Precare

Precare Best and qualified health products supplier

🩸 သွေးတိုးတဲ့သူတွေအတွက် အထူးသတိထားသင့်တဲ့ အချက်များသွေးတိုးရောဂါက အနည်းငယ်ပဲ တက်နေတာဖြစ်ပြီး သတိမထားမိရင် နှလုံး၊ ကျောက်...
16/10/2025

🩸 သွေးတိုးတဲ့သူတွေအတွက် အထူးသတိထားသင့်တဲ့ အချက်များ
သွေးတိုးရောဂါက အနည်းငယ်ပဲ တက်နေတာဖြစ်ပြီး သတိမထားမိရင် နှလုံး၊ ကျောက်ကပ်နဲ့ ဦးနှောက်အထိ ထိခိုက်နိုင်ပါတယ်။ ဒါကြောင့် နေ့စဉ်ဘဝမှာ ဒီလိုအချက်တွေ သတိထားပါ
⚠️ ရှောင်သင့်တဲ့အချက်များ
1. အငံများတဲ့အစားအစာတွေက – သွေးတိုးစေတတ်တယ်။
2. ကြော်ထားတဲ့ဆီပြန်အစားအစာတွေက – သွေးကြောပိတ်တတ်တယ်။
3. အချိုရည်နဲ့ Soft Drink များများသောက်ခြင်းက – သွေးတွင်းမှာအချိုဓာတ်များပြီး သွေးဖိအားတက်စေတယ်။
4. အယ်လ်ကိုဟောနဲ့ ကော်ဖီများများသောက်ခြင်း – သွေးဖိအားတက်စေပြီး နှလုံးအလုပ်ပိုလုပ်ရစေတယ်
5. စိတ်ဖိစီးမှု – စိတ်ဖိစီးခြင်းကလည်း သွေးဖိအားတက်စေတယ်
🫵သတိထားသင့်တဲ့ အချက်များ
1. နေ့စဉ် သွေးဖိအားစစ်ပါ – ကိုယ့်အခြေအနေသိထားဖို့အရေးကြီးတယ်
2. အငံဓာတ်နည်းတဲ့အစားအစာ စားပါ – အသီးအရွက်၊ ငါးသန့်၊ အစေ့အစံ စတဲ့အစာတွေက ကောင်းတယ်
3. ရေများများသောက်ပါ – သွေးစီးဆင်းမှုအားကောင်းစေတယ်
4. လေ့ကျင့်ခန်းလုပ်ပါ – နေ့စဉ် ၃၀ မိနစ်အနည်းဆုံး လေ့ကျင့်ခန်းလုပ်ပါ
5. အိပ်ရေးဝဝအိပ်ပါ – ခန္ဓာကိုယ်တုံ့ပြန်မှုအားကောင်းစေတယ်
အဆုံးထိ ဖတ်ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ် ခင်ဗျ❤️
#ကျန်းမာရေး #သွေးပေါင်ချိန်စက်

ကိုယ်ကိုယ်တိုင်က ဆီးချိုရှိနေတဲ့ သူလား❓ဆီးချိုရှိနေတဲ့ သူဆိုရင်တော့ တစ်နေ့ ကို 2️⃣ခေါက်လောက်ပဲ ဖြစ်ဖြစ် စစ်ပေးဖို့တော့လိ...
15/10/2025

ကိုယ်ကိုယ်တိုင်က ဆီးချိုရှိနေတဲ့ သူလား❓
ဆီးချိုရှိနေတဲ့ သူဆိုရင်တော့ တစ်နေ့ ကို 2️⃣ခေါက်လောက်ပဲ ဖြစ်ဖြစ် စစ်ပေးဖို့တော့လိုတယ်နော် (အချို) ပါတဲ့အစားအစာတွေလဲ အရမ်းမစားပါနဲ့ အော် ပြီးတော့ ဒီနေ့ ဆီးချိုရော စစ်ပြီးပြီလား❓

WE ARE OPEN BACK.....  ကဲ... အရင်အပတ်က Annual Trip လေးသွားတာမလို့ စာမပြန်ဖြစ်ခဲ့တာတွေ နောက်ကျတာတွေ ရှိရင် အားလုံးကို တော...
13/10/2025

WE ARE OPEN BACK.....
ကဲ... အရင်အပတ်က Annual Trip လေးသွားတာမလို့ စာမပြန်ဖြစ်ခဲ့တာတွေ နောက်ကျတာတွေ ရှိရင် အားလုံးကို တောင်းပန်ပါတယ် အခုချိန်ကနေစပြီး ပြန်ပြီး Order တွေပြန်တင်လို့ ရနေပါပြီခင်ဗျ
#ကျန်းမာရေး #မိသားစုကျန်းမာရေး #ကလေးများအတွက်

🌕✨ မင်္ဂလာသီတင်းကျွတ် အခါသမယလေးမှာ✨🌕🙏 စိတ်ချမ်းသာခြင်းနဲ့ 💝 ကိုယ်ကျန်းမာခြင်းတို့ဖြင့် ပြည့်စုံပါစေလို့✨ Ethic and Hones...
06/10/2025

🌕✨ မင်္ဂလာသီတင်းကျွတ် အခါသမယလေးမှာ✨🌕

🙏 စိတ်ချမ်းသာခြင်းနဲ့ 💝 ကိုယ်ကျန်းမာခြင်းတို့ဖြင့်
ပြည့်စုံပါစေလို့

✨ Ethic and Honest မိသားစုမှ
အကြင်နာအမြတ်ဆုံး ဆုမွန်တောင်းပေးလိုက်ပါတယ်ရှင့် 🌸

#သီတင်းကျွတ်မင်္ဂလာ

အခုချိန်မှာ လူတွေ Energy Drink ကို ပုံမှန်ထက် ပိုပြီး သောက်နေကြတာ တွေ့ရတယ် ⚡🥤ဒါပေမဲ့ ဒီလို သောက်တာက သူတို့ရဲ့ အနာဂတ်မှာ ...
04/10/2025

အခုချိန်မှာ လူတွေ Energy Drink ကို ပုံမှန်ထက် ပိုပြီး သောက်နေကြတာ တွေ့ရတယ် ⚡🥤
ဒါပေမဲ့ ဒီလို သောက်တာက သူတို့ရဲ့ အနာဂတ်မှာ အန္တရာယ်ကြီးတစ်ခု ဖြစ်နိုင်တယ်
အဲ့တာက ဆီးချို 🩸

ဘာလို့လဲဆိုရင် 🤔
Energy Drink တစ်ခုပဲဆိုပေမဲ့ အတွင်းမှာ အချိုဓာတ် အများကြီး ပါနေတယ် 🍬
အမှန်တကယ် ကိုယ့်ခန္ဓာကိုယ်လိုအပ်တာကတော့ “ရေ” ပဲဖြစ်ပါတယ်။

ရေ သောက်တာရဲ့ အကျိုးကျေးဇူးများ

🌿 သဘာဝအတိုင်း ကိုယ်ကို Refresh လုပ်ပေးတယ်

🧠 ဦးနှောက်အတွက် သန်မာစေတယ်

🫁 အဆုတ်၊ အသည်း၊ ကျောက်ကပ်တွေကို တိကျအောင် အလုပ်လုပ်နိုင်စေတယ်

🛡️ ဆီးချိုရောဂါနဲ့ပတ်သက်တဲ့ ပြဿနာတွေကနေ ကာကွယ်ပေးတယ်

Energy Drink သောက်မဲ့အစား သန့်ရှင်းတဲ့ ရေ သောက်လိုက်ပါ 💦
သဘာဝပေးတဲ့ အကောင်းဆုံးအသားဓာတ်က “ရေ” ပဲဖြစ်ပါတယ် 🌏💙

ကျန်းမာဖို့ – ရေသောက်ဖို့ မမေ့ပါနဲ့ 🫶
ရောဂါတွေနဲ့ ကင်းဝေးကြပါစေ 🙏✨
#ကျန်းမာရေးဗဟုသုတ #မိသားစုကျန်းမာရေး #ကျန်းမာရေး

ကလေးငယ်များအတွက် အန္တရာယ်ရှိတဲ့ RSV Virus!RSV (Respiratory Syncytial Virus) ဟာ အသက်ရှူလမ်းကြောင်းကို အဓိကထိခိုက်စေပြီး က...
02/10/2025

ကလေးငယ်များအတွက် အန္တရာယ်ရှိတဲ့ RSV Virus!

RSV (Respiratory Syncytial Virus) ဟာ အသက်ရှူလမ်းကြောင်းကို အဓိကထိခိုက်စေပြီး ကလေးတွေရဲ့ အသက်အန္တရာယ်ကိုပါ ခြိမ်းခြောက်နိုင်ပါတယ်။ ဒါ့အပြင် ကူးစက်နှုန်းမြန်တာကြောင့် မိသားစုထဲက အဆုတ်ရောဂါရှိတဲ့သူတွေ၊ နှလုံးရောဂါရှိတဲ့သူတွေနဲ့ ကိုယ်ခံအားနည်းတဲ့သူတွေကိုပါ တစ်ဦးပြီးတစ်ဦး ကူးစက်နိုင်ခြေမြင့်မားပါတယ်။

RSV လက္ခဏာများ:

· ပြင်းထန်စွာ ချောင်းဆိုးခြင်း
· အသက်ရှူမြန်ခြင်း/ အသက်ရှူကြပ်ခြင်း
· နှာစေး၊ ဖျားနာခြင်း
· အစာစားချင်စိတ်နည်းခြင်း

---

ဒီလိုအချိန်မှာ ဘာလုပ်သင့်လဲ?

RSV စွဲကပ်ပါက ဆရာဝန်နှင့် အမြန်ပြသပါ။ ဆေးရုံတွင် အောက်ဆီဂျင်ပေးရခြင်း၊ Nebulizer (ဆေးရှူစက်) ဖြင့် ဆေးရှူကုသရခြင်းတို့ လိုအပ်နိုင်ပါတယ်။

#ကလေးများအတွက် #ကျန်းမာရေးဗဟုသုတ

သီတင်းကျွတ် နီးပြီနော်🎇🎇…လူကြီးမိဘတွေကို ကန်တော့ဖို့ စဉ်းစားနေရလား🙏❓ဒါဆိုရင်တော့ မိဘတွေရဲ့ကျန်းမာရေးက အရေးကြီးဆုံး လက်ဆေ...
01/10/2025

သီတင်းကျွတ် နီးပြီနော်🎇🎇…
လူကြီးမိဘတွေကို ကန်တော့ဖို့ စဉ်းစားနေရလား🙏❓

ဒါဆိုရင်တော့ မိဘတွေရဲ့ကျန်းမာရေးက အရေးကြီးဆုံး လက်ဆောင်ပါပဲ🎁

🏡အိမ်တိုင်းအတွက် အရေးကြီးတဲ့ အဖော်မွန် 👉 Precare နဲ့ လူကြီးမိဘတွေရဲ့ကျန်းမာရေး ကိုစောင့်ရှောက်လိုက်ရအောင် နော် 💝

#သီတင်းကျွတ် # မိဘကျန်းမာရေး

ဒီနေ့တွက် ဆီးချိုစစ်ပြီးပြီလား❓ကိုယ့်ရဲ့ ဆီးချိုအတတ်ကျ အဖြေလေးတွေကို Comments💬မှာ မျှဝေပေးခဲ့ပါဦးနော်.....      #ဆီးချိ...
30/09/2025

ဒီနေ့တွက် ဆီးချိုစစ်ပြီးပြီလား❓
ကိုယ့်ရဲ့ ဆီးချိုအတတ်ကျ အဖြေလေးတွေကို Comments💬မှာ မျှဝေပေးခဲ့ပါဦးနော်.....

#ဆီးချိုတိုင်းစက် #မိသားစုကျန်းမာရေး

“သင့်ကို ဝလာတယ်” ဆိုပြီး ပတ်ဝန်းကျင်က ပြောနေလား❓ရော့👉 ဒီမှာပေါင်ချိန်စက် ကောက်ထုပလိုက် ဟဲဟဲ 😁ဆိုရရင်တော့ Precare ပေါင်ချ...
29/09/2025

“သင့်ကို ဝလာတယ်” ဆိုပြီး ပတ်ဝန်းကျင်က ပြောနေလား❓

ရော့👉 ဒီမှာပေါင်ချိန်စက် ကောက်ထုပလိုက်
ဟဲဟဲ 😁

ဆိုရရင်တော့ Precare ပေါင်ချိန်စက်က

👉Tempered Safety Glass ကိုအသုံးပြုထားတာကြောင့်
ပုံမှန်ထုယုံ ကျယုံနဲ့ မကွဲနိုင်ပါဘူး

👉6.6lb ကနေ 396 lb ထိ တိုင်းတာနိုင်တဲ့Precareပေါင်ချိန်စက်လေးကို

မှာယူလိုပါက Tiktok - https://www.tiktok.com/?_t=ZS-8zimHkuKW0o&_r=1
(သို့မဟုတ်)
Facebook Chat Boxကနေမှ တဆင့် မှာယူနိုင်ပါတယ်ရှင့်။
#အလေးချိန်ထိန်း # ကျန်းမာရေး

📍 Pulse Oximeter ကို အိမ်တိုင်းမှာ ဆောင်ထားသင့်တာ ဘာကြောင့်လဲ❓✅အိမ်မှာပဲ လွယ်လွယ်ကူကူ ကျန်းမာရေး အခြေအနေ စောင့်ကြည့်နိုင...
26/09/2025

📍 Pulse Oximeter ကို အိမ်တိုင်းမှာ ဆောင်ထားသင့်တာ ဘာကြောင့်လဲ❓

✅အိမ်မှာပဲ လွယ်လွယ်ကူကူ ကျန်းမာရေး အခြေအနေ စောင့်ကြည့်နိုင်မယ်

✅ နှလုံးရောဂါ, သွေးတိုး, ဆီးချို နဲ့ နေ့စဉ် ကျန်းမာရေးစောင့်ရှောက်မှုအတွက် အသုံးဝင်မယ်

✅ လေ့ကျင့်ခန်းလုပ်ပြီးတဲ့ခါအောက်ဆီဂျင်လုံလောက်မှုကို ချက်ချင်း စမ်းသပ်နိုင်မယ်

✅မိသားစုထဲမှသက်ကြီးရွယ်အိုမိဘများအတွက် စိတ်ချရနိုင်မယ်

ဒါတွေကို သိနိုင်ဖို့ဆိုရင် Precare Oximeter တလုံးလောက်တော့လိုပြီနော်

👉ကျန်းမာ‌ရေးဆိုတာ ဖြစ်လာမှ ကုသရန်မဟုတ်ပါ ဘူး
✔ကြိုတင်ကာကွယ် စောင့်ကြည့်နိုင်ဖို့ဆိုတာ ယုံကြည်စိတ်ချရတဲ့ Plus Oximeter တစ်လုံးအိမ်မှာ ရှိနေဖို့ အရေးကြီးပါတယ်။

မှာယူလိုပါက Tiktok - https://www.tiktok.com/?_t=ZS-8zimHkuKW0o&_r=1

(သို့မဟုတ်)

Facebook Chat Boxကနေမှ တဆင့် မှာယူနိုင်ပါတယ်ရှင့်။

#နှလုံးခုန်နှုန်း level #မိသားစုကျန်းမာရေး

📍ဒီအချက်တွေကြောင့် သွေးတိုးနိုင်တယ်ဆိုတာ သိပြီးပြီလား😲❓သွေးတိုးရောဂါ ဆိုတာ "တိတ်တဆိတ် လူသတ်သမား"လို့တောင် တင်စားကြပါတယ်။...
24/09/2025

📍ဒီအချက်တွေကြောင့် သွေးတိုးနိုင်တယ်ဆိုတာ သိပြီးပြီလား😲❓
သွေးတိုးရောဂါ ဆိုတာ "တိတ်တဆိတ် လူသတ်သမား"လို့တောင် တင်စားကြပါတယ်။လက္ခဏာမပြတာများလို့ပါပဲ။

ဒါဆို ဘာတွေကြောင့် ဖြစ်နိုင်လဲ❓

🔹အဓိက အကြောင်းရင်းများː

🍔 အငန်လွန်ကဲသော အစားအစာများ - ဆားများများစားတာက သွေးတိုးရဲ့ ရန်သူအကြီးဆုံးပါပဲ။

🛌 စိတ်ဖိစီးမှုများခြင်း - စိတ်ညစ်ရင်၊ စိုးရိမ်ပူပန်များရင်လည်း သွေးတက်တတ်ပါတယ်။

🏃 ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း - လှုပ်ရှားမှုနည်းတဲ့ နေထိုင်မှုပုံစံက ခန္ဓာကိုယ်ကို ထိခိုက်စေသလို သွေးတိုးရောဂါကို ဖိတ်ခေါ်သလိုပါပဲ။

🍺 အရက်နှင့် ဆေးလိပ်သောက်သုံးခြင်း - ဒါတွေက သွေးကြောတွေကို မာစေပြီး သွေးဖိအားကို တက်စေပါတယ်။

⚖️ အဝလွန်ခြင်း - ကိုယ်အလေးချိန်များလာတာနဲ့အမျှ နှလုံးက ပိုညှစ်ရတော့တာပါပဲ။

🧬 မိသားစုရာဇဝင်ရှိခြင်း - မိသားစုထဲမှာ သွေးတိုးရှိရင်လည်း ကိုယ်ပါဖြစ်နိုင်ခြေပိုများပါတယ်။

ဒါဆိုသွေးတိုးရောဂါကို ဘယ်လို ကာကွယ်ကြမလဲ ❓
ကျန်းမာရေးနဲ့ညီအောင်စားသောက်ပါ၊ ပုံမှန်လေ့ကျင့်ခန်းလုပ်ပါ၊ စိတ်ဖိစီးမှုကိုလျှော့ပါ၊ ဆေးလိပ်အရက်ရှောင်ပါ၊ ပုံမှန်သွေးဖိအားတိုင်းကြည့်ပါ။

တစ်ခါတရံမှာ တခြားရောဂါအခံတွေကြောင့်လည်း သွေးတိုးနိုင်တာကြောင့်
ပုံမှန်ကျန်းမာရေးစစ်ဆေးမှုလုပ်ဖို့ အရေးကြီးပါတယ်။

💡 ကျန်းမာရေးကို သတိထားပြီး သွေးတိုးကို မဖြစ်မီကတည်းက ကာကွယ်လိုက်ကြစို့!

# သွေးတိုး #ကျန်းမာရေး #ဆေးလိပ်ရှောင် #အငန်လျှော့ #စိတ်ဖိစီးမှု

ကိုယ့်ရဲ့ အပြုအမူတစ်ချက်မှားယွင်းသွားတာနဲ့ ဝင်လာချင်တဲ့ ရောဂါတွေတောင်လိုပုံနေတယ်ဆိုတာ သိကြလား?အထူးသဖြင့် ဆီးချိုရောဂါပေါ...
20/09/2025

ကိုယ့်ရဲ့ အပြုအမူတစ်ချက်မှားယွင်းသွားတာနဲ့ ဝင်လာချင်တဲ့ ရောဂါတွေတောင်လိုပုံနေတယ်ဆိုတာ သိကြလား?

အထူးသဖြင့် ဆီးချိုရောဂါပေါ့....

အကြော်အလှော်နဲ့ အဆီများတဲ့ အစားအစာတွေကြိုက်တယ်🙂၊ အချိုရည်အပြင် အသင့်စား အစားအစာတွေကို စားတယ်😋။ အဲ့တော့ ဝိတ်လေးပါတက်လာကော🤦🏻 ဝိတ်ကျအောင် ကိုယ်လက်လှုပ်ရှားမှုလည်း ပင်ပန်းမှာစိုးလို့ မလုပ်ဖူး🙃။ ညဆိုလည်းအချိန်မှန်မအိပ်ဖူး👀။ ဒီလိုတစ်နေ့တာအပြုအမူလေးမှားယွင်းသွားတာနဲ့ သွေးတွင်းသကြားဓာတ်များလာမယ် ဆီးချိုရောဂါကိုပါ ဖိတ်ခေါ်နေသလိုပဲပေါ့

ဒါဆိုဘယ်လိုကာကွယ်မလဲ?
✅အစားအသောက်ဆင်ခြေပါ

✅အတတ်နိုင်ဆုံး စိတ်ဖိစီးမှုကင်းအောင်နေပြီး အိပ်ရေးဝဝအိပ်ပါ

✅ကိုယ်အလေးချိန်ထိန်းပါ

✅မပျင်းမလျော့ပဲ ကိုယ်လက်လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ

ဒါဆိုရင်တော့ ဆီးချိုရောဂါကို Bye Bye လုပ်လို့ရပြီနော်

#ကျန်းမာရေးဗဟုသုတ

Address

No 53, Mya Yahmone San Yeik Myaing Housing, South Dagon Township
Yangon
11431

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 17:00
Friday 09:00 - 18:00
Saturday 09:00 - 18:00

Telephone

+959440999558

Alerts

Be the first to know and let us send you an email when Precare posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram