Stop Abuse and Support for Justice

Stop Abuse and Support for Justice Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Stop Abuse and Support for Justice, Yangon.

27/09/2016

stop abuse

အရွယ်မရောက်သူ အိမ်ဖော်မိန်းကလေးကို ရက်စက်စွာညှင်းပန်းနှိပ်စက်မှု ဖြစ်ပွား----- ----- ----- -----တောင်ဒဂုံမြို့နယ်တွင် အရွ...
25/07/2015

အရွယ်မရောက်သူ အိမ်ဖော်မိန်းကလေးကို ရက်စက်စွာညှင်းပန်းနှိပ်စက်မှု ဖြစ်ပွား
----- ----- ----- -----
တောင်ဒဂုံမြို့နယ်တွင် အရွယ်မရောက်သေးသူအိမ်ဖော်မိန်းကလေးကို နည်းအမျိုးမျိုးဖြင့် ညှဉ်းပန်းနှိပ်စက်မှုတခုဖြစ်ပွားခဲ့ပြီး ယင်းနှင့်ပတ်သက်၍ တောင်ဒဂုံမြို့နယ်၊ လေးဒေါင့်ကန်ရပ်ကွက် “တို့အမေ” အခမဲ့ဆေးကု ခန်းတွင် ဇူလိုင် ၂၅ ရက်က စာနယ်ဇင်းရှင်းလင်းပွဲပြုလုပ်ခဲ့သည်။

“ကျွန်တော်တို့ရုံးကို ဇူလိုင် ၁၉ ရက်နေ့ အာဇာနည်နေ့ ကျင်းပနေချိန်မှာ ဒီကလေးမလေးအကြောင်း ရောက်လာတယ်။ ကျွန်တော်တို့ သိသိချင်း လိုက်သွားတော့ ကလေးက မြင်တဲ့အတိုင်း လူမဆန်စွာ ညှဉ်းပန်းနှိပ်စက်ခံထားရတယ်။ ခေါင်းတွေ ကိုလည်း ချိန်းကြိုးနဲ့ရိုက်တယ်။ သားမြတ်ကိုလည်း ထမင်းခိုးစားလို့ဆိုပြီး ကက်ကြေး နဲ့ညှပ်တယ်။ စာမတတ်တဲ့ကလေးမလေးကို ဒီလိုညှဉ်းပန်းနှိပ်စက်တာကို မကြည့်ရက်လို့ ကျွန်တော် သက်ဆိုင်ရာရဲ့စခန်းကို အသိပေးတိုင်ကြားခဲ့တယ်။ ရဲစခန်းက (ပုဒ်မ ၃၂၂) တုန်းသောအရာနှင့်ရိုက်သော အမှု၊ ပုဒ်မ ၃၅၄ ကာဣနြေ္ဒပျက်မှု၊ ပုဒ်မ ၅၀၆၊ ဆဲဆိုခြိမ်းခြောက်မှုဆိုပြီး ဖွင့်တယ်။ ဖွင့်ပေးတဲ့အမှုတွေနဲ့ အမှန်တကယ်နှိပ်စက်ခံရတာနဲ့ ကိုက်ညီမှုမရှိဘူးဖြစ်နေတယ်''ဟု ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် NLD အလုပ်အမှုဆောင်အဖွဲ့ဥက္ကဋ္ဌ ဦးညီညီက ပြောသည်။

ကာယကံရှင် မသန်းသန်းအိက ''မနက် ၆ နာရီကစပြီး တနေကုန် အလုပ် လုပ်ရတယ်။ ထမင်းခိုးစားလို့ဆိုပြီး လက်ထိပ်တွေကို ရိုက်တယ်။ ခေါင်းကိုလည်း သံယောင်းမနဲ့ရိုက်တယ်။ ချိန်းကြိုးနဲ့လည်း တကိုယ်လုံးကို ရိုက်တယ်။ ခေါ်သွားပြီး ၁ လလောက်ထဲကစပြီး ရိုက်တာပါပဲ။ ထွက်ပြေးချင်တာကတော့ ကြာပါပြီ။ အခု အိမ်တအိမ်ကို ထွက်ပြေးပြီး ရပ်ကွက် ရုံးကိုရောက်တော့မှ သမီးအဖေ ဦးလေးတွေကို အဖြစ်မှန်တွေကို ပြောပြပါတယ်။ မြောက်ဥက္ကလာဆေးရုံကြီးမှာ ဆေးကုခံရ ပြီး ဒီကိုရောက်လာတာပါ။ ထမင်းမကျွေးတဲ့ရက်တွေလည်း ရှိပါတယ်''ဟု ပြောပြသည်။

နှိပ်စက်ခံရသူ မသန်းသန်းအိမှာ အသက် ၁၅ နှစ်သာရှိသေးပြီး ၎င်းနေအိမ်တွင် အိမ်ဖော်အဖြစ် လုပ်ကိုင်နေသည်မှာ ၅ နှစ်ခန့်ရှိပြီဖြစ်သော်လည်း ငွေကြေးအနေနှင့် ကျပ် ၅၀၀၀ တကြိမ်၊ ကျပ် ၁၀၀၀၀ တကြိမ် စုစုပေါင်း နှစ်ကြိမ်သာ ရခဲ့ဖူးသည်ဟု ဦးလေးတော်စပ်သူ ကိုမျိုးဦးက ပြောသည်။

''ဇူလိုင် ၁၄ ရက်နေ့ ညမှာ မြောက်ဒဂုံရဲစခန်းက ကျွန်တော်တို့ဆီကို ဖုန်းဆက်ပြီး အကြောင်းကြားတယ်။ ဒဂုံမြောက်ပိုင်း၊ ၄၁ ရပ်ကွက်၊ တော်ဝင်ရိပ်သာ အခန်း ၃ မှာ နေထိုင်သူ ဒေါ်အေးအေးဝင်း အပါအ၀င် ၅ ဦးက တူမလေးကို ရိုက်နှက်ညှဉ်းပန်းနှိပ်စက်တယ်ဆိုတဲ့အကြောင်းကို သိရတယ်''ဟု ကိုမျိုးဦးက ပြောသည်။

သဒ္ဓါထက်အိုင်(လှည်းတန်း)

*အမျိုးသမီးတစ်ဦးမှ ကလေးငယ်တစ်ဦးကို မုဒိမ်းကျင့်၊ ခွေးနှင့် လိင်ဆက်ဆံ*အမေရိကန်နိုင်ငံ၊ဝ လူဝီစီယားနားပြည်နယ်၊ဂျက်ဖာဆင်မြ...
16/11/2014

*အမျိုးသမီးတစ်ဦးမှ ကလေးငယ်တစ်ဦးကို မုဒိမ်းကျင့်၊ ခွေးနှင့် လိင်ဆက်ဆံ*

အမေရိကန်နိုင်ငံ၊ဝ လူဝီစီယားနားပြည်နယ်၊ဂျက်ဖာဆင်မြို့နယ်မှ အမျိုးသမီးတစ်ဦးသည် ကလေးငယ်တစ်ဦးကိုမုဒိမ်းကျင့်ပြီး ခွေးနှင့်လိင်ဆက်ဆံခဲ့သည့်အတွင် ထောင်ချုပ်အတွင်း ရောက်နေသည်။ တာဝန်ရှိသူများကထိုအမှုအတွက် သက်သေရှိသည်ဟု ပြောကြားခဲ့သည်။

ဂျက်ဖာဆန်မြို့ အထွေထွေအုပ်ချုပ်ရေးမှုးရုံးမှ ရဲအရာရှိများက အသက် ၂၆ နှစ်အရွယ် အိန်ဂျယ်လိုင်း လိုဒိုက်စ်ကို သုံးနှစ်အရွယ်ကလေးငယ်အား မတော်တရော်ပြုမှုနှင့် ခွေးနှင့်လိင်မှုပြုခြင်းများအတွက် ဖမ်းဆီးထားကြောင်း အတည်ပြုခဲ့သည်။

စုံထောက်များက ၎င်းတို့၌ လမ်းလျှောက်တတ်ကာစ ကလေးငယ်ကို မုဒိမ်းကျင့်မှုနှင့် ခွေးနှင့်လိင်ဆက်ဆံမှုများပါဝင်သော ဗွီဒီယိုနှင့် ဓာတ်ပုံများ ရှိသည်ဟု ပြောကြားခဲ့သည်။
စွဲချက်များ၌ ၁၃ နှစ်အောက် ကလေးငယ်အား မုဒိမ်းကျင့်မှုပါဝင်ပြီး ၎င်းပြစ်မှုထင်ရှားလျှင် ထောင်ဒဏ်တစ်သက် ကျခံရနိုင်သည်။

ကလေးငယ်၏ ဖခင်ဖြစ်သူမှ ၎င်း၏ သားနှင့်အမျိုးသမီးတို့ လိင်ဆက်ဆံပုံ ဗွီဒီယို၊ ဓာတ်ပုံများအကြောင်း ကြားသိရာမှ ရဲကိုအကြောင်းကြားခဲ့ခြင်း ဖြစ်သည်။

လိုဒိုက်စ်မှ မည်သို့ ကလေးငယ်နှင့် သိကျွမ်းသွားသည် (ဝါ) အဆက်အသွယ်ရခဲ့သည် ဆိုသည့်အချက်မှာမူ မရှင်းလင်းသေးပါ။

ဖိုးသူတော် (www.phothutaw.com)
Credit: shwemyanmar

**အီဂျစ်လူငယ် ၃ ဦးမှ ကလေးငယ်တစ်ဦးကို မုဒိမ်းကျင့်၊ သတ်ပစ်ပြီး မီးရှို့ အလောင်းဖျောက်** အီဂျစ်လူငယ်သုံးဦးမှ ကလေးငယ် (ယေ...
16/11/2014

**အီဂျစ်လူငယ် ၃ ဦးမှ ကလေးငယ်တစ်ဦးကို မုဒိမ်းကျင့်၊ သတ်ပစ်ပြီး မီးရှို့ အလောင်းဖျောက်**

အီဂျစ်လူငယ်သုံးဦးမှ ကလေးငယ် (ယောက်ျားလေး) တစ်ဦးအား မုဒိမ်းကျင့်ခဲ့ပြီး သတ်ပစ်ခဲ့သည်။ထို့နောက် အမှုကို ဖုံးကွယ်ရန်အတွက် အလောင်းကို မီးရှို့ဖျောက်ဖျက်ခဲ့သည်။ ၎င်းတို့ ၃ ဦးကို ၁ ရက်အကျော်၌ ဖမ်းဆီးမိခဲ့သည်။

၎င်းတို့မှ အသက် ၁၆ နှစ် နှင့် ၁၈ နှစ် ရှိကြသော မုဒိမ်းသမား ၃ ယောက်ကို ဖမ်းဆီးခဲ့ကြောင်း၊ ၎င်းတို့သည် ဘောလုံးကစားနေစဉ်အတွင်း ကလေးငယ်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ကို သက်သေများက ညွှန်ပြနေကြောင်း ရဲက ပြောကြားခဲ့သည်။

၎င်းတို့ ၃ ဦးမှ လူပြတ်သောနေရာသို့ ကလေးငယ်ကို ခေါ်ဆောင်သွားပြီး မုဒိမ်းကျင့်ကာ သတ်ပစ်ခဲ့ကြကြောင်း ရဲအား ဖြောင့်ချက်ပေးခဲ့ကြသည်။

၎င်းတို့မှ အမှုအား ဖုံးကွယ်ရန်အတွက်အလောင်းအား မီးရှို့ပြီး ဖျောက်ဖျက်ရန် ဆုံးဖြတ်ခဲ့ကြသည်။
ကလေးငယ်မှာ မူကြိုကျောင်းတက်နေတုန်းအရွယ်သာ ရှိသေးသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: shwemyanmarmediagroup

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲမြို့တွင် အမျိုးသမီး တစ်ဦးကို တစ်ရပ်ကွက် တည်းနေသူ အမျိုးသမီးကြီး တစ်ဦးက တရုတ် နို...
16/11/2014

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲမြို့တွင် အမျိုးသမီး တစ်ဦးကို တစ်ရပ်ကွက် တည်းနေသူ အမျိုးသမီးကြီး တစ်ဦးက တရုတ် နိုင်ငံသား နှင့် အဓမ္မ လက်ထပ် ထိမ်းမြားရန် တရုတ်ငွေ သုံးသောင်းဖြင့် ရောင်းစား ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ နိုဝင်ဘာ ၇ ရက် မွန်းတည့် ၁၂ နာရီခန့်က တရုတ်နိုင်ငံမှ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ အမှတ် ၁၇ လူကုန်ကူးမှု တားဆီး ကာကွယ်ရေး အဖွဲ့သို့ ပြန်လည် လွှဲပြောင်းပေး အပ်ခဲ့သော လူကုန်ကူးခံ ရသူကို လားရှိုး အမှတ်(၁၆) လူကုန်ကူးမှု တားဆီး ကာကွယ်ရေး အဖွဲ့မှ ရဲအုပ် ကြည်ထူး ဦးစီးတပ်ဖွဲ့ဝင် များက မေးမြန်း စစ်ဆေးခဲ့ရာ မလှကြည် ရပ်ကွက်(၂)၊ ကျောက်မဲမြို့ နေသူက ၄င်းကို မကြာခဏ လာရာက်၍ တရုတ်ပြည်တွင် အလုပ်လုပ်ပါက ဝင်ငွေများများ ရကြောင်း၊ ခေါက်ဆွဲဆိုင်တွင် အလုပ်လုပ် ရမည်ဖြစ်ကြောင်း စည်းရုံးပြောဆို သဖြင့် သဘောတူကာ မလှကြည် က စရိတ် အကုန်ကျခံပြီး ကျောက်မဲမြို့မှ တရုတ်နိုင်ငံ၊ လုံဆမ်းမြို့၊ လီခေါင်ရွာ သို့ ခေါ်ဆောင် လာခဲ့ပြီး ၄င်း ကျေးရွာနေသူ တရုတ်နိုင်ငံသား နှင့် အဓမ္မထိမ်းမြား လက်ထပ်ရန် တရုတ်ငွေ သုံးသောင်းဖြင့် ရောင်းစား ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ မလှကြည် (ဘ) ဦးညဏ၊ ရပ်ကွက်(၂)၊ ကျောက်မဲမြို့ နေသူကို ကျောက်မဲ မြို့မရဲစခန်း က ၆၆/၂ဝ၁၄၊ လူကုန်ကူး ဥပဒေပုဒ်မ ၂၄ ဖြင့် အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း သိရှိရသည်။ (၄ဝ၄)

ဖိုးသူတော် (www.phothutaw.com)
Credit: PyiChitThar

** အမေရိကန်နိုင်ငံတွင် မိမိခလေးအား မိုက်ကရိုဝေ့ အပူပေးစက်အတွင်းသို့ ထည့်၍သွေးအေး အေးဖြင့် အပူပေး သတ်ခဲ့သူမိန်းခလေးတဦးအာ...
16/11/2014

** အမေရိကန်နိုင်ငံတွင် မိမိခလေးအား မိုက်ကရိုဝေ့ အပူပေးစက်အတွင်းသို့ ထည့်၍သွေးအေး အေးဖြင့် အပူပေး သတ်ခဲ့သူမိန်းခလေးတဦးအား ကယ်လီဖိုးနီးယားပြည်
နယ် တရားရုံးမှ သေဒဏ်ချမှတ်လိုက်သည်။**

ကယ်လီဖိုးနီးယာပြည်နယ်မှာနေထိုင်နေသည့် ကရမ် Ka Yang ဆိုသူအမျိုးသမီးက တရားရုံးတွင် သူမကလေးအား မိုက်ကရိုဝေ့ စက်တွင်းသို့ ထည့်၍ အပူပေးသတ်သည်ကို သူမကိုယ်တိုင် ဦးနှောက်မေ့တတ်သည့် ရောဂါကြောင့် မသိလိုက်ကြောင်း၊ ငြင်းဆိုခဲ့သော်လည်း တရား သူကြီးများ က မယုံကြည်ခဲ့ပေ၊

ကရမ် မှာ အလုပ်သွားရန်နီးကပ်နေသဖြင့် ကပြာကရာ အလုပ်တွေလုပ်နေရင်း ခုလိုဖြစ်သွား ရကြောင်းမိသားစုဝင်များက ပြောကြားကြသော်လည်း-ရဲများသူမအိမ်တွင်းသို့ ရောက်လာစဉ် ခလေးငယ်မှာ မီးလောင်ဒဏ်ယာများနှင့်သေဆုံးနေပြီးဖြစ်သည် ။

ရဲများစစ်ဆေးရာတွင် သူမခလေးမှာ မိုက်ကရိုဝေ့ စက်တွင်းလိမ့်ကြသွားကြောင်း သူမမည် သို့ ကြောင့် မိုက်ကရိုဝေ့ အပူမြင့်ခလုပ်အားနှိပ်ခဲ့ကြောင်း ခလေးအား ပစ်သွင်းခဲ့ကြောင်း အား ရှင်းမပြနိုင်ခဲ့ပါ။

ဖိုးသူတော် (www.phothutaw.com)
Credit: shwemyanmarmediagroup

ပထမဆုံးအကြိမ် ကျင်းပသည့် လိင်တူချစ်သူ (LGBT) ရုပ်ရှင်ပွဲတော် ဖွင့်ပွဲတွင် နိုင်ငံပေါင်း ၁၄ နိုင်ငံမှ ရုပ်ရှင်အတိုန...
16/11/2014

ပထမဆုံးအကြိမ် ကျင်းပသည့် လိင်တူချစ်သူ (LGBT) ရုပ်ရှင်ပွဲတော် ဖွင့်ပွဲတွင် နိုင်ငံပေါင်း ၁၄ နိုင်ငံမှ ရုပ်ရှင်အတိုနှင့် ဇာတ်လမ်းရှည် ၃၃ ကားပါဝင်ပြီး အရှေ့တောင်အာရှမှစပြီး ကမ္ဘာတဝှမ်းရှိ လိင်တူချစ်သူတို့၏ ဘဝကို ထင်ဟပ်ပြသထားသည့်ရုပ်ရှင်ကားတိုများကို ပြသခဲ့သည်။ မြန်မာနိုင်ငံမှ ရုပ်ရှင်ဇာတ်ကားတို ၇ကားပါဝင်ပြီး Rainbow Reels Project မှ လိင်တူချစ်သူလူငယ် ၁၀ ဦးက ပွဲတော်အတွက် ရိုက်ကူးထုတ်လုပ်ထားသော ရုပ်ရှင်ဇာတ်ကားတို ၃ ကား ပါဝင်ပါသည်။ လိင်တူချစ်သူများ ကြုံတွေ့နေရသော မမျှတခြင်းတို့ကို ရုပ်ရှင်များမှ တဆင့်ပြသပြီး မြန်မာနိုင်ငံရှိ လိင်တူချစ်သူတို့အတွက် တန်းတူညီမျှအခွင့်အရေးရရှိရေး ဆွေးနွေးနိုင်ရန် ရည်ရွယ်ကျင်းပသည့်ပွဲတော်ဖြစ်ကြောင်းသိရသည်။ဖွင့်ပွဲအမှာစကားကို Equality Myanmar မှ ဦးအောင်မျိုးမင်း ၊ မြန်မာနိုင်ငံဆိုင်ရာ ကနေဒါသံအမတ်ကြီး မာ့ခ်မက်ဒိုဝယ် နှင့် ပြင်သစ်ယဉ်ကျေးမှုဌာနမှ တာဝန်ရှိသူတို့က ပြောကြားခဲ့ကြသည်။
(ဓာတ်ပုံ-တင်ထက်ပိုင်/ဧရာဝတီ)

ဖလော်ရီဒါတွင် လူသတ်မှုနှစ်မှု ကျူးလွန်သူကို ကွပ်မျက်======================================မီယာမီ၊ နိုဝင်ဘာ ၁၄အိပ်ပျော်နေသေ...
16/11/2014

ဖလော်ရီဒါတွင် လူသတ်မှုနှစ်မှု ကျူးလွန်သူကို ကွပ်မျက်
======================================

မီယာမီ၊ နိုဝင်ဘာ ၁၄

အိပ်ပျော်နေသောဇနီးကို သတ် ပြီး မယားပါသမီးကို မုဒိမ်းကျင့်ကာ သတ်ပစ်လိုက်သည့်အမှု လွန်ခဲ့သော ဆယ်စုနှစ် နှစ်စု၌ အမေရိကန်ပြည် ထောင်စု ဖလော်ရီဒါပြည်နယ်တွင် ဖြစ်ပွားခဲ့သည်။

သူသည် တရားရုံး တွင် ၁၁နာရီကြာ အယူခံဝင်ရာတွင် ရှုံးနိမ့်ခဲ့ပြီးနောက် ၂ဝ၁၄ခုနှစ်၊ နိုဝင် ဘာ ၁၃ရက်၌ ကွပ်မျက်ခံရကြောင်း သိရသည်။

ချဒ်ဝစ်ဘန့်ခ် အသက်၄၃ နှစ်သည် နိုဝင်ဘာ ၁၃ရက်၊ ဒေသ စံတော်ချိန် ညနေ ၇နာရီ ၂၇မိနစ် ၌ ဆေးထိုးကွပ်မျက်ခံရကြောင်း ကြေညာလိုက်သည်ဟု ဖလော်ရီဒါ အုပ်ချုပ်ရေးမှူး၏ ပြောရေးဆိုခွင့် ရှိသူ ဂျွန်တပ်စ်က ဆိုသည်။

ဘန့်ခ်သည် ကွပ်မျက်ခြင်းမခံ ရမီ တစ်နာရီမရှိတရှိ အပြီးသတ် အယူခံဝင်သေးသည်။ သို့သော် သူ၏ အယူခံကို အမေရိကန်တရားရုံး ချုပ်က ပယ်ချလိုက်သည်။

ဘန့်ခ်သည် အိပ်ပျော်နေသည့် သူ့ဇနီး၏ ခေါင်းကိုသေနတ်ဖြင့်ပစ် သတ်လိုက်ပြီးနောက် အသက် ၁ဝ နှစ်ရှိ မယားပါသမီးကို မုဒိမ်းကျင့် ကာ ခေါင်းကိုပင်သေနတ်ဖြင့် ပစ် သတ်ခဲ့သည်။ ထိုစဉ်က သူသည် အသက် ၂၃နှစ်ရှိသည်။

သူသည် ၁၉၉၂ခုနှစ်၌ ဇနီးကို သတ်မှုအတွက် တစ်သက်တစ်ကျွန်း (ထောင်ဒဏ်တစ်သက်)နှင့် မယားပါ သမီးငယ်ကလေးကို မုဒိမ်းကျင့် သတ် ဖြတ်မှုအတွက် သေဒဏ်အပြစ်ဒဏ် စီရင်ခြင်းခံရသည်။ သူကလည်း ထို ပြစ်မှုများကို ကျူးလွန်ကြောင်း ဝန်ခံ ခဲ့သည်။ ဘန့်ခ်သည် ဖလော်ရီဒါ ပြည်နယ်တွင် ယခုနှစ် ကွပ်မျက်ခံရ သူများအနက် အဋ္ဌမမြောက် ကွပ် မျက်ခံရသူဖြစ်သည်။

AFP

SHARE if you don’t wear TORTURE!  If you knew how your wool sweater was made, would you still wear it? http://peta.vg/1i...
14/11/2014

SHARE if you don’t wear TORTURE!
If you knew how your wool sweater was made, would you still wear it? http://peta.vg/1its SHARE if you don’t wear TORTURE!

လောကမှာ အပစ်ပယ်ခံ လူတန်းစားလို့ ပြောနိုင်တဲ့ လူတန်းစားတစ်ရပ်အကြောင်းပြောပြချင်ပါတယ်။ သူတို့ကတော့ အများက ပြည့်တန်ဆာလို့ခေ...
05/11/2014

လောကမှာ အပစ်ပယ်ခံ လူတန်းစားလို့ ပြောနိုင်တဲ့ လူတန်းစားတစ်ရပ်အကြောင်းပြောပြချင်ပါတယ်။ သူတို့ကတော့ အများက ပြည့်တန်ဆာလို့ခေါ်ကြတဲ့ S*x Workers တွေပါ။

NGO လောကမှာတော့ အတိုကောက် SW လို့ ခေါ်ပါတယ်။ ဒီနေရာမှာ SW ဆိုတာ Female S*x Workers ခေါ် အမျိုးသမီး SW တွေကိုသာ ရည်ညွှန်းလေ့ရှိပါတယ်။ ကျွန်တော် NGO နှစ်ခုမှာ ခုနစ်နှစ် တာဝန်ထမ်း ဆောင်ခဲ့စဉ်က SW ပေါင်းများစွာကို ပညာပေး ဟောပြောခဲ့ရတဲ့အတွက် သူတို့တွေအတော်များများနဲ့ ထိတွေ့ဆက်ဆံခဲ့ကြ ဖူးပါတယ်။

The marginalized people လို့ပြောရမယ့် သီးသန့်အပစ်ပယ်ခံလူတန်းစား တစ်ရပ်လိုဖြစ်နေတဲ့ သူတို့လေးတွေရဲ့ဘ၀ဟာ အင်မတန် သနားစရာကောင်းပါတယ်။ ဒီကနေ့ အမျိုးသမီး အခွင့်အရေး အကြောင်း တွင်တွင်ပြောနေတဲ့ အမျိုးသမီးတချို့တောင် SW အကြောင်း ရောက်သွားရင် တွန့်တွန့်သွားတတ်ပါတယ်။

ကျွန်တော်တို့ ပြောပြောနေကြတဲ့ လူ့အခွင့်အရေး၊ အထူးသဖြင့် အမျိုးသမီးအခွင့်အရေးတွေမှာ SW တွေအတွက် မပါတော့ ဘူးလား။ အကြောင်းအမျိုးမျိုးကြောင့် ခန္ဓာကိုယ်နဲ့ရင်းပြီး ဘ၀ ၀မ်းကျောင်းရရှာတဲ့ ဒီမိန်းကလေးတွေဟာ အမျိုးသမီး အခွင့်အရေးမရထိုက်ဘူးလား။

ဒီနေရာမှာ မဟာပုရိသ ယောက်ျားကြီးဝါဒတို့၊ မိန်းမ၀ါဒီတို့၊ ဒုတိယလိင်တို့ ဆိုတဲ့စကားလုံးတွေကို ခဏလောက် မေ့ထားလိုက်ကြရအောင်လား။ ကျွန်တော်တွေ့ဖူးတဲ့ SW တွေကို ကြည့်လိုက်တဲ့အခါ လှိုင်သာယာ၊ အင်းစိန်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မြစ်ဝကျွန်းပေါ် စသဖြင့်နေရာဒေသ အစုံက ပါပဲ။ သူတို့အားလုံးSW ဖြစ်ရတဲ့ အကြောင်းရင်းက Poverty ခေါ် ဆင်းရဲမွဲတေမှုကြောင့်ပါ။

လူတော်တော်များများ ဆင်းရဲတာပဲ၊ သူတို့ဘာသာ ဖြစ်ချင်လို့ဖြစ်ကြတာပါလို့၊ ဒီကောင်မတွေ ကိုယ်တိုင်လက်ကြော မတင်းတာပါတို့၊ နဂိုကတည်းက ခပ်ပျက်ပျက်ရယ်ပါတို့ အစရှိတဲ့ ကောက်ချက်မျိုး အလွယ်တကူမချစေချင်ပါဘူး။ နာနေတဲ့ဘ၀တွေကို အလကားရတဲ့ စကားလုံးဓားတွေနဲ့ ထပ်မထိုးလိုက်ကြပါနဲ့။

ကုသိုလ်ကြမ္မာချင်း မတူကြတဲ့ ဘ၀တွေကို နားလည်ပေးနိုင်အောင် တခြားလူတွေရဲ့ဘ၀တွေကိုလည်း စိတ်ဝင်စားဖို့ လိုပါတယ်။ ခြွင်းချက်တချို့တစ်လေက လွဲရင်ဘယ်မိန်းကလေးမှ SW ဖြစ်ချင်ကြမှာ မဟုတ်ပါဘူး။

အကြောင်းအမျိုးမျိုးကြောင့် တစ်ပါတီစနစ်တို့၊ စစ်အုပ်ချုပ်ရေးကာလတို့ကို ဖြတ်သန်းခဲ့ရတဲ့ ကျွန်တော်တို့ တိုင်းပြည်မှာ ထမင်းတစ်လုပ်ရှာစားဖို့ အင်မတန်ပင်ပန်းကြီးစွာ အလုပ်လုပ်ရပါတယ်။ နူရာဝဲစွဲ၊ လဲရာသူခိုးထောင်းဆိုသလို အမေရိကန် အပါအ၀င် ကမ္ဘာ့နိုင်ငံများရဲ့ စီးပွားရေးပိတ်ဆို့မှုကလည်း လက်ယက် သလို အစာရှာစားနေရတဲ့ လူထုအတွက် ဘူးလေးရာဖရုံဆင့် ဖြစ်ခဲ့ရပြန်ပါတယ်။

သူတို့ရဲ့ ပစ်မှတ်ဖြစ်တဲ့ စစ်အစိုးရက ဘာမှမဖြစ်ပါဘူး။ ကြားထဲက မြေဇာပင် လူထုသာ ကျောကော့အောင်ခံကြရတာပါ။ မိသားစုငါးယောက်လောက်ရှိတဲ့ အိမ်ဟာ ငါးယောက်စလုံးရှာနိုင်ပါမှ နေ့ဖို့ညစာ မှန်တာပါ။ တခြားကျန်းမာရေး၊ ပညာရေး၊ အထွေထွေကုန်ကျစရိတ်တွေ မပါသေးပါဘူး။

ဒီလိုအခြေအနေမျိုးမှာ ၀င်ငွေရှာနိုင်တဲ့အထဲက အကြောင်းအမျိုးမျိုးကြောင့် နှစ်ယောက်၊ သုံးယောက်လောက်လျော့ သွားပြီဆိုရင် အဲဒီမိသားစု ရပ်တည်ဖို့ တော်တော် ခက်သွားပါပြီ။ ဖခင်ဖြစ်သူ လေဖြတ်သွားတော့ လူလားမမြောက်သေးတဲ့ အလယ်တန်းနဲ့ မူလတန်း မောင်၊ ညီမလေး သုံးယောက်လောက်ရှိတဲ့ မိသားစုတစ်စုက ဘွဲ့ရပညာတတ် အမျိုးသမီးငယ်လေးတစ်ယောက်ဟာ ဘယ်လိုမှ တောင့်မထားနိုင်တော့လို့ သူဋ္ဌေးတစ်ယောက်ရဲ့ အငယ်အနှောင်းဘ၀ကို ကိုယ်တိုင်ရွေးချယ် လိုက်ရတာ မြင်ခဲ့ဖူးပါတယ်။ ဒီကလေးမလေးကို ကြည့်ပြီး ကျွန်တော့်နှုတ်က ပြစ်တင်စကား မထွက်ရက် ပါဘူး။

ကဗျာဆရာပိုင်ပြောသလို ဘုရားသခင်က တချို့လူအတွက် ပေါင်မုန့်တွေ အများကြီးပေးပေမယ့် တချို့လူတွေအတွက်တော့ ဘာဖြစ်လို့ ပေါင်မုန့်နည်းနည်းပဲ ပေးရတာလဲ မသိဘူးလို့သာဆိုရတော့မလို ဖြစ်နေပါတယ်။ အကြောင်းအမျိုးမျိုးက တွန်းပို့လို့ မိန်းကလေးတချိှု့ SW ဘ၀ကို ရောက်ခဲ့ကြရတယ်။ SW တစ်ယောက်ဖြစ်ပြီဆိုတာနဲ့ လူတွေရဲ့ အနိုင်ကျင့်နှိပ်စက်မှု၊ ဗိုလ်ကျမှုတွေကို ခံရတော့တာပါပဲ။ သူတို့ရဲ့ အလို ဆန္ဒပြည့်ဝမှုအတွက် စိတ်တိုင်းမကျနိုင်လို့ အမျိုးမျိုး ယုတ်မာတဲ့ ဖောက်သည် ထဲက ယောက်ျားတွေ၊ တာဝန်ထက်ပိုတဲ့ ရိုင်းစိုင်းရက်စက်မှုတွေ၊ လူဖြစ်ပေမယ့် လူ့အသိုင်းအ၀ိုင်းထဲ ရဲရဲမတိုးနိုင်တာကို အခွင့်ကောင်း
ယူပြီး အနိုင်ကျင့်ချင်တဲ့ ပတ်ဝန်းကျင်က လူတွေ စုံလို့ပါပဲ။

လူကုန်ကူးခံရတဲ့ထဲက မိန်းကလေးတချို့ဆိုရင် SW လုပ်ဖို့ ဖိအားပေးတာကို ခါးခါးသီးသီးငြင်းဆန်တဲ့အတွက် အဲဒီမိန်းကလေးကို မဟာကရုဏာရှင် ပုရိသယောက်ျားကြီးများ အယောက်သုံးလေး ဆယ်လောက်က ၀ိုင်းပြီး R**e လုပ်ကြပါသတဲ့။

SW မဖြစ်ခင်ရော ဖြစ်ပြီးတဲ့ အချိန်မှာရော ကယ်မယ့်သူဝေးတဲ့ ဘ၀တွေမှာ ရှင် သန်နေကြရတာ အဲဒီလို မိန်းကလေးတွေပါ။ တချို့ဖောက်သည်တွေရဲ့ ယုတ်မာမှုတွေဆိုရင် ရေးပြလို့မကောင်းလို့ မရေးပြ တော့ပါဘူး။

တစ်ခါက မြို့ကလေးတစ်မြို့မှာရှိတဲ့ Brothel (ပြည့်တန်ဆာအိမ်)ကို ပညာပေးဟောပြောဖို့ ကျွန်တော်ရောက်သွားပါတယ်။ SW ကောင်မလေးတွေ ခုနစ်ယောက်လောက် ၀ိုင်းထိုင်နေတုန်း အခန်းထဲကနေ ကောင်မလေးတစ်ယောက် ထွက်လာတာ တွေ့တော့ သူ့မျက်နှာက ဒဏ်ရာတချို့ကို ကျွန်တော် သတိထားလိုက်မိတယ်။

ဒါနဲ့ ကျွန်တော်က ဘယ်လိုဖြစ်တာလဲ သမီးရယ်… လို့ မေးလိုက်တော့ သူက ညက ရဲလိုက်လို့ပြေးရင်း ချောင်းထဲ ခုန်ချလိုက်တာ ဆရာ။ ချောင်းက ရေကျတဲ့ အချိန်ဖြစ်နေတော့ အောက်က ကျောက်တုံးတွေ၊ ငုတ် တွေကြားကိုကျပြီး ဒဏ်ရာရလာတာတဲ့။

သူ့မျက်နှာတစ်ခြမ်း ဒဏ်ရာတွေနဲ့ ကြည့်မကောင်းသလို ကန်တော့ဆရာဆိုပြီး ခြေထောက်ကိုပြတော့ ခြေထောက် နှစ်ဖက်စလုံးမှာလည်း ဒဏ်ရာတွေနဲ့ပါ။ ကျွန်တော်ကလည်း (ကန်တော့ပါရဲ့) ရဲလိုက်တာများ ဒီလောက် ဒုက္ခခံပြီး ပြေးရသလား သမီးရယ်၊ သူတို့လိုချင်တာ ပေးလိုက်ရင် မဖြစ်ဘူးလားလို့ ပြောလိုက်မိပါတယ်။

အဲဒီမှာ သူက ဟာဆရာကလည်း၊ ဆရာက သူတို့အကြောင်း ကောင်းကောင်းမှ မသိတာ၊ သူတို့လက်ထဲရောက်ရင် လူကိုလည်း ယူတယ်၊ ပါလာတဲ့ငွေကိုလည်း ယူတယ်၊ ပြီးတော့ လူကိုခေါ်သွားပြီး အချုပ် ထဲထည့်လိုက်တာ ဆရာရဲ့၊ လိုချင်တာယူပြီး လွှတ်ပေးတာမဟုတ်ဘူးလို့ ပြန်ပြောပါတယ်။

ကျွန်တော် သက်ပြင်းတစ်ချက်မှုတ်ထုတ်လိုက်ရုံကလွဲလို့ ဘာပြန်ပြောရမှန်းမသိပါဘူး။ ရဲတပ်ဖွဲ့ဝင်အားလုံး အခု သူပြောသလို မဟုတ်နိုင်ဘူးလို့ ကျွန်တော် ထင်ပါတယ်။ ဒါပေမယ့် သူကတော့ အဲဒီ လို လူမျိုးတွေနဲ့ ခဏခဏ ကြုံဖူးပါတယ် တဲ့။

SW တစ်ယောက်ဟာ သူ့ဖောက်သည်နဲ့ တစ်ခါနေရင် ဖောက်သည်က ပျော်ပါးခကျပ် ၅,၀၀၀ ပေးရပါတယ်။ အဲဒီ ကျပ် ၅,၀၀၀ မှာ ကျပ် ၁,၅၀၀ ပဲ သူတို့ရတာလို့ပြောတော့ ကျွန်တော်မျက်လုံးပြူးသွားပါ တယ်။ မြတ်စွာဘုရား မိန်းကလေး တစ်ယောက်တန်ဖိုးအထားဆုံး အပျိုစင်ဘ၀ကိုအဆုံးရှုံးခံပြီး အလုပ်လုပ်စားတဲ့ ဘ၀မှာသူတို့ရတဲ့ အခကြေးငွေက တစ်ခါပျော်ပါးရင် ကျပ် ၁,၅၀၀ တဲ့လား။

ကျွန်တော်ကလည်း အငြိမ်မနေနိုင်ပါဘူး။ သူတို့ရဲ့ Brothel Keeper (BK) ခေါင်းကို မေးကြည့်ပါတယ်။ BK ကလည်း ဟုတ်ပါတယ်တဲ့ ကျန်တဲ့ ၃,၅၀၀ မှာလည်း သူရတာက ၁,၀၀၀ လောက်ပဲရှိပါတယ်၊ ကျန်တာကတော့ လိုင်းကြေးပါတဲ့။ ဒါကတော့ သူ့အပြောပေါ့ဗျာ။ လိုင်းကြေးများ များပြပြီး သူဘုန်းချင်လည်း ဘုန်းမှာပေါ့။ ထားပါတော့။

SW တွေဟာ တကယ်တော့ ဖောက်သည် ရွေးခွင့်မရှိပါဘူး။ ရောဂါရနိုင်မှန်း သိရဲ့နဲ့ သူတို့ဖောက်သည်က ကွန်ဒုံးမသုံး ချင်ဘူးလို့ ပြောရင်လည်း BK ကို ကြောက်တာနဲ့ လက်ခံလိုက်ရတာပါပဲ။ ဒီလိုနဲ့ HIV/AIDS ဖြစ်ပြီး ကွယ်လွန်သွားကြတဲ့ SW တွေလည်း မနည်းပါဘူး။

လူတွေသူတို့ဆီက လိုချင်တာနှစ်ခုပဲရှိပါတယ်။ တစ်ခုက အသွေးအသား၊ တစ်ခုက ငွေပါ။ ဒါ့ကြောင့် ကျွန်တော်ရောက်သွားရင် သူတို့လေးတွေ ပျော်နေကြပါတယ်။ ကျွန်တော်က သူတို့ကိုသူငယ်ချင်းတွေလို ဆက်ဆံတာကိုး။

သူတို့ဘ၀ကို အကာအကွယ်ပေးမယ့်သူဆိုလို့ သူတို့ရဲ့ BK ပဲရှိပါတယ်။ ကျန်တာကတော့ သူတို့ဆီက အသွေးအသားနဲ့ ငွေကိုပဲ နည်းအမျိုးမျိုးနဲ့ ယူနေကြတာပါ။ သူတို့ဟာ သန်း ၆၀ သော ပြည်သူ တွေထဲမှာပါတဲ့ ပြည်သူတွေပါပဲ။ SW ဖြစ်တာနဲ့ သူတို့ရဲ့အမျိုးသမီး အခွင့်အရေးကို ကျွန်တော်တို့ အသိအမှတ်မပြုသင့်ဘူး လား။ သူ့ဝဋ်ကြွေးပါလို့ သူဖြစ်တာဆိုပြီး လောကဓံရဲ့ ရိုက်ပုတ်မှုကြောင့် ဒဏ်ရာရနေတဲ့ ဘ၀တွေဆီက ရှိုက်သံတွေကို ကျွန်တော်တို့ ဥပေက္ခာပြုလိုက်ကြမယ်ဆိုရင် တရားပါ့မလား။

NLD က ဒေါ်စန္ဒာမင်းက ပြည့်တန်ဆာကို ဥပဒေနဲ့ အသိအမှတ်ပြုပေးဖို့ တောင်းဆိုတဲ့အခါ လူအများစုက ကန့်ကွက်ကြပါတယ်။ ကျွန်တော်နဲ့ NLD က ဒေါ်စန္ဒာမင်း နိုင်ငံရေးခံယူချက်ခြင်း မတူပါဘူး။ ဒါပေမယ့် SW တွေအတွက် တောင်းဆိုတဲ့ သူ့ရဲ့ အဆိုပြုချက်ကိုတော့ ကျွန်တော်သဘောတူပါတယ်။

SW တွေထဲမှာ မိန်းမလည် သိန်းကြွယ်တွေ၊ လူလိမ်တွေလည်း ပါပါတယ်။ မိတ်ဆွေတို့ ကျွန်တော်တို့ သာမန်လူတွေကြားထဲမှာလည်း အဲဒီလိုလူမျိုးတွေ ရှိနေတာ ပါပဲ။ သူတို့လေးတွေ ဘ၀ကို စာနာတဲ့အနေနဲ့ သူတို့ကို အကာအကွယ်ပေးမယ့် ဥပဒေကို ထောက်ခံမယ့်သူတွေ များများပေါ်ပေါက်လာပါစေလို့ ကျွန်တော် ဆုတောင်းပါတယ်။

ဒါဟာ ယိုးဒယားက ပက်ပုံးလို အမျိုးသားရေးသိက္ခာကျတဲ့အထိ ထင်ရာမြင်ရာလျှောက်လုပ်ခွင့်ပေးဖို့ ဆိုလိုတာမဟုတ်ပါဘူး။ စည်းနဲ့၊ ကမ်းနဲ့ စနစ်တကျ မှတ်ပုံ တင်ပြီး အကာအကွယ်ပေးဖို့ပြောတာပါ။ အဲဒီလို အကာအကွယ်ပေးထားရင် သူတို့ကို အနိုင်ကျင့်နှိပ်စက်လို့ မရနိုင်တော့သလို တစ်ဖက်က ကြည့်ရင်လည်း HIV/AIDS Prevention အတွက် အထောက် အကူအများကြီးဖြစ်ပါတယ်။

တချို့စိုးရိမ်သလို နိုင်ငံခြားသားက ငွေထုပ်ပိုက်ပြီး Brothel Houses တွေ မထူထောင်နိုင်အောင်တော့ ဥပဒေနဲ့ တားမြစ်ထားဖို့လိုပါတယ်။ သူတို့လေးတွေ ဘ၀ကို စာနာနားလည်မှုမပေးဘဲ ဥပေက္ခာပြုထားလိုက်မယ် ဆိုရင် တစ်နေ့နေ့တစ်ချိန်ချိန်မှာ ဘာသာခြားတွေရဲ့ ပစ်မှတ်၊ အကြမ်းဖက်သမားတွေရဲ့ သားကောင်ဖြစ်မသွားဘူးလို့ မပြောနိုင်ပါဘူး။ နာနေတဲ့ ဘ၀မှာ ထပ်နာစရာ ဘာများရှိဦးမှာတဲ့လဲ။

လူ့အဖွဲ့အစည်းတိုင်းမှာ လူဆိုး၊ လူကောင်းဆိုတာ နေရာတကာမှာ ရှိပါတယ်။ ရှစ်စပ်က ဂျင်ဂျင်လည်တဲ့ SW တချို့ကိုကြည့်ပြီး SW တိုင်း ဒီလိုချည်းပဲလို့ မှတ်ယူ လို့မရပါဘူး။

မညွှတ်ချင်ဘဲ ညွှတ်လိုက်ရတဲ့ ဒူးတွေ၊ မဖြေချင်ဘဲ ဖြေလိုက်ရတဲ့ ဆံမြိတ်တွေ၊ ကျစရာမျက်ရည် မကျန်တော့လောက်အောင် ရင်ထဲမှာ ခန်းခြောက်သွားတဲ့ မြစ် တွေဆိုတာ ဖတ်ကောင်းအောင်ရေးထားတဲ့ ၀တ္ထုတစ်ပုဒ် မဟုတ်ပါဘူး။

ဒါဟာ မိတ်ဆွေတို့ ကျွန်တော်တို့လောက် ကံမကောင်းရှာတဲ့ ကျွန်တော်တို့နိုင်ငံသားတွေပါ။ နန်းထိုက်တော်ဝင် ပန်းသဇင်မဟုတ်ပေမယ့် အရိုင်းပန်းလေးတွေ ဟာလည်း မိတ်ဆွေတို့ မေတ္တာနဲ့ ပွင့်လန်းနိုင်ပါတယ်။

ရဲကျော်သူရ (မြစ်မခ)

22/10/2014

**ဖိနပ်စက်ရုံအလုပ်သမားတွေကို ရဲတွေဝင်ရိုက်တဲ့ကိစ္စ ဘာ့ကြောင့်လဲ**

လှိုင်သာယာ စက်မှုဇုန် ၃ထဲက ကိုရီးယားဖိနပ်စက်ရုံ Master Sport ကို ပိတ်ပြီး ထွက်ပြေးသွားခဲ့တာကြောင့် လုပ်ခလစာမရဘဲ ကျန်ခဲ့တဲ့ မြန်မာအလုပ်သမားတွေနဲ့ မြန်မာရဲတွေ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၆ရက်နေ့က ရုန့်ရင်းဆန်ခတ်ဖြစ်ခဲ့တဲ့အပေါ် အလုပ်သမားဝန်ကြီးဌာနက တရားမစွဲဘူးဆိုပေမယ့် ဘာတွေဖြစ်ခဲ့သလဲဆိုတာ အလုပ်သမားတွေက စက်တင်ဘာ ၁၉ရက်နေ့က ရှင်းလင်းခဲ့ပါတယ်။ ညွှန်ကြားရေးမှူး ဦးဝင်းရှိန်ကို ပြန်ပေးဆွဲ ပိတ်လှောင်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက် ဘာတွေတုံ့ပြန်ခဲ့လဲ။

ကိုရီးယား ဖိနပ်စက်ရုံပိုင်ရှင်က စက်ရုံပိတ်ပြေးလို့ နစ်နာခဲ့တဲ့ မြန်မာအလုပ်သမားတွေကို စက်ရုံကို လေလံပစ်ပြီး နစ်နာမှုတွေကို ပြန်လည်ဖြေရှင်းပေးမယ်လို့ အလုပ်သမားဝန်ကြီးဌာနက ပြောခဲ့ပေမယ့် ခုံသမာဓိရုံးက စက်တင်ဘာ ၁၆ရက်နေ့အထိ စောင့်ခိုင်းခဲ့ပါတယ်။ အလုပ်သမားတွေဟာ အဲဒီနေ့မှာ စက်ရုံရှေ့မှာ စောင့်ဆိုင်းနေချိန် အလုပ်သမားညွှန်ကြားရေးချုပ် ဦးဝင်းရှိန်ရောက်လာပြီး စက်ရုံထဲမှာ ဆွေးနွေးဖို့ကြိုးစားရာက စက်ရုံတံခါး သော့ပိတ်ခံခဲ့ရာက အရာရှိကို ပြန်ပေးဆွဲချုပ်နှောင်တယ်ဆိုပြီး ရဲတွေရောက်လာပြီး ဖြိုခွင်းလို့ အလုပ်သမား ၅ဝ ဒဏ်ရာရခဲ့ပါတယ်။ ၁၅ယောက်လောက်က ဒဏ်ရာပြင်းပြင်းထန်ထန် ရခဲ့ပါတယ်။ ဒီဖြစ်စဉ်မှာ သူတို့ဘာတစ်ခုမှ ကျူးလွန်ခဲ့တာမရှိဘူးလို့ အလုပ်သမားကိုယ်စားလှယ် မစန်းသီတာက ပြောပြပါတယ်။

စက်ရုံနံဘေးက အိုပယ်စက်ရုံက သူတို့စက်ရုံသော့ကို ကိုင်တာဖြစ်ပြီး သော့ခတ်တာ၊ သော့ပိတ်တာ အိုပယ်ကပဲလုပ်တာကြောင့် ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်ကို သူတို့တွေ တံခါးပိတ်ပြီး ပြန်ပေးဆွဲတယ်ဆိုတာ လုံးဝမဟုတ်ဘဲ သူတို့အနေနဲ့ ဦးဝင်းရှိန်ခေါ်လို့ စက်ရုံထဲလိုက်သွားပြီး နစ်နာကြေးတွေ မရဘဲ စောင့်နေရတာ ၃လနီးပါးကြာနေတာကြောင့် ဒုက္ခရောက်နေတာတွေကို တင်ပြခဲ့တာလို့ ပြောပါတယ်။

ဦးဝင်းရှိန်က ရဲတွေကိုဖုန်းဆက်ခေါ်လို့ ရဲတွေရောက်လာပြီး သူတို့ကို အကြမ်းဖက်ဖြိုခွင်းခဲ့တဲ့အကြောင်း၊ အလုပ်သမားတွေဘက်ကလည်း ရေဘူးတွေ၊ ထမင်းချိုင့်တွေနဲ့ ပြန်လည်ခုခံခဲ့တယ်လို့ ရှင်းပြပါတယ်။ အလုပ်သမားတွေဘက်က ဆွေးနွေးညှိနှိုင်းနေတာကို ရဲတွေခေါ်ပြီး အကြမ်းဖက်ဖြိုခွင်းဖို့ ဦးဝင်းရှိန်က ညွှန်ကြားခဲ့တာကြောင့် အာဏာပိုင်တွေရဲ့ပါးစပ်ထဲက ဥပဒေဆိုတာကို မတွေးရဲဘူးလို့ ပြောပါတယ်။

ရဲတွေ စက်ရုံထဲဝင်ပြီး အကြမ်းဖက် ဖြိုခွင်းလို့ ထိခိုက်ဒဏ်ရာ ရခဲ့တဲ့ မသန်းသန်းဝင်းက ဖြစ်ခဲ့တဲ့ဖြစ်စဉ်ကို ရှင်းပြပြီး ပြဿနာတွေ အမြန်ဆုံးဖြေရှင်းပေးစေချင်တယ်လို့ ပြောပါတယ်။
kamayut media

22/10/2014

**နော်ဆဲအယ်ဝါးကို နှိပ်စက်တဲ့လင်မယား ၈လကြာတဲ့အထိ မမိသေးဘူးလား**

မိသားစုစီးပွားရေးအခြေအနေအရ ဧရာဝတီတိုင်း မြောင်းမြကနေ ရန်ကုန်မှာ အိမ်ဖော်အဖြစ် လာလုပ်တဲ့ ၁၄နှစ်အရွယ် ကရင်တိုင်းရင်းသူလေး နော်ဆဲအယ်ဝါးကို အိမ်ရှင်မိသားစုက ရက်ရက်စက်စက် ညှဉ်းပမ်းနှိပ်သက်ခဲ့တဲ့အမှု တိုင်ကြားထားတာ ၈လရှိပေမယ့် အခုထိ ရဲတွေဘက်က တုတ်တုတ်မှ မလှုပ်သေးပါဘူး။ ဗဟန်းရဲစခန်းက ထွက်ပြေးနေတဲ့ ဦးကြည်လှမြင့်နဲ့ ဒေါ်သီရိကိုကိုတို့ကို မမိသေးဘူးလား။

ကမ္ဘာအေးဘုရားလမ်း ကိုယ့်မင်းကိုယ့်ချင်းရပ်ကွက် အိမ်အမှတ် ၃ဝမှာနေထိုင်တဲ့ အိမ်ရှင်လင်မယားဟာ နော်ဆဲအယ်ဝါးကို နည်းမျိုးစုံနဲ့ညှဉ်းပန်းနှိပ်စက်ပြီးနောက် ပုသိမ်ဆေးရုံကြီးကို လွှဲပြောင်းပေးပြီး အမှုကိုရှောင်ရှားဖို့ကြိုးစားခဲ့သလို ဗဟန်းရဲကိုတိုင်ကြားစဉ်မှာတော့ ထွက်ပြေးနေတယ်လို့ ရဲစခန်းက ပြီးခဲ့တဲ့ ဇွန်လတုန်းက ကမာရွတ်မီဒီယာကို ပြောခဲ့ပါတယ်။

ဝက်သားဟင်းတူးသွားလို့ ကလေးငယ်ရဲ့လက်ကို အိုးထဲနှစ်၊ ကတ်ကြေးညှပ်၊ ပလာရာနဲ့ညှပ်ပြီး နှိပ်စက်ခဲ့သလို တုတ်နဲ့ရိုက်လို့ သွားတစ်ချောင်းပဲ့သလို နှုတ်ခမ်းလည်းကွဲခဲ့တဲ့ နော်ထက်ထက် (ခ) နော်ဆဲအယ်ဝါးတစ်ယောက် အခုတော့ ဒဏ်ရာတွေသက်သာလာခဲ့လို့ ရန်ကုန်နိုင်ငံရေးသိပ္ပံကျောင်းမှာ သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့ပါတယ်။

နော်ဆဲအယ်ဝါး မတရားညှဉ်းပန်းခံရမှုအတွက် နိုင်ငံတကာအလုပ်သမားအဖွဲ့ချုပ် ILOနဲ့ ချိတ်ဆက် ဆောင်ရွက်ပေးနေတဲ့ Facilitators Network with ILO (Myanmar) နဲ့ မြန်မာနိုင်ငံ ခရစ်ယာန်အသင်းတော်များကောင်စီ MCC တို့က ပုသိမ်ရဲစခန်းမှာ အမှုဖွင့်ခဲ့ပေမယ့် ရန်ကုန်က ဗဟန်းရဲစခန်းကို လွှဲပြောင်းခဲ့တာ ၈လရှိပေမယ့် အခုထိ ထူးခြားမှုမရှိလို့ လာမယ့် အောက်တိုဘာ ၂၈ရက်နေ့မှာ တရားရုံးကနေ စတင်စွဲဆိုသွားမယ်လို့ ဦးသက်ဝေက ပြောပါတယ်။

ထွက်ပြေးတဲ့ လင်မယားဖြစ်တဲ့ ဦးကြည်လှမြင့်နဲ့ ဒေါ်သီရိကိုကိုတို့နှစ်ဦးထဲက ဦးကြည်လှမြင့်ကို မူးယစ်ဆေးမှုနဲ့ ဖမ်းဆီးမိထားတယ်လို့ သတင်းတွေ ပြန့်နေပေမယ့် ညှဉ်းပန်းနှိပ်စက်မှုနဲ့ ဖမ်းမိထားပြီလို့ အကြောင်းကြားတာမျိုး မရှိသေးဘူးလို့ ဆိုပါတယ်။

အခင်းဖြစ်တဲ့ အမှတ် ၃ဝ ကိုယ့်မင်းကိုယ့်ချင်းလမ်းနေအိမ်ကိုတော့ ရဲစခန်းက ချိတ်ပိတ်ထားပါတယ်။ နော်ဆဲအယ်ဝါးဟာ လူ့အခွင့်အရေး ကူညီဆောင်ရွက်သူ နော်မေလျှံနဲ့ လှိုင်သာယာမှာနေထိုင်နေပြီး အမှုပြီးရင် ကျောင်းပြန်တက်မယ်လို့ ပြောပါတယ်။

Address

Yangon
095

Website

Alerts

Be the first to know and let us send you an email when Stop Abuse and Support for Justice posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share