Echo Care Service Myanmar_ECSM

Echo Care Service Myanmar_ECSM we provide reliable and compassionate patient care services that you can rely on for your family. Our

အင်းစိန် ဘက်မှာ New Born Case on ချင်တဲ့ NA များ ရှိရင် ဆက်သွယ် ပေးပါ နော် 🍀
27/10/2025

အင်းစိန် ဘက်မှာ New Born Case on ချင်တဲ့ NA များ ရှိရင် ဆက်သွယ် ပေးပါ နော် 🍀

Merry Christmas 🎁🎄
25/12/2022

Merry Christmas 🎁🎄

မေတ္တာရောင်ပြန်ဟပ်သော အခိုက်အတန့်🥰 ကိုယ့်လူနာဟောင်း ဆီက ရသော လက်ဆောင်များ Fees ကြေးကိုလည်း ပုံမှန်ထက် ပိုပေးခဲ့တယ် အခုလည...
14/10/2022

မေတ္တာရောင်ပြန်ဟပ်သော အခိုက်အတန့်🥰

ကိုယ့်လူနာဟောင်း ဆီက ရသော လက်ဆောင်များ

Fees ကြေးကိုလည်း ပုံမှန်ထက် ပိုပေးခဲ့တယ်

အခုလည်း ဂရိတ်ဝေါ spray ၆ဘူးပါ တစ်ကတ်
ရှမ်းရိုးမ ၁၂ဘူးပါ တစ်ကတ်
ထမီ အစ တစ်စ နဲ့
ငွေသား တစ်သိန်း ဒီနေ့ ခေါ်ပေးခဲ့တယ် 🙏🏻

(ဆေးဘူးတစ်ချိူ့ တစ်ဝက်ကိုတော့ ကိုယ့်မိတ်ဆွေတွေကို ပြန်မျှပေးလိုက်ပါတယ် .. ကုသိုလ်ပေါ့)

ကိုယ်ကတော့ ဘာမျှော်လင့်ချက်မှ မရှိဘဲ ပြုစုပေးခဲ့တယ် …ကိုယ့်လူနာက ဆင်းရဲသလား
ချမ်းသာသလား ကိုယ်စိတ်မဝင်စား …
စေတနာ အရင်းခံပြီး အနီးကပ် သေချာ care ပေးခဲ့တယ် ..

ကိုယ်ပြောဖူးတဲ့ စကားလို ပေါ့
ဝါသနာ ကို အရင်းခံပြီး
စေတနာ ၊မေတ္တာလေးပါ ထပ်ပေါင်းပြီး
အလုပ်လုပ်ရင် ကံဆိုတာ အလိုလို ကောင်းလာပြီးသားပါ 🫶🏻

စေတနာ ရဲ့ အကျိူးတွေပေါ့ ❤️

အခုလို အလုပ်အကိုင် ရှားပါးနေတဲ့ အချိန်မှာ တစ်ယောက်ယောက် ကို ကူညီခွင့်ရတာ ကျေးဇူးပါ နှစ်ဖက်စလုံးက အဆင်ပြေကြောင်း respect ...
30/09/2022

အခုလို အလုပ်အကိုင် ရှားပါးနေတဲ့ အချိန်မှာ
တစ်ယောက်ယောက် ကို ကူညီခွင့်ရတာ ကျေးဇူးပါ
နှစ်ဖက်စလုံးက အဆင်ပြေကြောင်း respect တစ်ခုထားပြီးလာပြောတော့ ပိုဝမ်းသာရပါတယ်

ကျွန်မ တို့ အလုပ်က စီးပွါးရေး ဆန်လို့မရပါဘူး
ဝါသနာ ကို အခြေခံ စေတနာ ၊မေတ္တာလေးပါ ထပ်ပေါင်းနိုင်မှ အဆင်ပြေမှာပါ …

ကိုယ့်ကိုကိုယ်ဆုတောင်းပေးတာက

အလုပ်လိုသူတိုင်းကို
အလုပ်ရှာပေးနိုင်တဲ့ သူတစ်ယောက် ဖြစ်ပါစေ 🥰

Third wave တုန်းက memory လေး ပြန်တက်လာလို့ … 😌တော်တော်ဆိုးဆိုး အခြေအနေတွေ ကျော်ဖြတ်ခဲ့ရတာပဲ Recovery ဖြစ်လာတဲ့ pt တွေ ရှ...
25/09/2022

Third wave တုန်းက memory လေး ပြန်တက်လာလို့ … 😌

တော်တော်ဆိုးဆိုး အခြေအနေတွေ ကျော်ဖြတ်ခဲ့ရတာပဲ
Recovery ဖြစ်လာတဲ့ pt တွေ ရှိသလို..ကိုယ့်ဘက်က အကောင်းဆုံး care ပေးရဲ့သားနဲ့ missed ဖြစ်သွားတဲ့ ptတွေလည်း ရှိခဲ့တယ်
ရင်နာစရာ ကောင်းသော နေ့ရက်များပါပဲ
အိပ်ယာဆိုတာ ဘာမှ မသိ
လူနာဇောနဲ့ တစ်ညလုံး ငုတ်တုတ်ဖြစ်ခဲ့ရတဲ့ ညတွေနဲ့ တင်းကြပ်လွန်းတဲ့ N95mask ကြောင့် မျက်နှာမှာ ဒဏ်ရာတွေ .. PPE ကပူလွန်းလို့ ချွေးတွေစိုရွှဲ နေခဲ့သော နေ့ရက်တွေ …မမေ့နိုင်သော အမှတ်တရဆိုးတွေ အများကြီး ..Fees တွေ အတော်အသန့် ရခဲ့ပေမယ့် ကိုယ်မပျော်ခဲ့ပါဘူး ..
ဟိုရက်ပိုင်း ကိုယ်နေမကောင်းလို့ ဆေးရုံတက်ရတော့ ပိုသိသာလာတယ်
ပိုက်ဆံဆိုတာ စက္ကူ သာသာပါပဲ
လူ့အသက်ထက် ဘယ်အရာ မှ အဖိုးမတန်ဘူး

အားလုံးပဲ ကျန်းမာရေး ကို အတူတူ ဂရုစိုက်ရအောင် နော် 🥰

29/03/2022

Interview နဲ့ပတ်သတ်တဲ့ နောက်ဆုံးvideo လေးပါ
အရင် video တွေကနေ ပြန်ကြည့်လို့ရအောင်
မေးခွန်းနံပါတ် ၁၂၃ ရဲ့ link လည်းပြန်ချပေးထားပါတယ်

https://fb.watch/c2HzA71PRt/

Singapore တို့ Dubai တို့ကလေ များသောအားဖြင့်
Broken English သုံးတာ များပါတယ် ...
ဒါကြောင့် vocab ကြွယ်ဝအောင် လုပ်ထားရင် အဆင်ပြေပါတယ် .. ပြောရဲဖို့လည်း လိုပါတယ်
ကိုယ်က သွားမယ်လို့ဆုံးဖြတ်သွားရင်ရောက်အောင်သွားပါ ...ဘာပဲဖြစ်ဖြစ် Confidence ရှိရှိရင်ဆိုင်ပါ ...
မမှားဖူးတဲ့သူမရှိပါဘူး ...မှားဖူးမှလည်းမှန်လာမှာပါ
ကိုယ့်ရဲ့Caregiver အလုပ်ကို professional ဆန်ဆန်လုပ်ရင်း လိုရာပန်းတိုင်ကို လျှောက်လှမ်းနိုင်ကြပါစေ ရှင့်

မသိတာရှိလည်း လာမေးလို့ရပါတယ် ❤️

Thanks for watching ....love you all 😘

24/03/2022

Singapore or Dubai ကို NA/Caregiver အနေနဲ့
ပထမဆုံးအလုပ်သွားလုပ်မယ့် သူတွေအတွက်....❤️
Interview ဝင်ရင် ဘယ်လို မေးတက်လဲ
ဘယ်လိုဖြေရမလဲဆိုတာ ... အလွယ်ဆုံး နည်းနဲ့ ပြောပြပေးထားပါတယ် .ခက်ခက်ခဲခဲကြီးတွေ ဘာမှ မပါလို့
ကြည့်ပြီး လိုက်လေ့ကျင့်ကြည့်ပါ..အဆင်ပြေပါလိမ့်မယ်
ဒီ video ကတော့ Question No.2 and 3 ပါ...
နောက်ထပ် Question No.4 and 5 လေးကိုလည်း စောင့်မျှော်ပေးပါဦးနော်

Question No.1 ရဲ့ link လေးပါ

https://fb.watch/bY8oPbtLrz/

Thanks for Watching ❤️
Sharing is caring ပါနော် 🙏


20/03/2022

Singapore or Dubai ကို NA/Caregiver အနေနဲ့
ပထမဆုံးအလုပ်သွားလုပ်မယ့် သူတွေအတွက်....❤️
Interview ဝင်ရင် ဘယ်လို မေးတက်လဲ
ဘယ်လိုဖြေရမလဲဆိုတာ ... အလွယ်ဆုံး နည်းနဲ့ ပြောပြပေးထားပါတယ် .ခက်ခက်ခဲခဲကြီးတွေ ဘာမှ မပါလို့
ကြည့်ပြီး လိုက်လေ့ကျင့်ကြည့်ပါ..အဆင်ပြေပါလိမ့်မယ်
ဒီ video က Question No 1 ပဲ ရှိသေးလို့
နောက်ထပ် video လေးတွေကို စောင့်မျှော်ပေးပါဦးနော်

Thanks for Watching ❤️
Sharing is caring ပါနော် 🙏


🍀စင်ကာပူနိုင်ငံသို့ သွားရောက် အလုပ် လုပ်ကိုင်လိုသူများအတွက် မြန်မာနိုင်ငံမှနောက်ထပ်ခေါ်ယူခြင်းအဖြစ် စင်ကာပူနိုင်ငံမှ နား...
26/10/2021

🍀စင်ကာပူနိုင်ငံသို့ သွားရောက် အလုပ် လုပ်ကိုင်လိုသူများအတွက် မြန်မာနိုင်ငံမှနောက်ထပ်ခေါ်ယူခြင်းအဖြစ် စင်ကာပူနိုင်ငံမှ နားဇင်းဒါရိုက်တာများ/ နားဇင်း HR များမှ Zoom cloud meetings ဖြင့်ရွေးချယ် ခေါ်ယူမဲ့အလုပ်အကိုင်အခွင့်အလမ်းပေါ်ပေါက်နေပါပြီ။

🌿🥋င်္စကာပူနိုင်ငံရှိကွန်မြူနတီဆေးရုံ နှင့် နားဇင်းဟုမ်းတွဲလျှက်ဖွင့်လှစ်ထားသောသက်ကြီးရွယ်အိုများ ပြုစုစောင့်ရှောက်မှုဂေဟာ (Singaporean Senior Citizen Nursing Home) အသစ်ကြီး တွင်လုပ်ကိုင်ရန်အတွက်-🧘🏻‍♀️

🕯 စင်ကာပူနိုင်ငံတွင် ဝါ့ခ်ပါမစ် (work permit - wp) (၂) နှစ်စာချုပ်ဖြင့်လုပ်ကိုင်ဖို့ မိန်းကလေး hca (၅) ဦးခန့်လိုအပ်လျှက်ရှိပါသည်။ 🕹

☘️အင်္ဂလိပ်လို ကောင်းစွာပြောဆိုနိုင်ရမည်ဖြစ်ပြီး တရုတ်လိုပြောနိုင်ပါက အလုပ်ရဖို့များပါတယ်။🎍

🍂ယခင်က အလားတူ oldage care nursing homes များတွင် အဖိုး / အဖွား စောင့်ရှောက်မှု လုပ်ငန်းမျိုး လုပ်ကိုင်ဖူးသူများမှ ပိုအစဉ်ပြေပါလိမ့်မယ်။💐

🌶*** Healthcare Attendant (hca)- ကျန်းမာရေးပြုစုစောင့်ရှောက်မှုအကူ ****🍓

🤹‍♂️ အသက် - ၃၅ နှစ်အောက်

အခြေခံလစာ ~ $၈၀၀

နေစရာ ~ $၄၀၀

ထမင်းစားဖို့အပိုခံစားခွင့်~ $၃၀

Ward ခံစားခွင့် ~ $၃၀

ညဖက်ဆို shift ခံစားခွင့် ~ $၁၇ (weekday)

ညဖက်ဆို shift ခံစားခွင့် ~ $၃၄ (weekend)

စုစုပေါင်းခံစားခွင့်- $၁၃၀၀+ အချိန်ပိုကြေး + ဘောနပ်က ၆လ (၁) ကြိမ်+ အခြားခံစားခွင့်များ…….. စသည်…..

⏰ အလုပ်ချိန်က တစ်နေ့ (၈) နာရီ/တစ်ပတ်လျှင် ၄၄ နာရီဖြင့် တစ်ပတ်လျှင် (၆) ရက်လုပ်ရပါမယ်၊ 🏃‍♂️

👩‍🎓ပညာအရည်အချင်း - အခြေခံပညာရေးအထက်တန်းအောင်မြင်သူများမှသည် ဘွဲ့ရရှိပြီးသူများအပြင် ယခင်ကစလုံးတွင်အနဲဆုံး (၃) နှစ်အထက်အိမ်အကူအဖြစ်လုပ်ကိုင်ခဲ့ဖူးသူများပါလျှောက်ထားနိုင်ပါတယ်။👨‍🎓

👩‍💼အရပ်အမြင့်: ၅ပေနှင့် ၃လက်မအထက်

👱🏻‍♀️အခြားလိုအပ်ချက် - Nurse Aide ၂လ~ ၃လ သင်တန်းဆင်းလက်မှတ်ရှိသူများသာလျှောက်ထားနိုင်သည်။👲🏻

🌐 Nobel Lamp, N2 Hub, My Hope, အောင်မေသာစည်၊ အောင်ချမ်းမြေ့, Service Heart, သုခစုစံ, ဒေါက်တာအောင် clinic, Active Global, မာသာထရီစာ၊ အောင်ပြည့်စုံ စသည့်... စသည့် ..... သကဲ့သို့သော အခြားသော အလားတူ မည်သည့်သူနာပြုအကူ သင်တန်းကျောင်းတစ်ခုခုမှ မဆို Nurse Aids (၂လ~၃လ) သင်တန်းဆင်းလက်မှတ်ရှိရမည်ဖြစ်ပြီး စင်္ကာပူနိုင်ငံမှ ITE (healthcare certificate) သင်တန်းဆင်းလက်မှတ်ရှိသူများကို ဦးစားပေး ခေါ်ယူမှာဖြစ်ပါတယ်။

👨‍🚒HCA နှင့် ပတ်သက်သော လုပ်ငန်းအတွေ့အကြုံ အနဲဆုံး (၆) လ နှင့်အထက် ဖြစ်ရမည်။🙋‍♂️
〰️〰️〰️〰️〰️〰️〰️〰️
As an English 👇🏻👇🏻

Our Singapore hospital & nursing home client is looking for 5 Healthcare Assistant (HCA) for our client.

Healthcare Assistant (HCA)
Salary $800
Housing Allowance $400
Meals Allowance $30
Ward Allowance $30
Night Shift Allowance $17 (Weekday) / $34 (Weekend)

** July and Dec Bonus
*** Every 2 years completion of contract, 2 months gratuity and a flight ticket

🗣Telegram မှာလည်း စင်ကာပူသူနာပြုအလုပ်အကိုင်ကြော်ငြာများ ဝင်ရောက်ကြည့်ရှုလေ့လာဖို့ ဖိတ်ခေါ်ပါတယ်နော်၊ Link 👇🏻👇🏻
https://t.me/myanmarnurse/71

✅ စိတ်ဝင်စားတယ်ဆိုရင် ယခုမှစ၍ ကြိုတင်စာရင်းပေးလို့ရပါပြီ။ ❇️

📍အသေးစိတ်ထပ်မံသိရှိလိုပါက ဆက်သွယ်ရန် -

📲 Mobile/WhatsApp/Viber👇🏻👇🏻

📞 ၀၉ ၄၄၃ ၂၄၀ ၉၃၄ (CV ဖေါင်ပို့ရန်)
☎️ ၀၉ ၇၉၂ ၄၃၃ ၇၀၄ (CV ဖေါင်ပို့ရန်)
📲 ၀၉ ၇၇၇ ၈၁၁ ၈၀၇ (CV ဖေါင်ပို့ရန်)

☎️09 7 888 44 660 (စုံစမ်းရန်)
☎️ 09 7777 67 460 (စုံစမ်းရန်)

📩Email: nursemyanmar@gmail.com

DID YOU KNOW ?Photo credit
24/10/2021

DID YOU KNOW ?

Photo credit

ဆေးသောက်လျှင် သတိထားရမည့်အရာများ  •••••••••••••••ပါမောက္ခဒေါ်ခင်ဖြူ ( မြင်းခြံ ) ဆေးသောက်လျှင် ရေနဲ့သောက်ရမည်ကို မသိသူမရ...
24/10/2021

ဆေးသောက်လျှင် သတိထားရမည့်အရာများ
•••••••••••••••ပါမောက္ခဒေါ်ခင်ဖြူ ( မြင်းခြံ )

ဆေးသောက်လျှင် ရေနဲ့သောက်ရမည်ကို မသိသူမရှိ သို့သော် လွယ်ကူ၍အရေးကြီး
သော ကွင်းဆက်ကိုမေ့လျော့သည့်အတွက် ဆေးအာနိသင် ရသင့်သလောက် မရသည့်
အပြင် အစာမျိုပြွန်ကို ထိခိုက်နိုင်သည်။

ဆေးပြားသည် သာမာန်အားဖြင့် အဓိက ဆေးမူန့်နဲ့ ပုံသွင်းမူန့်( ကော်မူန့်/သကြား)စ
သည်တို့ကို ဖိ၍ပုံသွင်းထားခြင်းဖြစ်သည်။

ဆေးအာနိသင် မြန် နှေး ပြင်း ပျော့သည် အဓိက ဆေးမူန့်၏ အစာအိမ် အူလမ်းကြောင်း
တလျောက် စုပ်ယူခံရမူ အမြန်နူန်းပေါ်တွင် မူတည်သည်။

ဆေးပြားသည် သွေးအတွင်းသို့ စုပ်ယူမခံရမီ အစာအိမ်နဲ့အူလမ်းကြောင်းတွင် သေး
ငယ်သော ထောင်သောင်းမကသော အမူန်ငယ်များအဖြစ် ကွဲကြေသွားပြီး အရည်ထဲ ပျော်ဝင်နေမှ သွေးထဲစုပ်ယူခံနိုင်မည်။

ဆေးသောက်ပြီးရေများများသောက်မှ သွေးထဲသို့ စုပ်ယူခံရမူ ပိုမိုမြန်ဆန်မည်။
ထို့ကြောင့် ဆေးမသောက်မီ ရေနွေးနွေးတစ်ခွက်သောက်ခြင်းဖြင့် အစာလမ်းကြောင်း
ကို စိုစွတ်စေနိုင်သည်။ ပြီးမှ ဆေးကို ရေများများနဲ့ သောက်ခြင်းဖြင့် အာနိသင် မြန်ဆန်
ထက်မြက်စေနိုင်မည်။

ရေသောက်နည်းလျှင် ဆေးပြားဆေးတောင့်တို့သည် အစာမျိုပြွန် အစာအိမ်နံရံတွင်
ကပ်နေနိုင်ပြီး ထိခိုက်ဒါဏ်ရာ ရစေနိုင်သည်။
ဥပမာ - အက်စ်ပရင်./ ပရိုဖင် /အကိုက်အခဲပျောက်ဆေးမျိုးစုံ ပရီနိုစလုံးဆေး. ကင်ဆာရောဂါကု ရူဘီဒိုမိုက်စင် စသည်တို့ဖြစ်သည်။

၁ - လှဲလျှက်ဆေးမသောက်ရ

ဆေးသောက်သည့်အခါ မတ်တပ်ရပ်လျှက် သို့မဟုတ် ထိုင်လျက် ဆေးသောက်ရ
မည်။ လှဲလျှက်ဆေးမသောက်ရ - ဆေးသောက်ပြီး ချက်ခြင်းမလှဲရ အနည်းဆုံး ၃ မိနစ်
၅ မိနစ် ဆက်လက်ထိုင်နေသင့်သည်။

နာတာရှည်ရောဂါသည်နှင့်အစာမျို ခက်ခဲသူများသည် ဆေးအရည်ကိုသောက်သင့်
သည်။

၂ - အိပ်ခါနီးဆေးသောက်ချိန်

အိပ်ခါနီး ဆေးသောက်ရန် လိုအပ်လျှင် ဆေးသောက်ပြီး နှစ်မိနစ် သုံးမိနစ်ခန့် သွား လာ လူပ်ရှားပြီးမှ အိပ်သင့်သည်။

၃. - ဆေးနဲ့ တွဲ၍ မသောက်သင့်သည့်အရာများ

၁) - ဆေးကို နွားနို့နဲ့ မသောက်သင့်ပါ. နွားနို့တွင် ပရိုတင်းဓာတ်နဲ့ ဖက်တီးအက်ဆစ်
ပါသည့်အတွက် ဆေးမူန့်လေးများ၏ ပတ်ပတ်လည်တွင် အမြေးပါး တထပ်နဲ့ အပေါ်ကို
အုပ်ဆောင်းထားတတ်သည်။

ထို့ပြင် နွားနို့တွင် ကြွယ်ဝစွာပါဝင်သော ကယ်လ်စီယမ်ဓာတ် မီးစုန်းဓာတ်. သံ ဓာတ်တို့
သည်လည်း အချို့ဆေးဝါး ပစ္စည်းများနဲ့ ဓာတ်ပြုနိုင်ပြီး ပျော်ဝင်ရန် ခက်ခဲသောဆားများ
အဖြစ်သို့ ဓာတ်ပြောင်းလဲသွားနိုင်ပါသည်။

၂ ) - ဟင်းရည် လက်ဖက်ရည်. ကော်ဖီ. ရေနွေးကြမ်း အချိုရည် ဘိလပ်ရည်တို့နှင့်
ဆေးကို မသောက်ရ ရေနွေးနွေးနင့်သာ သောက်သင့်ပါသည်။

ဆာလ်ဖာ ဆေးဝါးသောက်လျှင် ကျောက်တည်ုခြင်းမှ ကာကွယ်ရန် အထူးသဖြင့် ရေများများ ပိုသောက်ရမည်။အနည်းဆုံး ရေတစ်ပုလင်းခွဲခန့် - (၁၅၀၀မီလီမီတာ )- ထို
နေ့တွင် သောက်ရမည်။ သို့မှသာ သွေးကျဲ ဆီးရွှင် ကျောက်ကပ်ကို ကာကွယ်ရာ
ရောက်မည်။

၃ ) - အကိုက်အခဲပျောက်ဆေး. အဖျားကျဆေးများ သောက်လျင်လည်း ရေများများ
သောက်ရန် လိုအပ်သည်။ ကိုယ်ပူကျပြီး ချွေးများများ ထွက်သောအခါ ရှော့ခ် ဖြစ်ခြင်း
မှ ကာကွယ်နိုင်မည်။

၄ ) - မည်သည့်ဆေးကို သောက်သည်ဖြစ်စေ ရေများများ သောက်ရမည်ဟူ၍ မဟုတ်
ပါ။ အချို့ချောင်းဆိုးပျောက်ဆေးသည် သောက်ပြီး ၅ မိနစ်ကြာမှ ရေသောက်ရသည်။

ထို့ကြောင့် ဆေးအာနိသင်ကောင်းစေရန် ဆေးပေးသူကို ဆေးသောက်ရမည့်အချိန်
နည်းလမ်းတို့ကို သေချာမေးမြန်းပြီး မှတ်သားလိုက်နာရမည် ဖြစ်ပါသည်။

# ပါမောက္ခ ဒေါ်ခင်ဖြူ ( မြင်းခြံ )

ဒီအစားအသောက်တွေကို ဆေးနဲ့တွဲပြီး မစားသင့်
••••••••••••••••••••••••စောနွဲ့နေဆိုင် ( ပူတာအို )

ဖျားနာလို့ ပဋိဇီဝဆေးလို့ခေါ်တဲ့ အင်္ဂလိပ်ဆေးများကို သောက်တော့မယ်ဆိုရင် အောက်ပါ အစားအစာများနဲ့ တွဲပြီး မသောက်မိစေရန် ရေးသားမျှဝေလိုက်ပါတယ်။..

၁ ) - လိမ္မော်ရည် , ခရမ်းချဉ် ဖျော်ရည် , စပျစ်သီး , စပျစ်သီး ဖျော်ရည် အချဉ် ဓာတ်ပါဝင်တဲ့ အသီးအရွက် တို့က ပဋိဇီဝဆေးများနဲ့ မသောက်သင့်ပါ။
ဆေးအာနိသင်ကို ချေဖျက် နှောက်ယှက်စေပါတယ်။

၂) - သွေးနဲ့ပတ်သက်သည့် ဆေးများကို သောက်သုံးသူများ အနေနဲ့ -
ဆေးသောက်နေစဉ် အစိမ်းရောင် ဟင်းသီးဟင်းရွက်များဖြစ်တဲ့ ပန်းဂေါ်ဖီ , ဟင်းနုနွယ်
ကညွတ် , နွားနို့ နို့ထွက်ပစ္စည်း , စတာတွေကို ခဏရှောင်သင့်ပါတယ်။

၃ ) - အမျှင် ဓာတ်ပါတဲ့ fibers များကို ဆေးနဲ့အတူ မစားသင့်ပါ။

၄ ) - ကဖင်း ဓာတ်ပါဝင်တဲ့ လက်ဖက်ရည် , ကော်ဖီ , ကိုလာ တို့နဲ့ တွဲမသောက်
သင့်ပါ။၄င်းတို့က လူကိုနိုးကြားစေတဲ့အတွက် ဆေးနဲ့ဆန့်ကျင့်ဖက် ဖြစ်စေပါတယ်။

၅ ) - အရက် , ဘီယာ , ဝိုင် , ကော့တေး စသည့် အယ်ကိုဟောလ် ပါဝင်သည့်အရည်
များနှင့် လုံးဝ တွဲမသောက်သင့်ပါ။

အခန့်မသင့်လျှင် ပြန်အန်ထွက်တတ်သလို အရေးပေါ် ဌာနသို့ မရောက်နိုင်ပါက အသက်ပင် ပါသွားတတ်တဲ့ သာဓကများရှိပါတယ်။

အကောင်းဆုံးက မပူလွန်း မအေးလွန်းသည့် ရိုးရိုးရေတစ်ခွက်နဲ့သာ သောက်တာ
အကောင်းဆုံး ဖြစ်ပါတယ်။

အထက်က ဖော်ပြထားတဲ့ အစားမသောက်များကို လည်း ဆေးသောက်ပြီး သို့မဟုတ်
မသောက်မီ နာရီဝက် ၁နာရီခန့် အတွင်းမှာ မစားသောက်မိကြဖို့ သတိပေးတဲ့ အနေနဲ့
ရေးသားမျှဝေပေးလိုက်ပါတယ်။

Save နီနီလေး

How to pack an Emergency First Aid Kit for any  ***********************************************Disaster ********ဒီနေ့တော...
08/09/2021

How to pack an Emergency First Aid Kit for any
***********************************************
Disaster
********

ဒီနေ့တော့ Page Cb မှာ ခနခန လာမေးနေကြတဲ့ အရေးပေါ်ဆေးအိတ်ထဲမှာ ဘယ်လို ဆေးဝါး တွေထည့်ရမလဲဆိုတဲ့အကြောင်းကို ပြောပြသွားပေးမှာဖြစ်ပါတယ် ။

1.) 2" ပတ်တီး

2.) 4" ပတ်တီး

3.) 6" ပတ်တီး

4.) 2" Elastic ပတ်တီး (ဆွဲဆန့်လို့ရတဲ့ ပတ်တီးအပျော့ပါ ၊ ခြေခေါက်တာ လက်ခေါက်တာ အရိုးကျိုးတာ တွေအတွက် စည်းရတဲ့ပတ်တီးမျိုးပါ ။ မှတ်ချက် * သွေးထွက် ဒဏ်ရာကို Elastic ပတ်တီးနဲ့မစီးပါဘူး ၊ Elastic ပတ်တီးကသွေးမစုပ်ပါ )

5.) 4" Elastic ပတ်တီး

6.) Gauze စ ( ဆေးပေါင်းပြီးသား ပိတ်ပါးစ ပါ ၊
သွေးထွက်ဒဏ်ရာတစ်ခုခု ဖြစ်တာမျိုးအတွက် အပေါ်ကနေအုပ်ပြီး ပတ်တီးစီးဖို့အတွက်ပါ ။ )

7.) သုံးထောင့်ပတ်တီး ( တြိဂံပုံစံ ပတ်တီးပါ ၊ First Aider တွေလောက်ပဲ အသုံးများတဲ့ပတ်တီးပါ )

8.) Paper tape ( ဒဏ်ရာကို ဆေးထည့် ၊အပေါ်ကနေ Gauze စအုပ်ပြီး ကပ်ဖို့အတွက်ပါ )

9.) Surgical Glove ( ခွဲစိတ်ခန်းသုံး လက်အိပ်ပါ ၊ ဘယ်လူနာကိုပဲဖြစ်ဖြစ် မပြုစုခင်မှာ လက်အိပ်ကိုမဖြစ်မနေ၀တ်ဆင်ရပါမယ် )

10.) Pad ထုပ် ( အမျိုးသမီးလစဉ်သုံးပစ္စည်းဖြစ်ပါတယ် ၊ သေနတ်ဒဏ်ရာ‌လိုမျိုး သွေးထွက်လွန်ဒဏ်ရာမျိုးတွေအတွက် အလွယ်တကူသွေးစုပ်လွယ်တာမျိုးဖြစ်တာကြောင့် တော်တော်အသုံး၀င်လှပါတယ် )

11.) Antiseptic Solution ( အနာပိုးသတ်ဆေးရည်ပါ ၊ Betadine လိုအရည်မျိုးတွေပါ ၊ ထိခိုက်ဒဏ်ရာ တစ်ခုခုဖြစ်ရင် ပိုးမ၀င်အောင် ပိုးသတ်ဆေးရည်အနေနဲ့အသုံးပြုတာပါ )

12.) Hansaplast ( အနာကပ် ပလာစတာ ၊ အသေးစားထိခိုက် ရှနာအတွက်သုံးဖို့ပါ )

13.) အရက်ပြန် ၊ ဂွမ်း ( အရက်ပြန် နဲ့ ဂွမ်း ကိုတော့ဖြစ်နိုင်ရင် ဒဏ်ရာရရင် မသုံးစေချင်ပါဘူး ၊ အရက်ပြန်က ဒဏ်ရာကိုစားစေပါတယ် ၊ ဂွမ်းက အမွှေးအရမ်းကပ်ပါတယ် ၊ အရက်ပြန်အစား အနာပိုးသတ်ဆေးရည်ကိုပဲအသုံးပြုစေချင်ပါတယ် )

14.) Bioplacenton ( ဒဏ်ရာတစ်ခုခု ဖြစ်ရင် အနာကျက်ဖို့အတွက် လိမ်းတဲ့ ဆေးပါ ၊ အနာကျက်ဖို့အပြင် အပူလောင်တာ ရေနွေးပူလောင်တာမျိုးအတွက်လဲ အပူသက်သာဖို့အတွက်လိမ်းလို့ရပါတယ် )

15.) ရှူဆေး

16.) Voltex ( ကြွက်သားနဲ့ အရိုးအဆစ် တွေနာကျင်ရင်လိမ်းရတဲ့ဆေးဖြစ်ပါတယ် ။ )

17.) ပရုပ်ဆီ

18.) Odomos ( ခြင်မကိုက်အောင်လူးတဲ့ cream ပါ ၊ ဆေးလူးပြီး ၆ နာရီ လောက်ထိ ခြင်မကိုက်ပါဘူး )

19.) Fungiderm ( ယားနာမျိုးစုံ အတွက်လိမ်းတဲ့ဆေးပါ )

20.) Hand Gel , Mask

21.) ဇာဂနာ ( သေနတ်ကျည်ဆံလိုဟာမျိုးကိုဆွဲထုတ်ဖို့အတွက်ပါ )
တွယ်ချိတ်
မီးခြစ်
ကတ်ကြေး
ခဲတံချွန်ဓါး
Permanent marker ( တစ်ခုခုကို မှတ်ဖို့အတွက်ပါ )

သောက်ဆေးတွေအနေနဲ့ -

22.) Paracetamol , Biogesic ( ခေါင်းကိုက် ၊ ဖျားနာ ၊ အကိုက်အခဲ ပျောက်ဖို့အတွက်သောက်ရတဲ့ဆေးပါ )

23.) Decolgen ( နှာစေး ၊ နှာရည်ယို နှာပိတ် ၊ ဖျားနာ ၊ တုပ်ကွေး ပျောက်ဖို့အတွက်သောက်ရတာပါ )

24.) ဓါတ်ဆား

25.) Enervon C or Limcee ( Vitamin C 500 mg ပါ ၊ ကိုယ်ခံအားကောင်းဖို့နဲ့ လူလန်းဆန်းစေဖို့သောက်ရတဲ့ဆေးပါ )

26.) Cetrin ( နှာစေး ၊ နှာရည်ယို ၊ နှာပိတ်တာတွေအတွက်သောက်ရတာပါ )

27.) Omeprazole ( အစာအိမ်နာတာအတွက်သောက်ရတဲ့ဆေးပါ )

28.) Solmux ( ချောင်းဆိုးပျောက်ဆေးပါ )

29.) Kremil S ( အစာမကြေ ရင်ပြည့်ရင်ကယ် လေထိုးလေအောင့် ရင်သောက်တဲ့ဆေးပါ )

30.) Air X ( လေထိုးလေအောင့်ရင်သောက်တဲ့ဆေးပါ )

31.) Domisan ( အော့အန်တာဖြစ်ရင် အအန်ရပ်ဖို့သောက်ရတဲ့ဆေးပါ )

32.) Dimenhydrinate ( အရပ်ခေါ် ဘီစစ် ၊ မူးဝေတာ ၊ ကားမူးတာတွေအတွက်သောက်ဖို့ပါ )

33.) Metro , Bioflor ( ၀မ်းလျှောရင်သောက်ဖို့ ၀မ်းပိတ်ဆေးတွေပါ )

34.) Amoxicillin (ပိုးသတ်ဆေးပါ)

35.) ကီးမိုး ( ဒဏ်ရာရဲ့ ယောင်ယမ်းမှုသက်သာစေဖို့အတွက်သောက်တဲ့ဆေးပါ )

36.) အစာကြေဆေး/လျက်ဆား

36.) အဖျားတိုင်းသာမိုမီတာ / အရေးပေါ်ဖုန်းနံပါတ်များကိုမှတ်သားထားသောမှတ်စုများ / အရေးပေါ်ရှေးဦးပြုစုနည်းများအကြောင်းရေးသားထားသောစာအုပ်တစ်အုပ်အုပ်

ဒီလောက်ဆိုရင် အရေးပေါ်ဆေးအိတ်ထဲမှာ ဘယ်လိုဆေးဝါးတွေထည့်ရမလဲဆိုတာကိုသိကြပြီထင်ပါတယ် ။ အားလုံးအဆင်ပြေကြပါစေ ... အရေးတော်ပုံ အောင်ရမည်!

ရဲဘော်ပြည့်စုံ

Crd

Address

Yangon

Telephone

+959963720373

Website

Alerts

Be the first to know and let us send you an email when Echo Care Service Myanmar_ECSM posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Echo Care Service Myanmar_ECSM:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram