14/12/2025
အရသာ အရင်လိုကောင်းဆဲဖြစ်တဲ့ "ဟန်ဂျောင်းရှိ" ကိုရီးယားစားသောက်ဆိုင်
မရောက်ဖြစ်တာကြာပြီ နေပြည်တော်က တစ်ခြားကိုရီးယားဆိုင်(၁/၂)ဆိုင်လည်း try ကြည့်ပေမယ့် Tasteကို သဘောမတွေ့တာကြောင့် ဒီတစ်ခေါက် ကိုရီးယားဆိုင်ရွေးေတာ့ ပထမ ဥတ္တရမှာ အသစ်ဖွင့်ထားတဲ့ဆိုင်လေး သွားစားကြည့်ချင်ပေမယ့် ဝေးတာနဲ့ အိမ်နဲ့လည်းသိပ်မဝေးတဲ့ ဟန်ဂျောင်းရှိကိုပဲ ထပ်ရွေးခဲ့ပါတယ်❣️
နေပြည်တော်က လူတော်တော်များများဒီဆိုင်ကို သိကြမှာပါ
သူ့ဆိုင် လက်ရာကတော့ ကျွန်မအတွက် ကောင်းမွန်ဆဲပါပဲ. ဒီတစ်ခေါက်ကတော့ ကိုယ်အကြိုက်ဆုံး Peach flavor Soju တွေ့လို့ မှာသောက်ခဲ့ပါတယ် လုံးဝ Authentic ပဲ 😁 . ကင်ချီအရသာလေးလည်း မဆိုးဘူး ကျွန်မကြိုက်တဲ့ အာဂျီးမားဆိုင်နီးပါး အဆင်ပြေတာမို့ half kgပါ ဝယ်ခဲ့ပါသေးတယ်
မှာစားခဲ့တဲ့ ပင်လယ်စာပဲပြားဟင်းရည် ထမင်းသုပ် ဝက်သုံးထပ်ဆလတ် ဝက်ဂုတ်သားဆလတ် Korea pancakeအားလုံးမဆိုးပေမယ့် အကြိက်ဆုံးက ထမင်းသုပ်နဲ့ ဝက်ဆလတ်ပါ ⭐⭐
Pan cakeကတော့ မုန့်သားထူတာမို့ သိပ်မကြိုက်ပါဘူး မုန့်သားပါးပါး ကြက်သွန်မြိတ်လေးနဲ့ဆို ပိုကောင်းလောက်မှာ
ဝက်ဆလတ်ကတော့ အစပ်လို့ပြောပေမယ့် ကိုယ့်အတွက်တော့ စပ်တဲ့ထဲ မပါဘဲ ပဲပိစပ်အရသာလေးဘက်သွားပါတယ်
ဒါပေမယ့် ကင်ချီ ကြက်သွန်ဖြူနဲ့ ငရုတ်သီးတို့နဲ့အတူ ဆလတ် 🥬ထဲ ထည့်စားတော့ ရှယ်ဂွတ်ပေါ့ရှင် 💘
ဘာဖြစ်ဖြစ် overall အနေနဲ့ဆို အဆင်ပြေတဲ့ဆိုင်ထဲ ပါဝင်တာမို့ သွားစားဖြစ်နေဦးမယ့် ဆိုင်လေးပါပဲ
်