Yangon International Medical Services

Yangon International Medical Services Yangon International Medical Services Co.,Ltd (YIMS)operates referral offices in Myanmar for Bumrungrad International Hospital and other medical services.

Yangon International Medical (Y.I.M) Services Group Co. Ltd operates referral offices in Myanmar for Bumrungrad International Hospital.

အသက်ရှည်ကျန်းမာခြင်းနဲ့ နုပျိုမှုတို့ ဆုံမှတ်𝐕𝐢𝐭𝐚𝐥𝐋𝐢𝐟𝐞 𝐒𝐜𝐢𝐞𝐧𝐭𝐢𝐟𝐢𝐜 𝐖𝐞𝐥𝐥𝐧𝐞𝐬𝐬 𝐂𝐞𝐧𝐭𝐞𝐫 အသက်ရှည်ပြီး ကျန်းမာနုပျိုစွာ နေထိုင်န...
30/01/2026

အသက်ရှည်ကျန်းမာခြင်းနဲ့ နုပျိုမှုတို့ ဆုံမှတ်
𝐕𝐢𝐭𝐚𝐥𝐋𝐢𝐟𝐞 𝐒𝐜𝐢𝐞𝐧𝐭𝐢𝐟𝐢𝐜 𝐖𝐞𝐥𝐥𝐧𝐞𝐬𝐬 𝐂𝐞𝐧𝐭𝐞𝐫

အသက်ရှည်ပြီး ကျန်းမာနုပျိုစွာ
နေထိုင်နိုင်ဖို့ဆိုတာ
လူတိုင်းဖြစ်ချင်တဲ့ ဆန္ဒတစ်ခုပါ။

နည်းပညာတွေ တိုးတက်လာတာနဲ့အမျှ
ရောဂါဖြစ်ပြီးမှ ကုသတာတစ်ခုတည်းကို မမှီခိုတော့ဘဲ
ကိုယ့်ခန္ဓာကိုယ်အခြေအနေကို ပိုမိုနားလည်နိုင်ဖို့၊
အိုမင်းလာခြင်းနဲ့ ဆက်နွယ်နိုင်တဲ့ အချက်များကို
အစောပိုင်းကတည်းက လေ့လာသုံးသပ်နိုင်တဲ့
ကျန်းမာရေးဆိုင်ရာ နည်းလမ်းတွေ ပိုမိုရရှိလာပြီ ဖြစ်ပါတယ်။

ဒီလို နည်းလမ်းတွေကို သိပ္ပံနည်းကျ အခြေခံပြီး
ကျန်းမာရေးကို ဘက်စုံမှ ကြည့်ရှုနိုင်မဲ့ နေရာတစ်ခုကတော့
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာရှိတဲ့
𝐕𝐢𝐭𝐚𝐥𝐋𝐢𝐟𝐞 𝐒𝐜𝐢𝐞𝐧𝐭𝐢𝐟𝐢𝐜 𝐖𝐞𝐥𝐥𝐧𝐞𝐬𝐬 𝐂𝐞𝐧𝐭𝐞𝐫 ပါပဲ။

𝐕𝐢𝐭𝐚𝐥𝐋𝐢𝐟𝐞 ဟာ ဘမ်ရွန်ဂရက်ဆေးရုံဝင်းအတွင်း တည်ရှိပြီး ဆေးပညာအဆင့်မြင့် ဝန်ဆောင်မှုများနဲ့အတူ မြို့ပြဘဝရဲ့ သက်တောင့်သက်သာရှိမှုကိုပါ ခံစားနိုင်မဲ့ 𝐒𝐜𝐢𝐞𝐧𝐭𝐢𝐟𝐢𝐜 𝐖𝐞𝐥𝐥𝐧𝐞𝐬𝐬 𝐂𝐞𝐧𝐭𝐞𝐫 ပဲ ဖြစ်ပါတယ်။

𝐕𝐢𝐭𝐚𝐥𝐋𝐢𝐟𝐞 𝐒𝐜𝐢𝐞𝐧𝐭𝐢𝐟𝐢𝐜 𝐖𝐞𝐥𝐥𝐧𝐞𝐬𝐬 𝐂𝐞𝐧𝐭𝐞𝐫 ရဲ့ ထူးခြားချက်များ

✨ သိပ္ပံအခြေပြု ဘက်စုံလွှမ်းခြုံသော ကျန်းမာရေးအမြင်

ကျန်းမာရေးစောင့်ရှောက်မှု၊ ဆဲလ်အသစ်ဖြစ်ပေါ်စေတဲ့ ကုထုံးများ (regenerative therapies) နှင့် lifestyle guidance များကို ပေါင်းစပ်ထားသော Holistic Excellence

✨ နိုင်ငံတကာအဆင့်မီ ကျွမ်းကျင်သူများ
Longevity နှင့် wellness နယ်ပယ်တွင် အတွေ့အကြုံရှိသော အထူးကုဆရာဝန်များနှင့် ပညာရှင်များရဲ့ နိုင်ငံတကာအဆင့်မီ ကျွမ်းကျင်မှု Global Expertise

✨ တစ်ဦးချင်းစီအလိုက် အထူးပြု ကျန်းမာရေးအစီအစဉ်များ
Biomarkers၊ genetics၊ lifestyle နှင့် လူတစ်ဦးချင်းစီရဲ့ ရည်မှန်းချက်များအပေါ် အခြေခံထားသော သီးသန့်ကျန်းမာရေးစောင့်ရှောက်မှု personalized wellness planning

✨ စိတ်အေးချမ်းစေမဲ့ ပတ်ဝန်းကျင်နှင့် ဝန်ဆောင်မှု
ကမ္ဘာ့အဆင့်မီ ဆေးပညာနဲ့ နွေးထွေးပျူငှာတဲ့ ဝန်ဆောင်မှုတွေကို ပေါင်းစပ်ထားပြီး 5 stars ဟိုတယ်အဆင့် ဇိမ်ခံမှုနဲ့ စိတ်အေးချမ်းစေမဲ့ သက်တောင့်သက်သာရှိမှု Luxury Meets Healing

✨ ကျန်းမာရေးခရီးလမ်းတစ်လျှောက် အတူရှိမည့် ကတိကဝတ်
ကိုယ်ပိုင်ကျန်းမာရေးပန်းတိုင်များကို နားလည်ပြီး အဆင့်လိုက် လမ်းညွှန်ပေးမည့် long-term support mindset (Commitment to Results)

✨ Longevity ကို တိုးတက်အောင် လမ်းညွှန်ပေးခြင်း
နောက်ဆုံးပေါ် သိပ္ပံသုတေသနများနှင့် နည်းပညာများကို အသုံးချပြီး အသက်ရှည်ရုံသာမက ဘဝအရည်အသွေးကိုပါ ပိုမိုကောင်းမွန်စေရန် ရည်ရွယ်သော approach

𝐋𝐢𝐯𝐞 𝐥𝐨𝐧𝐠𝐞𝐫. 𝐋𝐢𝐯𝐞 𝐛𝐞𝐭𝐭𝐞𝐫.
𝐕𝐢𝐭𝐚𝐥𝐋𝐢𝐟𝐞 𝐢𝐬 𝐡𝐞𝐫𝐞 𝐟𝐨𝐫 𝐲𝐨𝐮.

နုပျိုကျန်းမာခြင်းကို ရည်ရွယ်တဲ့ သင့်ရဲ့ wellness journey ကို စတင်ချင်တယ်ဆိုရင်
𝐕𝐢𝐭𝐚𝐥𝐋𝐢𝐟𝐞 𝐒𝐜𝐢𝐞𝐧𝐭𝐢𝐟𝐢𝐜 𝐖𝐞𝐥𝐥𝐧𝐞𝐬𝐬 𝐂𝐞𝐧𝐭𝐞𝐫 ဟာ လူကြီးမင်းတို့အတွက် အမြဲအသင့်ရှိနေပါတယ်။

📩 𝐕𝐢𝐭𝐚𝐥𝐋𝐢𝐟𝐞 𝐒𝐜𝐢𝐞𝐧𝐭𝐢𝐟𝐢𝐜 𝐖𝐞𝐥𝐥𝐧𝐞𝐬𝐬 𝐂𝐞𝐧𝐭𝐞𝐫 ရဲ့ ဝန်ဆောင်မှုများအကြောင်း
ပိုမိုသိရှိလိုပါက 𝐘𝐈𝐌 𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬 ရဲ့ Messenger မှတဆင့်
နွေးထွေးစွာ ဆက်သွယ်မေးမြန်းနိုင်ပါတယ်.. ရှင်။

𝐘𝐚𝐧𝐠𝐨𝐧 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬
✨ 𝐁𝐮𝐦𝐫𝐮𝐧𝐠𝐫𝐚𝐝 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐑𝐞𝐟𝐞𝐫𝐫𝐚𝐥 ✨

#ဘမ်ရွန်ဂရက်ဆေးရုံကြီး

𝐋𝐨𝐧𝐠𝐞𝐯𝐢𝐭𝐲 ဆိုတာ ဘာလဲ? ဘာကြောင့် ဒီခေတ်မှာ အရေးကြီးလာတာလဲ?𝐋𝐨𝐧𝐠𝐞𝐯𝐢𝐭𝐲 ဆိုတာအသက်ရှည်ရုံတစ်ခုတည်းကို မရည်ရွယ်ပါဘူး။ကျန်းမာပြီ...
29/01/2026

𝐋𝐨𝐧𝐠𝐞𝐯𝐢𝐭𝐲 ဆိုတာ ဘာလဲ? ဘာကြောင့် ဒီခေတ်မှာ အရေးကြီးလာတာလဲ?

𝐋𝐨𝐧𝐠𝐞𝐯𝐢𝐭𝐲 ဆိုတာ
အသက်ရှည်ရုံတစ်ခုတည်းကို မရည်ရွယ်ပါဘူး။
ကျန်းမာပြီး အရည်အသွေးရှိတဲ့ ဘဝကို
အချိန်ကြာကြာ နေထိုင်နိုင်ဖို့ကို ဆိုလိုတာပါ။

လူအများစုက
🩺 “နေမကောင်းဖြစ်တော့မှ ဆေးကုမယ်”
ဆိုတဲ့ အတွေးနဲ့ ကျန်းမာရေးကို ကြည့်တတ်ကြပါတယ်။

ဒါပေမယ့်
𝐋𝐨𝐧𝐠𝐞𝐯𝐢𝐭𝐲 ဆိုတဲ့ အမြင်မှာတော့…
🌱 နေမကောင်းမဖြစ်ခင်ကတည်းက ကြိုတင်ဂရုစိုက်ခြင်း
🌱 နေ့စဉ်ဘဝထဲမှာ ကျန်းမာရေးကို
တစ်စိတ်တစ်ပိုင်းအဖြစ် ထည့်သွင်းထားခြင်း
က အရေးကြီးဆုံးဖြစ်ပါတယ်။

𝐋𝐨𝐧𝐠𝐞𝐯𝐢𝐭𝐲 က နေ့စဉ်ဆုံးဖြတ်ချက်တွေကနေ စတင်ပါတယ်
နေ့တိုင်း…
🥗 ဘာစားလဲ
😴 ဘယ်လောက်အိပ်လဲ
🧠 စိတ်ဖိစီးမှုကို ဘယ်လိုထိန်းလဲ
🚶‍♀️ လှုပ်ရှားမှု ရှိလား
🔍 ကိုယ့်ခန္ဓာကိုယ်ကို ကိုယ်တိုင် နားလည်လား

ဒီဆုံးဖြတ်ချက်လေးတွေ စုပေါင်းပြီး နုပျိုကျန်းမာတဲ့ အသက်ရှည်ဘဝ ကို ဖန်တီးပေးတာပါ။

𝐋𝐨𝐧𝐠𝐞𝐯𝐢𝐭𝐲 ရဲ့ အဓိကအချက်တွေက –
✔️ ရောဂါဖြစ်ပြီးမှ မကုဘဲ
✔️ မဖြစ်ခင်ကတည်းက အန္တရာယ်တွေကို သိထားခြင်း
✔️ ကိုယ့်ခန္ဓာကိုယ်နဲ့ ကိုက်ညီတဲ့ ပုံစံနဲ့ ပြုပြင်ထိန်းသိမ်းခြင်း တို့ပဲ ဖြစ်ပါတယ်။

ဒီအရာတွေကို တစ်နေ့တည်းနဲ့ မရနိင်ပါဘူး။ ဒါပေမယ့် 👉 ဒီနေ့ကစပြီး ပြောင်းလဲလိုက်တဲ့ အလေ့အကျင့်လေးတစ်ခုက မနက်ဖြန်မှာ မိမိရဲ့ ကျန်းမာရေးကို ပြောင်းလဲနိုင်ပါတယ်။

VitalLife Scientific Wellness Center က
Longevity ကို စိတ်ကူးမက လက်တွေ့အဖြစ် ပြောင်းလဲပေးနေတဲ့ နေရာပဲ ဖြစ်ပါတယ်။

𝐘𝐚𝐧𝐠𝐨𝐧 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬
✨ 𝐁𝐮𝐦𝐫𝐮𝐧𝐠𝐫𝐚𝐝 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐑𝐞𝐟𝐞𝐫𝐫𝐚𝐥 ✨

#ဘမ်ရွန်ဂရက်ဆေးရုံကြီး

23/01/2026

လူနာတစ်ဦးချင်းစီရဲ့
စိုးရိမ်ပူပန်သောကတွေကို
အစအဆုံး သေချာဂရုတစိုက်
နားဆင်ပြီး ဆေးကုသမှု
ခရီးစဉ်တစ်လျှောက် အကောင်းဆုံး
Health Companion အဖြစ်
အမြဲဘေးမှာရှိနေတဲ့

“𝐘𝐈𝐌𝐒 𝐃𝐨𝐜𝐭𝐨𝐫𝐬”
(𝐘𝐚𝐧𝐠𝐨𝐧 𝐓𝐞𝐚𝐦)

“𝐘𝐈𝐌𝐒 𝐃𝐨𝐜𝐭𝐨𝐫𝐬 - 𝐍𝐨𝐭 𝐣𝐮𝐬𝐭 𝐞𝐱𝐩𝐞𝐫𝐭𝐬.
𝐋𝐢𝐬𝐭𝐞𝐧𝐞𝐫𝐬, 𝐭𝐨𝐨.”

𝐘𝐚𝐧𝐠𝐨𝐧 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬
✨ 𝐁𝐮𝐦𝐫𝐮𝐧𝐠𝐫𝐚𝐝 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐑𝐞𝐟𝐞𝐫𝐫𝐚𝐥 ✨

#ဘမ်ရွန်ဂရက်ဆေးရုံကြီး

𝐇𝐞𝐚𝐥𝐢𝐧𝐠 𝐄𝐧𝐯𝐢𝐫𝐨𝐧𝐦𝐞𝐧𝐭 တစ်ခုအဖြစ် ကုသမှုကို ခံစားနိုင်တဲ့ 𝐁𝐮𝐦𝐫𝐮𝐧𝐠𝐫𝐚𝐝 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥 𝐁𝐮𝐦𝐫𝐮𝐧𝐠𝐫𝐚𝐝 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐇𝐨𝐬𝐩𝐢𝐭...
20/01/2026

𝐇𝐞𝐚𝐥𝐢𝐧𝐠 𝐄𝐧𝐯𝐢𝐫𝐨𝐧𝐦𝐞𝐧𝐭 တစ်ခုအဖြစ် ကုသမှုကို ခံစားနိုင်တဲ့ 𝐁𝐮𝐦𝐫𝐮𝐧𝐠𝐫𝐚𝐝 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥

𝐁𝐮𝐦𝐫𝐮𝐧𝐠𝐫𝐚𝐝 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥 မှာ လူနာတစ်ဦးချင်းစီရဲ့ သက်သာမှု၊ လုံခြုံမှု ကိုသာမက မိသားစုသားသမီးများနှင့်အတူ စိတ်အေးချမ်းမြေ့စွာ နေထိုင်နိုင်မှု ကိုပါ အပြည့်အဝ စဉ်းစားပြီး လူနာအခန်းဒီဇိုင်းတွေကို စနစ်တကျ ဖန်တီးထားပါတယ်။

အထူးသဖြင့် ဘမ်ရွန်ဂရက်ဆေးရုံကြီးဟာ အာရှမှာ 𝐔𝐧𝐢𝐭𝐞𝐝 𝐒𝐭𝐚𝐭𝐞𝐬 𝐍𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐅𝐢𝐫𝐞 𝐏𝐫𝐨𝐭𝐞𝐜𝐭𝐢𝐨𝐧 𝐀𝐬𝐬𝐨𝐜𝐢𝐚𝐭𝐢𝐨𝐧 (𝐍𝐅𝐏𝐀) စံနှုန်းနဲ့ ပထမဆုံး တည်ဆောက်ခဲ့တဲ့ ဆေးရုံ ဖြစ်ပါတယ်။

ဒီ 𝐍𝐅𝐏𝐀 စံနှုန်းဟာ
- မီးဘေးအန္တရာယ်ကာကွယ်ရေး၊
- အရေးပေါ်ထွက်ပေါက်စနစ်၊
- မီးလောင်မှုဖြစ်ပွားချိန် လူနာကယ်ဆယ်ရေးလုပ်ငန်းများကို အမြင့်ဆုံး လုံခြုံရေးအဆင့်နဲ့ စနစ်တကျ ဒီဇိုင်းလုပ်ထားတယ်ဆိုတဲ့ ယုံကြည်စိတ်ချရတဲ့ အာမခံချက် တစ်ရပ် ဖြစ်ပါတယ်။

ဒါကြောင့်
👉 ဆေးရုံအခန်းဆိုပေမယ့် ဟိုတယ်တစ်ခုလို သက်တောင့်သက်သာရှိစေခြင်း
👉 လူနာအတွက်သာမက အတူနေမိသားစုအတွက်ပါ စိတ်အေးချမ်းမြေ့စေခြင်း
👉 အရေးပေါ်အခြေအနေတွေမှာပါ စံနှုန်းမြင့် လုံခြုံရေးစနစ်နဲ့ ကာကွယ်နိုင်ခြင်း
👉 အခန်းအတွင်း အသုံးပြုထားတဲ့
- အိပ်ရာစနစ်၊ Nurse Call System၊
- အလင်းအမှောင်ထိန်းချုပ်မှု၊
- လေဝင်လေထွက်နှင့် အသံတိတ်သက်သာမှုများကိုပါ
လူနာပြန်လည် ကျန်းမာရေးကို အထောက်အကူ ဖြစ်စေဖို့
အထူးစဉ်းစားထားတာပဲ ဖြစ်ပါတယ်။

အထက်ပါ အချက်တွေက ဘမ်ရွန်ဂရက်ရဲ့ လူနာအခန်းတွေကို “ဆေးကုသတဲ့ နေရာတစ်ခု” တင်မကဘဲ
👉ကုသမှုကို အားပေးပံ့ပိုးပေးတဲ့ Healing Environment တစ်ခု
👉လူနာနဲ့ မိသားစုအတွက် စိတ်အေးချမ်းစရာ Safe Space တစ်ခု အဖြစ် ဖန်တီးထားတာဖြစ်ပါတယ်။

🏨 အခန်းအမျိုးအစားများ
လူနာတစ်ဦးချင်းစီရဲ့ ကျန်းမာရေးအခြေအနေနဲ့ မိသားစုလိုအပ်ချက်အလိုက် Luxury Suite မှ Shared Room အထိ အောက်ပါအခန်းအမျိုးအစားများကို ရွေးချယ်နိုင်ပါတယ်။
🌟Premier Royal Suite
🌟Premier Atrium Suite
🌟 Premier Suite
🌟 VIP Suite
🌟 Super Deluxe Room
🌟 Deluxe Room
🌟 Single Room
🌟 2 Bedded Room (Shared Room)

🛏️ အခန်းအားလုံးတွင် ပါဝင်သော အထွေထွေ အဆင်ပြေမှုများ

- လျှပ်စစ်ဖြင့် Adjust လုပ်၍ ထိန်းချုပ်နိုင်သော အိပ်ရာ
- Computerized Nurse Call System
- အိပ်ရာဘေး မီးအလင်းနှင့် TV ထိန်းချုပ်မှု
- Thai / English / နိုင်ငံခြား Channel များပါဝင်သော Cable TV (Shared Room တွင် လူတစ်ဦးလျှင် TV တစ်လုံး)
- Hotpot
- Guest Couch (လူနာစောင့် အိပ်စက်အနားယူနိုင်သော ဆိုဖာ)
- ပြည်တွင်း / နိုင်ငံတကာ ဖုန်းခေါ်ဆိုနိုင်သော ကိုယ်ပိုင်ဖုန်း
- ကိုယ်ပိုင် အအေးပေးစနစ် (Air Conditioning)
- Premium Bathroom Amenities (အခမဲ့)
- ကိုယ်ပိုင် ဆေးဝါးသိုလှောင်မှုဗီဒို

🕕 လူနာလာရောက် လည်ပတ်နိုင်ချိန်
မနက် ၆ နာရီမှ ည ၁၀ နာရီ အထိ
Single Room နေထိုင်သူများအတွက် အချိန်မရွေး လည်ပတ်နိုင်ပါတယ်။

ဘမ်ရွန်ဂရက်ဆေးရုံကြီးမှာ ဆေးရုံတက်ဆေးကုသမှုကို 𝐇𝐞𝐚𝐥𝐢𝐧𝐠 𝐄𝐧𝐯𝐢𝐫𝐨𝐧𝐦𝐞𝐧𝐭 တစ်ခုအဖြစ် စိတ်အေးချမ်းစွာ ခံယူနိုင်ဖို့
👉 ကုသမှုမတိုင်မီမှစပြီး နေထိုင်မှုအထိ အတူတကွ စီစဉ်ပံ့ပိုးပေးမယ့် 𝐘𝐈𝐌 𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬 ကို အမြဲ သတိရလိုက်ပါ 🤍

𝐘𝐚𝐧𝐠𝐨𝐧 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬
✨ 𝐁𝐮𝐦𝐫𝐮𝐧𝐠𝐫𝐚𝐝 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐑𝐞𝐟𝐞𝐫𝐫𝐚𝐥 ✨

ဘမ်ရွန်ဂရက် မှာ စိတ်အေးချမ်းသာစွာ ဆေးရုံတက်ကုသရန် ကြိုတင် သိထားသင့်သည့် 𝐀𝐝𝐦𝐢𝐬𝐬𝐢𝐨𝐧 လမ်းညွှန်ချက်များ ဘမ်ရွန်ဂရက်ဆေးရုံကြီ...
19/01/2026

ဘမ်ရွန်ဂရက် မှာ စိတ်အေးချမ်းသာစွာ ဆေးရုံတက်ကုသရန် ကြိုတင် သိထားသင့်သည့် 𝐀𝐝𝐦𝐢𝐬𝐬𝐢𝐨𝐧 လမ်းညွှန်ချက်များ

ဘမ်ရွန်ဂရက်ဆေးရုံကြီးမှာ မြန်မာလူနာများနှင့် မိသားစု၀င်များ စိတ်ပူပန် စိုးရိမ်သောက တစုံတရာ မရှိပဲ မိမိအိမ်ပတ်၀န်းကျင်မှာ နေသကဲ့သို့ သက်တောင့်သက်သာ စိတ်အေးချမ်းသာစွာ ဆေးရုံတက် ဆေးကုသမှု ခံယူနိုင်ဖို့ ဆေးရုံတက်နေစဥ်အတွင်း သိထားသင့်တဲ့ အချက်အလက်များကို ကြိုတင်လမ်းညွှန်ပေးလိုက်ပါတယ်။

ုပ်ခင်ကြိုတင်သိထားရမယ့်အချက်များ (𝐏𝐫𝐞-𝐚𝐝𝐦𝐢𝐬𝐬𝐢𝐨𝐧 𝐏𝐫𝐨𝐜𝐞𝐝𝐮𝐫𝐞)

ဘမ်ရွန်ဂရက်ဆေးရုံကြီးမှာ ဆရာဝန်၏ အကြံပြုချက်ရရှိပြီးမှသာ ဆေးရုံတက်ဖို့ ခွင့်ပြုမှာဖြစ်ပြီး လူနာများအား အောက်ပါအချက်အလက်များကို အသိပေးသွားမှာပဲ ဖြစ်ပါတယ်။

- အခန်းအမျိုးအစားနှင့် အခန်းခ၊ ဝန်ဆောင်ခများနှင့် နေ့စဉ် အစားအစာ စရိတ်
- ခန့်မှန်းကုသမှုစရိတ်၊ Deposit နှင့် ငွေပေးချေမှုနည်းလမ်းများ
- လူနာနှင့်အတူ နေနိုင်သည့် ဧည့်သည် စည်းမျဉ်းများ
- ဆေးဝါး၊ ကုသမှုလုပ်ငန်းစဉ်များအပေါ် ဆေးရုံ၏ မူဝါဒ
-လူနာအတွက် အစားအစာအစီအစဉ်
-အဖိုးတန်ပစ္စည်းများနှင့် လုံခြုံရေးသေတ္တာ
- ဆေးရုံပစ္စည်း ပျက်စီးမှု / ပျောက်ဆုံးမှု မူဝါဒ
- အသုံးပြုမည့် ဆေးဘက်ဆိုင်ရာ ကိရိယာများ
- ဗီဇာနှင့် ဗီဇာသက်တမ်းတိုးခြင်း ဆိုင်ရာ အချက်အလက်များ
- ဆေးရုံမှ ထွက်ခွာခွင့် ဆိုင်ရာ စည်းမျဉ်းများ
- ကူးစက်ရောဂါကာကွယ်ရေးနှင့် လူနာလုံခြုံရေးဆိုင်ရာ အချက်အလက်များ
- ကလေးမွေးဖွားမှုဆိုင်ရာ အချက်အလက်

#ဆေးရုံတက်ချိန် & 𝐂𝐡𝐞𝐜𝐤-𝐢𝐧 𝐭𝐢𝐦𝐞 တွင် သိထားရမယ့် အချက်များ

- ဆရာဝန်ညွှန်ကြားချက်အတိုင်း မည်သည့်အချိန်မဆို ဆေးရုံတက်နိုင်ပါသည်
- အခန်းခကို ၂၄ နာရီကို တစ်ရက်စာအဖြစ် တွက်ချက်ပါသည်
- ၂၄ နာရီကျော်ပြီး အပိုချိန် ၁၂ နာရီအောက် ဖြစ်ပါက အခန်းခ၏ တစ်ဝက်ကို ထပ်မံကောက်ခံပါမည်
- အပိုချိန် ၁၂–၂၄ နာရီအတွင်း ဖြစ်ပါကတစ်ရက်စာ အခန်းခအပြည့် ကောက်ခံပါမည်
- နေ့ခင်းနှင့် ညပိုင်း Check-in နေရာများကို ကြိုတင် သိထားနိုင်ဖို့ Admission Office ကို ဆက်သွယ်နိုင်ပါတယ်

- မနက် ၇ နာရီ – ည ၈ နာရီ အတွင်း ဆေးရုံရောက်ရှိပါက >> Building B အထပ် (၂) တွင် Check-in လုပ်ပြီး Hospital Admission Application & Consent ကို လက်မှတ်ရေးထိုးရပါမည်။

- ည ၈ နာရီ – မနက် ၇ နာရီ အတွင်း ဆေးရုံရောက်ရှိပါက >> Main Hospital Building မြေညီထပ်ရှိ Emergency Room Registration Desk တွင် Check-in လုပ်၍ လက်မှတ်ရေးထိုးရပါမည်။

#အစားအစာဝန်ဆောင်မှု (𝐌𝐞𝐚𝐥 𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬)
- လူနာများ၏ ကျန်းမာရေးအခြေအနေအလိုက် ဆရာဝန်ညွှန်ကြားချက်အတိုင်း Dietician မှ စီစဉ်ထားသော အစားအစာများကို ပံ့ပိုးပါသည်။

- Main Hospital Building တွင် လူနာ၊ မိသားစုနှင့် မိတ်ဆွေများအတွက်
စားသောက်ဆိုင်များ ရှိပြီး ဖုန်းခေါ်ဆိုခြင်းဖြင့် အခန်းအထိ ပို့ဆောင်ပေးပါသည်။

#သူနာပြုဝန်ဆောင်မှု (𝐍𝐮𝐫𝐬𝐢𝐧𝐠 𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬)

- အိပ်ရာဘေးတွင် Nursing Call Handset ရှိပြီး ၂၄ နာရီ သူနာပြုများ ဆက်သွယ်နိုင်ပါသည်
- Bathroom အတွင်း Call Bell များလည်း ပါရှိပါသည်
- Patient Attendant လိုအပ်ပါက Ward Nurse ကို ဆက်သွယ်နိုင်ပြီး
- အတည်ပြုပြီးပါက Patient Attendant / Nursing Assistant ခန့်အပ်ပေးပါမည်။

#ဧည့်သည်ဝင်ရောက်မှုလမ်းညွှန် (𝐕𝐢𝐬𝐢𝐭𝐢𝐧𝐠 𝐆𝐮𝐢𝐝𝐞)

- လူနာ၏ ပြန်လည်ကျန်းမာလာရေးအတွက် မိသားစုနှင့် မိတ်ဆွေများ၏ လာရောက် အားပေးမှုကို ဆေးရုံမှ အလေးထားပါသည်။
- 𝐑𝐞𝐠𝐮𝐥𝐚𝐫 𝐖𝐚𝐫𝐝: မနက် ၆ နာရီမှ ည ၁၀ နာရီအထိ ဖြစ်ပြီး ည ၁၀ နာရီနောက်ပိုင်း 𝐍𝐮𝐫𝐬𝐞 𝐒𝐭𝐚𝐭𝐢𝐨𝐧 တွင် စာရင်းသွင်းရပါမည်
- 𝐏𝐫𝐢𝐯𝐚𝐭𝐞 𝐒𝐢𝐧𝐠𝐥𝐞 𝐑𝐨𝐨𝐦: ဧည့်သည်များကို ၂၄ နာရီ လက်ခံနိုင်ပါသည်
- 𝐂𝐫𝐢𝐭𝐢𝐜𝐚𝐥 𝐂𝐚𝐫𝐞 𝐔𝐧𝐢𝐭 : မနက် ၉ နာရီ – ၁၂ နာရီ၊ မွန်းလွဲ ၂ နာရီ – ည ၁၀ နာရီ
- အခြားအချိန်များတွင် ဝင်ရောက်ခွင့် မပြုပါ။
- တစ်ချိန်တည်း ဧည့်သည် ၂ ဦးသာ ဝင်ခွင့်ရှိပါတယ်။
- အသက် ၁၂ နှစ်အောက် ကလေးများ မဝင်ရပါ။
- စားသောက်ခြင်း၊ ညအိပ်နေရန် ခွင့်မပြုပါ။
- ဓာတ်ပုံနှင့် ဗီဒီယိုရိုက်ကူးခြင်း မပြုရပါ။

𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬 𝐂𝐞𝐧𝐭𝐞𝐫

Medical Traveler များအတွက် ဗီဇာသက်တမ်းတိုးခြင်း၊ စာရွက်စာတမ်းကိစ္စများနှင့် ထောက်အပံ့ဝန်ဆောင်မှုများ ပံ့ပိုးပါသည်။

#အခြားဝန်ဆောင်မှုများ (𝐎𝐭𝐡𝐞𝐫 𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬)

Housekeeping – နေ့စဉ် အခန်းသန့်ရှင်းရေးရှိသည်
Newspaper – တောင်းဆိုပါက ပေးအပ်ပါသည်
Maintenance – ပစ္စည်းပျက်စီးပါက Ward Nurse ကို အသိပေးရန်
Security – အခန်းအတွင်း Safe Box ပါရှိသည်
Fire Safety – မီးသတိပေးစနစ် အလိုအလျောက်ရှိသည်
Smoking – ဆေးရုံဧရိယာအတွင်း ဆေးလိပ်မသောက်ရပါ
Parking – ၂၄ နာရီ ကားရပ်နားနိုင်သည်

ဘမ်ရွန်ဂရက်ဆေးရုံကြီးတွင် ဆေးရုံတက်ဆေးကုသမှုခံယူခြင်းနှင့်ပတ်သက်ပြီး ထပ်မံသိရှိလိုပါက YIM Service Messenger သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ် ရှင်။

𝐘𝐚𝐧𝐠𝐨𝐧 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬
✨ 𝐁𝐮𝐦𝐫𝐮𝐧𝐠𝐫𝐚𝐝 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐑𝐞𝐟𝐞𝐫𝐫𝐚𝐥 ✨

15/01/2026

ဘမ်ရွန်ဂရက်ဆေးရုံရဲ့
𝐀𝐈 𝐏𝐞𝐫𝐬𝐨𝐧𝐚𝐥𝐢𝐳𝐞𝐝 𝐇𝐞𝐚𝐥𝐭𝐡𝐌𝐚𝐭𝐜𝐡 က
မိမိအသက်အရွယ်၊ lifestyle နဲ့
ကိုက်ညီမယ့်
✨𝐇𝐞𝐚𝐥𝐭𝐡 𝐂𝐡𝐞𝐜𝐤𝐮𝐩 𝐏𝐚𝐜𝐤𝐚𝐠𝐞 𝐏𝐥𝐚𝐧 ✨ကို
ပြောပြပါလိမ့်မယ်။

မနက်ဖြန်တိုင်းမှာ ကျန်းမာနိုင်ဖို့ ဒီနေ့ကတည်းက ကာကွယ်လိုက်ပါ။

𝐘𝐚𝐧𝐠𝐨𝐧 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬
✨ 𝐁𝐮𝐦𝐫𝐮𝐧𝐠𝐫𝐚𝐝 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐑𝐞𝐟𝐞𝐫𝐫𝐚𝐥 ✨

🌿 𝐖𝐞𝐥𝐥𝐧𝐞𝐬𝐬 𝐖𝐞𝐝𝐧𝐞𝐬𝐝𝐚𝐲 𝐰𝐢𝐭𝐡 𝐘𝐈𝐌| 𝐕𝐨𝐥 𝟖𝐒𝐞𝐥𝐟-𝐜𝐚𝐫𝐞 ≠ 𝐒𝐞𝐥𝐟𝐢𝐬𝐡𝐒𝐞𝐥𝐟-𝐜𝐚𝐫𝐞 = 𝐋𝐨𝐧𝐠-𝐭𝐞𝐫𝐦 𝐂𝐚𝐫𝐞ကိုယ့်ကိုယ်ကို ဂရုစိုက်ခြင်းဟာ အတ္တကြီ...
14/01/2026

🌿 𝐖𝐞𝐥𝐥𝐧𝐞𝐬𝐬 𝐖𝐞𝐝𝐧𝐞𝐬𝐝𝐚𝐲 𝐰𝐢𝐭𝐡 𝐘𝐈𝐌| 𝐕𝐨𝐥 𝟖

𝐒𝐞𝐥𝐟-𝐜𝐚𝐫𝐞 ≠ 𝐒𝐞𝐥𝐟𝐢𝐬𝐡
𝐒𝐞𝐥𝐟-𝐜𝐚𝐫𝐞 = 𝐋𝐨𝐧𝐠-𝐭𝐞𝐫𝐦 𝐂𝐚𝐫𝐞

ကိုယ့်ကိုယ်ကို ဂရုစိုက်ခြင်းဟာ
အတ္တကြီးခြင်း မဟုတ်ပါ။
ကိုယ့်ကိုယ်ကို ဂရုစိုက်ခြင်းဟာ
ရေရှည်အတွက် စောင့်ရှောက်ခြင်းပါ။

ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်တာဟာ...
တကယ်တော့ မိသားစုကို ဂရုစိုက်တာပါပဲ။ ❤️

ကိုယ်တိုင် ကျန်းမာသန်စွမ်းနေမှသာ
ချစ်ရတဲ့သူတွေကို ရေရှည် စောင့်ရှောက်နိုင်မှာပါ။

၂၀၂၆ နှစ်သစ်မှာ ကျန်းမာရေးစစ်ဆေးမှု
(🌿 𝐇𝐞𝐚𝐥𝐭𝐡 𝐂𝐡𝐞𝐜𝐤𝐮𝐩) နဲ့ မိမိကိုယ်ကို
စောင့်ရှောက်ကာကွယ်ပါ။

🌿 𝐁𝐮𝐦𝐫𝐮𝐧𝐠𝐫𝐚𝐝 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥 မှာ ဘာတွေ ထူးခြားလဲ?

𝐎𝐧𝐞-𝐒𝐭𝐨𝐩 𝐒𝐞𝐫𝐯𝐢𝐜𝐞: တစ်နေရာတည်းမှာတင် အချိန်တိုအတွင်း စိတ်အေးချမ်းသာစွာ စစ်ဆေးနိုင်ပါတယ်။

𝐍𝐞𝐱𝐭-𝐆𝐞𝐧 𝐓𝐞𝐜𝐡𝐧𝐨𝐥𝐨𝐠𝐲: သာမန်စစ်ဆေးရုံတင်မကဘဲ မျိုးရိုးဗီဇ (Genetic Testing) အထိပါ စစ်ဆေးပြီး အနာဂတ် ရောဂါအန္တရာယ်တွေကို ကြိုတင်ကာကွယ်နိုင်ပါတယ်။

✨ မနက်ဖြန်တိုင်းမှာ ကျန်းမာပျော်ရွှင်ဖို့ ဒီနေ့ကစပြီး ကိုယ့်ကိုယ်ကိုယ် ပြန်ချစ်လိုက်ပါ။

မိမိ၏ အသက်အရွယ်၊ မိသားစုရာဇဝင် နှင့် နေထိုင်မှုပုံစံအလိုက် ဘာတွေ စစ်ဆေးသင့်လဲဆိုတာကို အောက်ပါလင့်ခ်တွင် ဖတ်ရှုလေ့လာနိုင်ပါသည်။
(https://www.facebook.com/share/p/1ASrHLjbyL/ )

𝐘𝐚𝐧𝐠𝐨𝐧 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬
✨ 𝐁𝐮𝐦𝐫𝐮𝐧𝐠𝐫𝐚𝐝 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐑𝐞𝐟𝐞𝐫𝐫𝐚𝐥 ✨

ရင်သွေးငယ်ရဲ့ တစ်သက်တာ ကျန်းမာရေးအတွက် အကောင်းဆုံးသော အစပြုခြင်း (𝐍𝐞𝐰𝐛𝐨𝐫𝐧 𝐒𝐞𝐪𝐮𝐞𝐧𝐜𝐢𝐧𝐠)မိဘတိုင်းရဲ့ အကြီးမားဆုံးဆန္ဒက မိမိ...
13/01/2026

ရင်သွေးငယ်ရဲ့ တစ်သက်တာ ကျန်းမာရေးအတွက် အကောင်းဆုံးသော အစပြုခြင်း (𝐍𝐞𝐰𝐛𝐨𝐫𝐧 𝐒𝐞𝐪𝐮𝐞𝐧𝐜𝐢𝐧𝐠)

မိဘတိုင်းရဲ့ အကြီးမားဆုံးဆန္ဒက မိမိတို့ရဲ့ ရင်သွေးငယ်လေးတွေကို ကျန်းမာပျော်ရွှင်စွာ ကြီးပြင်းလာစေချင်ခြင်း ပဲ ဖြစ်ပါတယ်။

ယနေ့ခေတ်မှာတော့ ခေတ်မီ 𝐆𝐞𝐧𝐨𝐦𝐢𝐜 𝐓𝐞𝐜𝐡𝐧𝐨𝐥𝐨𝐠𝐲 ရဲ့ အကူအညီနဲ့ ကလေးငယ်ရဲ့အနာဂတ်ကျန်းမာရေးကို မွေးစအချိန်ကတည်းက ကြိုတင်သိရှိနိုင်ပြီး စီမံခန့်ခွဲနိုင်တဲ့ 𝐍𝐞𝐰𝐛𝐨𝐫𝐧 𝐒𝐞𝐪𝐮𝐞𝐧𝐜𝐢𝐧𝐠 ဝန်ဆောင်မှုကို ထိုင်းနိုင်ငံရှိ ကမ္ဘာ့အဆင့်မီ 𝐁𝐮𝐦𝐫𝐮𝐧𝐠𝐫𝐚𝐝 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥 𝐆𝐞𝐧𝐨𝐦𝐢𝐜 𝐌𝐞𝐝𝐢𝐜𝐢𝐧𝐞 𝐂𝐞𝐧𝐭𝐞𝐫 မှာ စစ်ဆေးနိုင်ပြီ ဖြစ်ပါတယ်။

🧬 𝐍𝐞𝐰𝐛𝐨𝐫𝐧 𝐒𝐞𝐪𝐮𝐞𝐧𝐜𝐢𝐧𝐠 ဆိုတာ ဘာလဲ?

Newborn Sequencing ဆိုတာ ရိုးရိုးပုံမှန် မွေးကင်းစစစ်ဆေးမှုတွေထက် ပိုမိုနက်ရှိုင်းပြီး အပြည့်အစုံဖြစ်တဲ့ မျိုးရိုးဗီဇ စစ်ဆေးမှု တစ်ခုပါ။ ကလေးငယ်ရဲ့ DNA (မျိုးရိုးဗီဇ) ကို အသေးစိတ် ခွဲခြမ်းစစ်ဆေးပြီး ကုသနိုင်တဲ့၊ ကြိုတင်ကာကွယ်နိုင်တဲ့ မျိုးရိုးဗီဇဆိုင်ရာ ရောဂါအခြေအနေများကို အလွန်စောစီးစွာ ဖော်ထုတ်ပေးနိုင်ပါတယ်။

❓ဘယ်လိုရောဂါတွေကို စစ်ဆေးပေးနိုင်သလဲ?

Bumrungrad ရဲ့Newborn Sequencing နည်းပညာက Genes (၂၄၆) မျိုးကို စစ်ဆေးပြီး ကုသနိုင်သော မျိုးရိုးဗီဇဆိုင်ရာ ရောဂါ (၁၁၃) မျိုးကို ဖော်ထုတ်ပေးနိုင်ပါတယ်။

✨အဓိက စစ်ဆေးနိုင်သော အမျိုးအစားများ

✅ဇီဝကမ္မဖြစ်စဉ်ဆိုင်ရာ ရောဂါများ
(𝐌𝐞𝐭𝐚𝐛𝐨𝐥𝐢𝐜 𝐃𝐢𝐬𝐞𝐚𝐬𝐞𝐬)
ဥပမာ – Phenylketonuria (PKU), Maple Syrup Urine Disease

✅ အာရုံကြောနှင့် ကြွက်သားဆိုင်ရာ အခြေအနေများ (𝐍𝐞𝐮𝐫𝐨𝐥𝐨𝐠𝐢𝐜𝐚𝐥 𝐂𝐨𝐧𝐝𝐢𝐭𝐢𝐨𝐧𝐬)
ဥပမာ – Spinal Muscular Atrophy (SMA), Duchenne Muscular Dystrophy, Usher Syndrome

✅ သွေးရောဂါများ (𝐁𝐥𝐨𝐨𝐝 𝐃𝐢𝐬𝐨𝐫𝐝𝐞𝐫𝐬)
ဥပမာ – Thalassemia, Sickle Cell Disease

✅ အင်ဇိုင်းနှင့် ဟော်မုန်း ချို့တဲ့မှုများ
ခန္ဓာကိုယ်ဖွံ့ဖြိုးကြီးထွားမှုကို ထိခိုက်စေနိုင်သော အခြေအနေများ

✨𝐍𝐞𝐰𝐛𝐨𝐫𝐧 𝐒𝐞𝐪𝐮𝐞𝐧𝐜𝐢𝐧𝐠 ရဲ့ အဓိက အကျိုးကျေးဇူး (၄) ချက်

1️⃣ ပုံမှန် စစ်ဆေးမှုများဖြင့် မတွေ့နိုင်သော ရောဂါအန္တရာယ်များကို မွေးစအချိန် ကတည်းက ကြိုတင်ဖော်ထုတ်နိုင်ခြင်း

2️⃣ ရောဂါကို စောစီးစွာ သိရှိနိုင်သောကြောင့် ပြင်းထန်တဲ့ နောက်ဆက်တွဲ ပြဿနာများ မဖြစ်ခင် အချိန်မီကုသနိုင်ခြင်း

3️⃣ ကလေးရဲ့ တစ်သက်တာလုံးမှာ ဖြစ်လာနိုင်တဲ့ ရေရှည်ကျန်းမာရေး အန္တရာယ်များကို လျှော့ချပေးနိုင်ခြင်း

4️⃣ စောစီးစွာ ပြုစုကုသမှု ရရှိခြင်းကြောင့် Quality of Life ကို အပြည့်အဝ ထိန်းသိမ်းနိုင်ခြင်း

​"ကာကွယ်ခြင်းက ကုသခြင်းထက် ထိရောက်ရုံသာမက newborn Sequencing ဖြင့် 'ကြိုတင်သိရှိခြင်း' က ရင်သွေးငယ်ရဲ့ အနာဂတ်ကို ပိုမိုလုံခြုံစေနိုင်ပါပြီ။

YIM Services မှတစ်ဆင့် ဘမ်ရွန်ဂရက်ဆေးရုံကြီး၏ Genomic Medicine Center ရဲ့ Newborn Sequencing အကြောင်း အသေးစိတ်ကို Messenger မှာ နွေးထွေးစွာ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

𝐘𝐚𝐧𝐠𝐨𝐧 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬
✨ 𝐁𝐮𝐦𝐫𝐮𝐧𝐠𝐫𝐚𝐝 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐑𝐞𝐟𝐞𝐫𝐫𝐚𝐥 ✨

#မွေးကင်းစကလေးကျန်းမာရေး

ဖူခက်မှာ ကမ္ဘာ့အဆင့်မီ 𝐌𝐞𝐝𝐢𝐜𝐚𝐥 & 𝐖𝐞𝐥𝐥𝐧𝐞𝐬𝐬 𝐇𝐮𝐛 တည်ဆောက်မည့် ဘမ်ရွန်ဂရက်ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးဝန်ဆောင်မှုများတွင် ဦးဆ...
08/01/2026

ဖူခက်မှာ ကမ္ဘာ့အဆင့်မီ 𝐌𝐞𝐝𝐢𝐜𝐚𝐥 & 𝐖𝐞𝐥𝐥𝐧𝐞𝐬𝐬 𝐇𝐮𝐛 တည်ဆောက်မည့် ဘမ်ရွန်ဂရက်

ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးဝန်ဆောင်မှုများတွင် ဦးဆောင်နေသည့် 𝐁𝐮𝐦𝐫𝐮𝐧𝐠𝐫𝐚𝐝 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥 မှ ထိုင်းနိုင်ငံ ဖူခက်မြို့ မှာ THB 4.3 ဘီလီယံကျော် ရင်းနှီးမြှုပ်နှံ၍ Medical & Wellness Hub တည်ဆောက်မည်ဖြစ်ကြောင်း ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလမှာ တရားဝင်ကြေညာခဲ့ပါတယ်။
ဤစီမံကိန်းဟာ ဖူခက်ကို Medical & Wellness Destination အဖြစ် နိုင်ငံတကာအဆင့်သို့ မြှင့်တင်ပေးမည့် အရေးပါသော မှတ်တိုင်တစ်ခုဖြစ်ပြီး ပထမအဆင့်ကို ၂၀၂၇ ခုနှစ် အလယ်ပိုင်းမှာ ဖွင့်လှစ်နိုင်ဖို့ စီစဉ်ထားကြောင်း သိရှိရပါတယ်။

🏥 “𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥 𝐨𝐟 𝐭𝐡𝐞 𝐅𝐮𝐭𝐮𝐫𝐞” – အနာဂတ်ကို ကြိုတင်မြင်နိုင်သော ကျန်းမာရေးစနစ်

Phuket International လေဆိပ်မှ ၁၀ မိနစ်အတွင်း ရောက်နိုင်သော ၁၆.၅ rai (6.5 ဧက) ကျယ်ဝန်းတဲ့ မြေဧရိယာပေါ်မှာ Bumrungrad ရဲ့ ၄၅ နှစ်ကျော် Clinical Excellence ကို VitalLife Scientific Wellness Center ရဲ့ Preventive & Longevity Medicine နဲ့ ပေါင်းစပ်ထားတဲ့ “𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥 𝐨𝐟 𝐭𝐡𝐞 𝐅𝐮𝐭𝐮𝐫𝐞” အဖြစ် ဒီဇိုင်းဆွဲထားပြီး

🔹 ပထမအဆင့် – 120 beds
🔹 နောက်ဆုံးအဆင့် – 212 beds
🔹 𝐋𝐮𝐱𝐮𝐫𝐲 𝐒𝐞𝐜𝐨𝐧𝐝𝐚𝐫𝐲 𝐂𝐚𝐫𝐞 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥 အဖြစ် Bumrungrad Network အတွင်း အရေးပါတဲ့ အခန်းကဏ္ဍမှ ရပ်တည်နေမှာ ဖြစ်ပါတယ်။

ဘမ်ရွန်ဂရက် ဖူခက် ကို Andaman Hub အဖြစ် သတ်မှတ်ထားပြီး Phuket, Krabi, Phang Nga, Surat Thani တို့ရှိ လူနာများကို အနီးကပ် အဆင့်မြင့်ကုသမှု ပေးနိုင်မည်ဖြစ်ပြီး အထူးခက်ခဲသော ခွဲစိတ်ကုသမှုများ လိုအပ်ပါက ဘန်ကောက် ရှိ ဘမ်ရွန်ဂရက်ဆေးရုံကြီးသို့ 𝐒𝐞𝐚𝐦𝐥𝐞𝐬𝐬 𝐑𝐞𝐟𝐞𝐫𝐫𝐚𝐥 𝐒𝐲𝐬𝐭𝐞𝐦 ဖြင့် ဆက်လက်ကုသနိုင်သည့် 𝐂𝐨𝐧𝐭𝐢𝐧𝐮𝐮𝐦 𝐨𝐟 𝐂𝐚𝐫𝐞 ကို အပြည့်အဝ ပံ့ပိုးပေးမည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်.. ရှင်။

𝐘𝐚𝐧𝐠𝐨𝐧 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬
✨ 𝐁𝐮𝐦𝐫𝐮𝐧𝐠𝐫𝐚𝐝 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐑𝐞𝐟𝐞𝐫𝐫𝐚𝐥✨

ခေတ်မီ ရောဂါရှာဖွေရေး နည်းပညာများနဲ့ အနာဂတ် 𝐋𝐮𝐱𝐮𝐫𝐲 𝐋𝐢𝐟𝐞 ကို ကြိုတင်ပုံဖော်လိုက်ပါယနေ့ခေတ်မှာ ကျန်းမာရေးစောင့်ရှောက်မှုဆိ...
07/01/2026

ခေတ်မီ ရောဂါရှာဖွေရေး နည်းပညာများနဲ့ အနာဂတ် 𝐋𝐮𝐱𝐮𝐫𝐲 𝐋𝐢𝐟𝐞 ကို ကြိုတင်ပုံဖော်လိုက်ပါ

ယနေ့ခေတ်မှာ ကျန်းမာရေးစောင့်ရှောက်မှုဆိုတာ နေမကောင်းမှ ကုသတာမဟုတ်တော့ပါဘူး။ ခေတ်မီနည်းပညာတွေရဲ့ အကူအညီနဲ့ ရောဂါတွေကို စောစီးစွာ၊ တိကျစွာ ဖော်ထုတ်နိုင်ခြင်း က အရည်အသွေးမြင့်တဲ့ ဘဝကို ရရှိစေပါတယ်။

အနာဂတ်ကို မြင်နိုင်တဲ့ 𝐃𝐢𝐚𝐠𝐧𝐨𝐬𝐭𝐢𝐜 𝐓𝐞𝐜𝐡𝐧𝐨𝐥𝐨𝐠𝐲 တွေက ရောဂါရှာဖွေရေးကို ပိုမြန်၊ ပိုမှန်၊ ပိုလုံခြုံ စေပြီး ကြိုတင်ကာကွယ်မှုကို ကျန်းမာရေးရဲ့ အခြေခံတန်ဖိုးအဖြစ် ပြောင်းလဲပေးနေပါပြီ။

ထိုင်းနိုင်ငံရှိ ကမ္ဘာ့အဆင့်မီ 𝐁𝐮𝐦𝐫𝐮𝐧𝐠𝐫𝐚𝐝 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥 မှာ
အဆင့်မြင့် Imaging နည်းပညာများနဲ့ AI အခြေပြု Diagnostic Systems တွေကို ပေါင်းစပ်အသုံးပြုပြီး လူကြီးမင်းတို့ရဲ့ ကျန်းမာရေးကို တိကျမှုအမြင့်ဆုံးဖြင့် ကြိုတင်စောင့်ရှောက်မှု ပေးနေပါပြီ။

📌 အဆင့်မြင့် ပုံရိပ်ဖော် ရောဂါရှာဖွေရေး - 𝐍𝐞𝐱𝐭-𝐆𝐞𝐧𝐞𝐫𝐚𝐭𝐢𝐨𝐧 𝐈𝐦𝐚𝐠𝐢𝐧𝐠 𝐓𝐞𝐜𝐡𝐧𝐨𝐥𝐨𝐠𝐢𝐞𝐬
Bumrungrad မှာ အစောဆုံးအဆင့်မှာပင် ရောဂါအချက်အလက်တွေကို အသေးစိတ် မြင်နိုင်စေဖို့ ကမ္ဘာ့နောက်ဆုံးပေါ် Imaging Platforms တွေကို အသုံးပြုထားပါတယ်။

💠 𝐏𝐡𝐨𝐭𝐨𝐧-𝐂𝐨𝐮𝐧𝐭𝐢𝐧𝐠 𝐂𝐓
ဓာတ်ရောင်ခြည်သင့်မှုကို 40% အထိ လျှော့ချထားပြီး သာမန် CT ဖြင့် မမြင်နိုင်တဲ့ အဆုတ်ထဲက အကျိတ်ငယ်များ၊ သွေးကြောပိတ်ဆို့မှုများ (သေးငယ်တဲ့ သွေးခဲလေးတွေအထိ) ကို အသေးစိတ် မြင်တွေ့နိုင်ကာ ဦးနှောက်နဲ့ အာရုံကြော ကျန်းမာရေး၊ လေဖြတ်ခြင်းမှ ကာကွယ်ခြင်း၊ အဆုတ်နဲ့ နှလုံးစစ်ဆေးခြင်း၊ ကင်ဆာရောဂါ ရှာဖွေခြင်းများအတွက် တိကျတဲ့ ရလဒ်ကို ပေးစွမ်း​နိုင်ပါတယ်။

​💠𝐖𝐡𝐨𝐥𝐞-𝐁𝐨𝐝𝐲 𝐌𝐑𝐈
ဓာတ်ရောင်ခြည် လုံးဝအသုံးမပြုဘဲ တစ်ကိုယ်လုံးရှိ အင်္ဂါအစိတ်အပိုင်းများ၊ အာရုံကြောနဲ့ ဦးနှောက်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများကို စစ်ဆေးပေးနိုင်တဲ့ ဘေးအကင်းဆုံး နည်းပညာဖြစ်ပြီး ဦးနှောက်၊ ကျောရိုးနဲ ဝမ်းဗိုက်အတွင်း ရောဂါများကို စောစီးစွာ သိနိုင်ပါတယ်။

💠𝐒𝐩𝐢𝐫𝐚𝐥 𝐂𝐓 𝐬𝐜𝐚𝐧𝐧𝐢𝐧𝐠
3D imaging နဲ့ မြန်ဆန်တိကျစွာ ပုံဖော်ပေးတဲ့ Spiral CT scanning ကို ရင်ဘတ်၊ ဝမ်းဗိုက်နဲ့ တင်ပဆုံပိုင်းအတွင်း ရောဂါရှာဖွေရှာမှာ အသုံးပြုပြီး အထူးသဖြင့် Health checkup နဲ့ အရေးပေါ်အခြေအနေတွေမှာ သုံးလေ့ရှိပါတယ်။

💠​𝟑𝐃 𝐃𝐢𝐠𝐢𝐭𝐚𝐥 𝐌𝐚𝐦𝐦𝐨𝐠𝐫𝐚𝐩𝐡𝐲 (𝐓𝐨𝐦𝐨𝐬𝐲𝐧𝐭𝐡𝐞𝐬𝐢𝐬)
သမားရိုးကျ နည်းလမ်းများဖြင့် ရှာဖွေရခက်ခဲတဲ့ ရင်သားအကျိတ်များကို အလွှာလိုက် 3D ပုံရိပ်များဖြင့် တိကျစွာ စစ်ဆေးပေးနိုင်သောကြောင့် အမျိုးသမီးများအတွက် အထူးစိတ်ချရပါတယ်။

📌 ပိုမိုတိကျသော ဆုံးဖြတ်ချက်များအတွက် 𝐀𝐈-𝐏𝐨𝐰𝐞𝐫𝐞𝐝 𝐃𝐢𝐚𝐠𝐧𝐨𝐬𝐭𝐢𝐜 𝐈𝐧𝐬𝐢𝐠𝐡𝐭

Bumrungrad မှာ ကမ္ဘာ့အဆင့်မီ Lunit INSIGHT AI Systems ကို အသုံးပြုထားပြီး ရောဂါရှာဖွေမှု အမှားအယွင်းများကို အနည်းဆုံးဖြစ်အောင် ကူညီပေးနေပါပြီ။

💠​𝐋𝐮𝐧𝐢𝐭 𝐈𝐍𝐒𝐈𝐆𝐇𝐓 𝐌𝐌𝐆
ရင်သားကင်ဆာ ရှာဖွေရာမှာ 96% အထိ တိကျမှုရှိပြီး သံသယဖြစ်ဖွယ် အစက်အပြောက်များကို လက်မလွတ်တမ်း ဖော်ထုတ်ပေးနိုင်ပါတယ်။

💠​𝐋𝐮𝐧𝐢𝐭 𝐈𝐍𝐒𝐈𝐆𝐇𝐓 𝐂𝐗𝐑
အဆုတ်နဲ့ ပတ်သက်တဲ့ ရောဂါပေါင်း (11) မျိုးကို 95% မှ 100% အထိ တိကျစွာ ခွဲခြားစိတ်ဖြာပေးနိုင်သော AI tool ဖြစ်ပါတယ်။

​“စောစီးစွာ သိရှိခြင်းက ထိရောက်သော ကုသမှု၏ အစဖြစ်ပါတယ်”

​ကျန်းမာရေးဆိုတာ ဘဝတစ်လျှောက် အရေးအကြီးဆုံး ရင်းနှီးမြှုပ်နှံမှုပါ။ 𝐁𝐮𝐦𝐫𝐮𝐧𝐠𝐫𝐚𝐝 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥 ရဲ့ 𝐇𝐞𝐚𝐥𝐭𝐡 𝐒𝐜𝐫𝐞𝐞𝐧𝐢𝐧𝐠 𝐂𝐞𝐧𝐭𝐞𝐫 မှာ အသေးစိတ် စစ်ဆေးလိုပါက YIM services ရဲ့ messenger မှာ ဆွေးနွေးနိုင်ဖို့ နွေးထွေးစွာ ဖိတ်ခေါ်အပ်ပါတယ်ရှင်။

𝐘𝐚𝐧𝐠𝐨𝐧 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬
✨ 𝐁𝐮𝐦𝐫𝐮𝐧𝐠𝐫𝐚𝐝 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐑𝐞𝐟𝐞𝐫𝐫𝐚𝐥✨

အတွင်းစိတ်ကို နားလည်ပြီး စိတ်ကျန်းမာအောင် စောင့်ရှောက်ပါကျန်းမာပျော်ရွှင်ပြီး balanced life ကို ရရှိဖို့ဆိုရင် 𝐌𝐞𝐧𝐭𝐚𝐥 𝐇𝐞...
06/01/2026

အတွင်းစိတ်ကို နားလည်ပြီး စိတ်ကျန်းမာအောင် စောင့်ရှောက်ပါ

ကျန်းမာပျော်ရွှင်ပြီး balanced life ကို ရရှိဖို့ဆိုရင် 𝐌𝐞𝐧𝐭𝐚𝐥 𝐇𝐞𝐚𝐥𝐭𝐡 (စိတ်ကျန်းမာရေး) က မလွဲမသွေ အရေးပါသော အခြေခံတစ်ခုပါ။
“စိတ်ပျိုတော့ ကိုယ်နု၊ စိတ်ထောင်းတော့ ကိုယ်ကြေ” ဆိုတဲ့ စကားအတိုင်း စိတ်အခြေအနေက ကိုယ်ခန္ဓာနဲ့ ဘဝတစ်ခုလုံးအပေါ် ဘယ်လောက်သက်ရောက်မှုရှိလဲ ဆိုတာကို ပြောပြနေပါတယ်။

စိတ်မကျန်းမာတဲ့အခါ အကူအညီရယူခြင်းက ရှက်စရာ/ အားနည်းချက် မဟုတ်ပါဘူး။ ဒါဟာ ကိုယ့်ကိုယ်ကို တန်ဖိုးထားပြီး ပြန်လည်တည်ဆောက်ချင်တဲ့ ကြံ့ခိုင်မှု တစ်ခုပါ။

စိတ်ပိုင်းဆိုင်ရာ ပြဿနာအများစုက ကုသနိုင်၊ ထိန်းချုပ်နိုင်တဲ့ အခြေအနေများ ဖြစ်ပြီး နာတာရှည်ဖြစ်နေရင်တောင် လက္ခဏာတွေကို သက်သာစေပြီး Quality of Life ကောင်းကောင်းနဲ့ နေထိုင်နိုင်အောင် ကူညီနိုင်ပါတယ်။

ဒါကြောင့် အဖြစ်များတဲ့ 𝐌𝐞𝐧𝐭𝐚𝐥 𝐇𝐞𝐚𝐥𝐭𝐡 𝐂𝐨𝐧𝐝𝐢𝐭𝐢𝐨𝐧𝐬 တွေကို ပြောပြချင်ပါတယ်။

၁။ နေ့စဉ်ဘဝမှာ #ကြုံတွေ့ရနိုင်သောစိတ်ပိုင်းဆိုင်ရာပြဿနာများ

🔸 စိတ်ဖိစီးမှု (𝐒𝐭𝐫𝐞𝐬𝐬)
Stress ဆိုတာ ဖိအားတွေကို ခန္ဓာကိုယ်က သဘာဝအရ တုံ့ပြန်တဲ့ အခြေအနေပါ။
အတိုင်းအတာမှန်ရင် motivation ဖြစ်စေတတ်ပေမဲ့ လွန်ကဲလာတဲ့အခါ
- စိတ်ပင်ပန်းနွမ်းနယ်မှု (Exhaustion)
- စိုးရိမ်ပူပန်မှု (Anxiety)
- စိတ်ဓာတ်ကျခြင်း (Depression) တို့ကို ဖြစ်စေနိုင်ပါတယ်။

✅ Counselling နဲ့ Mindfulness-based therapy တွေက
Stress ကို ထိရောက်စွာ စီမံခန့်ခွဲနိုင်အောင် ကူညီပေးနိုင်ပါတယ်။

🔸 စိုးရိမ်ပူပန်မှုလွန်ကဲခြင်း (𝐀𝐧𝐱𝐢𝐞𝐭𝐲 𝐃𝐢𝐬𝐨𝐫𝐝𝐞𝐫𝐬)
ကမ္ဘာ့လူဦးရေရဲ့ ၄% ခန့် ခံစားနေရတဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတစ်ခုဖြစ်ပြီး ဂနာမငြိမ်ဖြစ်ခြင်း၊ ကြွက်သားတင်းခြင်း၊ အိပ်မပျော်ခြင်း
စတဲ့ လက္ခဏာတွေ တွေ့ရတတ်ပါတယ်။

✅ Cognitive Behavioral Therapy (CBT), Relaxation training, Meditation တို့ဖြင့် ထိရောက်စွာ ကုသနိုင်ပါတယ်။

🔥​စိတ်ဓာတ်ကျခြင်း (𝐃𝐞𝐩𝐫𝐞𝐬𝐬𝐢𝐨𝐧)

Depression ဟာ ကမ္ဘာတစ်ဝှမ်း လူဦးရေရဲ့ ၃.၈% ခန့် ခံစားနေရတဲ့ ပြဿနာဖြစ်ပြီး ဝမ်းနည်းခြင်း တစ်ခုတည်း မက အိပ်စက်မှု၊ စိတ်ခံစားမှု၊ Energy level အထိ သက်ရောက်မှုရှိပါတယ်။

✅ Psychotherapy နဲ့ ဆေးဝါးကုသမှုကို အချိန်မီ ခံယူရင် ဘဝရဲ့ ပုံမှန်လုပ်ဆောင်မှုတွေကို ပြန်လည် ရရှိနိုင်ပါတယ်။

​၂။ ကျွမ်းကျင်သူများ၏ #အထူးဂရုစိုက်မှုလိုအပ်သောစိတ်ပိုင်းဆိုင်ရာ အခြေအနေများ

🔸 𝐁𝐢𝐩𝐨𝐥𝐚𝐫 𝐃𝐢𝐬𝐨𝐫𝐝𝐞𝐫
Mood အလွန်မြင့်တက်ခြင်း (Mania / Hypomania) နဲ့ အလွန်ကျဆင်းခြင်း (Depression) တို့အကြား ပြောင်းလဲမှုများကြောင့် Relationship နဲ့ အလုပ်လုပ်နိုင်မှုကို ထိခိုက်စေနိုင်ပါတယ်။

✅ Mood stabilizers၊ Psychotherapy နဲ့ Lifestyle routine ကို ပေါင်းစပ်ကုသခြင်းဖြင့် Balance ဖြစ်အောင် ထိန်းထားနိုင်ပါတယ်။

🔸 𝐏𝐨𝐬𝐭-𝐓𝐫𝐚𝐮𝐦𝐚𝐭𝐢𝐜 𝐒𝐭𝐫𝐞𝐬𝐬 𝐃𝐢𝐬𝐨𝐫𝐝𝐞𝐫 (𝐏𝐓𝐒𝐃) အတိတ်က စိတ်ဒဏ်ရာများ

မတော်တဆမှု၊ အကြမ်းဖက်မှု၊ သဘာဝဘေးအန္တရာယ်များကြောင့် အိပ်မက်ဆိုးမက်ခြင်း၊ အတိတ်ကို ထပ်ခါထပ်ခါ သတိရခြင်း၊ စိတ်ထုံထုံဖြစ်နေခြင်းတို့ ဖြစ်နိုင်ပါတယ်။

✅Trauma-focused psychotherapy, EMDR (Eye Movement Desensitization and Reprocessing) တို့က ထိရောက်တဲ့ ကုထုံးများဖြစ်ပါတယ်။

🔸 𝐎𝐛𝐬𝐞𝐬𝐬𝐢𝐯𝐞-𝐂𝐨𝐦𝐩𝐮𝐥𝐬𝐢𝐯𝐞 𝐃𝐢𝐬𝐨𝐫𝐝𝐞𝐫 (𝐎𝐂𝐃) အစွဲအလမ်းလွန်ကဲခြင်း

ထပ်တလဲလဲ စိုးရိမ်ပြီး တွေးနေခြင်း (Obsessions) နဲ့ စိတ်ပူမှုကို လျော့ချဖို့ အလွန်အကျွံ လုပ်နေရခြင်း (Compulsions) တို့ကြောင့် နေ့စဉ်ဘဝကို ထိခိုက်စေနိုင်ပါတယ်။ (ဥပမာ…ရောဂါကူးမှာ ကြောက်လို့ အလွန်အကျွံ သန့်ရှင်းရေးလုပ်တာ၊ တံခါးပိတ်ပြီးပြီလား ခဏခဏစစ်တာမျိုး)

✅Exposure and Response Prevention (ERP) နဲ့ ဆေးဝါးကုသမှုများဖြင့် ထိန်းချုပ်နိုင်ပါတယ်။

🔸 𝐒𝐜𝐡𝐢𝐳𝐨𝐩𝐡𝐫𝐞𝐧𝐢𝐚 စိတ်ကစဥ့်ကလျားရောဂါ
အမြင်မှားခြင်း (Delusions) - ဥပမာ မိမိကိုယ်ကို မြင့်မြတ်သူဟု ထင်နေခြင်း၊ မိမိကို ရန်ပြုရန် ကြံစည်နေသည်ဟု ထင်နေခြင်း
အာရုံခြောက်ခြားခြင်း (Hallucinations) - ဥပမာ တကယ်မရှိဘဲ နားထဲမှာ အသံများ ကြားနေခြင်း၊ လူတွေမြင်နေရခြင်း၊ တွေးခေါ်စဉ်းစားပုံ အစီအစဥ်မကျခြင်းစတဲ့ လက္ခဏာများ ပါဝင်တတ်ပါတယ်။

✅ လုံးဝပျောက်ကင်းအောင် မကုနိုင်ပေမဲ့ ဆေးဝါး၊ Psychosocial therapy နဲ့ မိသားစုရဲ့ ဖေးမမှုများကြောင့် တည်ငြိမ်တဲ့ ဘဝကို ထိန်းသိမ်းနိုင်ပါတယ်။

🌱 စောစီးစွာ သိရှိခြင်းက ပြန်လည်ကောင်းမွန်လာဖို့ အခြေခံပါ။

ဘမ်ရွန်ဂရက်ဆေးရုံကြီး၏ 𝐁𝐞𝐡𝐚𝐯𝐢𝐨𝐫𝐚𝐥 𝐇𝐞𝐚𝐥𝐭𝐡 𝐂𝐞𝐧𝐭𝐞𝐫 မှာ
✔ လူနာအချက်အလက်များကို လုံးဝလျှို့ဝှက်စွာ ထိန်းသိမ်းပေးခြင်း
✔ ကျွမ်းကျင်ပညာရှင်များက နားလည်မှု၊ စာနာမှုဖြင့် အလေးထား ကုသပေးခြင်း
✔ လူတစ်ဦးချင်းစီရဲ့ လိုအပ်ချက်အလိုက် Psychotherapy၊ ဆေးဝါးနှင့် Lifestyle counseling ကို ပေါင်းစပ်စီမံပေးခြင်းဖြင့် ကျန်းမာပြီး ပုံမှန်ဘဝကို ပြန်လည် ရရှိနိုင်အောင် ကူညီပေးလျက်ရှိပါတယ်။

📩 စိတ်ကျန်းမာရေးကုသမှုများအကြောင်း ထပ်မံသိရှိလိုပါက YIM Services Messenger မှ နွေးထွေးစွာ ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်။

𝐘𝐚𝐧𝐠𝐨𝐧 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬
✨ 𝐁𝐮𝐦𝐫𝐮𝐧𝐠𝐫𝐚𝐝 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐑𝐞𝐟𝐞𝐫𝐫𝐚𝐥 ✨

#စိတ်ကျန်းမာရေး

အသက်အရွယ်နဲ့ Lifestyle အလိုက် ဘာတွေ စစ်ဆေးဖို့ လိုအပ်သလဲ?𝐇𝐞𝐚𝐥𝐭𝐡 𝐂𝐡𝐞𝐜𝐤𝐮𝐩 ဆိုတာရောဂါဖြစ်ပြီးမှ ကုသတာမဟုတ်ဘဲ Quality of Lif...
05/01/2026

အသက်အရွယ်နဲ့ Lifestyle အလိုက် ဘာတွေ စစ်ဆေးဖို့ လိုအပ်သလဲ?

𝐇𝐞𝐚𝐥𝐭𝐡 𝐂𝐡𝐞𝐜𝐤𝐮𝐩 ဆိုတာ
ရောဂါဖြစ်ပြီးမှ ကုသတာမဟုတ်ဘဲ Quality of Life ကို ရေရှည် ထိန်းသိမ်းဖို့ လုပ်ရတဲ့ ကြိုတင်ကာကွယ်မှု တစ်ခုပါ။
ပုံမှန် Health Checkup လုပ်ခြင်းက
🔹 ကိုယ်မသိသေးတဲ့ ကျန်းမာရေးပြဿနာတွေ
🔹 နောင်ဖြစ်လာနိုင်တဲ့ Health Risks တွေကို စောစီးစွာ သိရှိနိုင်စေပါတယ်။
ဘမ်ရွန်ဂရက်ဆေးရုံကြီးမှာတော့ အသက်အရွယ်၊ Lifestyle နဲ့ Biological S*x ပေါ်မူတည်ပြီး သင့်တော်တဲ့ 𝐇𝐞𝐚𝐥𝐭𝐡 𝐂𝐡𝐞𝐜𝐤𝐮𝐩 𝐏𝐚𝐜𝐤𝐚𝐠𝐞𝐬 တွေကို စနစ်တကျ စစ်ဆေးပေးလျက်ရှိပါတယ်။
✅ အသက်အရွယ်တိုင်း မဖြစ်မနေ စစ်သင့်တဲ့ Checkup Essentials

​ဘယ်အရွယ်ပဲဖြစ်ဖြစ် အခြေခံအားဖြင့် ဒီအချက်တွေကို ပုံမှန် စစ်ဆေးပေးသင့်ပါတယ်။
​🔸သွေးစစ်ဆေးခြင်း (Complete Blood count- CBC) : ရောဂါပိုးဝင်ခြင်းနဲ့ သွေးအားနည်းခြင်း ရှိမရှိ စစ်ဆေးခြင်း
🔸ဆီးချို (HbA1c နဲ့ Fasting blood sugar)
🔸အသည်းလုပ်ဆောင်မှု (Liver function test)
🔸ကျောက်ကပ်လုပ်ဆောင်မှု (Kidney function)
🔸နှလုံးသွေးကြောကျန်းမာရေး (Lipid Profile)
🔸အဆစ်ရောင် gout ရောဂါ ရှိမရှိ စစ်ဆေးခြင်း (Uric acid)
🔸အဆုတ်နဲ့ နှလုံးစစ်ဆေးခြင်း (Chest X-ray)
🔸နှလုံးခုန်နှုန်းစစ်ဆေးခြင်း (EKG)
🔸ကျောက်ကပ်နဲ့ ဆီးလမ်းကြောင်း စစ်ဆေးခြင်း (Urinary examination)
🔸​ဝမ်း စစ်ဆေးခြင်း (stool examination)
✅ အသက်အရွယ်အလိုက် ထပ်မံစစ်ဆေးသင့်တဲ့ Add-ons

🔺​𝐁𝐞𝐟𝐨𝐫𝐞 𝐚𝐠𝐞 𝟑𝟎𝐬

ဒီအရွယ်က Lifestyle နဲ့ မျိုးဆက်ပွားကျန်းမာရေးကို အထူးဂရုစိုက်သင့်တဲ့ အချိန်ပါ။

Women
🔹 အသက် 18 နှစ်အထက် – Pap Smear & Pelvic Exam (1–3 နှစ်လျှင် တစ်ကြိမ်) >> HPV ကြောင့် သားအိမ်ခေါင်းဆဲလ် ပြောင်းလဲမှု စောစီးစွာ သိနိုင်ဖို့ဖြစ်ပါတယ်။

Men
🔹 Testicular Examination - ဝှေးစေ့ကင်ဆာကို စောစီးစွာ ရှာဖွေတွေ့ရှိနိုင်ဖို့

🔺​𝐀𝐟𝐭𝐞𝐫 𝟑𝟎𝐬

Lifestyle နဲ့ Genetic Factors တွေက ကျန်းမာရေးပေါ်မှာ ပိုမို သက်ရောက်လာတဲ့ အရွယ်ပါ။

Women (Age 40+) ရင်သားကင်ဆာကို စောစီးစွာ ရှာဖွေတွေ့ရှိနိုင်ဖို့

🔹 Breast Examination
🔹 Mammogram (1–2 နှစ်လျှင် တစ်ကြိမ်)
Men ဆီးကျိတ်ကင်ဆာအတွက်
🔹 PSA Blood Test

All Adults (Age 40+)
🔹Eye Examination (1–2 နှစ်လျှင် တစ်ကြိမ်)
🔹မျက်စိရောဂါ မျိုးရိုးရှိသူများအတွက် – အသက် 35 မှ စတင်စစ်ဆေးသင့်ပါတယ်။

🔺​𝐀𝐟𝐭𝐞𝐫 𝟓𝟓𝐬

ဒီအရွယ်မှာ အရိုး၊ အကြားအာရုံ၊ အစာခြေလမ်းကြောင်း ကို
အထူးဂရုစိုက်ဖို့ လိုအပ်ပါတယ်။

Women
🔹 Bone Density Scan - အရိုးပွရောဂါကို စောစီးစွာသိရှိကာကွယ်နိုင်ဖို့

All Adults
🔹 အကြားအာရုံ စစ်ဆေးမှု (2 နှစ်လျှင် တစ်ကြိမ်)
🔹 အူမကြီးကင်ဆာ အန္တရာယ် ကြိုတင်ကာကွယ်မှုအတွက်
F***l Occult Blood Test: 1–2 နှစ်လျှင် တစ်ကြိမ်
Colonoscopy – 5 နှစ်လျှင် တစ်ကြိမ်

🔺𝐁𝐲 𝐅𝐚𝐦𝐢𝐥𝐲 𝐇𝐢𝐬𝐭𝐨𝐫𝐲

မိသားစုအတွင်း
🔹 ရင်သားကင်ဆာ
🔹 သားဥအိမ်ကင်ဆာ
🔹 အူမကြီး / အစာအိမ် / ပန်ကရိယ
🔹 နှလုံးသွေးကြောရောဂါ ရာဇဝင်ရှိပါက
👉 Genomic Testing က အကောင်းဆုံးသော ကြိုတင်ကာကွယ်မှု တစ်ခုဖြစ်ပါတယ်။
​ ""Prevention is better than cure."" ဆိုသလို ကြိုတင်ကာကွယ်ခြင်းက ကုသမှုထက် အလေးသာသလို ဘဝကို ကျန်းမာပျော်ရွှင်စွာ ဖြတ်သန်းနိုင်မဲ့ လက်မှတ်တစ်စောင်လည်း ဖြစ်ပါတယ်။

လူကြီးမင်းတို့ ​ဒီနှစ်အတွက်ရော Health Checkup လုပ်ပြီးပါပြီလား?

မလုပ်ရသေးဘူးဆိုရင် လူတစ်ဦးတစ်ယောက်ချင်းစီအတွက် သီးသန့် 𝐇𝐞𝐚𝐥𝐭𝐡 𝐬𝐜𝐫𝐞𝐞𝐧𝐢𝐧𝐠 𝐩𝐚𝐜𝐤𝐚𝐠𝐞 တွေကို သေချာဆွေးနွေးပြီး စီစဥ်ပေးနေတဲ့ ထိုင်းနိုင်ငံက ကမ္ဘ့ာအဆင့်မီ 𝐁𝐮𝐦𝐫𝐮𝐧𝐠𝐫𝐚𝐝 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥 ကြီးကနေ နွေးထွေးစွာ ဖိတ်ခေါ်လိုက်ပါတယ်နော်။

အသေးစိတ် ထပ်မံသိရှိလိုသည်များ ရှိပါက YIM services ရဲ့ messenger မှာ မေးမြန်းဆွေးနွေးနိုင်ပါတယ်ရှင်။

𝐘𝐚𝐧𝐠𝐨𝐧 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬
✨ 𝐁𝐮𝐦𝐫𝐮𝐧𝐠𝐫𝐚𝐝 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐑𝐞𝐟𝐞𝐫𝐫𝐚𝐥✨

Address

46B New Excellent Condo, Pantra Street, Dagon Township
Yangon
10110

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 12:00
Sunday 09:00 - 12:00

Telephone

+9595105105

Alerts

Be the first to know and let us send you an email when Yangon International Medical Services posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Yangon International Medical Services:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Who we are

Established in 2006, Yangon International Medical Services is a private Myanmar company limited that offers Myanmar patients competent and effective healthcare services at different levels; both clinical services and referral services of Bumrungrad International Hospital. The company operates in major cities across Myanmar and in Bangkok. The Company manages,


  • Bumrungrad Myanmar Referral Offices (Independent entity working in association with Bumrungrad International Hospital)

  • Yangon International Clinics at Summit Parkview Hotel and Yangon Novotel Max Hotel

  • Mine Town Hospital at Letpadaung Copper Mine