Kasemrad Hospital ကစင်ရတ်ဆေးရုံးကြီးမြန်မာပြည်ရုံး

  • Home
  • Myanmar
  • Yangon
  • Kasemrad Hospital ကစင်ရတ်ဆေးရုံးကြီးမြန်မာပြည်ရုံး

Kasemrad Hospital ကစင်ရတ်ဆေးရုံးကြီးမြန်မာပြည်ရုံး သင့်ကျန်းမာရေးအတွက်ယုံကြည်စိတ်ချရသောဆေးရုံကြီး

2024 အတွက် Kasemrad Medical Check Up Package များ ဖြစ်ပါတယ်ရှင့် ... ဆက်သွယ်စုံစမ်းရန် 09 977776742 , 09 5173225 သို့ ဆက...
24/01/2024

2024 အတွက် Kasemrad Medical Check Up Package များ ဖြစ်ပါတယ်ရှင့် ...

ဆက်သွယ်စုံစမ်းရန်
09 977776742 , 09 5173225 သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင့်



" မွေးရာပါ နှလုံး ချို့ယွင်းချက်ရှိခြင်း " မွေးရာပါ နှလုံးရောဂါဟာ မွေးရာပါချို့ယွင်းချက် ရောဂါတွေထဲမှာ အဖြစ်အများဆုံးပါ။...
17/08/2023

" မွေးရာပါ နှလုံး ချို့ယွင်းချက်ရှိခြင်း "

မွေးရာပါ နှလုံးရောဂါဟာ မွေးရာပါချို့ယွင်းချက် ရောဂါတွေထဲမှာ အဖြစ်အများဆုံးပါ။ အရှင်မွေးတဲ့ ကလေး ၁၀၀၀ မှာ ၈ ယောက်ကနေ ၁၂ ယောက်ထိဟာ မွေးရာပါ နှလုံးရောဂါ ပါလာနိုင်ပြီး အဲဒီကလေးတွေထဲက ၂၅ ရာခိုင်နှုန်းခန့်ဟာ ရောဂါလက္ခဏာ ပြင်းထန်လေ့ရှိပြီး ခွဲစိတ်ကုသမှု ခံယူရန် လိုအပ်နိုင်ပါတယ်။

မွေးရာပါ နှလုံးမှာပြသနာရှိတဲ့ ကလေးတွေရဲ့ ရောဂါလက္ခဏာတွေကတော့ ~

- သွေးထဲ အောက်ဆီဂျင် လုံလောက်စွာ မရရှိခြင်းကြောင့် အရေပြား၊ နှုတ်ခမ်းနှင့် လက်သည်းများတွင် အပြာရောင်ဖြစ်သည်။ နှလုံးချို့ယွင်းမှုကြောင့် သွေး၏ အောက်ဆီဂျင် နည်းပါးလာသောအခါတွင် ဖြစ်ပေါ်တတ်ပါသည်။

- အသက်ရှူမြန်ခြင်းသည် မွေးရာပါ နှလုံးချို့ယွင်းချက်ရှိသော မွေးကင်းစကလေးများ အထူးသဖြင့် အစာစားချိန် သို့မဟုတ် ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်စဉ်တွင် အသက်ရှုမြန်ခြင်း သို့မဟုတ် အသက်ရှူကြပ်ခြင်းတို့ ဖြစ်နိုင်ပါသည်။

- နို့စို့ခြင်းနှင့် မျိုချရန် လိုအပ်သော အားထုတ်မှု တိုးလာခြင်းကြောင့် အစာစားချိန်တွင် နှလုံးချို့ယွင်းချက်ရှိသော ကလေးငယ်များသည် အလွယ်တကူ မောပန်းနိုင်သည်။

ပင်ပန်းနွမ်းနယ်ခြင်း သို့မဟုတ် အားနည်းခြင်း- မွေးရာပါ နှလုံးချို့ယွင်းချက်ရှိသော ကလေးများသည် အပြင်းအထန် အားထုတ်သော်လည်း အလွယ်တကူ ပင်ပန်းနွမ်းနယ်ခြင်း သို့မဟုတ် အားနည်းလာနိုင်သည်။ ကိုယ်လက်လှုပ်ရှားမှုများတွင် အများနှင့် နည်းတူ လိုက်လျောညီထွေရှိရန် အခက်အခဲရှိနိုင်သည်။

နှလုံးတုန်လှုပ်ခြင်း- မွေးရာပါ နှလုံးချို့ယွင်းချက်များစွာသည် နှလုံးမှတဆင့် ပုံမှန်မဟုတ်သော သွေးစီးဆင်းမှုကို ဖြစ်စေပြီး နှလုံးခုန်သံကို ဖြစ်ပေါ်စေပါသည်။ ယင်းတို့သည် နားကြပ်စစ်ဆေးနေစဉ်အတွင်း ပုံမှန်မဟုတ်သော အသံများ ကြားနေရပါသည်။

ရောင်ရမ်းခြင်း- ခြေထောက်များ၊ ခြေကျင်းဝတ်များနှင့် ဝမ်းဗိုက်တို့တွင် မကြာခဏ ရောင်ရမ်းခြင်း သည် နှလုံး၏ သွေးကို ထိရောက်စွာ စုပ်ယူနိုင်မှု အားနည်းခြင်းကြောင့် အရည်များ ထိန်းထားခြင်းကြောင့် ဖြစ်ပွားနိုင်သည်။

အသက်ရှူလမ်းကြောင်းဆိုင်ရာ ပိုးဝင်ခြင်း- မွေးရာပါနှလုံးချို့ယွင်းချက်အချို့၊ အထူးသဖြင့် နှလုံးနှင့် အဆုတ်ကို တင်းကျပ်သောကလေးများသည် အဆုတ်ရောင်ခြင်း သို့မဟုတ် လည်ချောင်းနာခြင်းကဲ့သို့ မကြာခဏ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါများကို ခံစားရနိုင်သည်။

လက္ခဏာများသည် ကျယ်ပြန့်စွာ ကွဲပြားနိုင်ပြီး အချို့သော မွေးရာပါ နှလုံးချို့ယွင်းချက်များသည် အသက်နှောင်းပိုင်းအထိ သိသာထင်ရှားသော လက္ခဏာများ မပြနိုင်သည်ကို သတိပြုရန် အရေးကြီးပါသည်။ စောစီးစွာ ရောဂါရှာဖွေခြင်းသည် မွေးရာပါ နှလုံးချို့ယွင်းချက်များကို ထိထိရောက်ရောက် ကုသရန်အတွက် အရေးကြီးပါသည်။

အထက်ပါ မွေးရာပါ နှလုံးချို့ယွင်းချက်လက္ခဏာများ ပြလာပါက ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်ပြီး ကုသမှု ခံယူသင့်ပါသည် ...

နှလုံးနှင့်ပက်သက်ပြီး ကုသမှုဆိုင်ရာများကို မေးမြန်းချင်တယ်ဆိုရင်တော့

09 977776742 , 09 97210 3636 , 09 5173225 သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ် ရှင့် ...

အဖြစ်များတတ်တဲ့ နှလုံး အဆို့ရှင်ကျဥ်းခြင်းအတွက် ခန့်မှန်း ကုန်ကျစရိတ် ကိုလဲ ထည့်သွင်းဖော်ပြပေးထားပါတယ်ရှင့်....

"သားအိမ် အသားလုံး တည်ခြင်း" သားအိမ်မှာ အသားလုံး တည်ခြင်းသည် အလွန် အဖြစ်များပါတယ် ... အမျိုးသမီး  ၄ ယောက်မှာ ၃ ယောက်ဟာ.. ...
21/07/2023

"သားအိမ် အသားလုံး တည်ခြင်း"

သားအိမ်မှာ အသားလုံး တည်ခြင်းသည် အလွန် အဖြစ်များပါတယ် ...

အမျိုးသမီး ၄ ယောက်မှာ ၃ ယောက်ဟာ.. သူတို့သက်တမ်း ရဲ့ တချိန်ချိန်မှာ သားအိမ်အသားလုံး တည်လေ့ရှိပါတယ်...

သားအိမ် မှာ အသားလုံး တည်ရင် ဘယ်လို ရောဂါလက္ခဏာမျိုးတွေ ပြတတ်ပါသလဲ?

- အသားလုံးရှိသူ အမျိုးသမီး အများစုမှာ ဘာရောဂါလက္ခဏာမှ ပြလေ့မရှိပါဘူး..
- ရောဂါ လက္ခဏာ ပြသူ အမျိုးသမီး တချို့မှာတော့ သူတို့ရဲ့ နေ့တဓူဝ ဘဝ နေထိုင်မှု ကို မကောင်းတဲ့ အကျိုးသက်ရောက်မှုတွေ ဖြစ်စေနိုင်ပါတယ်၊

"အဖြစ်များတဲ့ ရောဂါလက္ခဏာတွေကတော့..."

- ရာသီသွေးဆင်းများခြင်း၊ ရက်ရှည်ဆင်းခြင်း
- ရာသီသွေးပေါ်ချိန်မဟုတ်ဘဲ သွေးဆင်းခြင်း
- ရာသီသွေးပေါ်လျင် နာကျင် ကိုက်ခဲခြင်း
- အမျိုးသားနှင့်နေလျှင် နာကျင်ခြင်း
- အသားလုံးက ဖိထားတာကြောင့် ဖြစ်တတ်တဲ့ လက္ခဏာတွေကတော့..
- ဆီးခဏခဏ သွားချင်ခြင်း
- ဝမ်းချုပ်ခြင်း၊ ခါးနာခြင်း
- ဗိုက်တွင်း သို့မဟုတ် ဗိုက်အောက်ပိုင်းလေးပင်သောခံစားချက်ကို ခံစားရခြင်း ..

ဒီလို လက္ခဏာတွေ ပြလာပြီဆိုရင် သက်ဆိုင်ရာ ဆရာဝန်နှင့် ဆွေးနွေးပြီးကုသမှု ခံယူသင့်ပါတယ်ရှင့်...

ဆေးရုံ Appointment နှင့် တခြား သိလိုသမျှ မေးမြန်းရန်
09 977776742 , 09 5173225 , 09 972103636



#သားအိမ် #အသားလုံး
#မှန်ပြောင်းဖြင့်ခွဲခြင်း

"ခွဲစိတ်စရာမလိုဘဲ အချိန်တိုတွင်း နှလုံးသွေးကြောချဲ့ခြင်း"နှလုံး သွေးကြောချဲ့ခြင်း အဆင့်ဆင့်  - ပေါင်မှာရှိသော ပင်မသွေးကြ...
08/07/2023

"ခွဲစိတ်စရာမလိုဘဲ အချိန်တိုတွင်း နှလုံးသွေးကြောချဲ့ခြင်း"

နှလုံး သွေးကြောချဲ့ခြင်း အဆင့်ဆင့်

- ပေါင်မှာရှိသော ပင်မသွေးကြောထဲမှ တစ်ဆင့် balloon ပါသောပြွန်ငယ်လေးဖြင့် နှလုံးသွေးကြောချဲ့ stent စကာလေးကို အတူတူယူဆောင်ကာ နှလုံးသွေးကြော Artery ထဲသို့ အရောက်သွားပါသည်။

- Artery ထဲသို့ရောက်လျှင် Balloon ကိုလေသွင်း ကျယ်လိုက်သောအခါ stent စကာလေးမှာလည်း Balloon နှင့် အတူလိုက်ကျယ်ကာ နှလုံးသွေးကြောချဲ့ ပေးသည့် အနေအထားတွင် ရှိနေပါသည်။

- နှလုံးသွေးကြော အတွင်း ပုံမှန် သွေးလည်ပတ်နိုင်သည့် အနေအထား ကို stent ဖြင့်ကျယ်စေပြီးသောအခါ Balloon ပြွန်ငယ်လေးကို လေလျှော့ ၍ stent စကာလေးကို သွေးကြောအတွင်း ကျန်ရစ်ခဲ့စေပါသည်။

ဆေးရုံတွင် တစ်ရက်သာ အနားယူရပါမည်...
ကစင်ရတ်ဆေးရုံကြီးဟာ ထိုင်းနိုင်ငံရဲ့ အကြီးဆုံး ဆေးရုံ အုပ်စု Bangkok Chain Hospital Public Company Limited ၏ဆေးရုံတစ်ရုံအဖြစ်ပါဝင်ပြီး နိုင်ငံတကာမှ လူနာများ အတွက် အကောင်းဆုံးကျန်းမာရေး ဝန်ဆောင်မှု များကို အထူးဝန်ဆောင်ပေးနေသော ဆေးရုံတစ်ခုဖြစ်ပါသည်။

ကစင်ရတ် နှလုံးအထူးကုဌာနသည်

** နှလုံး ဖွင့် ခွဲစိတ်မှုကို 1 နှစ်လျှင်အကြိမ် (750 )

**နှလုံးသွေးကြောချဲ့ခြင်းကို 1 နှစ်လျှင်အကြိမ် (3500)
ဖြင့် လူနာများကို ကုသပေးနေသော ထိုင်းနိုင်ငံ ဘန်ကောက်မြို့၏ ထိပ်တန်း နှလုံး အထူးကု ဆေးရုံ တစ်ရုံဖြစ်ပါသည်။

အသေးစိတ်စုံစမ်း လိုပါက . . .

💢 ကစင်ရတ် မြန်မာပြည် ရန်ကုန် ရုံးချုပ် -
09977776742 , 095173225 , 09 972103636


20/04/2023

" အဖြစ်များနေတဲ့ Influenza A ၏ ရောဂါလက္ခဏာများ "

ဗိုင်းရပ်စ်နှင့် ထိတွေ့မှုပြီး ရောဂါလက္ခဏာများ ပေါက်ဖွားခြင်းကြားကာလသည် 1-4 ရက်ဖြစ်ပြီး အများစုမှာ 1-2 ရက်ဖြစ်သည်။

သို့သော် ရောဂါပိုးအများအပြားသည်
ရောဂါလက္ခဏာမပြဘဲ ရောဂါလက္ခဏာများရုတ်တရက်စတင်ခြင်းဖြစ်ပြီး ကနဦးလက္ခဏာများမှာ

- အဖျားကြီးခြင်း ၊
- ချမ်းတုန်ခြင်း၊
- ခေါင်းကိုက်ခြင်း၊
- ကြွက်သားနာကျင်ခြင်း သို့မဟုတ် နာကျင်ကိုက်ခဲခြင်း၊
- မအီမသာဖြစ်ခြင်း၊
- အစာစားချင်စိတ်မရှိခြင်း၊
- စွမ်းအင်မရှိခြင်းအပါအဝင် အများစုမှာ
- ပင်ပန်းနွမ်းနယ်ခြင်း၊
-စိတ်ရှုပ်ထွေးခြင်း။

ဤလက္ခဏာများသည် အများအားဖြင့်

- ချောင်းခြောက်ဆိုးခြင်း၊
- လည်ချောင်းခြောက်ခြင်း၊
- အသံပြာခြင်း၊
- နှာစေးခြင်း သို့မဟုတ် နှာရည်ယိုခြင်းကဲ့သို့
အသက်ရှူလမ်းကြောင်းဆိုင်ရာ လက္ခဏာများနှင့်အတူ ကူးစက်လွယ်တဲ့ အဆုတ်ရောဂါ တမျိုး ဖြစ်ပါသည်။

ကြိုတင်ကာကွယ်ခြင်း

တုပ်ကွေးကို ကာကွယ်ရန် အကောင်းဆုံးနည်းလမ်းမှာ နှစ်စဉ် ကာကွယ်ဆေးထိုးခြင်း ဖြစ်သည်။ တုပ်ကွေး wave တစ်ခုစီသည် ထိုနှစ် တုပ်ကွေးရာသီအတွင်း မတူညီသော တုပ်ကွေးဗိုင်းရပ်စ် ၃ မှ လေးခုကို ကာကွယ်ပေးသည်။

ရောဂါမပြန့်ပွားအောင် ကာကွယ်နိုင်တဲ့ တခြားနည်းလမ်းတွေကတော့
- လက်ကို မှန်မှန်ဆေးပါ။
- အထူးသဖြင့် တုပ်ကွေးဖြစ်ပွားနေချိန်တွင် လူစုလူဝေးကို ရှောင်ကြဉ်ပါ။
- ချောင်းဆိုး နှာချေတဲ့အခါ ပါးစပ်နဲ့ နှာခေါင်းကို ဖုံးအုပ်ထားပါ။

- အဖျားတက်ပြီး အနည်းဆုံး ၂၄ နာရီကြာရင် အိမ်မှာနေပါ။

Type A influenza သည် မကုသဘဲထားပါက အသက်အန္တရာယ်ရှိသော နောက်ဆက်တွဲပြဿနာများကို ဖြစ်စေနိုင်သော ကူးစက်တတ်သော ဗိုင်းရပ်စ်ပိုးဖြစ်သည်။
တုပ်ကွေးသည် သာမန်အအေးမိခြင်းနှင့်
ဆင်တူသော်လည်း ပိုဆိုးလာသော လက္ခဏာများကို ဖြစ်ပေါ်စေနိုင်သည်။ အကယ်၍ သင်သည် တုပ်ကွေးကူးစက်ခံရသည်ဟု ယူဆပါက ကုသမှုကို ဆွေးနွေးရန် နီးစပ်ရာ ဆရာဝန်နှင့် အမြန်ဆုံး ပြသသင့်ပါသည်။


*** တစ်နှစ်တစ်ခါ ပုံမှန် စစ်ဆေးသင့်တဲ့ Medical Check Up *** Check Up item အမျိုးပေါင်း 30 ကျော် ပါဝင်ပြီး တစ်ယောက် စစ် တ...
15/02/2023

*** တစ်နှစ်တစ်ခါ ပုံမှန် စစ်ဆေးသင့်တဲ့ Medical Check Up ***

Check Up item အမျိုးပေါင်း 30 ကျော် ပါဝင်ပြီး
တစ်ယောက် စစ် တစ်ယောက် အခမဲ့ ရတာမလို့
ဒီနှစ်မှာ ဆေးမစစ်ရသေးရင် Kasemrad Medical Check up package ကို ဝယ်ယူပြီး ဆေးစစ်နိုင်ပါပြီရှင့်...

Check up package ကိုတော့ မတ်လကုန်ထိ ရရှိနိုင်မှာ ဖြစ်ပါတယ် ရှင့်...

အသေးစိတ်အချက်အလက်များကို မေးမြန်းခြင်း စုံစမ်းခြင်း ၊ဆရာဝန် ရက်ချိန်း များပြုလုပ်လိုပါက. . .

ဆက်သွယ်ရန်လိပ်စာ -
JPP Healthcare Services
No 201 အဆောင် D , ရွှေမိုးကောင်းကွန်ဒို ,
မိုးကောင်းလမ်းနှင့် အောင်ဇေယျ လမ်း ဒေါင့် , ရန်ကင်း
09977776742 , 09972102626 , 095173225

*** ကစင်ရတ်ဆေးရုံကြီးရဲ့ တစ်ယောက်ထဲ သီးသန့်စစ်Check Up Package *** အမျိုးပေါင်း ၃၀ ကျော်ပါဝင်ပြီး လေဆိပ်အကြိုအပို့ / ဟို...
18/01/2023

*** ကစင်ရတ်ဆေးရုံကြီးရဲ့ တစ်ယောက်ထဲ သီးသန့်စစ်
Check Up Package ***

အမျိုးပေါင်း ၃၀ ကျော်ပါဝင်ပြီး
လေဆိပ်အကြိုအပို့ / ဟိုတယ်အကြိုအပို့ ဝန်ဆောင်မှု အပြင် ဆေးရုံတွင်း မြန်မာစကားပြန်လဲ ရှိတော့
အစစအရာရာ အဆင်ပြေ 🥰

နှစ်စဥ် Check up အမြဲ လုပ်နေကြကို
မလုပ်ရသေးဘဲ Check up လုပ်ဖို့ တွေးနေရင်တော့
ကစင်ရတ် ဆေးရုံရဲ့ Check up package လေး ရွေးဖို့အသင့်တော်ဆုံးပါ 💝

အသေးစိတ်အချက်အလက်များကို မေးမြန်းခြင်း စုံစမ်းခြင်း ၊ဆရာဝန် ရက်ချိန်းများ ပြုလုပ်လိုပါက

ဆက်သွယ်ရန်လိပ်စာ -
JPP Healthcare Services
အခန်း နံပါတ် 201၊ အဆောင် D ရွှေမိုးကောင်းကွန်ဒို၊ မိုကောင်းလမ်းနှင့် အောင်ဇေယျ လမ်းဒေါင့်၊ ရန်ကင်းမြို့နယ် ၊ ရန်ကုန်မြို့ ။
09977776742 , 09972102626 , 095173225


💠ကစင်ရတ်တွင် အောင်မြင်စွာ နှလုံး အဆို့ရှင်  ခွဲစိတ်ကုသမှုခံယူခဲ့သည့် မြန်မာလူနာ 💠         လူနာသည် Nov လကုန်ပိုင်းတွင် နှ...
04/01/2023

💠ကစင်ရတ်တွင် အောင်မြင်စွာ နှလုံး အဆို့ရှင် ခွဲစိတ်ကုသမှုခံယူခဲ့သည့် မြန်မာလူနာ 💠

လူနာသည် Nov လကုန်ပိုင်းတွင် နှလုံး အဆို့ရှင် အစားထိုးကုသရန် လိုအပ်နေသဖြင့် JPP Health Care Service နှင့်ဆက်သွယ်ခဲ့ရာ လိုအပ်သော
- ကုန်ကျစရိတ် တွက်ချက်ပေးခြင်း
- ကုသမှု အစီအစဥ်
- ဆရာဝန် appointment ၊
- အခြားလိုအပ်သော ကိစ္စ အဝဝကို JPP မှ စီစဉ်ပေးခဲ့ပါသည်။

ယခုအခါ လူနာသည် အချိန်တိုတွင်း ပြန်လည် ကောင်းမွန်လာပြီး မြန်မာနိုင်ငံ သို့ ကျန်းမာစွာ ပြန်ရောက်လာသည့်ကို ကစင်ရတ်မိသားစု နှင့် JPP Health Care မှလည်း လူနာရှင်များနှင့် ထပ်တူ ဝမ်းသာရပါတယ်ရှင့် . . . .

✅ ကစင်ရတ် ဆေးရုံကြီးသည် နောက်ဆုံးပေါ်နည်းပညာများဖြင့် ကျန်းမာရေးဝန်ဆောင်မှုဌာနအသီးသီးမှ ဝန်ဆောင်မှုပေးနေသော ယုံကြည်စိတ်ချရသော ဆေးရုံဖြစ်ပါသည်။

ကစင်ရက်ဆေးရုံကြီး အထူးကုဌာနများမှ ဒဏ်ရာသေးငယ်သော ခွဲစိတ်ကုသနည်းများ၊ခွဲစိတ်ကုသရန် မလိုသောနည်းပညာများ အသုံးပြုပေးသောကြောင့် လူနာများစိုးရိမ်စိတ်ကိုသက်သာစေပြီး ရောဂါပျောက်ကင်းမှုကိုလည်းလျင်မြန်စေပါသည်။

ဆေးရုံတွင် အတတ်ပညာနှင့် အတွေ့အကြုံ ပြည့်ဝကျွမ်းကျင်သော ဆရာဝန် နှင့် ဆေးရုံဝန်ထမ်းများကိုလည်း ခန့်အပ်ထားရှိသောကြောင့် လူနာတစ်ဦးချင်စီအနေနှင့် ကာကွယ်ခြင်း၊စမ်းသပ်ခြင်း ၊ကုသခြင်း များကို (one stop service) ဖြင့် တနေရာတည်းတွင်ပြုလုပ်နိုင်သောနေရာဖြစ်သည်။

အသေးစိတ်အချက်အလက်များကို မေးမြန်းခြင်း စုံစမ်းခြင်း ၊ဆရာဝန် ရက်ချိန်း
များပြုလုပ်လိုပါက. . .

မေးမြန်းခြင်း စုံစမ်းခြင်း ၊ဆရာဝန် ရက်ချိန်း များပြုလုပ်လိုပါက
ဆက်သွယ်ရန်လိပ်စာ -

💢ကစင်ရက် ရန်ကုန်ရုံးချုပ်
​ရွှေမိုး​ကောင်းကွန်ဒို, 201 အဆောင်(D)​အောင်​ဇေယျလမ်းလမ်း ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။
09977776742 , 09972103636 , 095173225

#

20/09/2022

**ကစင်ရတ်ဆေးရုံကြီးမှာ နှလုံးခွဲစိတ်ကုသပြီး (နှလုံးအဆို့ရှင် ၂ ခုလဲလှယ်) ပြီး အချိန်တိုတွင်း ပြန်လည်ကျန်းမာလာသော တောင်တွင်းကြီးမြို့က ဦးမြင့်စိုး ****

💢 နှလုံး အဆို့ရှင် ခွဲစိတ်ခြင်း 💢

နှလုံးအဆို့ရှင် ကို ခွဲစိတ်ကုသရန်လိုအပ်ပါက အဆို့ရှင်ရဲ့ အလုပ်လုပ်ပုံ ရောဂါရရှိပုံ အဆို့ရှင် ပြုပြင်ခြင်း၊အစားထိုးခြင်းကို အရင်စစ်ဆေးမှုများ ပြုလုပ်ရပါမည်။

နှလုံးအဆို့ရှင် ရောဂါဆိုတာက နားကြပ်ဖြင့်စမ်းသပ်သောအခါ သာမာန် နှလုံးခုန်သံနဲ့ မတူပဲ ထူးခြားသောအသံ ကြားရပါက နှလုံးအဆို့ရှင် တွင် ပြသာနာရှိနေပါပြီ။

💢 အဆို့ရှင် ခွဲစိတ် ပြုပြင်ခြင်း 💢

နှလုံး၏ ဘယ်ဖက်ရှိ Mitral Valve မာကျော တင်းကျပ်လာသောအခါ အရွတ်အဖျားများ တစ်လျှောက် မာတောင့်သွားပြီး ပုံမှန် မလုပ်ပဲ အဆို့ရှင်များ မလုံလောက်တော့ပေ။ ၄င်းကို ပြုပြင်ရန် ခွဲစိတ် လှီးဖြတ်၍သော်လည်းကောင်း၊ ဘောလုံးသွင်း၍ အဆို့ရှင်အရွက်ဖျားများကို ဆန့်စေခြင်းဖြင့် လည်းကောင်း ပြုပြင် ကုသနိုင်သည်။ ၄င်းကုသနည်းကို နှလုံးအဆို့ရှင် ဖြတ်တောက်ကုသခြင်း (Valvotomy) ဟုခေါ်သည်။
အဆို့ရှင်၏ အရွက်အဖျား သို့မဟုတ် အမှေးအဖျားများ ပျော့ဆန့်သွားပါက အဆို့ရှင်မှာ ကောင်းစွာ မပိတ်နိုင်ပဲ သွေးများ နောက်သို့ ပြန်လည်စိမ့်၍ စီးသွားနိုင်သည်။
Mitral Valve ၏ ဆန့်ထွက်လာသော အသားမျှင်ကို ဖြတ်တောက်၍ ကျန်အနာများကို ချုပ်၍ သော်လည်းကောင်း၊ အမျှင်အကြောများ (cords) ကို တိုအောင် ပြုပြင်ခြင်း သို့မဟုတ် ဆက်ခြင်းဖြင့် သော်လည်းကောင်း ပြုပြင်နိုင်သည်။
Annuloplasty ring သည် အထူးကွင်းဖြစ်ပြီး ကျယ်၍ ပျက်စီးသွားသော နှလုံးအဆို့ရှင်ကို ကျဉ်းပြီး ပိုမိုကောင်းမွန်လာစေရန် အသုံးပြုသည်။

💢 အဆို့ရှင် အစားထိုး လဲလှယ်ခြင်း 💢

အကယ်၍ အဆို့ရှင် ပြုပြင်၍မရပါက ၄င်းအဆို့ရှင်ကို လှီးဖြတ်ဖယ်ထုတ်ပြီး အဆို့ရှင်အတုဖြင့် အစားထိုးကာ လူနာ၏ မူလအဆို့ရှင်တစ်ရှူး၏ အနားတစ်ဝိုက်တွင် တွဲချုပ်ထားခြင်းဖြစ်သည်။
အစားထိုး အဆို့ရှင်အတု များစွာရှိသော်လည်း အုပ်စု (၂) ခုသာ ရှိသည်။ အသားမျှင်(တစ်ရှူး) ဖြင့် ပြုလုပ်ထားသော ဇီ၀အဆို့ရှင် (သို့မဟုတ်) သတ္တု/ ပလပ်စတစ် တို့ဖြင့် ပြုလုပ်ထားသော အဆို့ရှင်တု တို့ဖြစ်သည်။
အသားမျှင် (တစ်ရှူး) ဖြင့် ပြုလုပ်ထားသော ဇီ၀အဆို့ရှင်သည် အသားမျှင်များဖြင့် ပြုလုပ်ထားသည်။ တိရိစ္ဆာန်မှ ပြုလုပ်ထားသော အဆို့ရှင်များသည် အစားထိုးသွင်းရာတွင် လွယ်ကူစေရန် ပိတ်စအုပ်ထားသော သတ္တု (သို့မဟုတ်) ပလပ်စတစ်ဘောင်ခွင် အပေါ်တွင် တပ်ဆင်ထားသည်။ဇီ၀အဆို့ရှင်များသည် လူ၏နှလုံးသွေးကြောမကြီးမှ အသားမျှင်(တစ်ရှူး) များဖြင့် ပြုလုပ်ထားပြီး လူနာ၏နှလုံးသွေးကြောမကြီး၏ အခြေ၌ တိုက်ရိုက်ချုပ်၍ အစားထိုးနိုင်သည်။

✳ဆေးရုံတွင် တပတ်ခန့်သာ နေရန်လိုပါသည်။ ✳


အသေးစိတ်စုံစမ်း လိုပါက . . .

💢 ကစင်ရတ် မြန်မာပြည် ရန်ကုန် ရုံးချုပ် -
09977776742 , 09780037914
ဆက်သွယ်ရန် လိပ်စာ
JPP Co.,Ltd
အခန်း နံပါတ် G 1-7 ၊ ပထမထပ် ၊ အဆောင် C ၊ ကမ္ဘာအေးဘုရားလမ်း ၊ ဗဟန်းမြို့နယ် ၊ ရန်ကုန်မြို့ ။

💢Happy Surprise Trip Travels & Tours_
No.5,U Chit Maung Rd.,Tamwe Tsp.,Yangon,Myanmar.
☎️09965508686

💢 ပြင်ဦးလွင်ရုံး
UG-23,Ruby Mart (အပေါ်ထပ်)
ချမ်းမြေ့မေတ္တာရတနာဆိုင် ,မန္တလေး-လားရှိုးလမ်း၊
ပြင်ဦးလွင်။
ဆက်သွယ်ရန် - 09 256296171,09 33143968,09 5083734

💢မန္တလေး ရုံးခွဲ
၇၇လမ်း ၊ ၂၆ x ၂၇ ကြား ၊ Exotic Myanmar Travel & Tours
09444011145,09766888778,09766888998

**သင် ဒီနှစ်အတွက် ဆေးစစ်ပြီးပြီလား???** မစစ်ရသေးဘူးဆိုရင်တော့ Kasemrad ဆေးရုံကြီးရဲ့ အရမ်းတန်တဲ့  Medical Check up packa...
14/09/2022

**သင် ဒီနှစ်အတွက် ဆေးစစ်ပြီးပြီလား???**

မစစ်ရသေးဘူးဆိုရင်တော့ Kasemrad ဆေးရုံကြီးရဲ့
အရမ်းတန်တဲ့ Medical Check up package လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်ရှင့်...

- Check Up item 25 မျိုးကျော် ပါဝင်ပြီး
တစ်ယောက် စစ် တစ်ယောက် အခမဲ့ ရတာမလို့
ဒီနှစ်မှာ ဆေးမစစ်ရသေးရင် Kasemrad Check up package ကို ဝယ်ထားလိုက်တော့နော် ~~~

Check up package ကိုတော့ ဒီနှစ် ကုန်ထိ ရရှိနိုင်မှာ ဖြစ်ပါတယ် ရှင့်...

အသေးစိတ် စုံစမ်း သိရှိလိုပါက

💢ကစင်ရက် ရန်ကုန်ရုံးချုပ်
No - 13/B,C , မြရတနာလမ်း , ဘောက်ထှော် , ရန်ကင်း
09 5139197 , 09 5173225

" Covid တွေ ပြန်ဖြစ်နေကြလို့ အားလုံးလဲ သတိထားကြဖို့ တိုက်တွန်းအပ်ပါတယ်ရှင့် "အပြင်သွားလျှင်လည်း Mask မဖြစ်မနေ တပ်ပြီးသွာ...
09/09/2022

" Covid တွေ ပြန်ဖြစ်နေကြလို့ အားလုံးလဲ သတိထားကြဖို့ တိုက်တွန်းအပ်ပါတယ်ရှင့် "

အပြင်သွားလျှင်လည်း Mask မဖြစ်မနေ တပ်ပြီးသွားကြဖို့ တိုက်တွန်းအပ်ပါတယ်ရှင့် ...

စောစောသိလျှင် စောစောကုသခြင်းဖြင့် ဂရုစိုက်ကြပါစို့။

ကာကွယ်ဆေးမထိုးရသေးသောသူများအနေဖြင့် ကြိုတင်ကာကွယ်ထားကြဖို့လဲ တိုက်တွန်းအပ်ပါတယ်ရှင့်...

💥ခွဲစိတ်စရာမလိုဘဲအချိန်တိုတွင်းနှလုံးသွေးကြောချဲ့ခြင်းအကြောင်း 💥 နှလုံး သွေးကြောချဲ့ခြင်း အဆင့်ဆင့်  - ပေါင်မှာရှိသော ပင...
06/09/2022

💥ခွဲစိတ်စရာမလိုဘဲအချိန်တိုတွင်းနှလုံးသွေးကြောချဲ့ခြင်းအကြောင်း 💥

နှလုံး သွေးကြောချဲ့ခြင်း အဆင့်ဆင့်

- ပေါင်မှာရှိသော ပင်မသွေးကြောထဲမှ တစ်ဆင့် balloon ပါသောပြွန်ငယ်လေးဖြင့် နှလုံးသွေးကြောချဲ့ stent စကာလေးကို အတူတူယူဆောင်ကာ နှလုံးသွေးကြော Artery ထဲသို့ အရောက်သွားပါသည်။

- Artery ထဲသို့ရောက်လျှင် Balloon ကိုလေသွင်း ကျယ်လိုက်သောအခါ stent စကာလေးမှာလည်း Balloon နှင့် အတူလိုက်ကျယ်ကာ နှလုံးသွေးကြောချဲ့ ပေးသည့် အနေအထားတွင် ရှိနေပါသည်။

- နှလုံးသွေးကြော အတွင်း ပုံမှန် သွေးလည်ပတ်နိုင်သည့် အနေအထား ကို stent ဖြင့်ကျယ်စေပြီးသောအခါ Balloon ပြွန်ငယ်လေးကို လေလျှော့ ၍ stent စကာလေးကို သွေးကြောအတွင်း ကျန်ရစ်ခဲ့စေပါသည်။

ဆေးရုံတွင် တစ်ရက်သာ အနားယူရပါမည်...
ကစင်ရတ်ဆေးရုံကြီးဟာ ထိုင်းနိုင်ငံရဲ့ အကြီးဆုံး ဆေးရုံ အုပ်စု Bangkok Chain Hospital Public Company Limited ၏ဆေးရုံတစ်ရုံအဖြစ်ပါဝင်ပြီး နိုင်ငံတကာမှ လူနာများ အတွက် အကောင်းဆုံးကျန်းမာရေး ဝန်ဆောင်မှု များကို အထူးဝန်ဆောင်ပေးနေသော ဆေးရုံတစ်ခုဖြစ်ပါသည်။

ကစင်ရတ် နှလုံးအထူးကုဌာနသည်

** နှလုံး ဖွင့် ခွဲစိတ်မှုကို 1 နှစ်လျှင်အကြိမ် (750 )

**နှလုံးသွေးကြောချဲ့ခြင်းကို 1 နှစ်လျှင်အကြိမ် (3500)
ဖြင့် လူနာများကို ကုသပေးနေသော ထိုင်းနိုင်ငံ ဘန်ကောက်မြို့၏ ထိပ်တန်း နှလုံး အထူးကု ဆေးရုံ တစ်ရုံဖြစ်ပါသည်။

အသေးစိတ်စုံစမ်း လိုပါက . . .

💢 ကစင်ရတ် မြန်မာပြည် ရန်ကုန် ရုံးချုပ် -
09977776742 , 095173225 , 09 5139197

No 13 B/C , မြရတနာလမ်း , ဘောက်ထှော် , ပြည်သာယာ , ရန်ကင်း


Address

No 201 , Building D , Shwe Moe Kaung Condo , Conor Of Moe Kaung Road & Aung Zayya Rd , Yankin Township
Yangon
11201

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 10:00 - 15:15

Alerts

Be the first to know and let us send you an email when Kasemrad Hospital ကစင်ရတ်ဆေးရုံးကြီးမြန်မာပြည်ရုံး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category