Empress Meditour

Empress Meditour Medanta Hospital, Myanmar Office

🌟 ဝမ်းသာဂုဏ်ယူပါတယ် Medanta! 🎉 🎉 🎉🥇အိန္ဒိယရဲ့ အကောင်းဆုံး No. 1 ဆေးရုံအဖြစ် Newsweek က သတ်မှတ်လိုက်ပါပြီ။🎯 Newsweek Worl...
26/02/2026

🌟 ဝမ်းသာဂုဏ်ယူပါတယ် Medanta! 🎉 🎉 🎉

🥇အိန္ဒိယရဲ့ အကောင်းဆုံး No. 1 ဆေးရုံအဖြစ် Newsweek က သတ်မှတ်လိုက်ပါပြီ။

🎯 Newsweek World’s Best Hospitals 2026 စာရင်းမှာ Medanta-The Medicit ဆေးရုံကြီးက အိန္ဒိယတစ်နိုင်ငံလုံးရဲ့ အကောင်းဆုံးဆေးရုံအဖြစ် ထိပ်ဆုံးက ရပ်တည်နေပါတယ်။

🏆 ၆ နှစ်ဆက်တိုက် ပုဂ္ဂလိကအကောင်းဆုံးဆုကနေ အခုတော့ တစ်နိုင်ငံလုံးရဲ့ Overall No. 1 ဖြစ်လာခဲ့တာပါ။

🏥လူနာတွေရဲ့ ယုံကြည်မှုနဲ့ ဆေးဘက်ဆိုင်ရာ ထူးချွန်မှုတွေကြောင့် ရရှိလာတဲ့ ဒီအောင်မြင်မှုဟာ တကယ့်ကို ထိုက်တန်ပါတယ်။ 👏👏👏

⚕️နိုင်ငံတကာအဆင့်မှီ ကျန်းမာရေးစောင့်ရှောက်မှု ခံယူလိုသူများအတွက် Indiaနိုင်ငံ MEDANTA ဆေးရုံကြီး​၏ မြန်မာပြည်ရုံးခွဲ ဖြစ်သည့် Empress Meditourမှ အထူးဝန်ဆောင်မှူများကို အကောင်းဆုံးဆောင်ရွက်ပေးလျက်ရှိပါသည်။

MEDANTA Hospital (မြန်မာပြည်ရုံး)
🏡 ဆက်သွယ်ရန်လိပ်စာ
အခန်း ၃၄၊ တိုက် ၄၊ ရှစ်မိုင်လမ်းဆုံ၊ ပြည်လမ်း၊ မြို့ပြအိမ်ရာတောင်ဘက်ခြမ်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။
☎️ ဖုန်း - 09250830382, 09965167249

23/02/2026
👨‍⚕️အိန္ဒိယဆေးဘက်ဆိုင်ရာလောကရဲ့ ပြယုဂ်နှင့် Medanta ကို အသက်သွင်းသူ Dr. Naresh Trehanကမ္ဘာ့အဆင့်မီ ဆေးကုသမှုတွေအကြောင်း ...
20/02/2026

👨‍⚕️အိန္ဒိယဆေးဘက်ဆိုင်ရာလောကရဲ့ ပြယုဂ်နှင့် Medanta ကို အသက်သွင်းသူ Dr. Naresh Trehan

ကမ္ဘာ့အဆင့်မီ ဆေးကုသမှုတွေအကြောင်း ပြောရင် အိန္ဒိယနိုင်ငံ၊ Gurugram မှာရှိတဲ့ Medanta - The Medicity ဆေးရုံကြီးကို ချန်ထားလို့မရသလို၊ အဲဒီဆေးရုံကြီးရဲ့ နောက်ကွယ်က ပဲ့ကိုင်ရှင်ဖြစ်သူ Dr. Naresh Trehan ရဲ့ ကြိုးပမ်းမှုကိုလည်း လူတိုင်းသိထားသင့်ပါတယ်။

သူ့ရဲ့ ဘဝဖြတ်သန်းမှုနဲ့ အောင်မြင်မှုတွေဟာ ဆေးကျောင်းသားတွေအတွက်တင်မကဘဲ စီးပွါးရေးလုပ်ငန်းရှင်တွေအတွက်ပါ အတုယူစရာတွေ ပြည့်နေပါတယ်။

1️⃣ အမေရိကန်မှ မိခင်နိုင်ငံသို့အရောက်ပြန်လာခြင်း

👨‍⚕️Dr. Trehan ဟာ အမေရိကန်နိုင်ငံ New York University (NYU) Medical Center မှာ အောင်မြင်ကျော်ကြားတဲ့ 🫀နှလုံးခွဲစိတ်ဆရာဝန်တစ်ဦးအဖြစ် ဆယ်စုနှစ် ၂ ခုနီးပါး ကျင်လည်ခဲ့သူပါ။ ဒါပေမဲ့ သူဟာ သူ့ရဲ့ပညာရပ်နဲ့ 🇮🇳မိခင်နိုင်ငံက လူမျိုးတွေကို ပြန်လည်အကျိုးပြုချင်တဲ့ စိတ်ဆန္ဒကြောင့် အမေရိကန်က အခွင့်အလမ်းတွေကို စွန့်လွှတ်ပြီး အိန္ဒိယကို ပြန်လာခဲ့ပါတယ်။

2️⃣ Escorts Heart Institute မှ Medanta ဆီသို့…

အိန္ဒိယကို ပြန်ရောက်တဲ့အခါ Escorts Heart Institute ကို အောင်မြင်အောင် တည်ထောင်ခဲ့ပြီးနောက် ၂၀၀၉ ခုနှစ်မှာတော့ သူ့ရဲ့ အကြီးမားဆုံး အိမ်မက်ဖြစ်တဲ့ 🏥 “Medanta - The Medicity” 🏥ဆေးရုံကြီးကို စတင်အကောင်အထည်ဖော်ခဲ့ပါတယ်။ သူဟာ ဆေးရုံတစ်ခုကို ကုသရေးသက်သက်တင်မကဘဲ သုတေသန (Research) နဲ့ လေ့ကျင့်သင်ကြားရေး (Training) တွေပါ ပေါင်းစပ်ထားတဲ့ "တစ်မိုးအောက်" ဆေးဘက်ဆိုင်ရာ မြို့တော်ကြီးတစ်ခုဖြစ်အောင် ဖန်တီးခဲ့တာပါ။ 💫

3️⃣ လက်ဖျားမှာ နတ်ဆေးရှိသူ ✨

သူဟာ တစ်သက်တာအတွင်း နှလုံးခွဲစိတ်မှုပေါင်း ၄၈,၀၀၀ ကျော် ကို ကိုယ်တိုင်ဦးဆောင် လုပ်ဆောင်ခဲ့သူဖြစ်ပါတယ်။ ဒါဟာ ကမ္ဘာ့စံချိန်တင်လောက်တဲ့ အရေအတွက်ဖြစ်ပြီး ရှုပ်ထွေးလွန်းတဲ့ နှလုံးသွေးကြောပိတ်ရောဂါနဲ့ နှလုံးအစားထိုး ကုသမှုတွေမှာ သူ့ရဲ့လက်ရာဟာ တိကျသေချာလွန်းတာကြောင့် ✨"Magic Hands"✨ လို့တောင် တင်စားကြပါတယ်။

4️⃣ အိန္ဒိယနိုင်ငံ အစိုးရက အသိအမှတ်ပြုရသူ 👨‍⚕️

သူ့ရဲ့ ထူးချွန်ပြောင်မြောက်တဲ့ ဆေးပညာစွမ်းဆောင်ရည်တွေကြောင့် အိန္ဒိယအစိုးရက ပေးအပ်တဲ့ အရပ်ဘက်ဆိုင်ရာ အမြင့်ဆုံးဘွဲ့တံဆိပ်တွေဖြစ်တဲ့ 🎖️Padma Shri နဲ့ Padma Bhushan 🏅ဘွဲ့တို့ကို ချီးမြှင့်ခြင်း ခံခဲ့ရပါတယ်။

ယနေ့ “Medanta - The Medicity” ဆေးရုံကြီးသည် နိုင်ငံတကာက လူနာတွေ ယုံကြည်အားထားရတဲ့ ဆေးရုံကြီးဖြစ်နေတာဟာ Dr. Naresh Trehan ရဲ့ "လူနာကို ဗဟိုပြုရမယ်" ဆိုတဲ့ စိတ်ဓာတ်နဲ့ ဆေးပညာအပေါ် ထားရှိတဲ့ မယိမ်းယိုင်တဲ့ သစ္စာတရားကြောင့်ပဲ ဖြစ်ပါတယ်။ ဆေးပညာလောကမှာ သူဟာ သက်ရှိထင်ရှား ဂန္ထဝင်တစ်ဦး 🌟Living Legend🌟ဆိုရင်လည်း မမှားပါဘူး။

⚕️နိုင်ငံတကာအဆင့်မှီ ကျန်းမာရေးစောင့်ရှောက်မှု ခံယူလိုသူများအတွက် Indiaနိုင်ငံ MEDANTA ဆေးရုံကြီး​၏ မြန်မာပြည်ရုံးခွဲ ဖြစ်သည့် Empress Meditourမှ အထူးဝန်ဆောင်မှူများကို အကောင်းဆုံးဆောင်ရွက်ပေးလျက်ရှိပါသည်။

MEDANTA Hospital (မြန်မာပြည်ရုံး)
🏡 ဆက်သွယ်ရန်လိပ်စာ
အခန်း ၃၄၊ တိုက် ၄၊ ရှစ်မိုင်လမ်းဆုံ၊ ပြည်လမ်း၊ မြို့ပြအိမ်ရာတောင်ဘက်ခြမ်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။
☎️ ဖုန်း - 09250830382, 09965167249

❣️ မျှော်လင့်ချက်ဆိုတာ တကယ်ရှိပါတယ် ❣️🍀 အသည်းအစားထိုးကုသမှု (Liver Transplant) ဆိုတာ လူတစ်ယောက်အတွက် ဒုတိယအကြိမ်မြောက် ဘ...
12/02/2026

❣️ မျှော်လင့်ချက်ဆိုတာ တကယ်ရှိပါတယ် ❣️

🍀 အသည်းအစားထိုးကုသမှု (Liver Transplant) ဆိုတာ လူတစ်ယောက်အတွက် ဒုတိယအကြိမ်မြောက် ဘဝသစ်ကို ရရှိလိုက်တာပါပဲ။

ဒီနေ့မှာတော့ ကျွန်တော်တို့ MEDANTA ဆေးရုံကြီးမှာ အသည်းအစားထိုးကုသမှု ခံယူခဲ့ပြီးနောက် ကျန်းကျန်းမာမာနဲ့ (၁၀) နှစ်၊ (၁၅) နှစ်ကနေ အခုဆိုရင် (၂၀) ကျော်အထိ သက်တမ်းရှည်ကြာစွာ နေထိုင်နေကြတဲ့ မိသားစုဝင်တွေကို ဂုဏ်ပြုရင်း ဒီဓာတ်ပုံလေးကို မျှဝေလိုက်ပါတယ်။

သူတို့ရဲ့ ရယ်မောပျော်ရွှင်သံတွေနဲ့ ကျန်းမာကြံ့ခိုင်တဲ့ ပုံရိပ်တွေဟာ အခုလက်ရှိ ဒီရောဂါဝေဒနာ ခံစားနေရတဲ့သူတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေအတွက်တော့ အကြီးမားဆုံးသော "မျှော်လင့်ချက်" နဲ့ "ခွန်အား" တွေ ဖြစ်လာမှာ အသေအချာပါပဲ။
ကျန်းမာခြင်းဟာ လာဘ်တစ်ပါးဆိုတဲ့အတိုင်း အားလုံးပဲ သက်ရှည်ကျန်းမာကြပါစေ။ 🙏

⚕️နိုင်ငံတကာအဆင့်မှီ ကျန်းမာရေးစောင့်ရှောက်မှု ခံယူလိုသူများအတွက် Indiaနိုင်ငံ MEDANTA ဆေးရုံကြီး​၏ မြန်မာပြည်ရုံးခွဲ ဖြစ်သည့် Empress Meditourမှ အထူးဝန်ဆောင်မှူများကို အကောင်းဆုံးဆောင်ရွက်ပေးလျက်ရှိပါသည်။

MEDANTA Hospital (မြန်မာပြည်ရုံး)
🏡 ဆက်သွယ်ရန်လိပ်စာ
အခန်း ၃၄၊ တိုက် ၄၊ ရှစ်မိုင်လမ်းဆုံ၊ ပြည်လမ်း၊ မြို့ပြအိမ်ရာတောင်ဘက်ခြမ်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။
☎️ ဖုန်း - 09250830382, 09965167249





🎯၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၃၁) ရက်နေ့နှင့် ဖေဖော်ဝါရီလ (၁) ရက်နေ့ တို့တွင် မန္တလေးမြို့နှင့် ရန်ကုန်မြို့တို့၌ အသီးသီး ကျင...
04/02/2026

🎯၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၃၁) ရက်နေ့နှင့် ဖေဖော်ဝါရီလ (၁) ရက်နေ့ တို့တွင် မန္တလေးမြို့နှင့် ရန်ကုန်မြို့တို့၌ အသီးသီး ကျင်းပပြုလုပ်ခဲ့သော အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ရှိMedanta ဆေးရုံကြီး၏ ကျန်းမာရေး ဟောပြောပွဲသို့ တက်ရောက်ဆွေးနွေးပေးပါသော ဆရာဝန်ကြီးများ၊ စိတ်ဝင်စားစွာ ဆွေးနွေးပွဲသို့ တက်ရောက်ပေးပါသော လူနာဟောင်း၊ လူနာသစ်များ၊ မိတ်ဆွေများအားလုံးနှင့် အားတက်သရော ဝိုင်းဝန်းကူညီပေးကြသူ များအားလုံးကိုလည်း MEDANTA-The Medicity ဆေးရုံကြီး မြန်မာပြည်ရုံးမှ ကျေးဇူးအထူးပင်တင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။

အထူးသဖြင့် ဒီပွဲကို တက်ရောက်လာပေးကြတဲ့ "နှစ်ရှည်အသည်းအစားထိုးလူနာများ" ကို မြင်တွေ့ရတာ ကျွန်တော်တို့အတွက် တကယ့်ကို ဂုဏ်ယူဝမ်းမြောက်စရာ ခွန်အားတွေ ရရှိစေပါတယ်။ ခိုင်မာတဲ့ စိတ်ဓာတ်နဲ့ ကျန်းမာပျော်ရွှင်စွာ ပြန်လည်ရှင်သန်နေကြတာကို မြင်ရတာ တကယ်ကို ကြည်နူးဖို့ကောင်းပါတယ်။
ရှေ့ဆက်ပြီးတော့လည်း လူသားအားလုံးအတွက် ပိုမိုကောင်းမွန်တဲ့ ကျန်းမာရေးဝန်ဆောင်မှုတွေနဲ့ ဗဟုသုတတွေကို ဆက်လက်မျှဝေပေးသွားပါဦးမယ်ခင်ဗျာ။

MEDANTA Hospital (မြန်မာပြည်ရုံး)
🏡 ဆက်သွယ်ရန်လိပ်စာ
အခန်း ၃၄၊ တိုက် ၄၊ ရှစ်မိုင်လမ်းဆုံ၊ ပြည်လမ်း၊ မြို့ပြအိမ်ရာတောင်ဘက်ခြမ်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။
☎️ ဖုန်း - 09250830382, 09965167249

28/01/2026
22/01/2026
🍀" Medanta ဆေးရုံကြီးမှ ဆရာဝန်ကြီးများရဲ့ ကျန်းမာရေးဟောပြောပွဲအား တက်ရောက်ဆွေးနွေးနိုင်ပါရန် ခင်မင်ရင်းနှီးစွာ ဖိတ်ကြားအ...
17/01/2026

🍀" Medanta ဆေးရုံကြီးမှ ဆရာဝန်ကြီးများရဲ့ ကျန်းမာရေးဟောပြောပွဲအား တက်ရောက်ဆွေးနွေးနိုင်ပါရန် ခင်မင်ရင်းနှီးစွာ ဖိတ်ကြားအပ်ပါသည် " 📣📣

🏨 Medanta ဆေးရုံကြီးသည် အတွေ့အကြုံရင့်ကျက်သော အထူးကုဆရာဝန်ကြီးတွေ၊ ခေတ်မီစက်ကိရိယာများဖြင့် ပြည့်စုံတဲ့အတွက် မြန်မာလူနာများ မကြာခဏ သွားရောက်ပြသကြတဲ့ ဆေးရုံကြီးဖြစ်ပါတယ်။ ယခုအခါ Medanta ဆေးရုံကြီးမှ ဆရာဝန်ကြီးများက မြန်မာနိုင်ငံမှာ ကျန်းမာရေးဟောပြောပွဲ ပြုလုပ်မှာဖြစ်ပါတယ်...

ဟောပြောမယ့် ဆရာဝန်ကြီးများကတော့
👨‍⚕️ Dr. Arvinder Singh Soin
အသည်းအစားထိုးခွဲစိတ် အထူးကုဆရာဝန်ကြီး
Dr စွမ်း နှင့်သူ၏အဖွဲ့သည် စက်ရုပ်နည်းပညာသုံး အသည်းအစားထိုးခွဲစိတ်မှုပေါင်း 250 ကျော်နှင့် ကလေးလူနာများ၏ အသည်းအစားထိုးကုသမှု 500 နီးပါးအပါအဝင် စုစုပေါင်းအသည်းအစားထိုးကုသမှု 4500 နီးပါးကို အောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့ပြီး ဖြစ်ပါသည်။

👨‍⚕️ Dr. Ankur Nandan Varshney
ကင်ဆာအထူးကုဆရာဝန်ကြီး
Dr Ankur Nandan Varshney သည် Medanta ဆေးရုံကြီးတွင် ထူးချွန်ပြောင်မြောက်စွာ 10 နှစ်ကျော် ဆေးပညာအတွေ့အကြုံများဖြင့် ဆေးဘက်ဆိုင်ရာ ကင်ဆာရောဂါဗေဒနယ်ပယ်တွင် ကျွမ်းကျင်သော အတိုင်ပင်ခံတစ်ဦးဖြစ်သည်။

📆 ဟောပြောပွဲအစီအစဉ်အနေနဲ့ကတော့... Yangon, Mandalay နှစ်နေရာမှာ ပြုလုပ်ပေးသွားမှာပဲ ဖြစ်ပါတယ်...

👉👉 Yangon
နေ့ရက် : 1.2.2026 (Sunday)
အချိန် : 1:00 PM - 4:00 PM
နေရာ : Lotte Hotel Yangon
No.82, Sin Phyu Shin Avenue, Pyay Road, 6 1/2 mile, Yangon

👉👉 Mandalay
နေ့ရက် : 31.1.2026 (Saturday)
အချိန် : 3:00 PM -6:00 PM
နေရာ : Hotel Mandalay, Hnin Si Phyu Hall
No. 652, 78th street, Bt 37th & 38th street, Mandalay

ဒါကြောင့် အသည်းနဲ့ သည်းခြေရောဂါရှိသူများ၊ ကင်ဆာရောဂါခံစားနေရသူများ အနေနဲ့ စိတ်ပါဝင်စားတယ်ဆိုရင် တက်ရောက် ဆွေးနွေးနိုင်ပါတယ်...

🙏 တက်ရောက်လိုပါက စာရင်းပေးသွင်းနိုင်ကြောင်း သတင်းကောင်းပါးလိုပါတယ်။

⚕️နိုင်ငံတကာအဆင့်မှီ ကျန်းမာရေးစောင့်ရှောက်မှု ခံယူလိုသူများအတွက် Indiaနိုင်ငံ MEDANTA ဆေးရုံကြီး​၏ မြန်မာပြည်ရုံးခွဲ ဖြစ်သည့် Empress Meditourမှ အထူးဝန်ဆောင်မှူများကို အကောင်းဆုံးဆောင်ရွက်ပေးလျက်ရှိပါသည်...

MEDANTA Hospital (မြန်မာပြည်ရုံး)
🏡 ဆက်သွယ်ရန်လိပ်စာ
အခန်း ၃၄၊ တိုက် ၄၊ ရှစ်မိုင်လမ်းဆုံ၊ ပြည်လမ်း၊ မြို့ပြအိမ်ရာတောင်ဘက်ခြမ်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။
☎️ ဖုန်း - 09250830382, 09965167249

🍀 ကျွန်ုပ်တို့ Medanta ဆေးရုံကြီးအနေနဲ့ ၂၀၂၆ ခုနှစ်ရဲ့ နှစ်သစ်ခရီးလမ်းကို စတင်လိုက်ပါပြီ။ လူနာတစ်ဦးချင်းစီရဲ့ ကျန်းမာရေး...
01/01/2026

🍀 ကျွန်ုပ်တို့ Medanta ဆေးရုံကြီးအနေနဲ့ ၂၀၂၆ ခုနှစ်ရဲ့ နှစ်သစ်ခရီးလမ်းကို စတင်လိုက်ပါပြီ။ လူနာတစ်ဦးချင်းစီရဲ့ ကျန်းမာရေးခရီးလမ်းမှာ ပိုမိုကောင်းမွန်တဲ့ ကုသမှု၊ ခိုင်မာတဲ့ ယုံကြည်မှုတို့နဲ့အတူ အမြဲတမ်း အနားမှာ ရှိနေမှာပါ။

အားလုံးပဲ ကျန်းမာခြင်း၊ ပျော်ရွှင်ခြင်းတွေ ပြည့်နှက်နေတဲ့ နှစ်သစ်ကို ပိုင်ဆိုင်နိုင်ကြပါစေ🙏🙏🙏

MEDANTA Hospital (မြန်မာပြည်ရုံး)
🏡 ဆက်သွယ်ရန်လိပ်စာ
အခန်း ၃၄၊ တိုက် ၄၊ ရှစ်မိုင်လမ်းဆုံ၊ ပြည်လမ်း၊ မြို့ပြအိမ်ရာတောင်ဘက်ခြမ်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။
☎️ ဖုန်း - 09250830382, 09965167249

🎄✨ A Season of Hope and Healing ✨🎄This Christmas, may the spirit of love and compassion bring comfort, strength, and goo...
25/12/2025

🎄✨ A Season of Hope and Healing ✨🎄

This Christmas, may the spirit of love and compassion bring comfort, strength, and good health to you and your loved ones.

Warm wishes from MEDANTA Hospital, Myanmar Office

🛡️ကင်ဆာကို အချိန်တိုအတွင်း တိတိကျကျအနိုင်ယူကြစို့!အဆင့်မြင့်နည်းပညာနဲ့ လူနာတွေရဲ့ ဘဝကို ပြောင်းလဲပေးလိုက်တဲ့ Medanta-The...
18/12/2025

🛡️ကင်ဆာကို အချိန်တိုအတွင်း တိတိကျကျအနိုင်ယူကြစို့!

အဆင့်မြင့်နည်းပညာနဲ့ လူနာတွေရဲ့ ဘဝကို ပြောင်းလဲပေးလိုက်တဲ့ Medanta-The Medicity

အိန္ဒိယနိုင်ငံရဲ့ ပထမဦးဆုံးသော Varian Edge Platform ကို အသုံးပြုပြီး ကင်ဆာကုသမှုမှာ စံချိန်သစ်တင်လိုက်ပါပြီ။
Varian Edge ရဲ့ အားသာချက်များ :

🚀 အချိန်တိုတိုနဲ့ အလွန် ထိရောက်စွာကုသနိုင်ခြင်း: ယခင်က အကြိမ်ပေါင်းများစွာ ကုသရမယ့်အစား (၃) ကြိမ်ကနေ (၅) ကြိမ်အတွင်းသာ ကုသရန်လိုအပ်ပြီး၊ တစ်ကြိမ်လျှင် ၁ မိနစ်ခန့်သာ ကြာမြင့်ပါတယ်။

🎯 တိကျမှုအလွန်မြင့်မားခြင်း: ဦးနှောက်နဲ့ အခြားခန္ဓာကိုယ်အစိတ်အပိုင်းတွေက ကုသရန်ခက်ခဲတဲ့ အကျိတ်တွေကို ကျန်းမာတဲ့ဆဲလ်တွေ မထိခိုက်စေဘဲ တိတိကျကျ ကုသပေးနိုင်ပါတယ်။

🛋️ လူနာအတွက် သက်တောင့်သက်သာရှိခြင်း : Mask များ အမြဲတမ်းတပ်ဆင်ထားရန် မလိုတဲ့အတွက် ကျဉ်းကျပ်မှုကို ကြောက်တတ်တဲ့ လူနာတွေအတွက် အထူးအဆင်ပြေပါတယ်။

Medanta ရဲ့ ကျွမ်းကျင်ဓာတ်ရောင်ခြည်ပညာရှင်ကြီးများနဲ့ နောက်ဆုံးပေါ်နည်းပညာတို့ ပေါင်းစပ်လိုက်တဲ့အခါမှာတော့ ကင်ဆာရောဂါကို အကောင်းဆုံး အနိုင်ယူနိုင်တော့မှာပါ။

ဒေါက်တာ Naresh Trehan ဦးဆောင်တဲ့ Medanta ရဲ့ ထိပ်သီးဆေးဘက်ဆိုင်ရာအဖွဲ့ကြီးက သင့်ကျန်းမာရေးအတွက် အမြဲအသင့်ရှိနေပါတယ်။ ပိုမိုကောင်းမွန်တဲ့ ကုသမှု၊ ပိုမိုမြန်ဆန်တဲ့ ပြန်လည်ကျန်းမာလာမှုတွေအတွက် Medanta ကို ယုံကြည်လိုက်ပါ။

⚕️နိုင်ငံတကာအဆင့်မှီ ကျန်းမာရေးစောင့်ရှောက်မှု ခံယူလိုသူများအတွက် Indiaနိုင်ငံ MEDANTA ဆေးရုံကြီး​၏ မြန်မာပြည်ရုံးခွဲ ဖြစ်သည့် Empress Meditourမှ အထူးဝန်ဆောင်မှူများကို အကောင်းဆုံးဆောင်ရွက်ပေးလျက်ရှိပါသည်။

MEDANTA Hospital (မြန်မာပြည်ရုံး)
🏡 ဆက်သွယ်ရန်လိပ်စာ
အခန်း ၃၄၊ တိုက် ၄၊ ရှစ်မိုင်လမ်းဆုံ၊ ပြည်လမ်း၊ မြို့ပြအိမ်ရာတောင်ဘက်ခြမ်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။
☎️ ဖုန်း - 09250830382, 09965167249


29/11/2025

Address

Room 34, Building 4, 8th Mile Junction, City Housing Complex (South), Pyay Road, Mayangone Township
Yangon

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 21:00

Telephone

09250830382

Website

Alerts

Be the first to know and let us send you an email when Empress Meditour posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Empress Meditour:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram