည့်စွက်စာကိုရှာနေပြီဆိုရင်တော့ အသည်းအတွက် ဆေးဖက်ဝင်အရွက် (၇) မျိုးပေါင်းစပ်ပြီး သင်းပျံ့ပျံ့ရနံံ့နဲ့ အရသာရှိရှိသောက်လို့ရတဲ့ Happy Liver Tea Supplement လေးကအသင့်တော်ဆုံးပါပဲ။ ❤️

17/09/2022

မနေ့က ရှမ်းပြည်တောင်ပိုင်းက Customer တစ်ယောက် ဖုန်းဆက်ပြီး သူ့ရဲ့ရောဂါအခြေအနေလေးပြောပြတယ်။

ကျောက်ကပ်နှစ်ဖက်လုံးမှာကျောက်တည်တာ တစ်ဖက်ကို 5 cm ကျော်ကျော်ဖြစ်ပြီး နောက်တစ်ဖက်က ဘယ်လောက်ဆိုလဲမသိဘူးပြောပေမယ့် Admin H တစ်ယောက် နားရှမ်းပြီး မမှတ်မိတော့ပါဘူး 🥴

ဆေး ၂ လသောက်ပြီး နောက်ပိုင်းဆက်မသောက်ဖြစ်တာ ၂ လ ဝန်းကျင်မှာ ညာဘက်ကနည်းနည်းပြန်အောင့်လို့ Ultrasound ရိုက်ကြည့်တော့ ဘယ်ဘက်က 5 cm ရှိတဲ့ ကျောက်ကမရှိတော့ပဲ ညာဘက်မှာတော့ 3 mm ကျော်ကျော်ကျန်သေးလို့ နောက် ၂ လလောက်ဆက်သောက်ဖို့ ဆေးပို့ပေးခိုင်းတာနဲ့ ကြုံတုန်းဆောင်ရန်ရှောင်ရန်လေးတွေပါပြောပြပေးလိုက်ပါတယ်။

ကျောက်ကပ်ကျောက်တည်တာအတွက်ဆို သမြားနီ + အကြိတ်ကျေဆေး + ဆီးနှင့်ကျောက်ကပ်ဆေး (၃) မျိုးတွဲသောက်ပေးရင် ကျောက်အရွယ်အစားပေါ်မူတည်ပြီး (၂) လ မှ (၄)လ အတွင်းသက်သာပျောက်ကင်းကြပါတယ်ရှင့်။

Crisis ကာလထဲ ဆေးရုံ ဆေးခန်း သွားဖို့ အဆင်မပြေရင် Admin တို့ဆီ ဖုန်းဆက်ပြီး ရောဂါအခြေအနေပြောပြပေးရင် သင့်တော်တဲ့ ဆေးလေးတွေတွဲပြီး အမြန်ဆုံးပို့ပေးပါတယ်...ရောဂါကိုစမ်းသပ်ပြီး အဖြေရှာပေးတာမျိုးတော့မလုပ်ပါဘူး...ကိုယ်ဖြစ်နေတဲ့ ရောဂါကို သေချာစွာ စစ်ဆေးထားဖို့လိုပါတယ်ရှင့်။

သမြားနီဆေးတိုက်သည် တိုင်းရင်းဆေးထုတ်လုပ်ခွင့်လိုင်စင် အမှတ်(၈/၂၀၁၄၊ တဆထလ (၂၆၇၂) ရရှိထားပြီး အထက်ဖော်ပြပါ ဆေးများသည် သက်ဆိုင်ရာ ဆေးဝါးအာဏာပိုင်များ၏အဆင့်ဆင့်စစ်ဆေးပြီး တရားဝင်တိုင်းရင်းဆေးမှတ်ပုံတင်အမှတ်များရရှိထားပြီးဖြစ်တဲ့အတွက် စိတ်ချယုံကြည်စွာသုံးစွဲနိုင်ပါသည်။

💵အဓိကသောက်သုံးရသော သမြားနီဆေးဗူး တစ်ဗူး (၄၀၀၀) ကျပ်၊ ရောဂါအလိုက်တွဲဖက်သောက်သုံးရသော တွဲဖက်ဆေးများမှာ တစ်ဗူး (၃၀၀၀) ကျပ်ဖြစ်ပြီး ရောဂါ အခြေအနေပေါ်မူတည်၍ တစ်လစာ ဆေးဝယ်ယူရန် ကျသင့်ငွေမှာ (၂၆၀၀၀) ကျပ်မှစ၍ (၃၅၀၀၀) ကျပ် ဝန်းကျင်ဖြစ်ပါတယ်ရှင်။💴

ရောဂါအလိုက်တွဲဖက်သောက်သုံးရန် ဆေးဝါးများနှင့် ဓာတ်စာများ သိရှိရန် အောက်ပါဖုန်းနံပါတ်များကို ဆက်သွယ်ကာ အသေးစိတ်စုံစမ်းမေးမြန်းဝယ်ယူနိုင်ပါသည်။ 👇👇👇

☎ 09-2301988
☎ 09-43143438

(၇) ရက်သားသမီးအပေါင်း သက်ရှည်၊ကျန်းမာအနာရောဂါ ကင်းစင်၍ သာသနာပြုနိုင်သော ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်များဖြစ်ကြပါစေရှင် 🙏🙏🙏

20/08/2022
ဒီရက်ထဲမှာ သမြားနီဆေး ဝယ်သူတွေ အပြောများကြတာကတော့ နိုင်ငံခြားသွားဖို့ ဆေးစစ်လိုက်တော့မှ ဘီပိုးရှိမှန်းသိတယ်...လူကတော့ ဘာ...
07/08/2022

ဒီရက်ထဲမှာ သမြားနီဆေး ဝယ်သူတွေ အပြောများကြတာကတော့ နိုင်ငံခြားသွားဖို့ ဆေးစစ်လိုက်တော့မှ ဘီပိုးရှိမှန်းသိတယ်...လူကတော့ ဘာမှမဖြစ်ဘူး အကောင်းအတိုင်းပဲတဲ့

သမြားနီဆေးသောက်ဖို့ ညွှန်တာကတော့ အခု နိုင်ငံခြားကိုရောက်နေတဲ့ ကျွန်တော့အစ်ကို/အစ်မ ဘယ်သူ ဘယ်ဝါ စသဖြင့်ပေါ့...သူတို့လည်း အလားတူ ဆေးစစ်ချက်မျိုးတွေ့တယ်...ပိုးကောင်ရေ အနည်းအများပေါ်မူတည်ပြီး ဆေး ၆ လ၊ ၁ နှစ်လောက်သောက်ပြီး အရှင်းပျောက်သွားတော့မှထွက်သွားကြတယ်...ဟိုရောက်တော့လည်း ဆေးပြန်စစ်ရတဲ့အတွက် ဆေးကိုဆောင်သွားကြတယ်ပေါ့။

အများစုက ဆေးစစ်လို့သာသိကြတာ ဝေဒနာမခံစားရဘူး...ဝေဒနာလို့ ပြောတဲ့အခါ ရောဂါနဲ့ ဝေဒနာ မတူညီတဲ့အကြောင်းလေးကို နည်းနည်းရှင်းပြချင်ပါတယ်။

ဘီပိုးလို့ ပြောရင် ဒါဟာ ရောဂါပါ...ဝေဒနာဆိုရင်တော့ ပိုးကောင်ရေ အတိုင်းအတာတစ်ခုအထိ ပေါက်ဖွားလာတဲ့အခါ အသည်းကိုဝင်ရောက်နှောင့်ယှက်ကြတဲ့အတွက် အသည်းရဲ့လုပ်ငန်းဆောင်တာတွေပျက်ဆီးရပြီး အသည်းရောင်၊ အသည်းခြောက်၊ အသည်းအကြိတ်ဖြစ်ရာကနေ ဗိုက်အောင့်၊ အစာမကြေ၊ လေပွ၊ အသားဝါ၊ အသားယားယံ၊ အိပ်ရေးပျက် စတာတွေကို စတင်ခံစားလာရပါတော့တယ်...ဒါတွေဟာ ဝေဒနာတွေပါ...ဘာကြောင့်ဖြစ်ရတာလည်းဆိုရင် ဘီပိုးဆိုတဲ့ ရောဂါက အသည်းကိုတိုက်ခိုက်တဲ့ အခါ ခံစားမှုဝေဒနာတွေဖြစ်ပေါ်လာပါတော့တယ်။

ဒါကြောင့် ဝေဒနာမခံစားရသေးတိုင်း ရောဂါမရှိဘူးလို့ သတ်မှတ်ပြီး ပေါ့ဆနေလို့မဖြစ်ပါဘူး...စောစောသိ စောစောကုသလေ မလိုလားအပ်တဲ့ ပြဿနာတွေကို ရှောင်ရှားနိုင်လေပါ။

ဘီပိုး စီပိုး အသည်းရောင်အသားဝါ စတဲ့ ရောဂါတွေအတွက် အဖိုးနည်းဝန်ပါ ဘေးထွက်ဆိုးကျိုးမရှိ စိတ်ချရတဲ့ တိုင်းရင်းဆေးကောင်းတစ်လက်ကို ရှာနေပြီဆိုရင်တော့ သဘာဝပိုးသေဆေးလို့ခေါ်ကြတဲ့ ယောနယ်က သမြားနီနတ်ဆေးရှိပါတယ်။

သမြားနီ + အကြိတ်ကြေဆေး (၂) မျိုးတွဲဖက်ပြီးသောက်ပေးရမှာပါ...တစ်လစာ ကိုမှ ၂၉၀၀၀ ကျပ်တိတိသာ ကျသင့်မှာဖြစ်ပါတယ်။

ဒါ့အပြင် အသည်းအဆိပ်အတောက်တွေပြေစေပြီး အသည်းဆဲလ်အသစ်တွေ အမြန်ဆုံးမွေးဖွားစေနိုင်တဲ့ ဆေးရွှေနွယ်နဲ့ အဓိကဆဖာ်စပ်ထားတဲ့ အသည်းအားဖြည့်လက်ဖက်ခြောက်ကို သဘာဝဖြည့်စွက်စာအဖြစ် တွဲဖက်သောက်သုံးပေးမယ်ဆိုရင်လည်း အသည်းအမြန်ဆုံးပြန်လည်ကျန်းမာလာဖို့ အပြည့်အဝ ကူညီပေးနိုင်ပါတယ်။

🍵 Happy Liver (အသည်းအားဖြည့်လက်ဖက်ခြောက်) - ၁၄,၀၀၀ ကျပ် (တစ်လစာ)

ရောဂါအတွက် ဆောင်ရန်ရှောင်ရန်များလိုက်နာရန်နှင့် သဘာဝဖြည့်စွက်ဓာတ်စာများ စားသုံးနိုင်လျင် ထိရောက်မှုပိုမိုမြန်ဆန်ခြင်းကြောင့် အကြံပြုချက်များလိုက်နာရန် အောက်ဖော်ပြပါဖုန်းများကို အသေးစိတ် ဆက်သွယ်မေးမြန်းပြီးဝယ်ယူပေးပါရန်ထပ်မံမေတ္တာရပ်ခံလိုပါသည်။

☎️ 09-2301988
☎️ 09-43143438

(၇) ရက်သားသမီးအပေါင်း သက်ရှည်၊ကျန်းမာအနာရောဂါ ကင်းစင်၍ သာသနာပြုနိုင်သော ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်များဖြစ်ကြပါစေရှင် 🙏🙏🙏

Address

No. 103, Ground Floor, 50 Street (Middle Block), Pazundaung Township
Yangon
11171

Opening Hours

Monday 09:00 - 22:00
Tuesday 09:00 - 22:00
Wednesday 09:00 - 22:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 21:00
Sunday 09:00 - 22:00

Telephone

+9592301988

Website

Alerts

Be the first to know and let us send you an email when သမြားနီ မြစ်ပွားနာသောက်ဆေးကြီး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to သမြားနီ မြစ်ပွားနာသောက်ဆေးကြီး:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram