09/07/2022
အရေးပေါ်သန္ဓေတားဆေး နှင့် ပတ်သက်ပြီး သိထားသင့်သည့် အချက်များ
=====================================
Q - အရေးပေါ်သန္ဓေတားဆေးဆိုတာဘာလဲ...
A - အရေးပေါ်သန္ဓေတားဆေး သည် အကာအကွယ်မဲ့ လိင်ဆက်ဆံမှုရှိပြီးနောက် ကိုယ်ဝန်မရစေရန်အတွက် အသုံးပြုနိုင်သော ဆေးတစ်မျိုးဖြစ်သည်။
Q - ဘယ်လိုနည်းနဲ့ ကိုယ်ဝန်မရအောင်ကာကွယ်ပေးသလဲ...
A -
- အမျိုးသား ၏ သုက်ပိုး တက်ကြွမှုမရှိနိုင်တော့သည့် အချိန်တစ်ခုအထိ အမျိုးသမီး ၏ သားဥအိမ်မှ သားဥကြွေခြင်းကို နှောင့်နှေးစေသည် (သို့) ရပ်တန့်စေသည်။
- အမျိုးသမီး ခန္ဓာကိုယ်အတွင်းရှိ အမျိုးသား၏ သုက်ပိုးများ ရွေ့လျားပုံကိုပြောင်းလဲစေခြင်းဖြင့် သားဥ နှင့် မပေါင်းစပ်နိုင်စေရန် သုတ်ပိုးကို တားဆီးပေးသည်။
- မျိုးအောင်ပြီးသား သန္ဓေသားပေါ်တွင် အကျိုးသက်ရောက်မှုမရှိပါ။
Q - အရေးပေါ်သန္ဓေတားဆေး ကို ဘယ်အချိန်မှာ သောက်ရမလဲ...
A - ကာကွယ်ရန်အကာအကွယ်မဲ့ လိင်ဆက်ဆံမှုရှိပြီး ၁၂ နာရီ မှ ရ၂နာရီ (၃ရက်) အတွင်း အရေးပေါ်သန္ဓေတားဆေး ကိုသောက်ရန် ညွှန်ကြားထားသည်။ ဆေးသောက်ပြီး ၃ နာရီ အတွင်း ပျို့အန်ခြင်းများ ရှိခဲ့ပါက ဆေးကိုထပ်မံသောက်ပေးဖို့ လိုအပ်ပါသည်။
Q - အရေးပေါ်သန္ဓေတားဆေး ကြောင့်မည့်သည့်ဘေးထွက်ဆိုးကျိုးတွေ ဖြစ်နိုင်သလဲ...
A - အရေးပေါ်သန္ဓေတားဆေးကြောင့် ခေါင်းကိုက်ခြင်း၊ ပျို့အန်ခြင်း၊ ခေါင်းမူးခြင်း၊ ရင်သားနာကျင်ခြင်း၊ ပုံမှန်မဟုတ်ဘဲ သွေးပေါ်ခြင်း၊ ရာသီသွေးပမာဏများတတ်ခြင်း နှင့် ဝမ်းဗိုက်အောက်ပိုင်းနာကျင်ခြင်း တို့ခံစားရတတ်ပါသည်။
Q - အရေးပေါ်သန္ဓေတားဆေး ကို ပုံမှန်တားဆေးအဖြစ်သုံးစွဲနိုင်ပါသလား...
A - အရေးပေါ်သန္ဓေတားဆေး သည် အရေးပေါ်အခြေအနေများအတွက် အသုံးပြုရန်သာဖြစ်ပြီး ပုံမှန်သုံးသန္ဓေတားဆေး အဖြစ် မသုံးစွဲသင့်ပါ။ ရေရှည်သုံးစွဲရန်အတွက် တခြား ပုံမှန်သုံးသန္ဓေတားဆေးများကို သုံးစွဲခြင်းက ပိုမိုထိရောက်မှုရှိပါသည်။
=====================================
# Crd
Htet Htet Kyaw Pharmacy
Sakawar Street,Zaylay, Kyansitthar Housing
အရေးပေါ်သန္ဓေတားဆေး နှင့် ပတ်သက်ပြီး သိထားသင့်သည့် အချက်များ အရေးပေါ်သန္ဓေတားဆေးဆိုတာဘာလဲ…အရေးပေါ်သန္....