Dr Moh's Diary

Dr Moh's Diary Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Dr Moh's Diary, Doctor, Yangon.

07/08/2024

There is no cure for PCOS but treatments can improve symptoms.

🌟 8 signs that your PCO$ is under control🌟

1. Your periods cycle will start becoming regular

2. The dark patches will start to reduce, and your skin will become clearer

3. You will see a drastic change in your acne

4. You will start losing weight

5. You will see that there is no more growth of unwanted facial hair

6. You will feel much more energetic

7. You will sleep better

8. You will also feel less anxious and stressed.

18/01/2024
📌 ခုလိုအချိန်ကာလတွေမှာ စိတ်ဖိစီးစရာတွေများလွန်းလှပါတယ်။ လူတိုင်း ကောင်းမွန်စွာ အိပ်စက်နိုင်စေဖို့  ဒီအချက်လေးတွေကို အရင်...
22/06/2023

📌 ခုလိုအချိန်ကာလတွေမှာ စိတ်ဖိစီးစရာတွေများလွန်းလှပါတယ်။ လူတိုင်း ကောင်းမွန်စွာ အိပ်စက်နိုင်စေဖို့ ဒီအချက်လေးတွေကို အရင်ဆုံးလုပ်ကြည့်ပါနော် 👍

အဆင်ပြေလား မမေးနဲ့ ...နားကြပ်ကိုပဲ ကြည့်လိုက်တော့... ☺️အရင်လို "L" ဆိုတဲ့စာလုံးမပါတော့ဘူး... 😂
11/06/2023

အဆင်ပြေလား မမေးနဲ့ ...
နားကြပ်ကိုပဲ ကြည့်လိုက်တော့... ☺️
အရင်လို "L" ဆိုတဲ့စာလုံးမပါတော့ဘူး... 😂

  Self-care challengeအခုလို ခက်ခဲတဲ့အချိန်ကာလတွေမှာ ကျွန်မတို့ဟာ တနေ့တနေ့ လူနာတွေနဲ့မိသားစုကို ဂရုစိုက်ရတာနဲ့ ကိုယ့်ကိုယ...
29/01/2023

Self-care challenge

အခုလို ခက်ခဲတဲ့အချိန်ကာလတွေမှာ ကျွန်မတို့ဟာ တနေ့တနေ့ လူနာတွေနဲ့မိသားစုကို ဂရုစိုက်ရတာနဲ့ ကိုယ့်ကိုယ်ကို ဂရုစိုက်ဖို့ မေ့နေတတ်ကြပါတယ်။ Self-care ဆိုတာ ကိုယ်ရော၊စိတ်ရော ကျန်းမာဖို့အတွက် ပိုက်ဆံအများကြီးမကုန်ဘဲ အလွယ်တကူလုပ်နိုင်တာမျိုးပါ။ အဲ့ဒါကြောင့် ဒီနေ့မှာတော့ ကိုယ့်ကိုယ်ကိုဂရုစိုက်ခြင်း အနုပညာလေး စလုပ်လိုက်ကြရအောင် ☺️

1) Physical self-care
ဒါကတော့ ကိုယ့်ခန္ဓာကိုယ် ပိုမိုကောင်းမွန်စွာ အလုပ်လုပ်နိုင်ဖို့အတွက် လောင်စာဆီဖြည့်တာပါ။ ကျွန်မကတော့
⭐ညဘက် အိပ်ရာစောစောဝင်ပြီး အိပ်ရေး၀အောင် အိပ်ပါတယ်။
⭐အာဟာရပြည့်၀တဲ့အစားအစာတွေ ချက်စားမယ်။ ကိုယ်စားချင်တဲ့ အသီးအနှံတွေ ၀ယ်စားမယ်။
⭐ အချိန်ပေးပြီး ခေါင်းလျှော်ပြီး ဆံပင်ပေါင်းတင်မယ်။ Body scrub လုပ်မယ်။ လက်သည်းခြေသည်းလေးတွေကို သန့်ရှင်းရေးလုပ်ပြီး အလှဆင်မယ်။
⭐ကိုယ်နဲ့သင့်တော်တဲ့ ကိုယ်လက်လှုပ်ရှားမှုလေးတွေ လုပ်ပါမယ်။

2) Social self-care
လူဆိုတာ တစ်ဦးတယောက်တည်း သီခြားခွဲနေလို့ မရဘူးလေနော်။ အဲဒါကြောင့် အလုပ်ရှုပ်နေချိန်မှာ ပျက်ကွက်ခဲ့တဲ့ လူမှုရေးကိစ္စတွေကို အချိန်ပြန်ပေးနိုင်ပြီပေါ့နော်။
👨‍👩‍👧‍👦မိဘတွေဆီ ဖုန်းဆက်စကားပြောတာမျိုး၊ family video call ခေါ်တာမျိုး လုပ်မယ်။
👭 သူငယ်ချင်းတွေနဲ့ ရုပ်ရှင်ကြည့်တာ၊ လျှောက်လည်တာမျိုး
🍽️ ချစ်တဲ့သူနဲ့ Dinner date တာမျိုးတို့က စိတ်ညစ်တာတွေ၊ အထီးကျန်တာကို သက်သာစေမှာပါ။

3) Mental self-care
လူတယောက်ဟာ တနေ့ကို အတွေးပေါင်း ၆၂၀၀ လောက်တွေးနေပါသတဲ့။ စိတ်ညစ်စရာတွေကို တွေးမိလေလေ လူက negative ဘက် ရောက်သွားလေလေပါပဲ။ ဒီနေ့မှာတော့
(၁) ကိုယ့်ရဲ့ဖြစ်တည်မှုတိုင်းကို အရှိအတိုင်း လက်ခံနိုင်ဖို့
(၂) အကောင်းမြင်စိတ်နဲ့ များများတွေးနိုင်ဖို့
(၃) အသိပညာအသစ်၊ အသစ်တွေလေ့လာနိုင်ဖို့ ကြိုးစားပါမယ်။

4) Spiritual self-care
ကိုယ့်စိတ်ဝိညာဉ်လေးပါ အေးချမ်းဖို့အတွက်
ဘုရားရှိခိုးတာ၊ တရားထိုင်တာ၊ အေးချမ်းတိတ်ဆိတ်တဲ့ သဘာ၀ပတ်၀န်းကျင်ရှိတဲ့နေရာမှာ အနားယူတာ၊ Yoga ဆော့တာမျိုး လုပ်သင့်ပါတယ်။

5) Emotional self-care
ပြီးခဲ့တဲ့‌နေ့ရက်တွေမှာ စိတ်ဖိစီးမှုတွေ၊ အလိုမကျ၊ ဒေါသထွက်ရတာတွေ၊ ၀မ်းနည်းမှုတွေနဲ့ ဖြတ်သန်းခဲ့ရတယ် မဟုတ်လား။ ဒီနေ့မှာတော့ ကိုယ်ယုံကြည်ရတဲ့ သူငယ်ချင်းတယောက်နဲ့ စကားပြောမယ်။ တကယ်လို့ ရင်မဖွင့်ချင်ဘူးဆိုရင်လဲ ကိုယ့်ခံစားချက်တွေကို စာအုပ်တအုပ်ထဲမှာ ချရေးတာမျိုး လုပ်လို့ရပါတယ်။ Toxic environmentတွေ၊ relationship တွေကနေ Break ယူတာမျိုး လုပ်သင့်ပါတယ်။

Positive energy တွေရဖို့၊ ကိုယ်ရဲ့ activitiesတွေ ပိုကောင်းမွန်လာဖို့ တပတ်တခါလောက်ဖြစ်ဖြစ် Self-care လေး လုပ်ကြည့်ကြဖို့ တိုက်တွန်းချင်ပါတယ်ရှင့်။

  Duty Free Zone....👩‍🍳 အလုပ်သွားရတဲ့ရက်တွေမှာဆို အပြင်စာတွေပဲ နေ့တိုင်းလိုလိုစားနေရတော့ အခုလို အားတဲ့ရက်လေးတွေမှာ Healt...
28/01/2023

Duty Free Zone....

👩‍🍳 အလုပ်သွားရတဲ့ရက်တွေမှာဆို အပြင်စာတွေပဲ နေ့တိုင်းလိုလိုစားနေရတော့ အခုလို အားတဲ့ရက်လေးတွေမှာ Healthy diet လေးတွေ ချက်စားမယ် 🥦🥩🍽️
🌅 မနက်တိုင်း နာရီ၀က် လမ်းလျှောက်မယ်။
🙏 ညတိုင်း ဘုရားသေချာရှိခိုးမယ်။
👩 Skin care ပိုလုပ်မယ်။
📖 စာကိုလဲ ပိုဖတ်ရမယ်။

✨နေ့ရက်တိုင်းမှာ ကိုယ့်ခန္ဓာကိုယ်က ကျန်းမာနေဖို့လိုအပ်သလို စိတ်ကလေးကိုလဲ ပျော်ရွှင်အောင်ထားရမယ်မဟုတ်လား ?

ခုခေတ်မှာ အလှမကြိုက်တဲ့သူဆိုတာ မရှိသလောက်ရှားမယ် ထင်ပါတယ်။ ကျွန်မကတော့ နှုတ်ခမ်းနီမပါရင် လူမမာနဲ့တူလို့ နေ့တိုင်းဆိုးပါတ...
19/08/2022

ခုခေတ်မှာ အလှမကြိုက်တဲ့သူဆိုတာ မရှိသလောက်ရှားမယ် ထင်ပါတယ်။ ကျွန်မကတော့ နှုတ်ခမ်းနီမပါရင် လူမမာနဲ့တူလို့ နေ့တိုင်းဆိုးပါတယ်😂။

ခုလို ‌‌ကုန်‌ဈေးနှုန်းတွေတက်ပြီး အားလုံးကျပ်တည်းနေကြတဲ့အချိန်မှာ လက်ရှိသုံးနေတဲ့ My Budget lip tintလေးတွေကို Sharing လုပ်ပေးချင်ပါတယ်။ ဒီ Baby Bright ကတချောင်း ၃၀၀၀ကျော်လေးပဲဆိုတော့ 3ချောင်းပေါင်းရင်တောင် Peripara တချောင်းဖိုး မရှိပါဘူး 😁
***Not Sponsored post. ကွကိုယ် နှင်းဆီနီစတိုးက ၀ယ်ဆိုးတာပါနော် 😁

🌟Color အကြိုက်ဆုံးက Matte tint No.15 Dry leaf ပါ။
🌟 Texture ကိုတော့ ခလယ်က Velvet tint ကိုပိုကြိုက်ပါတယ် 💝

Night Dutyဆင်းပြီး offထွက်တဲ့ နေ့တွေမှာ မရှိမဖြစ်တဲ့အရာ‌တွေထဲ သူပါ ပါလာပြီ။ အဆောင်ပြန်ရောက်ရင် ရေမိုးချိုးပြီးတာနဲ့  အခန...
18/08/2022

Night Dutyဆင်းပြီး offထွက်တဲ့ နေ့တွေမှာ မရှိမဖြစ်တဲ့အရာ‌တွေထဲ သူပါ ပါလာပြီ။

အဆောင်ပြန်ရောက်ရင် ရေမိုးချိုးပြီးတာနဲ့ အခန်းမီးကို ပိတ်၊ sleep balm လေးကို နားထင်၊ လည်ဂုတ်နဲ့ လက်ကောက်၀တ်မှာလိမ်းလိုက်ရင် ပူရှိန်းရှိန်း၊အနံ့သင်းသင်းလေးကြောင့် ခဏနဲ့အိပ်ပျော်တယ်။

နောက်ပြီး နိုးလာတဲ့အခါ sound Sleepရသလိုခံစားရပြီး ခေါင်းကြည်နေရော ...

ဈေးလဲချိုတယ်နော်။ ကျမ၀ယ်တုန်းက 2600 ပဲပေးရပါတယ် 👍👍👍

18/07/2022

Page နာမည်ပြောင်းလိုက်ပါပြီနော် ။ ဈေးမရောင်းဖြစ်တော့ ဒီအတိုင်းထားမဲ့အစား စိတ်ကူးပေါက်ရာ စာလေးဘာလေး ရေးရမလားပေါ့....

📌 Year End Sale 🎉 All Items - 10% discount 🎊✅ Admin တို့လို  Black‌ ကို crazy ဖြစ်သူများအတွက် ဒီလုံချည်လေးတွေ ရအုံးမယ်။ ...
29/12/2021

📌 Year End Sale
🎉 All Items - 10% discount 🎊
✅ Admin တို့လို Black‌ ကို crazy ဖြစ်သူများအတွက် ဒီလုံချည်လေးတွေ ရအုံးမယ်။ အနက်ဆိုတော့ ဘာနဲ့တွဲ၀တ်၀တ် အဆင်ပြေပြီး အဆင်ကလဲ လှမှလှနော်.....


📌 Year End Sale 🎉 All items - 10% Discount 🎊ခရမ်းရောင် ကြိုက်တဲ့ မမတို့အတွက်ပါရှင့် .....💜 Purple is love 💜
28/12/2021

📌 Year End Sale
🎉 All items - 10% Discount 🎊
ခရမ်းရောင် ကြိုက်တဲ့ မမတို့အတွက်ပါရှင့် .....
💜 Purple is love 💜

Address

Yangon

Telephone

+959971486131

Website

Alerts

Be the first to know and let us send you an email when Dr Moh's Diary posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category