Dr.Aung Kyaw Win

Dr.Aung Kyaw Win to provide proper and standard healthcare.

24/04/2026

# # # Software ပြဿနာ # # #

အမျိုးသမီး တစ်ယောက် သတိလစ်ပြီး ရောက်လာတယ် ဆိုပြီး ဆေးခန်း အကူက အော်ပြောတယ်။ ဆေးခန်းထဲ လူတွေ တခဏချင်းလူတွေများများ နဲ့ အထိတ်တလန့် အခြေအနေတစ်ခု ဖြစ်သွားတယ်။
အိမ်မှာ စကားများတယ် ... တက်တယ် ... အခု သတိလစ်တယ် ...
အမျိုးတွေအိမ်သားတွေ သို့မဟုတ် သူငယ်ချင်းတွေ ၄-၅ ယောက်နဲ့ ဆေးခန်း ရောက်လာတယ်။
နှလုံးခုန်းနှုန်း နဲနဲ မြန်တာက လွဲပြီး ကျန်တဲ့ သွေး‌ပေါင် အောက်ဆီဂျင် RBS ကောင်းတယ်။ အရင်ဖြစ်ဖူးတယ်။
လူနာစောင့် တစ်ယောက်က စိတ်ကြီးပြီး တက်သွားတာ သတိမရ‌တော့ဖူး လို့ပြောတယ်။
နောက်တစ်ယောက်က ဆရာ ဘာဖြစ်သွားတာလဲ ကြည့်ပါအုံး လုပ်ပါအုံး ဆိုပြီး စိုးရိမ် တကြီး လာပြောပြန်တယ်။
ဆေးခန်းထဲ အရင် တခြားလူနာနဲ့ပါလာတဲ့ လူနာစောင့်က အပမှီတာ ဖြစ်မယ် လို့လဲ မှတ်ချက်ပေးပြန် တယ်။

ဒီလိုမျိုးဖြစ်တာကို အရင်တုန်းက Anxiety Neurosis ဆိုပြီး ခေါ်ခဲ့ကြတယ်။ အခုတော့ Functional Neurological Disorder ဆိုတဲ့ ခေါင်းစဉ်အောက်ရောက်သွားပြီ။
ဒီလို ရောဂါ အခြေအနေမျိုးက diagnosis လုပ်ဖို့တော့ မခက်ဘူး။ ကုဖို့ကျ ခက်ချင်လဲ ခက်တယ် မခက်ချင်လဲ မခက်ဖူး ပဲ ပြောရမယ်။ ဘာလို့ အဲ့လိုပြောလဲ ဆိုတော့ လူနာတင်မကဖူး လူနာရှင်တွေကိုပါ ကိုင်တွယ် ဖြေရှင်းရမှာမို့ပဲ။ လူနာရှင်တွေက ရှင်းပြလို့ အဆင်ပြေတယ် နားလည်လွယ်တယ်၊ စိုးရိမ်တာ ကို ထိန်းသိမ်းနိုင်တယ် ဆို အဆင်ပြေတယ်။ မဟုတ်ရင်တော့ ဆေးခန်း မှာ တခြားလူနာတွေ လဲကြည့်ရအုံးမယ် ဆို အချိန်မပေးနိုင်ရင် အဆင်မပြေတော့ပါ။ လူနာ ရှင်တွေ က ဒီရောဂါ ကို အတော် အသင့် နားလည်ထားရင် ကုရတာလဲ အဆင်ပြေပါလိမ့်မယ်။ ဒါကြောင့် ဒီရောဂါ နဲ့ပက်သက်တာ တချို့ ရေးပါမယ်။

ပထမ ဆုံး လူနာရှင်တွေ ထဲမှာ လူနာက ဟန်ဆောင်နေတာ လို့ထင်တဲ့သူတွေရှိတယ်။
ဒုတိယ တစ်အုပ်စုကတော့ လူနာ ရဲ့ လက္ခဏာတွေကို ကြည့်ပြီး ခန္ဓာကိုယ် အင်္ဂါအစိတ်အပိုင်းတွေ ပျက်ဆီးချို့ယွင်းလို့ ဖြစ်လာတဲ့ မြင်သာထင်သာရှိတဲ့ ရောဂါမျိုး .... လေဖျတ်တာ နှလုံးရောဂါ ဖြစ်တာ ....လို့ထင်တတ်ကြတယ်။ ဒီအုပ်စုက ဆရာဝန် ကို ဒီလောက် အခြေအနေဆိုးနေတာ ဘာမှမလုပ်ဖူးလားဆိုပြီး ဖိအားမျိုးစုံ ပေးတတ်ကြတယ်။

ပထမ အုပ်စု ကထင်သလို ဟန်ဆောင်နေခြင်းမျိုးမဟုတ်ပါ။ တကယ် ရောဂါ ဖြစ်ပါတယ်။ လူနာက ဒီလက္ခဏာတွေကို တမင်လုပ်တာ သို့ ထိန်းချုပ်ထားတာ မရှိပါ။
ဒုတိယ အုပ်စု ကထင်သလိုလဲ သွေးတွေစစ် ဓာတ်မှန်တွေ ရိုက်လို့ ရှာတွေ့နိုင်တဲ့ ခန္ဓာကိုယ် တနေရာရာ (အထူးသဖြင့် ဦးနှောက်မှာ) ပျက်ဆီးချို့ယွင်း နေတဲ့ ရောဂါမျိုးလဲ မဟုတ်ပါ။
အတွေ့များတဲ့ ဒီရောဂါ ရဲ့ လက္ခဏာတွေကတော့
ခပ်ပြင်းပြင်း မြန်မြန် အသက်ရှု လာမယ်။ အသက်ရှုတွေကြပ်လာမယ်။ ခြေလက်တွေ ထုံမယ် ကပ်မယ်။ လေဖျတ်သလို ခြေလက် မလှုပ်နိုင်တာဖြစ်မယ်။ ခြေလက်တွေ အသားတွေ တဆတ်ဆတ်တုန်မယ်။ မတ်တပ်မရပ်နိုင်၊ လမ်းပုံမှန် မလျောက်နိုင်ဖြစ်မယ်။ တက်သလို ကိုယ်တွေ ခြေလက်တွေ ကွေးကောက်မယ်။ သတိလစ်သလို ဘာမှမေးလို့ပြောလို့ မရဖြစ်မယ်။
ဦးနှောက်မှာ ဓာတ်မှန်ရိုက် သွေးစစ်လို့ ဘာမှ ရှာမတွေ့ဘဲ ဘာလို့ ဒီလို လက္ခဏာတွေပေါ်လာလဲ ဆိုတော့ ဒီရောဂါ က ဦးနှောက်ရဲ့ တည်ဆောက်ပုံ structure / CT MRI ရိုက်လို့မြင်ရတဲ့ အရာတွေ ပျက်ဆီးလို့ဖြစ်လာတာမဟုတ်ဘဲ ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာ (စိတ်ခံစားမှု၊ လှုပ်ရှားမှု၊ အာရုံခံစားမှုကို ထိန်းချုပ်တဲ့ အစီအစဉ် ) function တွေ ယာယီ ချို့ယွင်းလို့ ဖြစ်လာတာမို့ပါ။
လူ့ ဦးနှောက်က ကွန်ပြူတာ တခုနဲ့တူတယ်။ hardware မြင်ရတဲ့ မော်နီတာ ကီးဘုတ် တွေရှိမယ်။ ဒါပေမယ့် အဲ့တာတွေ နဲ့ချည်း အလုပ်မလုပ်နိုင်ဖူး။ ဝင်းဒိုး လို တခြားသော appတွေလို software ရှိမှပဲ အလုပ်လုပ်နိုင်တယ်။ ဒီရောဂါက software ယာယီ ကြောင်သွားပြီး တလွဲတွေဖြစ်တာ ဂျမ်းဖြစ်ပြီး ယာယီရပ်သွားတာ မျိုးနဲ့တူတယ်။

စိတ်ဖိစီးမှု stress တစ်ခုကို လူနာအနေနဲ့ မခံနိုင်လောက်တဲ့ အနေအထားထိ ပြင်းထန်လာပြီဆိုရင် ဦးနှောက်ရဲ့ မသိစိတ်ကနေ လူနာကို ကာကွယ်ဖို့ စိတ်ပိုင်းဆိုင်ရာ ခံစားချက်ကို ရုပ်ပိုင်းဆိုင်ရာ လက္ခဏာ အနေနဲ့ ပြောင်းပေးလိုက်တယ်။ ဒါကြောင့် သူ့ကို Conversion Disorder လို့လဲခေါ်တယ်။ လူနာက စိတ်ပိုင်းဆိုင်ရာ မခံမရပ်နိုင်ဖြစ်တဲ့ အခြေအနေကနေ ခဏ လွန်မြောက်သွားတယ်။ ဆိုးကျိုးအနေနဲ့ ဒီအတောအတွင်းမှာ ရုပ်ပိုင်းဆိုင်ရာ လက္ခဏာတွေ ခံစားရတယ်။

ဒါဟာ ဟန်ဆောင်ခြင်း(faking) မဟုတ်ဖူးလား ဆိုတာကတော့ FND/Conversion Disorder မှာ ဖြစ်ပေါ်လာစေတဲ့ ဦးနှောက်ရဲ့ ရည်ရွယ်ချက်က စိတ်ဖိစီးမှုတွေကနေ လွတ်မြောက်ဖို့ဖြစ်ပြီး ဟန်ဆောင်ခြင်း Faking မှာတော့ အသိစိတ် ကနေ လက္ခဏာတွေကို ဖန်တီးနေပြီး အကျိုးအမြတ်မြော်မှန်းမှုတွေ ...မုန့်ဖိုး ပိုက်ဆံ တစ်ခုခု လိုခြင်း၊ ဂရုစိုက်ခံလိုခြင်း၊ ကျောင်း အလုပ်ကနေ အနားယူလိုခြင်း တွေပါပါတယ်။ ဒါအပြင် စမ်းသပ်စဉ်မှာလဲ မတူညီတဲ့ အချက်တွေရှိပါတယ် (မဖော်ပြတော့ပါ)
လတ်တလော ဒီလူနာ အတွက် stress တွေနဲ့ ကင်းတဲ့ တိတ်ဆိတ်တဲ့နေရာ တခုပဲလိုပါတယ်။ ခဏတာ စောင့်ကြည့်ခြင်း observation လုပ်မယ်။ မကြာတဲ့ အချိန်တစ်ခုမှာ သက်သာလာပါလိမ့်မယ်။ နောက် ပြန်မဖြစ်အောင် သို့ နောက်တခါ အခြေအနေ အတွက် counselling လုပ်မယ် ...

လူနာ ရှင်တွေ နားလည် သဘောပေါက်ထားရင် နောက်တခါဖြစ်လို့ ဆေးခန်း ပြရင် ကုရအဆင်ပြေပါလိမ့်မယ်။ လူနာ နဲ့ လူနာရှင် ( အထူးသဖြင့် stress ပေးမိသူ) တွေမှာလဲ အပြစ်တင်ခြင်း အပြစ်ရှိတယ်လို့ ခံစားနေရခြင်းတွေ ကင်းပါလိမ့်မယ်။

Dr. AungKyawWin
04/23/2026

23/03/2026

# # # ချာချာလည်မူးနေရင် # # #

လူနာ အမျိုးသမီး တစ်ဦး ကို သူ့သမီးလေး အဖော်ပြုပြီး ရောက်လာတယ်။ ဖြစ်တာက ခေါင်းမူးတယ်။ ချာချာလယ်မူးတယ်။ ၂ ပတ်ရှိပြီ ဆေးထိုးဆေးသောက်တာ မပျောက်သေးဘူး။ မူးမှာစိုးလို့ ခေါင်း မလှဲ့ရဲဖူး။ တောင့်တောင့်ကြီး ရှေ့တည့်တည့်ပဲကြည့်နေရတယ်။

ဘယ်အချိန် ဘယ်လို စဖြစ်တာလဲ ဆိုတော့ တမနက် အိပ်ယာက ထ တော့ စမူးတာပဲ တဲ့။

ဒါနဲ့ လေ့ကျင့်ခန်းတစ်ခု လုပ်ရမယ် လို့ပြောပြီး ဖုန်းထဲက YouTube channel တစ်ခုဖွင့်ပြတယ်။ (link ကို comment မှာတင်ထားပါမယ်။)
ဆေးခန်း ကုတင်ကို ခေါင်းရင်းဖက် နေရာကျန်အောင် ရွှေ့တယ်။ ပြီးတော့ ကျွန်တော် တစ်ခေါက် သရုပ်ပြ အနေနဲ့ လုပ်ပြတယ်။ လူနာက ခေါင်းလှုပ်ရင်မူးမှာကြောက်နေတယ်။ မူးမယ်။ ဒါပေမယ့် လေ့ကျင့်ခန်း ပြီးလို့အောင်မြင်ရင် သိသိသာသာကြီးကို သက်သာသွားမယ်လို့ အားပေးရတယ်။

လေ့ကျင့်ခန်း လုပ်တယ်။ ကျွန်တော် ဝိုင်းထိန်းပေးတယ်။ အောင်မြင်တယ်။ တကယ်ကို သက်သာသွားတယ်။ လူနာက အတော်ပျော်သွားတယ်။
၂ ပတ်ရှိပြီ အမူးသက်သာဆေးတွေ ထိုးနေသောက်နေတာ။ အခု မိနစ်ပိုင်းလောက် လေ့ကျင့်ခန်းလုပ်သလောက် မသက်သာဘူး။ ဆေးခန်းကပြန်တော့ ကိုယ့်ဖာသာ လမ်းလျောက်နိုင်ပြီ။ ခေါင်းလှဲ့ရဲလာပြီ။ (နောက် တပတ်လောက် ဆေးခန်းရှေ့က လမ်းမ‌ ပေါ်မှာ အေးအေးဆေးဆေး လမ်းလျောက်သွားတာတွေ့လိုက်တယ်။)

ကျွန်တော်လဲ အတော်ပျော်သွားတယ်။ ပုံမှန်ထက် ၂ဆကို ပိုပျော်တယ်။ ဘာလို့လဲဆိုတော့ လွန်ခဲ့တဲ့ ၂ နှစ်လောက်က သူ့လို လူနာ တစ်ယောက် သူ့သူငယ်ချင်း တစ်ယောက် အဖော်ပြုပြီး လာပြတယ်။ သူကတော့ မနက်က မူးတယ်။ နေ့လည်လာပြတာ။ စစလာတော့ အမူးသက်သာဆေးထိုးပေးပါ ပြောတာနဲ့ ‌အရင် အသားဆေးတစ်လုံးထိုးပေးလိုက်တယ်။ ပြီးတော့ ရှင်းပြပြီး လေ့ကျင့်ခန်း လုပ်ခိုင်းတယ်။ သိသိသာသာပဲ သက်သာသွားတယ်။ ဒါပေမယ့် ပြန်ခါနီး ပြောသွားတဲ့ စကားတစ်ခွန်းကြောင့် မပျော်ခဲ့ဘူး။

"ဆေးထိုးလိုက်တာ အတော်သက်သာသွားပြီတဲ့"

ဒီမှာ တကယ့်ကယ်တင်ရှင်က လေ့ကျင့်ခန်းပါ။ ဆေးမဟုတ်ပါဘူး။ အခု လူနာဆို ၂ ပတ် ဆေးထိုးဆေးသောက်နေတာလေ၊ ပျောက်မှမပျောက်တာ။ ၄ မိနစ်လောက် လေ့ကျင့်ခန်းလုပ်တာ နဲ့ ချာချာလည်မူးတာ ပျောက်သွားတာပဲ။

ဒီလိုမျိုး မနက်အိပ်ယာထ ခေါင်းထောင်လိုက်ရင် ချာချာလည် မူးသွားတာရဲ့ အဖြစ်နိုင်ဆုံးက BPPV (Benign Paroxysmal Positional Vertigo) ဆိုတာပါ။
ဘာကြောင့်ဖြစ်ရတယ်။ ဘယ်လိုလေ့ကျင့်ခန်းလုပ်ရမယ်ဆိုတာ comment က YouTube channel မှာကြည့်နိုင်ပါတယ်။
.
# # #လေ့ကျင့်ခန်းက.....

ကုတင်ပေါ်မှာ ခြေဆန့်ထိုင်ပါ။

ကိုယ်ကို တည့်တည့်ထားပြီး ခေါင်းကို ညာ/ဗယ် ဖက်သို့ ၄၅ ဒီဂရီစောင်းပြီး ကြည့်နေပါ။ မျက်လုံးကို အလယ်မှာပဲထားပါ။ဟိုဒီ လိုက်ကြည့်မနေပါနဲ့။

လှဲလိုက်ရင် ကျလာမယ့် ပုခုံး ၂ဖက်ကြား လောက်မှာ ခေါင်းအုံးခံထားပါ။ ခေါင်းက ၂၀ -၃၀ ဒီဂရီလောက် အောက်ဖက်ကို လန်ကျနေပြီး ခေါင်းကတော့ ၄၅ ဒီဂရီစောင်းထားပြီး ကြည့်နေပါ။ အမှတ်စဉ် ၆၀ရေပါ။

မျက်လုံးက အလိုလို လှုပ်တာ၊ ပိုမူးလာတာ ရှိရင် အဲ့ဖက်ခြမ်းက ပြဿနာ ရှိနေတာလို့ သိပါ။ (မဟုတ်ရင် ပြန်ထိုင်ပြီး ခေါင်းကို နောက်တဖက်ကို ၄၅ ဒီဂရီ လှဲ့ပြီး ပြန်စပါမယ်။)

ဒီဖက်ကဖြစ်တာဆိုရင် အမှတ်စဉ် ၆၀ထိရေပြီးရင် နောက်တဆင့်အနေနဲ့ ခေါင်းကို ၉၀ ဒီဂရီ တဖက်လှဲ့ပါ။ (ခေါင်းအောက်ကို လန်လျက်။ကိုယ်လုံး မလှုပ်သေး။) မူလ ဗယ် ၄၅ ဒီဂရီကနေဆို ညာဖက် ၄၅ ဒီဂရီကိုလှဲ့ပါ။အဲ့ position မှာလဲ အမှတ်စဉ် ၆၀ ရေပါ။

ပြီးရင် ခေါင်းကို နောက်ထပ် ၉၀ ဒီဂရီထပ်လှဲ့ပါ။ (ရေပြင်ညီအောက် ၄၅ ဒီဂရီစောင်းသွားပါမယ်) ဒီတခါတော့ အောက်ဖက် မျက်နှာမူသွားမှာမို့ ကိုယ်လုံးကပါ လိုက်လှဲ့ရပါမယ်။ (YouTube video နဲ့တွဲကြည့်ပါ။) အမှတ်စဉ် ၆၀ ရေပါ။

ပြီးရင် ခြေ၂ ချောင်းကို ကုတင်အောက်ချပါ။ ခေါင်းထောင်ပြီးထိုင်ပါ။ အမှတ်စဉ် ၆၀ ရေပါ။

ဒီ နောက်ဆုံးအဆင့် အမှတ်စဉ်ရေပြီးရင် အောင်မြင်ပါက သိသာစွာ ချာချာလည်မူးတာပျောက်သွားပါလိမ့်မယ်။ ရိုးရိုးမူးတာ နဲနဲပဲကျန်ပါလိမ့်မယ်။
........

*****လေ့ကျင့်ခန်းလုပ်ရင် သတိထားရမှာတွေက....

# Position တခုစီမှာ အမှတ်စဉ် ၁ ကနေ ၆၀ ရေတွက်ပါ။ (မိနစ်ဝက်မှ ၁မိနစ်ကြာအောင်နေပါ)။
# position တခုစီမှာ ခေါင်းလှဲ့ရမယ့် ဒီဂရီတွေမှန်ပါစေ။
# position ပြောင်းရင် သိပ်နှေးလို့မရပါ။
# နောက်ဆုံးထိုင်တဲ့ position မှာ တမိနစ် မပြည့်သေးခင်ထိ ချာချာလည်မူးနိုင်ပါတယ်။ တောင့်ခံပြီး လုပ်ရပါမယ်။
# ဘေးကတယောက်ထိမ်းပေးရင်ပိုကောင်းပါတယ်။

( ကျွန်တော် ကိုယ့်ဖာသာတယောက်တည်း လုပ်တုန်းက နောက်ဆုံး အဆင့် တမိနစ်မပြည့်ခင် လည်နေလို့ ကုတင် ကို လက်၂ဖက်နဲ့ အတင်းဆုပ်ပြီး တောင့်ထားရတယ်။ ချာချာလည်မူးနေပြီး ကိုယ့် ဖာသာက အတည့်လား အစောင်းလားပြောင်းပြန်လား မသိတော့ပါ။ (မျက်စိကနေ မြင်နေရတဲ့ နံရံက လည်နေတော့) ဦးနှောက်နဲ့ ကိုယ့်ဖာသာသတိပေးပြီး နောက်ဆုံး တစ်မိနစ်ကို တောင့်ခံရပါတယ်။)

ချာချာလည်မူးတာ ဘယ် လောက်ကြောက်ဖို့ကောင်းလဲဆိုတာ ကျွန်တော်ကိုယ်တိုင် ဒီရောဂါ ဖြစ်ဖူးလို့သိတယ်။ အိပ်ယာကနေ ခေါင်းကို မထောင်နိုင်ဘူး။ ကိုယ့်ဖာသာ လေ့ကျင့်ခန်း လုပ်ရတယ်။ (တယောက်တည်းလဲ လုပ်နိုင်တယ်နော်)။ ဘယ်သူ့ကိုမှ ၂ ပတ်လောက် ဒီရောဂါနဲ့ မူးမနေစေချင်ပါဖူး။ ဒီရောဂါသာဆို ကုသရတာ ဒီလောက်လွယ်တာကိုး။ စာတွေဖတ်ဖူးတာထက် ဒီလို ကိုယ်တွေ့ ဇာတ်လမ်းလေးတွေနဲ့ဆို ဖြစ်လာရင် ပို သတိထားမိ မှတ်မိမှာမို့ ဒီအကြောင်းရေးလိုက်ပါတယ်..

နောက်ထပ်ပြောချင်တာက သူ့ရောဂါနဲ့သူ့ကုသမှု တည့်မှ သက်သာပါမယ်။ ဆေးထိုးတာ အမြဲ ပိုကောင်းတယ်လို့မရှိပါ။

Dr.AungKyawWin
MARCH 23,2026

ပုံမှာ ပါတဲ့ အနာက ၃ မျိုးစပ် ယားနာပျောက်ဆေးလိမ်းပြီး ၂ပတ်လောက်မှာ ဖြစ်လာတာပါ။ (လူနာဖြစ်တာနဲ့ ဆင်တူတဲ့ AI ပုံဖြစ်ပါတယ်..)...
19/03/2026

ပုံမှာ ပါတဲ့ အနာက ၃ မျိုးစပ် ယားနာပျောက်ဆေးလိမ်းပြီး ၂ပတ်လောက်မှာ ဖြစ်လာတာပါ။
(လူနာဖြစ်တာနဲ့ ဆင်တူတဲ့ AI ပုံဖြစ်ပါတယ်..)

အရေပြားမှာ ယားရင် ယားနာဖြစ်ရင် ၂ မျိုးစပ် ၃ မျိုးစပ်ဆေးတွေ ကိုယ့်ဖာသာ ဝယ်သုံးရင် ပိုဆိုးတတ်ပါတယ်။ ဒီလူနာ ဆိုလဲ စဖြစ်တဲ့ အနာက ဘယ်လိုပုံမှန်း မသိတော့ပေမယ့် ဒီထပ်တော့ အများကြီးသေးမှာသေချာပါတယ်။ အရေပြားပေါ်က အနာက ဘက်တီးရီးယား၊ မှို၊ ပွေး၊ ဝဲ၊ အရေပြား ခြောက်တာယောင်တာ စသဖြင့် အကြောင်းအရင်း အမျိုးမျိုးပေါ် လိုက် ကုရမှာဖြစ်ပါတယ်။

အဖြစ်နိုင်ဆုံးက Ecthyma လို့ခေါ်တဲ့ ဘတ်တီးရီးယား ကြောင့်ဖြစ်တဲ့ အနာပါ။ ၃ မျိုးစပ်မှာ ပါတဲ့ စတီးရိုက်ဆေးကြောင့် ပိုကြီးသွားတာပါ။ ဒါမှမဟုတ် Tinea ပွေး ကို စတီးရိုက် လိမ်းတာကြာသွားလို့ အနာကြီးလာပြီး အပေါ်က secondary bacteria infection ဘက်တီးရီးယား ထပ်ဝင်လာတာလဲဖြစ်နိုင်ပါတယ်။

Dr.AungKyawWin
March 19,2026

02/03/2026

# # # AI နဲ့ ယှဉ်တွဲနေထိုင်ခြင်း # # #

ဆရာ ... AI မှာမေးထားတာ ဆီးပိုးဝင်တာ အပြင် ဆီးကျောက်တည် တာလဲဖြစ်နိုင်တယ်တဲ့။

ဟေ။ ဟုတ်လား။

# # # # # # # # #
လူနာတွေထဲ လူငယ်တွေက ကျန်းမာရေးအတွက် AI ကိုစိတ်ဝင်စားသုံးနေကြပါပြီ။ ဒါက ခတ်ရေစီးကြောင်းတစ်ခု။ ‌လက်ခံရမယ့် ကိစ္စတစ်ခု ဖြစ်ပါတယ်။ ဒီလို လူနာတွေနဲ့ ပေါ့ပေါ့ပါးပါး ‌ဆွေးနွေးရတာ စကားပြောရတာ ကောင်းတဲ့ ကိစ္စတခုပါ။
# # # # # # # # #

ဆရာလည်း AI ပြန်ကြည့်လိုက်သေးတယ်။ အခု ညီမ ဖြစ်နေတာကတော့ ဆီးပိုးဝင်တာပါပဲ။ ဆီးကျောက်တည်တာ မဟုတ်ပါဖူး။

လူနာ ရာဇဝင်ကို ပြန်ကြည့်ရင် သူငယ်ချင်းတွေစုံတယ်။ အပြင်ထွက်စားတယ်။ ဝမ်းပျက်တယ်။ ပြီးတော့ ဆီးပူတယ်၊ ကျင်တယ်၊နောက်တော့ ဖျားပါဖျားလာတယ်။

ပုလင်းချိတ်တယ်။ ဓာတ်ဆားတိုက်တယ်။ပိုးသတ်ဆေးထိုးတယ်။ သက်သာသွားတယ်။

AI က ကိုယ်မေးတဲ့ အချက်အလက်တွေပေါ် မူတည်ပြီး အဖြေပြန်ထုတ်ပေးပါတယ်။ ကိုယ်က လူနာရာဇဝင် စမ်းသပ်မှု အချက်အလက် တွေကနေ ဘယ်အချက်အလက်တွေသူ့ကိုပေးမလဲ။ သူပြန်ဖြေရင်ကော ဘယ်ဟာတွေကို ယူမလဲ။ ဘယ်ဟာတွေကို ပယ်မလဲ ဆိုတာ သက်ဆိုင်ရာ ပညာရပ်နဲ့ဆိုင်တဲ့ background knowledge တော့ ကိုယ့်မှာ ရှိထားရပါမယ်။

အရင် ဆောင်းပါးမှာ ပြောခဲ့ သလိုပဲ AI ကိုမေးတာ ဖြစ်နိုင်ခြေတွေ ကုသမှုနည်းလမ်း‌ တွေ မကျန်ခဲ့အောင်အတွက်။ မေးတတ်ဖို့ ဆုံးဖြတ်ချက်ချဖို့ တာဝန်ကတော့ လူပေါ်မှာ ကျန်သေးပါတယ်။

နောက်ပိုင်း တနေ့နေ့ AI က software အနေနဲ့ စက်ထဲမှာတင်မနေတော့ဘဲ ရုပ်ရှင်တွေထဲကလို လူကိုယ်လုံးနဲ့ စက်ရုပ်ဖြစ်လာမယ်။ လူနာ ရာဇဝင်လဲ သူ့ဖာသာမေးတတ်လာမယ်၊ သူ့ဖာသာ လူနာကို စမ်းသပ်တတ်လာမယ် ဆေးထိုးခွဲစိတ်တွေပါလုပ်တတ်လာမယ် ဆိုရင်တော့ ... ... 😊😊😊

Dr.AungKyawWin
March 1,2026

10/11/2025

TA-65 အသက်ရှည်ဆေး အဓိက အနှစ်ချုပ် by Deepseek

· TA-65 သည် အိုမင်းမှုကို တိုက်ရိုက်ကုသတဲ့ဆေး မဟုတ်ပါ။ ဖြည့်စွက်စာ (Supplement) တစ်မျိုးသာဖြစ်ပါတယ်။
· ထိရောက်မှုရှိကြောင်း လုံလောက်တဲ့ သိပ္ပံနည်းကျ အထောက်အထားများ မရှိသေးပါ။
· ကင်ဆာဖြစ်နိုင်ခြေ ဆိုင်ရာ စိုးရိမ်မှုများ ရှိနေပါတယ်။
· ဈေးအလွန်ကြီးပါတယ်။

အကြံပြုချက်:
TA-65 ကိုစိတ်ဝင်စားပါက၊ သင့်ရဲ့ ဆရာဝန် (အထူးသဖြင့် အသက်အရွယ်ကြီးရင့်မှုဆိုင်ရာ ဆရာဝန်) နှင့် အရင်ဆုံး တိုင်ပင်ပါ။ သင့်ရဲ့ ကျန်းမာရေးရာဇဝင်နဲ့ ကင်ဆာဖြစ်နိုင်ခြေကို စစ်ဆေးပြီးမှသာ သောက်သုံးသင့်မသောက်သုံးသင့် ဆုံးဖြတ်သင့်ပါတယ်။ အိုမင်းမှုကို နှေးကွေးစေဖို့ဆိုတာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာ၊ ပုံမှန်ကိုယ်လက်လှုပ်ရှားမှု၊ စိတ်ဖိစီးမှုလျှော့ချခြင်း၊ အိပ်ရေးဝခြင်းစတဲ့ သက်ရှည်ကျန်းမာရေးနည်းလမ်းတွေက ပိုပြီး ထိရောက်မှုရှိပါတယ်။

Shared Decision Making
30/10/2025

Shared Decision Making

What if your doctor's appointments felt like a true part...

20/10/2025
21/09/2025
21/09/2025

စင်ကာပူမှစိတ်လှုပ်ရှားစရာကောင်းတဲ့ ဆေးဘက်ဆိုင်ရာ ပြုပြင်ပြောင်းလဲမှု

စင်္ကာပူနိုင်ငံမှာရှိတဲ့ ပြည်သူ့ဆေးရုံတွေဟာ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို ပြောင်းလဲဖို့ စတင်နေပါပြီ။ နဂိုကဆိုရင် လူနာတစ်ယောက်မှာ ရောဂါမျိုးစုံရှိနေရင်၊ အထူးကုဆရာဝန်အမျိုးမျိုးနဲ့ သူတို့ရဲ့အဖွဲ့တွေနဲ့ ဆုံတွေ့ရလေ့ရှိပါတယ်။ ဒါပေမဲ့ အခုတော့ 'အဓိကဆရာဝန်' (Principal Doctor) တစ်ဦးတည်းကနေ ဦးဆောင်မယ့် ပြုပြင်ပြောင်းလဲမှုအသစ်တစ်ခုကို ကျင့်သုံးတော့မှာဖြစ်ပါတယ်။
ဘာကြောင့် ဒီလိုပြောင်းလဲဖို့ လိုအပ်တာလဲ။
၂၀၂၆ ခုနှစ်ရောက်ရင် စင်္ကာပူနိုင်ငံမှာ လူဦးရေ ၅ ဦးမှာ ၁ ဦးက အသက် ၆၅ နှစ်နဲ့အထက် ရှိလာမှာဖြစ်လို့ "အလွန်အိုမင်းရင့်ရော်တဲ့ လူ့အဖွဲ့အစည်း" (super-aged society) ဖြစ်လာပါမယ်။ ဒီလိုအခြေအနေမျိုးမှာ အသက်ကြီးတဲ့လူနာတွေဟာ ရောဂါတစ်ခုထက်မက ပိုရှိလာတတ်ပါတယ်။
ဥပမာအားဖြင့်၊ မူးလဲတာကြောင့် ခေါင်းဒဏ်ရာရပြီး ဆေးရုံတက်ရတဲ့ သက်ကြီးရွယ်အိုတစ်ဦးကို ကြည့်ပါ။ အရင်ကဆိုရင်-
* ဦးနှောက်သွေးခဲ ရှိမရှိ စစ်ဆေးဖို့ ဦးနှောက်အထူးကု (neurosurgery) ဆရာဝန်၊
* နမိုးနီးယား ဒါမှမဟုတ် အဆုတ်မှာ ရေဝင်နေလား စစ်ဖို့ အဆုတ်အထူးကု (lung specialist)၊
* မူလကတည်းက ကျောက်ကပ်ရောဂါရှိလို့ ကျောက်ကပ်အထူးကု (kidney specialist) စသဖြင့် အထူးကုဆရာဝန် သုံးလေးဦးနဲ့ တွေ့ရတတ်ပါတယ်။
ဒီလိုမျိုးဆိုတော့ လူနာဟာ သူ့ရဲ့ရောဂါရာဇဝင်ကို ဆရာဝန်တိုင်းကို ထပ်ခါတလဲလဲ ပြောပြရတယ်။ စစ်ဆေးမှုတွေ၊ သွေးဖောက်တာတွေလည်း ထပ်နေတတ်ပါတယ်။ ဆေးဝါးတွေအမျိုးမျိုးသောက်ရပြီး ဆေးရုံကဆင်းပြီးတဲ့အခါမှာလည်း နောက်ဆက်တွဲ ပြသရမယ့်ဆေးခန်းတွေအများကြီးကို သွားရလို့ လူနာတွေ၊ မိသားစုဝင်တွေအတွက် ရှုပ်ထွေးမှုတွေ ဖြစ်စေပါတယ်။
'အဓိကဆရာဝန်' စနစ်က ဘယ်လိုကူညီပေးနိုင်မလဲ။
ဒီစနစ်အသစ်မှာတော့ လူနာတွေဟာ 'အဓိကဆရာဝန်' (Principal Doctor) တစ်ဦးတည်းကိုပဲ အဓိကထား ဆက်သွယ်ရတော့မှာဖြစ်ပါတယ်။ ဒီဆရာဝန်က လူနာရဲ့ရောဂါအခြေအနေကို ခြုံငုံသုံးသပ်ပြီး ဆုံးဖြတ်ချက်တွေချပေးမှာဖြစ်ပါတယ်။ လိုအပ်တဲ့ကျွမ်းကျင်မှုတွေအပေါ်မူတည်ပြီး ကွဲပြားတဲ့ ပညာရပ်နယ်ပယ်က ကျန်းမာရေးဝန်ထမ်းတွေပါတဲ့ အဖွဲ့တစ်ဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်သွားမှာပါ။ လူနာရဲ့အခြေအနေပြောင်းလဲလာရင် အဖွဲ့ကိုလည်း ပြောင်းလဲဖွဲ့စည်းနိုင်ပါတယ်။
ဒီလိုလုပ်ခြင်းအားဖြင့် လူနာအတွက်-
* အချိန်ကုန်သက်သာမယ်။
* ဆရာဝန်အမျိုးမျိုးကို ထပ်ခါတလဲလဲ ပြောပြနေစရာမလိုတော့ဘူး။
* ကုသမှုအစီအစဉ်တစ်ခုတည်းနဲ့ ဆေးဝါးတွေကို နားလည်ရလွယ်ကူစေမယ်။
* ဆေးရုံဆင်းပြီးနောက် လိုက်နာရမယ့် နောက်ဆက်တွဲ ပြသမှုတွေ နည်းသွားနိုင်တယ်။
အရည်အသွေးပိုင်းကကော အားနည်းသွားနိုင်သလား။
ကျန်းမာရေးဝန်ကြီးဌာန (MOH) ကတော့ လူနာရဲ့ကျန်းမာရေးစောင့်ရှောက်မှု အရည်အသွေးကို ဘယ်တော့မှ ထိခိုက်စေမှာမဟုတ်ဘူးလို့ အလေးအနက်ထား ပြောကြားထားပါတယ်။ တစ်နေ့ကို လူနာဘယ်နှစ်ဦးကို ကုသပေးနိုင်မလဲဆိုတာကလည်း လူနာတွေရဲ့ရောဂါအခြေအနေအပေါ် မူတည်ပါတယ်။ ရှုပ်ထွေးတဲ့ရောဂါတွေရှိတဲ့လူနာဆိုရင် ဆရာဝန်တစ်ဦးကို လူနာနည်းနည်းပဲ တာဝန်ယူရမှာဖြစ်ပြီး၊ ရောဂါပေါ့တဲ့လူနာဆိုရင်တော့ လူနာဦးရေပိုများနိုင်ပါတယ်။
‘အဓိကဆရာဝန်’ ဆိုတာဟာ ကျယ်ပြန့်တဲ့အသိပညာနဲ့ အတွေ့အကြုံရှိတဲ့ အထူးကုဆရာဝန်တစ်ဦး ဖြစ်နိုင်သလို၊ ပညာရပ်မျိုးစုံကို လေ့ကျင့်ထားတဲ့ ဆေးရုံတွင်း ဆရာဝန် (hospital clinician) တစ်ဦးလည်း ဖြစ်နိုင်ပါတယ်။ ဒါ့အပြင်၊ ပြည်သူ့ဆေးရုံတွေမှာရှိတဲ့ ဆရာဝန်တွေအတွက် Family Physicians and Family Medicine Specialists, Hospital Clinicians, နဲ့ Specialists ဆိုပြီး အဓိက လုပ်ငန်းခွင်လမ်းကြောင်း (၃) ခုကိုလည်း ဖော်ဆောင်ပေးလိုက်ပါတယ်။
တကယ်လို့ လူနာတစ်ဦးမှာ ရုတ်တရက် အရေးပေါ်အခြေအနေအသစ်တစ်ခု ဖြစ်လာတယ်ဆိုရင်၊ လက်ရှိ 'အဓိကဆရာဝန်' ကနေ ဒီအခြေအနေကို ပိုပြီးကျွမ်းကျင်စွာ ကိုင်တွယ်နိုင်မယ့် တခြားအထူးကုဆရာဝန်တစ်ဦးဆီကို လွှဲပြောင်းပေးနိုင်ပါတယ်။
ဒီလိုပြုပြင်ပြောင်းလဲမှုတွေဟာ စင်္ကာပူရဲ့ အနာဂတ် ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို ပိုမိုထိရောက်ပြီး လူနာဗဟိုပြုစနစ်တစ်ခုအဖြစ် ဦးတည်နေတာကို ပြသနေပါတယ်။ ဒါဟာ အသက်ကြီးလာတဲ့လူနာဦးရေအတွက် အရေးပါတဲ့ အပြောင်းအလဲတစ်ခုပဲဖြစ်ပါတယ်။

Source: CNA
#စလုံးသတင်း


Address

Yangon

Alerts

Be the first to know and let us send you an email when Dr.Aung Kyaw Win posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Dr.Aung Kyaw Win:

Share

Category

Myanmar Cancer Network ဆိုတာ

မြန်မာနိုင်ငံသားလူနာများကို နိုင်ငံတကာစံညွှန်းကုသမှုများကို ဖြန့် ဝေ ပေးရန် နှင့် လူနာများကြားရှိ ကင်ဆာအ ပေါ်မှန်ကန်သော အ တွေးအမြင်များရ စေရန် အတွက် မြန်မာကင်ဆာကွန်ယက်ကိုတည်ထောင်သည်။

Dr.AungKyawWin