USA Myanmar easy online

USA Myanmar easy online welcome to USA MYAMAR EASY online, You can trust , you can believe, call me � 09956656891

One A day Healthy advantage Multivitamin, 300 Tablets. ***Made in USA အသက်ဆိုတာ တဖြေးဖြေးကြီးလာပါတယ်။ ဒါပေမယ့် ကျန်းမာပျ...
30/11/2025

One A day Healthy advantage Multivitamin, 300 Tablets. ***Made in USA

အသက်ဆိုတာ တဖြေးဖြေးကြီးလာပါတယ်။ ဒါပေမယ့် ကျန်းမာပျော်ရွှင်စွာနဲ့ အသင်ကြီးဖို့က ကိုယ့်ရွေးချယ်မှု ဖြစ်ပါတယ်နော်။ 👱🏻‍♂️အမျိုးသားတွေ အသက် 50 အရွယ် အပိုင်းအခြားတစ်ခုကို ရောက်လာပြီဆိုရင် လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်များစွာရှိပါတယ်။ အဲဒါတွေအားလုံးကို တစ်နေ့တစ်လုံး သောက်ရုံနဲ့ ပြည့်ပြည့်ဝဝ ရရှိစေဖို့ One A Day က အသက်အရွယ်အပိုင်းအခြားတစ်ခုကို ရောက်ရှိနေတဲ့ အမျိုးသားတွေအတွက် အဓိကထုတ်ထားတဲ့ Men's 50+ Healthy advantage Multivitamin ကို ဝယ်ယူနိုင်ပါသည်။😊😊

ဒီဆေးက အကျိုးကျေးဇူးတွေကတော့
💊သွေးပေါင်ချိန်ကို ထိန်းညှိပေးတဲ့ Vitamin C, Calcium,Magnesiumနဲ့ Vitamin Dတို့ပါဝင်ပါသည်။
💊200% daily value of Vitamin C ပါဝင်တဲ့အတွက်
ကိုယ်ခံစွမ်အားကို ကောင်းစေရုံသာမက collagen ထုတ်လုပ်မှုကို အားပေးတဲ့ အတွက် အဆစ်တွေကိုပါ ကျန်းမာစေပါသည်။ အဆစ်တွေ လှုပ်ရှားမှု ချောမွတ်အောင် လုပ်ဆောင်ပေးပါသည်။

💊Vitamins B6, B12, C, E နဲ့ Folic Acid တွေပါဝင်တဲ့အတွက် နှလုံးကို ကျန်းမာစေပြီး နှလုံးရဲ့လုပ်ငန်းဆောင်တာတွေကို ကောင်းမွန်စေပါသည်။ သွေးလည်ပတ်မှုကိုလည်း ကောင်းစေပါသည်။
💊B-Vitamins တွေလည်း ကြွယ်ဝစွာ ပါဝင်တဲ့အတွက် ဦးနှောက်ရဲ့ လုပ်ငန်းဆောင်ရွက်မှုကိုလည်း ကောင်းစေပါသည်။
💊ကိုယ်ခန္ဒာတစ်ခုလုံးကို အရမ်းသေးငယ်တဲ့ cell လေးတွေနဲ့ ဖွဲ့စည်းထားပါသည်။အဲဒီ cell လေးတွေ ကျန်းမာနေအောင် အဓိကအာဟာရဓာတ်တွေ ဖြစ်တဲ့ Vitamin A, C, E, Zinc, Selenium, Copper နဲ့ Manganese တို့ပါဝင်ပါသည်။
💊Calcium နဲ့ Vitamin D ပါဝင်တဲ့အတွက် အရိုးအဆစ်တွေကို ကြံ့ခိုင်သန်မာစေပါသည်။
💊မျက်စိကျန်းမာရေးကိုလည်း အားပေးပါသည်။
💊Chromium နဲ့ B-Vitamins ကြောင့် အစာကို ရုပ်ပိုင်းဆိုင်ရာ စွမ်းအင်အဖြစ် ပြောင်းပြီး အသုံးချမှုကိုလည်း ကူညီပေးပါသည်။
💊Gluten free ဖြစ်ပြီး ဓာတုအချိုတွေကို အသုံးမပြုထားတဲ့အတွက် ယုံကြည်စိတ်ချစွာသောက်သုံးနိုင်ပါသည်။
💊Fish allergen free ဖြစ်လို့ ငါးနဲ့ ဓာတ်မတည့်တဲ့ လူတွေပါ သောက်သုံးနိုင်ပါသည်။

တစ်ဘူးတွင်ဆေးလုံး300ပါဝင်ပြီးတစ်နေ့1လုံးအစားနှင့်တွဲသောက်လို့ရပါသည်။

မှာယူလိုပါက Cb or 09956656891တွင်ဆက်သွယ်နိုင်ပါသည်။😊😊





 + လူကြီး/လူလတ်မရွေး အကြိုက်ဆုံး Centrum Silver ဆိုသူများအတွက်သီးသန့် 👏 +     (275 Tablets) + (325Tablets)  (220Tablets)...
30/11/2025

+

လူကြီး/လူလတ်မရွေး အကြိုက်ဆုံး Centrum Silver ဆိုသူများအတွက်သီးသန့် 👏

+
(275 Tablets)

+
(325Tablets)
(220Tablets)
Out of stock

+
(275 Tablets)
(200Tablets)

(200)

** made in USA 🇺🇸🇺🇸🇺🇸** စစ်ဖြစ်ကြောင်းအာမခံပါသည်။

အမျိုးသား/ သမီးတွေ အသက်ကြီးလာတာနှင့်အမျှ အရိုးတွေကြံ့ခိုင်အောင် ကူညီပေးတဲ့ Calcium နဲ့ Vitamin D ကို နေ့စဉ်လိုအပ်တဲ့ ပမာဏ ရရှိဖို့ ပိုအရေးကြီးလာပါတယ်။

အဲဒါတွေအတွက် Centrum Silver မှာ Calcium နဲ့ Vitamin D ကြွယ်ဝစွာ ပါဝင်ပြီး တခြား ဗီတာမင်နဲ့ သတ္တုဓာတ်များစွာ ပါဝင်တဲ့အတွက် နှလုံး၊ ဦးနှောက် 🧠နဲ့ မျက်စိ 👀 ကျန်းမာရေးအတွက်ပါ အထူး အထောက်အကူပေးပါတယ်။

အသက် ၅၀ ကျော် အမျိုးသား/ သမီးတွေ အဓိက သောက်သုံးသင့်တဲ့ ဆေးဖြစ်ပါတယ်။
သေးငယ်တဲ့ micronutrients တွေဟာ ကိုယ်ခန္ဓာရဲ့ သေးငယ်တဲ့ cell လေးတွေ ပုံမှန်တာဝန်ထမ်းဆောင်နိုင်အောင် အာဟာရပေးပြီး အရိုးအဆစ်တွေ ကျန်းမာသန်စွမ်းနေအောင် အကူအညီပေးပါတယ်။

America 🇺🇸 ရဲ့ နံပါတ်တစ် Multivitamin Brand ဖြစ်ပြီးဆရာဝန်တွေ ထောက်ခံချက်ကို အများဆုံး ရရှိထားတဲ့ brand ဖြစ်ပါတယ်။

တစ်နေ့ကို တစ်လုံး အစာနဲ့ တွဲဖက်၍ သောက်သုံးနိုင်ပါသည်။

မှာယူလိုပါက Cb or 09956656891 တွင်မေးမြန်းနိုင်ပါသည်




Fish oil omega -3 အကြောင်းသိကောင်းစရာသိပ္ပံပညာရှင်တွေယုံကြည်တာက ရှေးခေတ်ကလူတွေ အိုမီဂါ 3 နဲ့ 6 ကိုပမာဏအတူတူစားခဲ့လို့ ကျ...
30/11/2025

Fish oil omega -3 အကြောင်းသိကောင်းစရာ

သိပ္ပံပညာရှင်တွေယုံကြည်တာက ရှေးခေတ်ကလူတွေ အိုမီဂါ 3 နဲ့ 6 ကိုပမာဏအတူတူစားခဲ့လို့ ကျန်းမာကြတယ်လို့ပါ။ယနေ့ခေတ်မှာတော့ အိုမီဂါ-6 ပိုစားဖြစ်ကြတယ်။တမင်တကာစားတာမျိုးတော့မဟုတ်ပါ။လူနေမှုကိုက သည်လိုဖြစ်နေတာပါ။နောက်ဆုံးဖြစ်လာတာက ကင်ဆာ နဲ့ နှလုံးရောဂါတွေပါပဲ။ အိုမီဂါ 3 နဲ့ အိုမီဂါ 6 ကို မျှတအောင်စားမည်ဆိုလျှင် နှလုံးရောဂါဖြစ်ဖို့ သိပ်မလွယ်တော့ပါဘူး။ ဒါကြောင့် အိုမီဂါ -3 ပိုစာဒပါ။ အိုမီဂါ-3 စားလေ လူရဲ့ကိုယ်ခန္ဓာက ရောဂါကင်းလေပါ။ အိုမီဂါ 3 စားနဲ့ဆောက်တဲ့ ခန္ဓာကိုယ်ကို အခုနောက်ပိုင်းခေါ်တာက a cool body (အေးမျှသော ကိုယ်ခန္ဓာ)ပါ။ဒီလို ကိုယ်ခန္ဓာမျိုးက ရောင်ရမ်းတာဖြစ်ခဲတယ်။ ဆဲလ်နံရံတွေ ကို အကောင်းဆုံးအဆီနဲ့ ဆောက်မည်ဆိုလျှင် တစ်နှစ်လောက်ကြာပါလ်ိမ့်မည်။

အိုမီဂါ 3 လုံလောက်မယ်ဆိုလျှင်။

1.ဦးနှောက်ဆိုတာ ရာနှုန်း 60 လောက်ကအဆီပါ။အရည်အသွေးကောင်းတဲ့ အဆီဖြစ်တဲ့ အိုမီဂါ 3 စားပေးလျှင် ဦးနှောက်အတွက်ပိုကောင်းပါတယ်။

2.အိုမီဂါ-3 မှာ docosahexaenoic acid (DHA ) ပါပါတယ်။DHA ကို ဦးနှောက်က ဦးနှောက်ဆဲလ်တွေကြား ဆက်သွယ်ဖို့သုံးပါတယ်။ဒါကြောင့် အိုမီဂါ 3 စားပေးလျှင် မှတ်ဉာဏ်ကောင်းလာတယ်။စိတ်ရွှင်လာတယ်။စာသင်လို့ကောင်းလာတယ်။ အိုမီဂါ-3 ချို့တဲ့လျှင် စိတ်ဓာတ်ကျလာတယ်။စိတ်နှစ်ခွဖြစ်လာတယ်။စိတ်ကစဉ့်ကလျားဖြစ်တယ်။

3.အိုမီဂါ-3 က နှလုံးအတွက်ကောင်းပါတယ်။ကိုလက်စတော ကျစေတယ်။ကောင်းတဲ့အဆီ HDL ကိုတက်စေတယ်။နှလုံးသွေးကြောပိတ်တာ သက်သာစေတယ်။

4.အဆီပိုလည်း ကျစေပါတယ်။အဆီမစားဘူး။ဒါမှမဟုတ် မကောင်းတဲ့အဆီစားလျှင် ဝလာပါလိမ့်မည်

5.ဆဲလ်နံရံတွေက သိပ်ကောင်းတဲ့အတွက် အင်ဆူလင် ကိုပိုကောင်းကောင်းသုံးနိုင်တယ်။ဒါကြောင့်သွေးတွင်း အချိုဓာတ်ကို ထိန်းပေးပါတယ်။

Omega 3 ရလိုသူအတွက် လတ်လတ်ဆတ်ဆတ် အအေးပိုင်းကငါးတွေစားပါ။မြန်မာပြည်အတွက်မလွယ်ပါ။သစ်ကြားသီးလောက်ဖြစ်နိုင်ပါတယ်။ဆော်လမွန်ငါးတွေ၊ဆာဒင်းတွေ လတ်လတ်ဆတ်ဆတ်စားပါတဲ့။ငါးဘယ်က ဖမ်းလည်းကိုလည်း ဂရုပြုပါတဲ့။မွေးမြူရေးငါးတွေ မစားဖို့ရေးပါတယ်။ လတ်ဆတ်တဲ့ကြက်ဥ စားပါ။ အိုမီဂါ-3 supplement ကို တစ်နေ့ နှစ်ကြိမ် 500 - 1,000 mg တိုက်ပေးပါ။

❤️ငါးကြီးဆီ

ငါးကြီးဆီ supplement နှင့် ပတ်သတ်လို့ ၂၀၁၅ လောက်တုန်းက နယူးဇီလန်ထုတ် ငါးကြီးဆီတွေကို report လုပ်တဲ့ စာတမ်းအချို့ထွက်ဖူးတယ်။ ပထမသူတို့ report လုပ်တာက ငါးကြီးဆီ(omega 3) ဖြည့်စွက်စာအချို့မှာ omega 3 ပါဝင်မှုဟာ သူတို့အညွှန်းထက် နည်းနေတယ်ဆိုတဲ့ တစ်ခုရယ်၊ နောက်တစ်ခုက Totox တန်ဖိုးများနေတယ်ဆိုတဲ့ အချက်ရယ် ပြောကြတယ်။The total oxidation value (Totox) ဆိုတာ နားလည်အောင်ပြောရလျှင် ငါးကြီးဆီတွေ oxidized ဖြစ်သွားနှုန်းပါ။ ပျက်စီးသွားတယ်ဆိုတဲ့ သဘောပေါ့။ သူတို့တိုင်းတာ peroxide value (PV) တန်ဖိုး၊ anisidine value (AV) တန်ဖိုးဆိုပြီးလည်း ရှိသေးတယ်။

ငါးကြီးဆီရဲ့ သဘောကိုက oxidized ဖြစ်လွယ်တယ်။ကျွန်တော်သိသလောက် oxidized မဖြစ်တဲ့ ငါးကြီးဆီဆိုတာ မရှိဘူး။ သူတို့ငါးကြီးဆီက oxidized မဖြစ်ဖူးပြောလျှင် ကျွန်တော်တော့ မယုံဘူး။ PV ဆိုတာ ပထမအကြိမ် oxidized ဖြစ်တဲ့ products တွေဖြစ်တဲ့ lipid peroxides တွေကိုတိုင်းတာ AV က ဒူုတိယအကြိမ် oxidized ဖြစ်တဲ့ products တွေဖြစ်တဲ့ aldehydes နှင့် ketones ကို ထိန်းတာ။ နောက်မှ Totox တန်ဖိုးထွက်ယူတာ။ Totox တန်ဖိုးများလျှင် အရည်အသွေးမကောင်းဖူးပေါ့။ Totox တန်ဖိုးများတဲ့ products တွေကို သောက်လျှင် ဆိုးကျိုးရှိမရှိ ပြောဖို့ရာ လေ့လာဖို့လိုအုန်းမည်။ စာတန်းအရတော့ Totox တန်ဖိုးမမြင့်အောင်( ပျက်စီးမှု မများအောင်) product ကို ရေခဲသေတ္တာထဲထားပေါ့။

ငါးကြီးဆီ( omega -3 ) နှင့် မတည့်ဘူးဆိုတာရှားပေမည့် ရှိတော့ရှိပါတယ်။ ငါး နှင့် ဓာတ်မတည့်တဲ့သူအနေနှင့် ငါးကြီးဆီသောက်မည်ဆိုလျှင် အရေပြားအထူးကုနှင့် စမ်းပြီးမှသောက်သင့်တယ်လို့ the American College of Allergy, Asthma & Immunology (ACAAI) က ညွှန်းဆိုပါတယ်။ ၂၀၀၈ မှာပြုလုပ်တဲ့ လေ့လာမှုတစ်ခုမှာတော့ ငါးကြီးဆီက ဓာတ်မတည့်ခြင်းကို မဖြစ်စေပါလို့ဆိုပေမည့် ၂၀၀၈ လေ့လာမှုက လူ ၆ ယောက်ကိုလုပ်ခဲ့တာဖြစ်ပြီး ငါးကြီးဆီ တံဆိပ်နှစ်ခုကိုပဲ စမ်းထားတာကြောင့် ငါးကြီးဆီက ဓာတ်မတည့်ခြင်းကို မဖြစ်စေပါလို သေချာပြောဖို့ နောက်စမ်းသပ်မှုတွေလိုနိုင်ပါတယ်။

ငါးကြီးဆီနှင့် ဓာတ်မတည့်တဲ့အခါ နှာစီးခြင်း၊ အသက်ရှုကြပ်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ယားယံခြင်း၊ အစက်ထွက်ခြင်း၊ ပျို့အန်ခြင်း၊ နှုတ်ခမ်း၊ လျှာ နှင့် မျက်နှာ ရောင်ရမ်းခြင်း၊ လက်အပါအဝင် အခြားကိုယ်ခန္ဓာအစိတ်အပိုင်းများ ရောင်ရမ်းခြင်း၊ ဗိုက်အောင့်ခြင်း၊ ဝမ်းသွားခြင်းတွေ ဖြစ်နိုင်ပါတယ်။ အရမ်းဆိုးလာလျှင် လည်ပင်းဖောင်းလာခြင်း၊ လည်ချောင်းမှာ အကျိတ်ထွက်ခြင်း၊ အသက်ရှုရကြပ်ခြင်း၊ သတိမေ့သွားခြင်း ၊ သွေးပေါင်ကျခြင်း နှင့် ရှော့ခ်ရခြင်းတွေပါဖြစ်တတ်ပါတယ်။ ငါးကြီးဆီ ဓာတ်မတည့်မှုဟာ သေစေနိုင်သည်အထိ ဖြစ်နိုင်တယ်ဆိုပါတယ်။

ငါးကြီဆီနှင့် မတည့်ဘူးဆိုတာ ရှားပါတယ်။ ငါးကြီဆီ နှင့် မတည့်လျှင်တော့ ငါးကြီးဆီက ကျန်းမာရေး ဘယ်လောက်အကျိုးပြုပြု ငါးကြီးဆီမသောက်ပါနဲ့။ ငါးကြီးဆီအပြင် omega 3 ရနိုင်တဲ့ တစ်ခြားနည်းတွေရှိပါသေးတယ်ဆိုတာ သတိရပါ။ ငါးကြီးဆီနှင့်တည့်လို့ အများကြီးသောက်လည်း ပျို့ခြင်း၊ အစာအိမ်အချဉ်ပြန်တက်ခြင်း၊ ဗိုက်နာခြင်း၊ လေပွခြင်း၊ ဝမ်းသွားခြင်း ၊ သွေးပေါင်ကျခြင်း၊ သွားဖုံးသွေးယိုခြင်း နှင့် အိပ်မပျော်ခြင်းတွေဖြစ်နိုင်ပါတယ်။

Cb or09956656891 တွင်ဆက်သွယ်​မေးမြန်းမှာယူနိုင်ပါတယ်
#






  ( )Nature Made Fish Oil 1200mg300 Softgels  Omega 3 fatty acid(360mg)/ EPA(180mg) နဲ့ DHA(120mg)တို့ကြွယ်ဝစွာပါဝင်လို့...
20/11/2025



( )

Nature Made Fish Oil 1200mg
300 Softgels

Omega 3 fatty acid(360mg)/ EPA(180mg) နဲ့ DHA(120mg)တို့ကြွယ်ဝစွာပါဝင်လို့

- သွေးပေါင်ထိန်းညှိပေးတယ်။

- သွေးထဲမှာရှိတဲ့ မကောင်းတဲ့အဆီတွေကို လျှော့ချပေးလို့ နှလုံးကျန်းမာရေးကိုကောင်းမွန်စေတယ်။

- သွေးကြောတွေမှာ အဆီစုပုံတာလျော့နည်းစေလို့ သွေးကြောကျဥ်းတာကိုကာကွယ်ပေးတယ်။

- ခန္ဓာကိုယ်တစ်ဝိုက် ရောင်ရမ်းခြင်းတွေကိုလျှော့ချပေးပြီး အဆစ်အမြစ်နာကျင်ခြင်း၊ ကိုက်ခဲခြင်းတို့ကိုသက်သာစေတယ်။

- ဦးနှောက်နဲ့အာရုံကြောစနစ်ကိုအားကောင်းစေလို့ မှတ်ဥာဏ်စွမ်းရည်မြင့်မားစေတယ်။

- စိတ်ဖိစီးမှုများခြင်း၊စိတ်အတက်အကျ mood swing ဖြစ်ခြင်းတို့ကိုလည်း ထိန်းညှိပေးပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေတယ်။

- ကိုယ်ခံအားကိုမြှင့်တင်ပေးပြီး ဖျားနာခြင်းကင်းဝေးစေတယ်။

- အသားအရေကြည်လင်ဝင်းပစေတဲ့အပြင် အမြင်အာရုံအတွက်လည်း အထူးကောင်းမွန်တယ်။

မှာယူချင်တယ်ဆိုပါက
Page massenger (or)
☎ 09956656891( hot line number)
သို့တိုက်ရိုက် ဆက်သွယ်၍ မှာယူနိုင်ပါသည်။

*** 🇺🇸 USA စစ်စစ် ဖြစ်ကြောင်းအာမခံခြင်းနှင့် ရန်ကုန်မြို့တွင်းအိမ်အရောက် ငွေချေ စနစ်တို့ကြောင့် ယုံကြည် စိတ်ချစွာ ဝယ်ယူအားပေးနိုင်ပါသည်။

မှတ်ချက်။ ။အခြားမြို့များမှာOrder တင်သည့် အချိန် မှစ၍ငွေကြိုလွှဲပြီး (၂၄နာရီ)အတွင်းသက်ဆိုင်ရာကားဂိတ်များကို ပို့ခ (၁၀၀၀ ကျပ်) (သို့)
Royal Express တို့ဖြင့်လည်းပို့ဆောင်ပေးလျှက်ရှိပါသည်။











Move Free Advanced (200 tablets)Move Free Advanced Plus MSM and Vitamin D3, 200Tablets - Joint Health Supplement *** mad...
20/11/2025

Move Free Advanced
(200 tablets)

Move Free Advanced Plus MSM and Vitamin D3, 200Tablets - Joint Health Supplement
*** made in USA 🇺🇸🇺🇸🇺🇸

ဒူးနာတာ၊ လှုပ်ရှားရခက်တာ၊ အဆစ်အမြစ်ကိုက်ခဲတာ တို့အတွက် ဆေးဖြစ်ပါတယ်ရှင်။
ဒီဆေးရဲ့ အကျိုးအာနိသင်တွေကတော့
💊လှုပ်ရှားမှု တစ်ခုချင်းစီကို အခက်အခဲမရှိ
ပြုလုပ်နိုင်ခြင်း
💊လှုပ်ရှားမှု တစ်ခုကနေ တစ်ခုကို ပြောင်းတဲ့အခါ နာကျင်ကိုက်ခဲမှုမရှိဘဲ ပြောင်းလဲလှုပ်ရှားနိုင်ခြင်း
💊အရိုးအဆစ်တွေကို ကြံ့ခိုင်သန်မာစေခြင်း
💊အဆစ်အမြစ်တို့ လှုပ်ရှားရလွယ်အောင် ချောဆီအနေနဲ့ ဆောင်ရွက်ပေးခြင်း
💊ဆေးသောက်ပြီး ရက်အနည်းငယ် အတွင်းမှာ ဝေဒနာတွေ သက်သာပြီး သက်တောင့်သက်သာ ရှိစေခြင်း တို့ပဲ ဖြစ်ပါတယ်။

ဒီဆေးမှာ ပါဝင်တာတွေကတော့
- Glucosamine
- Chondroitin
- Hyaluronic acid ( Jt fluid )
- Uniflex
- Methylsulfonylmethane ( MSM ) နဲ့
- Vitamin D3 တို့ပဲ ဖြစ်ပါတယ်။

Glucosamine ဟာ အရိုးနုလေးတွေ တည်ဆောက်ဖို့ နဲ့ အဆစ်အမြစ်တွေ ဖွဲ့စည်းတည်ဆောက်ရာမှာ အရေးကြီးတဲ့ building block ဖြစ်ပါတယ်။ သူက နေ့စဉ်လှုပ်ရှားမှုတွေ အဆင်ပြေပြေ ချောချောမွေ့မွေ့ ဆောင်ရွက်နိုင်ဖို့ နဲ့ လှုပ်ရှားမှုများစွာကို အခက်အခဲ မရှိ ပြောင်းလဲလုပ်ဆောင်နိုင်ဖို့ ကူညီပေးပါတယ်။
-Chondroitin ဟာလည်း အရိုးနုလေးတွေ ဖွဲ့စည်းရာမှာ ပါဝင်ပြီး Glucosamine နဲ့ အတူတူ လုပ်ဆောင်ပါတယ်။ သူဟာ အရိုးအဆစ်တွေမှာ ရှိရမယ့် joint fluid က်ိုများစေပါတယ်။
- Joint Fluid လို့ခေါ်တဲ့ Hyaluronic acid က လှုပ်ရှားမှုတွေ ဆောင်ရွက်ရာမှာ ချောချောမွေ့မွေ့ရှိအောင် ကူရှင်အနေနဲ့ရော ချောဆီ အနေနဲ့ပါ ဆောင်ရွက်ပေးပါတယ်။ အသက်ကြီးလာတာနဲ့ HA လျော့နည်းလာတတ်ပါတယ်။
- Uniflex ကတော့ ရက်အနည်းငယ်အတွင်းမှာ အဆစ်အမြစ်တွေကို သက်တောင့်သက်သာဖြစ်အာင် လုပ်ဆောင်ပေးပါတယ်။
- MSM ကတော့ joint ထဲမှာ ရှိတဲ့ collagenတွေ တည်ဆောက်ဖို့အတွက် အရေးကြီးပါတယ်။ Collagen ဆိုတာ အရိုးနု ဖွဲ့စည်းပုံအတွက် အားပေးလို့ joint ရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းဖြစ်ပါတယ်။
- Vitamin D3 ဟာ အရိုးတွေကြံ့ခိုင်သန်မာနေအာင် လိုအပ်တဲ့ Calcium နဲ့ Magnesium ပမာဏလုံလောက်အောင် ထိန်းပေးပါတယ်။ဘာကြောင့်လဲဆိုတော့ အဆစ်အမြစ်တွေဟာ သူတို့ရဲ့ လိုအပ်တဲ့ အာဟာရတွေကို သူတို့ရဲ့ နီးစပ်ရာ အရိုးတွေကနေတစ်ဆင့် ယူတတ်ပါတယ်။ အဲဒါကြောင့် အရိုးတွေ သန်မာနေမှ အဆစ်အမြစ်တွေပါ ကျန်းမာမှာ ဖြစ်ပါတယ်။

တစ်ဘူးတွင် အလုံး 200 ပါဝင်ပြီး တစ်နေ့ တစ်ခါသောက် နှစ်လုံးကို အစာနဲ့ဖြစ်စေ မနက်တစ်လုံး ညတစ်လုံး ဖြစ်စေ သောက်သုံးနိုင်ပါတယ်။

💢ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေ ဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ သောက်ပါနော်။

အိမ်အရောက်ငွေရှင်းစနစ်ဖြင့်ရောင်းချပေးနေပါသည်

နယ်ကိုလဲ နီးစပ်ရာကားဂိတ်ကို ပို့ပေးပါတယ်ခင်ဗျာ့🥰

မှာယူလိုပါက page cb or 09956656891 ကိုဆက်သွယ်၍မှာယူနိုင်ပါတယ်ရှင့်💅

cb ဆက်သွယ်မေးမြန်းမှာယူနိုင်ပါတယ်ခင်ဗျာ့
ဒေါ်လာစျေးအတက်ကျပေါ်မူတည်ပြီး စျေးနှုန်းအပြောင်းလဲရှိပါတယ်။

Multi-Vitamin (Well Kid) (30)ဒေါ်လာစျေးအတက်ကျပေါ်မူတည်ပြီး စျေးနှုန်းအပြောင်းလဲရှိပါတယ်ဗျအရမ်းကောင်း တယ် လို့ ကလေးဆရာဝန်...
20/11/2025

Multi-Vitamin (Well Kid)
(30)

ဒေါ်လာစျေးအတက်ကျပေါ်မူတည်ပြီး စျေးနှုန်းအပြောင်းလဲရှိပါတယ်ဗျ

အရမ်းကောင်း တယ် လို့ ကလေးဆရာဝန်တိုင်း ညွှန်းနေကြတဲ့ 🇬🇧 UK No-1 ကလေး အားဆေးလေးတွေပါ

-Well Kids
အသက်၄ နှစ် မှ ၁၂ နှစ် ထိ သားသား မီးမီး တို့.....ခန္ဓာ ကိုယ် ဖွ့ံဖြိုး မှု..ဉာဏ်ရည် ထက်မြတ်ဖို့
Multivitamin 21/24 မျိုး ပါဝင်ပါတယ်❤️

Immune-ပါဝင်တဲ့ (အစိမ်းရောင် )ကတော့ ကိုယ်ခံစွမ်းအား မြင့်တက်စေပြီ...
ကူဆက်ရောဂါနဲ့ဖျားနာ ဝင် လွယ် မှု ကိုကာကွယ်ပေး ပါတယ် ❤️








✅Jigsaw ရဲ့ Magnesium SRT ✅✨ အလွန်စုပ်ယူမှုအားကောင်းသော DiMagnesium Malate ကိုအသုံးပြုထားပါတယ်။ ခန္ဓာကိုယ်မှု စုပ်ယူမှုအ...
20/11/2025

✅Jigsaw ရဲ့ Magnesium SRT ✅
✨ အလွန်စုပ်ယူမှုအားကောင်းသော DiMagnesium Malate ကိုအသုံးပြုထားပါတယ်။ ခန္ဓာကိုယ်မှု စုပ်ယူမှုအားကိုမြှင့်တင်နိုင်ရန် Vitamin B6, B9 and B12 များပါဝင်ပါတယ်။ Magnesium ထုတ်လုပ်မှုကို ခန္ဓာကိုယ်တွင် အချိန်ကြာမြင့်စွာ ထိန်းသိမ်းထားရန်နှင့် အစာချေမှုကို အားကောင်းစေရန် Jigsaw ၏မူပိုင်နည်းပညာကို အသုံးပြုထားပါတယ်။
Jigsaw ရဲ့ Magnesium SRT ဟာဆိုရင်
👉ကြွက်သားများ၏လုပ်ဆောင်ချက်များကို ပိုမိုကျန်းမာအောင်ထောက်ပံ့ပေးပါတယ်။
👉စွမ်းအင်ထုတ်လုပ်မှုကိုလည်းမြှင့်တင်ပေးပါတယ်။
👉ကောင်းစွာအိပ်ပျော်စေရန်လည်း ကူညီပေးပပါတယ်။
👉အသက်ရှုလမ်းကြောင်းနှင့် နှလုံးသွေးကြောကျန်းမာရေးကိုလည်း ထောက်ပံ့ပေးပါတယ်။
👉အားကစားစွမ်းရည်ကိုမြှင့်တင်ပေးပါတယ်။
👉စိတ်ဖိစီးမှုများကိုလျှော့ချပေးပါတယ်။
👉သွေးပေါင်ချိန်ကိုပုံမှန်ဖြစ်စေပါတယ်။
👉ဆီးချိုမတတ်စေရန်လည်း ထိန်းပေးပါတယ်။
👉အစာခြေစနစ်ကိုကျန်းမာစေပါတယ်။
👉အရိုးအဆစ်၊ ကြွက်သား၊ သွေးကြောများ၌ Calcium ဓာတ်များစုပုံခြင်းကို လည်းကာကွယ်ပေးပါတယ်။
👉ဟော်မုန်းဓာတ်ကိုလည်းမျှတစေပါတယ်။ အထူးသဖြင့်အမျိုးသမီးများရာသီ စက်ဝန်းအချိန်၌ ဟော်မှုန်းဓာတ်ကို မျှတစေပါတယ်။
👉အရိုးများ ကျန်းမားစေရန်လည်း ထောက်ပံ့ပေးပါတယ်။
✔️ တစ်နေ့ ၄လုံးအစာစားပြီး အချိန်ခြား၍သောက်သုံးနိုင်ပါတယ် (သို့) ဆရာဝန်ညွှန်းကြားချက်အတိုင်း သောက်သုံးနိုင်ပါတယ်။
✔️ ကျောက်ကပ်ရောဂါကုသခံယူနေသူများ ဆရာဝန်နှင့်တိုင်ပင်ပြီးမှသောက်သုံးရန်။
✔️ ကျောက်ကပ်ရောဂါရှိသူများ Magnesium ဖြည့်စွက်စာသောက်သုံးလျှင် Magnesium အဆိပ်သင့်နိုင်ပါတယ်။



📣📣Big Promotion 📣📣30000ks ALPHA LIPOIC ACID 100mg (Healthy Origin) (120caps)ဆီးချိုရောဂါ  နှင့် ALPHA LIPOIC ACID  ဆီးချ...
19/11/2025

📣📣Big Promotion 📣📣

30000ks

ALPHA LIPOIC ACID 100mg (Healthy Origin)
(120caps)

ဆီးချိုရောဂါ နှင့် ALPHA LIPOIC ACID

ဆီးချိုရောဂါရှိသူအနေနဲ့ သွေးတွင်းအချိုဓာတ်တစ်ခုတည်းကို ထိန်းလို့မရဘူး။ ဆီးချိုရောဂါနောက်ဆက်တွဲဖြစ်တတ်တဲ့ သွေးတွင်း ကိုလက်စထရောမြင့်မားခြင်း၊ သွေးတိုးခြင်း နှင့် အာရုံကြောရောဂါတွေ မဖြစ်အောင်ပါ ကာကွယ်နိုင်ရမည်။ ဒီနေ့စာပုဒ်မှာတော့ ဒီလိုရောဂါတွေကို ကာကွယ်ပေးနိုင်တဲ့ 'alpha-lipoic acid' (or ALA ) အကြောင်းရေးပါမည်။

ဆဲလ်တွေအတွင်းမှာ ALA တည်ရှိပြီး စွမ်းအင်ပြုလုပ်ခြင်းမှာပါဝင်ပါတယ်။ စွမ်းအင်ပြုလုပ်ခြင်းအပြင် ALA မှာ အင်တီအောက်ဆီတန့်အစွမ်း နှင့် ရောင်ရမ်းခြင်းကို ပျောက်ကင်းနိုင်စွမ်းရှိပါတယ်။ ဒီလို အစွမ်းတွေက ဆီးချိုရောဂါနောက်ဆက်တွဲတွေကို ကာကွယ်ကုသရာမှာ လွန်စွာအသုံးဝင်ပါတယ်။

သုသေတနတွေရဲ့ အဆိုအရ ALA က အင်ဆူလင်ဟိုမုန်းရဲ့ လုပ်ငန်းကို မြှင့်တင်ပေးတယ်။ သွေးတွင်း ကိုလက်စထရော နှင့် သကြားပမာဏကို လျော့ကျစေတယ်။ သွေးကြောစီးဆင်းမှုကို ကောင်းမွန်စေတယ်။ ရောင်ရမ်းခြင်းကို လျော့ချပေးတယ်။

ဆီးချိုရောဂါနောက်ဆက်တွဲ အာရုံကြောရောဂါဖြစ်လာတဲ့အခါ လက်တွေ၊ ခြေထောက်တွေမှာ နာကျင်လာမည်၊ ထုံကျင်လာမည်။ အာရုံခံနိုင်ခြင်းလျော့နည်းလာပြီး သတိမထားမိတဲ့ ထိခိုက်ဒဏ်ရာတွေရမည်။ ဒီလိုဆီးချိုရောဂါနောက်ဆက်တွဲ အာရုံကြောရောဂါကို diabetic peripheral neuropathy လို့ခေါ်ပြီး ALA က ဒီရောဂါကို ကုသနိုင်စွမ်းရှိတယ်။

ဒေါက်တာ Dan Ziegler အဖွဲ့ရဲ့ သုသေတနတွေ့ရှိချက်အရ ALA အကြောဆေး ( 600 or 1200mg ) ကို သုံးပတ်ခန့်နေစဉ်ထိုးတဲ့အခါ ဆီးချိုရောဂါနောက်ဆက်တွဲ အာရုံကြောရောဂါကို သိသိသာသာ သက်သာစေတယ်ဆိုတယ်။ ဒါပေမယ့် နေ့စဉ် ALA အကြောဆေးထိုးခြင်းက ဈေးကြီးပြီး တတ်ကျွမ်းသူအကူအညီလိုတာကြောင့် တွင်တွင်ကျယ်ကျယ် သုံးနိုင်ဖို့ ခက်တယ်။

ALA သောက်ဆေး ( 600, 1200, or 1800mg ) ကို ၅ ပတ်လောက် သောက်ကြည့်တဲ့အခါ ဆေးပမာဏအလိုက် တိုးတက်မှု ရှိတယ်ဆိုပါတယ်။ ALA သောက်ဆေး 600 mg က အန္တရာယ်အကင်းဆုံးဖြစ်ပြီး 1200 mg နှင့် 1800 mg သောက်တဲ့အခါ မအီမသာဖြစ်ခြင်း၊ ပျို့အန်ခြင်း၊ မူးဝေခြင်း နှင့် ယားယံခြင်းတွေလို ဆိုးကျိုးတွေဖြစ်နိုင်ပါတယ်။

ဆီးချိုရောဂါနောက်ဆက်တွဲ အာရုံကြောရောဂါကိုကာကွယ်ကုသနိုင်ရုံသာမက ALA က အင်ဆူလင်ဟိုမုန်းလုပ်ငန်းကို မြှင့်တင်ပေးနိုင်တယ်။ သွေးတွင်း အဆီ နှင့် အချိုကို ကျဆင်းစေနိုင်တယ်။ ဝိတ်ကျနိုငိစွမ်းလည်းရှိပါတယ်။ ဒါကြောင့် ALA က ဈေးပေါပြီး ဆီးချိုရောဂါရှိသူတွေအနေနဲ့ သောက်သင့်တယ်လို့ recommend လုပ်ပါတယ်။









 ဖြည့်စာ တမျိုးချင်းအကြောင်း စာအုပ်မှVitamin C (Magnesium Ascorbate, Ester C, Buffered C) Ascorbic acid က အက်ဆစ်ပုံစံ Vi...
19/11/2025



ဖြည့်စာ တမျိုးချင်းအကြောင်း စာအုပ်မှ

Vitamin C (Magnesium Ascorbate, Ester C, Buffered C)

Ascorbic acid က အက်ဆစ်ပုံစံ Vitamin C ဖြစ်ပြီး Magnesium Ascorbate နဲ့ Calcium Ascorbate (Ester C) က အယ်ကာလိုင်းပုံစံ Vitamin C ဖြစ်ပါတယ်၊ Functional Medicine တွေက အယ်ကာလိုင်း ပုံစံကိုပဲ သောက်ကြပါတယ်

Buffered Vitamin C powder ကတော့ အစာအိမ်ကို မထိတဲ့ Vitamin C အမှုန့် ဖြစ်ပါတယ်၊ အခဲက ဆေးလုံးကြီးလို့ မသောက်ချင်သူတွေ၊ ပမာဏ များများ သောက်ချင်သူတွေ သောက်ကြပါတယ်၊ လ္ဘက်စားဇွန်း တဇွန်းမှာ 4000mg ပါပါတယ်၊

အစားအစာ အရင်းအမြစ်များ
မာလကာသီး၊ အနက်ရောင် ဘယ်ရီသီး၊ ငရုတ်သီးပွ အနီ၊ ကီဝီသီး၊ ငရုတ်သီးပွ အစိမ်း၊ လိမ္မော်သီး၊ စတော်ဘယ်ရီ၊ သင်္ဘောသီး၊ ပန်းဂေါ်ဖီစိမ်း၊ ကိုက်လန်၊ တရုတ်နံနံ၊ နာနတ်သီး၊ ကွမ်းသီး ဂေါ်ဖီထုပ်၊ ဂရိပ်ဖရု၊ ပဲစေ့၊ ပန်းဂေါ်ဖီ၊ သရက်သီး

အကျိုးကျေးဇူးများ
အရေပြား ကျန်းမာ စိုပြေခြင်း။ ဓာတ်သတ္တုများ ပိုမို စုပ်ယူနိုင်ခြင်း။ အဆစ်အမြစ်ရောင်ရောဂါ (Gout) သက်သာစေခြင်း။ အအေးမိခြင်းနှင့် တုပ်ကွေးဖြစ်ခြင်းကို ကာကွယ်ခြင်း။ စိတ်ဖိစီးမှု သက်သာခြင်း၊ ကိုယ်ခံအား ကောင်းလာခြင်း၊ ကင်ဆာရောဂါ ကုသခြင်းအား ကူညီပေးခြင်း။ လေသင်တုန်းဖြတ်ခြင်း (Stroke) အန္တရာယ်ကို လျှော့ချပေးခြင်း။ ခန္ဓာကိုယ်မှ အာစင်းနစ် အဆိပ်များ ထွက်သွားစေရန် ကူညီပေးခြင်း။

Vitamin C ချို့တဲ့ခြင်း၏ ရောဂါလက္ခဏာများ
ပွန်းပဲ့ ဒဏ်ရာ ရလွယ်ခြင်း။ သွားဖုံးများ ရောင်ခြင်း။ သွားဖုံးများ သွေးယိုခြင်း။ အနာ ဒဏ်ရာ ပျောက်ကင်းမှု နှေးကွေးခြင်း။ သွားဖုံးများ ရောင်ရမ်းခြင်း။ ဆံပင်ခြောက်သွေ့ပြီး နှစ်ခွဖြစ် (ကွဲ) ခြင်း။ အရေပြားပေါ်တွင် အနီကွက်ခြောက်များ ဖြစ်ခြင်း။ အရေပြား ကြမ်းတမ်း ခြောက်သွေ့ပြီး အကြေးခွံကဲ့သို့ ဖြစ်ခြင်း။ နှာခေါင်း သွေးယိုခြင်း။ ကိုယ်ခံအားစနစ် အားနည်းခြင်း။ အူယိုစိမ့်ခြင်း (Leaky gut) နှင့် အော်တိုအင်မြူး ရောဂါကဲ့သို့ အစာခြေချက်မှုဆိုင်ရာ မူမမှန်ဖြစ်ခြင်း၊ ခန္ဓာကိုယ် ဓာတုဖြစ်စဉ် နှေးကွေးမှုကြောင့် ကိုယ်အလေးချိန် တက်နိုင်ခြင်း။ အဆစ် အမြစ်များ ရောင်ရမ်းခြင်း နှင့် နာကျင်ခြင်း။ သွေးဖိအား မြှင့်တက်ခြင်း။ သည်းခြေအိတ် ရောဂါ။ လေသင်တုန်းဖြတ်ခြင်း (Stroke)၊ အချို့သော ကင်ဆာများ၊ သွေးလွှတ်ကြောများ၏ အတွင်းနံရံများတွင် အဆီ စုပုံလာခြင်း (Atherosclerosis)။

Vitamin C ချို့တဲ့နိုင်သူများ
အရက်သောက်သူ၊ ဆေးလိပ်သောက်သူ၊ စိတ်ဖိစီးမှု များသူ၊ လတ်ဆတ်သည့် အသီးအရွက်များ မစားသူများ၊

ရောဂါ ကာကွယ်လိုသူများက 500mg တနေ့ ၂ ကြိမ် အစာစားပြီး သောက်ကြပါတယ်

ရောဂါ ကုသလိုသူများက 1000mg တနေ့ ၂ ကြိမ် မှ ၄ ကြိမ်အထိ အစာစားပြီး သောက်ကြပါတယ်

လွန်ကဲစွာ သုံးစွဲပါက ကျောက်ကပ် ကျောက်တည်နိုင်သည်ဟု အချို့ဆရာဝန်များက ဆိုပါသည်။




🌿Carlson Chelated Zinc(30mg)Zinc ဟာ သတ္တုဓာတ်တစ်မျိုးဖြစ်တယ်။သူ့ကို Chelated လုပ်ထားရင် အူကနေစုတ်ယူအားပိုရှိသွားပါတယ်။ Z...
19/11/2025

🌿Carlson Chelated Zinc(30mg)

Zinc ဟာ သတ္တုဓာတ်တစ်မျိုးဖြစ်တယ်။
သူ့ကို Chelated လုပ်ထားရင် အူကနေစုတ်ယူအား
ပိုရှိသွားပါတယ်။ Zinc ကိုသောက်တဲ့အခါ အူသိမ်ကနေစုတ်ယူနိုင်စွမ်းရှိတဲ့ zinc ကို ရွေးချယ်တာ အကောင်းဆုံးဖြစ်ပါတယ်။

Zinc ကြွယ်ဝစွာပါတဲ့ အစာတွေက သိုးသား၊ အမဲသား၊ သီဟိုဠ်စေ့၊ ဖရုံစေ့၊ ဒ်ိန်ချဉ်၊ ကီဖာ၊ ကြက်သား၊ ကြက်ဆင်သား၊ ဥအမျိုးမျိုး၊ မှိုအမျိုးမျိုး၊ ဆာမွန်ငါး တို့ ဖြစ်ပါတယ်။ Grain,legumes တွေမှာလည်း zinc ပါပါတယ်။ဒါပေမယ့် အသင့်ရောင်းတဲ့ အစာတွေမှာ phylate ပါခဲ့ရင် zinc စုပ်ယူနိုင်မှု ပြသနာရှိနိုင်တယ်။ ဒါကြောင့် grain တွေ၊ legumes တွေစားလည်း စုပ်ယူမှု ပြသနာရှိနေတော့ အသားကသာ zinc အများဆုံးရနိုင်တာပါ။

Zincကို ခန္ဓာကိုယ်က မသိုလှောင်ထားနိုင်ပါဘူး။ ဒါကြောင့် zinc ပါတဲ့ အစာကို မစားဘူးဆိုလျှင် zinc ချို့တဲ့ သွားနိုင်ပါတယ်။

🌱Zinc ဓာတ်ချို့တဲ့လျှင်-
* စားချင်တဲ့ အစာပြောင်းသွားတယ်၊ချိုလွန်းတာတွေ၊ငန်လွန်းတာတွေ အာသီသပိုရှိလာမည်။
* အရသာခံတာ၊အနံခံတာပြောင်းသွားတယ်၊
* ကိုယ်အလေးချိန်ပြောင်းသွားတတ်တယ်။
* ဆံပင်ကျွတ်မည်။
* အစာခြေတာ ပြသနာရှိမည်၊ဝမ်းခဏခဏသွားမည်။
* နာတာရှည် မောပန်းနေမည်။
* သားသမီးမရနိုင်ဘူး။
* အမျိုးသမီးရာသီနဲ့ဆိုင်တဲ့ရောဂါပိုဖြစ်မည်။
* ခုခံအားနည်းတတ်တယ်။
* အနာကျက်နှေးမည်။
* အာရုံစိုက်မရဘူး။ သတိမေ့မည်။ အာရုံကြောမကောင်းဖြစ်တတ်တယ်။

🌱Zinc ၏ ကောင်းကျိုး များ-

*မျိုးဗီဇ အတွက် လိုအပ်ပါတယ်။
* ကိုယ်ခံအား Immune system ကိုကောင်းစေပါတယ်။
*ခန္ဓာကိုယ် ဇီဝဖြစ်စဥ်အတွက် လိုပါတယ်။
*အနာကျက် မြန်စေပါတယ်။
*ရောင်ရမ်းခြင်း ကို လျော့ကျစေပါတယ်။
*ခန္ဓာကိုယ် ကြီးထွားဖွံဖြိုးဖို့အထောက်ကူဖြစ်စေပါတယ်။
*အရေပြား ကျန်းမာရေး ကောင်းစေသလို
ဝက်ခြံသက်သာစေပါတယ်။
*ရောဂါပိုးတွေ တားဆီးနိုင်ပါတယ်။
*အနံ့ အရသာ အာရုံခံမှု အတွက် မရှိမဖြစ်ပါ။
*အဆုတ်ရောင် ရောဂါကို ကာကွယ်ပါတယ်။
*စိတ်ကျန်းမာရေး ကောင်းစေတယ်။
*တုတ်ကွေးကာကွယ်ဆေးကို zinc နဲ့ တွဲပေးရင်
ပို အကျိုးရှိစေပါတယ်။



Nature's Bounty Probiotic 20 Billion Probiotics *** 📌 Probiotic ဆိုတာ ဆေးမဟုတ်ပါဘူး ။ အူထဲမှာ မကောင်းတဲ့ပိုးတွေများနေလို...
18/11/2025

Nature's Bounty Probiotic 20 Billion

Probiotics ***

📌 Probiotic ဆိုတာ ဆေးမဟုတ်ပါဘူး ။ အူထဲမှာ မကောင်းတဲ့ပိုးတွေများနေလို့ အစာမကြေ ရင်ပြည့်ရင်ကယ်၊ဝမ်းချုပ်စတဲ့ ရောဂါတွေအပြင် ကိုယ်ခံစွမ်းအားတွေလဲ ကျဆင်းလာပါတယ် ။

အားအင်ချိနဲ့ပြီး ရောဂါမျိုးစုံဖြစ်လာတတ်ပါတယ်။ ကင်ဆာဖြစ်တဲ့အထိလဲ ဖြစ်သွားတတ်ပါတယ် ။

Probioticက မကျန်းမာတဲ့ပိုးတွေကို ကောင်းတဲ့အကျိုးပြုပိုးတွေနဲ့အစားထိုးပြီး အူကျန်းမာရေးလမ်းကြောင်းကို ပြုပြင်စေ‌လိုက်တဲ့ သဘောပါ။
ခန္ဓာကိုယ်ထဲမှာ အူဟာ အလွန်အရေးကြီးပါတယ် ။ ခုခံစွမ်းအား ၈၀ရာခိုင်နှုန်းဟာ အူကလာတာပါလို့ ဆရာမကြီးက ပြောပါတယ်။

အူကျန်းမာရေးကောင်းရင် လူကျန်းမာပါတယ်။ Probiotics ကို မှန်မှန်သောက်ထားရင် ရင်ထဲမှာ နေလို့မကောင်းတာတွေသက်သာလာပြီး ကိုယ်ခံစွမ်းအားတွေမြင့်တက်လာပါတယ် ။အစာအိမ်နဲ့အူလမ်းကြောင်းမကောင်းတဲ့သူတွေ ဝမ်းမမှန်တဲ့သူတွေ အလွန်သောက်သင့်ပါတယ် ။

Nature's Bounty က Probiotic 10 20billion ဆိုတာကတော့ ပိုးအမျိုးစား ၁၀မျိုးကို ပွားထားတဲ့အတွက်ကြောင့် ဈေးများပါတယ် *

Probiotic သောက်ရင် အစာစားပြီး တစ်နာရီ နှစ်နာရီကြာမှသောက်ရင်ပိုကောင်းပါတယ်။ ရောဂါဖြစ်နေရင် တနေ့ကို အနည်းဆုံး မနက် တစ် ည တစ် သောက်ပါ ။ အစာ‌‌ကြေ ဝမ်းမှန်ပြီး အူကျန်းမာရေးကာကွယ်လိုသူတွေအတွက်ကတော့ တနေ့တလုံး မှန်မှန်သောက်ရင် ရပါတယ် ။ ဆေးတောင့်ထဲမှာ အကျိုးပြုပိုးကောင်ရေများများပါတဲ့အတွက် ဖောက်ပြီးရင် ပိုးတွေမသေသွားအောင် ရေခဲသေတ္တာထဲမှာ ထားရပါမယ် ။


🔹Life Extension  EPA / DHA (120 softgels)🔹Omega - 3 က DHA (Docosahexaenoic acid) နဲ့ EPA( Eicosapentaenoic Acid) ပါဝင်ပြ...
18/11/2025

🔹Life Extension EPA / DHA (120 softgels)🔹

Omega - 3 က DHA (Docosahexaenoic acid) နဲ့ EPA( Eicosapentaenoic Acid) ပါဝင်ပြီး နှလုံးရောဂါ၊ ကင်ဆာ၊ စိတ်ကျရောဂါတွေအပြင် ရောင်ရမ်းနာကျင်တာတွေအတွက်ပါ ကာကွယ်ပေးပါတယ်

DHA နဲ့ EPA တို့ဟာ Hormone ဓါတ်တစ်မျိုးဖြစ်ပြီး ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးများရဲ့ဥာဏ်ရည်ဖွံ့ဖြိုးမှုကို အဓိကအကျိုးပြုစေပါတယ်။

အသက်အရွယ်ကြီးလာတာနဲ့အမျှ EPA နဲ့ DHA ကျဆင်းလာပြီး ခန္ဓာကိုယ်တွင်းရှိအာရုံကြောများ အာရုံစူးစိုက်မှုနည်းလာပြီးခနခန မေ့လျော့ခြင်းတို့ဖြစ်ပေါ်လာတာကို ကာကွယ်ပေးပါတယ်။

မှာယူလိုပါက page messenger or ☎️ ဆို၍09956656891သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။




Address

Yangon

Telephone

+959956656891

Website

Alerts

Be the first to know and let us send you an email when USA Myanmar easy online posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to USA Myanmar easy online:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram