Yoga O'clock

Yoga O'clock Yoga & Pilates

Yoga တစ်နာရီမှာ အပျော်ဆုံးအချိန်ကို ပြပါဆိုရင်... Shavasana (Co**se Pose) အချိန်ပါပဲ! 😂🙌​ချွေးတွေထွက်၊ အားတွေစိုက်ပြီးမှ...
27/03/2026

Yoga တစ်နာရီမှာ အပျော်ဆုံးအချိန်ကို ပြပါဆိုရင်... Shavasana (Co**se Pose) အချိန်ပါပဲ! 😂🙌

​ချွေးတွေထွက်၊ အားတွေစိုက်ပြီးမှ ရလာတဲ့ ဒီဇိမ်လေးက ဘာနဲ့မှမလဲနိုင်ဘူးနော်။

တချို့ဆို Shavasana မှာတင် ဟောက်သံလေးတွေတောင် ထွက်လာတတ်တယ် (ဘယ်သူတွေလဲ ဝန်ခံလိုက်တော့နော်! 😜)။

ဒါပေမဲ့ ဒါဟာလည်း Yoga ရဲ့ အစိတ်အပိုင်းတစ်ခုပါပဲ။ ကိုယ့်ကိုယ်ကိုယ် လုံးဝ Relax ဖြစ်သွားတဲ့ လက္ခဏာပေါ့...။

Peace starts within Shavasana ...

Yoga ကျင့်စဉ်တစ်ခုကို အဆုံးသတ်တဲ့အခါတိုင်း Shavasana ကို မဖြစ်မနေ ထည့်သွင်းရခြင်းက ခန္ဓာကိုယ်ရဲ့ ပင်ပန်းနွမ်းနယ်မှုတွေကို ပြေလျော့စေဖို့ သက်သက်တင် မဟုတ်ပါဘူး။
တစ်နာရီနီးပါး အားစိုက်ထုတ်ခဲ့ရတဲ့ ကိုယ်လက်လှုပ်ရှားမှုတွေကနေ ရရှိလာတဲ့ ကောင်းကျိုးတွေကို ခန္ဓာကိုယ်ထဲမှာ အနည်ထိုင်ပြီး စုပ်ယူနိုင်အောင် အခွင့်အရေးပေးလိုက်တဲ့ သဘောလည်း ဖြစ်ပါတယ်။

အတတ်နိုင်ဆုံး ငြိမ်သက်ခြင်း - Shavasana ကို "Co**se Pose" (အလောင်းကဲ့သို့ အိပ်စက်ခြင်း) လို့ ခေါ်ဆိုရခြင်းက ခန္ဓာကိုယ်ရဲ့ ဘယ်အစိတ်အပိုင်းကိုမှ
မလှုပ်ရှားဘဲ လုံးဝ ငြိမ်သက်နေဖို့ လိုအပ်လို့ပါ။ ခန္ဓာကိုယ် ငြိမ်သက်သွားတဲ့အခါ စိတ်အာရုံဟာလည်း ပစ္စုပ္ပန်တည့်တည့်ကို ရောက်ရှိလာတတ်ပါတယ်။

• ​Physical to Mental - ဒီကျင့်စဉ်ဟာ ကြွက်သားတွေကို ပြေလျော့စေရုံသာမက Stress ဟော်မုန်းတွေကို လျော့ကျစေပြီး သွေးဖိအားကိုလည်း ညီညွတ်စေပါတယ်။

• ​သတိကပ်ခြင်း (Awareness) - Shavasana ဟာ အိပ်ပျော်သွားဖို့ မဟုတ်ပါဘူး။ တစ်ကိုယ်လုံး Relax ဖြစ်နေပေမယ့် စိတ်ထဲမှာတော့ သိစိတ်ရှိရှိ သတိအပြည့်နဲ့ ကိုယ့်ရဲ့ ထွက်လေ၊ ဝင်လေကို စောင့်ကြည့်နေရတဲ့ ကျင့်စဉ်တစ်ခုလည်း ဖြစ်ပါတယ်။

Shavasana ပြုလုပ်နေစဉ်အတွင်း Parasympathetic Nervous System (ခန္ဓာကိုယ်ကို အနားယူစေသော စနစ်) ကို လှုံ့ဆော်ပေးပါတယ်။ ဒါ​ကြောင့်ပဲ
• ​နှလုံးခုန်နှုန်းကို ပုံမှန်ဖြစ်စေတယ်။
• ​သွေးတိုးကျစေတယ်။
• ​စိုးရိမ်ပူပန်မှု (Anxiety) နှင့် စိတ်ပင်ပန်းနွမ်းနယ်မှု​တွေကို လျော့ကျစေပါတယ်။

​ဒီလို အနားယူတဲ့အခါမှာ
တစ်ခါတစ်​လေ တီးလုံးအေးအေးလေးနဲ့ အနား​ယူစေသလို တစ်ခါတစ်​လေလည်း Relaxing Instructions ​တွေနဲ့ အနားယူ​စေပါတယ်။

Practioners ​လေး​တွေ​ရော ဘယ်လိုအနားယူရတာ
ပိုသ​ဘောကျသလဲ comment မှာ ​ဖြေ​ပေးခဲ့ပါအုန်း​နော် 👇🏻🥰

Yoga O'clock Studio

သင်တန်းလိပ်စာ
တိုက်-၃၂(၄လွှာ-အေ)၊ တောင်မြင်းပြိုင်ကွင်းလမ်း၊ YKKO အနီး၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့။

အသေးစိတ်သိရှိလိုပါက Page messenger မှဖြစ်​စေ
ဖုန်း 09795276993 သို့ဖြစ်​စေ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါတယ်ရှင်။



15/03/2026

ချွေး​တွေနဲ့ ​မောသွားကြပြီမို့
ပြန်ခါနီး ​ပျော်​ပျော်ပါးပါး အ​ကြော​လျှော့ 🥰

Yoga O'clock Studio
သင်တန်းလိပ်စာ
တိုက်-၃၂(၄လွှာ-အေ)၊ တောင်မြင်းပြိုင်ကွင်းလမ်း၊ YKKO အနီး၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့။

အသေးစိတ်သိရှိလိုပါက
ဖုန်း 09795276993 သို့ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါတယ်ရှင်။


ဒီဘက်​ခေတ် အမျိုးသမီး​တွေဟာ မိသားစုအ​ရေး ကျန်းမာ​ရေး စီးပွား​ရေးအပြင် ကိုယ့်ကိုယ်ကိုယ်လည်းကျန်းမာပြီး လှပသပ်ရပ်​​အောင်​န...
14/03/2026

ဒီဘက်​ခေတ် အမျိုးသမီး​တွေဟာ မိသားစုအ​ရေး ကျန်းမာ​ရေး စီးပွား​ရေးအပြင် ကိုယ့်ကိုယ်ကိုယ်လည်းကျန်းမာပြီး လှပသပ်ရပ်​​အောင်​နေနေကြတာ
ဘယ်​နေရာမှ ​လျော့မ​နေဘူး​...။

နေပူပူ မိုးရွာရွာ ဘယ်လို အခက်အခဲတွေပဲရှိပါစေ... ကိုယ့်အတွက်ကိုယ် အချိန်ပေးပြီး သင်တန်းကို
အရောက်လာကြတယ်။

ဘဝရဲ့ အခက်အခဲ​တွေ​ ​တော်​တော်များများကိုလည်း ကြံ့ကြံ့ခံ ​​ကျော်ဖြတ်​နေကြတာ တကယ်ကို ​​လေးစားရ​လောက်တဲ့ အထိပါပဲ ...။

ဒီလိုဘက်​ပေါင်းစုံ ​တော်ကြတဲ့ အမျိုးသမီး​တွေနဲ့
ခုလိုမျိုးဆုံဆည်းရပြီး ယောဂဆရာမတစ်​ယောက်အ​နေနဲ့ရပ်တည်ခွင့်ရတဲ့အတွက်လည်း ကိုယ်ကိုယ်ကိုယ်​ကျေနပ်မိပါတယ်။

အများကြီးလည်း တန်ဖိုးထား ချစ်ခင်ရပါတယ်ရှင်။

အားလုံးပဲ အမြဲတမ်း ကျန်းမာလှပပြီး ထက်မြတ်တဲ့ အမျိုးသမီးတွေအဖြစ် ဆက်လက် တောက်ပနေကြပါစေရှင်။


ယောဂစတင်ချင်သူတွေ အမေးများဆုံးမေးခွန်း -*** Beginner တန်းကိုဘယ်နှလတက်ပြီးရင် Intermediate အတန်းကိုတက်လို့ရပြီလဲ? ***ယောဂ...
11/03/2026

ယောဂစတင်ချင်သူတွေ အမေးများဆုံးမေးခွန်း -
*** Beginner တန်းကိုဘယ်နှလတက်ပြီးရင် Intermediate အတန်းကိုတက်လို့ရပြီလဲ? ***

ယောဂဆိုတာ ပန်းတိုင်တစ်ခုကို အပြေးသွားတာမျိုးမဟုတ်ဘဲ ကိုယ့်ခန္ဓာကိုယ်ကို ပြန်လည်မိတ်ဆက်ပေးရတဲ့ ခရီးစဉ်တစ်ခုပါ။

တစ်​ယောက်နဲ့တစ်​ယောက် လက်ခံနိုင်စွမ်း​တွေ
မတူညီကြတာမို့ ဘယ်နှချိန် ဘယ်နှလမှာ ဆိုတာမျိုး သတ်မှတ်ချက် အတိအကျမရှိပါဘူးရှင်...

အဓိက က Yoga O'clock မှာ ဖွင့်ထားတဲ့
Pure Beginner Class ရဲ့ ရည်ရွယ်ချက်က
တစ်ခါမှ ​​ယောဂမ​လေ့ကျင့်ဖူးတဲ့သူ​တွေအတွက်
Asana တစ်ခုချင်းဆီတိုင်းရဲ့ အ​ခြေခံသ​ဘောတရား​လေး​တွေကို နားလည်ပြီး အသက်ရှူသွင်း၊ ရှူထုတ်တာကအစ ကိုယ်နေဟန်ထား အမှားအယွင်းမရှိစေဖို့ ဆောင်ရန်/ရှောင်ရန်တွေကို အ​သေးစိတ်သတိထားပြီး Injury ကင်းကင်းနဲ့ ​လေ့ကျင့်တတ်သွားဖို့ရန် ရည်ရွယ်ပါတယ်။

ကိုယ့်ရဲ့ အသက်ရှူနှုန်းကို ထိန်းချုပ်နိုင်လာပြီ၊ အခြေခံ ပို့စ် (Pose) တွေကို သတိရှိရှိနဲ့ မှန်ကန်အောင် လုပ်နိုင်ပြီဆိုရင် Level မြှင့်ဖို့ အဆင်သင့်ဖြစ်ပါပြီ။

လူတစ်ယောက်ချင်းစီရဲ့ တိုးတက်မှုအလိုက် တီချယ်က သေချာ ​လေ့ကျင့်ပေးသွားမှာပါ။

​"ယောဂဆိုတာ အမြန်နှုန်းထက် မှန်ကန်ဖို့က
ပိုအရေးကြီးပါတယ်"

မိမိရဲ့ အရှိန်အဟုန်အတိုင်း ဖြည်းဖြည်းချင်း လေ့ကျင့်ရင်းနဲ့ပဲ စိတ်နဲ့ ခန္ဓာကိုယ်ရဲ့ ပြောင်းလဲမှုတွေကို အတူတူ ခံစားကြည့်ရအောင်ပါရှင်...။

သင်တန်းလိပ်စာ
တိုက်-၃၂(၄လွှာ-အေ)၊ တောင်မြင်းပြိုင်ကွင်းလမ်း၊ YKKO အနီး၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့။

အသေးစိတ်သိရှိလိုပါက page messenger မှဖြစ်​စေ၊
ဖုန်း 09795276993 သို့ဖြစ်စေ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါတယ်ရှင်။


အပြောင်းအလဲတစ်ခုအတွက် 'ခြေလှမ်းတစ်လှမ်း' ပဲ လိုအပ်ပါတယ်။​သင်တန်းကဖျာပေါ်သာ ရောက်အောင်လာခဲ့ပေးပါ၊ ကျန်တာ တီချယ့်တာဝန်ပါ။သ...
07/03/2026

အပြောင်းအလဲတစ်ခုအတွက် 'ခြေလှမ်းတစ်လှမ်း' ပဲ လိုအပ်ပါတယ်။

​သင်တန်းကဖျာပေါ်သာ ရောက်အောင်လာခဲ့ပေးပါ၊ ကျန်တာ တီချယ့်တာဝန်ပါ။

သင်တန်းလိပ်စာ
တိုက်-၃၂(၄လွှာ-အေ)၊ တောင်မြင်းပြိုင်ကွင်းလမ်း၊ YKKO အနီး၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့။

အသေးစိတ်သိရှိလိုပါက
ဖုန်း 09795276993 သို့ ဆက်သွယ်စုံစမ်း
မေးမြန်းနိုင်ပါတယ်ရှင်။

"မနက်ဖြန်ကစလို့ 'စုံ' တစ်ရက် 'မ' တစ်ရက် တက်ရောက်ရမယ့် သင်တန်းရက်လေးတွေ စတင်ပါပြီ။​ကြုံလာရတဲ့ အခက်အခဲတွေကို လှလှပပ ကျော်ဖ...
06/03/2026

"မနက်ဖြန်ကစလို့ 'စုံ' တစ်ရက် 'မ' တစ်ရက်
တက်ရောက်ရမယ့် သင်တန်းရက်လေးတွေ စတင်ပါပြီ။

​ကြုံလာရတဲ့ အခက်အခဲတွေကို လှလှပပ
ကျော်ဖြတ်နိုင်ကြပါစေ။

'If life gives you lemons, make lemonade.' ဆိုသလိုပဲ... ဘဝရဲ့ ခါးသီးမှုတွေကို ချိုမြိန်တဲ့ အောင်မြင်မှုတွေအဖြစ် ပြောင်းလဲနိုင်ကြပါစေရှင်။

အခက်အခဲတွေကြားကနေ ကြိုးစားပြီး လာရောက်ကြမယ့် တစ်ဦးတစ်ယောက်ချင်းစီတိုင်းကိုလည်း
နွေးထွေးစွာ စောင့်ကြိုနေပါမယ်ရှင်။

Yoga O'clock Studio
သင်တန်းလိပ်စာ
တိုက်-၃၂(၄လွှာ-အေ)၊ တောင်မြင်းပြိုင်ကွင်းလမ်း၊ YKKO အနီး၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့။

အသေးစိတ်သိရှိလိုပါက
ဖုန်း 09795276993 သို့ဖြစ်စေ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါတယ်ရှင်။

03/03/2026

စိတ်ဖိစီး​နေတာ​တွေ အားလုံး လွှတ်ချထားခဲ့ပါ...
လာပါ ...​ပျော်ရွှင်ရခြင်း​တွေက ကိုယ်နဲ့ထိုက်တန်ပါတယ်...​။

🏘 သင်တန်းလိပ်စာ
တိုက်-၃၂(၄လွှာ-အေ)၊ တောင်မြင်းပြိုင်ကွင်းလမ်း၊ YKKO အနီး၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့။

အသေးစိတ်သိရှိလိုပါက Page messenger မှဖြစ်စေ၊
ဖုန်း 09795276993 သို့ဖြစ်စေ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါတယ်ရှင်။

သင်တန်းတည်​နေရာ Google Map 👇🏻
https://maps.app.goo.gl/YvDU6XjfmH1zXouL9?g_st=ac



တာမွေနှင့်အနီးတဝိုက် Yoga Studio ရှာနေသူများအတွက် March လအတွက် Class Schedule လေးပါရှင်...။Yoga ကို အခြေခံကနေ အဆင့်မြင့်...
25/02/2026

တာမွေနှင့်အနီးတဝိုက် Yoga Studio ရှာနေသူများအတွက် March လအတွက် Class Schedule လေးပါရှင်...။

Yoga ကို အခြေခံကနေ အဆင့်မြင့်အထိ
တစ်ဦးချင်းစီ အနီးကပ် အသေးစိတ်စနစ်တကျ
သင်ကြားပြသပေးလျက်ရှိပါတယ်။

ကျယ်ဝန်းသန့်ပြန့်ပြီး လေဝင်လေထွက်ကောင်းတဲ့ Yoga Studio

စိတ်ရှည်ပြီး စနစ်တကျသင်ကြားပြသပေးတဲ့
တီချယ်အေးမြတ် (International Certified Yoga Instructor - RYT 500, RYT 300)

ကောင်းမွန်တဲ့ ပတ်ဝန်းကျင်၊ လွယ်ကူတဲ့ ကားပါကင်၊
Locker၊ Shower Room အပြင် Sportswear တွေပါ အလွယ်တကူဝယ်ယူလို့ရနိုင်အောင် စီစဥ်ပေးထားပါသေးတယ်။

သင်တန်းဘက်က လက်မချော်တဲ့ဖျာ၊ Block၊ Wheel နဲ့ Strip တွေလည်း စီစဥ်ထားရှိပေးပါတယ်။

⏱️Class Schedule
Saturday & Sunday
(Beginner to Intermediate Level)
8:00 - 9:00 AM

Saturday & Sunday
(Pure Beginner Level)
9:30 - 10:30 AM
4:30 - 5:30 PM

Monday, Tuesday & Wednesday
(Beginner to moderate Level)
6:30 - 7:30 AM

Monday to Thursday
(Beginner to Intermediate Level)
10:00 - 11:00 AM

Monday to Thursday
(Beginner to Intermediate Level)
5:45 - 6:45 PM

အတန်းအားလုံးကို လူဦးရေကန့်သတ်ထားတာမို့
အမြန်ဆုံးအပ်နှံထားမှ စိတ်ချရပါမယ်ရှင်...။

🏘 သင်တန်းလိပ်စာ
တိုက်-၃၂(၄လွှာ-အေ)၊ တောင်မြင်းပြိုင်ကွင်းလမ်း၊ YKKO အနီး၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့။

အသေးစိတ်သိရှိလိုပါက Page messenger မှဖြစ်စေ၊
ဖုန်း 09795276993 သို့ဖြစ်စေ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါတယ်ရှင်။

သင်တန်းတည်​နေရာ Google Map 👇🏻
https://maps.app.goo.gl/YvDU6XjfmH1zXouL9?g_st=ac



* ပြစ်တင်​ဝေဖန်ခြင်းနှင့် လွှမ်းမိုးချုပ်ကိုင်လိုခြင်း *မိသားစုဝင်တွေ ဒါမှမဟုတ် မိတ်ဆွေသူငယ်ချင်းတွေအပေါ် ပြစ်တင်ဝေဖန်တာ...
20/02/2026

* ပြစ်တင်​ဝေဖန်ခြင်းနှင့် လွှမ်းမိုးချုပ်ကိုင်လိုခြင်း *

မိသားစုဝင်တွေ ဒါမှမဟုတ် မိတ်ဆွေသူငယ်ချင်းတွေအပေါ် ပြစ်တင်ဝေဖန်တာနဲ့ လွှမ်းမိုးချုပ်ကိုင်ဖို့
ကြိုးစားတာဟာ ရေရှည်မှာ ကိုယ့်ရဲ့လူမှုဆက်ဆံရေးကို အဆိပ်သင့်စေပြီး နှစ်ဦးနှစ်ဖက်လုံးကို နာကျင်စေပါတယ်။

အသေးအမွှားလေးကအစ အပြစ်ရှာတတ်တဲ့ အကျင့်ဟာ ချစ်လို့ပြောတာ မဟုတ်ပါဘူး၊ လူတစ်ယောက်ရဲ့ 'ယုံကြည်မှု' ကို သတ်ဖြတ်နေတာပါ။

​အပြစ်မဟုတ်တာကို အပြစ်လုပ်ပြောခံရတဲ့အခါ
လူတစ်ယောက်ဟာ သိမ်ငယ်စိတ်တွေ ဝင်လာပြီး
ဘာလုပ်လုပ် မရဲမဝံ့ ဖြစ်လာတတ်ပါတယ်။

​လူတစ်ယောက်ကို ရုပ်ပိုင်းဆိုင်ရာ ထိုးနှက်တာက
အနာကျက်လွယ်ပေမဲ့၊ စကားလုံးနဲ့ ထိုးနှက်တာကတော့
"မမြင်ရတဲ့ စိတ်ဒဏ်ရာ" (Invisible Scars) တွေကို ဖြစ်စေပါတယ်။

• ​အမြဲတမ်း အပြစ်တင်ခံရသူဟာ နောက်ပိုင်းမှာ
"ငါဘာလုပ်လုပ် မှားနေတာပဲ" ဆိုတဲ့ အတွေးမျိုး
ဝင်လာတတ်ပါတယ်။
• ​သူတစ်ပါးရဲ့ ဝေဖန်မှုကို ကြောက်ရွံ့လာပြီး
လူတောမတိုးရဲတာ၊ သံသယစိတ်များတာ၊
စိုးရိမ်စိတ် (Anxiety) မြင့်တက်လာတာမျိုးတွေ
ခံစားရတတ်ပါတယ်။

​ဒါ့အပြင် ပြစ်တင်စကားတွေဟာ လူတစ်ယောက်ရဲ့ Self-esteem (မိမိကိုယ်ကို တန်ဖိုးထားမှု) ကို
တိုက်စားပစ်ပါတယ်။

• ​အပြစ်တင်စကား ခဏခဏ ကြားရတဲ့အခါ
မိမိကိုယ်ကို ယုံကြည်မှုတွေ ပျောက်ဆုံးပြီး သိမ်ငယ်စိတ် (Inferiority Complex) တွေ ဝင်လာပါတယ်။

• ​"ငါက မတော်ဘူး၊ ငါက အသုံးမကျဘူး" ဆိုပြီး
ကိုယ့်ကိုယ်ကိုယ် သတ်မှတ်မိသွားတဲ့အတွက် တကယ်တမ်း လုပ်နိုင်တဲ့ အရည်အချင်းရှိရင်တောင် အကောင်းဆုံး မစွမ်းဆောင်နိုင်တော့ပါဘူး။

"ချီးကျူးစကား တစ်ခွန်းဟာ လူတစ်ယောက်ရဲ့
တစ်နေ့တာလုံးကို တောက်ပသွားစေနိုင်သလို၊
ပြစ်တင်စကား တစ်ခွန်းကလည်း လူတစ်ယောက်ရဲ့ ဘဝတစ်ခုလုံးကို မှောင်မိုက်သွားစေနိုင်ပါတယ်။"

ကိုယ်တိုင်က ပြစ်တင်​ဝေဖန်တတ်သူလား
ဒါမှမဟုတ် ပြစ်တင်​ဝေဖန်ခံရခြင်း​တွေ​ကြောင့်
ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု​ပျောက်ဆုံး​နေသူလား

* စဥ်းစားဆင်ခြင်သင့်ပါပြီ.....

ကိုယ့်ရဲ့​ ဝေဖန်ပြစ်တင်တတ်တဲ့အကျင့်​ကြောင့်
ကိုယ့်ရဲ့မိသားစုဝင်၊ ကိုယ့်ရဲ့ သားသမီး​တွေနဲ့
လူ ဘယ်နှစ်​ယောက်​လောက်ကို
စိတ်ဒဏ်ရာ​တွေ ​ပေးခဲ့ပြီးပြီလဲ ... ?

ဒီလုပ်ရပ်​တွေကိုတမင်တကာဖြစ်​စေ၊ အမှုမဲ့အမှတ်မဲ့ဖြစ်​စေ လုပ်​နေမိပြီဆိုရင် ရပ်တန်းက ရပ်လိုက်ပါ​တော့။

ပိုမို​ကောင်းမွန်တဲ့ ​နေ့ရက်​တွေအတွက်
ပြစ်တင်​ဝေဖန်ခြင်း​တွေအစား ​
ကောင်းကွက်​လေး​တွေရှာပြီး ချီးကျူးဂုဏ်ပြု​​ပေးတဲ့
အကျင့်​​လေးတွေကို ​ပြောင်းလဲလိုက်ပါ​​တော့...။

စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာဆိုတာ ​" ဝေဖန်ပြစ်တင်ပြီး လွှမ်းမိုးချုပ်ကိုင်ခြင်း" မဟုတ်ဘဲ တစ်ဖက်လူရဲ့ ဖြစ်တည်မှုကို "နားလည်လက်ခံပေးခြင်း" သာ ဖြစ်ပါတယ်။

အားလုံးပဲ ​ဝေဖန်ပြစ်တင်ခံရခြင်း​တွေမှ
လွတ်​မြောက်နိုင်ကြပါ​စေ...။


" ​ယောဂနှင့် စိတ်ကျန်းမာ​ရေး "Yoga ဟာ ခန္ဓာကိုယ်ကျန်းမာဖို့တင်မကဘဲ စိတ်ကျန်းမာရေး (Mental Wellness) အတွက်ပါ အံ့သြစရာကောင...
19/02/2026

" ​ယောဂနှင့် စိတ်ကျန်းမာ​ရေး "

Yoga ဟာ ခန္ဓာကိုယ်ကျန်းမာဖို့တင်မကဘဲ စိတ်ကျန်းမာရေး (Mental Wellness) အတွက်ပါ အံ့သြစရာကောင်းလောက်အောင် ထိရောက်မှုရှိပါတယ်။

​​​လေ့ကျင့်ချိန် ၁ နာရီ​လေးမှာ ပြင်ပက အ​ကြောင်းအရာ​​တွေအားလုံးကိုလွှတ်ချပြီး လက်ရှိ​ယောဂဖျာ​ပေါ်​ရောက်​နေတဲ့ ကိုယ့်ရဲ့စိတ် ကိုယ့်ရဲ့ခန္တာကိုယ်​လေး​ပေါ်မှာပဲ ​သေ​သေချာ​ချာ​လေး အာရုံစိုက်ပြီး ​လေ့ကျင့်ရပါတယ်။

​Yoga ​လေ့ကျင့်​နေချိန် ခန္ဓာကိုယ်ထဲက စိတ်ဖိစီးမှုကိုဖြစ်စေတဲ့ Cortisol ဟော်မုန်းပမာဏကို ကျဆင်းစေပါတယ်။ အထူးသဖြင့် အသက်ရှူသွင်း၊ ရှူထုတ်တာကို အာရုံစိုက်ရတဲ့အတွက် စိုးရိမ်ပူပန်မှု (Anxiety) တွေကို ချက်ချင်းသက်သာစေပါတယ်။

​Yoga ရဲ့ အဓိကအချက်က Mindfulness (သတိကပ်ခြင်း) ပါ။ ကိုယ့်ရဲ့ လှုပ်ရှားမှုတိုင်းမှာ သတိကပ်ရတဲ့အတွက် စိတ်ပျံ့လွင့်တာတွေ နည်းသွားပြီး အလုပ်လုပ်တဲ့အခါ ဒါမှမဟုတ် စာသင်တဲ့အခါမှာ အာရုံစူးစိုက်မှု (Concentration)ကို ပိုကောင်းလာစေပါတယ်။

​Yoga ကျင့်ခြင်းက ဦးနှောက်ထဲက စိတ်ပျော်ရွှင်မှုကိုဖြစ်စေတဲ့ GABA လို့ခေါ်တဲ့ ဓာတ်ပစ္စည်းကို တိုးပွားစေပါတယ်။ ဒါက စိတ်ဓာတ်ကျတာ (Depression) နဲ့ စိတ်မကြည်မလင်ဖြစ်တာတွေကို သဘာဝအတိုင်း ကုသပေးနိုင်ပါတယ်။

ဒါ့အပြင်​ ညဘက်အိပ်မပျော်တဲ့သူတွေအတွက် Yoga က အကောင်းဆုံးဆေးတစ်ခွက်ပါ။ ခန္ဓာကိုယ်ကို Relax ဖြစ်စေတဲ့အတွက် ညဘက်နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေပါတယ်။

​ပုံမှန်လေ့ကျင့်ခြင်းအားဖြင့် ကိုယ့်ခန္ဓာကိုယ်ရဲ့ စွမ်းဆောင်ရည်ကို သိလာပြီး မိမိကိုယ်ကို ပိုမိုတန်ဖိုးထားတတ်လာပါတယ်။ ဒါက စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု (Resilience) ကို တည်ဆောက်ပေးတာပါ။

အားလုံးပဲ စိတ်နဲ့ခန္တာ ကျန်းမာကြံ့ခိုင်ကြပါ​စေ။

Yoga O'clock Studio
သင်တန်းလိပ်စာ
တိုက်-၃၂(၄လွှာ-အေ)၊ တောင်မြင်းပြိုင်ကွင်းလမ်း၊ YKKO အနီး၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့။

အသေးစိတ်သိရှိလိုပါက
ဖုန်း 09795276993 သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါတယ်ရှင်။


16/02/2026

Just Relax
Yoga O'clock Studio

🏘 Address
No.32, 4th Floor(A), South Horse Race Course Road, Tamwe.
Ph 09795276993


Daily discipline Yoga O'clock Studio 🥰သင်တန်းလိပ်စာတိုက်-၃၂(၄လွှာ-အေ)၊ တောင်မြင်းပြိုင်ကွင်းလမ်း၊ YKKO အနီး၊ တာမွေမြို့န...
10/02/2026

Daily discipline
Yoga O'clock Studio 🥰

သင်တန်းလိပ်စာ
တိုက်-၃၂(၄လွှာ-အေ)၊ တောင်မြင်းပြိုင်ကွင်းလမ်း၊ YKKO အနီး၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့။

အသေးစိတ်သိရှိလိုပါက
ဖုန်း 09795276993 သို့ဖြစ်စေ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါတယ်ရှင်။


Address

South Horse Race Course Road
Yangon
11201

Telephone

+959795276993

Website

Alerts

Be the first to know and let us send you an email when Yoga O'clock posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Yoga O'clock:

Share

Category