Dr Wai အရေပြားနှင့် အလှအပဆိုင်ရာဆေးခန်း - မြစ်ကြီးနား

  • Home
  • Myanmar
  • Myitkyina
  • Dr Wai အရေပြားနှင့် အလှအပဆိုင်ရာဆေးခန်း - မြစ်ကြီးနား

Dr Wai အရေပြားနှင့် အလှအပဆိုင်ရာဆေးခန်း - မြစ်ကြီးနား Feel Happy Withy Your Skin

𝐘𝐚𝐰𝐧𝐠 𝐧𝐢 𝐡𝐤𝐚𝐦 𝐤𝐚𝐣𝐚 𝐧𝐠𝐚 𝐚𝐢 𝐤𝐮𝐧?   𝐌𝐲𝐢𝐭𝐤𝐲𝐢𝐧𝐚 𝐧𝐚 𝐚𝐧𝐡𝐭𝐞 𝐭𝐬𝐚𝐰𝐫𝐚 𝐚𝐢 𝐖𝐮𝐧𝐩𝐚𝐰𝐧𝐠 𝐦𝐲𝐮 𝐬𝐡𝐚 𝐧𝐢လာမဲ့ နိုဝင်ဘာလ (၇) ရက်နေ့မှာ𝑫𝒓.𝑾𝒂𝒊 အရေ...
23/10/2023

𝐘𝐚𝐰𝐧𝐠 𝐧𝐢 𝐡𝐤𝐚𝐦 𝐤𝐚𝐣𝐚 𝐧𝐠𝐚 𝐚𝐢 𝐤𝐮𝐧?
𝐌𝐲𝐢𝐭𝐤𝐲𝐢𝐧𝐚 𝐧𝐚 𝐚𝐧𝐡𝐭𝐞 𝐭𝐬𝐚𝐰𝐫𝐚 𝐚𝐢 𝐖𝐮𝐧𝐩𝐚𝐰𝐧𝐠 𝐦𝐲𝐮 𝐬𝐡𝐚 𝐧𝐢

လာမဲ့ နိုဝင်ဘာလ (၇) ရက်နေ့မှာ

𝑫𝒓.𝑾𝒂𝒊 အရေပြားနှင့်အလှအပဆိုင်ရာဆေးခန်း (မြစ်ကြီးနား) ဆေးခန်းမှာ 𝑫𝒓 𝑾𝒂𝒊 𝑳𝒚𝒏𝒏 𝑯𝒕𝒖𝒏 ဆေးခန်းလာထိုင်ပါမယ်နော်။ ဆေးခန်းလေးက အသစ်ဖွင့်ထားတာကြောင့် ဘာတွေ ကုသမှု နဲ့ ဘာတွေလုပ်လိုရတယ်ဆိုတာ လေးဖော်ပြပေးလိုက်ပါတယ်ရှင့်။
ရုပ်လေးလှပါရက်နဲ့ အလှကို ဖျက်စီးနေတဲ့ဝက်ခြံတွေကို ကုသပေးမဲ့ ဝက်ခြံကုထုံး
လကမ္ဘာလိုဖြစ်နေတဲ့ မျက်နှာအတွက် အမာရွတ် နဲ့ အချိုင့်တွေကို သိသာပျောက်ကင်းစေနိုင်တဲ့ 𝑭𝒓𝒂𝒄𝒕𝒊𝒐𝒏𝒂𝒍 𝑪𝑶2 𝑳𝒂𝒔𝒆𝒓
အမဲစက် အနီစက် တင်းတိတ်တွေကြောင့် မဝင်းမပ
ဖြစ်နေတဲ့ မျက်နှာလေးကို ကုသပေးမဲ့ 𝑫𝒓𝒚 𝒍𝒂𝒔𝒆𝒓, 𝑰𝑷𝑳 နဲ့ 𝑳𝒐𝒏𝒈 𝑷𝒍𝒖𝒔 𝑳𝒂𝒔𝒆𝒓
ရှိရင်းရုပ်ထက် ၁၀နှစ်လောက်ပိုမိုနုပျိုစေမဲ့ မျက်နှာတင်းရင်း 𝑯𝑰𝑭𝑼 ကုထုံး
မေးစေ့လေးချွန်ချွန်လေးနဲ့ Korea မလေးတွေလို
မျက်နှာသွယ်သွယ်လေးဖြစ်လာစေဖို့ 𝑭𝒊𝒍𝒍𝒆𝒓𝒔
နှုတ်ခမ်းသား ဖူးဖူးလေးနဲ့ စွဲမက်ဖွယ်ကောင်းတဲ့ အပြုံးတွေဖန်တီးပေးနိုင်မဲ့ 𝑳𝒊𝒑 𝑭𝒊𝒍𝒍𝒆𝒓
တွန့်နေရင်မလှ တင်းနေမှလှစေနိုင်တဲ့ အရေးအကြောင်း တွေကို ဖြေဖျောက်ပေးစေတဲ့ 𝑩𝒐𝒕𝒐𝒙
မျက်နှာနှင့် အခြားနေရာတွေမှာ ရှိနေတဲ့ မလိုခြင်လို့ အပြီးဖျက်ပစ်ခြင်နေတဲ့ မှဲ့ဖျက်
𝑪𝑶2 𝑳𝒂𝒔𝒆𝒓 (𝒐𝒓) 𝑷𝒍𝒆𝒙𝒓 𝑳𝒂𝒔𝒆𝒓
စတဲ့ များပြားလှတဲ့ ကုသမှုတွေကို D 𝑫𝒓.𝑾𝒂𝒊 (မြစ်ကြီးနား) ဆေးခန်းမှာ ကုသလို့ရနေပါပြီနော်။
လာရောက်ပြသလိုသူများ Booking ယူရမည်ဖြစ်ပြီး Booking မရလိုက်သူများသည် Booking ယူထားသောသူများပြီးမှ အလျင်းသင့်သလို ပြသရမည်ဖြစ်ပါသည်။ Booking မယူတက်တဲ့သူတွေ ဒီPost လေးအောက်မှာ မန့်လေးတွေပေးသွားနော်။ Admin ယူပေးပါမယ်။
Online မှ booking အလွယ်တကူယူလို့ရပါပြီ။ android ဖုန်းများအတွက် Dr Wai app မှတဆင့်ယူလို့ရပါသည်။ iOS များအတွက် https://appt.drwaiclinic.com မှ တဆင့်ယူလို့ရပါသည်။ Kpay နှင့် MPU card များအသုံးပြုပြီး ဘိုကင်ယူလို့ရပါသည်။
အောက်ပါဖုန်းနံပါတ်ကိုဆက်သွယ်ပြီး Booking ယူနိုင်ပါသည် ။
𝟬𝟵 𝟵𝟴𝟱𝟵𝟵𝟵𝟵𝟴𝟵 , + 𝟲𝟲𝟴𝟬𝟯𝟱𝟮𝟮𝟭𝟮 (𝗕𝗼𝗼𝗸𝗶𝗻𝗴 𝗔𝗴𝗲𝗻𝘁)
အမှတ် (၂/၆) ၊ အလယ်ကုန်းရပ်ကွက် (၂) ၊ မြစ်ကြီးနာမြို့။










အနီ ၊ အမဲ ၊ အမာရွတ်ချိုင့်ခွက်ကုထုံး အမျိုးမျိုး* Chemical peels - မျက်နှာ အရေပြားတွင် အသုံးပြုသော Glycolic acid ကို အသု...
23/10/2023

အနီ ၊ အမဲ ၊ အမာရွတ်ချိုင့်ခွက်ကုထုံး အမျိုးမျိုး

* Chemical peels - မျက်နှာ အရေပြားတွင် အသုံးပြုသော Glycolic acid ကို အသုံးပြုပြီး အရေပြားဟောင်းရဲ့အပေါ်ဆုံး အလွှာကို ဖယ်ရှားပေးတာပါ။ ပိုမိုချောမွတ်သောအရေပြားအသစ်ဖြစ်ပေါ်စေပြီး အမာရွတ် အနီအမဲ ချိုင့်ခွက် ချွေးပေါက်တွေကို လျော့ပါးစေပါတယ်။

* Dermabrasion/ Microdermabrasion - အထူးပြုလုပ်ထားသော စက်ပစ္စည်းကိရိယာနှင့် အရေပြားဟောင်းရဲ့ အပေါ်ဆုံးအလွှာကို friction ပွတ်တိုက်ခြင်းဖြင့် ဖယ်ရှားပေးတာပါ။

* Laser resurfacing - အများသိကြတဲ့ CO2 Laser လေဆာကထွက်တဲ့ laser micro beams က အမာရွတ်ချိုင့်ခွက် အောက်က scarred tissue ကို heat ပေးမယ်၊ ယောင်ယမ်းစေမယ်၊အယောင်ကျတဲ့အခါ collagen အသစ်တွေဖြစ်ပေါ်စေပြီးတော့ ချိုင့်ခွက်သက်သာစေပါတယ်။ ဒီ Laser ကတော့ တချို့ ညိုတဲ့ အရေပြားတွေအတွက် အဆင်မပြေပါဘူး။ ဆရာဝန်နဲ့ တိုင်ပင်ရပါမယ်။

* IPL Intense Pulse Light ပြင်းအားမြင့်အလင်းကုထုံး - ရောင်ခြယ်အမာရွတ် အဓိက သက်သာစေပါတယ်။ အမဲ အနီ အမာရွတ်အတွက် အရမ်းသိသာစေတဲ့ကုထုံးပါ။

* Microoneedling - သေးငယ်သော အပ်ကလေးတွေနဲ့ အရေပြား အမာရွတ် ချိုင့်ခွက်နေရာများကို ယောင်ယမ်း​စေပြီး collagen ဖြစ်ပေါ်မှုနှင့် ချိုင့်ခွက်သက်သာစေပါတယ်။ ဒီကုသမှုမှာ မိမိသွေးရည်ကြည်နှင့်တွဲလုပ်မယ်၊ Radiofrequency energery ပါတဲ့ microneedling machine တွေနဲ့ တွဲလုပ်မယ်ဆိုရင် result ပိုမိုကောင်းမွန်ပါတယ်။

* Dermal Fillers, PDRN (Polydeoxyribonucleotide), PN (Polynucleotide) injections - အများသိကြတဲ့ Filler ( Hyaluronic acid gel) သို့မဟုတ် PDRN, PN ( Salmon ငါးမှတဆင့် ထုတ်လုပ်သန့်စင်ထားသော DNA fragments) တို့ကို ချိုင့်ခွက် အရေးပြားအောက်ထိုးခြင်းဖြင့် ချိုင့်ခွက် သက်သာစေပါတယ်။

* Steroid Injections - Keloid အနာသီးဖြစ်ကျန်ခဲ့ ရင် steroid ထိုးဆေးတွေနဲ့ ဆေးထိုး ကုသရပါတယ်။

* Excision - အမာရွတ်ချိုင့်ခွက် အရေပြားကို ဖြတ်ပီး ပြန်ချုပ်တာပါ။ Keloid ဖြစ်တတ်တဲ့ အသားရေမျိုးဆိုရင် မလုပ်သင့်ပါဘူး။

* Subcusion - ချိုင့်ခွက် အမာရွတ်အောက်မှာ ကပ်နေတဲ့ fibrous bands တွေကို ဆေးထိုးအပ်သုံးပြီး ဖြတ်တာပါ။ အပေါ်အ​ရေပြားတက်လာပြီး ချိုင့်ခွက်သက်သာစေပါတယ်။

* Punch grafting - အမာရွတ်ချိုင့်ခွက် အရေပြားကို ဖြတ်ပီး အခြား နေရာက အရေပြားယူပြီး အစားထိုး ကုသတာပါ။

* Cryosurgery - Keloid, Hypertrphic scars အနာသီးတွေ ကို Liquid nitrogen အအေးဖြုန်းကုထုံးနဲ့လဲ ကုသနိုင်ပါတယ်။

* အမာရွတ်ချိုင့်ခွက် အတော်များများက တကြိမ်မက ကုသရတာကြောင့် ဝက်ခြံထွက်ပြီဆိုရင် ပိုးမဝင်အောင် ဂရုစိုက်ပါ၊ ကုတ်တာခွာတာ ညှစ်တာ မလုပ်ပါနဲ့ ဝက်ခြံက သူ့အလိုလိုပျောက်တတ်သလို မပျောက်ဘူးဆိုရင်တော့ ဆရာဝန်နဲ့ ဆေးကုသပြီး အမာရွတ်မဖြစ်အောင် ဂရုစိုက်ကြပါလို့။

Dr. Phyu Aung
Dr. Wai အရေပြားနှင့် အလှအပဆိုင်ရာဆေးခန်း

Address

အမှတ် ၃၉ အေ၊ ၈လမ်း၊ လမ်းမတော်မြို့နယ်၊
Myitkyina
11131

Opening Hours

Monday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959985999989

Alerts

Be the first to know and let us send you an email when Dr Wai အရေပြားနှင့် အလှအပဆိုင်ရာဆေးခန်း - မြစ်ကြီးနား posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Dr Wai အရေပြားနှင့် အလှအပဆိုင်ရာဆေးခန်း - မြစ်ကြီးနား:

Share

Category