Bangkok Hospital, Myanmar Representative, Sea Lion Medical Travel

  • Home
  • Myanmar
  • Yangon
  • Bangkok Hospital, Myanmar Representative, Sea Lion Medical Travel

Bangkok Hospital, Myanmar Representative, Sea Lion Medical Travel Sea Lion Medical Travel is one of the leading medical referral service providers in Myanmar.

We are exclusively representing Bangkok Hospital,
Bangkok Hospital Chiang Mai and BDMS Wellness Clinic of Bangkok Dusit Medical Services Public Company Ltd (BDMS) of Thailand, StemCells 21
Medical Center in Bangkok, Thailand and Medipolis Proton Therapy & Research Center in Ibusuki, Kagoshima, Japan. It is a subsidiary of Sea Lion Group, a leading comprehensive provider of healthcare, education, and industrial automation products, services, and
solutions in Myanmar that is partnered with over 50 renowned global and regional business organizations. Sea Lion entered the medical referral service business in 2002 with the introduction of medical tourism at Bangkok Hospital to Myanmar.

ဂေါက်(Gout) ရောဂါဝေဒနာရှင်များအတွက် - ယူရစ်အက်ဆစ် မတက်အောင် ဘယ်လိုစားမလဲ 🥗✨ဂေါက်(Gout) ရောဂါဆိုတာ သွေးထဲမှာ ယူရစ်အက်ဆစ် ...
05/12/2025

ဂေါက်(Gout) ရောဂါဝေဒနာရှင်များအတွက် - ယူရစ်အက်ဆစ် မတက်အောင် ဘယ်လိုစားမလဲ 🥗✨

ဂေါက်(Gout) ရောဂါဆိုတာ သွေးထဲမှာ ယူရစ်အက်ဆစ် (Uric Acid) များပြားလာခြင်းကြောင့် အဆစ်များအတွင်း အစိုင်အခဲများ (Crystals) ဖြစ်ပေါ်ကာ ပြင်းထန်စွာ နာကျင်ရောင်ရမ်းစေသော အဆစ်ရောင်နာ တစ်မျိုးဖြစ်ပါတယ်။ ဒီယူရစ်အက်ဆစ်ဟာ အစားအစာတွေမှာပါတဲ့ ပျူရင်း (Purine) ဓာတ် ပြိုကွဲရာကနေ ဖြစ်ပေါ်လာတာပါ။ ဒါကြောင့် ဂေါက်ရောဂါကို ထိန်းချုပ်ဖို့အတွက် မှန်ကန်တဲ့ အစားအစာ ရွေးချယ်မှုဟာ အလွန်အရေးကြီးပါတယ်။

မှန်ကန်စွာ စားသုံးခြင်းဖြင့် ယူရစ်အက်ဆစ်ကို လျှော့ချနိုင်ပြီး၊ ရောဂါလက္ခဏာတွေကို သက်သာစေကာ နောက်ဆက်တွဲပြဿနာတွေရဲ့ အန္တရာယ်ကို လျှော့ချနိုင်ပါတယ်။

🍎 ဂေါက်ရောဂါရှိသူများ စားသုံးသင့်သော အစားအစာများ (Purine နည်းပါးသော အစားအစာများ)

ဆန်၊ အာလူး၊ ပေါင်မုန့်ဖြူ၊ ကြက်ဥအကာ

သစ်အယ်သီး၊ သီဟိုဠ်စေ့၊ ဗာဒံစေ့

လက်ဖက်ရည်၊ ကော်ဖီ၊ အဆီထုတ်နို့

⚠️ သတိထား၍ စားသုံးသင့်သော အစားအစာများ (Purine အသင့်အတင့်ပါသော အစားအစာများ)

အုတ်ဂျုံ၊ ဖွဲနု၊ ရေခဲမုန့်

ဝက်သား၊ အမဲသား၊ ရေချိုငါးကြီး၊ ကြက်ဥအနှစ်

ဟင်းနုနွယ်၊ မျှစ်၊ ကညွတ်၊ မျောက်ငိုသီး၊ ပဲစိမ်း၊ ပန်းဂေါ်ဖီ၊ ဆူးပုတ်ရွက်

သစ်သီးဖျော်ရည်များ

🚫 လုံးဝရှောင်ကြဉ်သင့်သော အစားအစာများ (Purine အလွန်များသော အစားအစာများ)

အသည်း၊ နှလုံး၊ ကျောက်ကပ်၊ ဦးနှောက် စတဲ့ ကလီစာများ

ပင်လယ်စာများ၊ ပုစွန်၊ ဂဏန်း၊ ငါးပိ၊ အကြေးခွံမပါသော ငါးများ

အရက်နှင့် ဘီယာ အပါအဝင် အချိုရည်များ

ဒူးရင်းသီး၊ ထောပတ်သီး၊ မှိုများ၊ ပဲအမျိုးမျိုး (ပဲနက်၊ ပဲပုပ်)၊ သခွားသီး၊ ဗုံလုံသီး/ပဲလင်းမြွေသီး၊ ကင်းပုံသီး၊ ကျောက်ဖရုံနှင့်ရွှေဖရုံသီးအညွန့်များ

💡 ဂေါက်ရောဂါထိန်းချုပ်ရန်အတွက် အစားအသောက်ကို မှန်ကန်စွာ ရွေးချယ်ပါ၊ ကိုယ်အလေးချိန်ထိန်းပါ၊ ယူရစ်အက်ဆစ်ကို ပုံမှန်စစ်ဆေးပါ၊ ဆရာဝန်နှင့် အချိန်မှန်ပြသ၍ ကုသမှုကိုခံယူပါ။

ဂေါက်ရောဂါအတွက် ယုံကြည်စိတ်ချရသော Bangkok Hospital မှဆရာဝန်ကြီးများနှင့် ဆက်လက်တိုင်ပင်လိုပါက Sea Lion Medical Travel သို့ အခုပဲ ဆက်သွယ်လိုက်ပါ။ 💬
ပိုမိုကျန်းမာပျော်ရွှင်သော နေ့ရက်များအတွက် ကျွန်ုပ်တို့မှတာဝန်ယူဆောင်ရွက်ပေးပါရစေ..။ 🙏

ရှုပ်ထွေးသော ခွဲစိတ်ကုသမှုများအတွက် စိတ်ပူစရာ မလိုတော့ပါ🛡️ ခွဲစိတ်ကုသမှု ခံယူဖို့အတွက် စိတ်ပူပန်နေပါသလား။ဘန်ကောက်ဆေးရုံတ...
03/12/2025

ရှုပ်ထွေးသော ခွဲစိတ်ကုသမှုများအတွက် စိတ်ပူစရာ မလိုတော့ပါ🛡️

ခွဲစိတ်ကုသမှု ခံယူဖို့အတွက် စိတ်ပူပန်နေပါသလား။ဘန်ကောက်ဆေးရုံတွင် ရှုပ်ထွေးသော ခွဲစိတ်ကုသမှုများအားလုံးအတွက် သင့်အား စိတ်အေးချမ်းသာမှု အပြည့်အဝ ပေးနိုင်ရန် အသင့်ရှိနေပါပြီ။ ကျွန်ုပ်တို့သည် နယ်ပယ်အလိုက် အထူး လေ့ကျင့်သင်ကြားထားသည့် ကျွမ်းကျင်သော ခွဲစိတ်ဆရာဝန်များနှင့်အတူ ဝန်ဆောင်မှုပေးနေပါသည်။

ထို့အပြင်... ကုသမှုဆိုင်ရာဘက်ပေါင်းစုံ ပူးပေါင်းဆောင်ရွက်သော အဖွဲ့ (Multidisciplinary Team) ၏ ညှိနှိုင်းဆောင်ရွက်မှုဖြင့် ခေတ်မီနည်းပညာများကို အသုံးပြုကာ လူနာတစ်ဦးချင်းစီအတွက် အကောင်းဆုံးနှင့် စိတ်ချရသော ကုသမှုအစီအစဉ် ရေးဆွဲပေးပါသည်။

ဤသို့ဖြင့် လူနာများအား ရှုပ်ထွေးသော ရောဂါများမှ သက်သာရာရပြီး မိမိတို့ လိုချင်သော ဘဝပန်းတိုင်သို့ စိတ်အေးချမ်းသာစွာ ပြန်လည်ရောက်ရှိနိုင်စေရန် အာမခံပေးပါသည်။

🎁 ခွဲစိတ်ကုသမှု အထူး ပရိုမိုးရှင်း

✅ လူနာဆောင် အခန်းခ ၅၀% လျှော့စျေး

✅ အခမဲ့ - ခွဲစိတ်မှုမတိုင်မီ ဆေးစစ်ခြင်း (Medical Clearance) - တန်ဖိုး ၈,၀၀၀ ဘတ်။

ပရိုမိုးရှင်းကာလ: ၁၅ ဩဂုတ် ၂၀၂၅ မှ ၃၁ ဒီဇင်ဘာ ၂၀၂၅ အထိ

(စည်းကမ်းချက်များ- ဤပရိုမိုးရှင်းသည် အနည်းဆုံး တစ်ညတာ ဆေးရုံတက်ရန် လိုအပ်ပြီး အနည်းဆုံး ကုန်ကျစရိတ် ၁၀၀,၀၀၀ ဘတ် ရှိသော ခွဲစိတ်မှုများအတွက် အကျုံးဝင်ပါသည်)

📌 ခွဲစိတ်ကုသမှု packagesအကြောင်း ပိုမိုသိရှိလိုပါက - https://bkhos.co/5oyQnP

Bangkok Hospital ဆရာဝန်ကြီးများနှင့် ဆက်လက်တိုင်ပင်လိုပါက Sea Lion Medical Travel သို့ အခုပဲ ဆက်သွယ်လိုက်ပါ။ 💬



သွားမြစ်တုအစားထိုးကုသမှုဖြင့် သင့်ရဲ့ အပြုံးလေးကို အကောင်းဆုံး ပြန်လည်ရယူလိုက်ကြရအောင် ✨သွားကျိုးပဲ့ခြင်း၊ သွားဆုံးရှုံး...
30/11/2025

သွားမြစ်တုအစားထိုးကုသမှုဖြင့် သင့်ရဲ့ အပြုံးလေးကို အကောင်းဆုံး ပြန်လည်ရယူလိုက်ကြရအောင် ✨

သွားကျိုးပဲ့ခြင်း၊ သွားဆုံးရှုံးခြင်း၊ သွားပိုးစားခြင်း သို့မဟုတ် လျော့ရဲနေတဲ့ သွားများကြောင့် သင့်အပြုံးလှလှလေးတွေကို ဝှက်ထားနေရပြီလား? သွားအစားထိုးကုသမှု (Dental Implant) က သင့်ရဲ့ယုံကြည်မှုကို ပြန်လည်ရရှိစေမယ့် အကောင်းဆုံးသော နည်းလမ်းပါ။

Dental Implant 🦷 ဆိုတာ နိုင်ငံတကာမှာခေတ်စားလာတဲ့ သွားအစားထိုးနည်းလမ်းတစ်ခုဖြစ်ပြီး၊ သွားဖုံးရိုးထဲသို့ Titanium သတ္ထုဖြင့်ပြုလုပ်ထားသည့် အမြစ်တုကို စိုက်ပြီး အပေါ်မှကြွေသွား စိုက်တဲ့ သွားအသေစိုက်နည်း တစ်မျိုးဖြစ်ပါတယ်။

💎 Implant ရွေးချယ်ခြင်းရဲ့ အဓိက အားသာချက်တွေက -
✔️ ရုပ်ပိုင်းဆိုင်ရာ အလှအပအတွက်သာမက အစာဝါးစားတဲ့ ခံစားမှုမှာပါ သွားအစစ်နီးပါးအတိုင်းတူညီပြီး သက်တောင့်သက်သာရှိစေပါတယ်။
✔️ ထို့အပြင် သွားဖုံးရိုးနိမ့်ကျခြင်းကို ကာကွယ်ပေးခြင်း၊ ဘေးမှသွားများရဲ့ အကူအညီမလိုဘဲ တစ်ချောင်းတည်းရပ်တည်နိုင်ခြင်း၊ မေးရိုးနှင့် ခိုင်မာစွာပေါင်းစပ်ထားသဖြင့် ရေရှည်ခိုင်မာပြီး ဂရုတစိုက်အသုံးပြုမယ်ဆိုရင် နှစ်ပေါင်းများစွာ ခံနိုင်ခြင်းစတဲ့ ကောင်းကျိုးတွေ ရရှိနိုင်ပါတယ်။

ပိုမိုသိရှိလိုပါက: 👉 https://bkhos.co/aNQYFr

Bangkok Hospital မှ ဆရာဝန်ကြီးများနှင့် ဆက်လက်တိုင်ပင်လိုပါက Sea Lion Medical Travel သို့ အခုပဲ ဆက်သွယ်လိုက်ပါ။ 💬
😁 သင့်ရဲ့ ယုံကြည်မှုအပြည့်နဲ့ အပြုံးလှလှလေးကို ယနေ့ပဲ ပြန်လည်ရယူလိုက်ပါ!



🎗️ ကုသမှုထက် နက်ရှိုင်းသာလွန်သော ကျွန်ုပ်တို့၏စောင့်ရှောက်မှု 🎗️ ကင်ဆာဝေဒနာရှင်များ ရောဂါကုသပျောက်ကင်းသည့်တိုင်အောင် ကျွ...
28/11/2025

🎗️ ကုသမှုထက် နက်ရှိုင်းသာလွန်သော ကျွန်ုပ်တို့၏စောင့်ရှောက်မှု 🎗️
ကင်ဆာဝေဒနာရှင်များ ရောဂါကုသပျောက်ကင်းသည့်တိုင်အောင် ကျွန်ုပ်တို့၏ စောင့်ရှောက်မှုမှာ ရပ်တန့်မသွားဘဲ ဘဝခရီးတလျောက် ခွန်အားပေးပြီး အတူရှိနေမှာ ဖြစ်ပါတယ်။

🎗ဘန်ကောက်ကင်ဆာဆေးရုံကြီးတွင် ကျွန်ုပ်တို့၏ စောင့်ရှောက်မှုသည် ရောဂါကုသမှုသက်သက်မဟုတ်ဘဲ ကြိုတင်ကာကွယ်ခြင်း၊ စောစီးစွာ ရှာဖွေတွေ့ရှိခြင်းမှသည် ကုသပြီးသည့်အချိန်အထိ လူနာ၊ လူနာရှင်များနှင့်အတူ ရပ်တည်ပြီး ခန္ဓာကိုယ်နှင့် စိတ်ပိုင်းဆိုင်ရာ၊ လူမှုရေးဆိုင်ရာ အစရှိသည့် ဘက်စုံ ကင်ဆာစောင့်ရှောက်မှု (Total Cancer Care) ဖြင့် အပြည့်အဝ ပံ့ပိုးပေးလျက်ရှိပါတယ်။
🎗လူနာများ၊ မိသားစုများနှင့် လူမှုအသိုင်းအဝိုင်းအားလုံး ကျန်းမာရေးနှင့် မျှော်လင့်ချက်များ ရှင်သန်စေရေးမှာ ကျွန်ုပ်တို့၏ ပန်းတိုင်ဖြစ်ပါတယ်။

ဘန်ကောက်ဆေးရုံကြီး၏ အထူးကုဆရာဝန်ကြီးများနှင့် တိုင်ပင်လိုပါက Sea Lion Medical Travel သို့ အခုပဲ ဆက်သွယ်လိုက်ပါ။ 💬
ပိုမိုကျန်းမာပျော်ရွှင်သော နေ့ရက်များအတွက် ကျွန်ုပ်တို့မှ တာဝန်ယူဆောင်ရွက်ပေးပါရစေ ... 🙏





သင့်နှလုံးကိုစောစီးစွာကာကွယ်ပါ - Heart Function Scan (ECHO) ဖြင့် နှလုံးစွမ်းဆောင်ရည်ကို ကြိုတင်စစ်ဆေးပါ! ❤️လွန်ကဲစွာအလု...
27/11/2025

သင့်နှလုံးကိုစောစီးစွာကာကွယ်ပါ - Heart Function Scan (ECHO) ဖြင့် နှလုံးစွမ်းဆောင်ရည်ကို ကြိုတင်စစ်ဆေးပါ! ❤️

လွန်ကဲစွာအလုပ်ကြိုးစားမှုနဲ့ ပါတီပွဲများဖြင့် ပြည့်နေသော လူနေမှုပုံစံဟာ စိတ်လှုပ်ရှားစရာကောင်းသလောက်... သင့်ရဲ့ နှလုံးကျန်းမာရေးကို တိတ်တဆိတ် ထိခိုက်စေနိုင်တယ်ဆိုတာ သိပါသလား? 😥

ယနေ့ခေတ်ရဲ့ ဖိအားများတဲ့ ဘဝပုံစံကြောင့် သင့်ရဲ့ အလုပ်ကြိုးစားတဲ့ နှလုံးဟာ မသိလိုက်ဘဲ ထိခိုက်မှုတွေ ဖြစ်နေနိုင်ပါတယ်။ မိသားစုနဲ့ ဘဝအတွက် တာဝန်တွေကို အကောင်းဆုံး ထမ်းဆောင်နိုင်ဖို့ သင့်ရဲ့ "နှလုံး" လေးကို ဂရုစိုက်ဖို့ အချိန်တန်ပါပြီ။

Echocardiogram ဆိုတာ နှလုံးရဲ့ အသေးစိတ် ရွေ့လျားနေသော ပုံရိပ်များကို ဖော်ပြရန် အသံလှိုင်း (ultrasound) နည်းပညာကို အသုံးပြု၍ စစ်ဆေးခြင်းဖြစ်ပါတယ်။ ECHO က နှလုံးရဲ့ ညှစ်အား၊ အဆို့ရှင်လုပ်ဆောင်ချက် နှင့် သွေးစီးဆင်းမှု ဆိုင်ရာ အသေးစိတ်အချက်အလက်များကို မြင်သာစေပြီး၊ ပုံမှန်မဟုတ်သည့်နေရာကို စောစီးစွာသိရှိကာ ကုသမှုကို အချိန်မီစတင်နိုင်ရန် အထောက်အကူပြုပါတယ်။

Echocardiogram စစ်ဆေးမှု ပက်ကေ့ချ်အတွက် ဤနေရာကို နှိပ်ပါ:👉 https://bkhos.co/4giWFL





The Spectrum Of Infinite Care ဆွေးနွေးပွဲမှ သက်ကြီးပိုင်းကျန်းမာရေးစောင့်ရှောက်မှု အထူးကုဆရာဝန်ကြီး Dr. Pannida Wattanap...
26/11/2025

The Spectrum Of Infinite Care ဆွေးနွေးပွဲမှ သက်ကြီးပိုင်းကျန်းမာရေးစောင့်ရှောက်မှု အထူးကုဆရာဝန်ကြီး Dr. Pannida Wattanapanom ၏ အဖိုးတန်ကျန်းမာရေးဗဟုသုတများ ပြန်လည်မျှဝေခြင်း! 💡

၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက် (တနင်္ဂနွေနေ့) က MELIÁ Yangon Hotel တွင် Bangkok Hospital နှင့် Sea Lion Medical Travel တို့ ပူးပေါင်းကျင်းပခဲ့သော The Spectrum Of Infinite Care - From Pediatrics to Geriatrics ဆွေးနွေးပွဲကြီးတွင် သက်ကြီးပိုင်းကျန်းမာရေးစောင့်ရှောက်မှု အထူးကုဆရာဝန်ကြီး Dr. Pannida Wattanapanom မျှဝေခဲ့သော ဖိုးဖိုးဖွားဖွားအရွယ်အတွက် ကျန်းမာရေးစောင့်ရှောက်မှု ဗဟုသုတများကို မိသားစုဝင်များအားလုံး သိရှိနိုင်စေရန် ပြန်လည်မျှဝေပေးလိုက်ပါတယ်။ 🎯

အဆိုပါအခမ်းအနားသို့ မတက်ရောက်ဖြစ်သော မိသားစုဝင်များနှင့် ဆရာဝန်ကြီး၏ ကျန်းမာရေးဆွေးနွေးမှုအကြောင်းအရာများကို ပြန်လည်နားထောင် လိုသော မိသားစုဝင်များအတွက် ဤမျှဝေချက်လေးက အထောက်အကူဖြစ်စေမယ်လို့ မျှော်လင့်ပါတယ်။ 🤗

ဆွေးနွေးပွဲ ဗီဒီယို အပြည့်အစုံကို အောက်ပါ YouTube Link မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါပြီ 👇
https://youtu.be/_E5ZTMyroq0?si=5M-tQs_t47Yq1x0v

💁 Bangkok Hospital ဆရာဝန်ကြီးများနှင့် ဆက်လက်တိုင်ပင်လိုပါက Sea Lion Medical Travel သို့ အခုပဲ ဆက်သွယ်လိုက်ပါ။ 💬
🧡 ပို၍ကျန်းမာလှပသောနေ့ရက်များကို အတူဖန်တီးကြရအောင်။ ကျွန်ုပ်တို့၏ စောင့်ရှောက်မှုအပေါ် ယုံကြည်မှုအတွက် ကျေးဇူးတင်ရှိပါသည်။ 🙏

The Spectrum Of Infinite Care ဆွေးနွေးပွဲမှ သက်ကြီးပိုင်းကျန်းမာရေးစောင့်ရှောက်မှု အထူးကုဆရာဝန်ကြီး Dr. Pannida Wattanapanom ၏ အဖိုးတန်ကျန်....

📢 ဘန်ကောက်ဆေးရုံကြီး မန္တလေးရုံးကို ပြန်လည်ရွှေ့ပြောင်းခြင်း 🏥✨လေးစားအပ်ပါသော လူကြီးမင်းများ၊ မိတ်ဆွေများနှင့် မိသားစုဝင...
25/11/2025

📢 ဘန်ကောက်ဆေးရုံကြီး မန္တလေးရုံးကို ပြန်လည်ရွှေ့ပြောင်းခြင်း 🏥✨

လေးစားအပ်ပါသော လူကြီးမင်းများ၊ မိတ်ဆွေများနှင့် မိသားစုဝင်များအားလုံး မင်္ဂလာပါရှင်။

ဘန်ကောက်ဆေးရုံကြီး မန္တလေးရုံးကို ယာယီရွှေ့ပြောင်းထားသော ၇၆ လမ်း (၂၇ လမ်းနှင့် ၂၈ လမ်းကြား)မှ အောက်ဖော်ပြပါ မူလ ရုံးနေရာတွင် ပြန်လည်ဖွင့်လှစ်ပြီး ပိတ်ရက်မရှိ ဝန်ဆောင်မှုပေးလျက်ရှိပါတယ်။

🏥 အမှတ် ၂၁၊ ၇၃ လမ်း၊
၂၆လမ်းနှင့်၂၇လမ်းကြား၊
ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့။
ဖုန်း 09 79 790 6666

⏱ ဝန်ဆောင်မှုအချိန် - နံနက် ၉ နာရီမှ ညနေ ၅ နာရီ

မိတ်ဆွေတို့ရဲ့ ကျန်းမာရေး လိုအပ်ချက်များကို အကောင်းဆုံး ဝန်ဆောင်မှုများဖြင့် ဆက်လက်ဖြည့်ဆည်းပေးသွားမှာ ဖြစ်ပါတယ်။

💌 ပို၍ကျန်းမာလှပသောနေ့ရက်များကိုရရှိပိုင်ဆိုင်စေရန်အတွက် ကျွန်ုပ်တို့မှတာဝန်ယူဆောင်ရွက်ပေးပါရစေ...💌

🍀 YouTube Channel Link: https://www.youtube.com/

စဉ်ဆက်မပြတ်ကျန်းမာရေးအသိပညာဗဟုသုတများနှင့်ဝန်ဆောင်မှုများကို သိရှိနိုင်ရန်အတွက် ကျွန်ုပ်တို့၏ Viber Community Channel ကိုအောက်ပါ link မှတစ်ဆင့်အလွယ်တကူ Joinထားနိုင်ပါပြီ။📣📣
https://f73j.short.gy/SeaLionViber


🌟✨ ဘန်ကောက်ဆေးရုံကြီး၏ Mega Care Mega Sales Season 3 အထူးပရိုမိုးရှင်း!🌟✨ကျန်းမာရေးစစ်ဆေးမှုများကို ပုံမှန်ပြုလုပ်ခြင်းဖ...
23/11/2025

🌟✨ ဘန်ကောက်ဆေးရုံကြီး၏ Mega Care Mega Sales Season 3 အထူးပရိုမိုးရှင်း!🌟✨

ကျန်းမာရေးစစ်ဆေးမှုများကို ပုံမှန်ပြုလုပ်ခြင်းဖြင့် ရောဂါအန္တရာယ်များကို ကြိုတင်သိရှိနိုင်ပြီး အချိန်မီ ကာကွယ်ကုသနိုင်ပါတယ်။ လူတိုင်းအတွက် အရေးကြီးဆုံးသော ကျန်းမာရေးစစ်ဆေးခြင်းအတွက် ကူပွန်များကို အထူးနှုန်းထားများဖြင့် ရယူနိုင်ပါပြီ! 🎁

ယခု အစီအစဉ်တွင်...
✔️ ခန္ဓာကိုယ်တစ်ခုလုံးအသေးစိတ်ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် ကျွန်ုပ်တို့၏အတွေ့အကြုံများစွာရှိ‌သော အထူးကုဆရာဝန်ကြီးများနှင့် ကျွမ်းကျင်ပညာရှင်များက သင့်ကျန်းမာရေးစစ်ဆေးမှုရလဒ်များကို အသေးစိတ်သုံးသပ်ဆွေးနွေးပေးပြီး ကျန်းမာသောအနာဂတ်အတွက် သင့်လျော်သောနေထိုင်မှုပုံစံများကို အကောင်းဆုံးကူညီ‌တိုင်ပင်နိုင်မှာဖြစ်ပါတယ်။

✔️ Gastro-Colonoscopic Examination (အစာအိမ်နှင့် အူလမ်းကြောင်း မှန်ပြောင်းကြည့်ခြင်း စစ်ဆေးမှု) ကိုလဲ အထူးစျေးနှုန်း ဖြင့် စစ်ဆေးနိုင်ပြီး အခမဲ့လက်ဆောင် အဖြစ် Synpro 15 Probiotic အာဟာရဖြည့်စွက်ဆေး တစ်လစာ ကိုလည်း ရယူလိုက်ပါ။

"Healthy Gut, Happy You" ဆိုတဲ့အတိုင်း အစာအိမ်နဲ့ အူလမ်းကြောင်း ကျန်းမာမှုက သင့်ရဲ့ပျော်ရွှင်မှုရဲ့ လျှို့ဝှက်ချက်ဖြစ်တာကြောင့် သင့်ရဲ့ အစာအိမ်နဲ့ အူလမ်းကြောင်းကို ဂရုစိုက်ပြီး ပိုမိုပျော်ရွှင်၍ ကျန်းမာပျော်ရွှင်သောဘဝကို ပိုင်ဆိုင်လိုက်ပါ။ 🧘‍♀️😊💖

ကျန်းမာရေးစစ်ဆေးခြင်း ကူပွန်များနှင့် အစာအိမ်နဲ့ အူလမ်းကြောင်း မှန်ပြောင်းကြည့်ခြင်း ကူပွန်များကို နိူဝင်ဘာလ (၂၂) ရက်မှ ဒီဇင်ဘာလ (၇) ရက်အထိ အထူးနှူန်းဖြင့်ဝယ်ယူနိုင်ပြီး နိူဝင်ဘာလ (၂၂) ရက် ၂၀၂၅ ခုနှစ်မှ မတ်လ (၃၁) ရက် ၂၀၂၆ ခုနှစ်အတွင်း ဘန်ကောက်ဆေးရုံကြီးတွင် စစ်ဆေးနိုင်ပါသည်။

💌 ပို၍ကျန်းမာလှပသောနေ့ရက်များကို ရရှိပိုင်ဆိုင်စေရန်အတွက် ကျွန်ုပ်တို့မှ တာဝန်ယူဆောင်ရွက်ပေးပါရစေ။ 💌


The Spectrum Of Infinite Care ဆွေးနွေးပွဲမှ အစာအိမ်၊ အူလမ်းကြောင်းနှင့် သည်းခြေလမ်းကြောင်းကို အဆင့်မြင့်မှန်ပြောင်းဖြင့်...
22/11/2025

The Spectrum Of Infinite Care ဆွေးနွေးပွဲမှ အစာအိမ်၊ အူလမ်းကြောင်းနှင့် သည်းခြေလမ်းကြောင်းကို အဆင့်မြင့်မှန်ပြောင်းဖြင့် ကုသမှုဆိုင်ရာ အထူးကုဆရာဝန်ကြီး Dr. Issaree Laopeamthong ၏ အဖိုးတန်ကျန်းမာရေးဗဟုသုတများ ပြန်လည်မျှဝေခြင်း! 💡

၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက် (တနင်္ဂနွေနေ့) က MELIÁ Yangon Hotel တွင် Bangkok Hospital နှင့် Sea Lion Medical Travel တို့ ပူးပေါင်းကျင်းပခဲ့သော The Spectrum Of Infinite Care - From Pediatrics to Geriatrics ဆွေးနွေးပွဲကြီးတွင် အစာအိမ်၊ အူလမ်းကြောင်းနှင့် သည်းခြေလမ်းကြောင်းကို အဆင့်မြင့်မှန်ပြောင်းဖြင့် ကုသမှုဆိုင်ရာ အထူးကုဆရာဝန်ကြီး Dr. Issaree Laopeamthong မျှဝေခဲ့သော အစာအိမ်နှင့်အူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု ဗဟုသုတများကို မိသားစုဝင်များအားလုံး သိရှိနိုင်စေရန် ပြန်လည်မျှဝေပေးလိုက်ပါတယ်။ 🎯

အဆိုပါအခမ်းအနားသို့ မတက်ရောက်ဖြစ်သော မိသားစုဝင်များနှင့် ဆရာဝန်ကြီး၏ ကျန်းမာရေးဆွေးနွေးမှုအကြောင်းအရာများကို ပြန်လည်နားထောင် လိုသော မိသားစုဝင်များအတွက် ဤမျှဝေချက်လေးက အထောက်အကူဖြစ်စေမယ်လို့ မျှော်လင့်ပါတယ်။ 🤗

ဆွေးနွေးပွဲ ဗီဒီယို အပြည့်အစုံကို အောက်ပါ YouTube Link မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါပြီ 👇
https://youtu.be/FfNvjunT7SU?si=ca6Db2L76O2-pP6d

💁 Bangkok Hospital ဆရာဝန်ကြီးများနှင့် ဆက်လက်တိုင်ပင်လိုပါက Sea Lion Medical Travel သို့ အခုပဲ ဆက်သွယ်လိုက်ပါ။ 💬
🧡 ပို၍ကျန်းမာလှပသောနေ့ရက်များကို အတူဖန်တီးကြရအောင်။ ကျွန်ုပ်တို့၏ စောင့်ရှောက်မှုအပေါ် ယုံကြည်မှုအတွက် ကျေးဇူးတင်ရှိပါသည်။ 🙏

The Spectrum Of Infinite Care ဆွေးနွေးပွဲမှ အစာအိမ်၊ အူလမ်းကြောင်းနှင့် သည်းခြေလမ်းကြောင်းကို အဆင့်မြင့်မှန်ပြောင်းဖြင့် ကု....

ကောင်းမွန်သော ကျန်းမာရေးသည် အောင်မြင်မှု၏ အဓိကသော့ချက်ဖြစ်ပါသည်။ 💼✨စီးပွားရေးခေါင်းဆောင်များနှင့် အလုပ်အမှုဆောင်များအတွက...
21/11/2025

ကောင်းမွန်သော ကျန်းမာရေးသည် အောင်မြင်မှု၏ အဓိကသော့ချက်ဖြစ်ပါသည်။ 💼✨

စီးပွားရေးခေါင်းဆောင်များနှင့် အလုပ်အမှုဆောင်များအတွက် အောင်မြင်မှုခရီးကို ကျန်းမာပျော်ရွှင်စွာ လျှောက်လှမ်းနိုင်ဖို့ အထူးရည်ရွယ်ပြီး ဘန်ကောက်ဆေးရုံမှ အပြည့်စုံဆုံးသော ကျန်းမာရေးစစ်ဆေးမှု အစီအစဉ်တစ်ခုအဖြစ် သီးသန့်ဒီဇိုင်းထုတ်ထားသော CEO ကျန်းမာရေးစစ်ဆေးခြင်း အစီအစဉ်များကိုမိတ်ဆက်လိုက်ပါပြီ။

✨ ဤအစီအစဉ်တွင် ဆေးဘက်ဆိုင်ရာ နယ်ပယ်အမျိုးမျိုးမှ ကျွမ်းကျင်ဆရာဝန်များ ပါဝင်သော အဖွဲ့မှ သင်နှစ်သက်မြတ်နိုးရသော ဘဝကို ယုံကြည်စိတ်ချစွာ ဖြတ်သန်းနိုင်စေရန် နက်ရှိုင်းသော ကျန်းမာရေးစစ်ဆေးမှုများနှင့် စုံလင်သော စောင့်ရှောက်မှုများကို ထည့်သွင်းထားပါသည်။

သင့်အတွက် အထူးစောင့်ရှောက်မှုများဖြစ်သည့် -
✔ ကျွမ်းကျင်ဆရာဝန်များမှ အနီးကပ် တိုင်ပင်ဆွေးနွေးပေးခြင်း။
✔ VIP ကျန်းမာရေးစောင့်ရှောက်စစ်ဆေးမှု အကူအညီပေးခြင်း။
✔ သီးသန့် နားနေခန်း - B Beyond Lounge တွင် အနားယူနိုင်ခြင်း။

💎 CEO Check-up Programs

👨 အမျိုးသားများအတွက် စစ်ဆေးမှုအမျိုးအစား 71 မျိုးပါဝင်သော CEO ပရိုဂရမ်
👩 အမျိုးသမီးများအတွက် စစ်ဆေးမှုအမျိုးအစား 74 မျိုးပါဝင်သော CEO ပရိုဂရမ်

သင်ဟာ အထူးခြားဆုံးနဲ့ အရေးပါဆုံးပုဂ္ဂိုလ်ဖြစ်တာကြောင့် ယခုလို ထူးခြားတဲ့ အထူးအစီအစဉ်များနှင့် စောင့်ရှောက်မှုမျိုးဖြင့် သင့်ရဲ့ အောင်မြင်မှုခရီးကို ယုံကြည်ချက်အပြည့်နဲ့ ဆက်လက်လျှောက်လှမ်းနိုင်စေဖို့ ရည်ရွယ်ပါတယ်။

ပက်ကေ့ချ် အသေးစိတ်ကို ပိုမိုသိရှိလိုပါက:
👉 https://www.bangkokhospital.com/.../ceo-check-up-programs

Bangkok Hospital ဆရာဝန်ကြီးများနှင့် ဆက်လက်တိုင်ပင်လိုပါက Sea Lion Medical Travel သို့ အခုပဲ ဆက်သွယ်လိုက်ပါ။ 💬
💼 သင့်ရဲ့ အဖိုးတန်ဆုံးရင်းနှီးမြှုပ်နှံမှုကို ယနေ့ပဲ စတင်လိုက်ပါ!

The Spectrum Of Infinite Care ဆွေးနွေးပွဲမှ ကလေးအထူးကုဆရာဝန်ကြီး Dr. Thianchai Bunnalai ၏ အဖိုးတန်ကျန်းမာရေးဗဟုသုတများ ပ...
20/11/2025

The Spectrum Of Infinite Care ဆွေးနွေးပွဲမှ ကလေးအထူးကုဆရာဝန်ကြီး Dr. Thianchai Bunnalai ၏ အဖိုးတန်ကျန်းမာရေးဗဟုသုတများ ပြန်လည်မျှဝေခြင်း! 💡

၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက် (တနင်္ဂနွေနေ့) က MELIÁ Yangon Hotel တွင် Bangkok Hospital နှင့် Sea Lion Medical Travel တို့ ပူးပေါင်းကျင်းပခဲ့သော The Spectrum Of Infinite Care - From Pediatrics to Geriatrics ဆွေးနွေးပွဲကြီးတွင် ကလေးအထူးကုဆရာဝန်ကြီး Dr. Thianchai Bunnalai မျှဝေခဲ့သော ကလေးငယ်နှင့် ဆယ်ကျော်သက်အရွယ်များအတွက် လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ဗဟုသုတများကို မိသားစုဝင်များအားလုံး သိရှိနိုင်စေရန် ပြန်လည်မျှဝေပေးလိုက်ပါတယ်။ 🎯

အဆိုပါအခမ်းအနားသို့ မတက်ရောက်ဖြစ်သော မိသားစုဝင်များနှင့် ဆရာဝန်ကြီး၏ ကျန်းမာရေးဆွေးနွေးမှုအကြောင်းအရာများကို ပြန်လည်နားထောင် လိုသော မိသားစုဝင်များအတွက် ဤမျှဝေချက်လေးက အထောက်အကူဖြစ်စေမယ်လို့ မျှော်လင့်ပါတယ်။ 🤗

ဆွေးနွေးပွဲ ဗီဒီယို အပြည့်အစုံကို အောက်ပါ YouTube Link မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါပြီ 👇
https://youtu.be/qUmAjvI3D38?si=OpgQ_sjL3oIBG27F

💁 Bangkok Hospital ဆရာဝန်ကြီးများနှင့် ဆက်လက်တိုင်ပင်လိုပါက Sea Lion Medical Travel သို့ အခုပဲ ဆက်သွယ်လိုက်ပါ။ 💬
🧡 ပို၍ကျန်းမာလှပသောနေ့ရက်များကို အတူဖန်တီးကြရအောင်။ ကျွန်ုပ်တို့၏ စောင့်ရှောက်မှုအပေါ် ယုံကြည်မှုအတွက် ကျေးဇူးတင်ရှိပါသည်။ 🙏

The Spectrum Of Infinite Care ဆွေးနွေးပွဲမှ ကလေးအထူးကုဆရာဝန်ကြီး Dr. Thianchai Bunnalai ၏ အဖိုးတန်ကျန်းမာရေးဗဟုသုတများ ပြန်လည်မျှဝေခြင်း! ၂....

ကျွမ်းကျင်သော ဆရာဝန်များနှင့် ခေတ်မီနည်းပညာဖြင့် ရှုပ်ထွေးသည့် ခွဲစိတ်ကုသမှုကို 🤖စက်ရုပ်နည်းပညာ၏ အကူအညီဖြင့် ယုံကြည်စိတ်...
18/11/2025

ကျွမ်းကျင်သော ဆရာဝန်များနှင့် ခေတ်မီနည်းပညာဖြင့် ရှုပ်ထွေးသည့် ခွဲစိတ်ကုသမှုကို 🤖စက်ရုပ်နည်းပညာ၏ အကူအညီဖြင့် ယုံကြည်စိတ်ချရသော ကုသမှုကို စိတ်ချလက်ချ ခံယူပါ။

🏆၂၀၂၃-၂၀၂၅ ခုနှစ်အတွင်း Da Vinci Xi စက်ရုပ်နည်းပညာဖြင့်ခွဲစိတ်ကုသမှု လူနာ ၇၀၀ ကျော်အား အောင်မြင်စွာ ခွဲစိတ်ကုသပြီးခြင်း
🏆စက်ရုပ်လက်တံများသည် လှုပ်ရှားမှုပိုမိုလွတ်လပ်ပြီး ခွဲစိတ်ရခက်ခဲသော နေရာများသို့ ပိုမိုဝင်ရောက်နိုင်ခြင်း
🏆ခွဲစိတ်ပြီးနောက် ဆိုးကျိုးများကို လျှော့ချပေးပြီး မြန်မြန်ဆန်ဆန် ပြန်လည်နာလန်ထူနိုင်ခြင်း

📌Surgery Master Campaign အကြောင်း ပိုမိုသိရှိလိုပါက - https://bkhos.co/gFjOUn

✅အခမဲ့! ခွဲစိတ်မှုမတိုင်မီ ဆေးစစ်ခြင်း (တန်ဖိုး ၈,၀၀၀ ဘတ်)
✅သတ်မှတ်ထားသော ခွဲစိတ်ကုသမှုအထုပ်များအတွက် ဆေးရုံအခန်းခ ၅၀% လျှော့ချခြင်း

ပရိုမိုးရှင်းကာလ - ၁၅ ဩဂုတ် ၂၀၂၄ မှ ၃၁ ဒီဇင်ဘာ ၂၀၂၅ အထိ

Da Vinci Xi စက်ရုပ်နည်းပညာဖြင့်ခွဲစိတ်ကုသမှုအကြောင်း ပိုမိုသိရှိလိုပါက - https://bkhos.co/5hiJ45

ဘန်ကောက်ဆေးရုံကြီးရှိ အထူးကုဆရာဝန်ကြီးများနှင့် တိုင်ပင်လိုပါက Sea Lion Medical Travel သို့ အခုပဲ ဆက်သွယ်လိုက်ပါ။ 💬

Address

#181, Bo Myat Tun Street, Botahtaung Township
Yangon
11161

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+9595106666

Website

Alerts

Be the first to know and let us send you an email when Bangkok Hospital, Myanmar Representative, Sea Lion Medical Travel posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Bangkok Hospital, Myanmar Representative, Sea Lion Medical Travel:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Our Story

Sea Lion Medical Referral Centre is one of the leading medical referral service providers in Myanmar, exclusively representing Bangkok Hospital, Bangkok Hospital Chiang Mai and BDMS Wellness Clinic of Bangkok Dusit Medical Services Public Company Ltd (BDMS) of Thailand, StemCells 21 Medical Center in Bangkok, Thailand and Medipolis Proton Therapy & Research Center in Ibusuki, Kagoshima, Japan.

It is a subsidiary of Sea Lion Group, a leading comprehensive provider of healthcare, education, and industrial automation products, services, and solutions in Myanmar that is partnered with over 50 renowned global and regional business organizations.

Sea Lion entered the medical referral service business in 2002 with the introduction of medical tourism at Bangkok Hospital to Myanmar.