Myanmar Hoteliers Association

Myanmar Hoteliers Association Myanmar Hoteliers Association is one of the leading professional organization in Myanmar.

မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း (MHA)၏ “အထူးဂုဏ်ယူဝမ်းမြောက်ပါကြောင်း “ သဝဏ်လွှာ
10/04/2026

မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း (MHA)၏ “အထူးဂုဏ်ယူဝမ်းမြောက်ပါကြောင်း “ သဝဏ်လွှာ

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ဦးဆောင်မှု ၊ မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း (ပုဂံဇုန်) ၏ ကြီးကြပ်မှ...
12/02/2026

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ဦးဆောင်မှု ၊ မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း (ပုဂံဇုန်) ၏ ကြီးကြပ်မှုဖြင့် SUPERVISORY SKILL MANAGEMENT COURSE ( ၉. ၁. ၂၀၂၆ ) မှ ( ၁၁. ၁. ၂၀၂၆ ) သင်တန်းဖွင့် ပွဲကို ကျင်းပခဲ့ရာ၊ သင်တန်းဖွင့်ပွဲအခမ်းနားသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဥက္ကဌ ဦးဝင်းလှိုင်တင့်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမူ့ဆောင်အရာရှိ ဦးခင်မောင်ခ၊ ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားရေးမှူးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှုး ဦး၀င်းအောင်၊ MHA Bagan Zone မှ အတွင်းရေးမှူး ဦးဝင်းနိုင်
တွဲဘက်အတွင်းရေးမှူး -( ၂ )ဦးကျော်ဇင်သက်
တွဲဖက်အတွင်းရေးမှူး -( ၃ ) ဒေါ်ပြည့်စုံလှိုင်
ဘဏ္ဍာရေးမှူး ဒေါ်ခင်ကျော်လွင် နှင့် MHA Bagan Zone ရုံးအဖွဲ့ ၊ supervisory Skill Management သင်တန်းအား ပညာလာရောက် သင်ကြားပို့ချပေးသော ဆရာကြီး Dr.Philip Maw (Australia)၊ ဖွင့်ပွဲတွင် လာရောက်အားဖြည့်ပေးသော Sanon သင်တန်းကျောင်းမှ Prof,Dr .Mark Vodell (Australia ကျောင်းအုပ်ဆရာကြီး), Mr- Eddie Bos ( Director Sanon ), Mr-Jonathon Amiss (Advisor Sanon ), MYVI Project Coordinator ဦးခင်မောင်ထွေး တို့တက်ရောက်ခဲ့ကြပါသည်။

ဂုဏ်ယူဝမ်းမြောက်ခြင်း၂၀၂၆ ခုနှစ် ဇန်နဝါရီလ (၃၀) ရက်နေ့တွင် ဖိလစ်ပိုင်နိုင်ငံ စီဘူးမြို့၌ ကျင်းပခဲ့သည့် ASEAN Tourism For...
12/02/2026

ဂုဏ်ယူဝမ်းမြောက်ခြင်း

၂၀၂၆ ခုနှစ် ဇန်နဝါရီလ (၃၀) ရက်နေ့တွင် ဖိလစ်ပိုင်နိုင်ငံ စီဘူးမြို့၌ ကျင်းပခဲ့သည့် ASEAN Tourism Forum 2026 တွင်မြန်မာနိုင်ငံမှ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကဏ္ဍမှ အာဆီယံခရီးသွားလုပ်ငန်းစံနှုန်းဆု (၂၄)ဆု တွင် ဆု ရရှိခဲ့သော မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များ အသင်း၏ အသင်းဝင် ဟိုတယ် လုပ်ငန်းရှင်ကြီးများ၊ စီမံခန့်ခွဲသူများ နှင့် တာဝန်ရှိ ဝန်ထမ်းများအားလုံး ကို ဂုဏ်ပြုအပ်ပါသည်။

အနာဂတ်တွင်လဲ မြန်မာနိုင်ငံ ဟိုတယ်နှင့် ခရီးသွားကဏ္ဍရေရှည်တည်တံ့ခိုင်မြဲစွာ တိုးတက်စေနိုင်ရေး အတွက် ဟိုတယ်လုပ်ငန်းများမှ ဆက်လက်ဦးဆောင်ပြီး နိုင်ငံနှင့်လူမျိုး ဂုဏ်ကို ဆက်လက်မြှင့်တင်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များ အသင်း

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၈) ရက်နေ့တွင် Myanmar Tourism Human Resource Development Association (MTHRDA) မှ ကြီးမှူး၍ Mya...
11/02/2026

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၈) ရက်နေ့တွင် Myanmar Tourism Human Resource Development Association (MTHRDA) မှ ကြီးမှူး၍ Myanmar Hospitality & Tourism Summit 2026 ပွဲကို Summit Park View Hotel တွင်ကျင်းပပြုလုပ်ခဲ့ရာ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှုးချုပ်ဦးအောင်အေးဟန်၊ မြန်မာနိုင်ငံ ဟိုတယ်လုပ်ငန်းဆိုင်ရာ အသင်းဥက္ကဌ ဦးသိန်းဝင်း၊ အထွေထွေအတွင်းရေးမှုး ဦးနေအောင်ကို၊ တွဲဖက်ဘဏ္ဍာရေးမှူး ဦးချမ်းမင်းဦး၊ တွဲဖက်စာရင်းစစ် ဦးသန့်နိုင်ထွန်းတို့ နှင့် ညီနောင်အသင်းများမှ ဥက္ကဌများ၊ ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြပါသည်။

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၉) ရက်နေ့တွင် နေပြည်တော် ဟိုတယ်ဇုန်ရှိ Hotel Max ၌ ၂၀၂၆ ခုနှစ် အာဆီယံခရီးသွားလုပ်ငန်းဆိုင်ရာ စ...
11/02/2026

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၉) ရက်နေ့တွင် နေပြည်တော် ဟိုတယ်ဇုန်ရှိ Hotel Max ၌ ၂၀၂၆ ခုနှစ် အာဆီယံခရီးသွားလုပ်ငန်းဆိုင်ရာ စံနှုန်းဆုများ ရရှိခဲ့သည့် မြန်မာနိုင်ငံမှ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများအား ထပ်ဆင့်ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ညီနောင်အသင်းများမှကိုယ်စားလှယ်များနှင့်အတူမြန်မာနိုင်ငံဟိုတယ်လုပ်ငန်းဆိုင်ရာ အသင်း ဥက္ကဌ ဦးသိန်းဝင်းမှ ဦးဆောင်၍ ဇုန်အသီးသီးမှ ဥက္ကဌ များ နှင့်တကွ အမှုဆောင်များ၊ ဆုရရှိ ဟိုတယ်များမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာ၌ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ (၃၀) ရက်နေ့တွင် ဖိလစ်ပိုင်နိုင်ငံ စီဘူးမြို့၌ ကျင်းပခဲ့သည့် ASEAN Tourism Forum 2026 တွင် မြန်မာနိုင်ငံမှ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကဏ္ဍမှ အာဆီယံခရီးသွားလုပ်ငန်းစံနှုန်းဆု (၂၄) ဆု ရရှိခဲ့ကြောင်း၊ အဆိုပါဆုရရှိသူများအား ထပ်ဆင့်ဂုဏ်ပြုချီးမြှင့်ရန် ယနေ့အခမ်းအနားကို ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။

ထို့အပြင် အာဆီယံခရီးသွားလုပ်ငန်းစံနှုန်းများကို ၂၀၀၈ ခုနှစ်မှ စတင်သတ်မှတ်အကောင်အထည်ဖော်ခဲ့ပြီး ယနေ့အချိန်အထိ စံနှုန်း (၁၁) ခုကို အတည်ပြုပြဌာန်းထားကာ မြန်မာနိုင်ငံအနေဖြင့် စုစုပေါင်း အာဆီယံခရီးသွားလုပ်ငန်းစံနှုန်းဆု (၁၅၈) ဆုကို ရရှိထားကြောင်း၊ ခရီးသွားလုပ်ငန်းရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍများ ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်အားကောင်းစေရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။

အခမ်းအနားတွင် ဆုရရှိမှုမှတ်တမ်းဗီဒီယို ပြသခဲ့ပြီးနောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် အမြဲတမ်းအတွင်းဝန်တို့က အာဆီယံခရီးသွားလုပ်ငန်းစံနှုန်းဆု ရရှိခဲ့သူများအား ဆုတံဆိပ်များနှင့် ဂုဏ်ပြုလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ကြပါသည်။ ဆက်လက်ပြီး မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဌ ဦးရန်ဝင်းနှင့် ဆုရရှိသူများကိုယ်စား Max Myanmar group မှ မန်နေဂျင်းဒါရိုက်တာတို့ကကျေးဇူးတင်စကားပြောကြားပြီး အမှတ်တရဓာတ်ပုံရိုက်ကူးကြပါသည်။

ထို့နောက် မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးသိန်းဝင်းမှ အာဆီယံနှင့် ဒေသတွင်း ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းလုပ်ငန်းဆိုငိရာ ပူးပေါင်းဆောင်ရွက်မှုများ၊ လှုပ်ရှားမှုများတွင် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနနှင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ခဲ့သည့် မြန်မာနိုင်ငံဟိုတယိဆိုင်ရာလုပ်ငန်းရှင်များ အသင်းအား ပြည်ထောင်စုဝန်ကြီး ပေးအပ်သော ဂုဏ်ပြုမှတ်တမ်းလွှာကို လက်ခံရယူခဲ့ပြီး ဆုရရှိသည့် ဟိုတယ် အသီးသီးမှ ကိုယ်စားလှယ်များမှ ဝန်ကြီးဌာနမှ ချီးမြှင့်သည့် ဂုဏ်ပြုလက်မှတ်များကို လက်ခံရယူခဲ့ကြပါသည်။

နှစ်သစ်မင်္ဂလာဆုတောင်း၂၀၂၆ ခုနှစ် နှစ်သစ်မင်္ဂလာအခါသမယတွင် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရန် လက်တွဲဆောင်ရ...
31/12/2025

နှစ်သစ်မင်္ဂလာဆုတောင်း

၂၀၂၆ ခုနှစ် နှစ်သစ်မင်္ဂလာအခါသမယတွင် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရန် လက်တွဲဆောင်ရွက်လျက်ရှိသော ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန နှင့် ပြည်တွင်း၊ပြည်ပအဖွဲ့အစည်းများ၊ညီနောင်အသင်းများ၊ အသင်းသူ၊ အသင်းသားများအပါအဝင် ပြည်သူ ပြည်သားများ အားလုံး မင်္ဂလာအပေါင်းပြည့်စုံခညောင်းလျက် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်း ဆုမွန်ကောင်းတောင်း၍ နှုတ်ခွန်းဆက်သအပ်ပါသည်။

မြန်မာ့ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက်် ရေရှည်တည်တံ့သော စီးပွားရေးဖွံ့ဖြိုး တိုးတက် မှုကို ရည်မှန်းပြီး ပုဂ္ဂလိကစီးပွားရေးကဏ္ဍ အားကောင်း ခိုင်မာစေရေးကို ဦးတည်ဆောင်ရွက်ရာတွင် ပြည်တွင်းပြည်ပ မိတ်ဖက်အဖွဲ့အစည်းများ အားလုံးနှင့် လက်တွဲပူးပေါင်း ဆောင်ရွက်သွားပါမည်။

ဟိုတယ်လုပ်ငန်းရှင်များအားလုံးအနေဖြင့် အများအကျိုးအတွက် ပိုမိုနီးကပ်စွာ ဆောင်ရွက်သွားရန် နှင့် နှစ်သစ်မင်္ဂလာ အခါသမယတွင် မြန်မာနိုင်ငံသားများအားလုံး အေးချမ်းသာယာမှုများ ရရှိခံစားနိုင်၍ စီးပွားရေးလုပ်ငန်းများဖွံ့ ဖြိုးတိုးတက်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

ဥက္ကဋ္ဌနှင့်အလုပ်အမှုဆောင်များ
မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း

ပျော်ရွှင်ဖွယ်ရာ ခရစ်စမတ် အခါသမယတွင် မြန်မာနိုင်ငံသားတိုင်းရင်းသား ဟိုတယ်လုပ်ငန်းရှင်များအားလုံး ကို မြန်မာနိုင်ငံ ဟိုတယ...
25/12/2025

ပျော်ရွှင်ဖွယ်ရာ ခရစ်စမတ် အခါသမယတွင် မြန်မာနိုင်ငံသားတိုင်းရင်းသား ဟိုတယ်လုပ်ငန်းရှင်များအားလုံး ကို မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များ အသင်းမှ ကျန်းမာချမ်းသာ၍ စီးပွါးလာဘ်လာဘ များတိုးတက်ပါစေကြောင်း ဆုတောင်း မေတ္တာ ပို့သအပ်ပါသည်။

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော် ဦးဆောင်မှုနှင့် အတူ မြန်မာနိုင်ငံဟိုတယ်ဆိုင်...
22/12/2025

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော် ဦးဆောင်မှုနှင့် အတူ မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးသိန်းဝင်း၊ အထွေထွေအတွင်းရေးမှူး ဦးနေအောင်ကို၊ ဘဏ္ဍာရေးမှူး ဦးသီဟအောင် တို့ အဖွဲ့သည် ကမ္ဘောဒီးယား၊ ဆီရမ်ရိမြို့၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ(၁၃)ရက်နေ့မှ (၁၇)ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည့် (၄)ကြိမ်မြောက် ကမ္ဘောဒီးယား-မြန်မာခရီးသွားလုပ်ငန်း အဖွဲ့အစည်းအဝေး၊ သုံးနိုင်ငံ၊ ခရီးစဉ်တစ်ခု" မြှင့်တင်ခြင်းဆိုင်ရာအစည်းအဝေးနှင့် ဆက်စပ်၍ ကမ္ဘောဒီးယား-လာအို-မြန်မာ-ဗီယက်နမ်အစားအသောက်ပွဲတော်နှင့်နယ်စပ်ဖြတ်ကျော် ခရီးသွား လုပ်ငန်း လွယ်ကူချောမွေ့စေရေးဆိုင်ရာ ဆွေးနွေးပွဲသို့ ပါဝင်တက်ရောက်ခဲ့ကြပါသည်။

(၂၇၆၅) ခုနှစ်မြောက် ကရင်အမျိုးသားနှစ်သစ်ကူးနေ့အား လှိုက်လှဲစွာ ဂုဏ်ပြုကြိုဆိုအပ်ပါသည် ...​မင်္ဂလာရှိသော ကရင်နှစ်သစ်ကူးနေ...
19/12/2025

(၂၇၆၅) ခုနှစ်မြောက် ကရင်အမျိုးသားနှစ်သစ်ကူးနေ့အား လှိုက်လှဲစွာ ဂုဏ်ပြုကြိုဆိုအပ်ပါသည် ...

​မင်္ဂလာရှိသော ကရင်နှစ်သစ်ကူးနေ့အခါသမယတွင် ကရင်တိုင်းရင်းသား ညီအစ်ကိုမောင်နှမများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံကြပါစေကြောင်း မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း (MHA) မှ ဆုမွန်ကောင်းတောင်းအပ်ပါသည် ...

​နှစ်သစ်မှစ၍ ကရင်တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုအမွေအနှစ်များ ပိုမိုထွန်းကားပြီး၊ အေးချမ်းသာယာသော ဘဝများကို ပိုင်ဆိုင်နိုင်ကြပါစေ ...

​ Year #ကရင်နှစ်သစ်ကူး

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂)ရက်၊ ဟိုတယ်ရွှေနန်းထိုက်၊ ပြင်ဦးလွင်တွင် ဟိုတယ်နှင့်ခရီးသွားလာ ရေးဝန်ကြီးဌာန၊ ပြင်ဦးလွင်မြို့ရှ...
09/12/2025

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂)ရက်၊ ဟိုတယ်ရွှေနန်းထိုက်၊ ပြင်ဦးလွင်တွင် ဟိုတယ်နှင့်ခရီးသွားလာ ရေးဝန်ကြီးဌာန၊ ပြင်ဦးလွင်မြို့ရှိ ဟိုတယ်များမှ ဝန်ထမ်းများ ဝန်ဆောင်မှုစွမ်းဆောင်ရည် မြှင့်တင်နိုင်ရေး အတွက် Supervisory Skill Training သင်တန်းဖွင့်ပွဲအခမ်းအနားကို မန္တလေးတိုင်းဒေသကြီး စီးပွားရေးရာ ဝန်ကြီး ဦးသိန်းဋ္ဌေး၊ မန္တလေးတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားလာရေး ညွှန်ကြားရေးမှူး ဦးဇော်မျိုးလတ်၊ မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း(ပြင်ဦးလွင်ဇုန်) မှ နာယကကြီး ဦးသန်းဦး၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာခင်မောင်ထွေး၊ အတွင်းရေးမှူး ဒေါ်တင်အေးကြည် နှင့် အလုပ်အမှုဆောင်များ၊ ခရိုင်မြို့နယ် အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ သက်ဆိုင်ရာဟိုတယ်များမှ တာဝန်ရှိသူများ၊ သင်တန်းသား/သူ (၃၅)ယောက် တက်ရောက်ခဲ့ပါသည်။ သင်တန်းချိန်မှာ နေ့လယ်(၁:၀၀) နာရီမှ ညနေ(၄)နာရီအထိဖြစ်ပြီး သင်တန်းကာလမှာ (၅)ရက်ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ သင်တန်းဆင်းပွဲအခမ်းအနားကို (၆.၁၂.၂၀၂၅)ရက်နေ့၊ Hotel Spring ၌ အောင်မြင်စွာ ပြီးစီးခဲ့ပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၏ (၃၄) ကြိမ်မြောက် နှစ်ပတ်လည် အသင်း...
09/12/2025

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၏ (၃၄) ကြိမ်မြောက် နှစ်ပတ်လည် အသင်းသားစုံညီအစည်းအဝေး ဂုဏ်ပြုညစာစားပွဲကို နိုဝင်ဘာ ၃၀ ရက်နေ့ ညနေပိုင်း Novotel Hotel တွင် ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များ အသင်း ဥက္ကဌ ဦးသိန်းဝင်း မှ ဦးဆောင်၍ ဒုတိယ ဥက္ကဌ ဦးထွန်းလင်းသောင်း၊ အထွေထွေအတွင်းမှူး ဦးနေအောင်ကိုတို့နှင့် အတူ တွဲဖက်ဘဏ္ဍာရေးမှုး (၃) ဦးချမ်းမင်းဦး၊ တွဲဖက် စာရင်းစစ် (၂) ဦးသန့်နိုင်ထွန်းတို့ တက်ရောက်ခဲ့ကြပါသည်။

Address

Room No. (101), Aye Yeik Thar (1) Street, Shwe Than Lwin Condo, Bahan Township
Yangon

Alerts

Be the first to know and let us send you an email when Myanmar Hoteliers Association posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share