PS Medical Hub and Travels

PS Medical Hub and Travels Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from PS Medical Hub and Travels, Room No/98 (B), Kabaraye Pagoda Road, Bahan Township, Yangon.

Pentagon Medical Hub and Travels was founded in Aug 2017 with a vision to provide best services to customers in all travel related fields and one stop medical services.

အရေးပေါ် ကုသရန်လိုအပ်သော လူနာအတွက် PS Medical Hub  မှ လေယာဉ်စင်းလုံးငှါးဝန်ဆောင်မှ ဝန်ဆောင်မှုဖြင့် ထိုင်းနိုင်ငံ၊ ဘန်ကေ...
09/04/2026

အရေးပေါ် ကုသရန်လိုအပ်သော လူနာအတွက် PS Medical Hub မှ လေယာဉ်စင်းလုံးငှါးဝန်ဆောင်မှ ဝန်ဆောင်မှုဖြင့် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ International ဆေးရုံကြီးသို့ အောင်မြင်စွာအရောက်ပို့ဆောင်ပေးနိုင်ခဲ့ခြင်း 🏥

ထိုင်းနိုင်ငံရဲ့ ဘန်ကောက်မြို့ရှိ ဆေးရုံကြီးသို့ လေယာဉ်စင်းလုံးငှားဝန်ဆောင်မှုဖြင့် အရေးပေါ်လူနာကို အောင်အောင်မြင်မြင်ပို့ဆောင်ပေးခဲ့ပါတယ်။

👨🏻‍⚕️ ဆေးရုံရောက်ရှိပြီးနောက်ပိုင်းမှာလည်း လူနာရဲ့ရောဂါအခြေအနေကို အရေးပေါ်အချိန်မီ စမ်းသပ် ကုသနိုင်ဖို့အတွက် လေယာဉ်မဆင်းသက်ခင်တည်းက PS Medical Hub မှ ချိတ်ဆက်ဆောင်ရွက်ထားရှိပြီးဖြစ်ပါတယ်။

✈️ လေယာဉ်စင်းလုံးငှားဝန်ဆောင်မှုမှာ ပါဝင်တဲ့ One-Stop Healthcare Services တွေကတော့

✅ လေယာဥ်ပေါ်တွင် Medical Care အပြည့်အစုံပါဝင်ခြင်း

✅ လူနာရဲ့အခြေအနေကို မျက်ခြေမပြတ်စောင့်ကြည့်နိုင်ဖို့ ဆရာဝန်နှင့်သူနာပြုများပါရှိခြင်း

✅ လုံခြုံစိတ်ချစွာဖြင့် ဆေးကုသမှုအမြန်ခံယူနိုင်အောင် ဆောင်ရွက်ပေးခြင်း

✅ လူနာ သက်သောင့်သက်သာရှိစေရန် အထူးအလေးပေး ဂရုစိုက်ခြင်း

✅ လေယာဉ်ဆင်းသက်သည်နှင့် အချိန်မီမြန်ဆန်စွာ စစ်ဆေးကုသနိုင်စေရန် စီစဉ်ဆောင်ရွက် ထားရှိခြင်း စတာတွေပါဝင်ပါတယ်။

☎️ အသေးစိတ်စုံစမ်းလိုပါက -
ဆက်သွယ်ရန်

ရန်ကုန်ရုံး - 09420420418, 09420420419
အမှတ် (98/B)၊ ကမ္ဘာအေးဘုရားလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။

မန္တလေးရုံး - 09402008686, 09402008787
အမှတ် (၁၁၈)၊ (၇၅)လမ်း ၃၁ လမ်းနဲ့ ၃၂လမ်းကြား၊ ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့။

ဘန်ကောက်ရုံး-
+66 658785643, +66970762050
အမှတ် (၄၉၁/၄)၊ ရချာပါရုပ်၊ မာ့ကဆန်၊ ရချဒေဝီ၊ ဘန်ကောက်မြို့
(Unipharma ဆေးဆိုင် အပေါ်ထပ်)


အလုပ်ဖိအားတွေ၊ နေ့စဉ်ဘဝရဲ့ စိတ်ရှုပ်စရာတွေကြောင့် ခေါင်းထဲမှာ အမြဲတမ်း စိတ်ဖိစီးနေရပြီလား ❓ဒါဆိုရင်တော့ ခန္ဓာကိုယ်ထဲမှာ ...
08/04/2026

အလုပ်ဖိအားတွေ၊ နေ့စဉ်ဘဝရဲ့ စိတ်ရှုပ်စရာတွေကြောင့် ခေါင်းထဲမှာ အမြဲတမ်း စိတ်ဖိစီးနေရပြီလား ❓

ဒါဆိုရင်တော့ ခန္ဓာကိုယ်ထဲမှာ "Cortisol" ဆိုတဲ့ Stress Hormone က အလုပ် အရမ်းလုပ်နေပါပြီ။

Cortisol ဆိုတာ ခန္ဓာကိုယ်ကနေ သဘာဝအတိုင်း ထုတ်ပေးတဲ့ "စိတ်ဖိစီးမှု ဟော်မုန်း" ပါ။ လိုအပ်တဲ့အချိန်မှာ ခန္ဓာကိုယ်ကို တက်ကြွအောင် ကူညီပေးနိုင်ပေမယ့်... အမြဲတမ်း စိတ်ဖိစီးနေလို့ Cortisol Level အဆက်မပြတ် မြင့်တက်နေမယ်ဆိုရင်တော့ ကျန်းမာရေးထိခိုက်နိုင်ပါတယ်။

Cortisol မြင့်တက်နေရင် ဘာတွေဖြစ်လာနိုင်လဲဆိုရင် -

🔻 ညဘက် အိပ်မပျော်တာ၊ အိပ်ရာကနိုးလည်း အိပ်ရေးမဝသလို ခံစားရတာ
🔻 အစားအသောက် ဆင်ခြင်ပေမယ့်လည်း အကြောင်းရင်းမရှိဘဲ ဝိတ်တက်လာတာ (အထူးသဖြင့် ဗိုက်ခေါက်ထူလာတာ)
🔻 ကိုယ်ခံအားကျဆင်းပြီး ခဏခဏ ဖျားနာတာ
🔻 သွေးတိုးတာ၊ ဆီးချိုနဲ့ နှလုံးရောဂါဖြစ်နိုင်ခြေ ပိုများလာနိုင်ပါတယ်။

Cortisol Level ကို လျှော့ချပြီး စိတ်ဖိစီးမှုကင်းဝေးအောင် ဘယ်လိုလျှော့ချရမလဲဆို -

😴 အိပ်စက်ခြင်းကို ဦးစားပေးပါ
Cortisol ဟာ အိပ်စက်ခြင်းနဲ့ တိုက်ရိုက်သက်ဆိုင်ပါတယ်။ ညဘက်မှာ ပုံမှန်အချိန်အတိုင်း (၇-၈) နာရီပြည့်အောင် အိပ်စက်ခြင်းက Cortisol ပမာဏကို သိသိသာသာ လျော့ကျစေပါတယ်။

🧘‍♀️ အသက်ရှူလေ့ကျင့်ခန်း လုပ်ပါ
စိတ်လှုပ်ရှားနေတဲ့အခါမျိုးမှာ (၅) စက္ကန့်လောက် အသက်ကို ဝဝရှူသွင်းပြီး (၅) စက္ကန့်လောက် ပြန်ထုတ်ပေးတဲ့ အသက်ရှူလေ့ကျင့်ခန်းက ဦးနှောက်ကို အနားရစေပြီး စိတ်ဖိစီးမှုဟော်မုန်း ထွက်ရှိမှုကို ရပ်တန့်ပေးပါတယ်။

🥑 အာဟာရပြည့်ဝအောင် စားပါ
သကြားဓာတ်လွန်ကဲတဲ့ အစားအစာတွေနဲ့ Caffeine ဓာတ်တွေကို လျှော့ချပါ။ Omega-3 ပါဝင်တဲ့ ငါး၊ အစေ့အဆန်နဲ့ Magnesium ကြွယ်ဝတဲ့ ဟင်းသီးဟင်းရွက်တွေကို ပိုစားပေးတာက စိတ်ကို တည်ငြိမ်စေပါတယ်။

🚶‍♂️ ပေါ့ပေါ့ပါးပါး လှုပ်ရှားမှုလုပ်ပါ
အရမ်းပင်ပန်းစေတဲ့ လေ့ကျင့်ခန်းတွေထက် လမ်းလျှောက်တာ၊ ယောဂလုပ်တာမျိုးက Cortisol ထွက်တာကို လျှော့ချပေးပြီး ခန္ဓာကိုယ်ကို Relax ဖြစ်စေပါတယ်။

🎨 ဝါသနာပါရာတစ်ခုခုကို အချိန်ပေးပါ
မိသားစု၊ သူငယ်ချင်းတွေနဲ့ စကားပြောတာ၊ သီချင်းနားထောင်တာ ဒါမှမဟုတ် အိမ်မွေးတိရစ္ဆာန်လေးတွေနဲ့ အချိန်ကုန်ဆုံးတာက စိတ်ပျော်ရွှင်စေတဲ့ Endorphin ဟော်မုန်းကို ထွက်စေပြီး Cortisol ကို တိုက်ထုတ်ပေးပါတယ်။
Cortisol ဟော်မုန်း အရမ်းများလာပြီဆိုရင်တော့ ကောင်းကောင်းအနားယူပြီး သေချာစစ်ဆေးကုသမှုခံယူဖို့တိုက်တွန်းလိုက်ပါတယ်။

☎️ အသေးစိတ်စုံစမ်းလိုပါက -
ဆက်သွယ်ရန်

ရန်ကုန်ရုံး - 09420420418, 09420420419
အမှတ် (98/B)၊ ကမ္ဘာအေးဘုရားလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။

မန္တလေးရုံး - 09402008686, 09402008787
အမှတ် (၁၁၈)၊ (၇၅)လမ်း ၃၁ လမ်းနဲ့ ၃၂လမ်းကြား၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။

ဘန်ကောက်ရုံး- +66 658785643, +66970762050
အမှတ် (၄၉၁/၄)၊ ရချာပါရုပ်၊ မာ့ကဆန်၊ ရချဒေဝီ၊ ဘန်ကောက်မြို့
(Unipharma ဆေးဆိုင် အပေါ်ထပ်)


ပူပြင်းတဲ့နွေရာသီမှာ ရေခဲရေသောက်တာအန္တရာယ်ရှိလား ❓🧊နေပူပူကနေပြန်လာပြီး ရေခဲရေအေးအေးလေး တစ်ခွက်ကို မော့သောက်လိုက်ရတာလောက်...
07/04/2026

ပူပြင်းတဲ့နွေရာသီမှာ ရေခဲရေသောက်တာအန္တရာယ်ရှိလား ❓🧊

နေပူပူကနေပြန်လာပြီး ရေခဲရေအေးအေးလေး တစ်ခွက်ကို မော့သောက်လိုက်ရတာလောက် ကောင်းတဲ့အရသာ မရှိတော့ပါဘူးနော်။ ဒါပေမဲ့... ဒီလိုသောက်တာက ခန္ဓာကိုယ်အတွက် တကယ်ပဲ ဘေးကင်းရဲ့လားဆိုတာကို PS Medical Hub and Travel မှ မျှဝေပေးသွားပါမယ်။

ခန္ဓာကိုယ်အပူချိန် အရမ်းတက်နေချိန်မှာ ရေခဲရေ ကို ရုတ်တရက် သောက်ချလိုက်တဲ့အခါ -

🔹 အေးစက်တဲ့ရေက သွေးကြောတွေကို ကျုံ့သွားစေပြီး အစာအိမ်ဆီ သွေးစီးဆင်းမှုကို လျော့ကျစေတာကြောင့် အစာကြေဖို့ ပိုမိုခက်ခဲသွားတတ်ပါတယ်။

🔹 ခန္ဓာကိုယ်ရဲ့ အရေးပါတဲ့ အာရုံကြောတွေကို ရုတ်တရက် အေးခဲသွားစေပြီး နှလုံးခုန်နှုန်းကို ခေတ္တ နှေးကွေးသွားစေနိုင်ပါတယ်။

🔹 အသက်ရှူလမ်းကြောင်းဆိုင်ရာ သွေးကြောလေးတွေကို ကျုံ့သွားစေလို့ အချွဲတွေ ပိုထွက်လာပြီး လည်ချောင်းနာတာ၊ အအေးမိတာတွေ ဖြစ်လွယ်ပါတယ်။

🔹 နေပူထဲကပြန်လာပြီး ရေခဲရေကို အမြန်သောက်လိုက်တဲ့အခါ ဦးနှောက်ဆီသွားတဲ့ သွေးကြောတွေ ရုတ်တရက်ပြောင်းလဲသွားပြီး ခေါင်းထိုးကိုက်တာမျိုး ဖြစ်တတ်ပါတယ်။

နေပူထဲက ပြန်လာလာချင်း အေးစက်နေတဲ့ ရေခဲရေအစား ရိုးရိုးရေလေး ကို သောက်ပေးတာက ခန္ဓာကိုယ်အပူချိန်ကို အမြန်ဆုံးမျှတစေပြီး ရေဓာတ်ကို ပိုမိုပြည့်ဝစေပါတယ်။

နွေရာသီမှာ ကျန်းမာရေးနဲ့ ညီညွတ်စွာနေထိုင်ကြဖို့ PS Medical Hub and Travel မှ ဆုတောင်းပေးလိုက်ပါတယ်။ 😇

☎️ အသေးစိတ်စုံစမ်းလိုပါက -
ဆက်သွယ်ရန်

ရန်ကုန်ရုံး - 09420420418, 09420420419
အမှတ် (98/B)၊ ကမ္ဘာအေးဘုရားလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။

မန္တလေးရုံး - 09402008686, 09402008787
အမှတ် (၁၁၈)၊ (၇၅)လမ်း ၃၁ လမ်းနဲ့ ၃၂လမ်းကြား၊ ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့။

ဘန်ကောက်ရုံး-
+66 658785643, +66970762050
အမှတ် (၄၉၁/၄)၊ ရချာပါရုပ်၊ မာ့ကဆန်၊ ရချဒေဝီ၊ ဘန်ကောက်မြို့
(Unipharma ဆေးဆိုင် အပေါ်ထပ်)


06/04/2026

Ladprao Hospital ရဲ့ Robotic Rehabilitation Center ဖွင့်ပွဲကို တက်ရောက်ခဲ့တဲ့ အတွေ့အကြုံများ

ဒီတစ်ခေါက်မှာတော့ PS Medical Hub & Travels ရဲ့ Dr. Maung Win ကိုယ်တိုင် တက်ရောက်ခဲ့တဲ့ ထိုင်းနိုင်ငံရှိ Ladprao Hospital ရဲ့ Robotic Rehabilitation Center ဖွင့်ပွဲအကြောင်းလေးကို မျှဝေပေးထားတာဖြစ်ပါတယ်။ 🤖

Video လေးထဲမှာတော့ Robotic Rehabilitation Center ကို ဘာကြောင့်ဖွင့်လဲ ❓
ပြန်လည်သန်စွမ်းရေးနယ်ပယ်မှာ ဘယ်လောက်ထိ အကျိုးပြုမလဲ ❓
အစရှိတဲ့အကြောင်းအရာတွေနဲ့ လေဖြတ်ဝေဒနာရှင်၊ ခါးရိုးဆစ်နဲ့ အာရုံကြောထိခိုက်မိသူများ၊ အရိုးအကြောဆစ်လူနာများအတွက် အလွန်အရေးပါကြောင်းကို စက်ရုပ်ပြန်လည်ထူထောင်ရေးစင်တာမှ ဆရာဝန်ကြီးကိုယ်တိုင် ဖြေဆိုပေးထားတာပဲဖြစ်ပါတယ်။

🌎 ဒါ့အပြင် ပေကျင်း၊ အီတလီ၊ ဩစေတြေးလျနဲ့ စင်ကာပူနိုင်ငံကြီးများနဲ့ ကမ္ဘာ့အနှံ့ကို ပို့ဆောင်ပေးလျက်ရှိတဲ့ ပြန်လည်ထူထောင်ရေးစက်ရုပ်တွေအကြောင်းကို အသေးစိတ်ဖြေကြားပေးထားတာကို တွေ့မြင်နိုင်မှာမို့ Video လေးကို အတူတူ လိုက်ပါကြည့်ရှုလိုက်ရအောင်နော်။

☎️ အသေးစိတ်စုံစမ်းလိုပါက -
ဆက်သွယ်ရန်

ရန်ကုန်ရုံး - 09420420418, 09420420419
အမှတ် (98/B)၊ ကမ္ဘာအေးဘုရားလမ်း၊ ဗဟန်းမြိုနယ်၊ ရန်ကုန်မြို။

မန္တလေးရုံး - 09402008686, 09402008787
အမှတ် (၁၁၈)၊ (၇၅)လမ်း ၃၁ လမ်းနဲ့ ၃၂လမ်းကြား၊ ချမ်းအေးသာဇံမြိုနယ်၊ မန္တလေးမြို။

ဘန်ကောက်ရုံး-
+66 658785643, +66970762050
အမှတ် (၄၉၁/၄)၊ ရချာပါရုပ်၊ မာ့ကဆန်၊ ရချဒေဝီ၊ ဘန်ကောက်မြို
(Unipharma ဆေးဆိုင် အပေါ်ထပ်)


Songkran အားလပ်ရက်မှာ ကျန်းမာရေးလည်းစစ်ရင်း အပြည့်အဝအနားယူကြမယ် 💦✨သင်္ကြန်ပိတ်ရက်မှာ ခရီးသွားရင်း ကိုယ့်ကျန်းမာရေးအတွက်ပ...
03/04/2026

Songkran အားလပ်ရက်မှာ ကျန်းမာရေးလည်းစစ်ရင်း အပြည့်အဝအနားယူကြမယ် 💦✨

သင်္ကြန်ပိတ်ရက်မှာ ခရီးသွားရင်း ကိုယ့်ကျန်းမာရေးအတွက်ပါ တစ်ခါတည်း စစ်ဆေးချင်သူတွေအတွက် Praram 9 Hospital ရဲ့ တန်မှတန်တဲ့ "Songkran Check UP Promotion" လေးရှိတယ်နော်။

ဒီပရိုမိုးရှင်းလေးက Health Check-Up Package (၁) ခု ဝယ်ယူတာနဲ့ အောက်က Special Privilege (၂) ခုထဲက ကိုယ်နှစ်သက်ရာ တစ်ခုကို FREE ရွေးချယ်ခွင့်ရမှာပါ... 🎁

👉 CASSIA Hotel မှာ (၁) ညတာ အခမဲ့ တည်းခိုပြီး Staycation ဇိမ်ယူမလား ....
👉 စိတ်ရောကိုယ်ပါ လန်းဆန်းသွားအောင် (၂) နာရီစာ Authentic Traditional Thai Massage အပြည့်အဝ ခံယူမလား .... ကြိုက်နှစ်သက်ရာကို ရွေးချယ်လိုက်တော့နော်။

အသေးစိတ်သိရှိလိုတယ်ဆိုရင်တော့ PS Medical Hub and Travels ကို အခုပဲဆက်သွယ်လိုက်တော့နော်။ 💬📞

🗓 ပရိုမိုးရှင်းကာလလေးက ဧပြီလ ၁ ရက်နေ့မှ ဇွန်လ ၃၀ ရက်နေ့အထိသာ

☎️ အသေးစိတ်စုံစမ်းလိုပါက -
ဆက်သွယ်ရန်

ရန်ကုန်ရုံး - 09420420418, 09420420419
အမှတ် (98/B)၊ ကမ္ဘာအေးဘုရားလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။

မန္တလေးရုံး - 09402008686, 09402008787
အမှတ် (၁၁၈)၊ (၇၅)လမ်း ၃၁ လမ်းနဲ့ ၃၂လမ်းကြား၊ ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့။

ဘန်ကောက်ရုံး-
+66 658785643, +66970762050
အမှတ် (၄၉၁/၄)၊ ရချာပါရုပ်၊ မာ့ကဆန်၊ ရချဒေဝီ၊ ဘန်ကောက်မြို့
(Unipharma ဆေးဆိုင် အပေါ်ထပ်)


နွေအပူရှိန်နဲ့အတူ သတိထားရမယ့် Heatstroke အန္တရာယ် ☀️🥵နွေရာသီရဲ့ အပူရှိန်က တစ်နေ့ထက်တစ်နေ့ ပိုပြင်းထန်လာတာနဲ့အမျှ သတိထားရ...
01/04/2026

နွေအပူရှိန်နဲ့အတူ သတိထားရမယ့် Heatstroke အန္တရာယ် ☀️🥵

နွေရာသီရဲ့ အပူရှိန်က တစ်နေ့ထက်တစ်နေ့ ပိုပြင်းထန်လာတာနဲ့အမျှ သတိထားရမယ့် အန္တရာယ်ကတော့ အပူလျှပ်ခြင်း (Heatstroke) ပါပဲ။ အပူလျှပ်ခြင်းဆိုတာ ခန္ဓာကိုယ်ရဲ့ အပူချိန်ကို ထိန်းညှိပေးတဲ့စနစ် ပျက်ယွင်းသွားပြီး ကိုယ်အပူချိန် 104∘F (40∘C) နဲ့အထက် မြင့်တက်လာတဲ့ အသက်အန္တရာယ်ရှိနိုင်တဲ့ အရေးပေါ်အခြေအနေတစ်ခု ဖြစ်ပါတယ်။

ဘယ်လိုလက္ခဏာတွေ ပြတတ်လဲဆိုရင် ကိုယ်အပူချိန် အလွန်အမင်း မြင့်တက်လာခြင်း၊
ချွေးထွက်မလာတော့ဘဲ အရေပြားများ နီရဲပြီး ခြောက်သွေ့လာခြင်း၊ ခေါင်းမူး၊ ခေါင်းကိုက်ပြီး အော့အန်ခြင်း၊ နှလုံးခုန်မြန်ခြင်းနှင့် အသက်ရှူနှုန်း မြန်လာခြင်း၊ သတိလွတ်ခြင်း၊ တက်ခြင်း (သို့မဟုတ်) သတိလစ်သွားခြင်း စတဲ့လက္ခဏာတွေခံစားရတတ်ပါတယ်။
▪️အသက်အရွယ်ကြီးရင့်သူများနှင့် ကလေးငယ်များ
▪️နေပူထဲတွင် အလုပ်လုပ်ရသူများ (သို့မဟုတ်) အားကစားလုပ်သူများ
▪️နာတာရှည်ရောဂါအခံရှိသူများအနေနဲ့ ပိုသတိထားရပါမယ်။

Heatstroke အန္တရာယ်ကနေ ဘယ်လိုကာကွယ်မလဲဆိုရင် -
✅ ရေငတ်သည်ဖြစ်စေ၊ မငတ်သည်ဖြစ်စေ ရေကို ခဏခဏ သောက်ပေးပါ။
✅ အပူဆုံးအချိန်ဖြစ်တဲ့ မွန်းတည့် (၁၂) နာရီကနေ ညနေ (၄) နာရီအတွင်း အပြင်ထွက်ခြင်းကို တတ်နိုင်သမျှ ရှောင်ကြဉ်ပါ။
✅ ချောင်ချိပြီး လေဝင်လေထွက်ကောင်းတဲ့ အသားပျော့ (ဥပမာ-ချည်သား) အဝတ်အထည်များကို ဝတ်ဆင်ပါ။
✅ ခရီးသွားနေစဉ်အတွင်း အရိပ်ရတဲ့နေရာမှာ ခဏနားပေးပါ။ ဦးထုပ်၊ ထီး နဲ့ နေကာမျက်မှန်တို့ကို အမြဲဆောင်ထားပါ။

နွေအပူရှိန်ပြင်းထန်တဲ့ ကာလမှာ မိမိနဲ့ မိသားစုဝင်တွေရဲ့ ကျန်းမာရေးကို အထူးဂရုစိုက်ကြဖို့ PS Medical Hub and Travels မှ တိုက်တွန်းလိုက်ရပါတယ်နော်။ 🙌

#

30/03/2026

PS with You Program လေးကနေ ထပ်မံကြိုဆိုလိုက်ပါတယ်နော်🤗

ဒီတစ်ခေါက်မှာတော့ PS Medical Hub & Travels မှ ဒေါက်တာမိုးကနေ သိုင်းရွိုက်ရောဂါအကြောင်းကို မျှ​ဝေပေးသွားမှာပဲဖြစ်ပါတယ်။

သိုင်းရွိုက်ရောဂါတွေရဲ့ ရောဂါလက္ခဏာတွေကို ဆွေးနွေးပေးသွားမှာဖြစ်လို့ Video လေးကို အဆုံးထိကြည့်ဖို့ တိုက်တွန်းလိုက်ရပါတယ်နော်။ 🤗

☎️ အသေးစိတ်စုံစမ်းလိုပါကဆက်သွယ်ရန်

ရန်ကုန်ရုံး - 09420420418, 09420420419
အမှတ် (98/B)၊ ကမ္ဘာအေးဘုရားလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။

မန္တလေးရုံး - 09402008686, 09402008787
အမှတ် (၁၁၈)၊ (၇၅)လမ်း ၃၁ လမ်းနဲ့ ၃၂လမ်းကြား၊ ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့။

ဘန်ကောက်ရုံး- +66 658785643, +66970762050
အမှတ် (၄၉၁/၄)၊ ရချာပါရုပ်၊ မာ့ကဆန်၊ ရချဒေဝီ၊ ဘန်ကောက်မြို့
(Unipharma ဆေးဆိုင် အပေါ်ထပ်)

"World TB Day"တီဘီ (TB) ရောဂါဟာ ယခင်ကတည်းက ရှိခဲ့တဲ့ရောဂါတစ်ခု ဖြစ်ပေမယ့် ဒီနေ့ခေတ်အထိ ကမ္ဘာတစ်ဝန်းမှာ သတိထားနေရဆဲ ကူးစက...
24/03/2026

"World TB Day"

တီဘီ (TB) ရောဂါဟာ ယခင်ကတည်းက ရှိခဲ့တဲ့ရောဂါတစ်ခု ဖြစ်ပေမယ့် ဒီနေ့ခေတ်အထိ ကမ္ဘာတစ်ဝန်းမှာ သတိထားနေရဆဲ ကူးစက်ရောဂါတစ်ခု ဖြစ်ပါတယ်။ တီဘီရောဂါဟာ ကုသလို့ရတဲ့ ရောဂါဖြစ်တဲ့အတွက် ရောဂါကို အချိန်မီ သိရှိဖို့နဲ့ ထိရောက်တဲ့ ကုသမှုတွေ ရရှိဖို့က အဓိကဖြစ်ပါတယ်။

တီဘီဟာ မျိုးရိုးလိုက်တဲ့ ရောဂါမဟုတ်ပါဘူး။ ရောဂါပိုးရှိသူ ချောင်းဆိုးခြင်း၊ နှာချေခြင်း ဒါမှမဟုတ် စကားပြောခြင်းကနေတစ်ဆင့် ထွက်လာတဲ့ အမှုန်အမွှားလေးတွေ လေထဲကနေတစ်ဆင့် ရှူရှိုက်မိရာကနေ ကူးစက်တာဖြစ်ပါတယ်။

ရောဂါရှိကြောင်း ဘယ်လိုလက္ခဏာတွေ ပြတတ်လဲဆိုရင် -

❗️(၃) ပတ်ထက်ပိုပြီး ချောင်းဆိုးခြင်း။

❗️သလိပ်ထဲတွင် သွေးစ၊ သွေးနများ ပါလာခြင်း။

❗️ညဘက်တွင် အကြောင်းမဲ့ ချွေးထွက်ခြင်းနှင့် ဖျားခြင်း။

❗️အစားအသောက်ပျက်ပြီး ကိုယ်အလေးချိန် သိသိသာသာ လျော့ကျလာခြင်း။

❗️ရင်ဘတ်အောင့်ခြင်းနှင့် အသက်ရှူရခက်ခဲခြင်း။

တီဘီရောဂါဟာ ဆေးစနစ်တကျသောက်ရင် ရာနှုန်းပြည့်ပျောက်ကင်းနိုင်တဲ့ ရောဂါဖြစ်လို့ ရောဂါ လက္ခဏာတွေ ခံစားနေရရင် မပေါ့ဆဘဲ ဆရာဝန်များနှင့် အမြန်ဆုံးတိုင်ပင်ဆွေးနွေးဖို့ အကြံပြုလိုက်ပါတယ်နော်။ 🙌

☎️ အသေးစိတ်စုံစမ်းလိုပါက -
ဆက်သွယ်ရန်
ရန်ကုန်ရုံး - 09420420418, 09420420419
အမှတ် (98/B)၊ ကမ္ဘာအေးဘုရားလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။

မန္တလေးရုံး - 09402008686, 09402008787
အမှတ် (၁၁၈)၊ (၇၅)လမ်း ၃၁ လမ်းနဲ့ ၃၂လမ်းကြား၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။

ဘန်ကောက်ရုံး- +66 658785643, +66970762050
အမှတ် (၄၉၁/၄)၊ ရချာပါရုပ်၊ မာ့ကဆန်၊ ရချဒေဝီ၊ ဘန်ကောက်မြို့
(Unipharma ဆေးဆိုင် အပေါ်ထပ်)


အထီးကျန်ဆန်မှုကနေ မြစ်ဖျားခံလာတဲ့ "စိတ်ဓာတ်ကျခြင်း"အထီးကျန်ခြင်းဆိုတာ စိတ်ကျန်းမာရေးအတွက် အကြီးမားဆုံး ရန်သူပါပဲ။ အထူးသဖ...
23/03/2026

အထီးကျန်ဆန်မှုကနေ မြစ်ဖျားခံလာတဲ့ "စိတ်ဓာတ်ကျခြင်း"

အထီးကျန်ခြင်းဆိုတာ စိတ်ကျန်းမာရေးအတွက် အကြီးမားဆုံး ရန်သူပါပဲ။ အထူးသဖြင့် တစ်ယောက်တည်း အချိန်အကြာကြီး ဖြတ်သန်းရတဲ့အခါ၊ ကိုယ့်စကားကို နားထောင်ပေးမယ့်သူ မရှိတဲ့အခါမျိုးမှာ Depression ဆိုတဲ့ စိတ်ဓာတ်ကျခြင်းက အလျင်ဝင်ရောက်လာတတ်ပါတယ်။

အဓိကဖြစ်ရတဲ့အကြောင်းအရင်းတွေကတော့ -

▪️အတွေးသံသရာထဲ ပိတ်မိခြင်း
တစ်ယောက်တည်းရှိနေချိန်မှာ အကောင်းမြင်စိတ်ထက် အဆိုးမြင်စိတ်တွေ၊ အတိတ်က အမှားတွေကိုပဲ ထပ်ခါတလဲလဲ တွေးနေမိတတ်ပါတယ်။

▪️ နားလည်ပေးမယ့်သူ မရှိခြင်း
စိတ်ထဲက ခံစားချက်တွေကို အပြင်ထုတ်မပြောပြနိုင်တဲ့အခါ စိတ်ဖိစီးမှုတွေက တဖြည်းဖြည်း စုပုံလာပြီး စိတ်ဓာတ်ကျခြင်းကို ဖြစ်စေပါတယ်။

▪️ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးမရှိဘူးလို့ ထင်လာခြင်း ဘေးပတ်ဝန်းကျင်နဲ့ အဆက်အသွယ် ပြတ်တောက်သွားတဲ့အခါ လောကကြီးမှာ ငါတစ်ယောက်တည်းပဲလို့ ခံစားရပြီး ရှင်သန်လိုစိတ်တွေ လျော့နည်းလာတတ်ပါတယ်။

ဒီအခြေအနေကို ဘယ်လိုကျော်ဖြတ်ရမလဲဆို -

▫️ရင်ဖွင့်ပါ
ယုံကြည်ရတဲ့သူတစ်ဦးဦး (ဒါမှမဟုတ်) တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးတာက စိတ်ထဲက ဝန်ထုတ်ဝန်ပိုးတွေကို အများကြီး လျော့ကျစေပါတယ်။

▫️ ပတ်ဝန်းကျင်အသစ်သို့ သွားပါ
အိမ်ထဲမှာပဲ အောင်းမနေဘဲ ခရီးတိုလေးတွေ ထွက်တာ၊ သဘာဝတရားနဲ့ ထိတွေ့တာက စိတ်ကို လန်းဆန်းစေပြီး အတွေးသံသရာကနေ ရုန်းထွက်နိုင်စေပါတယ်။

▫️ လှုပ်လှုပ်ရှားရှား နေပါ
ဝါသနာပါတဲ့ အလုပ်တစ်ခုခု လုပ်တာ ဒါမှမဟုတ် လေ့ကျင့်ခန်းလုပ်တာက စိတ်ပျော်ရွှင်စေတဲ့ Hormone တွေကို ထွက်ရှိစေပါတယ်။

Depression ဆိုတာ အားနည်းချက်တစ်ခု မဟုတ်သလို၊ တစ်ယောက်တည်း ရုန်းကန်နေရမယ့်အရာလည်း မဟုတ်လို့ ဒီအချက်လေးတွေအတိုင်း လိုက်နာရင်း ရင်ဆိုင်ကျော်ဖြတ်ဖို့ PS Medical Hub and Travels မှ တိုက်တွန်းလိုက်ပါတယ်နော်။ ❤️


ဖျားနာတဲ့အခါ ရောဂါဝေဒနာအပြင် "ဘယ်မှာကုရမလဲ" ဆိုတဲ့ စိုးရိမ်စိတ်က ပိုပြီးပင်ပန်းစေပါတယ်။ ❗️ဒါကြောင့် စိတ်အေးလက်အေး ကုသမှု...
20/03/2026

ဖျားနာတဲ့အခါ ရောဂါဝေဒနာအပြင် "ဘယ်မှာကုရမလဲ" ဆိုတဲ့ စိုးရိမ်စိတ်က ပိုပြီးပင်ပန်းစေပါတယ်။ ❗️

ဒါကြောင့် စိတ်အေးလက်အေး ကုသမှုခံယူနိုင်ဖို့ PS Medical Hub and Travels မှ ကူညီဆောင်ရွက်ပေးပါရစေ။ 🤗

ထိုင်းနိုင်ငံရဲ့ နာမည်ကြီးဆေးရုံကြီး (၂၃) ရုံနဲ့ ချိတ်ဆက်ထားပြီး -

✨ ဆရာဝန်ရက်ချိန်းကနေ လေယာဉ်လက်မှတ်အထိ...
✨ အရေးပေါ်ဝန်ဆောင်မှုကနေ ဘာသာပြန်အထိ...
✨ ဆေးရုံဆင်းပြီးနောက် ဂရုစိုက်မှုကနေ လိုအပ်တဲ့ဆေးဝါးတွေအထိ...

တစ်နေရာတည်းမှာ အပြီးအစီး ဝန်ဆောင်မှုရယူနိုင်လို့ အမြန်ဆုံးပြန်လည်ကျန်းမာလာဖို့ PS Medical Hub and Travels နဲ့သာ ချိတ်ဆက်လိုက်ပါနော်။ 🤝

☎️ အသေးစိတ်စုံစမ်းလိုပါက -
ဆက်သွယ်ရန်
ရန်ကုန်ရုံး - 09420420418, 09420420419
အမှတ် (98/B)၊ ကမ္ဘာအေးဘုရားလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။

မန္တလေးရုံး - 09402008686, 09402008787
အမှတ် (၁၁၈)၊ (၇၅)လမ်း ၃၁ လမ်းနဲ့ ၃၂လမ်းကြား၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။

ဘန်ကောက်ရုံး-
+66 658785643, +66970762050
အမှတ် (၄၉၁/၄)၊ ရချာပါရုပ်၊ မာ့ကဆန်၊ ရချဒေဝီ၊ ဘန်ကောက်မြို့
(Unipharma ဆေးဆိုင် အပေါ်ထပ်)


နှလုံး၊ ဦးနှောက်နဲ့ အရိုးအဆစ်ဆိုတာ လူတစ်ယောက်ရဲ့ အသက်ရှင်နေထိုင်ဖို့အတွက် အရေးအကြီးဆုံး အစိတ်အပိုင်းတွေပါ။ 🦴🧠ဒီလိုအရေးကြ...
18/03/2026

နှလုံး၊ ဦးနှောက်နဲ့ အရိုးအဆစ်ဆိုတာ လူတစ်
ယောက်ရဲ့ အသက်ရှင်နေထိုင်ဖို့အတွက် အရေးအကြီးဆုံး အစိတ်အပိုင်းတွေပါ။ 🦴🧠

ဒီလိုအရေးကြီးတဲ့အစိတ်အပိုင်းတွေမှာ ရောဂါဝေဒနာတွေ ခံစားရတဲ့အခါ အကောင်းဆုံးနဲ့ အကျွမ်းကျင်ဆုံး ဆေးရုံတွေကို ရွေးချယ်ကုသမိဖို့ လိုအပ်ပါတယ်။
ထိုင်းနိုင်ငံမှာ သွားရောက်ဆေးကုသဖို့ စဉ်းစားနေတယ်ဆိုရင်တော့ ရောဂါအလိုက်အကောင်းဆုံးဖြစ်တဲ့ ဆေးရုံကြီးတွေကို PS Medical Hub and Travels မှ ညွှန်းဆိုပေးလိုက်ပါတယ်။

🏥 ဦးနှောက်၊ အာရုံကြောနှင့် အရိုးအဆစ် အထူးကုအတွက်ဆို ခေတ်မီနည်းပညာတွေ အသုံးပြုပြီး အတိကျဆုံး ကုသပေးနိုင်တဲ့ Thonburi Hospital

🏥 နှလုံးနဲ့ပတ်သက်တဲ့ ပြဿနာတိုင်းအတွက် အဆင့်မြင့်နည်းပညာတွေ အသုံးပြုပြီး အတွေ့အကြုံရင့် ဆရာဝန်ကြီးတွေကိုယ်တိုင် စစ်ဆေးကုသပေးလျက်ရှိတဲ့ MedPark Hospital

🏥 နှလုံးသွေးကြောကျဉ်းတာ၊ နှလုံးခုန်နှုန်း မမှန်တာတွေအတွက်နိုင်ငံတကာအဆင့်မီ ကုသမှုတွေကို ယုံကြည်စိတ်ချစွာရရှိနိုင်မယ့် Phyathai 2 Hospital

ကျန်းမာရေးအတွက် အကောင်းဆုံး ကုသမှုတွေ ရယူနိုင်ဖို့ အခုပဲ PS Medical Hub and Travels ကို အခုပဲဆက်သွယ်လိုက်ပါနော်။ 😇

☎️ အသေးစိတ်စုံစမ်းလိုပါက -
ဆက်သွယ်ရန်

ရန်ကုန်ရုံး - 09420420418, 09420420419
အမှတ် (98/B)၊ ကမ္ဘာအေးဘုရားလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။

မန္တလေးရုံး - 09402008686, 09402008787
အမှတ် (၁၁၈)၊ (၇၅)လမ်း ၃၁ လမ်းနဲ့ ၃၂လမ်းကြား၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။

ဘန်ကောက်ရုံး-
+66 658785643, +66 654596983
အမှတ် (၄၉၁/၄)၊ ရချာပါရုပ်၊ မာ့ကဆန်၊ ရချဒေဝီ၊ ဘန်ကောက်မြို့
(Unipharma ဆေးဆိုင် အပေါ်ထပ်)


Address

Room No/98 (B), Kabaraye Pagoda Road, Bahan Township
Yangon
11081

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

959420420418

Alerts

Be the first to know and let us send you an email when PS Medical Hub and Travels posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to PS Medical Hub and Travels:

Share

CLICK ME

❝ PS Medical Hub & Travels မှ ချိတ်ဆက်ထားသော နိုင်ငံတကာ ဆေးရုံကြီးများသို့ သွားရောက် ကုသလို သူများအတွက် ပြုလုပ်ပေးနေသော ဝန်ဆောင်မှုများ ❞

(၁) လူနာများအား မြန်မာဆရာဝန်၊ တာဝန်ခံများ နှင့် အခမဲ့ ကြိုတင်ဆွေးနွေးခြင်း

(၂) ဆေးကုသမည့် လူနာများ အတွက် ဆရာဝန်များ နှင့် ကြိုတင်ရက်ချိန်း ယူပေးခြင်း

(၃) ပြည်တွင်း၊ ပြည်ပ လေယာဉ်လက်မှတ်များ စီစဉ် ဆောင်ရွက်ခြင်း