Bangkok Hospital, Myanmar Representative, Sea Lion Medical Travel

  • Home
  • Myanmar
  • Yangon
  • Bangkok Hospital, Myanmar Representative, Sea Lion Medical Travel

Bangkok Hospital, Myanmar Representative, Sea Lion Medical Travel Sea Lion Medical Travel is one of the leading medical referral service providers in Myanmar.

We are exclusively representing Bangkok Hospital,
Bangkok Hospital Chiang Mai and BDMS Wellness Clinic of Bangkok Dusit Medical Services Public Company Ltd (BDMS) of Thailand, StemCells 21
Medical Center in Bangkok, Thailand and Medipolis Proton Therapy & Research Center in Ibusuki, Kagoshima, Japan. It is a subsidiary of Sea Lion Group, a leading comprehensive provider of healthcare, education, and industrial automation products, services, and
solutions in Myanmar that is partnered with over 50 renowned global and regional business organizations. Sea Lion entered the medical referral service business in 2002 with the introduction of medical tourism at Bangkok Hospital to Myanmar.

💪 ပြောင်းလဲဖို့ ရွေးချယ်လိုက်ပါ - အဝလွန်ခြင်းကြောင့် ဇီဝကမ္မဖြစ်စဥ် မူမမှန်သောရောဂါစု (Metabolic Syndrome) ဆိုတာ ကြိုတင်...
15/02/2026

💪 ပြောင်းလဲဖို့ ရွေးချယ်လိုက်ပါ - အဝလွန်ခြင်းကြောင့် ဇီဝကမ္မဖြစ်စဥ် မူမမှန်သောရောဂါစု (Metabolic Syndrome) ဆိုတာ ကြိုတင်ကာကွယ်လို့ရတဲ့ ကျန်းမာရေးပြဿနာတစ်ခုပါ

အဝလွန်ခြင်းကြောင့် ဇီဝကမ္မဖြစ်စဥ် မူမမှန်သောရောဂါစု (Metabolic Syndrome) ဆိုတာ သင့်ကို နှလုံးရောဂါ၊ လေဖြတ်ခြင်းနဲ့ ဆီးချိုရောဂါ ဖြစ်နိုင်ခြေ အလွန်မြင့်မားစေတဲ့ ကျန်းမာရေးအခြေအနေတွေ စုပေါင်းနေတာကို ခေါ်တာပါ။ အောက်ပါ လက္ခဏာတွေထဲက တစ်ခုထက်မက ခံစားနေရပြီဆိုရင် သတိပြုဖို့ လိုအပ်နေပါပြီ -

⚠️ ဝမ်းဗိုက်ပိုင်း အဆီဖုံးခြင်း (ဗိုက်ပူခြင်း)
⚠️ သွေးတိုးခြင်း
⚠️ သွေးတွင်း အဆီဓာတ် များပြားခြင်း
⚠️ သွေးတွင်း သကြားဓာတ် မြင့်မားခြင်း

အသက်အရွယ်၊ မျိုးရိုးဗီဇနဲ့ စိတ်ဖိစီးမှုတွေက အခန်းကဏ္ဍတစ်ခုမှာ ရှိနေပေမဲ့ အဓိက အကြောင်းရင်းကတော့ ကိုယ်လက်လှုပ်ရှားမှု နည်းပါးတာနဲ့ အသင့်စားအစားအစာတွေ၊ ကယ်လိုရီများတာတွေ စားသုံးတာအပြင် အရက်အလွန်အကျွံ သောက်သုံးတာတွေကြောင့် ဖြစ်ပါတယ်။

ဒါပေမဲ့ သတင်းကောင်းတစ်ခုကတော့... သင်ကိုယ်တိုင် အပြောင်းအလဲကို ရွေးချယ်နိုင်တာပါပဲ။

ကျန်းမာတဲ့ နေထိုင်မှုပုံစံကို ပြောင်းလဲကျင့်သုံးပြီး ပုံမှန်ကျန်းမာရေး စစ်ဆေးမှုတွေ ပြုလုပ်ခြင်းအားဖြင့် ဒီရောဂါစုတွေ မဖြစ်ပွားခင်မှာ သင့်ကျန်းမာရေးကို စိတ်ကြိုက်ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။

💚 ပိုမိုကောင်းမွန်တဲ့ ကျန်းမာရေး ခရီးစဉ်ကို ဒီနေ့ပဲ စတင်လိုက်ပါ

📋 ကျန်းမာရေးစစ်ဆေးမှု အစီအစဉ် - https://bkhos.co/RjuV9L
ℹ️ Metabolic Syndrome အကြောင်း ပိုမိုလေ့လာရန် - https://bkhos.co/VCAznp

သွေးတိုး၊ ကိုလက်စထရော၊ သွေးတွင်းသကြားဓာတ် ပြဿနာရှိနေပြီလား။
အခုပဲ စတင်လုပ်ဆောင်ပါ – သင့်ကျန်းမာရေးဟာ သင့်ရဲ့လက်ထဲမှာပါ။

Bangkok Hospital မှ ဆရာဝန်ကြီးများနှင့် ဆက်လက်တိုင်ပင်လိုပါက Sea Lion Medical Travel သို့ အခုပဲ ဆက်သွယ်လိုက်ပါ။ 💬
ယနေ့ကစပြီး ပိုမိုကောင်းမွန်တဲ့ ကျန်းမာရေး ခရီးစဉ်ကိုစတင်နိုင်ဖို့ ကျွန်ုပ်တို့က ကူညီပေးပါရစေ။ ✨



💌 21 February 2026, Saturday: BANGKOK 💌💌 ဘန်ကောက်ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများနှင့် ရင်းနှီးစွာ တွေ့ဆုံမယ့် အစီအစဥ်က...
13/02/2026

💌 21 February 2026, Saturday: BANGKOK 💌

💌 ဘန်ကောက်ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများနှင့် ရင်းနှီးစွာ တွေ့ဆုံမယ့် အစီအစဥ်ကို ဖိတ်ကြားအပ်ပါတယ် 💌

💕 Care Connect: Connect Your Health with Our Expert Care 💕

ကျွန်ုပ်တို့၏ ကျွမ်းကျင်မှုဖြင့် သင့်ကျန်းမာရေးကို အကောင်းဆုံး စောင့်ရှောက်ရန် ရည်ရွယ်၍ စိတ်ပိုင်းဆိုင်ရာ ကျန်းမာကြံ့ခိုင်မှုအကြောင်း နှင့် အရိုးအဆစ် နာကျင်မှုမရှိစေဘဲ ကောင်းမွန်စွာ လှုပ်ရှားသွားလာနိုင်ခြင်းအကြောင်း ကျန်းမာရေးဗဟုသုတများ မျှဝေမယ့် အစီအစဉ်လေး ဖြစ်ပါတယ်။
မြန်မာလူနာများ၏ ကျန်းမာရေးအတွက် ဘန်ကောက်ဆေးရုံကြီးမှ မြန်မာအဖွဲ့များမှလည်း ရင်းနှီးစွာ ကြိုဆိုလျက်ရှိပါတယ်။ 🤗🤗

အဆိုပါအစီအစဉ်တွင်
🧑‍⚕️Dr. Anothai Soonsawat (စိတ်ကျန်းမာရေး အထူးကုဆရာဝန်ကြီး)
Mental Resilience
(ဆေးကုသမှုအတွက် စိတ်အားမလျော့ဘဲ စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်မှု တည်ဆောက်ခြင်း)

🧑‍⚕️Dr. Panuwat Silawatshananai (အရိုး၊ အကြော၊ အဆစ် အထူးကုဆရာဝန်ကြီး)
No More Hip and Knee Pain - Protect Your Mobility for Life
(အရိုးအဆစ် နာကျင်မှုမရှိစေဘဲ ကောင်းမွန်စွာ လှုပ်ရှားသွားလာနိုင်ခြင်း)
ကျန်းမာရေးဗဟုသုတများကို ဆရာဝန်ကြီးနှစ်ဦးမှ စိတ်ဝင်စားဖွယ် မျှဝေမှာဖြစ်ပါတယ်။ 💁💁

ထို့အပြင် ပါဝင်တက်ရောက်သူများအတွက် အမှတ်တရအစီအစဥ်များနှင့်အတူ အခမဲ့ ကျန်းမာရေးစစ်ဆေးခွင့်ကံထူးရှင်များကိုပါ ရွေးချယ်ပေးအပ်သွားမှာ ဖြစ်ပါတယ်။

📅 ကျင်းပမည့် အချိန်နှင့် နေရာ

🗓 နေ့ရက် - ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက် (စနေနေ့)
⏰ အချိန် - နေ့လည် ၂:၀၀ နာရီ မှ ညနေ ၄:၀၀ နာရီ
📍 နေရာ - 7-R Meeting Room, 7th Floor, R-Building, Bangkok Hospital Headquarters

📝 အစီအစဥ်သို့ တက်ရောက်ရန်အတွက် ဖေဖော်ဝါရီလ (၁၉) ရက်နေ့နောက်ဆုံးထားပြီး ကြိုတင်စာရင်းပေးသွင်းပါရန် 👉👉 https://docs.google.com/forms/d/e/1FAIpQLSfaYoxc8UCWveUrh6kuGFeSm4E63-1SHyoz3qNm1o792Q6KzA/viewform


ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင် ကျရောက်သော (၇၉) ကြိမ်မြောက် “ပြည်ထောင်စုနေ့” အား ဂုဏ်ပြုကြိုဆိုအပ်ပါသည်။
12/02/2026

ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင် ကျရောက်သော (၇၉) ကြိမ်မြောက် “ပြည်ထောင်စုနေ့” အား ဂုဏ်ပြုကြိုဆိုအပ်ပါသည်။

🎗️ ၂၀၂၆ ခုနှစ်၊ ကမ္ဘာ့ကင်ဆာရောဂါ အထိမ်းအမှတ်လ - လူနာတစ်ဦးချင်းစီ၏ ထူးခြားမှုများကို အလေးထားသော ပေါင်းစပ်ကုသမှုနှစ်စဉ် ဖေ...
11/02/2026

🎗️ ၂၀၂၆ ခုနှစ်၊ ကမ္ဘာ့ကင်ဆာရောဂါ အထိမ်းအမှတ်လ - လူနာတစ်ဦးချင်းစီ၏ ထူးခြားမှုများကို အလေးထားသော ပေါင်းစပ်ကုသမှု

နှစ်စဉ် ဖေဖော်ဝါရီလ ၄ ရက်နေ့ဟာ World Cancer Day ဖြစ်ပါတယ်။ ကင်ဆာရောဂါကို ကြိုတင်ကာကွယ်ဖို့၊ စောစီးစွာ စစ်ဆေးတွေ့ရှိဖို့နဲ့ ထိရောက်စွာ ကုသနိုင်ဖို့အတွက် တစ်ကမ္ဘာလုံးက စုပေါင်းအသိပညာပေးတဲ့ နေ့တစ်နေ့လည်း ဖြစ်ပါတယ်။

ယခုနှစ်ရဲ့ ဆောင်ပုဒ်ဖြစ်တဲ့ “United by Unique” ဆိုတာ လူနာဗဟိုပြု စောင့်ရှောက်မှု၏ အရေးပါပုံကို မီးမောင်းထိုးပြထားတာဖြစ်ပါတယ်။ ကင်ဆာရောဂါကို ရင်ဆိုင်ရတဲ့ ခရီးလမ်းဟာ လူနာတစ်ဦးနဲ့တစ်ဦး မတူညီသလို၊ ရရှိတဲ့ အတွေ့အကြုံတွေဟာလည်း ထူးခြားပြီး တစ်ယောက်နဲ့တစ်ယောက် ကွဲပြားကြပါတယ်။

ထိုင်းနိုင်ငံ၏ ပထမဆုံးသော ပုဂ္ဂလိကကင်ဆာအထူးကုဆေးရုံကြီးဖြစ်တဲ့ Bangkok Cancer Hospital Wattanosoth မှာတော့ လူနာတစ်ဦးချင်းစီရဲ့ လိုအပ်ချက်နဲ့ ဘဝနေထိုင်မှုအပေါ် မူတည်ပြီး အသင့်တော်ဆုံးဖြစ်မယ့် "ပေါင်းစပ်ကုသမှု (Integrated Care)" ကို ဖော်ဆောင်ပေးနေပါတယ်။ ကျွန်ုပ်တို့ရဲ့ ကျွမ်းကျင်မှုတွေကို နွေးထွေးတဲ့ ဂရုစိုက်မှုတွေနဲ့ ပေါင်းစပ်ပြီး လူနာတိုင်းအတွက် အကောင်းဆုံး ကုသမှုခရီးလမ်းကို ဖန်တီးပေးပါတယ်။

💗 “Care Beyond Cure” ဆိုတဲ့ ဆောင်ပုဒ်အတိုင်း ကျွန်ုပ်တို့သည် ဆေးကုသပေးရုံတင်မက လူနာ၏ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ လူမှုရေးဆိုင်ရာနဲ့ အလုံးစုံသော ကျန်းမာရေး (Well-being) ကိုပါ "မျှော်လင့်ချက်အင်အား" တွေနဲ့ ပံ့ပိုးပေးပါတယ်။ ကျွန်ုပ်တို့အတွက် ကင်ဆာစောင့်ရှောက်မှုဆိုတာ ရောဂါပျောက်ကင်းသွားရုံနဲ့တင် မပြီးဆုံးသွားဘဲ လူနာရဲ့ ဘဝတစ်လျှောက်လုံးအတွက် အမြဲရှိနေမှာပါ။

🌍 ၂၀၂၆ ခုနှစ်၊ ကမ္ဘာ့ကင်ဆာအသိပညာပေးလဟာ လူနာတစ်ဦးချင်းစီရဲ့ ကင်ဆာရောဂါခရီးလမ်းတွေဟာ ကွဲပြားခြားနားနိုင်ပေမဲ့၊ ကင်ဆာကို တိုက်ဖျက်ရာမှာတော့ ကျွန်ုပ်တို့အားလုံးဟာ တစ်စိတ်တစ်ဝမ်းတည်း စုစည်းညီညွတ်နေကြတယ်ဆိုတာအမြဲအမှတ်ရစေပါတယ်။

📍 အသေးစိတ်လေ့လာရန် - https://bkhos.co/NNAKgU



🎗️ Wattanosoth Cancer Hospital ရင်သားကင်ဆာစောင့်ရှောက်မှုအတွက် ကမ္ဘာ့ပထမဆုံး ICHOM LEVEL 2 အသိအမှတ်ပြုဆေးရုံကင်ဆာရောဂါ က...
09/02/2026

🎗️ Wattanosoth Cancer Hospital ရင်သားကင်ဆာစောင့်ရှောက်မှုအတွက် ကမ္ဘာ့ပထမဆုံး ICHOM LEVEL 2 အသိအမှတ်ပြုဆေးရုံ

ကင်ဆာရောဂါ ကုသစောင့်ရှောက်မှုနယ်ပယ်မှာ ကမ္ဘာ့အဆင့်မီ မှတ်တိုင်သစ်တစ်ခု စိုက်ထူနိုင်ခဲ့ပါပြီ 🌍💖

Wattanosoth Cancer Hospital သည် အစောပိုင်းအဆင့် ရင်သားကင်ဆာ_တစ်နည်းအားဖြင့်တခြားသောအင်္ဂါများဆီသို့ပြန့်နှံ့မှုမရှိသေးသော ရင်သားကင်ဆာ(Non-Metastatic Breast Cancer) ကုသမှုအတွက် ICHOM Level 2 Certification ကို ကမ္ဘာပေါ်တွင် ပထမဆုံးရရှိသည့် ဆေးရုံ အဖြစ် ဂုဏ်ယူစွာ မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ ဤအသိအမှတ်ပြုလက်မှတ်ဟာ လက်ရှိသတ်မှတ်ထားတဲ့ အဆင့်တွေထဲမှာ အမြင့်ဆုံးလည်း ဖြစ်ပါတယ်။

🏥 ICHOM ဆိုတာ ဘာလဲ

ICHOM (International Consortium for Health Outcomes Measurement) ဆိုတာ လူနာဗဟိုပြု ကျန်းမာရေးရလဒ်တိုင်းတာမှု အတွက် နိုင်ငံတကာစံချိန်များကို သတ်မှတ်ပေးသော ကမ္ဘာလုံးဆိုင်ရာ အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ ICHOM ၏ အဓိကရည်ရွယ်ချက်မှာ ဆေးပညာအရ ပျောက်ကင်းဖို့တင်မက "လူနာများအတွက် အမှန်တကယ်အရေးပါသော ရလဒ်များ" (ဥပမာ - စိတ်ပိုင်းဆိုင်ရာ ကောင်းမွန်မှု၊ နေ့စဉ်ဘဝသို့ ပုံမှန်အတိုင်း ပြန်လည်ဝင်ဆံ့နိုင်မှု) ကိုပါ ထည့်သွင်းစဉ်းစား၍ လူနာအတွက် တန်ဖိုးရှိသော
ကျန်းမာရေးစောင့်ရှောက်မှု အရည်အသွေးနှင့် တန်ဖိုးကို မြှင့်တင်ရန် ဖြစ်ပါတယ်။

📊 Wattanosoth Cancer Hospital ၏ ဒေတာအချက်အလက်များဖြင့် သက်သေပြထားသော ထူးချွန်မှု

ကျွန်ုပ်တို့၏ လူနာဗဟိုပြု ချဉ်းကပ်မှုသည် လူနာများ ရေရှည်ကျန်းမာစေဖို့ အောက်ပါအချက်တွေကို အမြဲစောင့်ကြည့်နေပါတယ်-

✔ အသက်ရှင်နှုန်းနှင့် ရောဂါထိန်းချုပ်မှု - ဒေသတွင်း ရင်သားကင်ဆာဝေဒနာရှင်များအတွက် (၅) နှစ်အတွင်း အသက်ရှင်နှုန်း 98% အထိ ရှိခဲ့ပြီး ဒီရလဒ်ဟာ နိုင်ငံတကာ SEER စံနှုန်းများထက်တောင် သာလွန်နေပါတယ်။
✔ ကျန်းမာရေးအဆင့်အတန်း - ရုပ်ပိုင်း၊ စိတ်ပိုင်းနဲ့ လူမှုရေးဆိုင်ရာ လုပ်ဆောင်ချက်များအပါအဝင် အရေးကြီးသော ကျန်းမာရေးရှုထောင့် ကဏ္ဍ (၂၀) ကို စဉ်ဆက်မပြတ် ခြေရာခံပေးပြီး လူနာတစ်ဦးချင်းစီ၏ ပြည့်ဝသော နာလန်ထူမှုကို ပံ့ပိုးပေးပါတယ်။
✔ ကုသမှုနောက်ဆက်တွဲဆိုးကျိုးများ လျှော့ချခြင်း - ခွဲစိတ်မှု၊ ကီမိုဆေးသွင်းမှုနဲ့ တခြားရောင်ခြည်ကုထုံးများကြောင့်ဖြစ်တဲ့ ဘေးထွက်ဆိုးကျိုးများကို အနည်းဆုံးဖြစ်အောင် အလေးထား ဆောင်ရွက်ပေးပါတယ်။

ဒီကမ္ဘာ့အဆင့်မီ အသိအမှတ်ပြုမှုဟာ "Care Beyond Cure" (ကုသခြင်းထက် သာလွန်သော စောင့်ရှောက်မှု) ဆိုသော ကျွန်ုပ်တို့၏ ဆောင်ပုဒ်အတိုင်း ကုသရုံတင်မက လူနာတစ်ဦးချင်းစီရဲ့ ဘဝအရည်အသွေးကိုပါ အကောင်းဆုံး မြှင့်တင်ပေးနေတာကို သက်သေပြနေပါတယ်။ 💗

📍 အသေးစိတ်လေ့လာရန် - https://bkhos.co/f6yWJy
🌐 ICHOM website - https://www.ichom.org/.../bdms-achieves-ichom-level-2.../

🎗️ Wattanosoth Cancer Hospital - ရှေ့ဆောင်လူနာဗဟိုပြု ကင်ဆာရောဂါ ကုသစောင့်ရှောက်မှု



🧠 မကြာခဏမေ့တတ်လာတာကြောင့် အလုပ်တွေကို စီမံရခက်နေလား Young-Onset Alzheimer’s လို့ခေါ်တဲ့ အသက်ငယ်စဉ်ကပင် စတင်ဖြစ်နိုင်သော ...
07/02/2026

🧠 မကြာခဏမေ့တတ်လာတာကြောင့် အလုပ်တွေကို စီမံရခက်နေလား
Young-Onset Alzheimer’s လို့ခေါ်တဲ့ အသက်ငယ်စဉ်ကပင် စတင်ဖြစ်နိုင်သော လူငယ်အယ်လ်ဇိုင်းမားရောဂါကို သတိထားပါ

လတ်တလော ဖြစ်ရပ်တွေ မကြာခဏမေ့လွယ်လာတာ၊ ချိန်းဆိုမှုတွေ လွဲချော်တာ၊ အလုပ်တွေကို စီမံခန့်ခွဲဖို့ အခက်အခဲဖြစ်လာတာမျိုးတွေကို ခံစားနေရပါသလား 🤔
ဒါတွေကို စိတ်ဖိစီးမှု ဒါမှမဟုတ် အလုပ်များတာကြောင့်လို့ပဲ ရိုးရိုးလေး သတ်မှတ်ပြီး လျစ်လျူမရှုလိုက်ပါနဲ့။ ဒါတွေဟာ အယ်လ်ဇိုင်းမားရောဂါ (Alzheimer's Disease) ရဲ့ ရှေ့ပြေးလက္ခဏာတွေ ဖြစ်နိုင်ပါတယ်။

🔍 Young-onset Alzheimer’s ဆိုတာ ဘာလဲ
လူငယ်အယ်လ်ဇိုင်းမားရောဂါ (Young-onset Alzheimer’s) ဆိုတာ အသက် ၆၅ နှစ်အောက် လူငယ်နဲ့ လူလတ်ပိုင်းတွေမှာ ဖြစ်တတ်တဲ့ မှတ်ဉာဏ်ချို့ယွင်းမှု (Dementia) အမျိုးအစားတစ်ခု ဖြစ်ပါတယ်။ သက်ကြီးရွယ်အိုတွေမှာဖြစ်တဲ့ ပုံစံနဲ့မတူဘဲ သူက မှတ်ဉာဏ်ပိုင်းတင်မကဘဲ အောက်ပါ လက္ခဏာတွေနဲ့ စတင်တတ်ပါတယ် -

🔹 အလုပ်တာဝန်များ စီမံလုပ်ဆောင်နိုင်စွမ်း ကျဆင်းလာခြင်း - အစီအစဉ်ဆွဲခြင်း သို့မဟုတ် အလုပ်များကို စနစ်တကျ စီစဉ်ရန် ခက်ခဲခြင်း။
🔹 အပြုအမူနှင့် စရိုက်ပြောင်းလဲခြင်း - စိတ်နေစိတ်ထား သို့မဟုတ် ကိုယ်ရည်ကိုယ်သွေး ပြောင်းလဲလာခြင်း။
🔹 လုပ်ငန်းစွမ်းဆောင်ရည် ကျဆင်းခြင်း - လုပ်ငန်းခွင်တွင် အရင်လို အလုပ်မတွင်ကျယ်တော့ခြင်း။
🔹 နေ့စဉ်လုပ်ငန်းဆောင်တာများ ခက်ခဲခြင်း - အမြဲလုပ်နေကျ အလုပ်တွေကို ပြီးမြောက်အောင် မလုပ်နိုင်တော့ခြင်း။
🔹 မကြာခဏ မေ့လျော့ခြင်း - မကြာသေးမီက ပြောခဲ့သော စကားများ သို့မဟုတ် ချိန်းဆိုမှုများကို မေ့သွားခြင်း။

ဒီလက္ခဏာတွေဟာ သင့်ရဲ့ နေ့စဉ်ဘဝ၊ လူမှုဆက်ဆံရေးနဲ့ လုပ်ငန်းစွမ်းဆောင်ရည်တွေကို ထိခိုက်စေနိုင်တာကြောင့် စောစီးစွာ စစ်ဆေးသိရှိခြင်းနှင့် ရောဂါရှာဖွေခြင်းဟာ အလွန်အရေးကြီးပါတယ်။

💡 သင်ဟာ အယ်လ်ဇိုင်းမား ဖြစ်နိုင်ခြေ ရှိပါသလား။ ဒီလင့်ခ်ကို နှိပ်ပြီး မိမိကိုယ်ကို အမြန်ဆန်းစစ်ကြည့်ပါ - https://bkhos.co/hj8lwP

🧩 မှတ်ဉာဏ်ပိုင်းဆိုင်ရာ ပြဿနာများအကြောင်းလေ့လာရန် - https://bkhos.co/ypri67

Bangkok Hospital မှ ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ အထူးကုဆရာဝန်ကြီးများနှင့် ဆက်လက်တိုင်ပင်လိုပါက Sea Lion Medical Travel သို့ အခုပဲ ဆက်သွယ်လိုက်ပါ။ 💬
ယနေ့ကစပြီး သင့်ဦးနှောက်အတွက် မှန်ကန်စွာရွေးချယ်နိုင်ဖို့ ကျွန်ုပ်တို့က ကူညီပေးပါရစေ။ ✨




နှလုံးသွေးကြောကျဉ်းရောဂါကို ကုသဖို့အတွက် အရင်လို ရင်ဘတ်ဖွင့်ပြီးရင်ညွှန့်ရိုးဖြတ်ခွဲစိတ်စရာ မလိုတော့ဘူးဆိုတာ သိပါသလား ❤️...
05/02/2026

နှလုံးသွေးကြောကျဉ်းရောဂါကို ကုသဖို့အတွက် အရင်လို ရင်ဘတ်ဖွင့်ပြီးရင်ညွှန့်ရိုးဖြတ်ခွဲစိတ်စရာ မလိုတော့ဘူးဆိုတာ သိပါသလား ❤️

စွန့်စားသွားလာရတာ ဝါသနာပါသူပဲဖြစ်ဖြစ်၊ ကျန်းမာရေးလိုက်စားသူပဲဖြစ်ဖြစ်၊ အလုပ်များတဲ့ လုပ်ငန်းရှင်တစ်ဦး ဒါမှမဟုတ်၊ ဖိုးဖိုးဖွားဖွား တွေပဲဖြစ်ဖြစ် နှလုံးကျန်းမာရေးက လူတိုင်းအတွက် အရေးကြီးပါတယ်။

နှလုံးသွေးကြောကျဉ်းရောဂါအတွက် နှလုံးသွေးကြော အစားထိုးရန် ခွဲစိတ်ကုသမှုခံယူရမယ်ဆိုပါက လူနာတော်တော်များများဟာ ခွဲစိတ်နေစဉ်အတွင်း "နှလုံးကို ရပ်တန့်ထားရမှာ" ကို စိုးရိမ်တတ်ကြပါတယ်။ ဒါပေမဲ့ အခုအခါမှာတော့ ခေတ်မီဆေးပညာနည်းပညာတွေကြောင့် ဒါတွေကို စိုးရိမ်စရာ မလိုတော့ပါဘူး။✨

👉 Off-pump CABG နည်းပညာရဲ့ အားသာချက်တွေကတော့ ပုံမှန်နှလုံးခုန်နေစဉ်အတွင်းမှာတင် ခွဲစိတ်ကုသမှု ပြုလုပ်နိုင်တဲ့အတွက် အောက်ပါအကျိုးကျေးဇူးတွေကို ရရှိစေပါတယ်-
✅ ခွဲစိတ်ဒဏ်ရာသေးငယ်ပြီး နာကျင်မှု နည်းပါးခြင်း
✅ ပြန်လည်နာလန်ထချိန် မြန်ဆန်ခြင်း
✅ ခွဲစိတ်မှုတစ်လျှောက်လုံး နှလုံးက ပုံမှန်အတိုင်း ခုန်နေမှာဖြစ်ပြီး နှလုံး-အဆုတ်စက် အသုံးပြုစရာမလိုခြင်း
✅ ခွဲစိတ်မှုဆိုင်ရာ နောက်ဆက်တွဲဆိုးကျိုးနည်းပါးခြင်း
✅ ပိုမိုစိတ်ချဘေးကင်းခြင်း

နှလုံးသွေးကြောအစားထိုးခွဲစိတ်ကုသမှုအတွက် အဓိက နည်းလမ်း (၂) မျိုး ရွေးချယ်နိုင်ပါတယ်-
🔹 Minimally Invasive CABG (MICS CABG) - သေးငယ်သောခွဲစိတ်ဒဏ်ရာဖြင့် ခွဲစိတ်ကုသခြင်း (အနာကျက်မြန်ပြီး ဆေးရုံတက်ရက် တိုတောင်းစေပါတယ်)
🔹 Traditional CABG - ရင်ဘတ်ဖွင့်ပြီးရင်ညွှန့်ရိုးဖြတ် ခွဲစိတ်ကုသခြင်း

📖 MICS CABG အကြောင်း အသေးစိတ်လေ့လာရန် -https://bkhos.co/VLOOar

🏆 Bangkok Heart Hospital သည် ထိုင်းနိုင်ငံ၏ ပထမဆုံးသော ပုဂ္ဂလိက နှလုံးအထူးကုဆေးရုံကြီးဖြစ်ပြီး Newsweek နှင့် Statista တို့မှ ချီးမြှင့်သော Best Specialized Hospitals in Asia Pacific 2025 (နှလုံးရောဂါနှင့် နှလုံးခွဲစိတ်ကုသမှုကဏ္ဍ) တွင် (၂) နှစ်ဆက်တိုက် ရွေးချယ်ခံရသည့် အကောင်းဆုံး အထူးကုဆေးရုံများစာရင်းဝင် ဖြစ်ပါတယ်။

နှလုံးကျန်းမာရေးအတွက် Bangkok Hospital မှ ဆရာဝန်ကြီးများနှင့် ဆက်လက်တိုင်ပင်လိုပါက Sea Lion Medical Travel သို့ အခုပဲ ဆက်သွယ်လိုက်ပါ။ 💬
သင့်အတွက် အသင့်တော်ဆုံး ကုသမှုအစီအစဉ်ကို ကျွန်ုပ်တို့နှင့်အတူ စတင်လိုက်ပါ။ ❤️




🦠 "နီပါးဗိုင်းရပ်စ်" (Nipah Virus) အန္တရာယ်ကို သတိပြုစောင့်ကြည့်ပါအိန္ဒိယနိုင်ငံရဲ့ အချို့ဒေသတွေမှာ နီပါးဗိုင်းရပ်စ် ကူး...
03/02/2026

🦠 "နီပါးဗိုင်းရပ်စ်" (Nipah Virus) အန္တရာယ်ကို သတိပြုစောင့်ကြည့်ပါ

အိန္ဒိယနိုင်ငံရဲ့ အချို့ဒေသတွေမှာ နီပါးဗိုင်းရပ်စ် ကူးစက်မှုသတင်းတွေ ထွက်ပေါ်လာပြီးနောက် ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံတွေမှာ ဗိုင်းရပ်စ်ပြန့်ပွားမှုကို တားဆီးဖို့ ကြိုတင်ကာကွယ်ရေးလုပ်ငန်းတွေကို အထူးမြှင့်တင်နေပါတယ်။ ဗိုင်းရပ်စ်အကြောင်း ကြိုတင်သိရှိထားခြင်းက သင့်ကိုယ်သင် ကာကွယ်ဖို့ ပထမဆုံးခြေလှမ်းပါပဲ။

🔍 နီပါးဗိုင်းရပ်စ် (Nipah Virus) ဆိုတာ ဘာလဲ

နီပါးဗိုင်းရပ်စ် (𝐍𝐢𝐩𝐚𝐡 𝐯𝐢𝐫𝐮𝐬) ကူးစက်ရောဂါဟာ တိရစ္ဆာန်မှတစ်ဆင့် လူကို ကူးစက်နိုင်တဲ့ ဗိုင်းရပ်စ်တစ်မျိုးကြောင့် ဖြစ်ပွားတဲ့ရောဂါအမျိုးအစား (Zoonosis) ဖြစ်ပါတယ်။

ကူးစက်နိုင်တဲ့ နည်းလမ်းတွေကတော့-

📍 နီပါးဗိုင်းရပ်စ်ပိုးတွေကို Pteropodidae မျိုးနွယ်ဝင် သစ်သီးစားလင်းနို့များ (Fruit bats) မှ သဘာဝအလျောက် သယ်ဆောင်ထားကြပြီး သူတို့ရဲ့ အညစ်အကြေး သို့မဟုတ် သွားရည်နဲ့ထိတွေ့မိထားသော မသန့်ရှင်းသော အစားအစာများကို စားမိခြင်း။ 🦇

📍 ရောဂါပိုးရှိသော တိရစ္ဆာန်များ (လင်းနို့၊ ဝက်၊ မြင်း၊ သိုး၊ ဆိတ်) နှင့် တိုက်ရိုက်ထိတွေ့မိခြင်း။

📍 ရောဂါပိုးရှိသူ၏ ခန္ဓာကိုယ်မှထွက်သောအရည် သို့မဟုတ် ချောင်းဆိုး၊ နှာချေရာမှတစ်ဆင့် လူအချင်းချင်း ကူးစက်ခြင်း။

⏳ ရောဂါပိုးနဲ့ ထိတွေ့ပြီးနောက် ၇ ရက်မှ ၂၁ ရက်အတွင်း လက္ခဏာပြတတ်ပါတယ်။

🚨 သတိပြုရမည့် လက္ခဏာများ

👉 ကနဦးခံစားရနိုင်တဲ့ ရောဂါလက္ခဏာများကတော့ အဖျားကြီးခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်သားများ နာကျင်ခြင်းနှင့် တုပ်ကွေးကဲ့သို့ ဝေဒနာများ ခံစားရခြင်း။
👉 ရောဂါပြင်းထန်လာပါက အဆုတ်ရောင်ခြင်း၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများ၊ ဦးနှောက်ရောင်ခြင်း၊ တက်ခြင်းနှင့် ၂၄ နာရီမှ ၄၈ နာရီအတွင်း ပြန်လည်နိုးထဖို့ခက်ခဲတဲ့ သတိလစ်မေ့မျောခြင်းအဆင့် (Coma) သို့ ရောက်ရှိသွားနိုင်ပါတယ်။(အသက်အန္တရာယ်ရှိနိုင်ပါသည်)

🛡️ ဘယ်လိုကာကွယ်မလဲ

✔ လက်ကို ဆပ်ပြာနဲ့ မကြာခဏ ဆေးကြောပါ။
✔ လူထူထပ်သောနေရာများ သို့မဟုတ် အန္တရာယ်ရှိသော နေရာများတွင် နှာခေါင်းစည်း (Mask) တပ်ပါ။ ✔ ရောဂါပိုးရှိနိုင်သော တိရစ္ဆာန်များနှင့် ထိတွေ့ခြင်းမှ ရှောင်ကြဉ်ပါ။
✔ တိရစ္ဆာန်ကိုက်ရာပါသော အသီးအနှံများ သို့မဟုတ် မြေကြီးပေါ်သို့ ပြုတ်ကျနေသော အသီးများကို စားသုံးခြင်းမှရှောင်ကြဉ်ပါ။
✔ ရောဂါကူးစက်မှု ဖြစ်ပွားနေသော ဒေသများသို့ ခရီးသွားခြင်းကို ရှောင်ကြဉ်ပါ။

💊 ကုသမှုနည်းလမ်းများ

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလအထိ နီပါးဗိုင်းရပ်စ်အတွက် သီးသန့်ဆေး သို့မဟုတ် ကာကွယ်ဆေး မရှိသေးပါ။ လက်ရှိတွင် ရောဂါကူးစက်မှုကို လျှော့ချနိုင်ရန် (သို့) တားဆီးနိုင်ရန် တစ်ခုတည်းသော နည်းလမ်းမှာ ရောဂါကူးစက်နိုင်ခြေရှိတဲ့ အကြောင်းရင်းတွေကို သိရှိနားလည်ရန်နှင့် ရောဂါပိုးနှင့် ထိတွေ့နိုင်ခြေ လျော့နည်းစေမယ့် ကာကွယ်ရေးနည်းလမ်းတွေကို လိုက်နာခြင်း ဖြစ်ပါတယ်။ ပြင်းထန်သော လက္ခဏာများကို ထိန်းချုပ်နိုင်ရန် သေချာစွာဂရုတစိုက် ပြုစုစောင့်ရှောက်ခြင်း (Supportive Care) ကိုသာ ပေးနိုင်ပါတယ်။

အထက်ပါ သတိပေးလက္ခဏာတစ်ခုခုကို ခံစားရပါက နီးစပ်ရာဆေးရုံသို့ ချက်ချင်းပြသပါ။သတိထားနေထိုင်ပါ၊ နောက်ဆုံးရ သတင်းအချက်အလက်များကိုရှာဖတ်ပါ၊ သင့်ကိုယ်သင်နှင့် မိသားစုဝင်တွေကို ကာကွယ်ဖို့ သတိရှိရှိ နေထိုင်ကြပါစို့။ 💙



💓 နှလုံးခုန်နှုန်း မှန်ကန်သွားတဲ့အခါ...သင့်ရဲ့ဘဝစည်းချက်တွေ ပိုမိုသာယာဖြောင့်ဖြူးလာမှာပါနှလုံးခုန်မမှန်တဲ့ ဝေဒနာဟာ သင့်ရ...
27/01/2026

💓 နှလုံးခုန်နှုန်း မှန်ကန်သွားတဲ့အခါ...သင့်ရဲ့ဘဝစည်းချက်တွေ ပိုမိုသာယာဖြောင့်ဖြူးလာမှာပါ

နှလုံးခုန်မမှန်တဲ့ ဝေဒနာဟာ သင့်ရဲ့ နှလုံးခုန်သံကိုတင် မဟုတ်ဘဲ တစ်ဘဝလုံးရဲ့ ရှင်သန်မှုကိုပါ ထိခိုက်စေနိုင်ပါတယ်။

Atrial Fibrillation (AF) ဆိုတာ နှလုံးခုန်နှုန်း မမှန်တာ ဒါမှမဟုတ် အလွန်အမင်း နှလုံးခုန်နှုန်းမြန်နေတတ်တဲ့ အဖြစ်များတဲ့ နှလုံးရောဂါတစ်ခုပါ။ ဒီလို နှလုံးခုန်နှုန်းမမှန်တဲ့အခါ နှလုံးထဲမှာ သွေးခဲတွေ ဖြစ်ပေါ်လာနိုင်ပြီး လေဖြတ်ခြင်း (Stroke)၊ နှလုံးလုပ်ဆောင်ချက်ကျဆင်းခြင်း (Heart Failure) နဲ့ အခြားပြင်းထန်တဲ့ နောက်ဆက်တွဲ ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ❤️‍🔥

ဒါပေမဲ့ စိတ်မပူပါနဲ့... အခုအခါမှာတော့ သင့်နှလုံးရဲ့ ပုံမှန်စည်းချက်ကို ဘေးကင်းထိရောက်စွာ ပြန်လည်ရရှိစေမယ့် နောက်ဆုံးပေါ် ကုသမှုနည်းပညာ PFA (Pulsed Field Ablation) ရှိနေပါပြီ။

⚡ PFA ဆိုတာ ဘာလဲ

PFA ဆိုတာ အပူ သို့မဟုတ် အအေးဓာတ်ကို အသုံးမပြုဘဲ (Non-thermal) လျှပ်စစ်လှိုင်းအပျော့စားလေးတွေကို တိကျစွာ အသုံးပြုပြီး နှလုံးခုန်မမှန်ဖြစ်စေတဲ့ နေရာတွေကို ကုသပေးတဲ့ နည်းလမ်းဖြစ်ပါတယ်။ အပူသို့မဟုတ် အအေးကို အသုံးပြုသော ယခင်နည်းလမ်းတွေနဲ့ မတူဘဲ PFA ဟာ ပတ်ဝန်းကျင်ရှိ တစ်သျှူးတွေကို ထိခိုက်မှုအနည်းဆုံးနဲ့ ပိုပြီး သိမ်မွေ့တိကျတဲ့ ချဉ်းကပ်မှုပုံစံကို ပေးစွမ်းနိုင်ပါတယ်။

PFA ကုသမှုရဲ့ အကျိုးကျေးဇူးများ

👉 Non-thermal Technology -အပူ/အအေး မသုံးတဲ့အတွက် ပိုမိုဘေးကင်းပါတယ်။
👉 ဘေးပတ်ဝန်းကျင်ရှိ တစ်သျှူးများ ထိခိုက်မှုနည်းခြင်း။
👉 နောက်ဆက်တွဲပြဿနာ ဖြစ်နိုင်ခြေ နည်းပါးခြင်း။
👉 ပြန်လည်သက်သာမှု မြန်ဆန်ပြီး နေ့စဉ်ဘဝသို့ မြန်မြန်ပြန်ရောက်နိုင်ခြင်း။

ဒီဆန်းသစ်တဲ့ နည်းပညာဟာ AF ဝေဒနာရှင်တွေအတွက် ပုံမှန်နှလုံးခုန်သံနဲ့အတူ ပိုမိုကောင်းမွန်တဲ့ ဘဝအရည်အသွေးကို ရရှိစေဖို့ ကူညီပေးမှာ ဖြစ်ပါတယ်။

💙 သင့်နှလုံးခုန်သံ တည်ငြိမ်သွားတဲ့အခါ... သင့်ဘဝရဲ့ အချိန်တိုင်းက အဓိပ္ပာယ်ရှိရှိ ပုံမှန်ဖြစ်လာပါလိမ့်မယ်။

📍 အသေးစိတ်လေ့လာရန်: https://bkhos.co/u0Bcx6

Bangkok Hospital မှ ဆရာဝန်ကြီးများနှင့် ဆက်လက်တိုင်ပင်လိုပါက Sea Lion Medical Travel သို့ အခုပဲ ဆက်သွယ်လိုက်ပါ။ 💬
သင့်ကျန်းမာရေးနဲ့ ပျော်ရွှင်မှုတွေကို ပြန်လည်ရယူနိုင်ဖို့ ကျွန်ုပ်တို့က ကူညီပေးပါရစေ။ ✨



နှလုံးသွေးကြောကျဉ်းရောဂါကို IVL နည်းပညာဖြင့် ခွဲစိတ်မှုမလိုဘဲ ကုသနိုင်ပါပြီ 💓နှလုံးသွေးကြောကျဉ်းရောဂါ (CAD) ဟာ အဖြစ်အမျာ...
24/01/2026

နှလုံးသွေးကြောကျဉ်းရောဂါကို IVL နည်းပညာဖြင့် ခွဲစိတ်မှုမလိုဘဲ ကုသနိုင်ပါပြီ 💓

နှလုံးသွေးကြောကျဉ်းရောဂါ (CAD) ဟာ အဖြစ်အများဆုံး နှလုံးရောဂါတစ်ခုဖြစ်ပြီး သွေးကြောနံရံတွေမှာ Calcium တွေ စုပုံအနည်ကျပြီး မာခဲလာတာကြောင့် ဖြစ်ရတာပါ။ ဒီလို Calcium တွေ မာလာတဲ့အခါ သွေးကြောတွေက ကျုံ့ဆန့်နိုင်စွမ်း လျော့နည်းလာပြီး သွေးစီးဆင်းမှုကို ပိတ်ဆို့တာကြောင့် ရင်ဘတ်အောင့်ခြင်း၊ ရုတ်တရက်နှလုံးရပ်ခြင်း နဲ့ အခြားပြင်းထန်တဲ့ နောက်ဆက်တွဲ ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။

အခုအခါမှာတော့ ဆေးပညာလောကရဲ့ နောက်ဆုံးပေါ်နည်းပညာဖြစ်တဲ့ Intravascular Lithotripsy (IVL) ကြောင့် ခွဲစိတ်စရာမလိုဘဲ ဒီပြဿနာကို ထိရောက်စွာ ကုသနိုင်ပြီဖြစ်ပါတယ်။

🔬 Intravascular Lithotripsy (IVL) ဆိုတာ ဘာလဲ

IVL ဆိုတာ အသံလှိုင်းစွမ်းအင် (Sound Wave Energy) ကို အသုံးပြုပြီး သွေးကြောအတွင်းက မာခဲနေတဲ့ Calcium တွေကို ခြေဖျက်ပေးတဲ့ နည်းလမ်းဖြစ်ပါတယ်။

သွေးကြောကျဉ်းနေတဲ့နေရာကို ပူဖောင်းပါတဲ့ ပိုက်အသေးလေး (Catheter) ထည့်သွင်းပြီး အသံလှိုင်းအပျော့စားလေးတွေ လွှတ်ထုတ်ပါတယ်။ ဒီအသံလှိုင်းတွေက မာကျောနေတဲ့ Calcium တွေကို သေးငယ်တဲ့အပိုင်းအစများဖြစ်သွားအောင် ခွဲထုတ်ပေးပါတယ်။

ရလဒ်အနေနဲ့ သွေးကြောရဲ့ ပျော့ပျောင်းမှုကို ပြန်ရစေပြီး နှလုံးသွေးကြောထောက်တိုင် (Stent) ထည့်တဲ့အခါမှာလည်း အဆင်ပြေချောမွေ့စွာ သွေးကြောချဲ့နိုင်တာကြောင့် သွေးစီးဆင်းမှုကို ပြန်လည်ကောင်းမွန်စေပါတယ်။

✨ IVL ကုသမှုရဲ့ အကျိုးကျေးဇူးများ

✔ Stent ထည့်ရာတွင် အောင်မြင်မှုနှုန်း ပိုမိုမြင့်မားခြင်း။
✔ နောင်တွင် Stent ပြန်ပိတ်နိုင်ခြေ (Occlusion) နည်းပါးခြင်း။
✔ ပတ်ဝန်းကျင်ရှိ တစ်သျှူးများကို ထိခိုက်မှု အနည်းဆုံးဖြစ်စေခြင်း။
✔ ပုံမှန် နှလုံးသွေးကြောချဲ့ကုသခြင်းထက် သွေးကြောထိခိုက်မှု အန္တရာယ် ပိုမိုနည်းပါးခြင်း။ ✔ ပြန်လည်ကျန်းမာလာမှု မြန်ဆန်ပြီး ဆေးရုံတက်ရက် တိုတောင်းခြင်း။

📍 IVL အကြောင်း အသေးစိတ်လေ့လာရန် - https://bkhos.co/1VbKL5

နှလုံးသွေးကြောဆိုင်ရာ ပြဿနာများအတွက် Bangkok Hospital မှ ဆရာဝန်ကြီးများနှင့် ဆက်လက်တိုင်ပင်လိုပါက Sea Lion Medical Travel သို့ အခုပဲ ဆက်သွယ်လိုက်ပါ။ 💬

နှလုံးကျန်းမာရေးအတွက် ဘန်ကောက်ဆေးရုံရဲ့ နှလုံးအထူးကု ဆရာဝန်ကြီးများဟာ လူနာတစ်ဦးချင်းစီအတွက် အသင့်တော်ဆုံးနဲ့ အဆင့်မြင့်ဆုံး ကုသမှုတွေကို ပေးအပ်ဖို့ အမြဲအသင့်ရှိနေပါတယ်။ 💙



23/01/2026

🤖 စက်ရုပ်အကူအညီဖြင့် ခွဲစိတ်ကုသမှု (Robot-Assisted Surgery) ဖြင့် စိုးရိမ်ပူပန်မှုကင်းသော ဘဝကို ပြန်လည်စတင်လိုက်ပါ

အမျိုးသားများအတွက် ဆီးကျိတ်ကင်ဆာ (Prostate Cancer) နဲ့ ဆီးသွားရခက်ခဲတဲ့ ပြဿနာတွေဟာ နေ့စဉ်ဘဝ၊ ယုံကြည်မှုနဲ့ စိတ်ပိုင်းဆိုင်ရာအပေါ် အများကြီး သက်ရောက်မှုရှိပါတယ်။ ဒါပေမဲ့ အခုအခါမှာတော့ ခေတ်မီစက်ရုပ်အကူအညီဖြင့် ခွဲစိတ်ကုသမှုနည်းပညာကြောင့် နာကျင်မှုနည်းနည်းနဲ့ အမြန်ဆုံး ပြန်လည်ကျန်းမာလာနိုင်ပြီ ဖြစ်ပါတယ်။

💬 မြန်မာနိုင်ငံမှ လူနာဦးထွန်းခိုင်ရဲ့ ကုသမှုအတွေ့အကြုံ

ဆီးကျိတ်ကင်ဆာဝေဒနာကို သတ္တိရှိရှိ ရင်ဆိုင်ကျော်ဖြတ်ခဲ့တဲ့ ဦးထွန်းခိုင်ဟာ ဘန်ကောက်ဆေးရုံမှာ da Vinci Xi စက်ရုပ်စနစ်ကို အသုံးပြုပြီး ခွဲစိတ်ကုသမှု ခံယူခဲ့ပါတယ်။ ဒီကမ္ဘာ့အဆင့်မီ နည်းပညာက သူ့ရဲ့ဝေဒနာတွေကို ဘယ်လိုပျောက်ကင်းစေပြီး ဘဝအရည်အသွေးကို ဘယ်လိုပြန်လည်ရရှိစေခဲ့သလဲဆိုတာကို သူက အခုလိုပဲ မျှဝေပေးထားပါတယ်။

✨ da Vinci Xi စက်ရုပ်စနစ်ဖြင့် ခွဲစိတ်ခြင်းရဲ့ အကျိုးကျေးဇူးများ -

da Vinci Xi ဆိုတာ ခေတ်အမီဆုံး စက်ရုပ်ခွဲစိတ်မှုစနစ်ဖြစ်ပြီး အလွန်သေးငယ်တိကျတဲ့ နေရာတွေမှာပါ စိတ်ကြိုက်ထိန်းချုပ် ခွဲစိတ်နိုင်စေပါတယ်။

✅ ဒဏ်ရာအလွန်သေးငယ်ပြီး အမာရွတ်နည်းခြင်း

✅ သွေးထွက်နည်းခြင်းနှင့် နာကျင်မှုလျော့နည်းခြင်း

✅ ဆေးရုံတက်ရက်တိုပြီး ပြန်လည်သက်သာချိန် မြန်ဆန်ခြင်း

✅ နောက်ဆက်တွဲ အန္တရာယ် နည်းပါးခြင်း

✅ ဆီးထိန်းနိုင်စွမ်းနှင့် လိင်ပိုင်းဆိုင်ရာ လုပ်ဆောင်ချက်များကို ပိုမိုကောင်းမွန်စွာ ထိန်းသိမ်းပေးနိုင်ခြင်း

ဘန်ကောက်ဆေးရုံရဲ့ ကျွမ်းကျင်ဆီးနှင့်ကျောက်ကပ်ဆိုင်ရာ ခွဲစိတ်ဆရာဝန်ကြီးများဟာ အဆင့်မြင့်နည်းပညာနဲ့ နွေးထွေးတဲ့ စောင့်ရှောက်မှုတွေကို ပေါင်းစပ်ပြီး လူနာတစ်ဦးချင်းစီအတွက် အကောင်းဆုံးရလဒ်ရရှိအောင် ကုသပေးနေပါတယ်။

ဆီးလမ်းကြောင်း ပြဿနာတွေကို အဆုံးသတ်ပြီး စိတ်ပူပန်မှုကင်းတဲ့ ဘဝကို ပိုင်ဆိုင်လိုက်ပါ။ 💙

Bangkok Hospital မှ ဆရာဝန်ကြီးများနှင့် ဆက်လက်တိုင်ပင်လိုပါက Sea Lion Medical Travel သို့ အခုပဲ ဆက်သွယ်လိုက်ပါ။ 💬
ဦးထွန်းခိုင်လိုပဲ သင်လည်း သင့်ကျန်းမာရေးနဲ့ ပျော်ရွှင်မှုတွေကို ပြန်လည်ရယူနိုင်ဖို့ ကျွန်ုပ်တို့က ကူညီပေးပါရစေ။ ✨




Address

#181, Bo Myat Tun Street, Botahtaung Township
Yangon
11161

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+9595106666

Website

Alerts

Be the first to know and let us send you an email when Bangkok Hospital, Myanmar Representative, Sea Lion Medical Travel posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Bangkok Hospital, Myanmar Representative, Sea Lion Medical Travel:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Our Story

Sea Lion Medical Referral Centre is one of the leading medical referral service providers in Myanmar, exclusively representing Bangkok Hospital, Bangkok Hospital Chiang Mai and BDMS Wellness Clinic of Bangkok Dusit Medical Services Public Company Ltd (BDMS) of Thailand, StemCells 21 Medical Center in Bangkok, Thailand and Medipolis Proton Therapy & Research Center in Ibusuki, Kagoshima, Japan.

It is a subsidiary of Sea Lion Group, a leading comprehensive provider of healthcare, education, and industrial automation products, services, and solutions in Myanmar that is partnered with over 50 renowned global and regional business organizations.

Sea Lion entered the medical referral service business in 2002 with the introduction of medical tourism at Bangkok Hospital to Myanmar.