Latha Dental Clinic

Latha Dental Clinic Best Service for your oral and dental Health

🦷⚙️ သွားတစ်ချောင်း နှုတ်လိုက်ပြီး “မနာတော့ဘူးဆိုရင် သွားပြဿနာပြီးပြီ” လို့ ထင်တတ်ကြပါတယ်။ဒါပေမယ့် အချိန်မီ သွားတုပြန်မစိ...
26/02/2026

🦷⚙️ သွားတစ်ချောင်း နှုတ်လိုက်ပြီး “မနာတော့ဘူးဆိုရင် သွားပြဿနာပြီးပြီ” လို့ ထင်တတ်ကြပါတယ်။
ဒါပေမယ့် အချိန်မီ သွားတုပြန်မစိုက်ဘူးဆိုရင် နောက်ပိုင်း သွားပြဿနာတွေ ပိုဖြစ်နိုင်ပါတယ်

⏰ ဘယ်အချိန်မှာ သွားပြန်စိုက်သင့်လဲ ??

✔️ အများအားဖြင့် သွားနှုတ်ပြီး ၁ လ မှ ၃ လအတွင်း (အနာကျက်ပြီးနောက်)
✔️ ဆရာဝန်ညွှန်ကြားချက်ကို မေးမြန်းပြီး စိုက်သင့်တဲ့ အချိန်မှာ ချက်ချင်း ပြန်စိုက်ရပါမယ်။

❗ ဘာကြောင့် သွားပြန်စိုက်သင့်တာလဲ ??

အကြောင်းအမျိုးမျိုးကြောင့် သွားနှုတ်ထားပြီး
သွားနေရာလွတ်ရှိနေပြီဆိုရင် အောက်ပါ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။

1️⃣ ဘေးသွားများ ရွေ့သွားနိုင်ခြင်း
သွားလွတ်နေရာရှိရင် ဘေးက သွားတွေ တဖြည်းဖြည်း ရွေ့လာနိုင်ပါတယ်။

2️⃣ အပေါ် / အောက် သွား တိုးထွက်လာခြင်း
ထိတွေ့မယ့် သွားမရှိတော့လို့ တစ်ဖက်သွား ရှည်ထွက်လာနိုင်ပါတယ်။

3️⃣ သွားဖုံးရိုး နိမ့်ကျလာခြင်း
သွားမရှိတော့တဲ့နေရာက သွားဖုံးရိုးတွေက တဖြည်းဖြည်း နိမ့်ဆင်းလာနိုင်ပါတယ်။

4️⃣ စားသောက်ရတာ ခက်ခဲခြင်း
သွားနေရာလွတ်နေတော့ အစားကြေညက်အောင် ဝါးနိုင်ဖို့တောင် အခက်အခဲဖြစ်နိုင်ပါတယ်။

5️⃣ အလှအပ နှင့် ယုံကြည်မှု လျော့နည်းခြင်း
အထူးသဖြင့် အရှေ့သွားတွေ နှုတ်ထားရတယ်ဆိုရင် အလှအပ ထိခိုက်နိုင်တာပေါ့

💡 ဒါကြောင့် အချိန််မီ သွားအတု ပြန်စိုက်သင့်ပါတယ်နော် …. သွားတုပြန်စိုက်ရမယ်ဆိုရင်
အောက်ပါ နည်းလမ်းတွေကို ရွေးချယ်နိုင်ပါတယ်။

🔹 Dental Implant
🔹 Bridge
🔹 Denture

ဘယ်နည်းလမ်း သင့်တော်မလဲဆိုတာကိုတော့ သင့်ရဲ့သွားဆရာဝန်နဲ့ တိုင်ပင်ပြီး ဆုံးဖြတ်သင့်ပါတယ်။

သွားနဲ့ ပတ်သက်ရင်တော့ Latha Dental Clinic ကိုသတိရလိုက်ပါ

☎ 09-443713437
➡ လိပ်စာ- အမှတ် ၆၆၁၊ ပထမထပ်၊ လသာလမ်း နှင့် မဟာဗန္ဓုလလမ်းထောင့်၊ လသာမြို့နယ်၊ ရန်ကုန်မြို့။

➡ ဆေးခန်းဖွင့်ချိန် - မနက် (၉)
နာရီမှ ညနေ(၆) နာရီအထိ။(တနင်္ဂနွေနေ့တိုင်း ဆေးခန်းပိတ်ပါသည်)


🔎 သွားပိုးစားနေရင် ဘယ်လို အလွယ်တကူ သတိထားသိနိုင်မလဲ1️⃣ သွားပေါ်မှာ အမည်းစက် / အညိုစက် တွေ ပေါ်လာခြင်း→ မှန်ကြည့်တဲ့အချိန...
24/02/2026

🔎 သွားပိုးစားနေရင် ဘယ်လို အလွယ်တကူ သတိထားသိနိုင်မလဲ

1️⃣ သွားပေါ်မှာ အမည်းစက် / အညိုစက် တွေ ပေါ်လာခြင်း
→ မှန်ကြည့်တဲ့အချိန် သွားပေါ်မှာ အစက်လေးတွေ မြင်ရင် သတိထားကြည့်ပေးပါ၊ သွားပိုးစစားလာတာ ဖြစ်နိုင်ပါတယ်

2️⃣ သွားကျဉ်ခြင်း
→ အပူ၊ အအေး သောက်တဲ့အခါ သွားကျဉ်တာမျိုး ဖြစ်လာနိုင်ပါတယ်။

3️⃣ အချိုစားတဲ့အခါ သွားနာခြင်း
→ ချိုလွန်း စေးကပ်လွန်းတဲ့ အစားအစာတွေ စားပြီးတဲ့အခါမှာ သွားနာတတ်တယ်ဆိုရင်လည်း သတိထားရပါမယ်။

4️⃣ သွားမျက်နှာပြင်မှာ အပေါက်လေး ပေါ်လာခြင်း
→ လျှာနဲ့ထိကြည့်လို့ ချိုင့်ဝင်သလို ခံစားရနိုင်ပါတယ်။

5️⃣ ခံတွင်းနံ့ဆိုးလာခြင်း
→ ပိုးစား​နေတဲ့ သွားရှိပြီဆိုရင် ခံတွင်းနံ့မကောင်းတာလည်း ဖြစ်နိုင်ပါတယ်။

ဒီလက္ခဏာတွေထဲက တစ်ခုခုဖြစ်နေပြီဆိုရင်တော့
မပေါ့ဆဘဲ သွားပိုးပေါက် မကြီးလာခင်
သွားအကြောမထိခင်မှာတင် ကြိုတင်ဖာထားသင့်ပါတယ်။

သွားနဲ့ ပတ်သက်ရင် Latha Dental Clinic ကိုသာ သတိရလိုက်ပါ

☎ 09-443713437
➡ လိပ်စာ- အမှတ် ၆၆၁၊ ပထမထပ်၊ လသာလမ်း နှင့် မဟာဗန္ဓုလလမ်းထောင့်၊ လသာမြို့နယ်၊ ရန်ကုန်မြို့။

➡ ဆေးခန်းဖွင့်ချိန် - မနက် (၉)
နာရီမှ ညနေ(၆) နာရီအထိ။(တနင်္ဂနွေနေ့တိုင်း ဆေးခန်းပိတ်ပါသည်)


21/02/2026

ဆေးခန်းက လသာမြို့နယ် ဘယ်နားမှာရှိတာလဲ 📍
Video ဘေးထဲမှာ လမ်းညွှန်ပေးထားပါတယ်

လသာမြို့နယ်မှာ ဆယ်စုနှစ်များစွာ ရပ်တည်လာပြီး ဝါရင့် သွားဆရာဝန်ကြီးတွေ ကိုယ်တိုင် ဦးစီးနေတဲ့ သွားဆေးခန်းတစ်ခုပါ ✅✅

သွားနဲ့ပတ်သက်လို့ အခြေခံကုသမှုတွေကစပြီး သွားအမြစ်တုအစားထိုး ကုသမှုတွေအထိ တနေရာထဲမှာ ရတဲ့ Latha Dental Clinic ပါ ✅✅

Booking ယူလိုပါက အောက်ပါ ဖုန်းနံပါတ်ကို ဆက်သွယ်နိုင်သလို chatbox ကနေလည်း ဆက်သွယ်နိုင်ပါတယ်

☎ 09-443713437
➡ လိပ်စာ- အမှတ် ၆၆၁၊ ပထမထပ်၊ လသာလမ်း နှင့် မဟာဗန္ဓုလလမ်းထောင့်၊ လသာမြို့နယ်၊ ရန်ကုန်မြို့။

#သွားဆေးခန်း

🧧မြင်းနှစ်မှာ ကံကောင်းခြင်းများ ဆောင်ယူလာလို့ စီးပွါး လာဘ်လာဘများ တိုးတက်ကြီးပွါးပါစေကြောင်း Latha Dental Clinic မိသားစု...
16/02/2026

🧧မြင်းနှစ်မှာ ကံကောင်းခြင်းများ ဆောင်ယူလာလို့
စီးပွါး လာဘ်လာဘများ တိုးတက်ကြီးပွါးပါစေကြောင်း Latha Dental Clinic မိသားစုမှ ဆုမွန်ကောင်းတောင်းပေးအပ်ပါတယ်

🧧新年快乐 Happy Chinese New Year 2026 🧧

🔖 နှစ်ကူးမှာ မနက်ဖြန် ဆေးခန်း တစ်ရက်ပိတ်မှာ လည်း အသိပေးအပ်ပါတယ် ခင်ဗျာ

#2026

သွားအစစ်နီးပါးလိုပဲ အသုံးပြုနိုင်မယ့် သွားတုစိုက်ရမယ်ဆို စိတ်ဝင်စားလား ❔ဒီသွားတုစိုက်နည်းကတော့ ကမ္ဘာ့ အကောင်းဆုံးလို့ဆို...
07/02/2026

သွားအစစ်နီးပါးလိုပဲ အသုံးပြုနိုင်မယ့် သွားတုစိုက်ရမယ်ဆို စိတ်ဝင်စားလား ❔

ဒီသွားတုစိုက်နည်းကတော့ ကမ္ဘာ့ အကောင်းဆုံးလို့ဆိုရမယ့် ( Dental Implant ) သွားအမြစ်တုအစားထိုး စိုက်နည်း ပဲဖြစ်ပါတယ်

ဘာကြောင့် Dental Implant သွားစိုက်နည်းကို ဒီလောက်ညွှန်းနေကြတာလဲ။ ❓

➡ Dental Implant သွားစိုက်နည်းဆိုတာ
ဘေးသွားတွေကို ဘာမှ ထိခိုက်စရာမလိုဘဲ
မရှိတော့တဲ့ သွားနေရာ မှာ Titanium သတ္တုတိုင်ကို သွားအမြစ်အနေနဲ့ အစားထိုးပေးတဲ့ နည်းဖြစ်ပါတယ်။

Minor surgery လုပ်ပြီး

တိုင်တေနီယမ် သတ္တု ကို ထည့်ထားတာ ​ဖြစ်တဲ့အတွက်
~ သွားဖုံးရိုးနိမ့်ဆင်းမှုကို ကာကွယ်ပေးတဲ့အပြင်
~ အမြစ်တု အစားထိုးထားတာကြောင့်
သွားအစစ်လို ခံစားရကာ ပိုပြီး သက်သောင့်သက်သာဖြစ်စေပါတယ်။

~~ သွားအစစ်နီးပါး စားလို့ဝါးလို့ အဆင်ပြေကာ လှပခိုင်ခံ့တဲ့ Dental Implantပဲ စိုက်ချင်တယ်ဆိုရင် Latha Dental Clinic မှာ
Professional Implantologist မှ တာဝန်ယူစိုက်ပေးနေတာကြောင့် Messenger ကနေ ကြိုတင် Booking ယူပြီး လာရောက်ဆွေးနွေးကြည့်လို့ရပါတယ် ခင်ဗျာ။ ~~

➡ လိပ်စာ- အမှတ် ၆၆၁၊ ပထမထပ်၊ လသာလမ်း နှင့် မဟာဗန္ဓုလလမ်းထောင့်၊ လသာမြို့နယ်၊ ရန်ကုန်မြို့။

➡ ဆေးခန်းဖွင့်ချိန် - မနက် (၉) နာရီမှ ညနေ(၆) နာရီအထိ။(တနင်္ဂနွေနေ့တိုင်း ဆေးခန်းပိတ်ပါသည်)


🦷သွားကျန်းမာရေးအတွက် လူကြီး လူငယ်မရွေး မဖြစ်မနေလိုအပ်တဲ့ Treatment တွေကို ယူဖြစ်ရဲ့လား“ သွား” နေ့စဉ် အသုံးပြုရတဲ့ ကိုယ်ခ...
03/02/2026

🦷သွားကျန်းမာရေးအတွက် လူကြီး လူငယ်မရွေး
မဖြစ်မနေလိုအပ်တဲ့ Treatment တွေကို ယူဖြစ်ရဲ့လား

“ သွား” နေ့စဉ် အသုံးပြုရတဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းတစ်ခုဖြစ်တာကြောင့် ဂရုစိုက်ပေးဖို့ လိုအပ်ပါတယ် ⚙️⚙️⚙️

❕သွားကျန်းမာ ကြံ့ခိုင်နေဖို့ဆိုရင်
သွားတိုက်ခြင်း
Floss အသုံးပြုခြင်းစတဲ့ daily routine အပြင်
သွားအတွက် Treatment လေးတွေလည်း လုပ်ဖို့ လိုအပ်ပါတယ်

❗️သွားလေးတွေ ခိုင်ခံ့နေဖို့ဆိုရင် သွားဖုံးကျန်းမာရေးကလည်း အရေကြီးပါတယ်
ဒါကြောင့်
➡️သွားဖုံးကြားမှာ ရှိနေတဲ့ ကျောက်တွေကို ဖယ်ရှားဖို့သွားကျောက်ခြစ်ကုသမှု Scaling Treatment

➡️သွားပိုးစားပြီး သွားအကြောထိတဲ့အဆင့်ထိ မရောက်အောင် ကြိုတင်ကာကွယ်ဖို့ သွားဖာထေးပြုပြင်ခြင်း Filling Treatment

➡️အနေအထားမမှန်ဘဲ ပေါက်လာရင် ဘေးသွားကို ထိခိုက်စေတတ်တဲ့ အံဆုံးသွားတွေကို ဖယ်ရှားပြီး နှုတ်ပေးဖို့ Impaction

သွားကျန်းမာရေး Check-up လုပ်ရင်း အခုပြောပြသွားတဲ့ Treatment လေးတွေကိုလည်း လုပ်ပေးသင့်ပါတယ်နော် ⚙️⚙️⚙️

"Knowledge Shared with Heart and Care."
Latha Dental Clinic ⬅

➡ လိပ်စာ- အမှတ် ၆၆၁၊ ပထမထပ်၊ လသာလမ်း နှင့် မဟာဗန္ဓုလလမ်းထောင့်၊ လသာမြို့နယ်၊ ရန်ကုန်မြို့။

🦷သွားစိုက်ပြီဆိုမှတော့ ခိုင်ခံ့တာပဲ စိုက်ချင်တဲ့သူတွေအတွက် ⚙️Dental Implant လို့ခေါ်တဲ့ သွားအမြစ်တုအစားထိုးသွားစိုက်နည်း...
29/01/2026

🦷သွားစိုက်ပြီဆိုမှတော့ ခိုင်ခံ့တာပဲ စိုက်ချင်တဲ့သူတွေအတွက်

⚙️Dental Implant လို့ခေါ်တဲ့
သွားအမြစ်တုအစားထိုး
သွားစိုက်နည်းကိုပဲ ညွှန်းချင်ပါတယ်

Implant စိုက်တယ်ဆိုတာကတော့ 。。。

▶ သွားနှုတ်ထားတဲ့ ‌နေရာမှာ တိုက်တေနီယမ် သတ္တုတိုင်ကို Minor Surgery လေးလုပ်ပြီး
သွားဖုံးသားထဲ ထည့်ပေးရတာမျိုး ဖြစ်ပါတယ်။

▶Minor Surgery လုပ်ပြီး (osseointegration )လို့ခေါ်တဲ့ အရိုးနဲ့ implant ပေါင်းစည်းသွားခြင်း
process ပြီးမြောက်သွားဖို့ အချိန်ကာလ
တစ်ခု လိုအပ်ပါတယ်။

▶ပုံမှန်တော့ ၂လခွဲ ၃လ လောက်ပဲ စောင့်ရတာများပါတယ်။ အများဆုံး ၆လလောက်ပါပဲ။

▶Implantologist မှ check-up လုပ်ပေးပြီး
အသားကျသွားပြီဆိုရင်
အပေါ်က Dental Crown သွားတုပြန်စွပ်ပေးပါတယ်။

➡ ဒီလို အဆင့်ဆင့် လုပ်ဆောင်ပြီး စိုက်ပေးတာဖြစ်တဲ့အတွက်
📍 သွားဖုံးရိုးနိမ့်ဆင်းမှုကို ကာကွယ်ပေးပါတယ်
📍 သဘာဝသွားအစစ်နီးပါး ကြံ့ခိုင်ပါတယ်

📍 ဘေးသွားကိုလည်း လုံးဝထိခိုက်စရာမလိုတဲ့အတွက် သွားစိုက်မယ်ဆို Dental Implant ကို ဦးစားပေး ရွေးချယ်ပါနော်

"Knowledge Shared with Heart and Care."
Latha Dental Clinic ⬅

➡ လိပ်စာ- အမှတ် ၆၆၁၊ ပထမထပ်၊ လသာလမ်း နှင့် မဟာဗန္ဓုလလမ်းထောင့်၊ လသာမြို့နယ်၊ ရန်ကုန်မြို့။

သွားပိုးစားနေပြီဆိုရင် အပေါက်သေးသေးလေးပဲ ဖြစ်ဖြစ် ကြိုဖာထားပါ 🦷🦷ဘာကြောင့် ကြိုဖာဖို့ တိုက်တွန်းရသလဲ ❔❓▫️သွားဖာတဲ့သဘောမှာ...
27/01/2026

သွားပိုးစားနေပြီဆိုရင် အပေါက်သေးသေးလေးပဲ ဖြစ်ဖြစ် ကြိုဖာထားပါ 🦷🦷

ဘာကြောင့် ကြိုဖာဖို့ တိုက်တွန်းရသလဲ ❔❓

▫️သွားဖာတဲ့သဘောမှာ သွားပိုးစားတဲ့ အပေါက်က
သေးလေ ပိုပြီး ခိုင်ခံ့လေပါ
▫️သွားပိုးပေါက် နက်ပြီးကြီးလာမှ ဒါမှမဟုတ် သွားပဲ့မှ ဖာရင်တော့ သွားဖာလိုက်တာပဲ ရှိပြီး
ခိုင်ခံ့ကြာရှည်ခံဖို့ ရာခိုင်နှုန်းနည်းပါတယ်

▫️သွားပိုးပေါက် နက်လာရင် သွားအကြောကိုလည်း ထိခိုက်နိုင်ပါသေးတယ်
▫️အကြောထိသွားရင်က သွားဖာရုံတင်မကဘဲ
သွားအကြောထုတ်ကုသမှု ပါ လုပ်ရမှာဖြစ်လို့ ကုန်ကျစရိတ်လည်း ပိုများသွားပါမယ်

ဒါကြောင့် သွားပိုးပေါက်ဖြစ်တာ သိရင် သိသိချင်းမှာပဲ ပိုးပေါက်သေးတုန်း ဖာထားတာ ပိုစိတ်ချရပါတယ် ✅✅

Latha Dental Clinic မှာ Composite Filling
နည်းပညာနဲ့ သွားဖာဖို့ အခုပဲ ဆက်သွယ်ထားလိုက်ပါ

☎ 01-371414
☎ 09-443713437
➡ လိပ်စာ- အမှတ် ၆၆၁၊ ပထမထပ်၊ လသာလမ်း နှင့် မဟာဗန္ဓုလလမ်းထောင့်၊ လသာမြို့နယ်၊ ရန်ကုန်မြို့။

➡ ဆေးခန်းဖွင့်ချိန် - မနက် (၉)
နာရီမှ ညနေ(၆) နာရီအထိ။(တနင်္ဂနွေနေ့တိုင်း ဆေးခန်းပိတ်ပါသည်)


🦷 သွားတစ်ချောင်း ဆုံးရှုံးသွားတယ်ဆိုရင် 。。。စက်ပစ္စည်းတစ်ခုက အစိတ်အပိုင်းလေး ဆုံးရှုံးသွားပြီး ပြန်မလည်ပတ်နိုင်သလိုပါပဲ။ ...
26/01/2026

🦷 သွားတစ်ချောင်း ဆုံးရှုံးသွားတယ်ဆိုရင် 。。。
စက်ပစ္စည်းတစ်ခုက အစိတ်အပိုင်းလေး ဆုံးရှုံးသွားပြီး ပြန်မလည်ပတ်နိုင်သလိုပါပဲ။

‼ သွားတစ်ချောင်းရဲ့ လုပ်ဆောင်ချက်က ခံတွင်း တစ်ခုလုံးအပေါ် သက်ရောက်မှုရှိပါတယ်။

🦷 သွားမရှိတော့ရင် ဖြစ်လာနိုင်တဲ့ အဓိကဆိုးကျိုးတွေက
▪️သွားတွေ ယိုင်လာမယ်
▪️ဆန့်ကျင်ဘက် အပေါ်အအောက်သွားတွေ ရှည်လာမယ်
▪️သွားကျဲလာမယ်

အသိသာဆုံး ဒုက္ခကတော့ စားတဲ့၊ဝါးတဲ့အခါ အဆင်မပြေဖြစ်လာတာပဲပေါ့။ ‼

ဒါ့အပြင် သွားအရေအတွက် ဆုံးရှုံးထားတာများရင် အရွယ်တင် နုပျိုမှုတွေကိုလည်း ဆုံးရှုံးနိုင်ပါတယ်

ဒါကြောင့် သွားတစ်ချောင်း ဆုံးရှုံးရင် ၆လအတွင်း သွားပြန်စိုက်ဖို့ စဉ်းစားသင့်ပါ 🦷

📣 လွတ်နေတဲ့ သွားတန်းလေးကို ဖြည့်ထားချင်တယ်ဆိုရင်တော့ Latha Dental Clinic ကိုသာ အရောက်လှမ်းလာခဲ့ပါနော်

☎ 01-371414
☎ 09-443713437
➡ လိပ်စာ- အမှတ် ၆၆၁၊ ပထမထပ်၊ လသာလမ်း နှင့် မဟာဗန္ဓုလလမ်းထောင့်၊ လသာမြို့နယ်၊ ရန်ကုန်မြို့။

➡ ဆေးခန်းဖွင့်ချိန် - မနက် (၉)
နာရီမှ ညနေ(၆) နာရီအထိ။(တနင်္ဂနွေနေ့တိုင်း ဆေးခန်းပိတ်ပါသည်)


သင် ယုံကြည်အားကိုးလို့ရမယ့် သွားဆေးခန်း Latha Dental Clinic 📍~~ ဆယ်စုနှစ်ပေါင်းများစွာ လသာမြို့နယ်မှာ အားလုံးရဲ့ အားပေးမ...
21/01/2026

သင် ယုံကြည်အားကိုးလို့ရမယ့် သွားဆေးခန်း Latha Dental Clinic 📍

~~ ဆယ်စုနှစ်ပေါင်းများစွာ လသာမြို့နယ်မှာ အားလုံးရဲ့ အားပေးမှုတွေနဲ့အတူ ရပ်တည်လျှက်ရှိတဲ့ သွားဆေးခန်း တစ်ခုပါ

~~ Dentistry နယ်ပယ်မှာ နောက်ဆုံးပေါ်ဖြစ်တဲ့ စက်တွေ ထားရှိ ကုသမှုပေးပါတယ်

~~ ဒါ့အပြင် ပိုးသတ်သန့်စင် စက်တွေနဲ့ အသုံးပြုသမျှ ပစ္စည်းကိစ္စတိုင်းကို ပိုးသတ်သန့်စင်ပါတယ်

~~ သွားပြဿနာမျိုးစုံအတွက် အသေးစိတ်သေချာ အဖြေရှာပေးကာ လိုအပ်တဲ့ ကုသမှုကိုသာ ပေးပါတယ်

ဒီလို သွားဆေးခန်းဖြစ်တာကြောင့် ယုံကြည်စိတ်ချလို့ရပါတယ် ✅✅

Specialist Dentists သွားဆရာဝန်များနဲ့ Treatment ယူဖို့ ဆွေးနွေးတိုင်ပင်လိုပါက ကြိုတင် Booking ယူပြီး လာရောက်ဆွေးနွေးကြည့်လို့ရပါတယ်။ 🦷🪧

☎ 01-371414
☎ 09-443713437

➡ လိပ်စာ- အမှတ် ၆၆၁၊ ပထမထပ်၊ လသာလမ်း နှင့် မဟာဗန္ဓုလလမ်းထောင့်၊ လသာမြို့နယ်၊ ရန်ကုန်မြို့။

➡ ဆေးခန်းဖွင့်ချိန် - မနက် (၉)
နာရီမှ ညနေ(၆) နာရီအထိ။(တနင်္ဂနွေနေ့တိုင်း ဆေးခန်းပိတ်ပါသည်)


သွားကျောက်တွေက သင့်ကို ထင်ထားတာထက်ပိုပြီး ဒုက္ခပေးနိုင်ပါတယ် 🥲ခံတွင်းထဲမှာ သွားကျောက်တွေရှိနေရင် အချိန်ကြာလာတာနဲ့အမျှ 🔸ခ...
18/01/2026

သွားကျောက်တွေက သင့်ကို ထင်ထားတာထက်ပိုပြီး
ဒုက္ခပေးနိုင်ပါတယ် 🥲

ခံတွင်းထဲမှာ သွားကျောက်တွေရှိနေရင် အချိန်ကြာလာတာနဲ့အမျှ
🔸ခံတွင်းနံ့ ပြင်းထန်ခြင်း
🔸သွားဖုံးမှ သွေးထွက်ခြင်း
🔸သွားဖုံးသားများ ပုံမှန်ထက် နီရဲရောင်ရမ်းနေခြင်း စတဲ့ အခြေအနေတွေ ဖြစ်လာနိုင်ပါတယ်

✅ ခံတွင်းထဲမှာ သွားကျောက်တွေများလာတာနဲ့အမျှ
သွားဖုံးကျန်းမာရေးကလည်း အားနည်းလာမှာ ဖြစ်ပါတယ်

💢 ဒါ့အပြင် သွားကျောက်တွေက နှစ်ကြာလာရင်
သွားဖုံးနီရဲ ရောင်ရမ်းတာလည်း
အချိန်ကြာလာပြီး
သွားဖုံးသားတွေ နိမ့်ဆင်းလာကာ
သွားဖုံးရိုးတွေ ပျက်စီးလာနိုင်ပါတယ်။

📌 နောက်ဆုံး အဆိုးဆုံးအဆင့်ကတော့
ရေစီးကမ်းပြို လို့ခေါ်တဲ့
သွားတွေ ယိုင်နဲ့ ကျွတ်ထွက်တဲ့ ရောဂါ ထိ ဖြစ်လာနိုင်ပါတယ်

✅✅ ဒါကြောင့် သွားဆရာဝန်တွေက သွားကျောက်တွေကို
(၆) လ တစ်ကြိမ်လောက် လိုအပ်သလို သွားကျောက်ခြစ်ကုသမှု (Scaling Treatment ) လုပ်ပြီး ဖယ်ရှားဖို့ အကြံပြုတာပဲ ဖြစ်ပါတယ်

☎ 01-371414
☎ 09-443713437
➡ လိပ်စာ- အမှတ် ၆၆၁၊ ပထမထပ်၊ လသာလမ်း နှင့် မဟာဗန္ဓုလလမ်းထောင့်၊ လသာမြို့နယ်၊ ရန်ကုန်မြို့။

➡ ဆေးခန်းဖွင့်ချိန် - မနက် (၉)
နာရီမှ ညနေ(၆) နာရီအထိ။(တနင်္ဂနွေနေ့တိုင်း ဆေးခန်းပိတ်ပါသည်)


နှစ်စဖြစ်တဲ့ January ကနေ သွားကျန်းမာရေး ကို ဂရုစိုက်ထားမှ တစ်နှစ်လုံး စိတ်အေးရမယ်နော် 🥰 သွားပိုးပေါက်တွေ ရှိနေလား ❔သွားက...
15/01/2026

နှစ်စဖြစ်တဲ့ January ကနေ သွားကျန်းမာရေး ကို ဂရုစိုက်ထားမှ တစ်နှစ်လုံး စိတ်အေးရမယ်နော် 🥰

သွားပိုးပေါက်တွေ ရှိနေလား ❔
သွားကျန်းမာရေး ကောင်းရဲ့လား❔ဆိုတာ ကိုယ်တိုင် စစ်ဆေးသိနိုင်ဖို့ ခက်ခဲပါတယ်။

ဒါကြောင့် နှစ်စမှာတင် သွားဆရာဝန်နဲ့ Dental Checkup လေး ကြိုလုပ်ထားသင့်ပါတယ် 💬

ဒါမှ 🪧သွားကျောက်တွေ များနေရင် သွားကျောက်ခြစ်ကုသမှု Scaling Treatment ယူမယ်
🪧သွားပိုးပေါက်လေးတွေ ရှိနေရင် သွားဖာတဲ့ Filling Treatment ယူမယ်
ဒီ အခြေခံ Treatment လေး နှစ်ခုကိုပဲ အရင်ယူထားရင်ကို နောက်ဆက်တွဲ သွားနဲ့သွားဖုံး ရောဂါတွေကို ကာကွယ်ပြီးသား ဖြစ်စေမှာပါ

နှစ်စမှာတင် သွားကျန်းမာရေးကို ဂရုစိုက်ရအောင် Latha Dental Clinic ကို အရောက်လာခဲ့လိုက်တော့နော် 💬

☎ 01-371414
☎ 09-443713437
➡ လိပ်စာ- အမှတ် ၆၆၁၊ ပထမထပ်၊ လသာလမ်း နှင့် မဟာဗန္ဓုလလမ်းထောင့်၊ လသာမြို့နယ်၊ ရန်ကုန်မြို့။

➡ ဆေးခန်းဖွင့်ချိန် - မနက် (၉)
နာရီမှ ညနေ(၆) နာရီအထိ။(တနင်္ဂနွေနေ့တိုင်း ဆေးခန်းပိတ်ပါသည်)


Address

Latha Street
Yangon

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00

Telephone

+951371414

Alerts

Be the first to know and let us send you an email when Latha Dental Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram