Owgels Myanmar Official

Owgels Myanmar Official OFFICIAL OWGELS MYANMAR
Champion Biotech & Pharma Corp. " Healthy Breath, Happy Life "

Omicron ကို ဘယ်လိုကာကွယ်မလဲ.......❓⚠️ Omicron ရဲ့ရောဂါလက္ခဏာ တွေကတော့.....- လည်ချောင်းနာခြင်း- နှာရည်ယိုခြင်း- ချောင်းဆိ...
07/02/2022

Omicron ကို ဘယ်လိုကာကွယ်မလဲ.......❓

⚠️ Omicron ရဲ့ရောဂါလက္ခဏာ တွေကတော့.....

- လည်ချောင်းနာခြင်း
- နှာရည်ယိုခြင်း
- ချောင်းဆိုးခြင်း
- ဝမ်းချုပ်တတ်ခြင်း
- ကြွက်သားများနာကျဥ်ခြင်း/ ခါးနာခြင်း
- နွမ်းနယ်ခြင်း
- ခေါင်းကိုက်ခြင်း

စတဲ့ ရောဂါလက္ခဏာတွေပါ......ထူးခြားတာကတော့ အရင် Covid တွေလို အနံပျောက်/ အရသာပျောက်တာတွေမရှိသလောက်ရှားပါတယ်၊ လှုပ်ရှားမှုလုပ်လိုက်တဲ့အခါတိုင်း မောပန်းလာပါတယ် နှလုံးခုန်နှုန်း ပိုတက်လာပေမယ့် အောက်စီဂျင် မကျတာများပါတယ်။

*ရောဂါပိုးကူးစက်ပြီး ၂ရက်မှ ၅ရက်အတွင်း လက္ခဏာတွေ တစ်ခုပြီးတစ်ခုပြလာမယ်။

Omicron Virus ဟာ ကူးစက်မှု အရမ်းမြန်ပါတယ်။ လက်ရှိအချိန်ထိ ကမ္ဘာပေါ်မှာ ကူးစက်မှုအမြန်ဆုံး သန္ဓေပြောင်း Virus အသစ်ဖြစ်ပါတယ်။

✅ ကာကွယ်မှုတွေအနေနဲ့

- ကာကွယ်ဆေးထိုးနှံပါ (ဆရာဝန်ညွှန်ကြားချက်ဖြင့်)
- စနစ်တကျ Mask တပ်ပါ
- လက်ကို ဆပ်ပြာဖြင့် မကြာခဏဆေးကြောပါ
- Antibiotics ပိုးသတ်ဆေး (ဆရာဝန်၏ညွှန်ကြားချက်ဖြင့်)
- အစားအသောက် အာဟာရပြည့်ဝအောင်စားပါ
- အသက်ရှုလေ့ကျင့်ခန်းများများ လုပ်ပါ
- Vitamin C နှင့် တစ်နေ့လျှင် ၂လီတာမျှ ရေဝအောင်သောက်ပါ
- လူထူထပ်သည့်နေရာများသို့ သွားလာခြင်းမှတက်နိုင်သမျှ ရှောင်ကြည်ဖို့ပါပဲ.....

ချစ်ရသောမြန်မာပြည်ကြီး Omicron Covid 19 ကပ်ရောဂါ မှ အမြန်ဆုံးကင်းဝေးပြီး ကျန်းမာကြပါစေကြောင်း Owgels Myanmar မှ ဆုမွန်ကောင်းတောင်းပေးအပ်ပါသည်။


✨နှစ်သစ်အခါမှာဘေးရန်ကွာ ချမ်းသာလို့ကျန်းမာပါစေကြောင်း Owgels Myanmar မိသားစုမှ မေတ္တာအပေါင်းဖြင့်ဆုတောင်းဂါရ၀ ပြုလိုက်ပါ...
31/12/2021

✨နှစ်သစ်အခါမှာဘေးရန်ကွာ ချမ်းသာလို့ကျန်းမာပါစေကြောင်း Owgels Myanmar မိသားစုမှ မေတ္တာအပေါင်းဖြင့်ဆုတောင်းဂါရ၀ ပြုလိုက်ပါတယ်နော်…🙏

We wish you the best for Happy and Healthy New Year 2022!

အေးချမ်းလှတဲ့ ဒီဇင်ဘာရဲ့ နောက်ဆုံးလမှာ စိတ်၏ ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့်အတူ သာယာ အေးချမ်းနိုင်ကြပါစေကြောင်း Owg...
25/12/2021

အေးချမ်းလှတဲ့ ဒီဇင်ဘာရဲ့ နောက်ဆုံးလမှာ စိတ်၏ ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့်အတူ သာယာ အေးချမ်းနိုင်ကြပါစေကြောင်း Owgels Myanmar မှ ဆုမွန်ကောင်းတောင်းပေးအပ်ပါသည်။❤


🎅🏼 ကပ်ရောဂါများကင်းစင်ပြီး ပျော်ရွှင်စရာ ခရစ္စမတ်နေ့လေးဖြစ်ပါစေလို့ Owgels Myanmar မိသားစု မှ ဆုမွန်ကောင်းတောင်းပေးလိုက်...
25/12/2021

🎅🏼 ကပ်ရောဂါများကင်းစင်ပြီး ပျော်ရွှင်စရာ ခရစ္စမတ်နေ့လေးဖြစ်ပါစေလို့ Owgels Myanmar မိသားစု မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်🙏 ❄️

We wish you a wonderful Merry Christmas and Happy New Year ☃️ 🎄

2021 ခုနှစ် နိုဝင်ဘာလ 26 ရက်နေ့တွင် WHO ၏ကြေညာချက်အရ Omicron အမည်ရှိ မျိုးကွဲဗီဇ Virus တစ်မျိုး  B.1.1.529 ဟုသတ်မှတ်ခဲ့ပ...
03/12/2021

2021 ခုနှစ် နိုဝင်ဘာလ 26 ရက်နေ့တွင် WHO ၏ကြေညာချက်အရ Omicron အမည်ရှိ မျိုးကွဲဗီဇ Virus တစ်မျိုး B.1.1.529 ဟုသတ်မှတ်ခဲ့ပြီးပါပြီ......

Omicron Virus မှာတော့ ဗီဇပြောင်းလဲမှု များစွာရှိတဲ့အတွက် ဖျားနာခြင်း ၊ အနံ့ပျောက်ခြင်း၊ အသက်ရှုရခက်ခဲ့တဲ့အပြင် ပိုမိုပြင်းထန်ပါက အသက်ပါဆုံးရှုံးနိုင်သည်အထိ ဖြစ်နိုင်ပါသေးတယ်......

ကူးစက်နိုင်မှုမှာ Omicron ဗီဇပြောင်း Virus ဟာ Delta အပါအဝင်အခြားမျိုးကွဲ Virus များနှင့် နှိုင်းယှဥ်ပါက လူတစ်ဦးမှ တစ်ဦးလျှင် မြန်ဆန်လွယ်ကူစွာ ကူးစက်နိုင်ပါတယ်...

လက်ရှိမှာတော့ နိုင်ငံပေါင်း 32 နိုင်ငံထိ ကို ကူးစက်ပျံနှံ့ နေပါပြီ.... ကြိုတင်ကာကွယ်မှုတွေပြုလုပ်ထားပါဦးလို့ Owgels Myanmar မှ တိုက်တွန်းလိုက်ပါတယ်....

Mask 2ထပ် ၊ Face Shield တပ်ဆင်ပါ ၊ Hand Gel (or) ဆပ်ပြာနှင့် လက်ကို မကြာခဏဆေးကြောပါ ၊ တစ်ဦးနှင့််တစ်ဦး ၆ ပေအကွာနေခြင်းဖြင့် Omicron ဗီဇပြောင်း Virus ကို ကာကွယ်လိုက်ပါ.......

ချစ်ရတဲ့ မြန်မာပြည်ကြီး Covid 19 မှ ကင်းဝေးကြပါစေလို့ ဆုတောင်းအပ်ပါသည်......🙏🙏🙏


Oxygenator အတွက် စိတ်မပူပါနဲ့ ... 😇German technology ကို အသုံးပြုထားတဲ့ အရည်အသွေးမြင့် Oxygenator ( Dual Flow 10L ) လေးတ...
28/10/2021

Oxygenator အတွက် စိတ်မပူပါနဲ့ ... 😇

German technology ကို အသုံးပြုထားတဲ့ အရည်အသွေးမြင့် Oxygenator ( Dual Flow 10L ) လေးတွေကို 29-Oct-2021 မှ 15-Nov-2021 အထိ အထူးစျေးနှုန်း 1,350,000 ဖြင့်ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ Online Payment များနှင့်လည်း အပြည့်အ၀‌ ငွေပေးချေနိုင်နေပြီနော်။ ❤️

Official Warranty 1 Year ပေးသွားမယ့်အပြင် After Sales Service များကိုလဲ လိုအပ်သလိုရရှိနိုင်မှာဖြစ်လို့ လိုအပ်နေတဲ့အနီးအနားမှ မိတ်ဆွေများကိုလက်တို့အသိပေးထားပါအုံးနော်။

Owgels Myanmar Service Address -
No.52B/Second Floor, Between of San Yeik Nyein 3&4 Street, Insein Road, Kamayurt Township, Hledan
09 260993336, 09 263333663.

No.97,81st Street,Between 14th Street & 15th Street,Aung Myay Thar Zan,Mandalay.
09263333770, 0926333771

ဝယ်ယူလိုပါက 09 772 253760 သို့ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
သိရှိချင်တာလေးများ ရှိပါက Massager မှတစ်ဆင့်ဆက်သွယ်ပြီး အသေးစိတ်မေးမြန်နိုင်ပါတယ်နော်။

မြန်မာပြည်ကြီး Covid 19 မှ ကင်းဝေးပါစေကြောင်း Owgels Myanmar မှ ဆုတောင်းအပ်ပါတယ်......🙏🙏🙏


Owgels ရဲ့ Oxygenator တွေကို KBZ Pay, UAB Pay, VISA, Master Card တွေနဲ့  100% အပြည့်အဝ Online Payment ပေးချေနိုင်ပြီ ဆို...
25/10/2021

Owgels ရဲ့ Oxygenator တွေကို KBZ Pay, UAB Pay, VISA, Master Card တွေနဲ့ 100% အပြည့်အဝ Online Payment ပေးချေနိုင်ပြီ ဆိုတာ သတင်းကောင်းပါးလိုက်ပါရစေနော်......❤

ဝယ်ယူလိုပါက 09 772 253760 သို့ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
သိရှိချင်တာလေးများ ရှိပါက Massager မှတစ်ဆင့်ဆက်သွယ်ပြီး အသေးစိတ်မေးမြန်နိုင်ပါတယ်နော်။ ❤

ချစ်သောမြန်မာပြည်ကြီး COVID 19 မှ ကင်းဝေးကြပါစေ လို့ဆုတောင်းအပ်ပါတယ်....🙏🙏🙏


သီတင်းကျွတ်လရဲ့ အချိန်အခါသမယ ကစပြီး COVID-19 ကပ်ရောဂါဆိုးမှ ကင်းဝေးပြီး သာယာအေးချမ်းမှုနှင့် အတူ ရွှင်လန်းချမ်းမြေ့ပါစေက...
19/10/2021

သီတင်းကျွတ်လရဲ့ အချိန်အခါသမယ ကစပြီး COVID-19 ကပ်ရောဂါဆိုးမှ ကင်းဝေးပြီး သာယာအေးချမ်းမှုနှင့် အတူ ရွှင်လန်းချမ်းမြေ့ပါစေကြောင်း.... Owgels Myanmar မိသားစုမှ တောင်းဆုပြုလိုက်ပါတယ် 🙏 🙏 🙏


Oxygen Concentrator တွေ ဝယ်ပြီး သုံးနေကြပြီဆိုတော့ သိပြီးနေလောက်ပါပြီနော် 🤔ဒါပေမယ့် အချို့မသိသေးတဲ့သူတွေအတွက် သတိထားရမယ့...
06/10/2021

Oxygen Concentrator တွေ ဝယ်ပြီး သုံးနေကြပြီဆိုတော့ သိပြီးနေလောက်ပါပြီနော် 🤔

ဒါပေမယ့် အချို့မသိသေးတဲ့သူတွေအတွက်
သတိထားရမယ့်အချက်လေးတွေ ပြန်လည် မျှဝေပေးချင်ပါတယ်......

✅ Safe Guard ခံပြီးမှ သုံးရပါမယ်။
✅Maintenance cleaning လုပ်ပြီးကာစ ရေအစိုဓာတ် ကျန်နေသေးရင် လုံးဝခြောက်သွားမှ ပြန်သုံးရမှာပါ။
✅ ပြီးမှ Flow meter ကို 1L မှစကာ 2L... 3L... တစ်ဖြေးဖြေးချင်းတင်သွားပါ။ ဖွင့်ပြီးပြီးချင်း 5L 10L တန်းတင်တာမျိုး မလုပ်ဆောင်သင့်ပါ။
✅စက်ပြန်ပိတ်မယ်ဆိုရင်လည်း တစ်ဆင့်ချင်းစီ Flow meter ပိတ် ပြီးမှ Power On/Off button ကို နှိပ်ပါ။
✅Humidifier ရေထည့်သည့် ခွက်ထဲကို Max နဲ့ Mini အမှတ်ကြားရေထည့်ပါ အပြည့်ကြီးမထည့်ပါနဲ့ ရေသန့်ပဲသုံးပါ။

♻️ ရေကိုတစ်နေ့တစ်ခါလဲပေးရပါမယ်။
♻️ ခွက်နှင့်ပိုက်ကို နှစ်ရက်တစ်ခါ သို့မဟုတ် သုံးရက်တစ်ခါ သန့်စင်သင့်ပါတယ်။
♻️ Filter ကိုသုံးတာကြာလာရင် အရမ်းညစ်ပတ်နေရင် Filter သန့်ရှင်းရေးလုပ်ပေးပါ။
♻️ သုံးလ တစ်ကြိမ် filter ကိုလဲလှယ်ပေးပါ။

⚠️နံရံများ ပစ္စည်းများနှင့် အနည်းဆုံး ၂ ပေခန့်ခြားထားပါ။
⚠️တတ်နိုင်သမျှ Space ရှိသော နေရာကျယ်ကျယ်မှာထားပါ။
⚠️ စက်ကို ၅ နာရီခန့် သုံးပြီးလျင် ၁ နာရီခန့် အနားပေးပါ။

🚫 စက်ကို သယ်တဲ့အခါ လှဲပြီး သယ်လို့မရပါဘူးနော်.....
🚫 ပူလွန်းသောရေ-ရေအေး မဖြစ်ရပါ။
🚫 စက်ကို ကော်ဇောပေါ်မတင်ရပါ။

ဒီနေ့မှတော့ Owgels Myanmar က သတိထားသင့်တဲ့ အချက်လေးတွေကို ပြောပြပေးလိုက်တာဖြစ်ပါတယ်။

ချစ်သောမြန်မာပြည်ကြီး COVID 19 မှ ကင်းဝေးကြပါစေ လို့ဆုတောင်းအပ်ပါသည်..... 🙏🙏🙏

COVID ကာကွယ်ဆေးထိုးဖို့ဆိုရင် ကိုယ်ထိုးရမယ့်ဆေးရဲ့ ကောင်းကျိုးဆိုးကျိုးသိထားမှ ထိုးသင့်မသင့်ဆုံးဖြတ်လို့ရမှာပါ...💉ဘယ်သူတ...
09/09/2021

COVID ကာကွယ်ဆေးထိုးဖို့ဆိုရင် ကိုယ်ထိုးရမယ့်ဆေးရဲ့ ကောင်းကျိုးဆိုးကျိုးသိထားမှ ထိုးသင့်မသင့်ဆုံးဖြတ်လို့ရမှာပါ...

💉ဘယ်သူတွေ ကာကွယ်ဆေးထိုးလို့ရလဲ ?

▪ အသက် ၁၈နှစ်အထက် ဖြစ်ရပါမယ်၊
▪ Pfizer တံဆိပ်ဆိုရင် အသက် ၁၂နှစ်ကျော်ရင် ရပါပြီ၊
▪ Sinovac နဲ့ Sinopharm တံဆိပ်ဆိုရင်တော့ ၁၈-၆၀နှစ်အတွင်း ထိုးဖို့ပဲ သုတေသန လုပ်ပြီးသေးပါတယ်၊
▪ ဆီးချို၊ သွေးတိုး၊ ကျောက်ကပ်၊ ပန်းနာရင်ကြပ်လိုနာတာရှည်ရောဂါရှိသူတွေလဲ ထိုးလို့ရပါတယ် (Aspirinလို သွေးကျဲဆေး သောက်နေရလဲ ထိုးလို့ရပါတယ်)

💉 ဘယ်သူတွေ ကာကွယ်ဆေး ထိုးလို့မရဘူးလဲ ?

▪ဖျားနေတဲ့သူတွေ
▪ကိုယ်ဝန်ဆောင် အမျိုးသမီးများ ဆေးထိုးဖို့ သုတေသန မလုံလောက်သေးပါ (နို့တိုက်မိခင် ထိုးလို့ရပါတယ်)
▪ကာကွယ်ဆေးနဲ့မတည့်သူ
▪သွေးမတိတ်ရောဂါရှိသူ (bleeding disorders)
▪HIV သမား CD4 ၂၀၀ အောက် ကျနေတဲ့အခါ
▪အခြားကာကွယ်ဆေးတစ်မျိုးမျိုး ထိုးထားတာ ၂ပတ် မပြည့်သေးတဲ့အခါ ထိုးလို့မရပါဖူး။

💉 COVID ဖြစ်ပြီးရင် ကာကွယ်ဆေးထိုးဖို့ လိုသေးလား?

▪COVID ဖြစ်ပြီးရင် ခန္ဓာကိုယ်တွင်းက Antibody ထွက်ပါတယ်၊ ၆-၈လအထိ ခံတာမို့ ပုံမှန်တော့ ထိုးဖို့ ညွှန်းလေ့မရှိပါ
▪လူတစ်ယောက်နဲ့တစ်ယောက် Antibody ထွက်တဲ့ပမာဏချင်း မတူနိုင်တာမို့ စိတ်မချလို့ ထပ်ထိုးချင်လဲ ရပါတယ်။

💉ကာကွယ်ဆေးထိုးပြီးရင် COVID ပြန်ဖြစ်နိုင်လား?

▪ ပြန်ဖြစ်နိုင်ပါတယ်၊ ကာကွယ်ဆေးက ၁၀၀% အပြည့်မကာကွယ်ပါဘူး၊ အတိုင်းအတာ တစ်ခုအထိ ရောဂါမပြင်းထန်အောင် ကူညီတာပါ၊
▪ ဒါကြောင့် Maskတပ်, လက်ဆေး, ၆ပေခွာနေ ဆက်ကျင့်ကြံရပါမယ်။

💉 ကာကွယ်ဆေး မထိုးခင် ဘာတွေပြင်ဆင်မလဲ?

▪ ကိုယ် ထိုးရမယ့် ကာကွယ်ဆေးအကြောင်း လေ့လာပါ
▪ နဂို သောက်လက်စ ဆေးတွေရှိရင် ဆက်သောက်ပါ
▪ အိပ်ရေးဝဝအိပ်ပါ၊ ရေများများသောက်ပါ
▪ ဖြစ်နိုင်ရင် ကော်ဖီ, အရက် တစ်ရက် ကြိုရှောင်ပါ။

💉 ကာကွယ်ဆေးထိုးပြီး ဘာတွေ သတိထားမလဲ?

▪ထိုးပြီးပြီးချင်း နာရီဝက် ငြိမ်ငြိမ်နေပါ၊ ဓါတ်မတည့်မှု ရှိမရှိ စောင့်ကြည့်ပါ
▪နာကျင်ကိုက်ခဲလျှင် ပါရာစီတမော သောက်လို့ရပါတယ်
▪၂ပတ်အတွင်း အခြားကာကွယ်ဆေး မထိုးသင့်ပါ
💉 ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေ ခံစားရတာက ဆေးအောင်တာလား?
▪မဆိုင်ပါဘူး၊ ဆေးအောင်မအောင် Antibody titre စစ်နိုင်ရင် သိရပါတယ်

💉 ကာကွယ်ဆေးထိုးပြီးရင် Antigen ထွက်တာလား, Antibody ထွက်တာလား?

▪ Antibody ထွက်တာပါ
▪ Antigen ထွက်နေတယ်ဆို အဲဒါ COVID ဖြစ်နေတာပါ၊ ဆေးအောင်တာ မဟုတ်ပါဘူး။

💉 ကာကွယ်ဆေးထိုးပြီးရင် ဘယ်အချိန် Antibody စ,ထွက်လဲ? ဘယ်လောက်ခံလဲ?

▪ ဆေးထိုးပြီး ၂ပတ်လောက်ဆို Antibody စ,ထွက်ပါပြီ၊
▪ ဆေး ၂ကြိမ် အပြည့်ထိုးထားရင် ၆-၈လအထိ ဆေးအာနိသင် ခံလေ့ရှိပါတယ်။

💉 ပထမတစ်ကြိမ်မှာ တံဆိပ်တစ်မျိုး ထိုးပြီး နောက်တစ်ကြိမ် အခြားတံဆိပ် ပြောင်းထိုးရင်ကော အာနိသင်ရလား?

▪ တိကျတဲ့ သုတေသန အဖြေမထွက်သေးပါဘူး
▪ ဖြစ်နိုင်ရင် တံဆိပ်တစ်မျိုးတည်းကိုပဲ ၂ကြိမ်အပြည့် ထိုးစေချင်ပါတယ်။

မြန်မာပြည်ကြီး Covid 19 မှ ကင်းဝေးပါစေကြောင်း Owgels Myanmar မှ ဆုတောင်းအပ်ပါတယ်......🙏🙏🙏

ကျန်းမာရေးနဲ့ပါတ်သတ်တဲ့ ဗဟုသုတများကို သိရှိနိုင်ဖို့ Owgels Official Myanmar Page လေးကို အခုကတည်းက Like and Share ထားဖို့တော့ မမေ့နဲ့အုံးနော်….👍

💪 ကိုယ်ခံအားစနစ်ကို ကောင်းမွန်လာစေမယ့် အစားအသောက် ( ၁၀ ) မျိုးလူတစ်ယောက်ကျန်းမာဖို့အတွက် ကိုယ်ခံအားစနစ်ကတော်တော်လေးအရေးပ...
05/09/2021

💪 ကိုယ်ခံအားစနစ်ကို ကောင်းမွန်လာစေမယ့် အစားအသောက် ( ၁၀ ) မျိုး

လူတစ်ယောက်ကျန်းမာဖို့အတွက် ကိုယ်ခံအားစနစ်ကတော်တော်လေးအရေးပါပါတယ်။ ကိုယ်ခံအားစနစ်ကောင်းဖို့ဆိုတာကလဲ အနေအထိုင် အစားအသောက်ပုံစံကို ဆင်ဆင်ခြင်ခြင်နေထိုင်ပေးပြီး မွေးမြူထားလို့ရပါတယ်။

ခန္ဓာကိုယ်ကျန်းမာဖို့ အရေးပါတဲ့ ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေမယ့် အစားအသောက်တွေကဘာတွေများဖြစ်မလဲ ?

(၁) ဗီတာမင် C ပါတဲ့ အသီးအနှံများ
အချဉ်အရသာရှိတဲ့ သံပုရာသီး၊ လိမ္မော်သီး၊ရှောက်ချိုသီးလိုမျိုး အသီးတွေက ဗီတာမင် C ကြွယ်ဝစွာပါဝင်ကြပါတယ်။ ဗီတာမင် C ကခန္ဓာကိုယ်ရဲ့သွေးဖြူဥဆဲလ်တွေထုတ်လုပ်မှုကို တိုးတက်စေသလို ကူးစက်ရောဂါပိုးတွေကိုလည်း တိုက်ထုတ်ပေးနိုင်ပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်ကောင်းမွန်စေဖို့အတွက် ဗီတာမင် C ပါဝင်တဲ့ အသီးအနှံတွေစားပေးပါ။

(၂) ဂျင်း
ဂျင်းကလည်း ဗီတာမင် C လိုမျိုး အအေးမိဖျားနာတာတွေမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဖျားနာနေတဲ့အခါ ဂျင်းကို စွပ်ပြုတ်ထဲ ထည့်စားတာ၊ရေနွေးထဲထည့်ပြီးသောက်တာမျိုးလုပ်ပေးလို့ရပါတယ်။ ဂျင်းရဲ့ ကိုယ်ခံအားကိုကောင်းစေသလိုရောဂါတွေကိုလည်း သက်သာစေနိုင်ပါတယ်။

(၃) နနွင်း
နနွင်းကို ဟင်းချက်တဲ့အခါတော်တော်များများထည့်သုံးကြပါတယ်။ အဝါရောင်ရှိပြီး အရသာက နည်းနည်းတော့ သက်ပါတယ်။ ကျန်းမာရေးအတွက်တော့တော်တော်လေးအထောက်အကူပြုပေးတဲ့ စားစရာတစ်မျိုးပါ။ နနွင်းမှာပါတဲ့curcumin ကအဖျားကျစေနိုင်ပါတယ်၊ လို့လေ့လာမှုအရသိရပါတယ်။

(၄) ဟင်းနုနွယ်
ဗီတာမင် C၊beta-carotene နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေကြွယ်ဝစွာပါဝင်တဲ့ ကိုယ်ခံအားစနစ်ကို အထောက်အပံ့ပေးတဲ့ ဟင်းရွက်တစ်မျိုးပါ။ ဟင်းနုနွယ်ကနေရရှိတဲ့ အာဟာရဓာတ်တွေကိုပြည့်ပြည့်ဝဝရရှိချင်တယ်ဆိုရင်တော့ အရမ်းကျက်အောင် မကြော်ဘဲစားသုံးပေးလို့ရပါတယ်။ အခြားအစိမ်းရောင် အရွက်တွေကလည်း ကိုယ်ခံအားကိုကောင်းမွန်စေပါတယ်။

(၅) ပန်းဂေါ်ဖီစိမ်း
ပန်းဂေါ်ဖီစိမ်းမှာ ဗီတာမင် A၊ C နဲ့ E တို့ကြွယ်ဝစွာပါဝင်တာကြောင့် ကျန်းမာရေးနဲ့သင့်တော်တဲ့ စားစရာတစ်ခုပါ။ ဒါတွေတင်မကသေးပါဘူး။ ပန်းဂေါ်ဖီစိမ်းမှာ ဓာတ်တိုးဆန့်ကျင် အာနိသင်တွေလည်း ကြွယ်ဝစွာပါဝင်နေပါတယ်။

(၆) ဒိန်ချဉ်
ဒိန်ချဉ်ထဲမှာ ခန္ဓာကိုယ်ကို ကျန်းမာစေတဲ့ အာနိသင်တွေများစွာပါဝင်နေပါတယ်။ မကြာသေးခင်ကလေ့လာမှုအရ ဒိန်ချဉ်မှာပါတဲ့ ဓာတ်တွေက ကိုယ်ခံအားစနစ်ကိုကောင်းမွန်စေနိုင်တယ်လို့ တွေ့ရှိခဲ့ပါတယ်။ ဒိန်ချဉ်ကနေ ကိုယ်ခံအားစနစ်ကို တိုးတက်ကောင်းမွန်စေနိုင်တဲ့ ဗီတာမင် D ကိုရရှိနိုင်ပါတယ်။

(၇) အယ်လ်မွန်စေ့
ဗီတာမင် E ကလည်း ဗီတာမင် C လိုပဲ ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်ကျန်းမာဖို့အတွက် အရေးပါပါတယ်။နေ့စဉ်စားသုံးတဲ့ အစားအစာထဲမှာ ဗီတာမင် E ပါဝင်အောင် စားသုံးပေးမယ်ဆိုရင် အရေပြားအပါအဝင် ခန္ဓာကိုယ်တစ်ခုလုံးကို ကျန်းမာနေစေမှာ အသေအချာပါ။

(၈) ကြက်သွန်ဖြူ
ကြက်သွန်ဖြူမှာ ဘက်တီးရီးယားတွေနဲ့ ကူးစက်ရောဂါတွေကို တိုက်ဖျက်ပေးနိုင်တဲ့allicin ပါဝင်နေပါတယ်။ ကြက်သွန်ဖြူ ပုံမှန်စားသုံးသူတွေက မစားသုံးသူတွေထက် အအေးမိဖျားနာနိုင်ခြေ ၂ ဆ ကနေ ၃ ဆလောက်အထိလျော့နည်းနေနိုင်တယ်၊ လို့လေ့လာမှု အရသိရပါတယ်။ တစ်ပတ်ကို ကြက်သွန်ဖြူ ၆ မွှာလောက်စားသုံးပေးမယ်ဆိုရင် အူမကြီးကင်ဆာဖြစ်နိုင်ခြေကို ၃၀ ရာခိုင်နှုန်းလျော့ကျစေနိုင်ပြီး အစာအိမ်ကင်ဆာဖြစ်နိုင်ခြေကို ၅၀ ရာခိုင်နှုန်းအထိလျှော့ချပေးနိုင်ပါတယ်။

(၉) သင်္ဘောသီး
သင်္ဘောသီးကလည်း ဗီတာမင် C ကြွယ်ဝစွာပါဝင်တဲ့ အသီးတစ်မျိုးပါ။ တစ်နေ့တာအတွက် လိုအပ်တဲ့ ဗီတာမင် Cပြည့်ဝစေဖို့အတွက်နေ့စဉ် သင်္ဘောသီးမှည့် တစ်စိတ်စားပေးပါ။ သင်္ဘောသီးမှာpapain လို့ခေါ်တဲ့ အစာခြေအင်ဇိုင်းတစ်ခုပါဝင်နေပါတယ်။ ဒီ အင်ဇိုင်းကရောင်ရမ်းမှုကိုလျော့ပါးသက်သာစေပါတယ်။ သင်္ဘောသီးမှာ ပိုတက်ဆီယမ်၊ ဗီတာမင် B၊ folate တို့လိုမျိုး ခန္ဓာကိုယ်အတွက် အကျိုးပြုတဲ့ အာဟာရဓာတ်တွေပါဝင်နေပါတယ်။

(၁၀) ကီဝီသီး
ကီဝီသီးကလည်း သင်္ဘောသီးလိုပဲfolate၊ ပိုတက်ဆီယမ်၊ ဗီတာမင် K နဲ့ ဗီတာမင် C တို့လိုမျိုး ခန္ဓာကိုယ်အတွက်အရေးပါတဲ့ အာဟာရဓါတ်တွေပါဝင်နေပါတယ်။ ဗီတာမင် C ကခန္ဓာကိုယ်ရဲ့သွေးဖြူဥဆဲလ်တွေကို တိုးပွားစေပြီး ကူးစက်ရောဂါတွေကို တိုက်ဖျက်ပေးပါတယ်။ ဒါတင်မကပါဘူ။ ကီဝီသီးမှာပါတဲ့ အခြားအာဟာရဓာတ်တွေက ခန္ဓာကိုယ်အစိတ်အပိုင်းတွေကိုကောင်းစွာအလုပ်လုပ်စေနိုင်ပါတယ်။

ကျန်းမာရေးနဲ့ပါတ်သတ်တဲ့ ဗဟုသုတများကို သိရှိနိုင်ဖို့ Owgels Official Myanmar Page လေးကို အခုကတည်းက Like and Share ထားဖို့တော့ မမေ့နဲ့အုံးနော်….👍

23/08/2021

နောက်ဆုံးပေါ် Germany နည်းပညာဖြင့် ထုတ်လုပ်ထားသော Owgels Oxygenator 10L ကို In stock ဝယ်လိုသူများအတွက် အဆင်သင့်ရှိနေပါပြီနော်။

Owgels 10L Dual Flow - 1,600,000 MMK

Official 1 Year Warranty ရရှိနိုင်မည့်အပြင် ဝယ်ယူပြီးချိန် တစ်ခုခုချို့ယွင်းမှုများရှိရင်လည်း အရေးပေါ်စက်တစ်လုံး ချက်ချင်းလဲလှယ်အသုံးပြုနိုင်မှာဖြစ်လို့ အရေးပေါ်အခြေအနေအတွက်လုံး၀စိုးရိမ်စရာမလိုတော့ဖူးပေါ့။

Owgels Myanmar Service Address -

No.52B/Second Floor, Between of San Yeik Nyein 3&4 Street, Insein Road, Kamayurt Township, Hledan
09 260993336, 09 263333663.

No.97,81st Street,Between 14th Street & 15th Street,Aung Myay Thar Zan,Mandalay.
09263333770, 0926333771

ဝယ်ယူလိုပါက 09 772 253760 သို့ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

သိရှိချင်တာလေးများ ရှိပါက Massager မှတစ်ဆင့်ဆက်သွယ်ပြီး အသေးစိတ်မေးမြန်နိုင်ပါတယ်နော်။

မြန်မာပြည်ကြီး Covid 19 မှ ကင်းဝေးပါစေကြောင်း Owgels Myanmar မှ ဆုတောင်းအပ်ပါတယ်......🙏🙏🙏



Address

Yangon

Opening Hours

Monday 09:00 - 17:30
Tuesday 09:00 - 17:30
Wednesday 09:00 - 17:30
Thursday 09:00 - 17:30
Friday 09:00 - 17:30
Saturday 09:00 - 17:30

Telephone

+959772253760

Alerts

Be the first to know and let us send you an email when Owgels Myanmar Official posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Owgels Myanmar Official:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram