The NATURE's GLORY Healthy Beauty

The NATURE's GLORY Healthy Beauty Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from The NATURE's GLORY Healthy Beauty, Weight Loss Center, Yangon.

The Nature's Glory🆖သဘာဝထုတ်ကုန်များ၊ 🆖သဘာဝအဆီကျယို၊ 💜ပန်ထွာဂျင်းနက်ပေါင်းတင်ခေါင်းလျှော်ရည်နှင့် ပန်ထွာသဘာဝဆံသား​ပေါင်းဆီ၊ 🆖ရေချိုးဆ​ပ်ပြာ၊ 💛POTO အမည်းစက်ပျောက်မျက်နှာသစ်ဆပ်ပြာ၊💚NEOG ဝက်ခြံပျောက်အဆိပ်ထုတ်ဆပ်ပြာ။

24/01/2026
စာသင်တုန်း ဓာတ်ခိုးဖမ်း... ဆံပင်အရောင်ပြောင်းချင်လာပြီဒီမနက်...💜ပန်ထွာဂျင်းနက်ပေါင်းတင်ခေါင်းလျှော်ရည် အားကိုးနဲ့ 2025 မ...
29/11/2025

စာသင်တုန်း ဓာတ်ခိုးဖမ်း... ဆံပင်အရောင်ပြောင်းချင်လာပြီဒီမနက်...

💜ပန်ထွာဂျင်းနက်ပေါင်းတင်ခေါင်းလျှော်ရည် အားကိုးနဲ့ 2025 မကုန်ခင် Chemical အထိခံပြီး ထပ်မိုက်လိုက်ဦးမယ်..

1998 ကနေ 2025 အထိ Chemical အထိအတွေ့ကြောင့် တအားပျက်စီးကြေမွ ဖွာလန်ကျဲ အဖျားနှစ်ခွဖြစ်နေတဲ့ဆံသားတွေ တအားပြန်ကောင်းလာပြီး အုံပြန်ထူလာလို့တော့ 2025 က ပျော်စရာဖြစ်သွားပြီ..

#ပန်ထွာဂျင်းနက်ပေါင်းတင်ခေါင်းလျှော်ရည်
#ပျက်စီးနေတဲ့ဆံသားတိုင်းအတွက်ပန်ထွာဂျင်းနက်
ိများနေသရွေ့ပန်ထွာကမရှိမဖြစ်

27/11/2025

Customer ဆီက ငွေ ကိုယ့်အိတ်ထဲကိုရောက်လာဖို့ဆိုတာ ကိုယ့်ဆီလာဝယ်ဖို့ ထိုင်ပြောနေရုံနဲ့မရဘူး..
လက်တွေ့နည်းတခုကို ပန်ထွာဂျင်းနက်ပေါင်းတင်ခေါင်းလျှော်ရည်နဲ့ သက်သေပြထားတယ်...

#ငွေရှာနည်းလျို့ဝှက်ချက် #ပန်ထွာဂျင်းနက်ပေါင်းတင်ခေါင်းလျှော်ရည်

27/11/2025

ဒီတချက်သာမရှိရင် ဘယ် Customer ကမှ
ကိုယ့်ကို ငွေလာပေးမှာမဟုတ်ဘူး..💥💥

Customer ဆီက ငွေ ကိုယ့်အိတ်ထဲကိုရောက်လာဖို့ဆိုတာ ကိုယ့်ဆီလာဝယ်ဖို့ ထိုင်ပြောနေရုံနဲ့မရဘူး..
လက်တွေ့နည်းတခုကို ပန်ထွာဂျင်းနက်ပေါင်းတင်ခေါင်းလျှော်ရည်နဲ့ သက်သေပြထားတယ်...

#ငွေရှာနည်းလျို့ဝှက်ချက် #ပန်ထွာဂျင်းနက်ပေါင်းတင်ခေါင်းလျှော်ရည်

26/11/2025

ကိုယ့်ရဲ့​အားနည်းချက်တွေကြောင့် ဝင်ငွေမရှာနိုင်သူတွေကို ချက်ချင်းအောင်မြင်စေမယ့် လျှို့ဝှက်ချက်..

💥ကျမကိုယ်တိုင်က ကျမရဲ့အားနည်းချက်တစ်ခုကနေ ဒီနေ့အထိ သက်တမ်း လေးနှစ်ကျော်တိုင်ရပ်တည်နိုင်နေတဲ့...💜 ပန်ထွာဂျင်းနက်ပေါင်းတင်ခေါင်းလျှော်ရည် ရဲ့လျို့ဝှက်ချက်..

#ပန်ထွာဂျင်းနက်ပေါင်းတင်ခေါင်းလျှော်ရည်

ဒီမနက် Logအသစ်ထုတ်ဖို့အတွက် လျော့နည်းနေတဲ့ကုန်ကြမ်းတွေ ၊ကုန်နေတဲ့ ကုန်ကြမ်းတွေအသစ်မှာဖို့ Production Team ဘက်က တက်လာတဲ့စ...
16/07/2025

ဒီမနက် Logအသစ်ထုတ်ဖို့အတွက် လျော့နည်းနေတဲ့ကုန်ကြမ်းတွေ ၊ကုန်နေတဲ့ ကုန်ကြမ်းတွေအသစ်မှာဖို့ Production Team ဘက်က တက်လာတဲ့စာရင်းကို Supplier ဆီမှာ စျေးတွက်လိုက်တာ...

ပန်ထွာရဲ့ကုန်ကြမ်းတွေထဲက တချို့သော ကုန်ကြမ်းတွေလေ... စျေးတွေ နှစ်ဆမက တက်လာလိုက်တာ... အဓိကသုံးရတဲ့ကုန်ကြမ်းတစ်ခုဆိုလေ.. ဒီနေ့ပေါက်စျေး 1KG ကို 350,000 ထိ စျေးတက်လာတယ်..

ဘာကြောင့် ပန်ထွာ ကွာလတီက မြင့်လဲဆိုတော့လေ. ပါဝင်ပစ္စည်းကိုက သာမန် Local ထုတ်နဲ့မတူတာ..

Product Formulator and Founder တစ်ဦးကတောင် မေးယူရတယ်... မမ ဘာတွေများထည့်သုံးလို့ တရော်ကင်ပွန်းပါတာတောင် ဒီလောက် ဆံသားနူးညံ့နေရတာလဲ.... ဦးရေပြားမှာရှိတဲ့ ဗောက်တွေ၊ ဒက်တွေ အကုန်လုံးကွာကျပြီး ချက်ချင်းရလဒ်ထွက်တာလဲ သူအံ့သြတယ်...

ကျမကလေ ပန်ထွာ ဘာကောင်းတယ်ဆိုတာ ပြောရင်း Over Marketing ဖြစ်မှာစိုးလို့ သိပ်မပြောဖြစ်ဘူး.. ကိုယ့် ထုတ်ကုန် ပိုကောင်းသထက်ကောင်းအောင်သာကြိုးစားရင်း ဒီ လောက်သက်တမ်းထိ ပန်ထွာဆိုတာ Marketing တအားမလုပ်ရသေးတာတောင် တစ်လတစ်လ ရောင်းအား ရာချီက အမြဲထွက်နေတာ....

ကျမဘက်က လက်ရှိမှာ MBAအတွက်ရော၊ တခြားပညာရေးတစ်ခုအတွက်ပါ အချိန်ပေးနေရတာရယ်.. 🆖နဲ့မသက်ဆိုင်တဲ့ တခြားစီးပွားရေးတချို့ရယ်...ကြောင့် ဒီဘက်ကို အချိန်သီးသန့်ပေးရခက်နေတာမလို့...ပန်ထွာဘက်ကို သီးသန့်အချိန်မပေးနိုင်ပေမယ့်လေ..

ဒီနေ့အထိ ပန်ထွာမှပန်ထွာဆိုပြီး တစိုက်မတ်မတ်အစဥ်အမြဲ သုံးလာခဲ့တဲ့ မိတ်ဆွေဖောက်သည်ကြီးတွေကိုလည်း ကျေးဇူးတင်ချစ်ခင်ရသလို... ပန်ထွာကောင်းသတင်းကိုအချင်းချင်းကြားပြီး ရောက်လာကျတဲ့ ဖောက်သည်သစ်များကိုလည်း ကျေးဇူးတင်ချစ်ခင်ရပါတယ်ရှင်..

ကျမဘက်က ပြောနိုင်တာတစ်ခုက ပန်ထွာကိုကောင်းသထက်ပိုကောင်းအောင် အမြဲကြိုးစားပေးပါမယ်ဆိုတာပါပဲ..

ကျမကိုယ်တိုင်က ဆံပင်အုံအထူကြီးဘဝကနေ ဆေးတွေ၊အပူတွေ၊ နောက်ဆုံး ကို-ဗ-စ်မှာ ဆံပင်တွေကျွတ်ကျတာမှအထွေးလိုက်၊ ဆံသားတွေပျက်စီးပြီး နောက်ဆုံးဘယ်လိုမှပြုပြင်မရလို့ ခေါင်းတုံးဖြစ်လုလုထိ ဆံပင်တွေပါးကျွတ်ဆပ်ဖြစ်ခဲ့ရသူပါ.. ဒီကနေ ပန်ထွာကြောင့်သာ ခုလောက်ထိ ဆံပင်တွေပြန်အားပြည့်လာ ပြန်ထူလာရသူမို့ ပန်ထွာကိုအမြဲတန်ဖိုးထားနေရသူပါ...

Quality ကိုသာမြတ်နိုးသူများ Quality တန်းတစ်ခုမှရပ်တည်ရင်း ပန်ထွာဂျင်းနက် သဘာဝခေါင်းလျှော်ရည် နှင့် သဘာဝဆံသားပေါင်းဆီ အမြဲရှိနေပါမယ်ရှင်..

The NATURE's GLORY Healthy Beauty
Founder TinNilar Estella Ivy

#ပန်ထွာဂျင်းနက်ပေါင်းတင်ခေါင်းလျှော်ရည် #ပျော့ဆေးပေါင်းဆေးမလို_သဘာဝအတိုင်း_နူးညံ့ပျော့ပြောင်းစေတဲ့_ပန်ထွာ #ဦးရေပြားကျန်းမာရေး #ဆံကေသာအလှ #ဆံပင်ထိန်းသိမ်းနည်း #ပန်ထွာ

14/07/2025

ဆံပင်လှတယ်ဆိုတာ မြင်နေရတဲ့ ဆံသားကြောင့်လား၊ မမြင်ရတဲ့ ဦးရေပြားကြောင့်လား? 🤔🌱

ဆံပင်လှပဖို့ဆိုတာ ဦးရေပြား ကျန်းမာရေးက အဓိက ပါပဲ။ 🌱✨

လူအများစုက ဆံပင်အဖျားတွေ၊ ဆံသားတွေပဲ ဂရုစိုက်တတ်ကြပေမယ့် တကယ်တမ်း ဆံပင်ရဲ့ အရင်းအမြစ်ဖြစ်တဲ့ ဦးရေပြား က ကျန်းမာမှ ဆံပင်အသစ်တွေ ကောင်းကောင်းထွက်ပြီး လက်ရှိဆံပင်တွေလည်း သန်စွမ်းမှာပါ။ 💇‍♀️

ဦးရေပြား ခြောက်သွေ့တာ၊ အဆီပြန်တာ၊ ဗောက်ထတာ၊ ယားယံတာ စတာတွေက ဆံပင်ကျန်းမာရေးကို ထိခိုက်စေနိုင်တာကြောင့် ဦးရေပြားကို သန့်ရှင်းလန်းဆန်းအောင် ထားပြီး လိုအပ်တဲ့ အစိုဓာတ်နဲ့ အာဟာရဓာတ်တွေ ဖြည့်ဆည်းပေးဖို့ အရေးကြီးပါတယ်။ 💧🍎

ပန်ထွာလေးတို့ရဲ့ ဦးရေပြား အမျိုးအစားနဲ့ ကိုက်ညီတဲ့ ခေါင်းလျှော်ရည်၊ Conditioner တွေကို ရွေးချယ်သုံးစွဲပြီး ဦးရေပြားကို ညင်သာစွာ နှိပ်နယ်ပေးတာ၊ သွေးလည်ပတ်မှုကောင်းအောင် လုပ်ဆောင်ပေးတာတွေက ဆံပင်လှပမှုရဲ့ လျှို့ဝှက်ချက်ပါပဲ။ 💆‍♀️

ဦးရေပြားကျန်းမာနေရင် ပန်ထွာလေးတို့ရဲ့ ဆံပင်တွေဟာလည်း သူ့အလိုလို လှပသန်စွမ်းလာပါလိမ့်မယ်။ 💖

💜ပန်ထွာဂျင်းနက်နဲ့ ဦးရေပြားကို ဘယ်လိုဂရုစိုက်မလဲ? 👸🌿

ဒီလို ဦးရေပြားကျန်းမာရေးအတွက် 💜ပန်ထွာဂျင်းနက်ပေါင်းတင် ခေါင်းလျှော်ရည် က ဘာကြောင့် အထောက်အကူပြုလဲဆိုတာ ပန်ထွာလေး ရှင်းပြပေးမယ်နော်။ 🤓

ဂျင်းနက် ရဲ့ သတ္တိက ဦးရေပြား သွေးလည်ပတ်မှုကို ကောင်းမွန်စေပြီး ဆံပင်မွေးညှင်းပေါက်တွေကို သန်စွမ်းစေပါတယ်။ 💪 ဒါကြောင့် ဆံပင်ကျွတ်တာကို လျှော့ချပေးပြီး ဆံပင်အသစ်တွေ ပိုမိုထွက်ရှိအောင် လှုံ့ဆော်ပေးပါတယ်။

💜ပန်ထွာဂျင်းနက်ပေါင်းတင် ခေါင်းလျှော်ရည်ဟာ ဦးရေပြားကို သန့်စင်ပေးပြီး အာဟာရဖြည့်ပေးတာကြောင့် ပန်ထွာလေးတို့ရဲ့ ဆံကေသာဟာ အမြစ်ကစလို့ အဖျားအထိ ကျန်းမာလှပလာမှာပါ။ ✨ ဒါမှ ပန်ထွာမင်းသမီးလို သန်စွမ်းတောက်ပတဲ့ ဆံပင်တွေကို ပိုင်ဆိုင်နိုင်မှာပေါ့! 👑🌟

#ပန်ထွာဂျင်းနက်ပေါင်းတင်ခေါင်းလျှော်ရည် #ပျော့ဆေးပေါင်းဆေးမလို_သဘာဝအတိုင်း_နူးညံ့ပျော့ပြောင်းစေတဲ့_ပန်ထွာ #ဆံပင်ထိန်းသိမ်းနည်း #ဆံကေသာအလှ #ဦးရေပြားကျန်းမာရေး #ဆံပင်ပြသနာရှိသူတိုင်းကြည့်ပေးပါ #ပန်ထွာ

09/07/2025

ခေါင်းလျှော်ပြီးဆံပင်ဖီးရလွယ်..
ဆံပင်မရှုပ်၊မငြိ၊ မကျွတ်၊
ကျေးဇူးပါပန်ထွာ...

#ပန်ထွာဂျင်းနက်ပေါင်းတင်ခေါင်းလျှော်ရည် #ပျော့ဆေးပေါင်းဆေးမလို_သဘာဝအတိုင်း_နူးညံ့ပျော့ပြောင်းစေတဲ့_ပန်ထွာ #ဆံပင်ပြသနာရှိသူတိုင်းကြည့်ပေးပါ #ဦးရေပြားကျန်းမာရေး #ဆံပင်ထိန်းသိမ်းနည်း #ဆံကေသာအလှ

🚨 သတိ❗ခေါင်းဖီးတဲ့ပုံစံ မှားနေရင် ဆံပင်ကျွတ်ဖို့ သေချာနေပြီ! ⚠️✨💇‍♀️ ဆံပင်ကျွတ်တာကို နေ့ချင်းညချင်း ရပ်တန့်စေပြီး ပိုးသာ...
09/07/2025

🚨 သတိ❗
ခေါင်းဖီးတဲ့ပုံစံ မှားနေရင် ဆံပင်ကျွတ်ဖို့ သေချာနေပြီ! ⚠️

✨💇‍♀️ ဆံပင်ကျွတ်တာကို နေ့ချင်းညချင်း ရပ်တန့်စေပြီး ပိုးသားလိုနူးညံ့တောက်ပချင်လား? ဒီလျှို့ဝှက်ချက်ကို ပန်ထွာလေး မသိသေးရင် အခုပဲ ပြောပြမယ်နော် 💇‍♀️✨

များသောအားဖြင့် ပန်ထွာသဲတို့ ဆံပင်ဖြီးတဲ့အခါ ဘယ်ကနေစဖြီးလဲ? အပေါ်ကနေ တန်းပြီး ဆွဲဖြီးတတ်ကြတယ်၊ မှန်တယ်မလား?

ဒါပေမဲ့ အဲ့ဒီလိုဖြီးတာက ပန်ထွာလေးရဲ့ ဆံပင်တွေကို ပိုပြီးရှုပ်ထွေးစေရုံတင်မကဘူး၊ တစ်ပင်ပြီးတစ်ပင် ကျွတ်ထွက်ပြီး ကျိုးကြေကုန်တာတွေတောင် ဖြစ်စေနိုင်တယ်ဆိုတာ ပန်ထွာလေး သိပါသလား?

😱 အထူးသဖြင့် ဆံပင်ရှည်တဲ့သူတွေဆို ပိုဆိုးတာပေါ့!
ဆံပင်ကျွတ်တာ လျှော့ချပြီး သန်စွမ်းတောက်ပတဲ့ဆံပင်တွေ ပိုင်ဆိုင်ဖို့ လျှို့ဝှက်နည်းလမ်းကတော့... ဆံပင်ရဲ့ အောက်ခြေဖျားကနေ စတင်ဖြီးတာပဲ ဖြစ်ပါတယ်။ 🤫

ဒီတော့ ဘယ်လိုလုပ်ရမလဲ? လွယ်ပါတယ်... အခုပဲ လိုက်လုပ်ကြည့်ရအောင်! 👇
👑 ပန်ထွာလေးရဲ့ ဆံပင်ကို ပိုင်းခြားပြီး လက်နဲ့ မြဲမြဲကိုင်ထားပါ။ ✋

👑 ပြီးရင် ဆံပင်အပိုင်းရဲ့ အောက်ခြေဖျား (၂ လက်မ ၃ လက်မလောက်) ကို အရင်ဆုံး ညင်သာစွာ စဖြီးပါ။ ဖြီးတဲ့အခါ အဖုအထစ်လေးတွေကို ဖြည်းဖြည်းချင်းအေးအေးဆေးဆေး ဖြည်ချပေးပါ။

👑 အောက်ဖျားက ဆံချည်ထွေး အဖုအထစ်တွေ အကုန်လုံး ကင်းစင်သွားပြီဆိုမှ တဖြည်းဖြည်း အပေါ်ဘက်ကို တက်လာပြီး ဖြီးသွားပါ။ ⬆️

👑 နောက်ဆုံးမှာတော့ ဆံပင်အပေါ်ဆုံးကနေ အောက်ခြေအထိ တစ်ပြေးညီ ဖြီးချလိုက်ရုံပဲ။ ✨

ဒီနည်းလမ်းလေးက ပန်ထွာလေးရဲ့ ဆံပင်ကျွတ်တာနဲ့ ပျက်စီးတာကို သိသိသာသာ လျှော့ချပေးနိုင်ပြီး ဆံပင်ကို ပိုးသားလို ချောမွေ့သန်စွမ်းစေတဲ့ တကယ့်ကို ထူးခြားတဲ့ Hair Tip တစ်ခု ဖြစ်ပါတယ်။

တစ်ပတ်နှစ်ပတ်လောက် လုပ်ကြည့်ရုံနဲ့ ပန်ထွာလေးရဲ့ ဆံပင်လေးတွေ ဘယ်လောက် လှလာလဲဆိုတာ ပန်ထွာလေး ကိုယ်တိုင် အံ့အားသင့်သွားမှာ အသေအချာပဲ! 🥰

💖✨ ဒီ Hair Tip ကို အသုံးပြုပြီး ပန်ထွာလေးရဲ့ ဆံပင်ကို နောက်တစ်ဆင့် မြှင့်တင်ဖို့ဆိုရင် ပန်ထွာ ဂျင်းနက် ပေါင်းတင်ခေါင်းလျှော်ရည်က အကောင်းဆုံး အဖော်မွန်ပါပဲ! ✨💖

ပန်ထွာလေးရဲ့ ဆံပင်သားလေးကို အရင်းအမြစ်ကနေ ပြန်လည်အားဖြည့်ပေးမယ့် သဘာဝ ဂျင်းနက် ရဲ့ အာနိသင်တွေအပြည့်နဲ့ ပေါင်းစပ်ထုတ်လုပ်ထားလို့ တစ်ခါလျှော်လိုက်တာနဲ့ သိသိသာသာကို ကွာခြားသွားစေမှာပါ။

🔥 ဘာကြောင့် ပန်ထွာ ဂျင်းနက်ကို ရွေးချယ်သင့်လဲ?

💜 ဆံပင်ကျွတ်တာကို ထိထိရောက်ရောက် လျှော့ချပေးတယ် 💇‍♀️
💜 ဆံသားကို သန်စွမ်းစေပြီး ဆံပင်အသစ်တွေ ပြန်ပေါက်ဖို့ အားပေးတယ် 🌱
💜 ဦးရေပြားကို ကျန်းမာစေပြီး ဗောက်ထတာ၊ ယားယံတာတွေကို သက်သာစေတယ် 💆‍♀️
💜 ဆံပင်ကို နူးညံ့၊ ချောမွေ့ပြီး တောက်ပတဲ့ ပိုးသားအသွင် ရောက်ရှိစေတယ် ✨

ပန်ထွာ ဂျင်းနက် ပေါင်းတင်ခေါင်းလျှော်ရည်နဲ့ ပန်ထွာလေးရဲ့ ဆံပင်လေးတွေကို သဘာဝအတိုင်းလှပအောင် ဖန်တီးပြီး ယုံကြည်မှုအပြည့်နဲ့ နေ့ရက်တိုင်းကို ဖြတ်သန်းလိုက်ပါနော်!
🌟

ပန်ထွာဂျင်းနက် သဘာဝခေါင်းလျှော်ရည် နှင့် သဘာဝဆံသားပေါင်းဆီ The NATURE's GLORY Healthy Beauty

#ပန်ထွာဂျင်းနက်ပေါင်းတင်ခေါင်းလျှော်ရည် #ပျော့ဆေးပေါင်းဆေးမလို_သဘာဝအတိုင်း_နူးညံ့ပျော့ပြောင်းစေတဲ့_ပန်ထွာ #ဦးရေပြားကျန်းမာရေး #ဆံပင်ထိန်းသိမ်းနည်း #ဆံကေသာအလှ

၁၃၈၇..ခုနှစ် ဝါဆိုလပြည့်  #ဥပုသ်နေ့ဓမ္မစကြာနေ့ (ဗုဒ္ဓဟူးနေ့)ဝါဆိုလပြည့်နေ့ ၏ ထူးခြားချက်များ****************************...
08/07/2025

၁၃၈၇..ခုနှစ် ဝါဆိုလပြည့် #ဥပုသ်နေ့
ဓမ္မစကြာနေ့ (ဗုဒ္ဓဟူးနေ့)

ဝါဆိုလပြည့်နေ့ ၏ ထူးခြားချက်များ
**********************************
မြန်မာ့ရိုးရာ ( ၁၂ ) လ ရှိသည့်အနက်
ဝါဆို လပြည့်နေ့သည် -

၁။ ဂေါတမဘုရားလောင်း
ပဋိသန္ဓေနေသော နေ့ဖြစ်၍ ထူးခြားခြင်း။

၂။ ဂေါတမဘုရားလောင်း
တောထွက်တော် မူသောနေ့ဖြစ်၍ ထူးခြားခြင်း။

၃။ ဂေါတမမြတ်စွာဘုရား ဓမ္မစကြာတရား
စတင်ဟောတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း။

၄။ ရေမီး အစုံစုံတို့ဖြင့် တန်ခိုးပြာဋိဟာကို
ပြတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း။

၅။ ဘုရားအဖြစ်ကို ၀န်ခံတော်မူသော နေ့ဖြစ်၍
ထူးခြားခြင်း။

၆။ တရားရတနာ စတင်ပေါ်ပေါက်သော
နေ့ဖြစ်၍ ထူးခြားခြင်း။

၇။ သံဃာရတနာ စတင်ပေါ်ပေါက်သော
နေ့ဖြစ်၍ ထူးခြားခြင်း။

၈။ ❝ ဧဟိ ဘိက္ခု ❞ ဟူသော စကားကို
စတင်ကြားရသော နေ့ဖြစ်၍ ထူးခြားခြင်း
ဟူ၍ဖြစ်ပါသည် …။

* ဝါဆိုလပြည့်
* ဓမ္မစင်္ကြာအခါတော်နေ့နှင့်
* ထူးခြားချက်များ

❝ သန္ဓေ , တောထွက် , ဓမ္မစက် , တစ်ချက် ပြာဋိဟာ ❞
ဝါဆိုလပြည့် ထူးခြားနေ့ အောက်မေ့
ဤလေးဖြာ။

"ဓမ္မစင်္ကြာဟောကြားခြင်း"

သန္ဓေ, တောထွက်, ဓမ္မစက်, မိန်မြွက်ဝါဆို
ဟူသော စကားနှင့်အညီ
မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးသည်
တုသိတာ နတ်ပြည်မှ နတ်သား အပေါင်းတို့မှ
ဘုရားဖြစ်ရန် အချိန်တန်ပါပြီဟု
လာရောက်ကာ တောင်းပန်ကြသောကြောင့်
သေတကေတု နတ်သားအဖြစ်မှ စုတေပြီးနောက်
မယ်တော် မာယာ၏ ဝမ်းတွင်ဝယ်
ဝါဆို လပြည့်နေ့တွင် ပဋိသန္ဓေ နေတော်မူပါသည်။

ဖွားမြင်မြောက်သော အခါ
❝ သိဒ်ဓတ်ထ ❞ ဟု အမည်ရလေ၏။

ဆယ့်ခြောက်နှစ်ဝယ်
ယသော်ဓရာနှင့်
ထိန်းမြှား လက်ထပ်လေ၏။

ရာဟုလာ အမည်ရသော
သားတော်တစ်ပါး မွေးဖွားလေ၏။

ထိုနောက်
သူအို, သူနာ, သူသေ, ရဟန်း, ဟူသော
နိမိတ်ကြီး လေးပါးကို မြင်တော်မူကာ
အိုခြင်းသဘော, နာခြင်းသဘော,
သေခြင်းသဘော တရားတို့ကို ကြောက်လန့်ကာ
အိုခြင်းကင်းရာ, နာခြင်းကင်းရာ, သေခြင်းကင်းရာ
ရဟန်း တစ်ပါး၏ ချမ်းသာတရားကို တွေးသိကာ
တောထွက်ရန် ကြံစည်တော်မူပြီး
ဝါဆိုလပြည့်နေ့ ညသန်းခေါင်ယံ အချိန်တွင်
ဖွားဖက်တော် ဆန္ဒအမတ် ကဏ္ဍကမြင်း တို့နှင့်
ဥရုဝေလ တောသို့ ကိလေသာ ကုန်ခန်းပြီး
ဥာဏ်အလင်းရောင်တွေကို ရှာဖွေရန်
တောထွက်တော် မူခဲ့ပါသည်။

မဂဓတိုင်း ဂယာမြို့အနီး
ဥရုဝေလတောဝယ် ( ၆ ) နှစ်တာ ကာလပတ်လုံး
ဒုက္ကရစရိယာ အကျင့်ကို ကျင့်ခဲ့ပါသည်။

အတ်တကိလမထာ
( ပင်းပန်းစွာ ခန္ဓာကိုယ် ညင်းဆဲကြောင်း )
အကျင့်တို့ကို့ ထိုတောဝယ် ( ၆ ) နှစ်တိုင်တိုင်
ပင်းပန်းစွာ ကျင့်ကြံသော်လည်း
တရားထူးကို မရရှိခဲ့ပေ။

အစွန်းလွတ်သော
မဂ္ဂင် ( ၈ )ပါး နည်းလမ်းသစ်ဖြင့်
၁၀၃ ခု၊ ကဆုန်လပြည့်၊ သောကြာနေ့တွင်
သဗ္ဗညုတ ဉာဏ်တော်ကို ရရှိကာ
ဘုရားအဖြစ်သို့ ရောက်ရှိတော်မူပါသည်။

ဘုရားအဖြစ်သို့ရောက်ရှိပြီးနောက်
အားထုတ်ခဲ့သော တရားများနှင့်
လောကကို ဆင်ခြင်ကြည့်သော်
မိမိရရှိ ကျင့်ကြံထားသော တရားတို့သည်
အလွန်သိမ်မွေ့ နက်နဲ ခက်ခဲလွန်းနေ၏။

လောကလူသားတို့၏ အသိဥာဏ်ကား
ကိလေသာ အမှောင်တို့ဖြင့်သာ
ထာဝစဉ် ပိတ်ဖုံးနေ၏။

ပုထုဇဉ်တို့အား ဟောကြားရန်
မတန်တဆ ခက်ခဲပင်ပန်းလိမ့်မည်ဟု
ဆင်ခြင်နေစဉ်
သဟမပှတိ ဗှဟမှာမငှး၏
လျှောက်ထား တောင်းပန်ချက်အရ
အဘယ်သူ့ကို တရားဦး ဟောကြားအံ့နည်းဟု
ဆင်ခြင်တော်မူ၏။

အရင်က မိမိ တပည့်တော်ခဲ့ဘူးသော
ဗာရာဏသီမြို့အနီး မိဂဒါဝုန်တောဝယ်ရှိသော
"ပဉ္စဝဂ္ဂီ ငါးဦး"
( ပဉ္စ - ငါးခု ငါးယောက် ၊ ၀ဂ္ဂ - အစု အဖွဲ့ )တို့ကို
တရားဦးဟောကြားရန် ကြွချီတော်မူလေသည်။

အချိန်ကား
နေမင်းကြီး ဝင်လုဝင်ဆဲအချိန်
လမင်းကြီးမှာ ပြူလစ်စ အခါသမယ ဖြစ်၏
ဆည်းဆာ ညချမ်း ဖြစ်သည်။

သူတော်မြတ် ဓာတ်ကြောင့်
သာယာဖွယ် ကောင်းလှပေ၏။

မိဂဒါဝုန်တောကား
ရွှင်ပျအေးမြနေ၏
ဆိတ်ငြိမ်မှုဖြင့် ပြီးလျက်ရှိ၏
ထိုအခိုက်တွင်
မြတ်စွာ ဘုရားရှင်သည် ပဉ္စဝဂ္ဂီတို့၏ ရှေ့တွင်
ထက်ဝယ်ဖွဲ့ခွေ နေတော်မူသည်။

ထို့နောက်
❝ ရဟန်းတို့ ❞ ဟု ခေါ်ဝေါ်ကာ
နှုတ်ခွန်း ဆက်တော်မူလိုက်၏။
ဤကား
တရားဦးဟောရန် ဖိတ်ခေါ်သံ အစတည်း။

ပဉ္စဝဂ္ဂီတို့သည် သီလစင်ကြယ်ပြီးသူများ
ဖြစ်ကြသည့် အပြင်
သဒ္ဓါ, ဆန္ဒ, ဝီရိယ စိတ်ထား
ပြည့်စုံနေပြီးသူများ ဖြစ်ကြလေရာ
မြတ်စွာဘုရား၏ စကားအစသည်
သူတို့၏ နှလုံးသားဝယ်
တရား တည်၍တည်၍ လာလေသည်။

ထိုအချိန်တွင် မြတ်စွာဘုရားက
မိမိဘုရား ဖြစ်တော်မူကြောင်း မိန့်တော်မူ၏။

တရား နာယူကြရန်လည်း
တစ်ဆက်တည်း တိုက်တွန်း၏။

သို့သော်
မယုံကြည်နိုင်ကြသဖြင့်
သုံးကြိမ်သုံးခါ ငြင်းဆန်ကာ နေကြ၏။

မြတ်စွာဘုရားသည်
ထိုငြင်းဆန်မှုကို ဘုရားဖြစ်ကြောင်း
ထပ်မံ သိစေပြန်၏

ပြီးမှ ❝ တရားဦး ❞ ခေါ်
❝ ဓမ္မစက္က ပဝတ္တန သုတ္တ ❞ ကိုဟောကြား တော်မူလေသည်။

"ဓမ်မစက်က_ပ၀တ်တန ၏ အဓိပ်ပါယျမှာ
တရား တည်းဟူသော
အသိစက်ကို ဖြစ်စေ, လည်စေတော်မူခြင်းဟု
အဓိပ္ပါယ်ရပါသည်
( ဓမ္မစက္က = တရားတော် + ပ၀တ္တန = ဖြစ်စေ ၊
လည်စေခြင်း )

ဓမ္မစကြာ တရားတော်သည်
သစ္စာလေးပါး တရားကို
ညွှန်းဆို ဟောကြားသော ဒေသနာဖြစ်၍
ပိဋကတ်သုံးပုံ၏ အနှစ်ချုပ်တရားဟု
ဆိုထိုက်ပါသည်။

ဓမ္မစကြာ တရားတော်ကို
စိစစ် သုံးသပ်ကြည့်ပါလျှင် လမ်းစဉ်မှာ -

အစွန်း နှစ်ခု ကို ရှောင်ကြဉ်ရေး
မဇ္စျိမပဋိပဒါ မဂ္ဂင် ရှစ်ပါး လမ်းစဉ်မှန်ကို
ကျင့်သုံးရေးတို့ကို ညွှန်ကြားထားကာ
သစ္စာလေးပါး တရားကို သိမြင်စေရန်
ဟောကြားထားသောကြောင့်
ဗုဒ္ဓဝါဒ၏ တိကျခိုင်မာသော
သဘောတရားကို တွေ့မြင်နိုင်ပါသည်။

ထိုတရားတော်၏ အဆုံးဝယ်
"အရှင်ကောဏ္ဍည" သည်
လူသားများ အနက် ပထမဦးဆုံး
သောတာပတ္တိဖိုလ်၌ တည်လေ၏။

ထိုနေ့သည်
ဝါဆိုလပြည့်နေ့ ဖြစ်၏။

ထို့နောက်တဖန်
ဒေသနာကို ဟောပြတော်မူရာ
ဝါဆိုလပြည့်ကျော်
( ၁ ) ရက်နေ့၌ အရှင်ဝပ။
( ၂ ) ရက်နေ့၌ အရှင်ဘဒ္ဒိယ။
( ၃ ) ရက်နေ့၌ အရှင်မဟာနာမ်။
( ၄ ) ရက်နေ့၌ အရှင်အဿဇိ တို့သည်
အသီးသီး သောတာပန် တည်ကြလေကုန်၏။

ပဉ္စဝဂ္ဂီ အားလုံးပင်
❝ ဧဟိဘိက္ခု ❞ ရဟန်း အဖြစ်ရောက်ကြလေသည်။

ဝါဆိုလပြည့်ကျော် ( ၅ )ရက်နေ့တွင်
မြတ်စွာဘုရားသည် ❝ အနတ္တလက္ခဏသုတ္တ ❞ ကို
ဟောကြား တော်မူခဲ့သည်။

ဤတွင် ငါးဦးလုံး
ရဟန္တာ ဖြစ်တော်မူကြလေသည်။

ထိုနေ့ကိုလည်း ❝ ရဟန္တာနေ့ ❞ ဟု
ဗုဒ္ဓဘာသာဝင်တို့ သတ်မှတ်ယူကြကုန်သည်။

ဝါဆို လပြည့်နေ့ကိုမူ
တရားဦး ဓမ္မစကြ်ာ ဟောကြားသောနေ့ ဖြစ်၍
❝ ဓမ္မစကြာနေ့ ❞ ဟု ယနေ့အထိ
ဗုဒ္ဓဘာသာဝင်တို့ အလေးအမြတ်ပြုခဲ့ကြပေသည်။

"ဝါဆိုလပြည့် ထူးခြားချက်များ"

( ၁ )။ ပဋိသန္ဓေတည်သည့်နေ့
မဟာသက္ကရာဇ် ၆၇ ၊ ဝါဆိုလပြည့်
( ကြာသပတေးနေ့ )။

( ၂ )။ တောထွက်သည့်နေ့
မဟာသက္ကရာဇ် ၉၇ ၊ ဝါဆိုလပြည့်
( တနင်္လာနေ့ )။

( ၃ )။ ဓမ္မစကြာတရားဦးဟောသည့်နေ့
မဟာသက္ကရာဇ် ၁၀၃ ၊ ဝါဆိုလပြည့်
( စနေနေ့ )။

( ၄ )။ သောတာပန်လူသား စပေါ်သည့်နေ့
မဟာသက္ကရာဇ် ၁၀၃ ၊ ဝါဆိုလပြည့်
( စနေနေ့ ) ပုထုဇဉ်ခရီးမှ အရိယာခရီးသို့
စတင်ကူးပြောင်းခွင့် ကြုံသောနေ့။

( ၅ )။ သံဃာရတနာ စပေါ်သည့်နေ့
မဟာသက္ကရာဇ် ၁၀၃ ၊ ဝါဆိုလပြည့်။

( ၆ )။ ❝ ဧဟိ ဘိက္ခု ❞ ဟူသော စကားကို
စတင် ကြားရသော နေ့။

( ၇ )။ ရေမီး အစုံစုံတို့ဖြင့်
တန်ခိုးပြာဋိဟာကို ပြတော်မူသော နေ့
( ၇ ဝါမြောက်တွင် )။

"လယ်တီဆရာတော်ကြီး၏ကဗျာများ"
***********************************
သန္ဓေယူတော်မူသောနေ့ ( ကြာသာပတေးနေ့ )

သုံးလူ့ရှင်ပင် ၊ ကျွန်းထိပ်တင် ၊
သောင်းခွင် စကြာ၀ဠာ၊ နတ်ဗြဟ္မာတို့၊
ညီညာရုံးစု ၊ တောင်းပန်မူကြောင့်၊
ရတုနဂိုရ် ၊ ရွှန်းရွှန်းစိုသည်
ဝါဆိုလပြည့် ကြွက်မင်းနေ့၀ယ်
ချမ်းမြေ့ကြည်ဖြူ သန္ဓေ ယူသည်
နတ်, လူ ငြိမ်းဖို့ ကိန်းပါကို...။
___________________________________________

တောထွက်တော်မူသောနေ့ ( တနင်္လာနေ့ )

ဖွားမြင်မြောက်သော်
ဆယ်ခြောက်နှစ် ရွယ် ပျိုမြစ်နုနယ်၌
သုံးသွယ်ရွှေနန်း သိမ်းမြန်းပြိးလစ်
ဆယ်သုံးနှစ်လျှင် ၊ ဘုန်းသစ်လျှံလူ ၊ စံတော်မူ၍
ရွယ်မူနုဖြိုး ၊ နှစ်ဆယ်ကိုး၀ယ်
လေးမျိုးနိမိတ် ၊ နတ်ပြဟိတ်ကြောင့်
ရွှေစိတ်ငြင်ငြို ၊ သံဝေပိုက
၀ါဆိုလပြည့် ကျားမင်းနေ့၀ယ်
ချမ်းမြေ့ရဂုံ တော်ရပ်လှုံသည်
စုံမြိုင်ပင်ရိပ်ခမ်းမှာကို...။
___________________________________________

ဓမ္မစင်္ကြာဟောတော်မူသောနေ့ ( စနေနေ့ )

ဘုရားဖြစ်ကာ ၊ မိဂဒါသို့
စကြာရွှေဖဝါးဖြန့်ချီ သွား၍
ငါးပါး၀ဂ္ဂီစုံအညီိနှင့်
မဟီတစ်သောင်း တိုက်အပေါင်းမှ
ခညောင်းကပ်လာ ၊ နတ်ဗြဟ္မာအား
၀ါဆိုလပြည့် ၊ စနေနေ့၀ယ် ၊ ကြွေ့ကြွေ့လျှံတက်
ဓမ္မစက်ကို မိန့်မြွတ်ထွေပြား
ဟောဖော်ကြားသည်
တရားနတ်စည်ရွှမ်းတယ်ကို...။
___________________________________________

အမှောင်ပျောက်၍ အလင်းရောက်ပါစေ...။

Credit ;

The NATURE's GLORY Healthy Beauty ပန်ထွာဂျင်းနက် သဘာဝခေါင်းလျှော်ရည် နှင့် သဘာဝဆံသားပေါင်းဆီ The Nature's Glory Myanmar
#ပန်ထွာဂျင်းနက်ပေါင်းတင်ခေါင်းလျှော်ရည် #ဝါဆိုလပြည့် #ဓမ္မစင်္ကြာအခါတော်နေ့

Address

Yangon

Alerts

Be the first to know and let us send you an email when The NATURE's GLORY Healthy Beauty posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram