CFM အပြုသဘောဆောင် လူထုအကြုံပြု တုံ့ပြန်မှုစနစ်

  • Home
  • Myanmar
  • Yangon
  • CFM အပြုသဘောဆောင် လူထုအကြုံပြု တုံ့ပြန်မှုစနစ်

CFM  အပြုသဘောဆောင် လူထုအကြုံပြု တုံ့ပြန်မှုစနစ် ဦးတည်အုပ်စုများပါဝင်လို့ ကျန်းမာရေးဝန်ဆောင်မှုဝန်းကျင်ကောင်းရရှိဖို့ CFMနဲ့ချိတ်ဆက်စို့

အပြုသဘောဆောင်လူထူအကြံပြုတုံ့ပြန်မှုစနစ်၏ရည်ရွယ်ချက်မှာ

(၁) ပြည်သူလူထုအတွင်း ခွဲခြားဆက်ဆံမှုများနှင့် ကဲ့ရဲ့ပြစ်တင်ခံရမှုများ လျေ့နည်းလာစေရန်၊ အိပ်ချ်အိုင်ဗွီဆိုင်ရာဝန်ဆောင်မှုများနှင့်ပတ်သက်သော ၎င်းတို့၏ ရပိုင်ခွင့်အခွင့်အရေးများ၊ တာဝန်ယူမှုတာဝန်ခံမှုများအပေါ်ပိုမိုနားလည်လာစေရန်၊

(၂) တာဝန်ယူမှုတာဝန်ခံမှုများ ပိုမိုကောင်းမွန်လာစေရန်အတွက် အပြုသဘောဆောင်သော အကြံပြုချက်များပေးခြင်းကဲ့သို့သော အကျင့်ကောင်းများစတင်အကောင်အထည်ဖော် ဆောင်ရွက်တတ်လာစေရန်၊

(၃) ပြည်သူလူထုအနေဖြင့် ဝန်ဆောင်မှုပေးသူများနှင့် ပိုမိုရင်းနှီးစွာ ချိတ်ဆက်ဆောင်ရွက်နိုင်မည့် အခွင့်အရေးများ ရရှိလာစေပြီး အရည်အသွေးပြည့်မီသော အိပ်ချ်အိုင်ဗွီနှင့် ကျန်းမာရေးဝန်ဆောင်မှုများအပြင် ၎င်းတို့၏ ရပိုင်ခွင့်အခွင့်အရေး များ ပိုမိုတိုးတက်ကောင်းမွန်စွာရရှိလာစေရန်။

13/09/2024

မြန်မာနိုင်ငံအိပ်ချ်အိုင်ဗွီနှင့်နေထိုင်သူများအသင်း (အမ်ပီဂျီ) ကွန်ရက် မှ အကောင်ထည်ဖော် ဆောင်ရွက်နေသော အပြုသဘောဆောင်လူထု အကြံပြု တုံ့ပြန်မှု စနစ်စီမံချက်တွင် အသုံးပြုမည့် Mobile based Application တစ်ခုဖြစ်သည့် MyRights Application အသုံးပြုပုံကို ပြည်သူလူထု အနေဖြင့် လေ့လာနိုင်ရန် ဆွေးနွေးတင်ပြထားခြင်း ဖြစ်ပါသည်။





11/04/2024
ဦးတည်အုပ်စုများပါဝင်လို့ကျန်းမာရေးဝန်ဆောင်မှုဝန်းကျင်ကောင်းရရှိဖို့CFMနဲ့ချိတ်ဆက်စို့ . . .
08/03/2024

ဦးတည်အုပ်စုများပါဝင်လို့
ကျန်းမာရေးဝန်ဆောင်မှုဝန်းကျင်ကောင်းရရှိဖို့
CFMနဲ့ချိတ်ဆက်စို့ . . .

https://m.facebook.com/story.php?story_fbid=323976837057804&id=100083364697732&mibextid=Nif5oz
04/02/2024

https://m.facebook.com/story.php?story_fbid=323976837057804&id=100083364697732&mibextid=Nif5oz

ART ဆေးကို နေ့စဉ် သောက်သုံးနေသူများ သိရှိရမည့် အချက်များ
၁. မိမိ သောက်နေတဲ့ ART ဆေးတွဲကို သိရှိထားဖို့ ကြိုးစားပါ။ မသိရင် ဆေးဘူး ပတ်ပတ်လည်ကို ဖုန်းနဲ့ ဓာတ်ပုံရိုက်ပြီး သိမ်းထားပါ။
၂. ဆေးထုတ်စာအုပ် မျက်နှာဖုံးကနေ အတွင်းနောက်ဆုံးစာမျက်နှာအထိ ဓာတ်ပုံရိုက်ပြီး ဖုန်းထဲ သိမ်းထားပါ။ စာသားတွေကို သေသေချာချာ ဖတ်လို့ရအောင် အလင်းရောင်ကောင်းတဲ့နေရာမှာ ရိုက်ပါ။ မှုန်ဝါးနေတာ ရှိရင် အသစ် ထပ်ရိုက်ထားပါ။
၃. ဖြစ်နိုင်ရင် ဆေးဘူးနဲ့ ဆေးထုတ်စာအုပ်ပုံတွေကို ယုံကြည်ရသူ တစ်ဦးဦးဆီသို့ Messenger ကနေ ပို့ထားပြီး သူ့ဆီမှာလည်း သိမ်းထားခိုင်းပါ။
၄. မိမိ လက်ထဲမှာ ရှိတဲ့ ဆေးကို ချွေတာပြီး ရက်ခြားသောက်တာ၊ တစ်ခြမ်းချိုးသောက်တာ လုံးဝ မလုပ်ရပါဘူး။ ဒီလိုလုပ်ရင် ဆေးယဉ်ပါးမှု ဖြစ်ပေါ်စေပါတယ်။
၅. လက်ထဲမှာ ရှိတဲ့ ဆေးကုန်သည်အထိ ဆရာဝန်/ ဆရာမ ညွှန်ကြားထားသည့်အတိုင်း နေ့စဉ် သောက်သုံးရမှာဖြစ်ပါတယ်။
၆. ဆေးမကုန်ခင်ကတည်းက သတိထားပြီး ဆေးထုတ်နိုင်ဖို့ ကြိုးစားပါ။
၇. မိမိပုံမှန်ဆေးကုသမှုခံယူနေတဲ့နေရာကနေ အခြားဒေသတစ်ခုခုကို အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေမယ်ဆိုရင် ART ဆေးဆက်လက်ထုတ်ယူသောက်သုံးနိုင်ဖို့အတွက် အကူအညီ ပေးနိုင်တဲ့ နေရာများနဲ့ ချိတ်ဆက်ပါ။

📣အကူအညီ လိုအပ်ပါက MPG ၏ တိုင်ပင်ဖော် Hotline ဖုန်းနံပါတ်☎️ 09797211919 09797211414 တွေကို ဆက်သွယ်ပြီး အကူအညီရယူနိုင်ပါတယ်။

MMTN အဖွဲ့မှဦးဆောင်ပြီး Case Verification meeting ကို ပြည်၊ မိတ္ထီလာ၊ကျိုင်းတုံ၊ ဗန်းမော်နှင့် မကွေးမြို့ နယ်များတွင် ကျ...
15/06/2023

MMTN အဖွဲ့မှဦးဆောင်ပြီး Case Verification meeting ကို ပြည်၊ မိတ္ထီလာ၊ကျိုင်းတုံ၊ ဗန်းမော်နှင့် မကွေးမြို့ နယ်များတွင် ကျင်းပပြုလုပ်ခြင်း

လူမှုကွန်ရက်ပေါင်းစပ်ညှိနှိုင်းအဖွဲ့(အိပ်ချ်အိုင်ဗွီ) – CNC မှ ဦးဆောင်သော အပြုသဘောဆောင် လူထုအကြံပြုတုံ့ပြန်မှုစနစ်ကို မြန်မာနိုင်ငံအိပ်ချ်အိုင်ဗွီနှင့်နေထိုင်သူများအသင်း (အမ်ပီဂျီ) ကွန်ရက်နှင့်အတူ အကောင်ထည်ဖော် ဆောင်ရွက်နေသော မိတ်ဖက်ကွန်ရက်တစ်ခုဖြစ်သည့် Myanmar MSM and TGW Network (MMTN) ကွန်ရက်မှ ပဲခူးတိုင်း ပြည်မြို့၊မန္တလေးတိုင်းမိတ္ထီလာ၊ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကျိုင်းတုံ၊ကချင်ပြည်နယ် ဗန်းမော်နှင့် ကွေးတိုင်း မကွေး မြို့နယ်များတွင် ဒေသ CFM ကော်မတီဝင်များ နှင့် Case Verification meeting ကို ၂၀၂၃ ခုနှစ် ဧပြီလ 4 ရက်၊ 6 ရက်၊ 7 ရက်နေ့ နှင့် 18 ရက်နေ့များတွင်အသီးသီး ကျင်းပပြုလုပ်ခဲ့ပါသည်။



3N အဖွဲ့မှဦးဆောင်ပြီး CFM awareness session များကို မန္တလေး၊ မြစ်ကြီးနား၊ လားရှိုး၊ စစ်တွေနှင့် မြောက်ဥက္ကလာမြို့နယ်များ...
08/06/2023

3N အဖွဲ့မှဦးဆောင်ပြီး CFM awareness session များကို မန္တလေး၊ မြစ်ကြီးနား၊ လားရှိုး၊ စစ်တွေနှင့် မြောက်ဥက္ကလာမြို့နယ်များတွင် ကျင်းပပြုလုပ်ခြင်း။

လူမှုကွန်ရက်ပေါင်းစပ်ညှိနှိုင်းအဖွဲ့(အိပ်ချ်အိုင်ဗွီ) – CNC မှ ဦးဆောင်သော အပြုသဘောဆောင် လူထုအကြံပြုတုံ့ပြန်မှုစနစ်ကို မြန်မာနိုင်ငံအိပ်ချ်အိုင်ဗွီနှင့်နေထိုင်သူများအသင်း (အမ်ပီဂျီ) ကွန်ရက် နှင့်အတူ အကောင်ထည်ဖော် ဆောင်ရွက်နေသော မိတ်ဖက်ကွန်ရက် တစ်ခုဖြစ်သည့် National NGO Network on HIV/AIDS (3N) ကွန်ရက် မှ မန္တလေးတိုင်း ချမ်းအေးသာစံမြို့နယ် ၊ ကချင်ပြည်နယ် မြစ်ကြီးနား၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုး၊ရခိုင်ပြည်နယ် စစ်တွေ နှင့် ရန်ကုန်တိုင်း မြောက်ဥက္ကလာ မြို့နယ်တွင် CFM awareness session များကို ၂၀၂၃ ခုနှစ် ဧပြီလ (၃)ရက် နှင့် (၄)ရက် ) နေ့များတွင် အသီးသီးကျင်းပ ပြုလုပ်ခဲ့ပါသည်။



အေအာတီ (ART) ဆေးဝါး သောက်သုံးနေသူ ရခိုင်ပြည်နယ်၊စစ်တွေမြို့မှ သူငယ်ချင်းမိတ်ဆွေများခင်ဗျာ. . .အေအာတီ(ART) ဆေးဝါးများအား ...
19/05/2023

အေအာတီ (ART) ဆေးဝါး သောက်သုံးနေသူ ရခိုင်ပြည်နယ်၊
စစ်တွေမြို့မှ သူငယ်ချင်းမိတ်ဆွေများခင်ဗျာ. . .

အေအာတီ(ART) ဆေးဝါးများအား စစ်တွေမြို့ ၊ အမျိုးသားခုခံကျ/ကာလသား တိုက်ဖျက်ရေးဌာနတွင် ယခင်ဆေးထုတ်ပေးသည့် နေ့၊ အချိန် များအတိုင်း ပြန်လည်ထုတ်ပေးနေပြီဖြစ်ကြောင်း အသိပေးအပ်ပါသည်။

အကူအညီများလိုအပ်ပါက မြန်မာနိုင်ငံအိပ်ချ်အိုင်ဗွီနှင့်နေထိုင်သူများအသင်း- အမ်ပီဂျီ ၏ တိုင်ပင်ဖော် Hotline ဖုန်းနံပါတ် ☎️ ၀၉ ၇၉၇ ၂၁၁ ၉၁၉၊ ၀၉ ၇၉၇ ၂၁၁ ၄၁၄ သို့မဟုတ် MPG စစ်တွေ Counselor မဦးခင် ဖုန်းနံပါတ် ☎️ ၀၉ ၇၉၇ ၂၁၃ ၃၃၇ သို့လည်း ဆက်သွယ် အကူအညီတောင်းခံနိုင်ပါသည်။

📣အမ်ပီဂျီ မှ ကူညီရန် အတွက် အမြဲအသင့်ရှိနေပါသည် 🙏

တိုင်ပင်ဖော် Hotline ဖုန်းနံပါတ်
☎️ ၀၉ ၇၉၇ ၂၁၁ ၉၁၉၊ ၀၉ ၇၉၇ ၂၁၁ ၄၁၄

မဦးခင် (MPG စစ်တွေ Counselor)
☎️ ၀၉ ၇၉၇ ၂၁၃ ၃၃၇


အေအာတီ (ART) ဆေးဝါး သောက်သုံးနေသူ သူငယ်ချင်းမိတ်ဆွေများခင်ဗျာ...ဘေးအန္တရာယ်တခုခု ကြုံတွေ့၍ အေအာတီဆေးဝါးများ ပြတ်လပ်မှုမျ...
12/05/2023

အေအာတီ (ART) ဆေးဝါး သောက်သုံးနေသူ သူငယ်ချင်းမိတ်ဆွေများခင်ဗျာ...

ဘေးအန္တရာယ်တခုခု ကြုံတွေ့၍ အေအာတီဆေးဝါးများ ပြတ်လပ်မှုများမဖြစ်ပေါ်စေရန်အတွက် မြန်မာနိုင်ငံအိပ်ချ်အိုင်ဗွီနှင့်နေထိုင်သူများအသင်း (အမ်ပီဂျီ) ၏ တိုင်ပင်ဖော် Hotline ဖုန်းနံပါတ် - ၀၉ ၇၉၇ ၂၁၁ ၉၁၉, ၀၉ ၇၉၇ ၂၁၁ ၄၁၄ သို့ လိုအပ်ပါက ဆက်သွယ်အကူအညီတောင်းခံနိုင်ပါသည်။

အမ်ပီဂျီ မှ ကူညီရန် အတွက် အမြဲအသင့်ရှိနေပါသည် 🙏


CFM တွင် အသုံးပြုနေသော MyRights App Version Update ကို Google Play Store တွင် ဝင်ရောက်ပြီး Update လေး‌တွေ လုပ်ထားပေးဖို့...
24/03/2023

CFM တွင် အသုံးပြုနေသော MyRights App Version Update ကို Google Play Store တွင် ဝင်ရောက်ပြီး Update လေး‌တွေ လုပ်ထားပေးဖို့ အသိပေးပါတယ် . . .

Download ဆွဲဖို့ မမေ့နဲ့နော် အောက်မှာ Link လေးရှိပါတယ် 👇👇👇

Drive Link - http://bit.ly/42E71LC
Play Store Link - http://bit.ly/3FNPnv2


Address

Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 18:00

Telephone

+959880898891

Website

Alerts

Be the first to know and let us send you an email when CFM အပြုသဘောဆောင် လူထုအကြုံပြု တုံ့ပြန်မှုစနစ် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category