သာကေတမြို့နယ်ကြက်ခြေနီအသင်းခွဲ

  • Home
  • Myanmar
  • Yangon
  • သာကေတမြို့နယ်ကြက်ခြေနီအသင်းခွဲ

သာကေတမြို့နယ်ကြက်ခြေနီအသင်းခွဲ ရှေးဦးပြုစုတတ်သိမှုဖြင့် လူထုအကျိုးတို့သယ်ပိုးအံ့

Aye Htwe Moe,
19/09/2025

Aye Htwe Moe,

ကျမတော့ ရဲယိုသီး နဲ့ အသ’က်ဆက်နေသူမို့ သူ့ကောင်းကျိုးတွေ အသေးစိတ်လေ့လာထားပါတယ်

အခုလဲ မအားပေမဲ့ ဝေဒနာတူတွေကို ကိုယ်ချင်းစာလို့ အကြံပေးပါရစေ

သွေ:လေးဘက်နာ

ရိုးရိုးလေးဘက်နာ

ဂေါက်ရောဂါ နဲ့ ကိုယ်ခံအားကျသူ

အရိုးအဆစ် ယောင်ယမ်းနာကျင်နေသူများ

ဒီရာသီမှာ ဒီဆေ:လေး တနေ့ထမင်းစားဇွန်း တဇွန်း 2 ဇွန်း စားပေးခြင်းဖြင့် သ.က်သာ ပျောက်ကင်းကြပါစေ

ဆေ:နည်း ရဲယိုသီးအမှည့်ကိုဇကာတိုက်ပီး ရလာတဲ့ အနှစ်ကို ထန်ညက်ရည်နဲ့ အရည်ခမ်းသည်ထိ ယိုထိုးစားပါ ဇကာတိုက်ချိန်တော့ တခါသုံးလက်အိပ်နဲ့ လုပ်ပါနော် လက်ပူမာဆိုးလို့ပါ

ကျမမှာ လေးဘက်နာပိုး 600 ကျော်ကနေ သွေ:လေးဘက်နာ ဘက်ကို ဆင့်ပွားဖြစ်လာချိန် အထိုင်အထ ခက်ခဲတဲ့ ဝေဒနာ နဲ့အတူ ကိုယ်ခံအား ကျပီး အရိုးကို*က်လို့ တချိန်လုံးအော်နေရတယ်

နီးဆပ်ရာ ဆရာဝန်က ပိုးသ*တ်ဆေ:တွေonချိန်မာ ဆံပင်တွေကျွတ်တာ မြင်မကောင်းဘူး..အသားတွေ..လည်ပင်းတွေခြောက်လာတယ်..ကတုန်ကယင်တွေဖြစ်လာလို့..

နောက်ထပ် သမားတော် နဲ့ ထပ်ပြတယ်...သွေ:စစ် ရတာနဲ့ ..ဆေ:ဖိုးဆိုတာ ကုန်ရင် သိန်းကျော်ပဲ...တနှစ်ကျော် အတွင်းမှာ ပါရကူ 3 ယောက်ပြောင်းတယ်..ကောင်းပေ့ဆိုတဲ့နေရာညွန်တိုင်း သွားပြတယ်...

ဆရာဝန်က သားသမီးထပ်ယူအူးမလား မေးတော့မယူတော့ပါဘူး ပြောလို့..ပိုးသတ်.ဆေ:ပြင်းတွေ..အရိုးဆေ: အကို*က်ခဲပျောက်ဆေ: ပဲလှော်ဝါးသလို ဝါးစားနေရာကနေ

မနက်ဆို လက်ဆစ်တွေ ထုံပီးကွေးမရဘူး..ရေချိုးဖို့ရေခွက် ကိုင်ဖို့အရေး လက်ဆစ်တွေနာကျင်တယ်...လက်ဝါးတွေက အနီကွက်တွေထရင် ပူနေတာပဲ..အသားတွေလဲ အမြဲပူနေရောပဲ...

အစားမှားရင်...အရိုးကို*က်တာ မှ အရိုးတွေ ကလော်ထုတ်နေသလိုကို ခံစားရတယ်..မျက်ရည်ကျရတဲ့အထိ ဆိုးဝါးလှ တာဘဝတူတွေ သိကြပါတယ်...

အခု 4လရှိပီ..ရဲယိုသီး ယိုတမျိုးပဲ စားတယ်...အရင်ထက် စာ အရမ်းသ.က်သာလာတယ်...အသားတွေ..လက်ဝါးတွေ မပူတော့ပါဘူး...

အသားအရေ ပြန်စိုပြေပီး... အစားမမှားရင် မကို*က်ခဲဘူး..ပေါ့ပါးတယ်..အဝတ်တောင် ပြန်လျော်နိုင်တယ်...

ဆံပင်တွေပြန်ပေါက်လာတယ်...ကိုယ်ခံအားမကျတော့ဘူး..🥰🥰🥰🥰

🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰😉🥰🥰

1. သွေးဖိအားကိုချုပ်ကိုင်ပေးခြင်း
• ရဲယိုသီးဟင်းချို သို့မဟုတ် ရဲယိုဖျော်ရည် သောက်ခြင်းသည် သွေးဖိအားမြင့်သူများအတွက် သဘာဝဖြင့်ချိန်ညှိပေးနိုင်သည်။
• ဟိုက်ပာတန်ဆင် (Hibiscus sabdariffa) ဟုလည်းခေါ်သည်။

2. ကိုယ်အလေးချိန်ထိန်းချုပ်မှု
• ရဲယိုရည်သည် fat burner တစ်ခုအဖြစ်သုံးနိုင်ပြီး မောနှလုံးဖြစ်စေနိုင်သည့်ဆီအဆတင်မှုများကိုလျှော့ချပေးနိုင်သည်။
• Appetite ကိုလျော့စေနိုင်သော အစွမ်းပါရှိသည်။

3. ချိုင့်ချဉ်ခြင်းနှင့် antioxidants ပြည့်ဝမှု
• Vitamin C၊ anthocyanins (အနီရောင်ပစ္စည်းများ) များပါဝင်ပြီး ကိုယ်ခန္ဓာအတွင်းရှိအဆိပ်အတောက်များနှင့်တိုက်ဖျက်ပေးနိုင်သည်။
• အိုမင်းရင့်ရော်မှုကိုနှောင့်နှေးစေသည်။

4. အဆီဓာတ်ကိုလျော့ပေးခြင်း
• LDL (မကောင်းသောအဆီဓာတ်) ကိုလျော့ချပြီး HDL (ကောင်းသောအဆီဓာတ်) ကိုတိုးပေးနိုင်သည်။

5. အသည်းနှင့်ကျောက်ကပ်အားကောင်းစေခြင်း
• Detoxifying properties ရှိပြီး အသည်းနှင့်ကျောက်ကပ်တွင်အရေးပါသောအခန်းကဏ္ဍထမ်းဆောင်သည်။

6. ပိုးမွှားကူးစက်ရောဂါများကိုကာကွယ်နိုင်ခြင်း
• ရဲယိုအရွက်နှင့်သီးတွင် antimicrobial properties ရှိသည်။ ရောဂါပိုးများနှင့်တိုက်ဖျက်နိုင်သည်။
#ဗဟုသုတ #နည်းပညာ #ရဲယိုသီး #ကျန်းမာရေး

17/09/2025

သာကေတမြို့နယ် ကြက်ခြေနီအသင်းခွဲမှ ၂၀၂၅ ခုနှစ်အတွက် အခြေခံရှေးဦးပြုခြင်းသင်တန်း အမှတ်စဉ် (၁) ၊ (၂)၊ (၃) ၊(၄) တို့အား ၂၀၂၅ ခုနှစ် ၊ အောက်တိုဘာလ သီတင်းကျွတ် ကျောင်းပိတ်/ ရုံးပိတ်ရက်များတွင် သာကေတမြို့နယ်ရှိ ဇိနမာန်အောင် ဘုရားဝင်းအတွင်းရှိ နှစ်ထပ် အဆောက်အဦးတွင် နံနက် (၉:၀၀) နာရီမှ ညနေ (၄:၃၀) အချိန်ထိ သင်တန်းများ ဖွင့်လှစ်ပေးသွားမည်ဖြစ်ပါသည်။

ယခုပြုလုပ်မည့် ကြက်ခြေနီအခြေခံရှေးဦးပြုစုခြင်းသင်တန်းများကို စိတ်ပါဝင်စားသူများအနေဖြင့် မသိလိုက် ၊ မတက်လိုက်ရခြင်း မရှိစေရအောင် ဖွင့်လှစ်ပေးခြင်းဖြစ်ပါသဖြင့် စိတ်ပါဝင်စားသူ မည်သူမဆို Page Messenger တွင် လာရောက်စာရင်းပေးသွင်းနိုင်ပြီဖြစ်ကြောင်သတင်းကောင်း ပါးအပ်ပါသည် ။

ထမင်းဘူး မိမိအစီအစဉ်ဖြင့် ယူလာရပါမည်။
ခရီးစဉ် မိမိအစီအစဉ်ဖြင့် လာရောက်ရပါမည်။

သာကေတမြို့နယ်ကြက်ခြေနီအသင်းခွဲ

သာကေတမြို့နယ် ကြက်ခြေနီအသင်းခွဲ၏ ❤️❤️❤️ပထမအဆင့် ကြိုးစားမှု သာကေတမြို့နယ် ကြက်ခြေနီအသင်းခွဲအတွက် ပေ ၈၀  ပေ ၄၀ တစ်ကွက်ကို...
16/03/2025

သာကေတမြို့နယ် ကြက်ခြေနီအသင်းခွဲ၏ ❤️❤️❤️
ပထမအဆင့် ကြိုးစားမှု

သာကေတမြို့နယ် ကြက်ခြေနီအသင်းခွဲအတွက် ပေ ၈၀ ပေ ၄၀ တစ်ကွက်ကို ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ ၁/ထူပါရုံရပ်ကွက်၊ ၁၂ လမ်း အနောက်မှာ အနှစ်နှစ် အလလ ကြိုးစားပြီးနောက် ၂၀၂၄ ခုနှစ်၊ မေလ မှာ မြို့နယ်မှ တာဝန်ရှိသူများ၏ အထူးပံ့ပိုး ကူညီပေးမှုကြောင့် ရရှိခဲ့ပါတယ်။

ယခု ဒုတိယအဆင့် ကြိုးစားမှု

ရရှိသော မြေနေရာမှာ သစ်ပင်များကြောင့် တောအုပ်ပုံစံလေးလိုဖြစ်နေ စွန့်ပစ်အမှိုက်များ တို့ကြောင့် ပထမတစ်ကြိမ်ရှင်းလင်းခဲ့သောလည်း မိုးရာသီ မိုးများစွာရွာသွန်းသဖြင့် သစ်ပင်ငယ် သစ်ပင်ကြီးများဖြင့် ပြန်လည်ရှင်သန်နေသဖြင့် ယနေ့တွင် ဘတ်ဖူးလ် ဖြင့် မြေနေရာအား ရှင်းလင်းရေး ဆောင်ရွက်ခဲ့ပါသည်။ မနက်ဖြန် အပြီးသတ်ပါမည်။

တတိယအဆင့် ကြိုးစားမှုအတွက် အားလုံး ဝိုင်းဝန်းကူညီဖို့ လိုပါတယ်ရှင်

ကျွန်မ မည်သည့် တစ်ကြိမ်တစ်ခါမျှ ကြက်ခြေနီနဲ့ပတ်သက်ပြီး အလှူခံဘူးခြင်းမရှိခဲ့ပါ။ ယခု မြေညှိခြင်း၊ မြေကြီးထည့်ခြင်း၊ ခြံစည်းရိုးကာရံခြင်းနှင့် အောက်ခြေ ကွန်ကရစ်ခင်းခြင်း၊ လျှပ်စစ်မီးရရှိရေး၊ အိမ်သာ၊ ရေရရှိရေး၊ အမိုးကာရံခြင်းနှင့် အဆောက်အဦး ဆောက်လုပ်ရန်အတွက် ရံပုံငွေ လိုအပ်လျှက်ရှိပါသည်။

ထိုသို့ရုံးအနေအထားဖြင့် သီးသန့်ဖြစ်သွားပါက သာကေတမြို့နယ်ကြက်ခြေနီအသင်းခွဲအနေဖြင့် ၂၄ နာရီ ပြည်သူများအတွက် Ambulance ဝန်ဆောင်မှုပေးနိုင်ခြင်း၊ ပြည်သူများအတွက် သွေးလှူဒန်းမှုများ ချက်ချင်းစီစဉ်ပေးနိုင်ခြင်း၊ သင်တန်းများ အဆက်မပြတ် ဖွင့်ပေးနိုင်ခြင်း၊ သိုလှောင်ရုံ တစ်ခုစီစဉ်ထားရှိခြင်းနိုင်ခြင်း၊ ပြည်သူများအတွက် အခမဲ့ဆေးခန်းဖွင့်ပေးနိုင်ရန် ဆောင်ရွက်ခြင်း၊ ကြက်ခြေနီစေတနာ့ဝန်ထမ်းများအား ဘာသာရပ်အလိုက် ကျွမ်းကျင်မှုပေးနိုင်ရေး ဆောင်ရွက်စေပြီး မည်သည့်အဖွဲ့အစည်း လာရောက်သည်ဖြစ်စေ သူ့ကဏ္ဍအလိုက် ရှင်းပြနိုင်ရေး သင်တန်းပေးခြင်းများ ဆောင်ရွက်ပေးနိုင်ခြင်း၊ မြို့နယ်အဆင့် Emergency
Opetation center ရုံးခန်းငယ် တစ်ခန်းဖွင့်၍ သက်
ဆိုင်ရာများနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရေး၊ အသင်းရှိ တပ်ဖွဲ့ဝင်များအား အင်္ဂလိပ်ဘာသာစကား ပြောဆိုတတ်ရန် မြို့နယ်တွင်းရုံးခန်းတွင် ဆောင်ရွက်စေခြင်းတို့အား ဆောင်ရွက်နိုင်ရန် သာကေတမြို့နယ် ကြက်ခြေနီအသင်းခွဲရုံးတည်ဆောက်ရေးအတွက် ပြည်သူအားလုံးနှင့် ကျွန်မ၏ မိတ်ဆွေများ အားလုံး (၅၀၀၀) ၊ (၁၀၀၀၀)ကျပ်မှစ၍ ပံ့ပိုးပါဝင် လှူဒါန်းနိုင်ပါရန် ဖိတ်ခေါ်အပ်ပါတယ်ရှင်။

တစ်ဦးတည်း အလှူရှင်အဖြစ် လှူဒါန်းလိုပါကလည်း
အောက်ဖော်ပြပါ ဖုံးနံပါတ်များသို့ ချိတ်ဆက် လှူဒါန်းနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါတယ်ရှင်

လှူဒါန်းမှု စာရင်းများကို သာကေတမြို့နယ် ကြက်ခြေနီအသင်းခွဲ Page မှ ဖော်ပြပေးသွားမှာဖြစ်ပါတယ်ရှင်

ဦးအောင်မင်း ဥက္ကဌ- 09 5090027
ဦးအောင်အောင် ဒု ဥက္ကဌ- 09 5194635
ဦးသန်းကိုကို EC - 09 5012064
ဒေါ်လှလှဝေ EC - 09 510038

လှူဒါန်းရန် Kpay , Wave pay, AYA pay PH: 09
449249657 (Aye Htwe Moe ) မြို့နယ်တပ်ဖွဲ့မှူး သို့ လှူဒါန်းနိုင်ပါကြောင်း

သာကေတမြို့နယ်ကြက်ခြေနီအသင်းခွဲ

14/01/2025

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိူလ် (စစ်ကိုင်း) တွင် ဖွင့်လှစ်မည့် MBA, MPA နှင့် MAR မဟာဘွဲ့သင်တန်းများ

29/12/2024

ရန်ကုန်အဝေးသင်တက္ကသိုလ်တွင် ဖွင့်လှစ်မည့် Online Certificate သင်တန်းများ

11/11/2024

သာကေတမြို့နယ်၊ ကြက်ခြေနီအသင်းခွဲမှ ၁၅-၁၁-၂၀၂၄ ရက်နေ့မှ ၁၇-၁၁-၂၀၂၄ ရက်နေ့အထိ နံနက် ၉:၀၀ နာရီမှ ညနေ ၄:၃၀ အထိ သာကေတမြို့နယ် ဇိနမာန်အောင် ဘုရားဝန်းအတွင်းရှိ နှစ်ထပ်ဆောင်တွင် ဖွင့်လှစ်မည့် အခြေခံရှေးဦးပြုစုခြင်း သင်တန်းသို့ တက်ရောက်ကြမည့် သင်တန်းသား / သင်တန်းသူများရှင်

သင်တန်းသို့ မိမိအစီအစဉ်ဖြင့် လာရောက်ကြရမည်ဖြစ်ပြီး ထမင်းချိုင့် ၊ ဘောပင်၊ စာအုပ်များ ယူဆောင်လာရပါမည်။

မိမိကိုယ်ပိုင်အဖြစ် အသုံးပြု လေ့ကျင့် ၊လေ့လာလိုသူများအနေဖြင့် မှာယူလိုပါက လေ့ကျင့်ရေးအတွက် သုံးထောင့်ပတ္တီး တစ်ခု ၄၀၀၀/ ကျပ်နှင့် အခြေခံရှေးဦးပြုစုခြင်း စာအုပ် ၄၀၀၀/ ကျပ်တို့ဖြစ်ပါသည်။

နေ့စဉ် နံနက် (၈:၃၀) အရောက် လာရောက်ပေးကြပါရန်

07/11/2024

အခြေခံရှေးဦးပြုခြင်းသင်တန်း အမှတ်စဉ် (၁) ၊ (၂)၊ (၃) တို့အား ၁၅-၁၁-၂၀၂၄ မှ ၁၇-၁၁-၂၀၂၄ ရက်နေ့အထိ သာကေတမြို့နယ် ဇိနမာန်အောင် ဘုရားဝင်းအတွင်းရှိ နှစ်ထပ်ဆောင်တွင် နံနက် (၉:၀၀) နာရီမှ ညနေ (၄:၃၀) အချိန်ထိ သင်တန်းဖွင့်လှစ်သွားမည်ဖြစ်ပါသဖြင့် စိတ်ပါဝင်စားသည့် မည်သူမဆို Page Messenger တွင် စာရင်းပေးသွင်းနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။

သာကေတမြို့နယ် ကြက်ခြေနီအသင်းခွဲ

သာကေတမြို့နယ်မှ ပြည်သူများအတွက် ကျန်းမာရေးအသိပညာပေး ပိုစတာ
06/07/2024

သာကေတမြို့နယ်မှ ပြည်သူများအတွက် ကျန်းမာရေးအသိပညာပေး ပိုစတာ

“ဝမ်းပျက်ဝမ်းလျှောရောဂါအကြောင်းသိကောင်းစရာ”-ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားပါက လတ်တလော အရည်ဝမ်းသွားခြင်း၊ အော့အန်ခြင်းသည့...
06/07/2024

“ဝမ်းပျက်ဝမ်းလျှောရောဂါအကြောင်းသိကောင်းစရာ”
-ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားပါက လတ်တလော အရည်ဝမ်းသွားခြင်း၊ အော့အန်ခြင်းသည့် လက္ခဏာများကိုတွေ့ရှိရပြီး ရေဓါတ်ခန်းခြောက်ခြင်းကို ဖြစ်ပွားစေပါသည်
-အသက်အရွယ်မရွေး ဆိုးရွားစွာ အန္တရာယ်ရှိနိုင်သလို အထူးသဖြင့် ကလေးသူငယ်များအတွက် အသက်အန္တရာယ်ရှိနိုင်ပါသည်
- ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားခြင်းအား
ကြိုတင်ကာကွယ်နိုင်သလို ကုသ၍လည်း ရနိုင်ပါသည်
✅ဆပ်ပြာ၊သန့်စင်သည့်ရေတို့ဖြင့် လက်နှစ်ဖက်စလုံးကို ဆေးကြောပါ
✅သန့်စင်သည့်ရေကိုသာ သောက်သုံးပါ
✅အစားအစာများကို အမြဲဖုံးအုပ်ထားပါ
✅ဓါတ်ဆားရည်သောက်ပါ
✅ ကလေးအား မိခင်နို့တစ်မျိုုးထဲကိုသာ
ဆက်လက်တိုက်ကျွေးပါ

https://bit.ly/3VMyhGl

သာကေတမြို့နယ် ကြက်ခြေနီအသင်းခွဲအတွက် ဒုတိယမြောက်ခြေလှမ်း ယနေ့မြေကွက်လိုင်စင် ပေ ၈၀ ပေ ၄၀ အတွက် ငွေပေးသွင်းပြီး  ဆက်လက်ပြ...
27/05/2024

သာကေတမြို့နယ် ကြက်ခြေနီအသင်းခွဲအတွက် ဒုတိယမြောက်ခြေလှမ်း ယနေ့မြေကွက်လိုင်စင် ပေ ၈၀ ပေ ၄၀ အတွက် ငွေပေးသွင်းပြီး ဆက်လက်ပြီးတော့လည်း ရုံးဆောက်ရန်အတွက် အခက်အခဲမရှိ အောင်မြင်ပါစေ လို့ ဆုတောင်းပေးကြပါအုံးနော် ကျေးဇူးတင်ထိုက်သူအားလုံးကို ကျေးဇူးအထူးတင်ရပါတယ်ရှင် ❤️❤️❤️❤️❤️

မှတ်မှတ်ရရ ဒိတ်လှလှ ၂၇ ရက်နေ့ ၉ ဂဏန်းလေးပေါ့

၂၇-၅-၂၀၂၄

Address

Yangon
11231

Telephone

+959449249657

Website

Alerts

Be the first to know and let us send you an email when သာကေတမြို့နယ်ကြက်ခြေနီအသင်းခွဲ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to သာကေတမြို့နယ်ကြက်ခြေနီအသင်းခွဲ:

Share