Yangon International Medical Services

Yangon International Medical Services Yangon International Medical Services Co.,Ltd (YIMS)operates referral offices in Myanmar for Bumrungrad International Hospital and other medical services.

Yangon International Medical (Y.I.M) Services Group Co. Ltd operates referral offices in Myanmar for Bumrungrad International Hospital.

လေမဖြတ်ခင် ခန္ဓာကိုယ်က ကြိုတင်သတိပေးတဲ့ လက္ခဏာများနွေခေါင်ခေါင်မှာ.. ဦးနှောက်သွေးကြောပြတ်ပြီး ရုတ်တရက်သေဆုံးသွာတာမျိုးတွ...
14/03/2026

လေမဖြတ်ခင် ခန္ဓာကိုယ်က ကြိုတင်သတိပေးတဲ့ လက္ခဏာများ

နွေခေါင်ခေါင်မှာ..
ဦးနှောက်သွေးကြောပြတ်ပြီး
ရုတ်တရက်သေဆုံးသွာတာမျိုးတွေ
မကြာခဏ ကြားဖူးကြပါလိမ့်မယ်။

ဘာကြောင့် ဒီလိုဖြစ်ရတာလဲ?
အပူရှိန်ကြောင့် နှလုံးနဲ့ သွေးကြောစနစ်အပေါ် ဝန်ပိစေပြီး 𝐒𝐭𝐫𝐨𝐤𝐞 (လေဖြတ်ခြင်း) ဖြစ်နိုင်ခြေကို သိသိသာသာ မြင့်တက်စေလို့ပါ။

𝐒𝐭𝐫𝐨𝐤𝐞 ဆိုတာဘာလဲ?

𝐒𝐭𝐫𝐨𝐤𝐞 ဆိုတာက ဦးနှောက်ဆဲလ်တွေဆီ သွေးစီးဆင်းမှု မရှိတော့ခြင်း ဆိုတဲ့ အရေးပေါ်အခြေအနေတစ်ခုပါ။

ဦးနှောက်ဆဲလ်တွေဟာ အောက်ဆီဂျင်ကို အလွန်အမင်း လိုအပ်ပြီး သွေးစီးဆင်းမှု မရတော့တဲ့အခါ နစ်အနည်းငယ်အတွင်းပဲ ပျက်စီးနိုင်တာမို့ လက္ခဏာပြတာနဲ့ ချက်ချင်း ကုသမှုခံယူနိုင်မှာသာ ကောင်းစွာ အသက်ရှင်နိုင်ပါလိမ့်မယ်။ ဒါကြောင့်မို့ "Time is Brain" လို့တောင် တင်စားကြပါတယ်။

လေမဖြတ်ခင် ခန္ဓာကိုယ်က ကြိုတင်ပေးတဲ့ Warning Signs (၃) မျိုးရှိပါတယ်။

1️⃣ 𝐈𝐬𝐜𝐡𝐞𝐦𝐢𝐜 𝐒𝐭𝐫𝐨𝐤𝐞 (ဦးနှောက်သွေးကြောပိတ်ခြင်း)

အဖြစ်အများဆုံး အမျိုးအစားဖြစ်ပြီး ဦးနှောက်ဆီကို သွားတဲ့ သွေးကြောမှာ သွေးခဲ ပိတ်သွားတာ ဖြစ်ပါတယ်။ သွေးတွင်း Cholesterol များသူတွေနဲ့ နှလုံးခုန်မမှန် (atrial fibrillation) သူတွေမှာ ပိုအဖြစ်များပါတယ်။

2️⃣ 𝐇𝐞𝐦𝐨𝐫𝐫𝐡𝐚𝐠𝐢𝐜 𝐒𝐭𝐫𝐨𝐤𝐞 (ဦးနှောက်သွေးကြောပေါက်ခြင်း)

ဦးနှောက်အတွင်း သွေးကြောပေါက်ပြီး သွေးယိုစီးမှုကြောင့် ဦးနှောက်ဆဲလ်တွေကို ပျက်စီးစေတာပါ။ သွေးတိုးရောဂါ နဲ့ သွေးကြောဖောင်းကျယ်ခြင်း (Aneurysm) ရှိသူတွေမှာ ဖြစ်တတ်ပါတယ်။

3️⃣ 𝐓𝐫𝐚𝐧𝐬𝐢𝐞𝐧𝐭 𝐈𝐬𝐜𝐡𝐞𝐦𝐢𝐜 𝐀𝐭𝐭𝐚𝐜𝐤 - 𝐓𝐈𝐀 (လေဖြန်းခြင်း)

ဒါကတော့ အပြင်းထန်ဆုံး သတိပေးချက်ပါ။ Mini ခေတ္တခဏ မျက်နှာရွဲ့တာ၊ ခန္ဓာကိုယ်တစ်ခြမ်း လေးသွားတာ မျိုးပါ။ လက္ခဏာတွေက အချိန်တိုအတွင်း ပျောက်သွားနိုင်ပေမယ့် နောက်ပိုင်းမှာ ပြင်းထန်တဲ့ stroke ဖြစ်နိုင်ခြေရှိကြောင်း သတိပေးတဲ့ အချက်ဖြစ်လို့ မပေါ့ဆသင့်ပါဘူး။

✳️ 𝐒𝐭𝐫𝐨𝐤𝐞 လက္ခဏာတွေကို 𝐁𝐄-𝐅𝐀𝐒𝐓 နည်းနဲ့ စစ်ဆေးပါ။

ဒီလက္ခဏာတွေ့ရင် တစ်စက္ကန့်တောင် မစောင့်ပါနဲ့။

𝐁 - 𝐁𝐚𝐥𝐚𝐧𝐜𝐞 : ခန္ဓာကိုယ်ဟန်ချက်မထိန်းနိုင်ပဲ ယိုင်သွားခြင်း၊ မူး၀ေခြင်း။
𝐄 - 𝐄𝐲𝐞𝐬 : အမြင်အာရုံ ရုတ်တရက် ၀ါးသွားခြင်း၊ နှစ်ထပ်မြင်ခြင်း။
𝐅 - 𝐅𝐚𝐜𝐞 : မျက်နှာတစ်ခြမ်း ရွဲ့သွားခြင်း။
𝐀 - 𝐀𝐫𝐦 : လက်တစ်ဖက်/ခြေတစ်ဖက် လေးလံ အားနည်းခြင်း။
𝐒 - 𝐒𝐩𝐞𝐞𝐜𝐡 : စကားပြော ဗလုံးဗထွေးဖြစ်ခြင်း၊ ပြောချင်တာကို ရှာမရခြင်း။
𝐓 - 𝐓𝐢𝐦𝐞 : ဒီလက္ခဏာတွေ ဖြစ်လာတာနဲ့ ချက်ချင်း ဆေးရုံကို ပို့ဆောင်ရပါမယ်။

ကမ္ဘာ့အဆင့်မီ နည်းပညာနဲ့ အသက်ကို ကယ်တင်ခြင်း

ဘမ်ရွန်ဂရက်ဆေးရုံကြီးရဲ့ 𝐍𝐞𝐮𝐫𝐨𝐬𝐜𝐢𝐞𝐧𝐜𝐞 𝐂𝐞𝐧𝐭𝐞𝐫 မှာ အချိန်နဲ့တစ်ပြေးညီ တိကျတဲ့ရောဂါရှာဖွေမှုတွေအတွက် အဆင့်မြင့်ဆုံး စက်ကိရိယာတွေကို အသုံးပြုပါတယ်။

𝐀𝐝𝐯𝐚𝐧𝐜𝐞𝐝 𝐢𝐦𝐚𝐠𝐢𝐧𝐠: CT Scan, MRI, နဲ့ Angiography (CTA/MRA) တို့ကို သုံးပြီး သွေးကြောပိတ်ခြင်း (သို့) ပေါက်ခြင်းကို မိနစ်ပိုင်းအတွင်း ခွဲခြား စစ်ဆေးနိုင်ပါတယ်။

𝐌𝐮𝐥𝐭𝐢𝐝𝐢𝐬𝐜𝐢𝐩𝐥𝐢𝐧𝐚𝐫𝐲 𝐓𝐞𝐚𝐦: ထိပ်တန်း အာရုံကြောအထူးကုဆရာ၀န်ကြီးများ (stroke specialists) က Stroke Emergency ကို အချိန်မီကုသမှု ခံယူနိုင်အောင် ဆောင်ရွက်ပေးပါတယ်။

လေဖြတ်တဲ့အခါ မိနစ်တိုင်းက တန်ဖိုးရှိပါတယ်။ လက္ခဏာတွေကို စောစောသိ၊ စောစောကုသနိုင်မှသာ နောက်ဆက်တွဲ မသန်စွမ်းဖြစ်မှုကို လျှော့ချနိုင်မှာ ဖြစ်ပါတယ်။

𝐁𝐮𝐦𝐫𝐮𝐧𝐠𝐫𝐚𝐝 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐇𝐨𝐬𝐩𝐢𝐭𝐚l ကြီးမှာ ဆေးကုသမှု ခံယူဖို့နဲ့ medical check up လုပ်ဖို့ စုံစမ်းမေးမြန်လိုပါက YIM Services ရဲ့ messenger မှ နွေးထွေးစွာ ကြိုဆိုလျက်ပါရှင်။

𝐘𝐚𝐧𝐠𝐨𝐧 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬
✨ 𝐁𝐮𝐦𝐫𝐮𝐧𝐠𝐫𝐚𝐝 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐑𝐞𝐟𝐞𝐫𝐫𝐚𝐥 ✨

အလုပ်တွေဘယ်လောက်ပဲ အောင်မြင်နေပါစေ... မိမိခန္ဓာကိုယ်ကိုရော အောင်မြင်အောင် စီမံနိုင်ရဲ့လား?လူအများစုက "ဘာစားရမလဲ" ဆိုတာကိ...
13/03/2026

အလုပ်တွေဘယ်လောက်ပဲ အောင်မြင်နေပါစေ... မိမိခန္ဓာကိုယ်ကိုရော အောင်မြင်အောင် စီမံနိုင်ရဲ့လား?

လူအများစုက "ဘာစားရမလဲ"
ဆိုတာကိုပဲ အာရုံစိုက်ကြပါတယ်။
ဒါပေမဲ့ တကယ့် အောင်မြင်တဲ့
𝐖𝐞𝐢𝐠𝐡𝐭 𝐋𝐨𝐬𝐬 ခရီးစဉ်က
စနစ်တကျ တည်ဆောက်ထားတဲ့
“အလေ့အကျင့်” နဲ့အတူ
“𝐋𝐢𝐟𝐞𝐬𝐭𝐲𝐥𝐞 𝐌𝐨𝐝𝐢𝐟𝐢𝐜𝐚𝐭𝐢𝐨𝐧” ကို
ကျွမ်းကျင်သူတွေနဲ့ ပေါင်းစပ်ပြီး လုပ်ဆောင်တာပါ။

စိတ်ဖိစီးမှု၊ အိပ်ရေးမဝခြင်း၊ အထိုင်များတဲ့ lifestyle သို့မဟုတ် နေ့စဉ်လုပ်နေကျ အလေ့အကျင့်များကပင် အစာစားချင်စိတ်၊ metabolism နှင့် energy balance ကို သက်ရောက်စေနိုင်ပါတယ်။

ကိုယ်အလေးချိန် ထိန်းညှိခြင်းဆိုသည်မှာ အချိန်တို diet တစ်ခု လုပ်ခြင်းထက် ကျန်းမာသော lifestyle habits များကို တည်ဆောက်ခြင်း ဖြစ်ပြီး ခန္ဓာကိုယ်နှင့် စိတ်ပိုင်းဆိုင်ရာ နှစ်မျိုးလုံးကို ညှိနှိုင်းထားတဲ့ approach တစ်ခု ပင်ဖြစ်ပါတယ်။

𝐁𝐮𝐦𝐫𝐮𝐧𝐠𝐫𝐚𝐝 ဆေးရုံကြီးက အကြံပြုထားတဲ့ အောင်မြင်သူတို့ရဲ့ အောက်ပါ အလေ့အကျင့် (၁၀) ခုကို လေ့လာကြည့်ပါ.. ဒီထဲမှာ အရေးကြီးဆုံးကတော့-

* 𝐐𝐮𝐚𝐥𝐢𝐭𝐲 𝐒𝐥𝐞𝐞𝐩 - အိပ်ရေးဝမှ ခန္ဓာကိုယ်က အဆီလောင်ကျွမ်းနှုန်း ပုံမှန်ရှိမှာပါ။

* 𝐏𝐫𝐨𝐚𝐜𝐭𝐢𝐯𝐞 𝐌𝐨𝐧𝐢𝐭𝐨𝐫𝐢𝐧𝐠 - ကိုယ့်ရဲ့ Activity ကို နည်းပညာနဲ့ အမြဲစောင့်ကြည့်ပါ။

* 𝐄𝐱𝐩𝐞𝐫𝐭 𝐆𝐮𝐢𝐝𝐚𝐧𝐜𝐞 - ကိုယ့်ဘာသာ စမ်းသပ်နေမယ့်အစား Nutritionist ဒါမှမဟုတ် Specialist တွေနဲ့ တိုင်ပင်တာက အချိန်ကုန် သက်သာစေပါတယ်။

📌ကိုယ်အလေးချိန်ကို ထိရောက်စွာ လျှော့ချနိုင်တဲ့ နည်းလမ်း ၁၀ ချက်

1️⃣ အာဟာရပြည့်ဝသော အစားအစာများကို ရွေးချယ်ပါ
2️⃣ အစားအစာကို အချိန်မှန် စားသုံးပါ
3️⃣ ရေလုံလောက်စွာ သောက်သုံးပါ
4️⃣ တစ်ပတ်လျှင် အနည်းဆုံး 150 minutes exercise ပြုလုပ်ပါ
5️⃣ အိပ်ရေးဝအောင် အိပ်စက်ပါ
6️⃣ စိတ်ဖိစီးမှုကို ထိန်းချုပ်ပါ
7️⃣ Smartwatch သို့မဟုတ် Health Apps ဖြင့် activity ကို စောင့်ကြည့်ပါ
8️⃣ အချိုရည်၊ အရက်နှင့် high-calorie snacks များကို လျှော့ချပါ
9️⃣ Nutritionist သို့မဟုတ် ဆရာဝန်နှင့် တိုင်ပင်ပါ
🔟 ရေရှည် lifestyle goal ဖြင့် စိတ်ရှည်ရှည် ဆောင်ရွက်ပါ

ဒါပေမဲ့ တချို့သော ခန္ဓာကိုယ်တွေမှာ သဘာဝအတိုင်း ထိန်းညှိဖို့ ခက်ခဲတဲ့ အခြေခံအကြောင်းရင်းတွေ (ဥပမာ - ဟော်မုန်းမညီမျှခြင်း သို့မဟုတ် အဝလွန်လွန်းခြင်း) ရှိတတ်ပါတယ်။ အဲ့ဒီအခါမှာတော့ Modern Medicine ရဲ့ အကူအညီအရ

🔻အစားအသောက် စားချင်စိတ်ကို ထိန်းချုပ်ပေးတဲ့ ထိုးဆေးများ သို့မဟုတ်
🔻𝐁𝐚𝐫𝐢𝐚𝐭𝐫𝐢𝐜 𝐒𝐮𝐫𝐠𝐞𝐫𝐲 လို့ခေါ်တဲ့ အစာအိမ် ခွဲစိတ်မှုတွေကို ကျွမ်းကျင်ဆရာဝန်ကြီးများရဲ့ လမ်းညွှန်မှုနဲ့ လုပ်ဆောင်နိုင်ပါတယ်။

ဘယ်လိုကုသမှုမျိုးကိုမဆို မပြုလုပ်မီ မိမိရဲ့လက်ရှိကျန်းမာရေး အခြေအနေနဲ့ အကိုက်ညီဆုံး ဖြစ်စေဖို့ တတ်ကျွမ်းသူများနဲ့ သေချာစွာ တိုင်ပင်ဆွေးနွေးဖို့ လိုအပ်ပါတယ်။

အနာဂတ်ရဲ့ ကျန်းမာတဲ့ Lifestyle ကို ဒီနေ့ကစပြီး ပုံဖော်ကြည့်ပါ။

𝐁𝐮𝐦𝐫𝐮𝐧𝐠𝐫𝐚𝐝 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐇𝐨𝐬𝐩𝐢𝐭𝐚l ကြီးမှ ကျွမ်းကျင်ဆရာဝန်တွေနဲ့ သေချာတိုင်ပင်ဆွေးနွေးပြီး လူကြီးမင်းတို့ တစ်ဦးချင်းစီအလိုက် သင့်တော်မဲ့ 𝐰𝐞𝐢𝐠𝐡𝐭 𝐦𝐚𝐧𝐚𝐠𝐞𝐦𝐞𝐧𝐭 𝐩𝐥𝐚𝐧 တွေ ရယူနိုင်ဖို့ YIM services က #အခမဲ့ ဆွေးနွေးတိုင်ပင်ပေးနေပါတယ်။

𝐘𝐚𝐧𝐠𝐨𝐧 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬
✨ 𝐁𝐮𝐦𝐫𝐮𝐧𝐠𝐫𝐚𝐝 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐑𝐞𝐟𝐞𝐫𝐫𝐚𝐥 ✨

မိမိခန္ဓာကိုယ်ရဲ့ “အသက်အရွယ်မှန်” ကို သိရှိနိုင်ဖို့ ဘယ်လိုစစ်ဆေးရမလဲ? "𝐒𝐞𝐯𝐞𝐧𝐀𝐠𝐞 𝐁𝐢𝐨𝐥𝐨𝐠𝐢𝐜𝐚𝐥 𝐀𝐠𝐞 𝐓𝐞𝐬𝐭𝐢𝐧𝐠"လူတစ်ယောက်ရဲ့ကျန...
10/03/2026

မိမိခန္ဓာကိုယ်ရဲ့ “အသက်အရွယ်မှန်” ကို
သိရှိနိုင်ဖို့ ဘယ်လိုစစ်ဆေးရမလဲ?

"𝐒𝐞𝐯𝐞𝐧𝐀𝐠𝐞 𝐁𝐢𝐨𝐥𝐨𝐠𝐢𝐜𝐚𝐥 𝐀𝐠𝐞 𝐓𝐞𝐬𝐭𝐢𝐧𝐠"

လူတစ်ယောက်ရဲ့
ကျန်းမာရေးအခြေအနေကို
သတ်မှတ်ရာမှာ ပြက္ခဒိန်ပေါ်က
အသက် (𝐂𝐡𝐫𝐨𝐧𝐨𝐥𝐨𝐠𝐢𝐜𝐚𝐥 𝐀𝐠𝐞) ထက်
ခန္ဓာကိုယ်အတွင်းမှာ
ဘယ်လောက် အိုမင်းနေပြီလဲဆိုတာကို
တိုင်းတာနိုင်တဲ့ “𝐁𝐢𝐨𝐥𝐨𝐠𝐢𝐜𝐚𝐥 𝐀𝐠𝐞” ဟာ
အရေးကြီးလာနေပါပြီ။

ဒီ 𝐁𝐢𝐨𝐥𝐨𝐠𝐢𝐜𝐚𝐥 𝐀𝐠𝐞 ကို
သိရှိနိုင်စေတဲ့ စမ်းသပ်မှုတစ်ခုကတော့ လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်အတွင်းအမှန်တကယ် အိုမင်းမှုအဆင့်ကိုသတ်မှတ်ပေးနိုင်တဲ့ သွေးစစ်ဆေးမှု 𝐒𝐞𝐯𝐞𝐧𝐀𝐠𝐞 𝐁𝐢𝐨𝐥𝐨𝐠𝐢𝐜𝐚𝐥 𝐀𝐠𝐞 𝐓𝐞𝐬𝐭𝐢𝐧𝐠 ပဲဖြစ်ပါတယ်။

𝐒𝐞𝐯𝐞𝐧𝐀𝐠𝐞 𝐓𝐞𝐬𝐭𝐢𝐧𝐠 က ဘာကို စစ်ဆေးပေးသလဲ❓

𝐒𝐞𝐯𝐞𝐧𝐀𝐠𝐞 𝐁𝐢𝐨𝐥𝐨𝐠𝐢𝐜𝐚𝐥 𝐀𝐠𝐞 𝐓𝐞𝐬𝐭𝐢𝐧𝐠 ဟာ AI technology နှင့် data-driven platform ကို အသုံးပြုထားပြီး သွေးအတွင်းရှိ biomarkers ၆ မျိုးကို ခွဲခြမ်းစိတ်ဖြာပြီး

✅ ခန္ဓာကိုယ် အိုမင်းမှုအဆင့် (Biological Age)
✅ အိုမင်းမှုကို မြန်ဆန်စေတဲ့ အဓိကအချက်များ
✅ ကျန်းမာရေးအန္တရာယ် အလားအလာများ
✅ အင်္ဂါအစိတ်အပိုင်းအလိုက် အိုမင်းမှု ကွာခြားချက်များကို

သိရှိနိုင်အောင် ကူညီပေးပါတယ်။

ဒါ့အပြင် epigenetic technology ကို အသုံးပြုပြီး DNA methylation pattern များကို ခွဲခြမ်းစိတ်ဖြာကာ
✔ Rate of Aging (ခန္ဓာကိုယ်အိုမင်းနေတဲ့ အမြန်နှုန်း)
✔ Biological Age
✔ Organ-specific aging differences တို့ကို တိုင်းတာနိုင်ပါတယ်။

🔸နာတာရှည်ရောဂါများ ဖြစ်ပွားနိုင်ခြေကို ခန့်မှန်းနိုင်ခြင်း

𝐒𝐞𝐯𝐞𝐧𝐀𝐠𝐞 𝐓𝐞𝐬𝐭𝐢𝐧𝐠 မှ ရရှိသော အချက်အလက်များက
• သွေးတိုးရောဂါ
• ဆီးချိုရောဂါ (Type 2 Diabetes)
• နှလုံးသွေးကြောရောဂါ
• အဆုတ်နာတာရှည်ရောဂါ
• ကျောက်ကပ်ရောဂါ
• ကင်ဆာ စတဲ့ နာတာရှည်ရောဂါများ ဖြစ်ပွားနိုင်ခြေကို ကြိုတင်ခန့်မှန်းနိုင်စေပါတယ်။

စစ်ဆေးမှုရလဒ်အပေါ် မူတည်ပြီး ဆရာဝန်များက
✔ အာဟာရပုံစံ ပြင်ဆင်ခြင်း
✔ လေ့ကျင့်ခန်းအစီအစဉ်
✔ အိပ်စက်မှု စီမံခန့်ခွဲခြင်း
✔ စိတ်ဖိစီးမှု ထိန်းချုပ်ခြင်း
✔ Lifestyle modification တို့ပါဝင်တဲ့ Personalized Health Plan ကို စီမံပေးနိုင်ပါတယ်။

🔸𝐒𝐞𝐯𝐞𝐧𝐀𝐠𝐞 ကို ဘယ်သူတွေ စစ်သင့်လဲ?
• ၂၀–၃၀ နှစ် - ကျန်းမာရေးအခြေအနေကို အစောပိုင်းမှာ သိရှိရန်
• ၃၀–၅၀ နှစ် - အိုမင်းမှုနှုန်းကို နှေးကွေးစေရန် Preventive planning
• ၅၀ နှစ်အထက် - ခန္ဓာကိုယ်အိုမင်းမှုအဆင့်ကို အကဲဖြတ်ပြီး Quality of life ကို မြှင့်တင်ရန်

🔸ဘယ်နှစ်ကြိမ်စစ်ဆေးသင့်လဲ?

Biological Age Testing ဟာ တစ်ကြိမ်သာ စစ်ဆေးပြီး ပြီးဆုံးသွားတဲ့ စမ်းသပ်မှုမဟုတ်ပါဘူး။ ၆ လမှ ၁၂ လအတွင်း ပြန်လည်စစ်ဆေးခြင်းအားဖြင့် Lifestyle ပြောင်းလဲမှုများက ခန္ဓာကိုယ်အိုမင်းမှုအပေါ် ဘယ်လိုသက်ရောက်မှု ရှိသလဲဆိုတာကို သိနိုင်မှာပါ။

🔸စစ်ဆေးဖို့ ဘာတွေပြင်ဆင်သွားဖို့ လိုအပ်လဲ?

စစ်ဆေးမှုမပြုလုပ်မီ အနည်းဆုံး ၁၀ နာရီ fasting လုပ်ရုံပဲ ဖြစ်ပါတယ်။

*** SevenAge ရဲ့ ထူးခြားချက်***

ပုံမှန် Health Check-up များက ရောဂါရှိပြီးသား အခြေအနေကို ရှာဖွေဖို့ အဓိကထားကြပေမဲ့ Biological Age Testing ကတော့ ရောဂါမဖြစ်ခင် အန္တရာယ်ကို ခန့်မှန်းပြီး ကြိုတင်ကာကွယ်နိုင်တဲ့ Proactive Health Care ပါ။

အမေမွေးတဲ့ မွေးသက္ကရာဇ်ကိုတော့ ပြောင်းလဲလို့ မရပါဘူး။ ဒါပေမဲ့ ခန္ဓာကိုယ်ရဲ့ အသက်ကို သိရှိပြီး စီမံခန့်ခွဲနိုင်ပါတယ်။

𝐒𝐞𝐯𝐞𝐧𝐀𝐠𝐞 𝐁𝐢𝐨𝐥𝐨𝐠𝐢𝐜𝐚𝐥 𝐀𝐠𝐞 𝐓𝐞𝐬𝐭𝐢𝐧𝐠 (𝟏𝟎%𝐎𝐅𝐅 𝐒𝐩𝐞𝐜𝐢𝐚𝐥 𝐎𝐟𝐟𝐞𝐫) အခွင့်အရေးရှိတာကြောင့် အသေးစိတ် သိရှိလိုပါက YIM Services Messenger မှ နွေးထွေးစွာ ဆက်သွယ်မေးမြန်းဖို့ ဖိတ်ခေါ်ပါတယ် ရှင်။

𝐘𝐚𝐧𝐠𝐨𝐧 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬
✨ 𝐁𝐮𝐦𝐫𝐮𝐧𝐠𝐫𝐚𝐝 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐑𝐞𝐟𝐞𝐫𝐫𝐚𝐥 ✨


ယနေ့ခေတ်မှာ စီးပွားရေး၊ သိပ္ပံ၊ နည်းပညာနှင့်ပညာရေးနှင့် ကျန်းမာရေးအပါအ၀င် နယ်ပယ်အမျိုးမျိုးမှာ အမျိုးသမီးများဟာ ဦးဆောင်န...
08/03/2026

ယနေ့ခေတ်မှာ
စီးပွားရေး၊ သိပ္ပံ၊ နည်းပညာနှင့်
ပညာရေးနှင့် ကျန်းမာရေးအပါအ၀င်
နယ်ပယ်အမျိုးမျိုးမှာ
အမျိုးသမီးများဟာ ဦးဆောင်နေကြပြီး
လူမှုအသိုင်းအဝိုင်း၏ တိုးတက်မှုကို
ပံ့ပိုးပေးနေကြပါတယ်။

ယနေ့ မတ်လ (၈) ရက်နေ့
𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐖𝐨𝐦𝐞𝐧’𝐬 𝐃𝐚𝐲 မှာ
🏥 𝐁𝐮𝐦𝐫𝐮𝐧𝐠𝐫𝐚𝐝 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥 ကို
ကမ္ဘာ့အဆင့်မီ ဆေးရုံအဖြစ်
ဆက်လက်တိုးတက်အောင်
ဦးဆောင်နေသော 𝐂𝐄𝐎 ဖြစ်သူ
“𝐃𝐫. 𝐀𝐫𝐭𝐢𝐫𝐚𝐭 𝐂𝐡𝐚𝐫𝐮𝐤𝐢𝐭𝐩𝐢𝐩𝐚𝐭”
အပါအဝင် ကျန်းမာရေးကဏ္ဍမှာ
တာဝန်ထမ်းဆောင်နေသော
အမျိုးသမီး ဆရာဝန်များနှင့်
ကျန်းမာရေးဆိုင်ရာ ပညာရှင်များအားလုံးကို လေးစားဂုဏ်ပြုအပ်ပါတယ်။

𝐃𝐫. 𝐀𝐫𝐭𝐢𝐫𝐚𝐭 𝐂𝐡𝐚𝐫𝐮𝐤𝐢𝐭𝐩𝐢𝐩𝐚𝐭 သည်

🔸2023 ခုနှစ်မှာ “𝐁𝐞𝐬𝐭 𝐖𝐨𝐦𝐚𝐧 𝐂𝐄𝐎 𝐢𝐧 𝐂𝐨𝐫𝐩𝐨𝐫𝐚𝐭𝐞 𝐓𝐫𝐚𝐧𝐬𝐟𝐨𝐫𝐦𝐚𝐭𝐢𝐨𝐧 – 𝐇𝐞𝐚𝐥𝐭𝐡𝐜𝐚𝐫𝐞” ဆု၊
🔸2025 ခုနှစ်မှာ 𝐓𝐡𝐚𝐧𝐬𝐞𝐭𝐭𝐚𝐤𝐢𝐣 မှ ချီးမြှင့်သော “𝐁𝐞𝐬𝐭 𝐖𝐨𝐦𝐞𝐧 𝐋𝐞𝐚𝐝𝐞𝐫𝐬𝐡𝐢𝐩 𝐀𝐰𝐚𝐫𝐝 – 𝐇𝐞𝐚𝐥𝐭𝐡 & 𝐖𝐞𝐥𝐥𝐧𝐞𝐬𝐬 𝐋𝐞𝐚𝐝𝐞𝐫𝐬𝐡𝐢𝐩” ဆုများ ရရှိခဲ့ပြီး
🔸2026 ခုနှစ်မှာလည်း 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐖𝐨𝐦𝐞𝐧’𝐬 𝐂𝐥𝐮𝐛 𝐨𝐟 𝐓𝐡𝐚𝐢𝐥𝐚𝐧𝐝 မှ ကျင်းပသော “𝐖𝐨𝐦𝐞𝐧 𝐢𝐧 𝐋𝐞𝐚𝐝𝐞𝐫𝐬𝐡𝐢𝐩” panel discussion မှာ အမျိုးသမီးခေါင်းဆောင်အဖြစ် ပါဝင်ဆွေးနွေးခဲ့သူ ဖြစ်ပါတယ်။

သူမ၏ ခေါင်းဆောင်မှုနှင့်အတူ
ဘမ်ရွန်ဂရက်ဆေးရုံကြီး၏
အတွေ့အကြုံရင့် အထူးကုဆရာဝန်များ၊
နောက်ဆုံးပေါ် ဆေးပညာနှင့် နည်းပညာများ၊
အရည်အသွေးမြင့် ကျန်းမာရေးဝန်ဆောင်မှုများဟာ
လူနာများ၏ ဘဝအရည်အသွေးကို
ပိုမိုကောင်းမွန်စေဖို့ အရေးပါသော
အခန်းကဏ္ဍအဖြစ် ဆက်လက်
ဦးဆောင်လျက်ရှိကြောင်း
YIM Services အနေနှင့်
ဂုဏ်ပြုဖော်ပြအပ်ပါသည်။

🌸 𝐇𝐚𝐩𝐩𝐲 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐖𝐨𝐦𝐞𝐧’𝐬 𝐃𝐚𝐲

𝐘𝐚𝐧𝐠𝐨𝐧 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬
✨ 𝐁𝐮𝐦𝐫𝐮𝐧𝐠𝐫𝐚𝐝 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐑𝐞𝐟𝐞𝐫𝐫𝐚𝐥 ✨


ဘမ်ရွန်ဂရက် ကျန်းမာရေးဟောပြောပွဲ 𝟐𝟎𝟐𝟔 – 𝐂𝐨𝐧𝐬𝐮𝐥𝐭𝐚𝐭𝐢𝐨𝐧 𝐌𝐨𝐦𝐞𝐧𝐭𝐬ဘမ်ရွန်ဂရက်ဆေးရုံကြီးမှ👨‍⚕️ 𝐃𝐫. 𝐒𝐮𝐫𝐚𝐬𝐚𝐤 𝐊𝐨𝐦𝐨𝐧𝐜𝐡𝐚𝐧 (ဦးနှောက်န...
05/03/2026

ဘမ်ရွန်ဂရက် ကျန်းမာရေးဟောပြောပွဲ 𝟐𝟎𝟐𝟔 – 𝐂𝐨𝐧𝐬𝐮𝐥𝐭𝐚𝐭𝐢𝐨𝐧 𝐌𝐨𝐦𝐞𝐧𝐭𝐬

ဘမ်ရွန်ဂရက်ဆေးရုံကြီးမှ
👨‍⚕️ 𝐃𝐫. 𝐒𝐮𝐫𝐚𝐬𝐚𝐤 𝐊𝐨𝐦𝐨𝐧𝐜𝐡𝐚𝐧
(ဦးနှောက်နှင့် အာရုံကြော အထူးကုဆရာဝန်ကြီး)
👨‍⚕️ 𝐃𝐫. 𝐁𝐨𝐰𝐨𝐧 𝐖𝐞𝐞𝐫𝐚𝐬𝐮𝐛𝐩𝐨𝐧𝐠
(ကင်ဆာရောဂါ အထူးကုဆရာဝန်ကြီး) တို့မှ

𝐅𝐞𝐛𝐫𝐮𝐚𝐫𝐲 𝟐𝟖 ရက်နေ့ (𝐘𝐚𝐧𝐠𝐨𝐧) နှင့်
𝐌𝐚𝐫𝐜𝐡 𝟏 ရက်နေ့ (𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲) တွင်
ကျင်းပခဲ့သော ကျန်းမာရေးဟောပြောပွဲသို့
တက်ရောက်လာတဲ့ လူနာများနှင့်
စိတ်ဝင်စားသူများကို တစ်ဦးချင်း
တွေ့ဆုံ၍ ကျန်းမာရေးဆိုင်ရာ
မေးခွန်းများကို တိုက်ရိုက်
ဆွေးနွေးအကြံပေးခဲ့သော
ပုံရိပ်များ ဖြစ်ပါတယ်။

𝐘𝐈𝐌 𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬 အနေဖြင့်
မြန်မာနိုင်ငံရှိ လူနာများအတွက်
ဘမ်ရွန်ဂရက်ဆေးရုံကြီး၏
အဆင့်မြင့်ကျန်းမာရေးဝန်ဆောင်မှုများကို
ပိုမိုလွယ်ကူစွာ လက်လှမ်းမီနိုင်ရန်
ဆက်လက်ပံ့ပိုးပေးသွားမည်ဖြစ်ပြီး

#မတ်လအတွင်း ကျင်းပမည့်
#ကျန်းမာရေးဟောပြောပွဲ အစီအစဉ်များကိုလည်း
မကြာမီ ထပ်မံကြေညာပေးသွားမှာ ဖြစ်ပါတယ်။

𝐘𝐚𝐧𝐠𝐨𝐧 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬
✨ 𝐁𝐮𝐦𝐫𝐮𝐧𝐠𝐫𝐚𝐝 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐑𝐞𝐟𝐞𝐫𝐫𝐚𝐥 ✨


🌍𝐖𝐨𝐫𝐥𝐝 𝐎𝐛𝐞𝐬𝐢𝐭𝐲 𝐃𝐚𝐲 | မတ်လ (၄) ရက်အဝလွန်ခြင်း (Obesity) ဟာအလှအပဆိုင်ရာ ပြဿနာတစ်ခုပဲ မဟုတ်ပါဘူး။ဒါဟာ⚠️ ဆီးချိုရောဂါ⚠️ သွေး...
04/03/2026

🌍𝐖𝐨𝐫𝐥𝐝 𝐎𝐛𝐞𝐬𝐢𝐭𝐲 𝐃𝐚𝐲 | မတ်လ (၄) ရက်

အဝလွန်ခြင်း (Obesity) ဟာ
အလှအပဆိုင်ရာ ပြဿနာတစ်ခုပဲ မဟုတ်ပါဘူး။

ဒါဟာ
⚠️ ဆီးချိုရောဂါ
⚠️ သွေးတိုးရောဂါ
⚠️ နှလုံးနှင့် သွေးကြောရောဂါ
⚠️ အသည်းအဆီဖုံးခြင်း (Fatty Liver)
⚠️ Sleep Apnea

တို့လို ရေရှည်ကျန်းမာရေးအန္တရာယ်များ နဲ့ ဆက်နွယ်နေတဲ့ အရေးကြီးသော ကျန်းမာရေးပြဿနာတစ်ခု ဖြစ်ပါတယ်။

နှစ်စဉ် မတ်လ ၄ ရက်နေ့ကို 𝐖𝐨𝐫𝐥𝐝 𝐎𝐛𝐞𝐬𝐢𝐭𝐲 𝐃𝐚𝐲 ဟု သတ်မှတ်ထားပြီး အဝလွန်ခြင်းကို ကာကွယ်ခြင်း၊ စောစီးစွာ သိရှိခြင်း နှင့် မှန်ကန်သော ကုသမှုများ ရရှိနိုင်ရန် အသိပညာမြှင့်တင်ရန် ရည်ရွယ်ထားတာပဲ ဖြစ်ပါတယ်။

💡 ကိုယ်အလေးချိန်ကို ထိန်းချုပ်ခြင်းဆိုတာ

အလှအပအတွက်သာ မဟုတ်ဘဲ
ကျန်းမာသော ဘဝအရည်အသွေးကို ကြာရှည်စွာ နေထိုင်နိုင်ရန်အတွက်ပါ။

🏥 Bumrungrad International Hospital တွင်
အဝလွန်ခြင်းကို စနစ်တကျ စစ်ဆေး၊ အကြံပေးနှင့် ကုသနိုင်သော 𝐂𝐨𝐦𝐩𝐫𝐞𝐡𝐞𝐧𝐬𝐢𝐯𝐞 𝐖𝐞𝐢𝐠𝐡𝐭 𝐌𝐚𝐧𝐚𝐠𝐞𝐦𝐞𝐧𝐭 𝐏𝐫𝐨𝐠𝐫𝐚𝐦𝐬 များ ရရှိနိုင်တာကြောင့် YIM Services မှ အတွေ့အကြုံရင့်ဆရာဝန်များနှင့် #အခမဲ့ဆွေးနွေးနိုင်ပါတယ် ရှင်။

𝐘𝐚𝐧𝐠𝐨𝐧 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬
✨ 𝐁𝐮𝐦𝐫𝐮𝐧𝐠𝐫𝐚𝐝 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐑𝐞𝐟𝐞𝐫𝐫𝐚𝐥 ✨

အသက်က ၄၅ နှစ် ဖြစ်ပေမဲ့ ခန္ဓာကိုယ်က ၅၅ ဖြစ်နေပြီလား?𝐔𝐧𝐝𝐞𝐫𝐬𝐭𝐚𝐧𝐝𝐢𝐧𝐠 𝐘𝐨𝐮𝐫 𝐁𝐢𝐨𝐥𝐨𝐠𝐢𝐜𝐚𝐥 𝐀𝐠𝐞လူတစ်ယောက်ရဲ့ အသက်ဆိုတာ ပြက္ခဒိန်ပေ...
04/03/2026

အသက်က ၄၅ နှစ် ဖြစ်ပေမဲ့ ခန္ဓာကိုယ်က ၅၅ ဖြစ်နေပြီလား?

𝐔𝐧𝐝𝐞𝐫𝐬𝐭𝐚𝐧𝐝𝐢𝐧𝐠 𝐘𝐨𝐮𝐫 𝐁𝐢𝐨𝐥𝐨𝐠𝐢𝐜𝐚𝐥 𝐀𝐠𝐞

လူတစ်ယောက်ရဲ့ အသက်ဆိုတာ ပြက္ခဒိန်ပေါ်က နှစ်အရေအတွက်နဲ့သာ မဆုံးဖြတ်တော့ပါဘူး။

အမှန်တကယ် အရေးကြီးတာက
ခန္ဓာကိုယ်အတွင်းမှာ ဘယ်လောက် အိုမင်းနေပြီလဲဆိုတာ ဖြစ်ပါတယ်။

“𝐁𝐢𝐨𝐥𝐨𝐠𝐢𝐜𝐚𝐥 𝐀𝐠𝐞” ဆိုတဲ့ ဝေါဟာရနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

🔎 𝐂𝐡𝐫𝐨𝐧𝐨𝐥𝐨𝐠𝐢𝐜𝐚𝐥 𝐀𝐠𝐞 𝐯𝐬 𝐁𝐢𝐨𝐥𝐨𝐠𝐢𝐜𝐚𝐥 𝐀𝐠𝐞

𝐂𝐡𝐫𝐨𝐧𝐨𝐥𝐨𝐠𝐢𝐜𝐚𝐥 𝐀𝐠𝐞 ဆိုတာ
မွေးဖွားပြီးတဲ့ နှစ်အရေအတွက်ကိုသာ ရည်ညွှန်းပါတယ်။

ဒါပေမဲ့
𝐁𝐢𝐨𝐥𝐨𝐠𝐢𝐜𝐚𝐥 𝐀𝐠𝐞 ကတော့
ခန္ဓာကိုယ်အတွင်းရှိ အိုမင်းမှုအဆင့်၊
အင်္ဂါအစိတ်အပိုင်းများရဲ့ အလုပ်လုပ်နိုင်စွမ်း၊ ဆဲလ်အဆင့် ပြောင်းလဲမှုများကို အခြေခံပြီး
“မိမိရဲ့ အမှန်တကယ်အသက်” ကို ပြသပေးပါတယ်။

အသက် ၄၅ နှစ် တူတူပဲဖြစ်နေစေကာမူ…

▪ တစ်ယောက်က ၃၅ နှစ်အရွယ်ခန္ဓာကိုယ်လို သန်မာတက်ကြွနေနိုင်ပါတယ်။
▪ နောက်တစ်ယောက်က ၅၅ နှစ်လို အိုမင်းကာ ရောဂါများ ထူပြောနေနိုင်ပါတယ်။

ဘာကြောင့်လဲ?

အိုမင်းမှုဟာ လူတိုင်းတူညီစွာ မဖြစ်ပေါ်ပါဘူး။

📌 ခန္ဓာကိုယ်အိုမင်းမှုကို သက်ရောက်စေတဲ့ အချက်များ

• မျိုးရိုးဗီဇ (Genetics)
• Lifestyle
• Exercise habits
• Sleep patterns
• စိတ်ဖိစီးမှုအခြေအနေ
• ဆေးလိပ်၊ အရက် သုံးစွဲမှု
• ခန္ဓာကိုယ်နဲ့ စိတ်ကျန်းမာရေး

ဒီအချက်တွေဟာ
ခန္ဓာကိုယ်အတွင်း အိုမင်းမှုအမြန်နှုန်းကို တိုက်ရိုက် သက်ရောက်စေပါတယ်။

ပုံမှန် 𝐇𝐞𝐚𝐥𝐭𝐡 𝐂𝐡𝐞𝐜𝐤𝐮𝐩 တွေက
ရောဂါရှိပြီးသား အခြေအနေကို ရှာဖွေဖို့ အဓိကထားကြပေမဲ့…

အခုခေတ် 𝐏𝐫𝐞𝐯𝐞𝐧𝐭𝐢𝐯𝐞 𝐇𝐞𝐚𝐥𝐭𝐡𝐜𝐚𝐫𝐞 မှာတော့ “ရောဂါမဖြစ်ခင် အန္တရာယ်ကို သိထားခြင်း” က ပိုအရေးကြီးလာပါတယ်။

ခန္ဓာကိုယ်ရဲ့ “𝐑𝐞𝐚𝐥 𝐀𝐠𝐞” ကို သိရှိနိုင်ရင် ကိုယ့်ရဲ့ နေထိုင်မှုပုံစံကို
သိမြင်စွာ ပြန်လည် ပြင်ဆင်နိုင်ပါတယ်။

#အမေမွေးခဲ့တဲ့မွေးသက္ကရာဇ်ကိုတော့ပြောင်းလဲလို့မရပါဘူး။

ဒါပေမဲ့
မိမိ #ခန္ဓာကိုယ်ရဲ့အသက်ကို သိရှိပြီး #စီမံခန့်ခွဲနိုင်ပါတယ်။

ခန္ဓာကိုယ်ရဲ့ 𝐑𝐞𝐚𝐥 𝐀𝐠𝐞 ကို သိရှိနိုင်တဲ့
နောက်ဆုံးပေါ် စမ်းသပ်နည်းလမ်းအကြောင်းကို ဒီမှာ ဖတ်ရှုလေ့လာနိုင်ပါတယ် ( https://www.facebook.com/share/p/1bPpWGvSjz/ )

𝐘𝐚𝐧𝐠𝐨𝐧 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬
✨ 𝐁𝐮𝐦𝐫𝐮𝐧𝐠𝐫𝐚𝐝 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐑𝐞𝐟𝐞𝐫𝐫𝐚𝐥 ✨

👩‍🌾 တောင်သူလယ်သမားနေ့ 🌾 မတ်လ (၂) ရက်နေ့တွင် ကျရောက်သော တောင်သူလယ်သမားနေ့အား လေးစားဂုဏ်ပြုအပ်ပါသည်။နိုင်ငံ၏ အခြေခံအင်အားဖ...
02/03/2026

👩‍🌾 တောင်သူလယ်သမားနေ့ 🌾
မတ်လ (၂) ရက်နေ့တွင် ကျရောက်သော
တောင်သူလယ်သမားနေ့အား
လေးစားဂုဏ်ပြုအပ်ပါသည်။
နိုင်ငံ၏ အခြေခံအင်အားဖြစ်သော
တောင်သူဦးကြီးများအား
ကျန်းမာခြင်း၊ ချမ်းသာခြင်းနှင့်
အောင်မြင်ခြင်းများ ပြည့်ဝပါစေကြောင်း
YIM Services မိသားစုမှ
ဆုမွန်ကောင်းတောင်းအပ်ပါသည်။

𝐘𝐚𝐧𝐠𝐨𝐧 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬
✨ 𝐁𝐮𝐦𝐫𝐮𝐧𝐠𝐫𝐚𝐝 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐑𝐞𝐟𝐞𝐫𝐫𝐚𝐥 ✨

’sDay

🌍 (၆) နှစ်ဆက်တိုက် ကမ္ဘာ့အကောင်းဆုံး ဆေးရုံစာရင်းဝင်သော ဘမ်ရွန်ဂရက်ဆေးရုံကြီး 🇹🇭 ထိုင်းနိုင်ငံ  #1 | 🌎 ကမ္ဘာအဆင့်  #96🎖️...
27/02/2026

🌍 (၆) နှစ်ဆက်တိုက် ကမ္ဘာ့အကောင်းဆုံး ဆေးရုံစာရင်းဝင်သော ဘမ်ရွန်ဂရက်ဆေးရုံကြီး

🇹🇭 ထိုင်းနိုင်ငံ #1 | 🌎 ကမ္ဘာအဆင့် #96

🎖️ 𝐏𝐑𝐎𝐌𝐒 𝐑𝐢𝐛𝐛𝐨𝐧𝐬 (𝟐) 𝐀𝐰𝐚𝐫𝐝𝐞𝐝

ကမ္ဘာလုံးဆိုင်ရာ သတင်းမီဒီယာ Newsweek နှင့် ကမ္ဘာ့ဒေတာပလက်ဖောင်း Statista တို့ ပူးပေါင်းထုတ်ပြန်သည့်

𝐖𝐨𝐫𝐥𝐝’𝐬 𝐁𝐞𝐬𝐭 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥𝐬 𝟐𝟎𝟐𝟔 အဆင့်သတ်မှတ်စာရင်းတွင်

🏥 𝐁𝐮𝐦𝐫𝐮𝐧𝐠𝐫𝐚𝐝 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥 သည်

✨ ကမ္ဘာ့ Top 250 စာရင်းအတွင်း အဆင့် (96)
🇹🇭 ထိုင်းနိုင်ငံအတွင်း အဆင့် (1)
🏆 ထို့အပြင် “(၆) နှစ်ဆက်တိုက်” 𝐖𝐨𝐫𝐥𝐝’𝐬 𝐁𝐞𝐬𝐭 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥𝐬 စာရင်းဝင်ထားနိုင်ခဲ့ပါတယ်။

🏆 𝐖𝐨𝐫𝐥𝐝’𝐬 𝐁𝐞𝐬𝐭 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥𝐬 ကို ဘယ်လိုရွေးချယ်သလဲ?

၂၀၂၆ ခုနှစ်တွင်
🌎 နိုင်ငံပေါင်း (32) နိုင်ငံမှ
🏥 ဆေးရုံ (2,500+) ကျော်ကို အကဲဖြတ်ခဲ့ပြီး
ထိပ်တန်း (250) ဆေးရုံများကိုသာ ရွေးချယ် ထည့်သွင်းထားပါသည်။

အကဲဖြတ်မှုအခြေခံချက်များမှာ

✔ Medical Experts’ Recommendations
✔ Hospital Quality & Safety Metrics
✔ Patient Experience Data
✔ PROMs (Patient-Reported Outcome Measures)

🎖️ 𝐏𝐑𝐎𝐌𝐒 𝐑𝐢𝐛𝐛𝐨𝐧𝐬 (𝟐) 𝐀𝐰𝐚𝐫𝐝𝐞𝐝

𝐁𝐮𝐦𝐫𝐮𝐧𝐠𝐫𝐚𝐝 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥 သည် 𝐏𝐑𝐎𝐌𝐒 𝐑𝐢𝐛𝐛𝐨𝐧 (𝟐) ခုကိုလည်း ရရှိထားပါသည်။

𝐏𝐑𝐎𝐌𝐬 (𝐏𝐚𝐭𝐢𝐞𝐧𝐭-𝐑𝐞𝐩𝐨𝐫𝐭𝐞𝐝 𝐎𝐮𝐭𝐜𝐨𝐦𝐞 𝐌𝐞𝐚𝐬𝐮𝐫𝐞𝐬) ဆိုသည်မှာ

လူနာများကိုယ်တိုင် ဖြေဆိုသည့် စံသတ်မှတ်ထားသော မေးခွန်းလွှာများမှတစ်ဆင့်

✔ ကိုယ်ခန္ဓာလုပ်ဆောင်နိုင်မှု
✔ နေ့စဉ်ဘဝအရည်အသွေး
✔ ကုသမှုအတွေ့အကြုံ
✔ ကျန်းမာရေးပြန်လည်ကောင်းမွန်မှု တို့ကို တိုင်းတာသည့် စနစ်ဖြစ်ပါသည်။

𝐏𝐑𝐎𝐌𝐒 𝐑𝐢𝐛𝐛𝐨𝐧 (𝟐) ရရှိခြင်းသည်
လူနာအမြင်အပေါ် အခြေခံသော Quality of Care နှင့်
ကုသမှုရလဒ်များတွင် အမြင့်ဆုံး စံနှုန်းကို ထိန်းသိမ်းထားနိုင်ကြောင်း
သက်သေပြခြင်း ဖြစ်ပါသည်။

📎 Full Ranking စာရင်းကို အောက်ပါ Link တွင် ဖတ်ရှုနိုင်ပါသည်

https://rankings.newsweek.com/worlds-best-hospitals-2026

🇲🇲 𝐁𝐮𝐦𝐫𝐮𝐧𝐠𝐫𝐚𝐝 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥 ၏ တစ်ဦးတည်းသော မြန်မာပြည်ကိုယ်စားလှယ် ဖြစ်သော
𝐘𝐚𝐧𝐠𝐨𝐧 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬 (𝐘𝐈𝐌 𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬) မှ

ဤဂုဏ်ယူဖွယ်အောင်မြင်မှုအား
ဝမ်းမြောက်ဂုဏ်ယူစွာ မျှဝေလိုက်ပါတယ်။

𝐘𝐚𝐧𝐠𝐨𝐧 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬
✨ 𝐁𝐮𝐦𝐫𝐮𝐧𝐠𝐫𝐚𝐝 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐑𝐞𝐟𝐞𝐫𝐫𝐚𝐥 ✨


💉 အဝလွန်ခြင်းကို ထိန်းချုပ်ရာမှာ အသုံးပြုလာတဲ့ ခေတ်မီ ဆေးကုသမှုနည်းလမ်းများအဝလွန်ခြင်းဟာ ကိုယ်ခန္ဓာပုံသဏ္ဍာန်နဲ့ ယုံကြည်...
25/02/2026

💉 အဝလွန်ခြင်းကို ထိန်းချုပ်ရာမှာ အသုံးပြုလာတဲ့ ခေတ်မီ ဆေးကုသမှုနည်းလမ်းများ

အဝလွန်ခြင်းဟာ ကိုယ်ခန္ဓာပုံသဏ္ဍာန်နဲ့ ယုံကြည်မှုကိုသာမက ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါ၊ အသည်းအဆီဖုံးခြင်း (fatty liver) စတဲ့ ရေရှည်ကျန်းမာရေးပြဿနာများနဲ့လည်း ဆက်နွယ်နိုင်ပါတယ်။

ဒါကြောင့် ကိုယ်အလေးချိန်အခြေအနေကို နားလည်ဖို့
အခြေခံညွှန်းကိန်းတစ်ခုအဖြစ်
𝐁𝐨𝐝𝐲 𝐌𝐚𝐬𝐬 𝐈𝐧𝐝𝐞𝐱 (𝐁𝐌𝐈) ကို အသုံးပြုကြပါတယ်။

📖 𝐁𝐌𝐈 ဆိုတာ ဘာလဲ သိရှိလိုပါက
ဒီ link (https://www.facebook.com/share/p/1Ae5XVJtg8/) မှာ ဖတ်ရှုနိုင်ပါတယ်

⚖️ Lifestyle change တစ်ခုတည်း မလုံလောက်တဲ့အခါ…

အစားအသောက်ထိန်းချုပ်ခြင်း၊
exercise လုပ်ခြင်း စတဲ့
lifestyle change များနဲ့ပဲ
Body Weight ကို ထိန်းချုပ်ရ ခက်ခဲနေပါက ဆရာဝန်ညွှန်ကြားမှုဖြင့်
𝐖𝐞𝐢𝐠𝐡𝐭 𝐌𝐚𝐧𝐚𝐠𝐞𝐦𝐞𝐧𝐭 𝐓𝐡𝐞𝐫𝐚𝐩𝐲 ကို
ရွေးချယ်စရာတစ်ခုအဖြစ် စဉ်းစားနိုင်ပါတယ်။

💉𝐆𝐋𝐏-𝟏 𝐁𝐚𝐬𝐞𝐝 𝐓𝐡𝐞𝐫𝐚𝐩𝐲 ဆိုတာဘာလဲ?

𝐆𝐋𝐏-𝟏 𝐫𝐞𝐜𝐞𝐩𝐭𝐨𝐫 𝐚𝐠𝐨𝐧𝐢𝐬𝐭𝐬
(ဥပမာ Semaglutide)
နှင့် 𝐃𝐮𝐚𝐥 𝐆𝐈𝐏 & 𝐆𝐋𝐏-𝟏 𝐫𝐞𝐜𝐞𝐩𝐭𝐨𝐫 𝐚𝐠𝐨𝐧𝐢𝐬𝐭𝐬
(ဥပမာ Tirzepatide) တို့ဟာ
အရေပြားအောက် ထိုးဆေးများဖြစ်ပြီး

✔️ အစာစားချင်စိတ်ကို ထိန်းညှိပေးနိုင်ခြင်း
✔️ သွေးတွင်းသကြားဓာတ် ထိန်းညှိမှုကို အထောက်အကူပြုခြင်း
✔️ ကိုယ်အလေးချိန် ထိန်းချုပ်မှုကို ကူညီပေးနိုင်ခြင်း

တို့အတွက် ဆရာဝန်များက အသုံးပြုလာတဲ့ ကုသမှုနည်းလမ်းများ ဖြစ်ပါတယ်။

👩‍⚕️ ဘယ်သူတွေအတွက် ပိုမိုသင့်တော်သလဲ?

• BMI ≥ 27 သို့မဟုတ် BMI ≥ 25 နှင့်
ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါ စတဲ့
ရောဂါအခံများရှိသူများ ဟာ
ဆရာဝန်ညွှန်ကြားချက်ဖြင့်
ထိုးဆေး ကုသမှုကို ရွေးချယ်နိုင်ပါတယ်။

⚠️ အရေးကြီးသော သတိပြုရန် အချက်

အဆိုပါ ထိုးဆေး ကုသမှုများကို ဆရာဝန်နှင့် တိုင်ပင်ပြီးမှသာ အသုံးပြုရမှာ ဖြစ်ပါတယ်။

အချို့သော ရောဂါအခြေအနေများရှိသူများ၊ သို့မဟုတ် ဆေးပါဝင်ပစ္စည်းများနှင့် မကိုက်ညီသူများအတွက် မသင့်လျော်နိုင်ပါ။

ကုသမှုခံယူစဉ် follow-up စစ်ဆေးမှုများကို ပုံမှန် ပြုလုပ်ရန် လိုအပ်ပါတယ်။

𝐁𝐮𝐦𝐫𝐮𝐧𝐠𝐫𝐚𝐝 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥 မှာ 𝐈𝐧𝐣𝐞𝐜𝐭𝐚𝐛𝐥𝐞 𝐰𝐞𝐢𝐠𝐡𝐭-𝐦𝐚𝐧𝐚𝐠𝐞𝐦𝐞𝐧𝐭 𝐭𝐡𝐞𝐫𝐚𝐩𝐢𝐞𝐬 များကို လူနာတစ်ဦးချင်းစီရဲ့ ကျန်းမာရေးအခြေအနေအပေါ် မူတည်ပြီး အထူးကု ကျွမ်းကျင် ဆရာဝန်အဖွဲ့များက အကဲဖြတ်ကာ သင့်လျော်သော ကုသမှုအစီအစဉ်များကို ဆောင်ရွက်ပေးနေပါတယ်။

ဘမ်ရွန်ဂရက်ဆေးရုံကြီးသို့ မသွားရောက်မီ ကိုယ်အလေးချိန်ထိန်းချုပ်ရေးအတွက် ဘမ်ရန်ဂရက်ဆေးရုံကြီးရဲ့ ကုထုံများထဲက ဘယ်နည်းလမ်းက သင့်တော်မလဲဆိုတာ ကိုယ်တိုင်ဆုံးဖြတ်ရခက်နေရင် 𝐘𝐈𝐌 𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬 မှ အတွေ့အကြုံရင့် ဆရာ၀န်များနှင့်
တိုင်ပင်ဆွေးနွေးကာ လမ်းညွှန်မှုများ ရယူနိုင်ပါတယ်။

𝐘𝐚𝐧𝐠𝐨𝐧 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬
✨ 𝐁𝐮𝐦𝐫𝐮𝐧𝐠𝐫𝐚𝐝 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐑𝐞𝐟𝐞𝐫𝐫𝐚𝐥 ✨

#ဘမ်ရွန်ဂရက်ဆေးရုံကြီး

Online မှတဆင့် အလှအပနှင့် အသားအရေ/ဆံပင်ကျန်းမာရေးဆိုင်ရာ အခမဲ့ ဆွေးနွေးတိုင်ပင်နိုင်မည့် အထူးအစီအစဉ်မြန်မာနိုင်ငံရှိ လူန...
22/02/2026

Online မှတဆင့် အလှအပနှင့် အသားအရေ/ဆံပင်ကျန်းမာရေးဆိုင်ရာ အခမဲ့ ဆွေးနွေးတိုင်ပင်နိုင်မည့် အထူးအစီအစဉ်

မြန်မာနိုင်ငံရှိ လူနာများအတွက် အထူးစီစဉ်ထားသော 𝐎𝐧𝐥𝐢𝐧𝐞 𝐂𝐨𝐧𝐬𝐮𝐥𝐭𝐚𝐭𝐢𝐨𝐧 အစီအစဉ်အဖြစ် 𝐕𝐢𝐭𝐚𝐥𝐋𝐢𝐟𝐞 𝐒𝐜𝐢𝐞𝐧𝐭𝐢𝐟𝐢𝐜 𝐖𝐞𝐥𝐥𝐧𝐞𝐬𝐬 𝐂𝐞𝐧𝐭𝐞𝐫 မှ

👩‍⚕️ 𝐃𝐫. 𝐖𝐢𝐥𝐚𝐰𝐚𝐧 𝐃𝐚𝐦𝐤𝐞𝐫𝐧𝐬𝐮𝐧𝐭𝐨𝐫𝐧
အရေပြား၊ လေဆာနှင့် အလှအပဆိုင်ရာ၊ ဆံကေသာနှင့် ဆံပင် အစားထိုး ခွဲစိတ်ဆရာ၀န်ကြီး (𝐃𝐞𝐫𝐦𝐚𝐭𝐨𝐥𝐨𝐠𝐲 & 𝐇𝐚𝐢𝐫 𝐑𝐞𝐬𝐭𝐨𝐫𝐚𝐭𝐢𝐨𝐧 𝐒𝐩𝐞𝐜𝐢𝐚𝐥𝐢𝐬𝐭) မှ

Online မှတဆင့် တစ်ဦးချင်း တိုက်ရိုက်ဆွေးနွေး အကြံပေးပေးသွားမည်ဖြစ်ပါသည်။

လူကြီးမင်းတို့၏ အလှအပနှင့် အသားအရေကျန်းမာရေးဆိုင်ရာ၊ ဆံပင်ကျွတ်၊ ဆံပင်ပါးခြင်းဆိုင်ရာ စိုးရိမ်ပူပန်မှုများကို အထူးကုဆရာဝန်ကြီးနှင့် တိုက်ရိုက် ဆွေးနွေးနိုင်မည့် အခွင့်အရေးဖြစ်ပါသည်။

📌 နေ့ရက် - ၂၀၂၆၊ ဖေဖော်ဝါရီလ (၂၄) ရက် (ကြာသပတေးနေ့)
⏰ အချိန် – ရက်ချိန်း အစီအစဥ်အရ ရယူထားသော နံပါတ်စဉ်အတိုင်း
💻 Platform – Teleconsultation (Video Call) - Online မှ ဗီဒီယို ဖုန်းခေါ်ဆိုကာ ဆွေးနွေးခြင်း

🚩Free Consultation အတွက် သက်ဆိုင်သည့် အကြောင်းအရာများ

✨ 𝐀𝐞𝐬𝐭𝐡𝐞𝐭𝐢𝐜 𝐂𝐨𝐧𝐜𝐞𝐫𝐧𝐬 - အလှအပရေးရာနှင့် လေဆာကုသမှုများ
(Botox, Filler, Laser Therapies, Ulthera / Ultraformer, Thermage, CoolSculpting- Belly Fat Control)

✨ 𝐇𝐚𝐢𝐫 𝐂𝐨𝐧𝐜𝐞𝐫𝐧𝐬 - ဆံကေသာနှင့် ဦးရေပြားပြသနာများ (Hair Loss, Hair Transplant Consultation)

👩‍⚕️ 𝐃𝐨𝐜𝐭𝐨𝐫’𝐬 𝐐𝐮𝐚𝐥𝐢𝐟𝐢𝐜𝐚𝐭𝐢𝐨𝐧𝐬
🔸Doctor of Medicine (2nd Honors), Chulalongkorn University, The Medical Council of Thailand
🔸Diploma of Thai Board of Dermatology, Chulalongkorn University, The Medical Council of Thailand
🔸Certificate of Clinical Fellowship in Hair & Scalp Disorders, Chulalongkorn University
🔸Certificate of Clinical Fellowship in Dermatologic Surgery, Chulalongkorn University
🔸Certificate of Clinical Fellowship in Hair Restoration Surgery, International Society of Hair Restoration Surgery (ISHRS)
🔸Certificate of Medical Proficiency of Lasers and Procedural Dermatology, The Medical Council of Thailand
🔸Diploma of American Board of Hair Restoration Surgery (ABHRS)

လူဦးရေ အကန့်အသတ်ရှိပါသဖြင့်
📲 အခုပဲ ကြိုတင်စာရင်းပေးသွင်းနိုင်ပါတယ်။

📞 RSVP
09 510 5105, 09 4431 570 77

“နုပျိုသော သက်ရှည်ကျန်းမာခြင်းအတွက် ယုံကြည်ရသော သင်၏ လက်တွဲဖော်”

🌿 𝐕𝐢𝐭𝐚𝐥𝐋𝐢𝐟𝐞 𝐒𝐜𝐢𝐞𝐧𝐭𝐢𝐟𝐢𝐜 𝐖𝐞𝐥𝐥𝐧𝐞𝐬𝐬 𝐂𝐞𝐧𝐭𝐞𝐫
𝐃𝐫𝐢𝐯𝐞𝐧 𝐛𝐲 𝐒𝐜𝐢𝐞𝐧𝐜𝐞, 𝐏𝐨𝐰𝐞𝐫𝐞𝐝 𝐛𝐲 𝐁𝐮𝐦𝐫𝐮𝐧𝐠𝐫𝐚𝐝

𝐘𝐚𝐧𝐠𝐨𝐧 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬
✨ 𝐁𝐮𝐦𝐫𝐮𝐧𝐠𝐫𝐚𝐝 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐑𝐞𝐟𝐞𝐫𝐫𝐚𝐥 ✨

ဘမ်ရွန်ဂရက် ကျန်းမာရေးဟောပြောပွဲ 2026ဘမ်ရွန်ဂရက်ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများဖြစ်သော👨‍⚕️ 𝐃𝐫. 𝐒𝐮𝐫𝐚𝐬𝐚𝐤 𝐊𝐨𝐦𝐨𝐧𝐜𝐡𝐚𝐧(ဦးနှေ...
21/02/2026

ဘမ်ရွန်ဂရက် ကျန်းမာရေးဟောပြောပွဲ 2026

ဘမ်ရွန်ဂရက်ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများဖြစ်သော

👨‍⚕️ 𝐃𝐫. 𝐒𝐮𝐫𝐚𝐬𝐚𝐤 𝐊𝐨𝐦𝐨𝐧𝐜𝐡𝐚𝐧
(ဦးနှောက်နှင့် အာရုံကြော အထူးကုဆရာဝန်ကြီး)မှ လေဖြတ်ခြင်း (𝐒𝐭𝐫𝐨𝐤𝐞 နှင့် 𝐒𝐭𝐫𝐨𝐤𝐞 𝐈𝐧𝐭𝐞𝐫𝐯𝐞𝐧𝐭𝐢𝐨𝐧) ဆိုင်ရာ အကြောင်းအရာများ

👨‍⚕️ 𝐃𝐫. 𝐁𝐨𝐰𝐨𝐧 𝐖𝐞𝐞𝐫𝐚𝐬𝐮𝐛𝐩𝐨𝐧𝐠
(ကင်ဆာရောဂါ အထူးကုဆရာဝန်ကြီး)မှ
ကင်ဆာရောဂါ (𝐎𝐧𝐜𝐨𝐥𝐨𝐠𝐲) ဆိုင်ရာ ကျန်းမာရေးအသိပညာများအကြောင်း နှင့်
ပတ်သတ်ပြီး အထူးဟောပြော ဆွေးနွေးပေးသွားမည်ဖြစ်ပါသည်။

ဆရာဝန်ကြီးများနှင့်လည်း #အခမဲ့ တိုက်ရိုက်မေးမြန်းဆွေးနွေးနိုင်မည် ဖြစ်သောကြောင့် စိတ်ဝင်စားသူများအနေဖြင့် အခုပဲ ကြိုတင်စာရင်းပေးသွင်းနိုင်ပါသည်။

📍 𝐘𝐚𝐧𝐠𝐨𝐧 𝐏𝐫𝐨𝐠𝐫𝐚𝐦
နေ့ရက် : 28.02.2026 (စနေနေ့)
အချိန် : 2:00 PM – 5:00 PM
နေရာ : Bumrungrad Clinic Yangon
အမှတ် 9/B, Manawhari Street, Dagon Township, Yangon

📍 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲 𝐏𝐫𝐨𝐠𝐫𝐚𝐦
နေ့ရက် : 01.03.2026 (တနင်္ဂနွေနေ့)
အချိန် : 1:00 PM – 4:00 PM
နေရာ : YIM Services Mandalay Office
Mingalar Mandalay, 73 Street, Between Thazin &
Ngu Shwe War Street, Chan Mya Tha Zi Township, Mandalay

ကြိုတင်စာရင်းပေးသွင်းရန် -
📲 QR Code ကို Scan ပြုလုပ်၍ သော်လည်းကောင်း၊ အောက်ပါ Google Form မှတဆင့် စာရင်းပေးသွင်းနိုင်ပါသည်။

https://docs.google.com/forms/d/e/1FAIpQLSdP5kNu5nx3t8JNePhBklU-crfxeYql2bSj8J9LapoLGCJUAA/viewform?pli=1

📌📌📌 သတ်မှတ်လူဦးရေပြည့်ပါက စာရင်းပိတ်ပါမည် 📌📌 📌

📣 အသေးစိတ်သိရှိလိုပါက 𝐘𝐚𝐧𝐠𝐨𝐧 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬 ရုံးခွဲများသို့ တိုက်ရိုက်ဆက်သွယ် စုံစမ်းနိုင်ပါသည်။

𝐘𝐚𝐧𝐠𝐨𝐧 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬 ရုံးခွဲများ

📍ရန်ကုန် : 095105105, 09443157077
📍မန္တလေး : 0943030327, 09402767681
📍နေပြည်တော် : 09400955050, 09420262226
📍လားရှိုး : 09404080100, 09952555940
📍မော်လမြိုင် : 09261115537, 09261115538
📍တောင်ကြီး : 09782241686, 09264184868
📍မြိတ် : 09404085100, 09404085200
📍ဘန်ကောက် : +66633385832

𝐘𝐚𝐧𝐠𝐨𝐧 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬
✨𝐁𝐮𝐦𝐫𝐮𝐧𝐠𝐫𝐚𝐝 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐑𝐞𝐟𝐞𝐫𝐫𝐚𝐥 ✨

Address

46B New Excellent Condo, Pantra Street, Dagon Township
Yangon
10110

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 12:00
Sunday 09:00 - 12:00

Telephone

+9595105105

Alerts

Be the first to know and let us send you an email when Yangon International Medical Services posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Yangon International Medical Services:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Who we are

Established in 2006, Yangon International Medical Services is a private Myanmar company limited that offers Myanmar patients competent and effective healthcare services at different levels; both clinical services and referral services of Bumrungrad International Hospital. The company operates in major cities across Myanmar and in Bangkok. The Company manages,


  • Bumrungrad Myanmar Referral Offices (Independent entity working in association with Bumrungrad International Hospital)

  • Yangon International Clinics at Summit Parkview Hotel and Yangon Novotel Max Hotel

  • Mine Town Hospital at Letpadaung Copper Mine