MediFood For You

MediFood For You Think Healthy First!

🥑 Hass ထောပတ်သီး ၁အိတ် - 7000 ks(တစ်အိတ်မှာ Quality အကောင်းစား အလေးချိန် 150g - 200g ကြားရှိတဲ့ Hass 6/7လုံး ပါဝင်ပါတယ်)...
26/11/2025

🥑 Hass ထောပတ်သီး ၁အိတ် - 7000 ks

(တစ်အိတ်မှာ Quality အကောင်းစား
အလေးချိန် 150g - 200g ကြားရှိတဲ့
Hass 6/7လုံး ပါဝင်ပါတယ်)

ဈေးမရောင်းရတာကြာလို့ 😁
ရာသီစာ ထောပတ်သီးလေးနဲ့ ပြန်လာပါပြီရှင်

နာမည်ကြီး USA မျိုး Hass ထောပတ်သီးကိုမှ
ကိုယ်ပိုင် ခြံထွက် စစ်စစ်ဖြစ်ပြီး သဘာဝမြေဩဇာများကိုသာ အဓိက အားထားအသုံးပြုပြီး စိုက်ပျိုးထုတ်လုပ်ထားပါတယ်

အခွံပါးပါးလေးနဲ့ကိုမှ အသားအပြည့် 😋
အမျှင်မပါပဲနဲ့ ထောပတ်တုံးလေး ၊ cheese တုံးလေးစားရသလို အရသာကိုအပြည့်အဝခံစားရမယ်

🥑 ထောပတ်သီးရဲ့အကျိုးကျေးဇူးတွေကတော့

💖 ကိုလက်စထရော ကို လျှော့ချပေးနိုင်ပြီး
နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်နိုင်ချေကို လျော့ချပေးလို့ နှလုံးကျန်းမာရေးကောင်းမွန်စေနိုင်တယ်။

🌟 Potassium ပမာဏ မြင့်မားစွာ ပါဝင်တဲ့အတွက်ကြောင့် သွေးပေါင်ချိန်ကို သဘာဝနည်းဖြင့် လျော့ချပေးနိုင်လို့ သွေးတိုးသမားတွေအတွက် ကောင်းတယ်။

🧘‍♀️ ခန္ဓာကိုယ်အတွင်းရှိ ဖောရောင်ခြင်းများကို သက်သာစေတယ်။

🌿 အမျှင်ဓါတ်ကြွယ်ဝစွာပါဝင်လို့
ဝမ်းချုပ်သူတွေ အတွက် ကောင်းပြီး
အဆာခံစေလို့ ကိုယ်အလေးချိန်ထိန်းသိမ်းနေသူများအတွက် လုံးဝသင့်တော်ပါတယ်။

✅ Vitamin C နှင့် E ကြွယ်ဝလို့
အသားအရေ စိုပြေဝင်းလက်စေနိုင်တယ်။

သူ့ရာသီမှ အကောင်းဆုံးစားရတာဖြစ်လို့ နောက်တစ်နှစ်မစောင့်ရအောင် မြန်မြန်ပဲ အော်ဒါတင်လိုက်တော့နော် 😁


၅အိတ်နဲ့ အထက်ဝယ်ယူပါက ရန်ကုန်မြို့တွင်း #ပို့ခအခမဲ့ နဲ့ပို့ဆောင်ပေးမှာဖြစ်ပါတယ်

MediFood_For_You
Healthy Lifestyle Products
Yangon

လမ်းလျှောက်ခြင်းကြောင့် ရမယ့် ကျန်းမားရေးအကျိုးကျေးဇူးတွေကတော့ များပါတယ် လေ့ကျင့်ခန်းအကြီးတွေပုံမှန်မလုပ်နိုင်ရင်တောင် န...
16/11/2025

လမ်းလျှောက်ခြင်းကြောင့် ရမယ့်
ကျန်းမားရေးအကျိုးကျေးဇူးတွေကတော့ များပါတယ်

လေ့ကျင့်ခန်းအကြီးတွေပုံမှန်မလုပ်နိုင်ရင်တောင် နေ့စဉ် လမ်းလေးတော့လျှောက်ကြည့်ပါနော် 🥰


Healthy Lifestyle Products
Yangon

🪔 တန်ဆောင်မုန်း လပြည့်နေ့  🪔မင်္ဂလာရှိသော အခါသမယမှာ၇ရက်သားသမီးအပေါင်း ကိုယ်ကျန်းမာ စိတ်ချမ်းသာစွာ ကုသိုလ်များပြုလုပ်နိုင...
03/11/2025

🪔 တန်ဆောင်မုန်း လပြည့်နေ့ 🪔

မင်္ဂလာရှိသော အခါသမယမှာ
၇ရက်သားသမီးအပေါင်း ကိုယ်ကျန်းမာ စိတ်ချမ်းသာစွာ ကုသိုလ်များပြုလုပ်နိုင်ပြီး ကျက်သရေမင်္ဂလာအပေါင်းနဲ့ပြည့်စုံပါစေကြောင်း ဆု‌မွန်ကောင်းတောင်းအပ်ပါတယ် 🙏🏻


Healthy Lifestyle Products
Yangon

 #မစားရဘူးမဟုတ်ပါဘူး #အာမခံ နိုင်တာကိုရွေးစားပါ။ #ချင့်ချိန်စားသုံးပါ။
23/10/2025

#မစားရဘူးမဟုတ်ပါဘူး
#အာမခံ နိုင်တာကိုရွေးစားပါ။
#ချင့်ချိန်စားသုံးပါ။

ငပိရည်စားခြင်း၏ ဆိုးကျိုးများ 🥣

​ငပိရည်သည် မြန်မာ့ရိုးရာအစားအစာ ယဉ်ကျေးမှု၏ အသက်သွေးကြောတစ်ခု ဖြစ်သော်လည်း၊ ၎င်း၏ ကျန်းမာရေးဆိုင်ရာ အန္တရာယ် များကို သိပ္ပံနည်းကျ ဆန်းစစ်ရန် လိုအပ်ပါသည်။ မြန်မာလူ့အဖွဲ့အစည်းသည် "ငပိရည်နဲ့မှ ထမင်းဝိုင်းက ပြည့်စုံတာ" ဆိုသော အယူအဆလွဲများ ကြောင့် ကျန်းမာရေးနှင့် လူမှုဆက်ဆံရေးအတွက် အရေးပါသော အချက်များကို လျစ်လျူရှုထားမိကြသည်။

၁။ ကျန်းမာရေးဆိုင်ရာအဆိပ်သင့်မှု🩸

​ငပိရည်၏ အဓိကအားနည်းချက်မှာ ဆား (𝐒𝐨𝐝𝐢𝐮𝐦) အလွန်အမင်း မြင့်မားစွာ ပါဝင်နေခြင်းဖြစ်သည်။

​(က) သွေးတိုးနှင့် နှလုံးရောဂါ၏ မူလရင်းမြစ် 💔

ဆားဓာတ်အဆိပ်သင့်မှု (𝐒𝐨𝐝𝐢𝐮𝐦 𝐎𝐯𝐞𝐫𝐥𝐨𝐚𝐝) : လူတစ်ဦး၏ တစ်နေ့တာ ဆားလိုအပ်ချက် သည် လက်ဖက်ရည်ဇွန်း ၁ ဇွန်းခန့် (သို့မဟုတ်) ၂၀၀၀ မီလီဂရမ် (mg) သာ ဖြစ်သော်လည်း ငပိရည်နှင့်စားသုံးခြင်းကြောင့် လိုအပ်ချက်ထက် ၄ ဆ မှ ၅ ဆ ပိုများသော ဆားဓာတ်ကို ရရှိနေသည်။

ဆိုးကျိုးများ : ဆားဓာတ် အလွန်များပြားခြင်းကြောင့် သွေးတိုးရောဂါ (Hypertension) ဖြစ်ပေါ်လာသည်။ သွေးတိုးခြင်းသည် လေဖြတ်ခြင်း (Stroke)၊ နှလုံးရောဂါ (Heart Attack) နှင့် ကျောက်ကပ်ပျက်စီးခြင်း (Kidney Failure) တို့၏ အဓိက အကြောင်းအရင်း ဖြစ်သည်။

​(ခ) ဓာတုဗေဒဆိုင်ရာ အန္တရာယ် ⚗️

အရည်အသွေး ထိန်းချုပ်မှုမရှိခြင်း : ငပိအများစုသည် ထုတ်လုပ်မှုစနစ်တွင် သန့်ရှင်းမှု စံနှုန်းများ ကို လိုက်နာခြင်းမရှိပေ။

ကင်ဆာဖြစ်စေနိုင်သော ဒြပ်ပေါင်းများ : အချို့ငပိများတွင် စနစ်တကျ အချဉ်ဖောက်ခြင်း မရှိပါက ကင်ဆာဖြစ်စေနိုင်သော ဓာတုပစ္စည်းများ (Carcinogens) သို့မဟုတ် သဘာဝမဟုတ်သော ဓာတုပစ္စည်းများ ပါဝင်လာနိုင်သည့် အန္တရာယ် ရှိသည်။

​၂။ ငပိရည်ထဲက လောက် ရဲ့ အန္တရာယ် 🪱

ရှေးလူကြီးများ ပြောခဲ့ဖူးသည့် "ငပိနဲ့လောက် ရွှေနဲ့ကျောက်" ဟူသော စကားပုံသည် သိပ္ပံနည်းအရ လုံးဝ မှားယွင်းသော အယူအဆ ဖြစ်ပြီး၊ ကျန်းမာရေးကို အန္တရာယ်ရှိစေသော အလေ့အထကို လက်ဆင့်ကမ်းခဲ့ခြင်းဖြစ်သည်။ ငပိတွင် ပါလာသော လောက် (Maggots) များသည် ငပိရည်ဆူပွက်အောင် ပြုတ်လိုက်သည့်အခါ သေဆုံးသွားကြသည်မှာ မှန်သော်လည်း၊ ၎င်းတို့၏ ခန္ဓာကိုယ်မှ ထွက်လာသော ပစ္စည်းများက ကျန်းမာရေးကို အပြင်းအထန် ထိခိုက်စေသည်။

​(က) အဆိပ်အတောက် ဖြစ်လာခြင်း (𝐓𝐨𝐱𝐢𝐧 𝐑𝐞𝐥𝐞𝐚𝐬𝐞) ☣️

လောက်များသည် သေဆုံးပြီးနောက် ၎င်းတို့၏ ခန္ဓာကိုယ်နှင့် စွန့်ပစ်ပစ္စည်းများသည် ငပိရည်ထဲသို့ ပျော်ဝင်သွားသည်။ ၎င်းတို့သည် ဘက်တီးရီးယားများ၊ ကပ်ပါးပိုးများ နှင့် ၎င်းတို့မှ ထုတ်လွှတ်ထားသော အဆိပ်အတောက် (Toxins) များကို ပြုတ်ရည်ထဲသို့ ထုတ်လွှတ်သည်။

အပူသည် ထိုအဆိပ်အတောက်များ (Toxins) ကို ဖျက်ဆီးနိုင်ခြင်း မရှိပါ။ ထို့ကြောင့် ငပိရည်ကို သောက်သုံးလိုက်ခြင်းသည် လောက်များကို မသောက်ရသော်လည်း၊ ၎င်းတို့၏ အဆိပ်နှင့် ဓာတုဗေဒ ပျက်စီးမှုများကို သောက်သုံးလိုက်ခြင်းပင်ဖြစ်သည်။

​(ခ) Histamine အဆိပ်သင့်ခြင်း (𝐅𝐨𝐨𝐝 𝐏𝐨𝐢𝐬𝐨𝐧𝐢𝐧𝐠) 🤢

ငပိကဲ့သို့သော အချဉ်ဖောက်ထားသော ငါးများတွင် သန့်ရှင်းမှု အားနည်းပါက Biogenic Amines (ဥပမာ- Histamine) ဓာတ်များ အလွန်အမင်း များပြားလာသည်။ လောက်များ ပါဝင်ခြင်းသည် ဤဓာတ်များ များပြားနေပြီဖြစ်ကြောင်း ညွှန်ပြသည်။

Histamine များပါသော ငပိရည်ကို စားမိပါက ချက်ချင်း ခေါင်းကိုက်ခြင်း၊ မျက်နှာနှင့် ကိုယ်ခန္ဓာ နီရဲခြင်း (Flushing)၊ မူးဝေခြင်း၊ ဗိုက်နာခြင်း နှင့် မတည့်သော အာနိသင် (Allergic-like reaction) များ ရုတ်တရက် ဖြစ်ပေါ်စေနိုင်သည်။

​၃။ အပြင်းစား သတ္တုဓာတ်များ ပါဝင်ခြင်း (𝐇𝐞𝐚𝐯𝐲 𝐌𝐞𝐭𝐚𝐥 𝐀𝐜𝐜𝐮𝐦𝐮𝐥𝐚𝐭𝐢𝐨𝐧) 🧫

ငပိလုပ်သော ငါးများကို ဖမ်းဆီးသော ပတ်ဝန်းကျင်ရေသည် စက်ရုံစွန့်ပစ်ပစ္စည်းများ ကြောင့် ညစ်ညမ်းနေပါက ခဲ (Lead) သို့မဟုတ် မာကျူရီ (Mercury) ကဲ့သို့သော အပြင်းစား သတ္တုဓာတ်များသည် ငပိထဲတွင် စုပုံနေနိုင်သည်။ ၎င်းတို့သည် အချိန်ကြာလာသည်နှင့်အမျှ ဦးနှောက်နှင့် အာရုံကြောစနစ်ကို ပျက်စီးစေခြင်း အထိ ဖြစ်ပေါ်စေနိုင်သည်။

​၄။ ခံတွင်းနံ့နှင့် ချွေးနံ့ပြဿနာ (𝐁𝐚𝐝 𝐁𝐫𝐞𝐚𝐭𝐡 𝐚𝐧𝐝 𝐁𝐨𝐝𝐲 𝐎𝐝𝐨𝐫 𝐏𝐫𝐨𝐛𝐥𝐞𝐦) 🤧

ကန့်ဓာတ် (Sulfur Compounds) : ငါးပိ (Fermented Fish Paste) ပြုလုပ်ရာတွင် ပါဝင်သော ကန့်ဓာတ်ပါသည့် ဒြပ်ပေါင်းများ (Volatile Sulfur Compounds - VSCs) သည် စားပြီးနောက် ခန္ဓာကိုယ်မှ အလွယ်တကူ မပျက်စီးဘဲ ရှိနေတတ်သည်။

ခံတွင်းနံ့ : အဆိုပါ VSCs များသည် အစာခြေလမ်းကြောင်းမှတစ်ဆင့် အဆုတ် သို့ ရောက်ရှိကာ အသက်ရှူတိုင်း ခံတွင်းနံ့ အဖြစ် ထွက်ပေါ်စေသည်။

ချွေးနံ့ : VSCs များသည် သွေးကြောထဲမှတစ်ဆင့် အရေပြားအောက်ရှိ ချွေးဂလင်းများ ဆီသို့ ရောက်ရှိကာ ပုံမှန်ချွေးနံ့ထက် ပိုမိုပြင်းထန်သော၊ စိမ်းသော အနံ့ (Body Odor) ကို ဖြစ်ပေါ်စေသည်။

လူမှုရေးထိခိုက်မှုခြင်း : ခေတ်မီ အလုပ်ခွင်၊ ကျောင်း၊ လူမှုပတ်ဝန်းကျင်တို့တွင် ကိုယ်နံ့ သို့မဟုတ် ခံတွင်းနံ့ သည် ဆက်ဆံရေးအတွက် အတားအဆီး (Social Barrier) တစ်ခု ဖြစ်စေပြီး၊ လူငယ်များ၏ ပူးပေါင်းဆောင်ရွက်မှုနှင့် ကိုယ်ပိုင်ယုံကြည်မှု ကို နိမ့်ကျစေသည်။

ယဉ်ကျေးမှုနှင့် ကျန်းမာရေးကို ခွဲခြားပါ ⚠️

​ငပိရည်ကို ချစ်သူတိုင်း သည် ယခုအချိန်မှစ၍ ဤအချက်များကို သံဝေဂယူပါ။

• ​"ငပိထဲက လောက်" သည် "အန္တရာယ်ရှိပြီး ညစ်ညမ်းသော ဘက်တီးရီးယား" သာဖြစ်သည်။

• ​အပူပေးခြင်း သည် ဘက်တီးရီးယားကို သတ်နိုင်သော်လည်း၊ ၎င်းတို့ ထုတ်လွှတ်ထားသော အဆိပ်အတောက်ကို မသတ်နိုင်ပါ။

• ​အရသာပြင်းပြင်း စားသုံးနေခြင်းသည် သင့်ခန္ဓာကိုယ်ကို ဆားဓာတ်လွန်ကဲမှုနှင့် ဓာတုဗေဒ အဆိပ်အတောက်များ ဖြင့် နှေးကွေးစွာ ဖျက်ဆီးနေခြင်းပင် ဖြစ်သည်။

​"ငပိနဲ့လောက် ရွှေနဲ့ကျောက်" ဆိုတဲ့ အယူအဆဟောင်းကို သင့်ကျန်းမာရေးကို ထိန်းသိမ်းခြင်းဖြင့် ယခုပင် ပယ်ဖျက်လိုက်ပါ။ သင့်ကိုယ်သင် တန်ဖိုးထားပါ။ သန့်ရှင်းသော ထုတ်လုပ်မှု စံနှုန်း ကို အာမခံနိုင်သော ငပိကိုသာ ရွေးချယ် စားသုံးပါရန် အလေးအနက် တိုက်တွန်းနှိုးဆော်လိုက်ပါတယ်ခင်ဗျာ။ 💙


#ကျန်းမာရေးဗဟုသုတ
#အစားအစာနဲ့ကျန်းမာရေး
#ငပိရည်အန္တရာယ်
#မူရင်းရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။
( ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ )
#ကျန်းမာရေး

Diet Meals Ideas 🥰           Healthy Lifestyle Products Yangon
11/10/2025

Diet Meals Ideas 🥰




Healthy Lifestyle Products
Yangon

သီတင်းကျွတ်လပြည့်နေ့ အချိန်အခါသမယမှာ 🕯ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာစွာဖြင့် စီးပွါးလာဘ်လာဘများ တိုးတက်ကာကပ်ကြီး ၃ ပါးမ...
06/10/2025

သီတင်းကျွတ်လပြည့်နေ့ အချိန်အခါသမယမှာ 🕯
ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာစွာဖြင့်
စီးပွါးလာဘ်လာဘများ တိုးတက်ကာ
ကပ်ကြီး ၃ ပါးမှ ကျော်လွှားနိုင်ပါစေကြောင်း
ဆုမွန်ကောင်းတောင်းလိုက်ရပါသည်။

MediFood For You
Yangon

Gluta Collagen Gummies - 28000 ks အသားအရည် ဖြူဝင်းစိုပြေလှပဖို့အတွက်ထိပ်တန်းsupplement ဖြစ်တဲ့Gluta နဲ့ Collagen ကိုပေါင...
29/09/2025

Gluta Collagen Gummies - 28000 ks

အသားအရည် ဖြူဝင်းစိုပြေလှပဖို့အတွက်
ထိပ်တန်းsupplement ဖြစ်တဲ့
Gluta နဲ့ Collagen ကိုပေါင်းထားတဲ့ဂျယ်လီ💁🏻

ဂျယ်လီလေးဖြစ်လို့ ရေတွေနဲ့ ဖျော်သောက်ပြီး အလုပ်ရှုပ်ခံဖို့မလိုတော့ဘူးနော် 😊

ဒီတံဆိပ်လေးက
Biotin နဲ့ Omega3 ပါလို့ ဆံသားနဲ့လက်သည်းခြေသည်း‌ လေးတွေကိုကျန်းမာသန်စွမ်းစေပြီး
အရိုးအဆစ်တွေကို သန်မာစေပါတယ်

ဒါတင်ပဲလား မဟုတ်ပဲ 😉
Zinc, Folic Acid နဲ့ Vitamin C, Vitamin E, Vitamin D စတဲ့ ခန္ဓာကိုယ်အတွက် အထောက်အကူပြုတဲ့ Multivitamins တွေလည်း ထပ်ပေါင်း ပါဝင်ပါသေးတယ်

ဂျယ်လီလေး တစ်ခုမှာ Gluta 2500mg ပါဝင်လို့ တစ်နေ့တာအတွက် ဘေးမဖြစ်‌စေပဲ အကျိုးရစေမယ့် ပမာဏလေးပါပဲရှင်

တစ်ဗူးမှာ အခု60 ပါဝင်ပြီး
တစ်နေ့ကို တစ်ခုစားပေးရင် လုံလောက်ပါတယ်ရှင့် 🥰

Product of Thailand

#ပစ္စည်းမှာရန်
Online သီးသန့်ဖြစ်လို့
မက်ဆင်ဂျာမှ ဖြစ်ဖြစ်၊
ဖုန်းဆက်ပြီးဖြစ်ဖြစ်မှာယူနိုင်ပါတယ်။
Ph ➡09-967898887
ဖုန်းလေးကတော့ ဆိုင်ပိတ်ချိန်ဆို
ဆက်လို့မရနိုင်ပါဘူးနော်။
လိုင်းပေါ်ကနေ ဆက်သွယ်နိုင်ပါတယ် 😊


Healthy Lifestyle Products
Yangon

မှိုပါတဲ့အသီးအရွက်ကြော်များ  Healthy Lifestyle Products Yangon
14/09/2025

မှိုပါတဲ့အသီးအရွက်ကြော်များ


Healthy Lifestyle Products
Yangon

Women PMS's relief Gummies - 28000 ksဒါလေးကမင်တို့ မိန်းကလေးတွေပဲသိတဲ့လစဥ်ဝေဒ နာတွေကို သက်သာစေမဲ့အရာလေး😘လေဒီတွေအတွက်တစ်လ...
31/08/2025

Women PMS's relief Gummies - 28000 ks

ဒါလေးက
မင်တို့ မိန်းကလေးတွေပဲသိတဲ့
လစဥ်ဝေဒ နာတွေကို သက်သာစေမဲ့အရာလေး😘

လေဒီတွေအတွက်
တစ်လတစ်ခါ
စိတ်ရောကိုယ်ပါ ခံစားရတဲ့အရာတွေ
သက်သာစေဖို့
ဆေးမဟုတ်ပဲ သဘာဝသစ်သီးသစ်ရွက်နဲ့
ထုတ်လုပ်ထားတဲ့ ဂျယ်လီလေးပါ။

ဟော်မုန်းကိုထိန်းညှိပေးတဲ့အတွက်
စိတ်အတက်အကျ ဖြစ်တာကအစ
ဗိုက်နာခါးကိုက်အလယ်
ဟိုဒင်းဟိုဟာနဲ့ဆိုင်သမျှ
ကိစ္စအဝဝကို သက်သာစေပါတယ်။

အပိုရတဲ့ဆုက
အသားအရေလှပပြီး ဝက်ခြံကိုပါ
သက်သာစေတာပါ။
သွေးဆုံးကိုင်ဝေဒ နာတွေကိုလည်း
သက်သာစေပါတယ်နော်။

နေ့စဥ်သောက်သုံးနိုင်ပြီး
ဓမ္မတာမလာခင် နှစ်ပတ်အလိုမှစစားပေးလည်းရပါတယ်။
တစ်ခါစား ဂျယ်လီနှစ်ခုကို
မနက်ပိုင်း အစာမစားခင် စားပေးပါရှင်။

Product of Thailand

#ပစ္စည်းမှာရန်
Online သီးသန့်ဖြစ်လို့
မက်ဆင်ဂျာမှ ဖြစ်ဖြစ်၊
ဖုန်းဆက်ပြီးဖြစ်ဖြစ်မှာယူနိုင်ပါတယ်။
Ph ➡09-967898887
ဖုန်းလေးကတော့ ဆိုင်ပိတ်ချိန်ဆို
ဆက်လို့မရနိုင်ပါဘူးနော်။
လိုင်းပေါ်ကနေ ဆက်သွယ်နိုင်ပါတယ် 😊


Healthy Lifestyle Products
Yangon

ဝိတ်ချနေသူတွေအတွက် ပဲပြားနဲ့လုပ်စားတဲ့ Diet menu လေးတွေ  Healthy Lifestyle Products Yangon
24/08/2025

ဝိတ်ချနေသူတွေအတွက် ပဲပြားနဲ့လုပ်စားတဲ့ Diet menu လေးတွေ


Healthy Lifestyle Products
Yangon

One Week of Balance 🥦 တစ်ပတ်စာ Balanced Meals Ideas 🥰           Healthy Lifestyle Products Yangon
17/08/2025

One Week of Balance 🥦
တစ်ပတ်စာ Balanced Meals Ideas 🥰




Healthy Lifestyle Products
Yangon

Address

Yangon

Telephone

+959967898887

Website

Alerts

Be the first to know and let us send you an email when MediFood For You posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to MediFood For You:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram