7887 First Aid Training ရှေးဦးပြုစုနည်းသင်တန်း

  • Home
  • Myanmar
  • Yangon
  • 7887 First Aid Training ရှေးဦးပြုစုနည်းသင်တန်း

7887 First Aid Training ရှေးဦးပြုစုနည်းသင်တန်း Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from 7887 First Aid Training ရှေးဦးပြုစုနည်းသင်တန်း, Medical Service, No. 148 (11/A5) Mya Mar Lar Lane , A-1 Street, Mayangone Tsp, Yangon.

ခေါင်းကိုက်တဲ့ ဝေဒနာဟာ အတော်လေးကို ခံစားရခက်ပါတယ်။ ဘယ်အရာကိုမှ အာရုံစိုက်လို့ မရဘဲ ကိုယ့်ရဲ့ လုပ်ငန်းဆောင်တာနဲ့ လူမှုရေး...
12/03/2026

ခေါင်းကိုက်တဲ့ ဝေဒနာဟာ အတော်လေးကို ခံစားရခက်ပါတယ်။ ဘယ်အရာကိုမှ အာရုံစိုက်လို့ မရဘဲ ကိုယ့်ရဲ့ လုပ်ငန်းဆောင်တာနဲ့ လူမှုရေးကိစ္စတွေကိုပါ လစ်ဟင်းစေပါတယ်။ ခေါင်းကိုက်တာ အချိန်ကြာလာရင် စိတ်ဖိစီးမှုတွေတောင် ဖြစ်လာနိုင်ပါတယ်။ ခေါင်းကိုက်တာ သက်သာဖို့အတွက် ဆေးတွေ မသောက်ချင်ဘူးဆိုရင်တော့ အရင်ဆုံး အစားအစာတွေ စားပြီး သက်သာအောင် လုပ်ကြည့်လို့ ရပါတယ်။

ဟင်းနုနွယ်ရွက်

သွေးဖိအား ကျခြင်းကြောင့် ခေါင်းကိုက်တာတွေ သက်သာစေဖို့အတွက်ဆိုရင်တော့ ဟင်းနုနွယ်ရွက်က အကောင်းဆုံး အစားအစာ တစ်မျိုးပါပဲ။ ဟင်းနုနွယ်ရွက်ကို ကြော်စားခြင်း၊ စွပ်ပြုတ်နဲ့ အသုပ်သုပ်တာတွေ လုပ်စားလို့ ရပါတယ်။

ကော်ဖီ

ကော်ဖီအများကြီး သောက်တာက ရေဓါတ်ခမ်းခြောက်ခြင်းကို ဖြစ်စေပြီး ခေါင်းကိုက်စေတယ်ဆိုပေမယ့် ကော်ဖီတစ်ခွက်လောက် သောက်တာကတော့ ခေါင်းကိုက်နေချိန်မှာ သွေးဖိအား ကျဆင်းခြင်းကို သက်သာစေနိုင်ပါတယ်။ ဒါကြောင့် သွေးဖိအားကျဆင်းလို့ ခေါင်းကိုက်တာဆိုရင် ကော်ဖီတခွက်လောက်တော့ သောက်နိုင်ပါတယ်။

ဆန်လုံးညို

ဆန်လုံးညိုမှာ ကာဗိုလ်ဟိုက်ဒရိတ်နဲ့ မဂ္ဂနီစီယမ်တွေ ပါဝင်ခြင်းက ခေါင်းကိုက်ခြင်းကို သက်သာစေနိုင်ပါတယ်။ ဆန်လုံးညိုဟာ တခြားဆန်တွေ ချက်တာထက်တော့ အချိန်အနည်းငယ် ပိုကြာနိုင်ပါတယ်။

ဆယ်လ်မွန်ငါး

ဆယ်လ်မွန်ငါးဟာ omega 3 fatty acid တွေ ပါဝင်ပြီး လေ့လာသူတွေကတော့ ဆယ်လ်မွန်ငါး စားခြင်းဟာ ခေါင်းကိုက်ခြင်းနဲ့ နာကျင်ခြင်းတွေကို သက်သာစေပါတယ်။

အာလူး

ခေါင်းကိုက်ခြင်းရဲ့ အဓိက ပြဿနာကတော့ ရေဓါတ်ခမ်းခြောက်ခြင်းပါပဲ။ ရေဓါတ်ပြန်လည် ပြည့်တင်းဖို့ဆိုရင်တော့ အာလူးစားပေးနိုင်ပါတယ်။ အာလူးမှာ ရေဓါတ်ကို ဖြည့်ပေးနိုင်တဲ့ electrolyte လိုမျိုး ပိုတက်စီယမ်တွေ ပါဝင်ပါတယ်။

ကြက်ဥ

ကြက်ဥမှာ Coenzyme Q10 ပါဝင်ပြီး ဒီဓါတ်ဟာ ရေဓါတ်ခမ်းခြောက်ခြင်းနဲ့ စိတ်ဖိစီးမှုတွေကြောင့် ဖြစ်တတ်တဲ့ ခေါင်းကိုက်ခြင်းကို ကာကွယ်ပေးမယ့် ခန္ဓါကိုယ်ဆဲလ်တွေကို ကောင်းမွန်စေပါတယ်။ ဒါကြောင့် ခေါင်းကိုက်တဲ့အခါမှ ကြက်ဥစားပေးနိုင်ပါတယ်။

ငှက်ပျောသီး

ခေါင်းကိုက်တတ်တယ်ဆိုရင်တော့ ငှက်ပျောသီးလေး ဆောင်ထားပါနော်။ ငှက်ပျောသီးဟာ ရုတ်တရက်ခေါင်းကိုက်ခြင်းကို သက်သာစေတဲ့ အကောင်းဆုံး အသီးတစ်မျိုးပါပဲနော်။ ငှက်ပျောသီးမှာ ပိုတက်စီယမ် များများ ပါဝင်ခြင်းဟာ ဦးနှောက်အတွက်လိုအပ်တဲ့ electrolyte ပမာဏကိုပါ ထိန်းညှိပေးပါတယ်။ ရေဓါတ်ခမ်းခြောက်ခြင်းကို ပြန်လည်ပြည့်စေပြီး အားအင်ပြည့်စေတာမို့ ခေါင်းကိုက်တယ်ဆိုရင်တော့ ငှက်ပျောသီးစားပေးမယ်ဆိုရင် ခဏလေးနဲ့ ပျောက်ကင်းမှာပါ။

ဖရဲသီး

ခေါင်းကိုက်ခြင်းကို အဖြစ်များစေတဲ့ အကြောင်းအရာကတော့ ရေဓါတ်လိုအပ်ခြင်းလို့ Stella Metsovas က ဆိုထားပါတယ်။ ဒီလိုမျိုး ခေါင်းအရမ်းကိုက်နေချိန်မှာ သက်သာစေဖို့အတွက် ဖရဲသီး အပါအဝင် ဖရဲသီးလိုမျိုး အရည်ရွှမ်းတဲ့ အသီးတွေ စားပေးပါ။ ဖရဲသီးမှာ ပါဝင်တဲ့ မဂ္ဂနီဆီယမ်လိုမျိုး သတ္တုဓါတ်တွေဟာ ခေါင်းကိုက်ခြင်းကို သက်သာစေနိုင်ပါတယ်။ ဖရဲသီးစိပ် ဒါမှမဟုတ် ဖရဲသီးဖျော်ရည်လေး သောက်ပေးပါ။

Credit : Hello Sayarwon

အဆစ်လွဲခြင်း အတွက် ရှေးဦးသူနာပြုစုခြင်း          အဆစ်အမြစ်လွဲခြင်း (Sprain) ဆိုသည်မှာ အရိုးတစ်ခုနှင့်တစ်ခု ချိတ်ဆက်ပေးထ...
07/03/2026

အဆစ်လွဲခြင်း အတွက် ရှေးဦးသူနာပြုစုခြင်း

အဆစ်အမြစ်လွဲခြင်း (Sprain) ဆိုသည်မှာ အရိုးတစ်ခုနှင့်တစ်ခု ချိတ်ဆက်ပေးထားသည့် အမျှင်တစ်ရှူး (Ligament) များ ထိခိုက်မိခြင်းကို ဆိုလိုပါသည်။ မတော်တဆ လိမ်သွားခြင်း၊ ချော်လဲခြင်း သို့မဟုတ် ထိခိုက်မိခြင်းတို့ကြောင့် ထိုအမျှင်များ ဆွဲဆန့်ခံရခြင်း သို့မဟုတ် ပြတ်တောက်သွားခြင်းတို့ ဖြစ်ပေါ်သည့်အခါ အဆစ်လွဲခြင်း ဖြစ်တတ်ပါသည်။ ၎င်း၏ လက္ခဏာများမှာ ပြင်းထန်တတ်သဖြင့် တစ်ခါတစ်ရံတွင် ခြေထောက်ကျိုးခြင်း သို့မဟုတ် အရိုးအက်ခြင်းတို့ကဲ့သို့ ပိုမိုပြင်းထန်သည့် ဒဏ်ရာမျိုးနှင့် ဆင်တူတတ်ပါသည်။

အဖြစ်များသော နေရာများ
ခြေကျင်းဝတ်၊ ဒူး၊ လက်ကောက်ဝတ်နှင့် လက်မတို့မှာ အဆစ်လွဲခြင်း အဖြစ်အများဆုံးနေရာများ ဖြစ်ပါသည်။ သို့သော် အလွန်ပြင်းထန်သော အဆစ်လွဲဒဏ်ရာများကို ခြေထောက်ကျိုးသည့် ဒဏ်ရာ သို့မဟုတ် ခြေဖဝါးအရိုး အက်ခြင်းများအဖြစ် မှားယွင်းယူဆမိတတ်ကြပါသည်။

အဆစ်လွဲရင်ဘယ်လိုလုပ်ရမလဲ??
အဆစ်အမြစ် လွဲခြင်း ဖြစ်ပေါ်ပါက ရောင်ရမ်းမှုနှင့် နာကျင်မှုကို လျှော့ချရန်နှင့် ထပ်မံထိခိုက်ဒဏ်ရာမရစေရန် ချက်ချင်းပြုစုကုသပေးဖို့ အရေးကြီးပါသည်။ ထိုသို့သော ဒဏ်ရာများအတွက် အသုံးများသည့် ကုထုံးကို RICE ဟု အလွယ်မှတ်သားနိုင်ပါသည်။

၁။ အနားယူခြင်း (Rest)
ဒဏ်ရာရရှိထားသော နေရာကို အနားပေးပါ။ ဆရာဝန်၏ ညွှန်ကြားချက်အရ (၄၈) နာရီမှ (၇၂) နာရီအထိ ဒဏ်ရာရထားသော နေရာကို အလေးအပင် မပြုလုပ်ရန် လိုအပ်ပါသည်။ ချိုင်းထောက် အသုံးပြုခြင်း သို့မဟုတ် ဒဏ်ရာရထားသော အစိတ်အပိုင်းကို အသုံးမပြုဘဲ ထိန်းသိမ်းခြင်းများ ပြုလုပ်နိုင်ပါသည်။
• လေ့ကျင့်ခန်းပြုလုပ်ခြင်း: ခြေကျင်းဝတ်ကဲ့သို့သော နေရာများ ဒဏ်ရာရနေစဉ်တွင်ပင် အခြားကြွက်သားများ သန်မာစေရန် လေ့ကျင့်ခန်း ပြုလုပ်နိုင်ပါသည်။ ဥပမာ - လက်ဖြင့် နင်းရသော လေ့ကျင့်ခန်းစက်ဘီးကို အသုံးပြုခြင်းဖြင့် လက်မောင်းနှင့် ဒဏ်ရာမရထားသော ခြေထောက်ကို လေ့ကျင့်ခန်း ပေးနိုင်ပါသည်။ ဒဏ်ရာရထားသော အစိတ်အပိုင်းကို လုံခြုံစွာ နားထားရင်း အခြားအစိတ်အပိုင်းများကို လှုပ်ရှားပေးနိုင်ပါသည်။

၂။ ရေခဲကပ်ခြင်း (Ice)
ရောင်ရမ်းမှုကို လျှော့ချရန်အတွက် ရေခဲအိတ်၊ ရေခဲရေ သို့မဟုတ် ရေအေးဖြည့်ထားသော အဝတ်စဖြင့် ဒဏ်ရာရပြီးသည်နှင့် အမြန်ဆုံး အအေးပေးပါ။
• ပထမ (၄၈) နာရီအတွင်း သို့မဟုတ် အရောင်မကျမချင်း တစ်နေ့လျှင် (၄) ကြိမ်မှ (၈) ကြိမ်အထိ၊ တစ်ခါကပ်လျှင် (၁၅) မိနစ်မှ (၂၀) မိနစ်ခန့် ရေခဲကပ်ပေးပါ။
• သတိပြုရန်: ရေခဲကို အရေပြားပေါ် တိုက်ရိုက်မတင်ပါနှင့်။ အဝတ်ပါး တစ်ထည် ခံ၍ ကပ်ပေးပါ။ မိနစ် (၂၀) ထက် ပို၍ မကပ်ပါနှင့် ။

၃။ ပတ်တီးစည်းခြင်း (Compression)
အရောင်ကျစေရန်အတွက် ဒဏ်ရာရထားသော နေရာကို ပတ်တီး သို့မဟုတ် ရုန်းကန်အားရှိသော အဝတ်ဖြင့် စည်းနှောင်ထားပါ။

၄။ မြှင့်ထားခြင်း (Elevation)
ဒဏ်ရာရထားသော နေရာကို ဖြစ်နိုင်သမျှ အချိန်တိုင်းတွင် နှလုံးတည်ရှိရာ အမြင့်ထက် ပိုမြင့်သောနေရာ၌ (ခေါင်းအုံး သို့မဟုတ် အခုအခံပေါ်တွင်) တင်ထားပါ။ ၎င်းသည် အရောင်ကျစေရန် အထောက်အကူပြုပါသည်။

သက်သာပျောက်ကင်းခြင်းနှင့် ကြိုတင်ကာကွယ်ခြင်း
အဆစ်အမြစ် လည်ခြင်းများသည် ရက်ပိုင်းမှ လအနည်းငယ်အထိ ကြာမြင့်နိုင်ပါသည်။ နာကျင်မှုနှင့် အရောင်ကျလာသည်နှင့်အမျှ ဒဏ်ရာရထားသော နေရာကို ဖြည်းညှင်းစွာ ပြန်လည်လှုပ်ရှားပေးပါ။
ဒဏ်ရာပြင်းထန်ပါက အရိုးကျိုးခြင်း သို့မဟုတ် အခြားစိုးရိမ်ရသည့် အခြေအနေများ ဖြစ်နိုင်ပါသည်။ ဒဏ်ရာရပြီး (၂) ရက်မှ (၃) ရက်အတွင်း အခြေအနေ မသက်သာလာပါက တတ်ကျွမ်းနားလည်သော ဆရာဝန်နှင့် အမြန်ဆုံး ပြသဆွေးနွေးသင့်ပါသည်။

Dr.KC
7887 Healthcare



နှာခေါင်းသွေးလျှံနေသောလူနာအား ရှေးဦးပြုစုနည်း+++++++++++++++++++++++++++++▪️ထိုင်လျက်အနေထားဖြင့် ဦးခေါင်းကိုရှေ့သို့ငုံ...
05/03/2026

နှာခေါင်းသွေးလျှံနေသောလူနာအား ရှေးဦးပြုစုနည်း
+++++++++++++++++++++++++++++
▪️ထိုင်လျက်အနေထားဖြင့် ဦးခေါင်းကိုရှေ့သို့ငုံ့ထားပါ။
▪️နှာခေါင်းအပျော့နေရာအား လက်ချောင်းဖြင့်ညှစ်ထားပါ။
▪️နှာခေါင်းဖြင့်အသက်မရှုဘဲ ပါးစပ်ဖြင့်အသက်ရှုခိုင်းပါ။
▪️စကားပြောခြင်း၊ မြိုချခြင်း၊ ချောင်းဆိုးခြင်း၊ တံတွေးထွေးခြင်း၊
▪️နှာရှုပ်ခြင်းမလုပ်ရ၊ သွေးခဲများကြွေကျသွားနိုင်သည်။
▪️ယိုစီးကျနေသောသွေးများကို အဝတ်သန့်သန့် (သို့) တစ်သျှူးဖြင့်သုတ်ပေးပါ။
▪️နှာခေါင်းအား ၁ဝ မိနစ်ခန့်ညှစ်ထားပါ၊ ပြီးနောက် ညှစ်ထားခြင်းကိုလျော့ပါ။ သွေးထပ်မံထွက်ပါက ၁ဝ မိနစ်ထပ်မံညှစ်ထားပါ။
▪️သွေးမထွက်တော့ပါက ဦးခေါင်းကိုဆက်ပြီးငုံ့ထားပေးပါ။ နာရီအနည်းငယ် ငြိမ်သက်စွာနားနေပါ။
▪️ဦးခေါင်းကိုမော့မထားပါနှင့်၊ လည်ချောင်းအတွင်း သွေးများဝင်ပြီး အော့အန်နိုင်သည်။

လူတိုင်းမဖြစ်မနေတတ်ထားသင့်တဲ့ ရှေးဦးပြုစုနည်းသင်တန်း
01/03/2026

လူတိုင်းမဖြစ်မနေတတ်ထားသင့်တဲ့ ရှေးဦးပြုစုနည်းသင်တန်း

လူတိုင်းမဖြစ်မနေတတ်ထားသင့်တဲ့ ရှေးဦးပြုစုနည်းသင်တန်း
26/02/2026

လူတိုင်းမဖြစ်မနေတတ်ထားသင့်တဲ့ ရှေးဦးပြုစုနည်းသင်တန်း

ဆံပင်ကျွတ်ခြင်းကို သက်သာစေရန်++++++++++++++++++++++• ဆံကေသာကျန်းမာရေးကို ကောင်းမွန်စေသော အစားအစာများကို စားသုံးပါ။• ငါး၊...
21/02/2026

ဆံပင်ကျွတ်ခြင်းကို သက်သာစေရန်
++++++++++++++++++++++

• ဆံကေသာကျန်းမာရေးကို ကောင်းမွန်စေသော အစားအစာများကို စားသုံးပါ။
• ငါး၊ အဆီထုတ်ထားသောအသား၊ ဥအမျိုးမျိုး၊ ပဲအမျိုးမျိုး၊ အစေ့အဆံ၊ ဟင်းသီးဟင်းရွက်များ၊ အသီးအနှံများ၊ အဆီမပါသောနွားနိုတိုကိုစားသုံးပါ။
• ရေဓာတ်ကိုဖြည့်တင်းပါ။
• တစ်နေ့လျှင် အနည်းဆုံး ရေဖန်ခွက် ၆-၈ခွက်အထိသောက်ပါ။
• ဆံသားကိုကြမ်းတမ်းစွာ ကိုင်တွယ်ခြင်းမပြုပါနှင့်။
• ဆံပင်ကို တင်းတင်းကြပ်ကြပ်စည်းခြင်း
• ဆံသားကို ကြမ်းကြမ်းတမ်းတမ်း ဖြီးခြင်း
• မကြာခဏ ဆံပင်ဖြောင့်၊ ကောက်ခြင်း၊ hair dryer မှုတ်ခြင်းတိုကို ရှောင်ကြဉ်ပါ။
• ဦးရေပြားကို သဘာဝဆီဖြင့်လိမ်း၍ လက်ချောင်းထိပ်လေးများဖြင့် (လက်သည်းမပါ)နှိပ်နယ်ပေးပါ။
• စိတ်ဖိစီးမှုကို လျှော့ချပါ။
• အသက်ပြင်းပြင်းရှူခြင်း၊ တရားထိုင်ခြင်း (သို) ယောဂကျင့်ခြင်း
• ဟော်မုန်းနှင့် အခြားသောကျန်းမာရေးဆိုင်ရာအခြေအနေများကို ဆန်းစစ်ပါ။
(လည်ပင်းသိုင်းရွိက်ရောဂါ၊ သံဓာတ်ချိုတဲ့ခြင်း၊ သားဥအိမ်ရေအိတ်တည်ခြင်း၊ ဗီတာမင် ဒီချိုတဲ့ခြင်း၊ သွေးဆုံးကိုင်ခြင်း (သို) ကလေးမွေးဖွားပြီးကာလဖြစ်ခြင်း၊ စွဲသောက်ရသော ဆေးဝါးများ)
• ကျန်းမာသော ကိုယ်အလေးချိန်ဖြစ်‌အောင် ထိန်းသိမ်းပါ။
• ဆေးလိပ်သောက်ခြင်းကို ရှောင်ကြဉ်ပါ။ အရက်အလွန်အကျွံသောက်ခြင်းကို ရှောင်ကြဉ်ပါ။
• နေပြင်းသည့်အချိန်တွင် အပြင်ထွက်ပါက ဦးထုပ်ဆောင်းခြင်း၊ ပုဝါဝတ်ဆင်ခြင်းတို ပြုလုပ်ပါ။
• ကလိုရင်းခပ်ထားသော ရေကူးကန်ထဲတွင် ရေကူးပြီးပါက ဆံပင်ကိုပြန်လည်သန့်စင်ဆေးကြောပါ။
• ဗီတာမင် D, Biotin, သံဓာတ်နှင့် ဇင့်ပါဝင်သော အားဆေးများကို သောက်သုံးပါ။

အထက်ပါအချက်များနှင့် သက်သာခြင်းမရှိပါက ဆရာဝန် (သို) ကျန်းမာရေးပညာရှင်များနှင့် တိုင်ပင်၍ အောက်ပါနည်းလမ်းများဖြင့်ကုသမှုခံယူနိုင်ပါသည်။

-ဆံပင်ပေါက်ဆေးအသုံးပြုခြင်း
-ထိပ်ပြောင်သူများတွင် ဆံပင်စိုက်ခြင်း
-သွေးရည်ကြည်ကုထုံးခံယူခြင်း (Platelet-rich plasma (PRP) therapy)

Dr. Hazel
Ref: Cleveland Clinic

မဖြစ်မနေ တတ်ထားသင့်တဲ့ ရှေးဦးပြုစုနည်းသင်တန်းလူကြီးမင်းတို့ရဲ့အဖွဲ့အစည်းနဲ့ ဝန်းထမ်းတွေဘေးကင်းလုံခြုံရေးအတွက် ကြိုတင်ကာက...
16/02/2026

မဖြစ်မနေ တတ်ထားသင့်တဲ့ ရှေးဦးပြုစုနည်းသင်တန်း

လူကြီးမင်းတို့ရဲ့အဖွဲ့အစည်းနဲ့ ဝန်းထမ်းတွေဘေးကင်းလုံခြုံရေးအတွက် ကြိုတင်ကာကွယ်လိုက်ကြရအောင်….
👉အသေးစိတ် သိရှိလိုပါက ရုံးချိန်အတွင်း
☎️Phone - 09-967855844 ကိုဆက်သွယ် မေးမြန်းနိုင်ပါတယ်ခင်ဗျာ

Happy Birthday General Aung San13.2.2026 မှာကျရောက်တဲ့ (111) နှစ်ပြည့် “ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့” အား လေးစားစွာဖြင့် ဂ...
13/02/2026

Happy Birthday General Aung San
13.2.2026 မှာကျရောက်တဲ့ (111) နှစ်ပြည့် “ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့” အား လေးစားစွာဖြင့် ဂုဏ်ပြုအပ်ပါသည်။

အထိုင်များတဲ့ အန္တရာယ်++++++++++++++ဒီနေ့ခေတ်လူတွေကြားမှာ အဖြစ်များတဲ့ ပြဿနာတစ်ခုဖြစ်ပါတယ်။ အိမ်မှာပဲဖြစ်ဖြစ်၊ အလုပ်မှာပ...
12/02/2026

အထိုင်များတဲ့ အန္တရာယ်
++++++++++++++
ဒီနေ့ခေတ်လူတွေကြားမှာ အဖြစ်များတဲ့ ပြဿနာတစ်ခုဖြစ်ပါတယ်။ အိမ်မှာပဲဖြစ်ဖြစ်၊ အလုပ်မှာပဲဖြစ်ဖြစ်၊ ခရီးသွားနေတုန်း ကားပေါ်မှာပဲဖြစ်ဖြစ် ထိုင်တာကြာလာရင် ဖြစ်တတ်တဲ့ပြဿနာတွေက လူတိုင်းကြုံလေ့ကြုံထရှိကြပါတယ်။ ၂၀၁၃ တုန်းက လုပ်ခဲ့တဲ့စစ်တမ်းတွေအရ လူတစ်ယောက်ဟာ တစ်နေ့လုံးမှာ ထိုင်ချိန် စုစုပေါင်း ၁၃ နာရီရှိရမှာဖြစ်ပြီး အိပ်ချိန်က ၈ နာရီရှိရမှာဖြစ်ပါတယ်။ ဒီစစ်တမ်းဟာ အမေရိကန်နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ စစ်တမ်းဖြစ်ပါတယ်။

အထိုင်များရင်
အထိုင်များရင်တော့ မြန်မာလိုနားလည်လွယ်အောင် ပြောလိုက်တာပါ။ အမှန်တော့ တစ်နေရာတည်းမှာ အကြာကြီး ကိုယ်လက်လှုပ်ရှားမှုမရှိဘဲ ထိုင်နေတတ်တာ၊ တစ်ခုခုကို အာရုံစိုက်ပြီး ထမင်းမေ့၊ ဟင်းမေ့ ထိုင်နေတာမျိုးပေါ့။ အဲဒီလိုထိုင်တာ ကြာလာတဲ့အခါ လေ့လာစမ်းသပ်ချက်တွေအရ

ဗိုက်အဆီစုလာခြင်း
ဝမ်းဗိုက်အဆီစုတာ၊ ဗိုက်ခေါက်ထွက်လာတာတွေက အထိုင်များခြင်းနဲ့ အများဆုံးသက်ဆိုင်နေတာ တွေ့ရပါတယ်။ သင်က ထိုင်တာကြာလေလေ သကြားဓာတ်နဲ့ အဆီဓာတ်တွေ ပိုမိုစုလာလေလေ ဖြစ်တာကြောင့် ဝမ်းဗိုက်ပိုင်းတစ်ဝိုက်မှာ အဆီတွေ ပိုမိုစုဝေးလာပြီး ဗိုက်ခေါက်ထွက်လာရတာပဲဖြစ်ပါတယ်။ တချို့ရှိပါတယ်။ ဗိုက်ခေါက်တွေထွက်လာလို့ ညစာမစားတော့တာတို့၊ တစ်နေ့လုံးမှာမှ နေ့လယ် ထမင်းတစ်နပ်ကိုပဲ ကောင်းကောင်းစားလိုက်တာတို့ပေါ့။ အဲဒီလိုလုပ်ခြင်းအားဖြင့် ဗိုက်ခေါက်ကို ကျစေတာ မဟုတ်ဘဲ လိုအပ်တဲ့အာဟာရ ဓာတ်တွေပါ လျော့ပါးသွားစေတာမို့ မလိုလားအပ်တဲ့ ရောဂါတွေပါ ထပ်ဝင်လာနိုင်ပါတယ်။ ဒါကြောင့် လိုအပ်သလောက်တော့ စားပါ။ နောက်ပြီး နှလုံးရောဂါ၊ လေဖြတ်ရောဂါ၊ ဆီးချိုသွေးချိုရောဂါ၊ ကင်ဆာရောဂါတွေလည်း ဖြစ်နိုင်ခြေရှိပါတယ်။

နှလုံးရောဂါ
အထိုင်များခြင်းဟာ ခန္ဓာကိုယ် ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတွေကိုပါ ထိခိုက်စေနိုင်တယ်လေ။ အထူးသဖြင့် နှလုံးကျန်းမာရေးကို ပိုမိုထိခိုက်စေပါတယ်။ တစ်နေရာတည်းမှာပဲ မရွှေ့ဘဲ အချိန်အကြာကြီး ထိုင်နေတာဟာ နှလုံးအပါအဝင် ခန္ဓာကိုယ်တစ်ခုလုံးကို သွေးစီးဆင်းမှု နှေးကွေးစေနိုင်ပါတယ်။ အဲဒီလို သွေးစီးဆင်းမှု လျော့နည်းခြင်းဟာ သွေးကြောတွင်း သွေးခဲဖြစ်ပေါ်မှုနဲ့ နှလုံးသွေးကြောကျဉ်း / ပိတ်ခြင်းကို ဖြစ်ပွားစေနိုင်ပါတယ်။ ဒါ့အပြင် သွေးဖိအားမြင့်တက်ပြီး ကိုလက်စထရောတွေ စုပုံစေလို့ နှလုံးသွေးကြောရောဂါတွေဖြစ်ဖို့ ပိုဖိအားပေးစေနိုင်ပါတယ်။
အဲဒီလို သွေးစီးဆင်းမှု လျော့နည်းခြင်းဟာ သွေးကြောတွင်း သွေးခဲဖြစ်ပေါ်မှုနဲ့ နှလုံးသွေးကြောကျဉ်း / ပိတ်ခြင်းကို ဖြစ်ပွားစေနိုင်ပါတယ်။ ဒါ့အပြင် သွေးဖိအားမြင့်တက်ပြီး ကိုလက်စထရောတွေ စုပုံစေလို့ နှလုံးသွေးကြောရောဂါတွေဖြစ်ဖို့ ပိုဖိအားပေးစေနိုင်ပါတယ်။

နောက်ကျောတက်၊ ဇက်ကြောထိုးခြင်း
နေရာအပြောင်းအရွှေ့မရှိဘဲ အထိုင်များလွန်းရင် နောက်ကျောတက်တာ၊ ဇက်ကြောထိုးတာတွေ ဖြစ်တတ်ပါတယ်။ နောက်ပြီး ကျောရိုးမကြီးအောင့်တာတွေလည်း ဖြစ်တတ်ပါတယ်။ အဲဒီလိုဖြစ်ရတာဟာ တစ်နေရာတည်းမှာ အကြာကြီးထိုင်တာကြောင့်လည်းပါသလို အာရုံစူးစိုက်မှု အကြာကြီးလုပ်ရင်လည်း ဖြစ်တတ်ပါတယ်။ အထိုင်များလို့ဖြစ်ရတဲ့ပြဿနာမို့ ထိုင်တာကြာလာရင် လမ်းထလျှောက်လိုက်တာ၊ ပုံစံမပျက်ထိုင်တာထက် ပုံစံလေး နည်းနည်းချိန်းပြီး ထိုင်တာမျိုးလုပ်ပေးတာက အကောင်းဆုံးဖြစ်ပါတယ်။

သွေးတွင်း သကြားဓာတ် များပြားလာခြင်း
လူတွေဟာ ကိုယ်ဘာကြောင့် ဆီးချိုသွေးချို ဖြစ်ရသလဲဆိုတာ အချိုတွေအရမ်းအစားများလို့၊ လက်ဖက်ရည်၊ ကော်ဖီတွေ အသောက်များလို့ဆိုပြီး ထင်ကြပေမယ့် အထိုင်များခြင်းဟာလည်း ဆီးချိုသွေးချိုဖြစ်ဖို့ လမ်းစတစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။ အထိုင်များခြင်းဟာ သွေးတွင်း သကြားဓာတ်စုပုံခြင်းကို ဖြစ်ပေါ်စေတာမို့ ဆီးချိုေသွေးချိုဖြစ်စေပါတယ်။ ဒါကြောင့် အထိုင်များတာနဲ့အမျှ နေ့စဉ် ကိုယ်လက်လှုပ်ရှားမှုတွေလည်း လုပ်ပေးဖို့ လိုပါတယ်။

ကင်ဆာဖြစ်ပွားမှုမြင့်မားစေခြင်း
အူမကြီးကင်ဆာ၊ ဆီးလမ်းကြောင်းကင်ဆာ၊ သားဥအိမ်ကင်ဆာ၊ အူသိမ်ကင်ဆာနဲ့ ဆီးကျိတ်ကင်ဆာဖြစ်ပွားမှုတွေနဲ့ ဆက်စပ်နေပါတယ်။ အစာစားပြီးပြီးချင်း ထိုင်ပြီး အလုပ်လုပ်တာတွေက အူသိမ်ဦးပိုင်းမှာ ကင်ဆာဖြစ်ပွားမှုကို တိုးမြင့်စေတဲ့အပြင် သွေးတွင်းသကြားဓာတ်စုပုံမှုကို ပိုမိုဖြစ်ပွားစေနိုင်ပါတယ်။

စိတ်ကျန်းမာရေးကို ထိခိုက်လာစေနိုင်ခြင်း
ဦးနှောက်နဲ့ ခန္ဓာကိုယ်အတွင်းကို သွေးစီးဆင်းမှု နှေးကွေးခြင်းကြောင့် ဦးနှောက်မှတ်ဉာဏ်ကို ထိခိုက်စေလာနိုင်ပါတယ်။ ဒါ့အပြင် စိတ်ထွက်ပေါက်မရှိသလို ခံစားလာရပြီး တစ်ခါတစ်ခါ သတိလက်လွတ် ဖြစ်ဖြစ်သွားတာတွေလည်း ဖြစ်လာတတ်ပါတယ်။

ကြွက်တက်ခြင်းနှင့် ခြေထောက်ဖောရောင်ခြင်း
ကြွက်တက်ခြင်းဟာ အထိုင်များလို့ အကြောတွေ အားနည်းပြီး ခြေထောက်သွေးမလျှောက်လို့ ခြေထောက် ဖောရောင်ခြင်းတွေ ခဏခဏ ဖြစ်တတ်ပါတယ်။ ခါးနာခြင်း၊ ခါးအကြောညပ်ခြင်းတွေလည်း ဖြစ်တတ်တာကို သတိထားသင့်ပါတယ်။ ကားအကြာကြီး ထိုင်စီးလာတာ၊ အလုပ်အကြာကြီး ထိုင်လုပ်တာ ဒါမှမဟုတ် လေယာဉ်ပျံအကြာကြီးစီးလာတာမျိုးမှာ ခြေထောက်တွေ ဖောလာတာတွေ့ရမှာပါ။ အဲဒီလို ဖောရောင်လာတာကြောင့် နာကျင်မှု ပိုမိုလာတတ်ပါတယ်။

ဘာလေးတွေ လုပ်ပေးသင့်သလဲ
- မကြာခဏမတ်တပ်ရပ်ပေးသင့်ပါတယ်။ လမ်းလေးလျှောက်ပေးပါ။
- အကြာကြီး မိနစ် ၃၀ လောက် အလုပ်လုပ်ပြီး ဆယ်မိနစ်လောက် လမ်းလျှောက်ပေးပါ။
- ဖြစ်နိုင်ရင် လမ်းလျှောက်သွား လမ်းလျှောက်ပြန်လို့ရတဲ့နေရာမှာ ကားစီးတာ၊ ဆိုက်ကားစီးတာမျိုးမလုပ်ပါနဲ့။
- လှေကားတက်ရင်လည်း လမ်းလျှောက်တက်ပါ။ တတ်နိုင်သမျှ ဓာတ်လှေကားစီးတာမျိုး မလုပ်ပါနဲ့။
- လေ့ကျင့်ခန်းလုပ်တာ၊ ယောဂလေ့ကျင့်တာတို့၊ နေ့တိုင်း ကိုယ်လက်လှုပ်ရှားမှု တစ်ခုခုကို အလေ့အထဖြစ်အောင် ပြုလုပ်ပေးသင့်ပါတယ်။
- ထိုင်နေတုန်းမှာလည်း မှန်ကန်တဲ့ ထိုင်နည်းမျိုးနဲ့ ထိုင်ပါ။ ခါးမတ်မတ်ထိုင်ပါ။ ထိုင်နေရင်း ခြေဆန့်လက်ဆန့်လေး လုပ်ပါ။ သက်သောင့်သက်သာဖြစ်အောင် အနားယူပါလို့ အကြံပေးပါရစေ။

Credit : တနိုင်းခ

ပြည်ထောင်စုနေ့အား ဂုဏ်ပြုကြိုဆိုအပ်ပါသည်။
12/02/2026

ပြည်ထောင်စုနေ့အား ဂုဏ်ပြုကြိုဆိုအပ်ပါသည်။

လေဖြတ်လူနာအား ရှေ့ဦးပြုစုနည်း++++++++++++++++++++လေဖြတ်ခြင်းဆိုသည်မှာ ဦးနှောက်၏ အစိတ်အပိုင်းသို့ သွေးစီးဆင်းမှု ပိတ်ဆို့...
07/02/2026

လေဖြတ်လူနာအား ရှေ့ဦးပြုစုနည်း
++++++++++++++++++++
လေဖြတ်ခြင်းဆိုသည်မှာ ဦးနှောက်၏ အစိတ်အပိုင်းသို့ သွေးစီးဆင်းမှု ပိတ်ဆို့ခြင်း သို့မဟုတ် ဦးနှောက်အတွင်း သို့မဟုတ် အနီးတစ်ဝိုက်တွင် သွေးယိုစီးမှုကြောင့် ဖြစ်ပွားသည့် ဆေးဘက်ဆိုင်ရာ အရေးပေါ် အခြေအနေဖြစ်သည်။ လေဖြတ်လူနာအတွက် စက္ကန့်တိုင်းမှာ အရေးကြီးပါသည်။ တစ်စုံတစ်ယောက် ရုတ်တရက် လေဖြတ်လျှင် မှန်ကန်စွာ ရှေးဦးပြုစုပေးနိုင်ပါက အသက်ရှင်နိုင်ဖို့နဲ့ ပြန်လည်ကောင်းမွန်ဖို့ အခွင့်အလမ်း များပြားသွားပါသည်။
လေဖြတ်ခြင်းတွင် အရေးအကြီးဆုံး အဆင့်များထဲမှ တစ်ခုမှာ ရောဂါလက္ခဏာများကို လျင်မြန်စွာ သိရှိနိုင်ခြင်းဖြစ်သည်။ လေဖြတ်ခြင်း၏ အဖြစ်များဆုံး လက္ခဏာများကို မှတ်မိရန် လွယ်ကူသော နည်းလမ်းမှာ -
• Face: လူနာကို ပြုံးခိုင်းပါ။ မျက်နှာတစ်ဖက်က ပုံစံမမှန်နေဘဲ မျက်နှာတစ်ခြမ်းသေ ပါးတစ်ခြမ်းရွဲ့ရှိလား။
• Arms: လက်နှစ်ဖက်လုံးကို မြှောက်ခိုင်းပါ။ လက်တစ်ဖက်က အောက်ကို ပြုတ်ကျနေသလား။
• Speech: ရိုးရှင်းသော စကားစုတစ်ခုကို ထပ်ခါတလဲလဲ ပြောခိုင်းပါ။ စကားပြောတာ ပုံစံမမှန် သို့မဟုတ် ထူးဆန်းနေပါသလား။
• Time: ဤလက္ခဏာများထဲမှ တစ်ခုခုကို သတိပြုမိပါက အရေးပေါ်လူနာတင်ယာဉ် ချက်ချင်းခေါ်ပါ။
လူနာတင်ယာဉ်စောင့်နေစဉ် ရှေ့ဦးပြုစုပေးပါ။ နည်းလမ်းမှာ -
1. စိတ်ငြိမ်ငြိမ်ထားပါ။
2. လူနာကို စိတ်ချရတဲ့နေရာမှာ ထားပါ။ ယာဉ်အန္တရာယ် သက်ရောက်ခြင်းမရှိတဲ့နေရာ ဖြစ်ပါစေ။
3. လူနာ သတိရှိ မရှိ စစ်ဆေးပါ။
4. လူနာနဲ့ စကားပြောကြည့်ပါ။ လူနာကို နာမည်နဲ့ အခြားမေးခွန်းတွေ မေးကြည့်ပါ။ လူနာ စကားမပြောနိုင်ဘူးဆိုရင် မေးခွန်းမေးတဲ့အခါ လက်ကိုညှစ်ပြီး တုံ့ပြန်အဖြေပေးဖို့ ပြောပါ။ လူနာ လုံးဝတုန့်ပြန်မှုမရှိတာက သတိမေ့နေလို့ ဖြစ်နိုင်ပါတယ်။
5. လူနာကို ဘေးစောင်းအနေအထား ထားပေးပါ။
6. တင်းကျပ်လွန်းသော အဝတ်အစားများကို ဖြေလျှော့ပေးပါ။
7. လူနာ အေးနေပါက နွေးထွေးစေရန် စောင် (သို့) တစ်ခုခုဖြင့် ခြုံထားပေးပါ။
8. လူနာကို အကူအညီတွေ လာနေပြီဆိုတာ သိအောင် အားပေးစကား ပြောကြားပါ။
9. လူနာရဲ့ရောဂါလက္ခဏာတွေကို မှတ်သားထားပြီး အပြောင်းအလဲ ရှိ၊ မရှိ ကြည့်ရှုပါ။ လူနာအခြေအနေကို အရေးပေါ်ကူညီတဲ့လူတွေကို သေချာပြောပြပေးဖို့ အရေးကြီးပါတယ်။
10. အသက်ရှူလမ်းကြောင်းနဲ့ အသက်ရှူ၊ မရှူ သေချာစောင့်ကြည့်ပါ။ ပါးစပ်ထဲမှာ အရာဝတ္ထု (သို့) အန်ဖတ်တစ်ခုခု ဆို့ပြီး အသက်မရှူနိုင်ဘူးဆိုရင် လူနာကို ဘေးစောင်းထားပြီး အသက်ရှူနိုင်အောင် လုပ်ပေးပါ။
11. အသက်မရှူပါက သို့မဟုတ် နှလုံးရပ်ပါက နှလုံးနှိုးဆွခြင်း (CPR) စတင်ပါ။
Dr. SMHM
M.D., Indonesia
7887 Healthcare

04/02/2026

Address

No. 148 (11/A5) Mya Mar Lar Lane , A-1 Street, Mayangone Tsp
Yangon
11061

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+959967855844

Alerts

Be the first to know and let us send you an email when 7887 First Aid Training ရှေးဦးပြုစုနည်းသင်တန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to 7887 First Aid Training ရှေးဦးပြုစုနည်းသင်တန်း:

Share

7887 First Aid Training

7887 ရဲ့ ရှေးဦးပြုစုနည်းသင်တန်းဟာ သင်ကြားပေးခဲ့တဲ့ အဖွဲ့အစည်းပေါင်း 25 ခုကျော်ရှိပါတယ် သင်တန်းသား 500 ကျော်သင်ကြားပို့ချခဲ့ပြီးဖြစ်ပါတယ်။

ဒီ သင်တန်းကို တက်မယ်ဆိုရင် လူကြီးမင်းတို့ရဲ့လုပ်ငန်းခွင်လိုအပ်ချက်များအရ အထူးသိရှိလိုသော အရေးပေါ်ပြုစုနည်းများကို ညှိနှိုင်းသင်ကြားပေးမှာပါခင်ဗျာ။ First Aid Training မှာတော့ သင်ထောက်ကူပစ္စည်းအပြည့်အစုံသုံးပြီးသင်ကြားပေးမှာဖြစ်ပါတယ်။ သင်တန်းပြီးသွားချိန်မှာလည်း သင်တန်းဆင်းလက်မှတ်(Certificate)နဲ့ တကွ ရှေးဦးပြုစုနည်းလက်စွဲစာအုပ်၊ လိုအပ်မယ့် First Aid ပစ္စည်းတချို့ကိုလည်း အခမဲ့ပေးအပ်သွားမှာပါခင်ဗျာ။ သင်တန်းကတော့ ၁၀ ယောက်Packageမှ စပြီးသင်ကြားပေးမှာ ဖြစ်ပါတယ်။ လူကြီးမင်းတို့ရဲ့အဖွဲ့အစည်းနဲ့ ဝန်းထမ်းတွေဘေးကင်းလုံခြုံရေးအတွက် ကြိုတင်ကာကွယ်လိုက်ရအောင်… အသေးစိတ် သိရှိလိုပါက 🕘ရုံးချိန်အတွင်း Phone📱📱- 09-967855844 ကိုဆက်သွယ် မေးမြန်းနိုင်ပါတယ်ခင်ဗျာ